[Unicode]
အလုပ်တစ်ခုကနေ နောက်တစ်ခုကို (သို့) ကျောင်းတစ်ကျောင်းကနေ နောက်တစ်ကျောင်းကို ဘာကြောင့် ပြောင်းကြသလို ထွက်ကြသလဲဆိုတာကို ထွက်ကြသူတွေ၊ပြောင်းကြသူတွေရဲ့ အထက်လူကြီးတွေကို အင်တာဗျူးတော့ ၈၉ ရာခိုင်နှုန်းသော နှုတ်ထွက်သူတွေဟာ အခြားအလုပ်မှာ လစာပိုကောင်းတဲ့အတွက်ပြောင်းကြပြီး ၁၁ ရာခိုင်နှုန်းလောက်ကတော့ အခြားအကြောင်းအရာကြောင့် ဖြစ်မှာပေါ့လို့ဖြေကြတယ်။ အမှန်တစ်ကယ်သုတေသနလုပ်ကြည့်တော့ – ၁၂ ရာခိုင်နှုန်းသောသူတွေသာ လစာပိုရလို့ ပြောင်းကြတာ ဖြစ်ပြီး ၈၈ ရာခိုင်းနှုန်းကတော့ အခြား အကြောင်းအရာတွေကြောင့် ပြောင်းကြတယ်ဆိုတဲ့ အဖြေထွက်တယ်။ ၈၈ ရာခိုင်နှုန်းထဲက အကြောင်းရင်းတော်တော်များများဟာ အလုပ်ခွင်ထဲက သူအချင်းချင်း သို့မဟုတ် အထက်လူကြီးရဲ့ ယုံကြည်မှု၊ ကိုးစားမှုနဲ့ အသိမှတ်ပြုမှု၊ တန်ဖိုးထားခံရမှုတွေ မရှိလို့ဆိုတာတွေ့ရပါတယ်။
အလုပ်ခွင်မှာ၊ ကျောင်းတွေမှာ၊ စာသင်ခန်းထဲမှာ ဘယ်သူမဆို တန်ဖိုးရှိတဲ့သူ၊ အသိမှတ်ပြုခံရသူ၊ အရေးပါသူ ဖြစ်ခံချင်ကြတာပါပဲ။ ကျောင်းအုပ်တွေက ဆရာ၊မတွေကို တန်ဖိုးထားပြီး ကောင်းသောအပြုအမူတွေအပေါ် လေးစားအသိမှတ်ပြုဖို့ လိုသလို၊ ဆရာ၊မတွေကလည်း ကျောင်းအုပ်တွေကို လေးစားအသိမှတ်ပြုလိုပါတယ်။ ဒီလိုပါပဲ အစိုးရရုံးက လူတွေနဲ့ မြေပြင်မှာ လက်တွေ့ ကျင့်သုံးနေသူတွေ၊ မိဘတွေ နဲ့ ဆရာ၊မတွေ၊ ကလေးတွေနဲ့ ဆရာ၊မတွေ၊ မိဘတွေနဲ့ ကလေးတွေ အားလုံး အပြန်အလှန် တန်ဖိုးထားပြီး ကောင်းမွန်သော အပြုအမူ၊ အတွေးအခေါ် တွေကို အသိမှတ်ပြုပေးဖို့လိုပါတယ်။
ကမ္ဘာတစ်ဝှမ်း အလုပ်ခွင်အမျိုးမျိုးက ဝန်ထမ်း ၂ သိန်းကျော်ကို Boston Consulting Group က သုတေသနလုပ်ခဲ့ပါတယ်။ အဲဒီ့အထဲမှာ ဝန်ထမ်းတွေ အလုပ်မှာ ထိရောက်စွာ၊ အောင်မြင်စွာ လုပ်ဆောင်ဖို့ အရေးကြီးဆုံး အချက်က အသိမှတ်ပြုခြင်း ခံရတာပါပဲဆိုတဲ့ အဖြေကို ရပါတယ်။ နောက်ထပ် PayScale ဆိုတဲ့ အဖွဲ့က ဝန်ထမ်း ၅ သိန်းကျော်ကို