[Unicode]

ဆရာ၊မတွေအချို့ဟာ စာကို ပိုတော်စေ၊ တတ်စေချင်တယ်၊ သင်ပြီးသားအရာတွေကို ပိုကျေညက်စေချင်တယ်။ အဲဒီ့အတွက် အိမ်စာပေးကြတယ်။ အချို့ကလည်း မိဘတွေက အိမ်စာမပေးလိုက်ဘူးဆိုရင် စာမသင်ဘူးလို့ ထင်မှာစိုးလို့ အိမ်စာပေးကြတယ်။ မိဘတွေကလည်း ကလေးတွေကို ကျောင်းမှာ တစ်နေကုန် စာသင်ရုံတင်မကဘူး ညမှာပါ အိမ်စာလုပ်မှ ကြိုက်တယ်။ အကြောင်းကတော့ အချိန်ကြာကြာ၊ ပမာဏများများ စာလုပ်လေလေ စာတတ်လေလေ၊ စာတော်လေလေလို့ ထင်တတ်ကြလို့ပါပဲ။အိမ်စာတွေ ကူလုပ်ပေးရလို့ စိတ်ညစ်ရတဲ့ မိဘတွေလည်းရှိတတ်ကြပါတယ်။  အဲဒီ့တော့ ကျွန်မတို့ ဒီအပတ်မှာ အိမ်စာတွေ အကြောင်း ဆွေးနွေးကြည့်ရအောင်။

ဖင်လန်နိုင်ငံဟာ ပညာရေးမှာ နံပါတ်တစ်ဆိုပြီး သတ်မှတ်ကြပါတယ်။ ဖင်လန်နိုင်ငံမှာ ကလေးတွေအတွက် အိမ်စာကို တစ်ပတ်မှာ အများဆုံး ၃ နာရီစာပဲပေးပါတယ်။ စင်္ကာပူနိုင်ငံမှာ တော်တော်ထူးချွန်တဲ့ ကျောင်းသားတွေဟာ တစ်ပတ်မှာ အိမ်စာ ၉ နာရီခွဲခန့်လုပ်ကြပါတယ်။ ကလေးတွေအတွက် အနည်းဆုံး ဘယ်နှစ်နာရီ အနည်းဆုံး အိမ်မှာ စာလုပ်ချိန်ထားပြီး အများဆုံး စာလုပ်ချိန်ရှိရမယ်ဆိုတဲ့အပေါ်မှာ တိတိကျကျ သတ်မှတ်ထားတာ မရှိပါဘူး။  ဒါပေမယ့် ကလေးတွေမှာ ကိုယ်လက်လှုပ်ရှားရတဲ့အချိန်၊ စာရေး စာဖတ်အချိန်၊ လေ့လာသင်ယူရတဲ့အချိန်၊ မိသားစုနဲ့ ကုန်ဆုံးတဲ့အချိန်၊ စတာတွေက မျှတဖို့လိုပါတယ်။

အိမ်စာလုပ်ချိန်၊ ကျောင်းစာသင်ချိန် ဘယ်လောက် ကြာသလဲဆိုတာထက် အိမ်စာလုပ်ချိန်၊ ကျောင်းစာသင်ချိန်တွေကို ဘယ်လို ဖြတ်သန်းရသလဲ ဆိုတာက ပိုပြီး စဉ်းစားဖို့ အရေးပါပါတယ်။ ဥပမာ – ကျောင်းချိန်က ကြာကောင်း ကြာမယ် ဒါပေမယ့် ကျောင်းချိန်အတွင်းမှာ ဆရာ၊မတွေက ပျော်ရွှင် စိတ်ဝင်စားစရာ အကြောင်းအရာတွေကို စိတ်ဝင်စားစေမယ့်နည်းလမ်းတွေ၊ တက်ကြွစွာ ပါဝင်စေတဲ့ နည်းလမ်းတွေနဲ့ သင်မယ်ဆိုရင် စာသင်ချိန် ကြာမြင့်တာဟာ ပြဿနာမဟုတ်ပါဘူး။ အဲဒီ့လိုပဲ အိမ်စာ ဘယ်လောက်များများပေးတယ်ဆိုတာထက် ကလေးတွေအတွက် အမှန်တစ်ကယ် အကျိုးရှိမယ့်၊ သူတို့ စိတ်ဝင်စားမှုနဲ့ကိုက်ညီတဲ့၊ သူတို့ အသက်အရွယ်နဲ့ ညီမျှတဲ့ လုပ်ငန်းအမျိုး အစားနဲ့ လုပ်ငန်း ပမာဏဖြစ်ရင်ရပါတယ်။

