[ Unicode ]
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ စိုးရိမ်မှုတွေမြင့်တက်နေရသလို လူအများစု သွားလာတဲ့ ဈေးတွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းခြံတွေ၊ ကျောင်းတွေကလည်း တော်တော်များများ ပိတ်ထားကြပါတယ်။ ကူးစက်ခံရတဲ့လူအရေအတွက်ကလည်း မြင့်တက်လာတော့ နိုင်ငံခြားက ကျောင်းတွေကလည်း အွန်လိုင်းကနေ ဘယ်လို သင်ယူမလဲဆိုတာကို ပြင်ဆင်ကြသလို၊ မိဘတွေကလည်း အိမ်ကနေ အလုပ်လုပ်ဖို့ ဖြစ်လာပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ကူးစက်ခံရသူရှိပြီလို့ ကြေငြာခြင်းမရှိသေးပေမယ့် ဒီအခြေအနေမှာ ကလေးတွေကို ကျောင်းမပို့ချင်ကြတဲ့မိဘတွေရှိပါတယ်။ ဒါပေမယ့် အိမ်မှာထားရင်လည်း ဘာတွေသင်ပြီး ဘာတွေလုပ်ပေးရမှန်းမသိတာမျိုးတွေလည်း ကြုံနေရတာမို့ မူလတန်းကနေ အထက်တန်းအထိ အိမ်မှာ သင်ယူနိုင်မယ့် လုပ်ငန်းလေးတွေ မျှဝေပေးပါ့မယ်။ ဒီတစ်ပတ်ကစပြီး ကျွန်မကိုယ်တိုင်လည်း သင်တန်းတွေနားလိုက်ပြီး အိမ်မှာပဲ အလုပ်လုပ်မှာဆိုတော့ အားလုံးအတွက်လည်း အသုံးဝင်နိုင်မယ်ထင်လို့ မျှဝေခြင်းဖြစ်ပါတယ်။
၁) စာအုပ်တူတူဖတ်ပါ။
အိမ်မှာ သုတ၊ ရသ စာပေတွေ ဖတ်ကြပါ။ ခေါင်းစဉ် တစ်ခုကို ရွေးချယ်ပြီး မတူညီတဲ့စာအုပ်တွေကနေတစ်ဆင့် တူညီတဲ့ ခေါင်းစဉ်အကြောင်း အပြန်အလှန် ဆွေးနွေး ဖလှယ်ကြပါ။ ဖတ်ပြီးတဲ့ အကြောင်းအရာတွေကို စာရွက် အကြီး၊ အသေးတွေပေါ်မှာ ရုပ်ပုံတွေနဲ့ ဖေါ်ပြတာ၊ အချက်အလက်တွေတင်ပြတာတွေ ပြုလုပ်ကြည့်ပါ။ ကလေး ငယ်တွေအတွက်ဆိုရင် သူတို့ကြိုက်တဲ့ ကာတွန်းစာအုပ်တွေဖတ်ပြီး ကာတွန်းထဲက အကြောင်းအရာတွေကို ပြန်လည် ဆွေးနွေးပါ။ စာအုပ်တွေကို ဖတ်တဲ့အခါ ကလေးတွေကို ခံစားတတ်အောင်၊ နားလည်နိုင်အောင်၊ အသိတိုးအောင် မေးခွန်းတွေမေးဖို့လည်း မမေ့ပါနဲ့။
၂) ထမင်းဟင်း အတူတူ ချက်ပါ။ မုန့်တွေလုပ်စားပါ။