သုတေသနလုပ်တဲ့အခါ “အလုပ်ခွင်ဟာ ပျော်ရွှင်စရာ ကောင်းတယ်၊ မကောင်းဘူး၊ လုပ်ငန်းတွေဟာ အောင်မြင်နိုင်တယ် ကျရှုံးနိုင်တယ်ဆိုတာ အဲဒီ့ အလုပ်ခွင်မှာ တာဝန် ထမ်းဆောင်နေတဲ့ အထက်လူကြီးအပါဝင် ဝန်ထမ်းတွေ ဘယ်လောက် အသိမှတ်ပြုခံရတယ်၊ မခံရဘူးဆိုတဲ့အပေါ်မှာမူတည်ပါတယ်” ဆိုပြီး သုံးသပ်ပါတယ်။
ဒါကြောင့် သီအိုရီ အရရော၊ သုတေသန အရပါ – အထက်လူကြီးနဲ့ ဝန်ထမ်းအကြား၊ ဝန်ထမ်းအချင်းချင်းကြား “မှန်ကန်၊ သင့်လျော်သော အသိမှတ်ပြုမှု တန်ဖိုးထားမှုတွေ” ကြောင့် အပြန်အလှန် ဆက်သွယ်မှု၊ ပူးပေါင်းလုပ်ဆောင်မှုတွေ ကောင်းလာမယ်။ ဆက်သွယ်ပူးပေါင်းမှုတွေ ကောင်းမွန်ထိရောက်လာလို့ အလုပ်ထွက်နှုန်းလျော့ကျမယ်၊ အလုပ်မလုပ်ချင်စိတ်တွေ လျော့ကျမယ်၊ လုပ်ဆောင်မှုတွေ တိုးတက်ထိရောက်လာမယ်။ ဒါကြောင့် လုပ်ငန်းလုပ်ဆောင်ရာမှာ ပါဝင်သူအချင်းချင်း အသိမှတ်ပြုတတ်အောင် ၊ အသိအမှတ်ပြုကြအောင် ကျွန်မတို့ လှုံ့ဆော်ဖို့လိုသလို ကို်ယ်တိုင်လည်း အသိမှတ်ပြု တန်ဖိုးထားဖို့လိုတယ်။
စာသင်ကျောင်းတွေက ကျောင်းအုပ်တွေဟာ ကိုယ်နဲ့ တွဲလုပ်နေတဲ့ ဆရာ၊မတွေရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေကို မြင်အောင် ကြည့်ပြီး အသိမှတ်ပြုရမယ်၊ အလေးထားရမယ်၊ ကောင်းတာတွေ ပိုကောင်းအောင် အားပေးရမယ်။ အဲဒီ့လိုပဲ ဆရာ၊မတွေအနေနဲ့ကလည်း ကျောင်းအုပ်ဆီက အားပေးမှုကိုပဲ တစ်ဖတ်သတ် မျှော်လင့်နေတာမဟုတ်ဘဲ ကိုယ်တိုင် အချင်းချင်း အားပေး အသိမှတ်ပြုသလို ကျောင်းအုပ်ရဲ့ ကောင်းတာတွေကိုလည်း အသိမှတ်ပြုပေးဖို့လိုတယ်။ မိဘတွေလည်း ထိုနည်းတူစွာပါပဲ။ ပညာရေးဖြစ်စဉ်မှာ ပညာရေးဝန်ကြီးက အစ သာမာန် ကျောင်းသန့်ရှင်းရေးသမားအထိ အရေးပါတယ်ဆိုတာ သိပြီး တန်ဖိုးထားဖို့လိုတယ်။ ပညာရေး အရပ်အဝန်းမှာ၊ မိသားစုတွေထဲမှာ တစ်ဦးရဲ့ တန်ဖိုးကို တစ်ဦးက နားလည်ပြီး တစ်ဦးရဲ့ ကောင်းမွန်တဲ့လုပ်ရပ်ကို အသိမှတ်ပြုပေးကြပြီး တိုးတက်အောင် ပံ့ပိုးကူညီတတ်ကြရင် ကျွန်မတို့ မျှေ်ာမှန်းသော တိုးတက်မှု အောင်မြင်မှုတွေကို အတူလက်တွဲပြီး ရရှိနိုင်မယ်လို့ ကျွန်မ မြင်တယ်။