အိမ်စာ ပမာဏထက် အိမ်စာ အမျိုးအစားကအရေးကြီးတဲ့အတွက်  သမားရိုးကျ စာကျက်ခိုင်းတာ၊ စာရေးခိုင်းတာအပြင် အခြား လုပ်ကြည့်လို့ ရမယ့် လုပ်ငန်းတွေကို မျှဝေပေးလိုက်ပါတယ်။

က) ကလေးတွေ လက်တွေ့လုပ်ရမယ့် အိမ်စာမျိုး (အပင်အကြောင်း ကျောင်းမှာ သင်လိုက်တယ်ဆိုရင် အိမ်မှာ လက်တွေ့ စိုက်ခိုင်းပြီး အပင်တွေအကြောင်း လေ့လာခိုင်းတာမျိုးကို ဆိုလိုပါတယ်။) 

ခ)  မိသားစုနဲ့ စကားပြောပြီး စာဆွေးနွေးရတဲ့ တာဝန်မျိုး (ငါးပိအကြောင်း သင်တယ် ဆိုရင် အိမ်မှာ ငါးပိကို ဘယ်လိုနေရာတွေမှာသုံးသလဲ၊ ဘယ်လို ငါးပိအမျိုးအစား အိမ်မှာ သုံးသလဲ၊ ဘာကြောင့်သုံးသလဲ၊ ဘယ်ဆိုင်တွေမှာ ဝယ်ပြီး ဘယ်လောက် ကုန်ကြသလဲ၊ တစ်လကို ငါးပိ အတွက် ဘယ်လောက် သုံးရသလဲ … စတာတွေကို မေးစေလို့ရပါတယ်) ၊ 

ဂ)  အခြား စာသင်ဖေါ်သူငယ်ချင်းတွေနဲ့ စာအကြောင်းဆွေးနွေးကြတာမျိုး  (အိမ်နီးတဲ့ သူငယ်ချင်းနဲ့ ညနေပိုင်း မှာ ထပ်တွေ့ပြီး မနက်က စာတွေကို ပြန်နွှေးခိုင်းတာမျိုး။ သုံးသပ်ချက်တွေ အင်တာဗျူးခိုင်းတာမျိုးတွေ လုပ်လို့ရတယ်။ တစ်ခါတစ်လေ အိမ်အထိ မသယ်ခိုင်းပဲ နေ့လည်စာစားရင်း စကားပြောခိုင်းတာမျိုး၊ ကစားချိန်မှာ တစ်ခုခုအတူတူ လုပ်ခိုင်းတာမျိုးတွေ လုပ်လို့ရပါတယ်) ၊

ဃ) ကိုယ်လေ့လာနေတဲ့ ဘာသာရပ်နဲ့ဆိုင်တဲ့ ဇာတ်လမ်း ရုပ်ရှင် ကြည့်ခိုင်းတာမျိုး၊ စာဖတ်ခိုင်းတာမျိုး (ကလေးတွေကို သဘာဝ ပတ်ဝန်းကျင်အကြောင်း မသင်ခင်မှာ ဖြစ်ဖြစ် သင်ပြီးရင်ဖြစ်ဖြစ် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်တဲ့ ကာတွန်းတွေ၊ ရုပ်ရှင်တွေ ကြည့်ဖို့ ညွှန်းပြီး ကြည့်ပြီးတဲ့ အခါ ပြန်သုံးသပ်ချက်ပြောစေတာမျိုး ၊ အဆင်မပြေရင် သတင်းစာတို့ စာအုပ်တို့ကို ဖတ်ပြီး သင်ထားတဲ့ ခေါင်းစဉ်နဲ့ ချိတ်ဆက်ပြောစတာကို ဆိုလိုပါတယ်)  စတာတွေက  ကလေးတွေအတွက် ပိုပြီး စိတ်လှုပ်ရှားစေတယ်၊ ပိုပြီး စိတ်ဝင်စားစေတယ်။ စာတစ်ပိုဒ်ကနေ နောက်တစ်ပိုဒ်ကို ပြောင်းကူးရေးရတာ၊ အလွတ်ကျက်မှတ်ရတာတွေထက်စာရင် ပိုပြီး စိတ်ဝင်စားကြပါတယ်။