ကိုယ်စားသုံးနေတဲ့ အစားအစာတွေကို ဘယ်လို ချက်ပြုတ်ရတယ်ဆိုတာ သိရှိနိုင်ပြီး လက်တွေ့ လုပ်ဆောင်နိုင်ဖို့ အခွင့်အရေးပါပဲ။ သူတို့ ကြိုက်တဲ့ဟင်းတွေ၊ သူတို့ ချက်ကြည့်ချင်တဲ့ အရာတွေကို သေချာ မေးပါ။ ဆွေးနွေးပါ။ အတူတူပြင်ဆင်ပါ။ ပြင်ဆင်နေတုန်းမှာ ချက်ပြုတ်မယ့် ဟင်းအမယ်အကြောင်းတွေကို ပြောပြပါ။ ဟင်းချက်ရာမှာ သုံးတဲ့ ပစ္စည်းတွေကို ဘယ်ကနေ ဘယ်လို ပြုလုပ်ကြတယ်၊ အသီးအရွက်တွေကို ဘယ်လို စိုက်ပျိုးရတယ်၊ ဆေးကြောတဲ့အခါ ဘာတွေသတိထားရမယ် စတဲ့ ဘဝနေထိုင်မှုမှာ အရေးပါတဲ့ သင်ခန်းစာတွေကို ဆွေးနွေးပါ။ သူတို့လုပ်နိုင်တဲ့လုပ်ငန်းလေးတွေကို လုပ်ပိုင်ခွင့် အပြည့်ပေးပါ။ ကျန်းမာစွာ နေထိုင်စားသောက်ပုံတွေကို သင်ယူစေပါ။
၃) အနုပညာတစ်ခုခု ဖန်တီးပါ။
ပန်းချီဝါသနာပါတာဖြစ်ဖြစ်၊ ကတာ ဝါသနာပါတာဖြစ်ဖြစ်၊ အတီးအမှုတ် ဝါသနာပါတာဖြစ်ဖြစ် သင်ယူပြီး တူတူဖန်တီးကြည့်ပါ။ ပန်းချီဝါသနာပါရင်လည်း အတူတူ ပန်းချီ ဆွဲပါ။ ပန်းချီဆွဲတဲ့အခါ အရောင်တွေအကြောင်း၊ ရှုထောင့်တွေအကြောင်း၊ ကိုယ်ဆွဲရတာကြိုက်တဲ့ ကိုယ့်ရဲ့ ဟန်ပုံစံတွေအကြောင်း စသည်ဖြင့် ကလေးတွေနဲ့ အတူ ဆွေးနွေးပါ။ ပန်းချီတွေသေချာဆွဲပြီးရင်လည်း ဘယ်လို ပြသထားမလဲ၊ သိမ်းဆည်းထားမလဲဆိုတာပါ စဉ်းစားပါ။ အနုပညာကို ဝါသနာတော့ပါတယ် ဒါပေမယ့် မလုပ်တတ်ဘူးဆိုရင် သင်ယူဖို့ ကြိုးစားပါ။ ဥပမာ အက ဝါသနာပါတယ် ဒါပေမယ့် မကတတ်ဘူးဆိုပါတော့။ ဒါဆိုရင် Youtubeလိုနေရမှာ ကကွက်တွေ သင်တဲ့ဗွီဒီယိုတွေ အများကြီးရှိပါတယ်။ ရှာပြီးတော့ အတူတူ လေ့ကျင့်ကြည့်ပါ၊ ကကြည့်ပါ။ အတူတူ လုပ်ကြည့်တဲ့အခါ ကိုယ်ရော၊ သူရောရဲ့ အားသာချက်တွေ၊ အခက်အခဲတွေပိုနားလည်လာလိမ့်မယ်။ အပြန်အလှန် ကူညီပြီး သင်ယူမှုတစ်ခု (သို့)ဖန်တီးမှုတစ်ခုကို အတူတူ လုပ်ပါ။
၄) ဂိမ်းတွေ ကစားပါ။