အသိမှတ်ပြုတဲ့အခါ – ကိုယ်၊နှုတ်၊ နှလုံး သုံးပါးလုံး ထည့်သွင်းပြီး စဉ်းစားဖို့လိုတယ်။ အသိမှတ်ပြုကြောင်း၊ တန်ဖိုးထားကြောင်း နှုတ်က ဖွင့်ပြောခြင်းလည်းလုပ်နိုင်တယ်။ အများရှေ့မှာ အသိမှတ်ပြုခြင်း၊ ချီးကျူးစကားပြောခြင်း၊ အပြုသဘောဆောင်သော သုံးသပ်ချက်များပေးခြင်းတွေလည်း လုပ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ကဒ်ကလေးတွေမှာ ကျေးဇူးတင်ကြောင်း၊ လုပ်ဆောင်ချက်ကို သဘောကျကြောင်း စတာတွေလည်း ရေးပြီးပေးနိုင်တာပါပဲ။ စိတ်ထဲမှာလည်း အမှန်တစ်ကယ် အသိမှတ်ပြုပြီး လုပ်ငန်းလုပ်ဆောင်တဲ့အခါ ဝန်ထမ်းရဲ့ အားသာချက်တွေကို သင့်တော်တဲ့ နေရာတွေမှာ အသုံးချတတ်အောင် အခွင့်အလမ်းပေးဖို့ စဉ်းစားပေးဖို့လိုပါတယ်။ စိ်တ်က မပါပဲ အပေါ်ယံ ပြောပြီး၊ လုပ်ပြီး အသိမှတ်ပြုပါတယ်လို့ ပြောရင် လုံးဝထိရောက်မှာ မဟုတ်ပါဘူး။
“လူတိုင်းမှာ မတူညီတဲ့ စွမ်းရည်၊ အတွေ့အကြုံနဲ့ အားသာချက်တွေရှိတယ်”။ လူတိုင်းဟာ တန်ဖိုးထားထိုုက်တယ်။ အဲဒီ့အတွက် သူတို့ရဲ့ ကောင်းတဲ့ အပြုအမူတွေကို မြင်အောင်ကြည့်ပြီး အသိမှတ်ပြုပေးပါ။ ပိုကောင်းအောင်လုပ်နိုင်ဖို့ တိုက်တွန်းအားပေးပါ။ အတူလက်တွဲပြီး လုပ်ဆောင်ပါ။
ဒီမေးခွန်းလေးတွေကို မေးကြည့်ပါ – ” ငါ – ငါနဲ့ အတူအလုပ်တွဲလုပ်နေတဲ့သူကို ဘယ်လိုတွေ အသိမှတ်ပြုဖြစ်လဲ။ ငါကိုယ်တိုင် လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အထက်လူကြီးရဲ့ အသိမှတ်ပြုမှု ခံရရဲ့လား။ ဘယ်လို အသိမှတ်ပြုမှုတွေလုပ်ပေးခံရတာ သဘောကျလဲ”။ ဒီအဖြေတွေကို ကျွန်မကိုလည်း မျှဝေပေးပါ။
အားလုံးရဲ့ ကောင်းမွန်သော ထူးခြားမှုတွေ၊ လုပ်ဆောင်ချက်တွေကို အသိမှတ်ပြုခံရပြီး ပျော်ရွှင်သော အလုပ်ခွင်၊ ပျော်ရွှင်သော နေရာမှာ သင်ယူခွင့်၊ အလုပ်လုပ်ခွင့် ရပါစေကြောင်း ဆုမွန်ခြွေလျက်….
မေတ္တာဖြင့်……..
