[ Unicode ]

ဒီတစ်ပတ် ကျွန်မ အချစ်ဆုံး၊ အလေးစားဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Ranjesh လို့ခေါ်ပါတယ်။ ကျွန်မတို့ သြစတျေးလျမှာ ကျောင်းတက်ရင်း ဆုံခဲ့ကြတာပါ။ Ranjesh က မျက်စိ လုံးဝ မမြင်ရပါဘူး။ ဒါပေမယ့် ကျွန်မတို့ တက္ကသိုလ်ရဲ့ အတော်ဆုံး ကျောင်းသားစာရင်းမှာ ပါဝင်လို့ ဆုတွေရထားသူပါ။ သူနဲ့ ၂ နှစ်တာ အတူတူ ဖေးမကူညီရင်း ခင်မင်ခဲ့စဉ်က သူ့ဆီကနေ သင်ယူခဲ့ရတာလေးတွေကို မျှဝေချင်ပါတယ်။

၁) ခန္ဓာကိုယ်ချို့ယွင်းမှုဟာ အနာဂါတ်ကို အတားအဆီး မဖြစ်စေဘူး။
သူက Fijiနိုင်ငံကပါ။ ငယ်စဉ်ကတည်းက မျက်စိမမြင်ရတော့ပေမယ့်် စာဖတ်ဖို့၊ စာရေးဖို့၊ သင်ယူလေ့လာဖို့ အလွန် စိတ်အားထက်သန်ခဲ့ပါတယ်။ ဒါကြောင့် သူက အင်္ဂလိပ်စာ၊ ဟိန္ဒူစာ၊ ဖီဂျီစာ စတဲ့ စာပေတွေကို ကျွမ်းကျင်အောင် လေ့လာနိုင်ခဲ့ပါတယ်။ စာပေလေ့လာဖို့၊ အများနဲ့ ဆက်သွယ်ဖို့ ကွန်ပြူတာအသုံးပြုမှုကိုလည်း သေသေချာချာ လေ့ကျင့်သင်ယူခဲ့တာမို့ ကွန်ပြူတာပေါ်ကနေ စာရေး၊ စာဖတ်၊ ဇာတ်ကားကြည့် (နားထောင်)၊ သုတသနလုပ်၊ စတာတွေကို ကျွမ်းကျင်စွာ လုပ်နိုင်ခဲ့ပါတယ်။

သူက စာပေနဲ့ ဘာသာစကားတင် ထူးချွန်တာ မဟုတ်ဘဲ၊ အားကစားနဲ့ အနုပညာကိုပါ သင်ယူလေ့ကျင့်ပါတယ်။ Ranjesh က ဂစ်တာတီးတော်တယ်။ မမြင်ရပေမယ့် ဇာတ်ကားတွေကို နားထောင်လွန်းလို့ ဇာတ်ကားတွေ ၊ ဝတ္ထုတွေ၊ သီချင်းတွေကို တော်တော်များများ သိတယ်။ အားကစားဆိုရင် သူက ဝိတ်မတယ်။ တာတို အမြန်ပြေးတာကို ဆုတွေ အများကြီးရထားတယ်။ ဒီလို ဘက်စုံ သင်ယူအောင်မြင်ဖို့ ကျွန်မတို့ သာမာန်အမြင်အာရုံရှိသူတွေတောင် အခက်အခဲများစွာနဲ့ လုပ်ရတာဆိုတော့ သူ့ရဲ့ အားစိုက်မှုကို သတိထားမိမယ်ထင်ပါတယ်။ ကျွန်မ အမြင်အာရုံချို့တဲ့သူတွေနဲ့ မခင်ခဲ့ဖူးလို့ သူတို့ရဲ့ သဘာဝ၊ သူတို့ရဲ့ လုပ်နိုင်စွမ်းကို သေချာ မသိခဲ့ပေမယ့် Ranjeshနဲ့ ဆုံပြီးတဲ့အခါ ချို့ယွင်းမှုတစ်ခုဟာ ဘဝအတွက် အတားအဆီးမဖြစ်အောင် ကြိုးစားရင် ရတယ်ဆိုတာကို သင်ယူခဲ့ရတယ်။

ကျွန်မတို့မှာ Ranjesh လို အမြင်အာရုံမဟုတ်ပေမယ့် အခြား မသန်စွမ်းတာတွေ၊ မစွမ်းဆောင်နိုင်တာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒါကို အကြောင်းပြချက်ပေးပြီး ဒီတိုင်းနေရင် ဘယ်မှ ရောက်မှာမဟုတ်ပါဘူး။