တီဗွီဂိမ်းတွေ၊ ဖုန်းဂိမ်းတွေကို ဆော့ကစားစေတာထက် စဉ်းစားတွေးတော်မှုကိုလည်းဖြစ်စေတယ်၊ အတူတူ လည်း လုပ်လု့ိရတဲ့ ကစားနည်းမျိုးကို စဉ်းစားပါ။ Board Game တွေလိုပေါ့။ မိုနိုပိုလီကစားနည်းတွေ၊ ချက်စ်ထိုး/ကျားထိုးတာတွေ၊ စကားလုံးဆက်ပြီးဆိုရတာတွေ၊ ပဟေဠိဖြေဆိုခြင်း စတာတွေကို အတူတူ လုပ်ကြည့်ပါ။ ယှဉ်ပြိုင်ခြင်းထက် ကိုယ့်ရဲ့ တွေးတောနိုင်မှု၊ ဆင်ခြင်နိုင်မှု၊ ပူးပေါင်းလုပ်ဆောင်မှု၊ ကြိုးစားအားထုတ်မှုတွေရဲ့ အရေးပါပုံကို ပေါ်လွင်စေပါစေ။ အစိတ်အပိုင်းများစွာကို သုံးပြီး တည်ဆောက်ယူရတဲ့ ကစားနည်းတွေဆိုရင်လည်း ကလေးတွေနဲ့ လူကြီးတွေကို အတူတူ ပူးပေါင်းပြီးလုပ်ငန်းလုပ်ဆောင်မှုတွေကို ဖြစ်စေပါတယ်။
၅) သစ်ပင်စိုက်ပါ။
အိမ်သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အပင်စိုက်လို့ ရပါတယ်။ ငယ်တဲ့ကလေးတွေဆိုရင် ကန်စွန်းဥကို ဖြတ်ပြီး သွားကြားထိုးတံလေးနဲ့ ထိုး၊ ရေခွက်ထဲထည့်ထားရင် အမြစ်တွေထွက်လာတယ်၊ အပင်ပေါက်လာတယ် ဆိုတာကို ကြည့်ပြီး အရမ်းသဘောကျကြတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းဆိုရင်လည်း စိုက်လို့ အရမ်းလွယ်ကူတယ်။ အပင်စိုက်ရင်း ကလေးတွေကို အပင်တွေအကြောင်းသင်လို့ရတယ်၊ အောက်စီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်စတဲ့ ဓါတ်တွေအကြောင်းပြောလို့ရတယ်၊ အပင်တစ်မျိုးချင်းစီရဲ့ သဘာဝနဲ့ လိုအပ်ချက်တွေအကြောင်း ရှင်းပြလို့ရတယ်၊ အပင်တွေကို ဂရုစိုက်ခြင်းအလုပ်ကို အတူတူလုပ်ခြင်းအားဖြင့် တန်ဖိုးထား ဂရုစိုက်တတ်တဲ့ အလေ့အကျင့်တွေရလာမယ်။ ရေရှည်တည့်တံ့ရေးအကြောင်း၊ သဘာဝ ပတ်ဝန်းကျင်အကြောင်း၊ ဓါတုကင်းလွတ်သော အစားအစာများအကြောင်း၊ လေထုသန့်စင်ပေးတဲ့အရာတွေအကြောင်း စတဲ့ ခေါင်းစဉ်များစွာကိုလည်း ဆွေးနွေးလို့ရတယ်။ အပင်တွေအကြောင်းပိုသိချင်လာတဲ့အခါ စာအုပ်တွေဖတ်လို့ရတယ်၊ အွန်လိုင်းက ဗွီဒီယိုတွေကနေတစ်ဆင့် တူတူလေ့လာလို့ရတယ်။