Sayarma-ဆရာမ
Reference : ကျွန်မ အခု လက်ရှိဖတ်နေတဲ့ “The 5 Languages of Appreciation in the Workplace” by Gary Chapman and Paul White စာအုပ်ကနေ အချက်အလက်တွေကို ကိုးကားထားပါတယ်။
Photo Credit – http://namidupage.org/5-ways-to-appreciate-someone/
[Zawgyi]
အလုပ္တစ္ခုကေန ေနာက္တစ္ခုကို (သို႕) ေက်ာင္းတစ္ေက်ာင္းကေန ေနာက္တစ္ေက်ာင္းကို ဘာေၾကာင့္ ေျပာင္းၾကသလို ထြက္ၾကသလဲဆိုတာကို ထြက္ၾကသူေတြ၊ေျပာင္းၾကသူေတြရဲ႕ အထက္လူၾကီးေတြကို အင္တာဗ်ဴးေတာ့ ၈၉ ရာခိုင္ႏွဳန္းေသာ ႏွဳတ္ထြက္သူေတြဟာ အျခားအလုပ္မွာ လစာပုိေကာင္းတဲ့အတြက္ေျပာင္းၾကျပီး ၁၁ ရာခုိင္ႏွုန္းေလာက္ကေတာ့ အျခားအေၾကာင္းအရာေၾကာင့္ ျဖစ္မွာေပါ့လို႕ေျဖၾကတယ္။ အမွန္တစ္ကယ္သုေတသနလုပ္ၾကည့္ေတာ့ – ၁၂ ရာခိုင္ႏွုန္းေသာသူေတြသာ လစာပိုရလို႕ ေျပာင္းၾကတာ ျဖစ္ျပီး ၈၈ ရာခုိင္းနွုန္းကေတာ့ အျခား အေၾကာင္းအရာေတြေၾကာင့္ ေျပာင္းၾကတယ္ဆိုတဲ့ အေျဖထြက္တယ္။ ၈၈ ရာခိုင္ႏွဳန္းထဲက အေၾကာင္းရင္းေတာ္ေတာ္မ်ားမ်ားဟာ အလုပ္ခြင္ထဲက သူအခ်င္းခ်င္း သို႕မဟုတ္ အထက္လူၾကီးရဲ႕ ယံုၾကည္မွဳ၊ ကိုးစားမွဳနဲ႕ အသိမွတ္ျပဳမွဳ၊ တန္ဖုိးထားခံရမွဳေတြ မရွိလို႕ဆိုတာေတြ႕ရပါတယ္။
အလုပ္ခြင္မွာ၊ ေက်ာင္းေတြမွာ၊ စာသင္ခန္းထဲမွာ ဘယ္သူမဆို တန္ဖိုးရွိတဲ့သူ၊ အသိမွတ္ျပဳခံရသူ၊ အေရးပါသူ ျဖစ္ခံခ်င္ၾကတာပါပဲ။ ေက်ာင္းအုပ္ေတြက ဆရာ၊မေတြကို တန္ဖိုးထားျပီး ေကာင္းေသာအျပဳအမူေတြအေပၚ ေလးစားအသိမွတ္ျပဳဖုိ႕ လိုသလို၊ ဆရာ၊မေတြကလည္း ေက်ာင္းအုပ္ေတြကို ေလးစားအသိမွတ္ျပဳလိုပါတယ္။ ဒီလိုပါပဲ အစိုးရရံုးက လူေတြနဲ႕ ေျမျပင္မွာ လက္ေတြ႕ က်င့္သံုးေနသူေတြ၊ မိဘေတြ နဲ႕ ဆရာ၊မေတြ၊ ကေလးေတြနဲ႕ ဆရာ၊မေတြ၊ မိဘေတြနဲ႕ ကေလးေတြ အားလံုး အျပန္အလွန္ တန္ဖိုးထားျပီး ေကာင္းမြန္ေသာ အျပဳအမူ၊ အေတြးအေခၚ ေတြကို အသိမွတ္ျပဳေပးဖုိ႕လိုပါတယ္။