၂) တိုက်ခိုက်မှုတွေ၊ အခက်အခဲတွေကို ကြိုးစားဖို့အတွက် တွန်းအားအဖြစ်သုံးပါ။
Ranjeshကို သြစတျေးလျ အစိုးရက ပညာသင်ဆုပေးလို့ BA ဘွဲ့ကို လာတက်တာပါ။ ကျွန်မက မဟာတန်းကျောင်းသူဆိုပေမယ့် သြစတျေးလျရောက်ခါစ ပညာသင်ဆုရသူတွေကို တက္ကသိုလ်နဲ့ဆိုင်တဲ့ စာပေဆိုင်ရာတွေ၊ စာရေးနည်းတွေ အရင်သင်ပေးတာမို့ ကျွန်မတို့ ဆုံခဲ့တာပါ။ ကျွန်မတို့ တက္ကသိုလ်မှာ ပညာသင်ယူရတဲ့သူက သူနဲ့ ကျွန်မနဲ့ နှစ်ယောက်ထဲဖြစ်တာရယ်၊ ဆရာမကြီးလိုကျွန်မက ကူညီချင်တာရယ်၊ သူကလည်း ခင်တတ်တာရယ်မို့ ကျွန်မတို့ မောင်နှမတွေလို ရင်းနှီးခဲ့ပါတယ်။ သူက ကျွန်မကို Lazy Jaw (LJ)လို့ နာမည်ပြောင်ပေးပါတယ်။ ကျွန်မက စကားအလွန်ပြောပြီး ပြောတာကြာလာရင် ပါးညောင်းလို့ စကားတွေ လေးလေးဖြစ်တတ်လို့လို့ သူကပြောပါတယ်။ သူက မြန်မာအစားအစာ အလွန်ကြိုက်ပါတယ်။ ဘယ်မကြိုက်ဘဲ နေပါ့မလဲ၊ ကျွန်မက နေ့တိုင်း ထမင်းထုတ်ပြီး သူရယ်၊ နောက်ကျွန်မတို့သူငယ်ချင်း ဗီယက်နမ်မလေးရယ် တူတူစားလေ့ရှိတာကိုး။ ကျွန်မက သင်္ချာနဲ့ပတ်သတ်ရင် အားနည်းပါတယ်။ ဒါကြောင့် သင်္ချာလေ့ကျင့်ခန်းတွေလုပ်ရင် သူကကျွန်မကို သင်ပေးလေ့၊ ကူညီလေ့ရှိတတ်တယ်။ ကျွန်မက ကျောင်း (၂)နှစ်တက်ပြီးပြန်တော့ သူက တစ်နှစ်ကျန်လို့ ဆက်နေခဲ့ရပါတယ်။ သူလည်း ကျောင်းပြီးလို့ ဖီဂျီပြန်ရတဲ့အခါ စိတ်မကောင်းစရာက – သြစတျေးလျမှာ ဘယ်လောက် တော်လို့ အသိမှတ်ပြုခံခဲ့ရပေမယ့် ကိုယ့်နိုင်ငံမှာတော့ အမြင်အာရုံမရှိတဲ့ အတွက် သုံးလို့ မရတဲ့သူလို သဘောထားတဲ့အတွက်၊ အလုပ်ရှာဖွေလို့မရခဲ့ပါဘူး။ စိတ်တွေ ဘယ်လိုညစ်ရပေမယ့် သူ့ရဲ့ အခက်အခဲမျိုးတွေ ကြုံနေရတဲ့ အခြား မျက်မမြင်တွေကို စာသင်ဖို့အတွက် သူကြိုးပမ်းအားထုတ်ပါတယ်။ လုပ်အားပေးတွေလုပ်တယ်၊ ဟောပြောပွဲတွေလုပ်တယ်။ သူလုပ်နိုင်တာ သူအကုန်လုပ်ပေးခဲ့တယ်။ မကြာခင် သူ့ဘဝ၊ သူ့ဘေးမှာ တစ်ဦးတည်းရှိနေပေးတဲ့ သူ့အမေ ဆုံးပါးတဲ့အခါ၊ တစ်ယောက်ထဲ ဘဝကို ရုန်းကန်ရပြန်တယ်။ စိတ်ဓါတ်တွေ အလွန်အမင်းကျပေမယ့် သူလို အမေ၊ အဖေမရှိတော့တဲ့ ကလေးတွေနေတဲ့ ဂေဟာတွေမှာ လုပ်အားပေးတွေလုပ်ရင်း အချိန်တွေကို ထပ်မံ ကုန်ဆုံးစေပါတယ်။ ဒီလိုနဲ့ သူကိုယ်တိုင်သင်ယူမှုတွေလုပ်ရင်း အင်္ဂလန်နိုင်ငံမှာ မဟာဘွဲ့အတွက် ကျောင်းတက်ဖို့ ပညာသင်ဆု ထပ်ရခဲ့ပါတယ်။ အခုချိန်မှာတော့ Ranjeshက အင်္ဂလန် နိုင်ငံမှာ ဥပဒေ ဘာသာရပ်နဲ့ မဟာဘွဲ့အတွက် လေ့လာမှုတွေ လုပ်နေပါတယ်။ ခုချိန်ထိ ကျွန်မတို့ အမြဲ အဆက်သွယ်လုပ်ကြသလို၊ အရင်လို ချစ်ခင်မြဲပါပဲ။