၆) ရုပ်ရှင်ကြည့်ပါ။
ကလေးနဲ့ အတူတူကြည့်ပါ။ ကြည့်နေရင်း ကလေးကို မေးခွန်းတွေမေးပါ။ ကြည့်ပြီးတဲ့အခါ ရုပ်ရှင်ကနေ ရတဲ့ ခံစားချက်တွေ၊ ဗဟုသုတတွေ၊ နားလည်မှုတွေကို မေးပါ။ ရုပ်ရှင်အကြောင်း ပြန်ပြောပြခိုင်းပါ။ ရုပ်ရှင် ဇာတ်ကောင်တွေပုံကို တူတူဆွဲပါ။ မိဘက ကိုရီးယားကားကြည့်ပြီး ကလေးတွေကို ဖုန်းတစ်လုံးနဲ့ ကြည့်ချင်ရာ ကြည့်ခိုင်းတာမျိုးမလုပ်ပါနဲ့နော်။ ရုပ်ရှင်ကားတွေ တစ်ကားနဲ့ တစ်ကားရဲ့ ကွာဟချက်၊ တူညီချက်၊ ဇာတ်ကောင်၊ စရိုက်တွေ ကို ပြောကြည့်ပါ။ ထမင်းဝိုင်းမှာပဲဖြစ်ဖြစ် ရုပ်ရှင်ကြည့်ရင်းဖြစ်ဖြစ် ပြောပါ။
၇) လက်ဆေးပါ။ အစာစားပါ။ ပုံမှန်အိပ်ပါ။
သွားစရာကျောင်းလည်း မရှိတဲ့အခါ စောစော ထဖို့ မလိုတဲ့အခါ နောက်ကျမှ အိပ်စေတာမျိုးတွေ မဖြစ်အောင် ရှောင်ပါ။ ကိုယ်ခံအားကောင်းနေစေဖို့ ခဏခဏလက်ဆေးကြဖို့ အပြန်အလှန် သတိပေးကြပါ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကိုအကြောင်း အတူတူလေ့လာပြီး သေချာ စားကြပါ။ အိပ်ရမယ့် အချိန်မှာ ပုံမှန်အိပ်ပြီး ပုံမှန်ထပါ၊ ကိုယ်လက်လှုပ်ရှားမှုတွေကို အတူတူလုပ်ပါ။ ဒီခက်ခဲတဲ့ကာလက ကလေးတွေအတွက် ကျန်းမာစွာနေထိုင်စားသောက်ခြင်း အကြောင်း သင်ယူခွင့်ရသော ကာလဖြစ်အောင် ဖန်တီးပေးပါ။
ဒီကာလက တစ်ကမ္ဘာလုံးက လူတွေအားလုံးအတွက် ခက်ခဲတဲ့အချိန်ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ သင်ယူစရာ၊ ပျော်ရွှင်စရာတွေ ဖန်တီးပေးချင်ကြတာကတော့ မိဘတွေရဲ့ စေတနာမေတ္တာပါ။ ကျွန်မမျှဝေခဲ့တဲ့ နည်းလမ်း ၇ ခုကို အသုံးပြုပြီး ပျော်ရွှင်သော၊ ကျန်းမာသော မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြဖို့ ရည်ရွယ်ရင်း ဒီစာလေးကို ရေးသားထားပါတယ်။ အားလုံး ကျန်းမာပျော်ရွှင်ပြီး မေတ္တာမျှဝေနိုင်ကြပါစေ။
မေတ္တာဖြင့်….