အခုနောက်ပိုင်းမှာ အိမ်စာတွေကို သမားရိုးကျမဖြစ်အောင် ပိုစတာတွေလုပ်ခိုင်းကြတယ်၊ စီမံချက်ကလေးတွေ(Projects)လုပ်ခိုင်းကြတယ်။ ကျွန်မကြုံဖူးသလောက်ဆို တစ်ခါတစ်လေ ကလေးတွေကို လုပ်ခိုင်းရတာ ကြာလွန်းလို့ မိဘတွေက လုပ်ပေးကြတာတွေရှိတယ်။ အဲဒီ့တော့ ကလေးတွေရဲ့ အိမ်စာဟာ မိဘတွေရဲ့ လုပ်ငန်းလိုဖြစ်ပြီး မိဘတွေကလည်း အိမ်စာပေးမှာ ကြောက်ကြတာတွေလည်း ကြုံဖူးတယ်။ ဒါကြောင့် ကလေးနဲ့ သင့်လျော်အောင် အချို့လုပ်ငန်းတွေကို ကျောင်းမှာ မပြီးနိုင်ရင် ကလေးလုပ်နိုင်မယ့် ပမာဏကို သေချာ လမ်းညွှန်ပြီး ခိုင်းသင့်ပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးတွေကို တစ်ကယ်ကူညီချင်တယ်ဆိုရင် ကလေးတွေရဲ့ အတွေးတွေကို ကူညီပံ့ပိုးပေးပါ။ ကိုယ်တိုင် ဝင်မလုပ်ပါနဲ့။

ကလေးတွေ လေ့လာဖို့ သင်ယူမှု လုပ်ငန်းကို ဆရာ၊မက ပေးပေး၊ မိဘကပေးပေး

အဓိက က ကလေးတွေရဲ့ အသက်အရွယ်၊ ဖွံ့ဖြိုးမှု၊ စိတ်ဝင်စားမှုနဲ့ ကိုက်ညီသော အိမ်စာတွေကို ပေးဖို့အရေးကြီးပါတယ်။ တစ်ချိန်လုံး စာပဲ တစ်ချိန်လုံး လုပ်ခိုင်းပြီး တက်ကြွစွာ ကိုယ်လက်လှုပ်ရှား ကစားခွင့် မရဘူးဆိုရင် ကလေးတွေကို ထိုင်းမှိုင်းစေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ မိဘနဲ့ အချိန်ကုန်ဆုံးတာတွေကလည်း အိမ်မှာလုပ်ရတဲ့ အိမ်စာ အနေနဲ့ပေးနိုင်ပါတယ်။ အဓိက က ကလေးရဲ့ သင်ယူမှုကို တိုးတက်စေချင်လို့ပေးတာဆိုရင် ကျက်စာ၊ ရေးစာပဲ ပေးတာထက် ကလေးတွေ စိတ်ဝင်စားစွာ၊ ပျော်ရွှင်စာ သင်ယူနိုင်ဖို့ စဉ်းစားပေးဖို့ လိုပါတယ်။ အချိန် ဘယ်လောက်ကြာကြာ စာရေးစားပွဲမှာ ထိုင်နိုင်လဲဆိုတာက ကလေး ဘယ်လောက် ကလေးရဲ့ သင်ယူမှု ဘယ်လောက် ကောင်းနေသလဲဆိုတာကို တိုင်းတာလို့ မလွယ်ကူပါဘူး။ အားလုံး ကလေးတွေရဲ့ ပညာရေးကို အိမ်မှာရော ကျောင်းမှာပါ ထိရောက်စွာ ပံ့ပိုးနိုင်ကြပါစေ။

မေတ္တာဖြင့်..

               Sayarma-ဆရာမ

Photo Credit to – https://health.usnews.com/wellness/for-parents/articles/2018-03-20/how-much-homework-is-too-much-for-our-teens

[Zawgyi]