Ranjeshကို ကျွန်မက သိပ်ချစ်တာ။ သနားတာထက် အထင်ကြီး လေးစားမိတယ်။ အခက်အခဲတွေ၊ ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ဘယ်လို ကြုံကြုံ ကောင်းသော အလုပ်တွေ အဖြစ် အသွင်ပြောင်းပြီး လုပ်ဆောင်နိုင်စွမ်းရှိလို့ပါ။ ဘဝမှာ ကြုံရတဲ့အခက်အခဲတွေကို ရှေ့တက်ဖို့ တွန်းအားတွေ အဖြစ် သုံးနိုင်ရင် အောင်မြင်နိုင်တယ်၊ တိုးတက်နိုင်တယ်ဆိုတာ ကျွန်မ သင်ယူခဲ့ရတယ်။

ကျွန်မတို့ နိုင်ငံမှာလည်း အမြင်အာရုံလိုမျိုး၊ အာရုံတစ်ခုခု ချို့ယွင်းသူတွေ၊ ချို့တဲ့သူတွေ၊ ကိုယ်ခန္ဓာအစိတ်အပိုင်း ချို့ယွင်းသူတွေ အများကြီးရှိပါတယ်။ ကျွန်မတို့က သူတို့တွေရဲ့ များစွာသော စွမ်းရည်တွေ၊ အစိတ်အပိုင်းတွေထဲက တစ်ခု မရှိတာနဲ့၊ ချို့ယွင်းတာနဲ့ သုံးစားလို့ မရတဲ့သူတွေ၊ နှိမ့်ချရမယ့်သူတွေလို့ မတွေးသင့်ပါဘူး။ အမြင်အာရုံမရှိပေမယ့် အခြား ဘယ်အာရုံတွေ၊ ဘယ်အစိတ်အပိုင်းတွေကို အကောင်းဆုံး လေ့ကျင့်ပြီး တိုးတက်အောင်မြင်အောင်လုပ်ပေးနိုင်မလဲ၊ ဆိုတာ အမြဲ စဉ်းစားသင့်တယ်။ ကျွန်မတို့တွေမှာလည်း သိသိသာသာ ချို့ယွင်းတာမဟုတ်ရင်တောင် အားနည်းတဲ့၊ မလုပ်နိုင်တဲ့ အပိုင်းတွေ ရှိတတ်ကြတယ်။ အဲဒီ့အတွက် ကျွန်မတို့က သုံးစားလို့ မရတဲ့သူတွေလို့ ပြောလို့မရပါဘူး။ အားနည်းချက်ရှိတာကို ကူညီပြုပြင်ရင် ပြုပြင်၊ ရှိနေတဲ့ အားသာချက်တွေကိုလည်း ဆက်လက်အားကောင်းနေအောင် ကျွန်မတို့တွေ အပြန်အလှန် ကူညီပံ့ပိုးရမှာပါ။