Sayarma-ဆရာမ
[ Zawgyi ]
ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ကမၻာတစ္ဝွမ္းမွာ စိုးရိမ္မႈေတြျမင့္တက္ေနရသလို လူအမ်ားစု သြားလာတဲ့ ေဈးေတြ၊ ႐ုပ္ရွင္႐ုံေတြ၊ ပန္းၿခံေတြ၊ ေက်ာင္းေတြကလည္း ေတာ္ေတာ္မ်ားမ်ား ပိတ္ထားၾကပါတယ္။ ကူးစက္ခံရတဲ့လူအေရအတြက္ကလည္း ျမင့္တက္လာေတာ့ နိုင္ငံျခားက ေက်ာင္းေတြကလည္း အြန္လိုင္းကေန ဘယ္လို သင္ယူမလဲဆိုတာကို ျပင္ဆင္ၾကသလို၊ မိဘေတြကလည္း အိမ္ကေန အလုပ္လုပ္ဖို႔ ျဖစ္လာပါတယ္။ ကၽြန္မတို႔ ျမန္မာနိုင္ငံမွာေတာ့ ကူးစက္ခံရသူရွိၿပီလို႔ ေၾကျငာျခင္းမရွိေသးေပမယ့္ ဒီအေျခအေနမွာ ကေလးေတြကို ေက်ာင္းမပို႔ခ်င္ၾကတဲ့မိဘေတြရွိပါတယ္။ ဒါေပမယ့္ အိမ္မွာထားရင္လည္း ဘာေတြသင္ၿပီး ဘာေတြလုပ္ေပးရမွန္းမသိတာမ်ိဳးေတြလည္း ၾကဳံေနရတာမို႔ မူလတန္းကေန အထက္တန္းအထိ အိမ္မွာ သင္ယူနိုင္မယ့္ လုပ္ငန္းေလးေတြ မၽွေဝေပးပါ့မယ္။ ဒီတစ္ပတ္ကစၿပီး ကၽြန္မကိုယ္တိုင္လည္း သင္တန္းေတြနားလိုက္ၿပီး အိမ္မွာပဲ အလုပ္လုပ္မွာဆိုေတာ့ အားလုံးအတြက္လည္း အသုံးဝင္နိုင္မယ္ထင္လို႔ မၽွေဝျခင္းျဖစ္ပါတယ္။
၁) စာအုပ္တူတူဖတ္ပါ။
အိမ္မွာ သုတ၊ ရသ စာေပေတြ ဖတ္ၾကပါ။ ေခါင္းစဥ္ တစ္ခုကို ေရြးခ်ယ္ၿပီး မတူညီတဲ့စာအုပ္ေတြကေနတစ္ဆင့္ တူညီတဲ့ ေခါင္းစဥ္အေၾကာင္း အျပန္အလွန္ ေဆြးေႏြး ဖလွယ္ၾကပါ။ ဖတ္ၿပီးတဲ့ အေၾကာင္းအရာေတြကို စာရြက္ အႀကီး၊ အေသးေတြေပၚမွာ ႐ုပ္ပုံေတြနဲ႔ ေဖၚျပတာ၊ အခ်က္အလက္ေတြတင္ျပတာေတြ ျပဳလုပ္ၾကည့္ပါ။ ကေလး ငယ္ေတြအတြက္ဆိုရင္ သူတို႔ႀကိဳက္တဲ့ ကာတြန္းစာအုပ္ေတြဖတ္ၿပီး ကာတြန္းထဲက အေၾကာင္းအရာေတြကို ျပန္လည္ ေဆြးေႏြးပါ။ စာအုပ္ေတြကို ဖတ္တဲ့အခါ ကေလးေတြကို ခံစားတတ္ေအာင္၊ နားလည္နိုင္ေအာင္၊ အသိတိုးေအာင္ ေမးခြန္းေတြေမးဖို႔လည္း မေမ့ပါနဲ႔။
၂) ထမင္းဟင္း အတူတူ ခ်က္ပါ။ မုန႔္ေတြလုပ္စားပါ။