ဆရာ၊မေတြအခ်ိဳ႕ဟာ စာကို ပိုေတာ္ေစ၊ တတ္ေစခ်င္တယ္၊ သင္ျပီးသားအရာေတြကို ပိုေက်ညက္ေစခ်င္တယ္။ အဲဒီ့အတြက္ အိမ္စာေပးၾကတယ္။ အခ်ိဳ႕ကလည္း မိဘေတြက အိမ္စာမေပးလုိက္ဘူးဆိုရင္ စာမသင္ဘူးလို႕ ထင္မွာစိုးလို႕ အိမ္စာေပးၾကတယ္။ မိဘေတြကလည္း ကေလးေတြကို ေက်ာင္းမွာ တစ္ေနကုန္ စာသင္ရံုတင္မကဘူး ညမွာပါ အိမ္စာလုပ္မွ ၾကိဳက္တယ္။ အေၾကာင္းကေတာ့ အခ်ိန္ၾကာၾကာ၊ ပမာဏမ်ားမ်ား စာလုပ္ေလေလ စာတတ္ေလေလ၊ စာေတာ္ေလေလလို႕ ထင္တတ္ၾကလို႕ပါပဲ။အိမ္စာေတြ ကူလုပ္ေပးရလုိ႕ စိတ္ညစ္ရတဲ့ မိဘေတြလည္းရွိတတ္ၾကပါတယ္။  အဲဒီ့ေတာ့ ကၽြန္မတို႕ ဒီအပတ္မွာ အိမ္စာေတြ အေၾကာင္း ေဆြးေႏြးၾကည့္ရေအာင္။

ဖင္လန္နုိင္ငံဟာ ပညာေရးမွာ နံပါတ္တစ္ဆိုျပီး သတ္မွတ္ၾကပါတယ္။ ဖင္လန္နိုင္ငံမွာ ကေလးေတြအတြက္ အိမ္စာကို တစ္ပတ္မွာ အမ်ားဆံုး ၃ နာရီစာပဲေပးပါတယ္။ စကၤာပူနုိင္ငံမွာ ေတာ္ေတာ္ထူးခၽြန္တဲ့ ေက်ာင္းသားေတြဟာ တစ္ပတ္မွာ အိမ္စာ ၉ နာရီခြဲခန္႕လုပ္ၾကပါတယ္။ ကေလးေတြအတြက္ အနည္းဆံုး ဘယ္ႏွစ္နာရီ အနည္းဆံုး အိမ္မွာ စာလုပ္ခ်ိန္ထားျပီး အမ်ားဆံုး စာလုပ္ခ်ိန္ရွိရမယ္ဆိုတဲ့အေပၚမွာ တိတိက်က် သတ္မွတ္ထားတာ မရွိပါဘူး။  ဒါေပမယ့္ ကေလးေတြမွာ ကိုယ္လက္လွဳပ္ရွားရတဲ့အခ်ိန္၊ စာေရး စာဖတ္အခ်ိန္၊ ေလ့လာသင္ယူရတဲ့အခ်ိန္၊ မိသားစုနဲ႕ ကုန္ဆံုးတဲ့အခ်ိန္၊ စတာေတြက မွ်တဖို႕လိုပါတယ္။

အိမ္စာလုပ္ခ်ိန္၊ ေက်ာင္းစာသင္ခ်ိန္ ဘယ္ေလာက္ ၾကာသလဲဆိုတာထက္ အိမ္စာလုပ္ခ်ိန္၊ ေက်ာင္းစာသင္ခ်ိန္ေတြကို ဘယ္လုိ ျဖတ္သန္းရသလဲ ဆိုတာက ပိုျပီး စဥ္းစားဖုိ႕ အေရးပါပါတယ္။ ဥပမာ – ေက်ာင္းခ်ိန္က ၾကာေကာင္း ၾကာမယ္ ဒါေပမယ့္ ေက်ာင္းခ်ိန္အတြင္းမွာ ဆရာ၊မေတြက ေပ်ာ္ရႊင္ စိတ္ဝင္စားစရာ အေၾကာင္းအရာေတြကို စိတ္ဝင္စားေစမယ့္နည္းလမ္းေတြ၊ တက္ၾကြစြာ ပါဝင္ေစတဲ့ နည္းလမ္းေတြနဲ႕ သင္မယ္ဆိုရင္ စာသင္ခ်ိန္ ၾကာျမင့္တာဟာ ျပႆနာမဟုတ္ပါဘူး။ အဲဒီ့လိုပဲ အိမ္စာ ဘယ္ေလာက္မ်ားမ်ားေပးတယ္ဆိုတာထက္ ကေလးေတြအတြက္ အမွန္တစ္ကယ္ အက်ိဳးရွိမယ့္၊ သူတို႕ စိတ္ဝင္စားမွဳနဲ႕ကိုက္ညီတဲ့၊ သူတို႕ အသက္အရြယ္နဲ႕ ညီမွ်တဲ့ လုပ္ငန္းအမ်ိဳး အစားနဲ႕ လုပ္ငန္း ပမာဏျဖစ္ရင္ရပါတယ္။