Ranjeshလို တော်တဲ့ ထက်တဲ့၊ စေတနာကောင်းတဲ့ အမြင်အာရုံချို့တဲ့သူတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်း ချို့ယွင်းသူတွေ မြန်မာပြည်မှာရော၊ ကမ္ဘာတစ်ဝှမ်းမှာပါ အများကြီး ရှိပါတယ်။ သူတို့တွေကို တွေ့တဲ့အခါ သူတို့ရဲ့ အားနည်းချက်ထက် အားသာချက်က ဘာတွေလဲ၊ အဲဒီ့ အားသာချက်ကို ရပ်ရွာအတွက်၊ ကိုယ့်အဖွဲ့အစည်းအတွက်၊ ကိုယ့်နိုင်ငံအတွက် ဘာတွေ အသုံးချနိုင်မလဲဆိုတာ စဉ်းစားပြီးတော့ သူတို့ကို နေရာပေးပါ၊ ကူညီပေးပါ။ အားလုံး မေတ္တာတရား ရှေ့တန်းထားလို့ ကူညီပံ့ပိုးတတ်ကြပါစေ။

မေတ္တာဖြင့်……
Sayarma-ဆရာမ

[ Zawgyi ]

ဒီတစ္ပတ္ ကၽြန္မ အခ်စ္ဆုံး၊ အေလးစားဆုံး သူငယ္ခ်င္းေတြထဲက တစ္ေယာက္နဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ Ranjesh လို႔ေခၚပါတယ္။ ကၽြန္မတို႔ ၾသစေတ်းလ်မွာ ေက်ာင္းတက္ရင္း ဆုံခဲ့ၾကတာပါ။ Ranjesh က မ်က္စိ လုံးဝ မျမင္ရပါဘူး။ ဒါေပမယ့္ ကၽြန္မတို႔ တကၠသိုလ္ရဲ့ အေတာ္ဆုံး ေက်ာင္းသားစာရင္းမွာ ပါဝင္လို႔ ဆုေတြရထားသူပါ။ သူနဲ႔ ၂ ႏွစ္တာ အတူတူ ေဖးမကူညီရင္း ခင္မင္ခဲ့စဥ္က သူ႔ဆီကေန သင္ယူခဲ့ရတာေလးေတြကို မၽွေဝခ်င္ပါတယ္။

၁) ခႏၶာကိုယ္ခ်ိဳ႕ယြင္းမႈဟာ အနာဂါတ္ကို အတားအဆီး မျဖစ္ေစဘူး။
သူက Fijiနိုင္ငံကပါ။ ငယ္စဥ္ကတည္းက မ်က္စိမျမင္ရေတာ့ေပမယ့္္ စာဖတ္ဖို႔၊ စာေရးဖို႔၊ သင္ယူေလ့လာဖို႔ အလြန္ စိတ္အားထက္သန္ခဲ့ပါတယ္။ ဒါေၾကာင့္ သူက အဂၤလိပ္စာ၊ ဟိႏၵဴစာ၊ ဖီဂ်ီစာ စတဲ့ စာေပေတြကို ကၽြမ္းက်င္ေအာင္ ေလ့လာနိုင္ခဲ့ပါတယ္။ စာေပေလ့လာဖို႔၊ အမ်ားနဲ႔ ဆက္သြယ္ဖို႔ ကြန္ျပဴတာအသုံးျပဳမႈကိုလည္း ေသေသခ်ာခ်ာ ေလ့က်င့္သင္ယူခဲ့တာမို႔ ကြန္ျပဴတာေပၚကေန စာေရး၊ စာဖတ္၊ ဇာတ္ကားၾကည့္ (နားေထာင္)၊ သုတသနလုပ္၊ စတာေတြကို ကၽြမ္းက်င္စြာ လုပ္နိုင္ခဲ့ပါတယ္။