ကိုယ္စားသုံးေနတဲ့ အစားအစာေတြကို ဘယ္လို ခ်က္ျပဳတ္ရတယ္ဆိုတာ သိရွိနိုင္ၿပီး လက္ေတြ႕ လုပ္ေဆာင္နိုင္ဖို႔ အခြင့္အေရးပါပဲ။ သူတို႔ ႀကိဳက္တဲ့ဟင္းေတြ၊ သူတို႔ ခ်က္ၾကည့္ခ်င္တဲ့ အရာေတြကို ေသခ်ာ ေမးပါ။ ေဆြးေႏြးပါ။ အတူတူျပင္ဆင္ပါ။ ျပင္ဆင္ေနတုန္းမွာ ခ်က္ျပဳတ္မယ့္ ဟင္းအမယ္အေၾကာင္းေတြကို ေျပာျပပါ။ ဟင္းခ်က္ရာမွာ သုံးတဲ့ ပစၥည္းေတြကို ဘယ္ကေန ဘယ္လို ျပဳလုပ္ၾကတယ္၊ အသီးအရြက္ေတြကို ဘယ္လို စိုက္ပ်ိဳးရတယ္၊ ေဆးေၾကာတဲ့အခါ ဘာေတြသတိထားရမယ္ စတဲ့ ဘဝေနထိုင္မႈမွာ အေရးပါတဲ့ သင္ခန္းစာေတြကို ေဆြးေႏြးပါ။ သူတို႔လုပ္နိုင္တဲ့လုပ္ငန္းေလးေတြကို လုပ္ပိုင္ခြင့္ အျပည့္ေပးပါ။ က်န္းမာစြာ ေနထိုင္စားေသာက္ပုံေတြကို သင္ယူေစပါ။
၃) အႏုပညာတစ္ခုခု ဖန္တီးပါ။
ပန္းခ်ီဝါသနာပါတာျဖစ္ျဖစ္၊ ကတာ ဝါသနာပါတာျဖစ္ျဖစ္၊ အတီးအမႈတ္ ဝါသနာပါတာျဖစ္ျဖစ္ သင္ယူၿပီး တူတူဖန္တီးၾကည့္ပါ။ ပန္းခ်ီဝါသနာပါရင္လည္း အတူတူ ပန္းခ်ီ ဆြဲပါ။ ပန္းခ်ီဆြဲတဲ့အခါ အေရာင္ေတြအေၾကာင္း၊ ရႈေထာင့္ေတြအေၾကာင္း၊ ကိုယ္ဆြဲရတာႀကိဳက္တဲ့ ကိုယ့္ရဲ့ ဟန္ပုံစံေတြအေၾကာင္း စသည္ျဖင့္ ကေလးေတြနဲ႔ အတူ ေဆြးေႏြးပါ။ ပန္းခ်ီေတြေသခ်ာဆြဲၿပီးရင္လည္း ဘယ္လို ျပသထားမလဲ၊ သိမ္းဆည္းထားမလဲဆိုတာပါ စဥ္းစားပါ။ အႏုပညာကို ဝါသနာေတာ့ပါတယ္ ဒါေပမယ့္ မလုပ္တတ္ဘူးဆိုရင္ သင္ယူဖို႔ ႀကိဳးစားပါ။ ဥပမာ အက ဝါသနာပါတယ္ ဒါေပမယ့္ မကတတ္ဘူးဆိုပါေတာ့။ ဒါဆိုရင္ Youtubeလိုေနရမွာ ကကြက္ေတြ သင္တဲ့ဗြီဒီယိုေတြ အမ်ားႀကီးရွိပါတယ္။ ရွာၿပီးေတာ့ အတူတူ ေလ့က်င့္ၾကည့္ပါ၊ ကၾကည့္ပါ။ အတူတူ လုပ္ၾကည့္တဲ့အခါ ကိုယ္ေရာ၊ သူေရာရဲ့ အားသာခ်က္ေတြ၊ အခက္အခဲေတြပိုနားလည္လာလိမ့္မယ္။ အျပန္အလွန္ ကူညီၿပီး သင္ယူမႈတစ္ခု (သို႔)ဖန္တီးမႈတစ္ခုကို အတူတူ လုပ္ပါ။
၄) ဂိမ္းေတြ ကစားပါ။