ကမာၻတစ္ဝွမ္း အလုပ္ခြင္အမ်ိဳးမ်ိဳးက ဝန္ထမ္း ၂ သိန္းေက်ာ္ကို Boston Consulting Group က သုေတသနလုပ္ခဲ့ပါတယ္။ အဲဒီ့အထဲမွာ ဝန္ထမ္းေတြ အလုပ္မွာ ထိေရာက္စြာ၊ ေအာင္ျမင္စြာ လုပ္ေဆာင္ဖုိ႕ အေရးၾကီးဆံုး အခ်က္က အသိမွတ္ျပဳျခင္း ခံရတာပါပဲဆိုတဲ့ အေျဖကို ရပါတယ္။ ေနာက္ထပ္ PayScale ဆိုတဲ့ အဖြဲ႕က ဝန္ထမ္း ၅ သိန္းေက်ာ္ကို သုေတသနလုပ္တဲ့အခါ “အလုပ္ခြင္ဟာ ေပ်ာ္ရႊင္စရာ ေကာင္းတယ္၊ မေကာင္းဘူး၊ လုပ္ငန္းေတြဟာ ေအာင္ျမင္နုိင္တယ္ က်ရံွဳးနုိင္တယ္ဆိုတာ အဲဒီ့ အလုပ္ခြင္မွာ တာဝန္ ထမ္းေဆာင္ေနတဲ့ အထက္လူၾကီးအပါဝင္ ဝန္ထမ္းေတြ ဘယ္ေလာက္ အသိမွတ္ျပဳခံရတယ္၊ မခံရဘူးဆိုတဲ့အေပၚမွာမူတည္ပါတယ္” ဆိုျပီး သံုးသပ္ပါတယ္။
ဒါေၾကာင့္ သီအုိရီ အရေရာ၊ သုေတသန အရပါ – အထက္လူၾကီးနဲ႕ ဝန္ထမ္းအၾကား၊ ဝန္ထမ္းအခ်င္းခ်င္းၾကား “မွန္ကန္၊ သင့္ေလ်ာ္ေသာ အသိမွတ္ျပဳမွဳ တန္ဖိုးထားမွဳေတြ” ေၾကာင့္ အျပန္အလွန္ ဆက္သြယ္မွဳ၊ ပူးေပါင္းလုပ္ေဆာင္မွဳေတြ ေကာင္းလာမယ္။ ဆက္သြယ္ပူးေပါင္းမွဳေတြ ေကာင္းမြန္ထိေရာက္လာလို႕ အလုပ္ထြက္ႏွုန္းေလ်ာ့က်မယ္၊ အလုပ္မလုပ္ခ်င္စိတ္ေတြ ေလ်ာ့က်မယ္၊ လုပ္ေဆာင္မွဳေတြ တုိးတက္ထိေရာက္လာမယ္။ ဒါေၾကာင့္ လုပ္ငန္းလုပ္ေဆာင္ရာမွာ ပါဝင္သူအခ်င္းခ်င္း အသိမွတ္ျပဳတတ္ေအာင္ ၊ အသိအမွတ္ျပဳၾကေအာင္ ကၽြန္မတို႕ လွံဳ႕ေဆာ္ဖို႕လိုသလို ကို္ယ္တုိင္လည္း အသိမွတ္ျပဳ တန္ဖိုးထားဖုိ႕လိုတယ္။
စာသင္ေက်ာင္းေတြက ေက်ာင္းအုပ္ေတြဟာ ကိုယ္နဲ႕ တြဲလုပ္ေနတဲ့ ဆရာ၊မေတြရဲ႕ ေကာင္းမြန္တဲ့ လုပ္ရပ္ေတြကို ျမင္ေအာင္ ၾကည့္ျပီး အသိမွတ္ျပဳရမယ္၊ အေလးထားရမယ္၊ ေကာင္းတာေတြ ပိုေကာင္းေအာင္ အားေပးရမယ္။ အဲဒီ့လိုပဲ ဆရာ၊မေတြအေနနဲ႕ကလည္း ေက်ာင္းအုပ္ဆီက အားေပးမွဳကိုပဲ တစ္ဖတ္သတ္ ေမွ်ာ္လင့္ေနတာမဟုတ္ဘဲ ကိုယ္တုိင္ အခ်င္းခ်င္း အားေပး အသိမွတ္ျပဳသလို ေက်ာင္းအုပ္ရဲ႕ ေကာင္းတာေတြကိုလည္း အသိမွတ္ျပဳေပးဖုိ႕လိုတယ္။ မိဘေတြလည္း ထိုနည္းတူစြာပါပဲ။ ပညာေရးျဖစ္စဥ္မွာ ပညာေရးဝန္ၾကီးက အစ သာမာန္ ေက်ာင္းသန္႕ရွင္းေရးသမားအထိ အေရးပါတယ္ဆိုတာ သိျပီး တန္ဖိုးထားဖုိ႕လိုတယ္။ ပညာေရး အရပ္အဝန္းမွာ၊ မိသားစုေတြထဲမွာ တစ္ဦးရဲ႕ တန္ဖိုးကို တစ္ဦးက နားလည္ျပီး တစ္ဦးရဲ႕ ေကာင္းမြန္တဲ့လုပ္ရပ္ကို အသိမွတ္ျပဳေပးၾကျပီး တိုးတက္ေအာင္ ပံ့ပိုးကူညီတတ္ၾကရင္ ကၽြန္မတုိ႕ ေမွ်္ာမွန္းေသာ တိုးတက္မွဳ ေအာင္ျမင္မွဳေတြကို အတူလက္တြဲျပီး ရရွိနုိင္မယ္လို႕ ကၽြန္မ ျမင္တယ္။