အိမ္စာ ပမာဏထက္ အိမ္စာ အမ်ိဳးအစားကအေရးၾကီးတဲ့အတြက္  သမားရိုးက် စာက်က္ခုိင္းတာ၊ စာေရးခုိင္းတာအျပင္ အျခား လုပ္ၾကည့္လို႕ ရမယ့္ လုပ္ငန္းေတြကို မွ်ေဝေပးလုိက္ပါတယ္။

က) ကေလးေတြ လက္ေတြ႕လုပ္ရမယ့္ အိမ္စာမ်ိဳး (အပင္အေၾကာင္း ေက်ာင္းမွာ သင္လုိက္တယ္ဆိုရင္ အိမ္မွာ လက္ေတြ႕ စိုက္ခိုင္းျပီး အပင္ေတြအေၾကာင္း ေလ့လာခုိင္းတာမ်ိဳးကို ဆိုလိုပါတယ္။) 

ခ)  မိသားစုနဲ႕ စကားေျပာျပီး စာေဆြးေႏြးရတဲ့ တာဝန္မ်ိဳး (ငါးပိအေၾကာင္း သင္တယ္ ဆိုရင္ အိမ္မွာ ငါးပိကို ဘယ္လိုေနရာေတြမွာသံုးသလဲ၊ ဘယ္လို ငါးပိအမ်ိဳးအစား အိမ္မွာ သံုးသလဲ၊ ဘာေၾကာင့္သံုးသလဲ၊ ဘယ္ဆိုင္ေတြမွာ ဝယ္ျပီး ဘယ္ေလာက္ ကုန္ၾကသလဲ၊ တစ္လကို ငါးပိ အတြက္ ဘယ္ေလာက္ သံုးရသလဲ … စတာေတြကို ေမးေစလို႕ရပါတယ္) ၊ 

ဂ)  အျခား စာသင္ေဖၚသူငယ္ခ်င္းေတြနဲ႕ စာအေၾကာင္းေဆြးေႏြးၾကတာမ်ိဳး  (အိမ္နီးတဲ႕ သူငယ္ခ်င္းနဲ႕ ညေနပိုင္း မွာ ထပ္ေတြ႕ျပီး မနက္က စာေတြကို ျပန္ေႏႊးခုိင္းတာမ်ိဳး။ သံုးသပ္ခ်က္ေတြ အင္တာဗ်ဴးခုိင္းတာမ်ိဳးေတြ လုပ္လို႕ရတယ္။ တစ္ခါတစ္ေလ အိမ္အထိ မသယ္ခိုင္းပဲ ေန့လည္စာစားရင္း စကားေျပာခုိင္းတာမ်ိဳး၊ ကစားခ်ိန္မွာ တစ္ခုခုအတူတူ လုပ္ခုိင္းတာမ်ိဳးေတြ လုပ္လို႕ရပါတယ္) ၊

ဃ) ကိုယ္ေလ့လာေနတဲ့ ဘာသာရပ္နဲ႕ဆိုင္တဲ့ ဇာတ္လမ္း ရုပ္ရွင္ ၾကည့္ခိုင္းတာမ်ိဳး၊ စာဖတ္ခိုင္းတာမ်ိဳး (ကေလးေတြကို သဘာဝ ပတ္ဝန္းက်င္အေၾကာင္း မသင္ခင္မွာ ျဖစ္ျဖစ္ သင္ျပီးရင္ျဖစ္ျဖစ္ သဘာဝပတ္ဝန္းက်င္နဲ႕ပတ္သတ္တဲ့ ကာတြန္းေတြ၊ ရုပ္ရွင္ေတြ ၾကည့္ဖို႕ ညႊန္းျပီး ၾကည့္ျပီးတဲ့ အခါ ျပန္သံုးသပ္ခ်က္ေျပာေစတာမ်ိဳး ၊ အဆင္မေျပရင္ သတင္းစာတုိ႕ စာအုပ္တုိ႕ကို ဖတ္ျပီး သင္ထားတဲ့ ေခါင္းစဥ္နဲ႕ ခ်ိတ္ဆက္ေျပာစတာကို ဆိုလိုပါတယ္)  စတာေတြက  ကေလးေတြအတြက္ ပိုျပီး စိတ္လွဳပ္ရွားေစတယ္၊ ပိုျပီး စိတ္ဝင္စားေစတယ္။ စာတစ္ပိုဒ္ကေန ေနာက္တစ္ပိုဒ္ကို ေျပာင္းကူးေရးရတာ၊ အလြတ္က်က္မွတ္ရတာေတြထက္စာရင္ ပိုျပီး စိတ္ဝင္စားၾကပါတယ္။