တီဗြီဂိမ္းေတြ၊ ဖုန္းဂိမ္းေတြကို ေဆာ့ကစားေစတာထက္ စဥ္းစားေတြးေတာ္မႈကိုလည္းျဖစ္ေစတယ္၊ အတူတူ လည္း လုပ္လု႔ိရတဲ့ ကစားနည္းမ်ိဳးကို စဥ္းစားပါ။ Board Game ေတြလိုေပါ့။ မိုနိုပိုလီကစားနည္းေတြ၊ ခ်က္စ္ထိုး/က်ားထိုးတာေတြ၊ စကားလုံးဆက္ၿပီးဆိုရတာေတြ၊ ပေဟဠိေျဖဆိုျခင္း စတာေတြကို အတူတူ လုပ္ၾကည့္ပါ။ ယွဥ္ၿပိဳင္ျခင္းထက္ ကိုယ့္ရဲ့ ေတြးေတာနိုင္မႈ၊ ဆင္ျခင္နိုင္မႈ၊ ပူးေပါင္းလုပ္ေဆာင္မႈ၊ ႀကိဳးစားအားထုတ္မႈေတြရဲ့ အေရးပါပုံကို ေပၚလြင္ေစပါေစ။ အစိတ္အပိုင္းမ်ားစြာကို သုံးၿပီး တည္ေဆာက္ယူရတဲ့ ကစားနည္းေတြဆိုရင္လည္း ကေလးေတြနဲ႔ လူႀကီးေတြကို အတူတူ ပူးေပါင္းၿပီးလုပ္ငန္းလုပ္ေဆာင္မႈေတြကို ျဖစ္ေစပါတယ္။
၅) သစ္ပင္စိုက္ပါ။
အိမ္ေသးသည္ျဖစ္ေစ၊ ႀကီးသည္ျဖစ္ေစ အပင္စိုက္လို႔ ရပါတယ္။ ငယ္တဲ့ကေလးေတြဆိုရင္ ကန္စြန္းဥကို ျဖတ္ၿပီး သြားၾကားထိုးတံေလးနဲ႔ ထိုး၊ ေရခြက္ထဲထည့္ထားရင္ အျမစ္ေတြထြက္လာတယ္၊ အပင္ေပါက္လာတယ္ ဆိုတာကို ၾကည့္ၿပီး အရမ္းသေဘာက်ၾကတယ္။ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ဂ်င္းဆိုရင္လည္း စိုက္လို႔ အရမ္းလြယ္ကူတယ္။ အပင္စိုက္ရင္း ကေလးေတြကို အပင္ေတြအေၾကာင္းသင္လို႔ရတယ္၊ ေအာက္စီဂ်င္၊ ကာဗြန္ဒိုင္ေအာက္ဆိုက္ဒ္စတဲ့ ဓါတ္ေတြအေၾကာင္းေျပာလို႔ရတယ္၊ အပင္တစ္မ်ိဳးခ်င္းစီရဲ့ သဘာဝနဲ႔ လိုအပ္ခ်က္ေတြအေၾကာင္း ရွင္းျပလို႔ရတယ္၊ အပင္ေတြကို ဂ႐ုစိုက္ျခင္းအလုပ္ကို အတူတူလုပ္ျခင္းအားျဖင့္ တန္ဖိုးထား ဂ႐ုစိုက္တတ္တဲ့ အေလ့အက်င့္ေတြရလာမယ္။ ေရရွည္တည့္တံ့ေရးအေၾကာင္း၊ သဘာဝ ပတ္ဝန္းက်င္အေၾကာင္း၊ ဓါတုကင္းလြတ္ေသာ အစားအစာမ်ားအေၾကာင္း၊ ေလထုသန႔္စင္ေပးတဲ့အရာေတြအေၾကာင္း စတဲ့ ေခါင္းစဥ္မ်ားစြာကိုလည္း ေဆြးေႏြးလို႔ရတယ္။ အပင္ေတြအေၾကာင္းပိုသိခ်င္လာတဲ့အခါ စာအုပ္ေတြဖတ္လို႔ရတယ္၊ အြန္လိုင္းက ဗြီဒီယိုေတြကေနတစ္ဆင့္ တူတူေလ့လာလို႔ရတယ္။