အသိမွတ္ျပဳတဲ့အခါ – ကိုယ္၊ႏွုတ္၊ ႏွလံုး သံုးပါးလံုး ထည့္သြင္းျပီး စဥ္းစားဖုိ႕လိုတယ္။ အသိမွတ္ျပဳေၾကာင္း၊ တန္ဖိုးထားေၾကာင္း ႏွုတ္က ဖြင့္ေျပာျခင္းလည္းလုပ္နုိင္တယ္။ အမ်ားေရွ႕မွာ အသိမွတ္ျပဳျခင္း၊ ခ်ီးက်ဴးစကားေျပာျခင္း၊ အျပဳသေဘာေဆာင္ေသာ သံုးသပ္ခ်က္မ်ားေပးျခင္းေတြလည္း လုပ္နုိင္ပါတယ္။ တစ္ခါတစ္ရံ ကဒ္ကေလးေတြမွာ ေက်းဇူးတင္ေၾကာင္း၊ လုပ္ေဆာင္ခ်က္ကို သေဘာက်ေၾကာင္း စတာေတြလည္း ေရးျပီးေပးနိုင္တာပါပဲ။ စိတ္ထဲမွာလည္း အမွန္တစ္ကယ္ အသိမွတ္ျပဳျပီး လုပ္ငန္းလုပ္ေဆာင္တဲ့အခါ ဝန္ထမ္းရဲ႕ အားသာခ်က္ေတြကို သင့္ေတာ္တဲ့ ေနရာေတြမွာ အသံုးခ်တတ္ေအာင္ အခြင့္အလမ္းေပးဖုိ႕ စဥ္းစားေပးဖုိ႕လိုပါတယ္။ စိ္တ္က မပါပဲ အေပၚယံ ေျပာျပီး၊ လုပ္ျပီး အသိမွတ္ျပဳပါတယ္လို႕ ေျပာရင္ လံုးဝထိေရာက္မွာ မဟုတ္ပါဘူး။
“လူတုိင္းမွာ မတူညီတဲ့ စြမ္းရည္၊ အေတြ႕အၾကံဳနဲ႕ အားသာခ်က္ေတြရွိတယ္”။ လူတုိင္းဟာ တန္ဖုိးထားထိုုက္တယ္။ အဲဒီ့အတြက္ သူတို႕ရဲ႕ ေကာင္းတဲ့ အျပဳအမူေတြကို ျမင္ေအာင္ၾကည့္ျပီး အသိမွတ္ျပဳေပးပါ။ ပိုေကာင္းေအာင္လုပ္နုိင္ဖုိ႕ တိုက္တြန္းအားေပးပါ။ အတူလက္တြဲျပီး လုပ္ေဆာင္ပါ။
ဒီေမးခြန္းေလးေတြကို ေမးၾကည့္ပါ – ” ငါ – ငါနဲ႕ အတူအလုပ္တြဲလုပ္ေနတဲ့သူကို ဘယ္လိုေတြ အသိမွတ္ျပဳျဖစ္လဲ။ ငါကိုယ္တိုင္ လုပ္ေဖၚကိုင္ဖက္ေတြနဲ႕ အထက္လူၾကီးရဲ႕ အသိမွတ္ျပဳမွု ခံရရဲ႕လား။ ဘယ္လို အသိမွတ္ျပဳမွဳေတြလုပ္ေပးခံရတာ သေဘာက်လဲ”။ ဒီအေျဖေတြကို ကၽြန္မကုိလည္း မွ်ေဝေပးပါ။
အားလံုးရဲ႕ ေကာင္းမြန္ေသာ ထူးျခားမွဳေတြ၊ လုပ္ေဆာင္ခ်က္ေတြကို အသိမွတ္ျပဳခံရျပီး ေပ်ာ္ရႊင္ေသာ အလုပ္ခြင္၊ ေပ်ာ္ရႊင္ေသာ ေနရာမွာ သင္ယူခြင့္၊ အလုပ္လုပ္ခြင့္ ရပါေစေၾကာင္း ဆုမြန္ေျခြလ်က္….
ေမတၱာျဖင့္……..
Sayarma-ဆရာမ
Reference : ကၽြန္မ အခု လက္ရွိဖတ္ေနတဲ့ “The 5 Languages of Appreciation in the Workplace” by Gary Chapman and Paul White စာအုပ္ကေန အခ်က္အလက္ေတြကို ကိုးကားထားပါတယ္။ Photo Credit – http://namidupage.org/5-ways-to-appreciate-someone/