သူက စာေပနဲ႔ ဘာသာစကားတင္ ထူးခၽြန္တာ မဟုတ္ဘဲ၊ အားကစားနဲ႔ အႏုပညာကိုပါ သင္ယူေလ့က်င့္ပါတယ္။ Ranjesh က ဂစ္တာတီးေတာ္တယ္။ မျမင္ရေပမယ့္ ဇာတ္ကားေတြကို နားေထာင္လြန္းလို႔ ဇာတ္ကားေတြ ၊ ဝတၳဳေတြ၊ သီခ်င္းေတြကို ေတာ္ေတာ္မ်ားမ်ား သိတယ္။ အားကစားဆိုရင္ သူက ဝိတ္မတယ္။ တာတို အျမန္ေျပးတာကို ဆုေတြ အမ်ားႀကီးရထားတယ္။ ဒီလို ဘက္စုံ သင္ယူေအာင္ျမင္ဖို႔ ကၽြန္မတို႔ သာမာန္အျမင္အာ႐ုံရွိသူေတြေတာင္ အခက္အခဲမ်ားစြာနဲ႔ လုပ္ရတာဆိုေတာ့ သူ႔ရဲ့ အားစိုက္မႈကို သတိထားမိမယ္ထင္ပါတယ္။ ကၽြန္မ အျမင္အာ႐ုံခ်ိဳ႕တဲ့သူေတြနဲ႔ မခင္ခဲ့ဖူးလို႔ သူတို႔ရဲ့ သဘာဝ၊ သူတို႔ရဲ့ လုပ္နိုင္စြမ္းကို ေသခ်ာ မသိခဲ့ေပမယ့္ Ranjeshနဲ႔ ဆုံၿပီးတဲ့အခါ ခ်ိဳ႕ယြင္းမႈတစ္ခုဟာ ဘဝအတြက္ အတားအဆီးမျဖစ္ေအာင္ ႀကိဳးစားရင္ ရတယ္ဆိုတာကို သင္ယူခဲ့ရတယ္။

ကၽြန္မတို႔မွာ Ranjesh လို အျမင္အာ႐ုံမဟုတ္ေပမယ့္ အျခား မသန္စြမ္းတာေတြ၊ မစြမ္းေဆာင္နိုင္တာေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ ဒါကို အေၾကာင္းျပခ်က္ေပးၿပီး ဒီတိုင္းေနရင္ ဘယ္မွ ေရာက္မွာမဟုတ္ပါဘူး။

၂) တိုက္ခိုက္မႈေတြ၊ အခက္အခဲေတြကို ႀကိဳးစားဖို႔အတြက္ တြန္းအားအျဖစ္သုံးပါ။
Ranjeshကို ၾသစေတ်းလ် အစိုးရက ပညာသင္ဆုေပးလို႔ BA ဘြဲ႕ကို လာတက္တာပါ။ ကၽြန္မက မဟာတန္းေက်ာင္းသူဆိုေပမယ့္ ၾသစေတ်းလ်ေရာက္ခါစ ပညာသင္ဆုရသူေတြကို တကၠသိုလ္နဲ႔ဆိုင္တဲ့ စာေပဆိုင္ရာေတြ၊ စာေရးနည္းေတြ အရင္သင္ေပးတာမို႔ ကၽြန္မတို႔ ဆုံခဲ့တာပါ။ ကၽြန္မတို႔ တကၠသိုလ္မွာ ပညာသင္ယူရတဲ့သူက သူနဲ႔ ကၽြန္မနဲ႔ ႏွစ္ေယာက္ထဲျဖစ္တာရယ္၊ ဆရာမႀကီးလိုကၽြန္မက ကူညီခ်င္တာရယ္၊ သူကလည္း ခင္တတ္တာရယ္မို႔ ကၽြန္မတို႔ ေမာင္ႏွမေတြလို ရင္းႏွီးခဲ့ပါတယ္။ သူက ကၽြန္မကို Lazy Jaw (LJ)လို႔ နာမည္ေျပာင္ေပးပါတယ္။ ကၽြန္မက စကားအလြန္ေျပာၿပီး ေျပာတာၾကာလာရင္ ပါးေညာင္းလို႔ စကားေတြ ေလးေလးျဖစ္တတ္လို႔လို႔ သူကေျပာပါတယ္။ သူက ျမန္မာအစားအစာ အလြန္ႀကိဳက္ပါတယ္။ ဘယ္မႀကိဳက္ဘဲ ေနပါ့မလဲ၊ ကၽြန္မက ေန႔တိုင္း ထမင္းထုတ္ၿပီး သူရယ္၊ ေနာက္ကၽြန္မတို႔သူငယ္ခ်င္း ဗီယက္နမ္မေလးရယ္ တူတူစားေလ့ရွိတာကိုး။ ကၽြန္မက သခၤ်ာနဲ႔ပတ္သတ္ရင္ အားနည္းပါတယ္။ ဒါေၾကာင့္ သခၤ်ာေလ့က်င့္ခန္းေတြလုပ္ရင္ သူကကၽြန္မကို သင္ေပးေလ့၊ ကူညီေလ့ရွိတတ္တယ္။ ကၽြန္မက ေက်ာင္း (၂)ႏွစ္တက္ၿပီးျပန္ေတာ့ သူက တစ္ႏွစ္က်န္လို႔ ဆက္ေနခဲ့ရပါတယ္။ သူလည္း ေက်ာင္းၿပီးလို႔ ဖီဂ်ီျပန္ရတဲ့အခါ စိတ္မေကာင္းစရာက – ၾသစေတ်းလ်မွာ ဘယ္ေလာက္ ေတာ္လို႔ အသိမွတ္ျပဳခံခဲ့ရေပမယ့္ ကိုယ့္နိုင္ငံမွာေတာ့ အျမင္အာ႐ုံမရွိတဲ့ အတြက္ သုံးလို႔ မရတဲ့သူလို သေဘာထားတဲ့အတြက္၊ အလုပ္ရွာေဖြလို႔မရခဲ့ပါဘူး။ စိတ္ေတြ ဘယ္လိုညစ္ရေပမယ့္ သူ႔ရဲ့ အခက္အခဲမ်ိဳးေတြ ၾကဳံေနရတဲ့ အျခား မ်က္မျမင္ေတြကို စာသင္ဖို႔အတြက္ သူႀကိဳးပမ္းအားထုတ္ပါတယ္။ လုပ္အားေပးေတြလုပ္တယ္၊ ေဟာေျပာပြဲေတြလုပ္တယ္။ သူလုပ္နိုင္တာ သူအကုန္လုပ္ေပးခဲ့တယ္။ မၾကာခင္ သူ႔ဘဝ၊ သူ႔ေဘးမွာ တစ္ဦးတည္းရွိေနေပးတဲ့ သူ႔အေမ ဆုံးပါးတဲ့အခါ၊ တစ္ေယာက္ထဲ ဘဝကို ႐ုန္းကန္ရျပန္တယ္။ စိတ္ဓါတ္ေတြ အလြန္အမင္းက်ေပမယ့္ သူလို အေမ၊ အေဖမရွိေတာ့တဲ့ ကေလးေတြေနတဲ့ ေဂဟာေတြမွာ လုပ္အားေပးေတြလုပ္ရင္း အခ်ိန္ေတြကို ထပ္မံ ကုန္ဆုံးေစပါတယ္။ ဒီလိုနဲ႔ သူကိုယ္တိုင္သင္ယူမႈေတြလုပ္ရင္း အဂၤလန္နိုင္ငံမွာ မဟာဘြဲ႕အတြက္ ေက်ာင္းတက္ဖို႔ ပညာသင္ဆု ထပ္ရခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Ranjeshက အဂၤလန္ နိုင္ငံမွာ ဥပေဒ ဘာသာရပ္နဲ႔ မဟာဘြဲ႕အတြက္ ေလ့လာမႈေတြ လုပ္ေနပါတယ္။ ခုခ်ိန္ထိ ကၽြန္မတို႔ အျမဲ အဆက္သြယ္လုပ္ၾကသလို၊ အရင္လို ခ်စ္ခင္ျမဲပါပဲ။