၆) ႐ုပ္ရွင္ၾကည့္ပါ။
ကေလးနဲ႔ အတူတူၾကည့္ပါ။ ၾကည့္ေနရင္း ကေလးကို ေမးခြန္းေတြေမးပါ။ ၾကည့္ၿပီးတဲ့အခါ ႐ုပ္ရွင္ကေန ရတဲ့ ခံစားခ်က္ေတြ၊ ဗဟုသုတေတြ၊ နားလည္မႈေတြကို ေမးပါ။ ႐ုပ္ရွင္အေၾကာင္း ျပန္ေျပာျပခိုင္းပါ။ ႐ုပ္ရွင္ ဇာတ္ေကာင္ေတြပုံကို တူတူဆြဲပါ။ မိဘက ကိုရီးယားကားၾကည့္ၿပီး ကေလးေတြကို ဖုန္းတစ္လုံးနဲ႔ ၾကည့္ခ်င္ရာ ၾကည့္ခိုင္းတာမ်ိဳးမလုပ္ပါနဲ႔ေနာ္။ ႐ုပ္ရွင္ကားေတြ တစ္ကားနဲ႔ တစ္ကားရဲ့ ကြာဟခ်က္၊ တူညီခ်က္၊ ဇာတ္ေကာင္၊ စရိုက္ေတြ ကို ေျပာၾကည့္ပါ။ ထမင္းဝိုင္းမွာပဲျဖစ္ျဖစ္ ႐ုပ္ရွင္ၾကည့္ရင္းျဖစ္ျဖစ္ ေျပာပါ။
၇) လက္ေဆးပါ။ အစာစားပါ။ ပုံမွန္အိပ္ပါ။
သြားစရာေက်ာင္းလည္း မရွိတဲ့အခါ ေစာေစာ ထဖို႔ မလိုတဲ့အခါ ေနာက္က်မွ အိပ္ေစတာမ်ိဳးေတြ မျဖစ္ေအာင္ ေရွာင္ပါ။ ကိုယ္ခံအားေကာင္းေနေစဖို႔ ခဏခဏလက္ေဆးၾကဖို႔ အျပန္အလွန္ သတိေပးၾကပါ၊ က်န္းမာေရးနဲ႔ ညီညြတ္တဲ့အစားအစာေတြကိုအေၾကာင္း အတူတူေလ့လာၿပီး ေသခ်ာ စားၾကပါ။ အိပ္ရမယ့္ အခ်ိန္မွာ ပုံမွန္အိပ္ၿပီး ပုံမွန္ထပါ၊ ကိုယ္လက္လႈပ္ရွားမႈေတြကို အတူတူလုပ္ပါ။ ဒီခက္ခဲတဲ့ကာလက ကေလးေတြအတြက္ က်န္းမာစြာေနထိုင္စားေသာက္ျခင္း အေၾကာင္း သင္ယူခြင့္ရေသာ ကာလျဖစ္ေအာင္ ဖန္တီးေပးပါ။
ဒီကာလက တစ္ကမၻာလုံးက လူေတြအားလုံးအတြက္ ခက္ခဲတဲ့အခ်ိန္ျဖစ္ပါတယ္။ ဘယ္ေလာက္ပဲ ခက္ခဲပါေစ၊ သင္ယူစရာ၊ ေပ်ာ္ရႊင္စရာေတြ ဖန္တီးေပးခ်င္ၾကတာကေတာ့ မိဘေတြရဲ့ ေစတနာေမတၱာပါ။ ကၽြန္မမၽွေဝခဲ့တဲ့ နည္းလမ္း ၇ ခုကို အသုံးျပဳၿပီး ေပ်ာ္ရႊင္ေသာ၊ က်န္းမာေသာ မိသားစုဘဝေလးကို ပိုင္ဆိုင္နိုင္ၾကဖို႔ ရည္ရြယ္ရင္း ဒီစာေလးကို ေရးသားထားပါတယ္။ အားလုံး က်န္းမာေပ်ာ္ရႊင္ၿပီး ေမတၱာမၽွေဝနိုင္ၾကပါေစ။
ေမတၱာျဖင့္….
Sayarma-ဆရာမ