အခုေနာက္ပိုင္းမွာ အိမ္စာေတြကို သမားရိုးက်မျဖစ္ေအာင္ ပိုစတာေတြလုပ္ခိုင္းၾကတယ္၊ စီမံခ်က္ကေလးေတြ(Projects)လုပ္ခုိင္းၾကတယ္။ ကၽြန္မၾကံုဖူးသေလာက္ဆို တစ္ခါတစ္ေလ ကေလးေတြကို လုပ္ခုိင္းရတာ ၾကာလြန္းလုိ႕ မိဘေတြက လုပ္ေပးၾကတာေတြရွိတယ္။ အဲဒီ့ေတာ့ ကေလးေတြရဲ႕ အိမ္စာဟာ မိဘေတြရဲ႕ လုပ္ငန္းလုိျဖစ္ျပီး မိဘေတြကလည္း အိမ္စာေပးမွာ ေၾကာက္ၾကတာေတြလည္း ၾကံဳဖူးတယ္။ ဒါေၾကာင့္ ကေလးနဲ႕ သင့္ေလ်ာ္ေအာင္ အခ်ိဳ႕လုပ္ငန္းေတြကို ေက်ာင္းမွာ မျပီးနုိင္ရင္ ကေလးလုပ္နိုင္မယ့္ ပမာဏကို ေသခ်ာ လမ္းညႊန္ျပီး ခုိင္းသင့္ပါတယ္။ မိဘေတြအေနနဲ႕လည္း ကေလးေတြကို တစ္ကယ္ကူညီခ်င္တယ္ဆိုရင္ ကေလးေတြရဲ႕ အေတြးေတြကို ကူညီပံ့ပိုးေပးပါ။ ကိုယ္တုိင္ ဝင္မလုပ္ပါနဲ႕။

ကေလးေတြ ေလ့လာဖုိ႕ သင္ယူမွု လုပ္ငန္းကို ဆရာ၊မက ေပးေပး၊ မိဘကေပးေပး

အဓိက က ကေလးေတြရဲ႕ အသက္အရြယ္၊ ဖြံ႕ျဖိဳးမွဳ၊ စိတ္ဝင္စားမွဳနဲ႕ ကိုက္ညီေသာ အိမ္စာေတြကို ေပးဖို႕အေရးၾကီးပါတယ္။ တစ္ခ်ိန္လံုး စာပဲ တစ္ခ်ိန္လံုး လုပ္ခုိင္းျပီး တက္ၾကြစြာ ကိုယ္လက္လွဳပ္ရွား ကစားခြင့္ မရဘူးဆိုရင္ ကေလးေတြကို ထုိင္းမိွဳင္းေစပါတယ္။ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာ၊ မိဘနဲ႕ အခ်ိန္ကုန္ဆံုးတာေတြကလည္း အိမ္မွာလုပ္ရတဲ့ အိမ္စာ အေနနဲ႕ေပးနုိင္ပါတယ္။ အဓိက က ကေလးရဲ႕ သင္ယူမွဳကို တိုးတက္ေစခ်င္လို႕ေပးတာဆိုရင္ က်က္စာ၊ ေရးစာပဲ ေပးတာထက္ ကေလးေတြ စိတ္ဝင္စားစြာ၊ ေပ်ာ္ရႊင္စာ သင္ယူနိုင္ဖုိ႕ စဥ္းစားေပးဖို႕ လုိပါတယ္။ အခ်ိန္ ဘယ္ေလာက္ၾကာၾကာ စာေရးစားပဲြမွာ ထုိင္နုိင္လဲဆိုတာက ကေလး ဘယ္ေလာက္ ကေလးရဲ႕ သင္ယူမွု ဘယ္ေလာက္ ေကာင္းေနသလဲဆုိတာကို တုိင္းတာလို႕ မလြယ္ကူပါဘူး။ အားလံုး ကေလးေတြရဲ႕ ပညာေရးကို အိမ္မွာေရာ ေက်ာင္းမွာပါ ထိေရာက္စြာ ပံ့ပိုးနုိင္ၾကပါေစ။

ေမတၱာျဖင့္..

               Sayarma-ဆရာမ

Photo Credit to – https://health.usnews.com/wellness/for-parents/articles/2018-03-20/how-much-homework-is-too-much-for-our-teens