Ranjeshကို ကၽြန္မက သိပ္ခ်စ္တာ။ သနားတာထက္ အထင္ႀကီး ေလးစားမိတယ္။ အခက္အခဲေတြ၊ ဘဝရဲ့ ၾကမ္းတမ္းမႈေတြကို ဘယ္လို ၾကဳံၾကဳံ ေကာင္းေသာ အလုပ္ေတြ အျဖစ္ အသြင္ေျပာင္းၿပီး လုပ္ေဆာင္နိုင္စြမ္းရွိလို႔ပါ။ ဘဝမွာ ၾကဳံရတဲ့အခက္အခဲေတြကို ေရွ႕တက္ဖို႔ တြန္းအားေတြ အျဖစ္ သုံးနိုင္ရင္ ေအာင္ျမင္နိုင္တယ္၊ တိုးတက္နိုင္တယ္ဆိုတာ ကၽြန္မ သင္ယူခဲ့ရတယ္။

ကၽြန္မတို႔ နိုင္ငံမွာလည္း အျမင္အာ႐ုံလိုမ်ိဳး၊ အာ႐ုံတစ္ခုခု ခ်ိဳ႕ယြင္းသူေတြ၊ ခ်ိဳ႕တဲ့သူေတြ၊ ကိုယ္ခႏၶာအစိတ္အပိုင္း ခ်ိဳ႕ယြင္းသူေတြ အမ်ားႀကီးရွိပါတယ္။ ကၽြန္မတို႔က သူတို႔ေတြရဲ့ မ်ားစြာေသာ စြမ္းရည္ေတြ၊ အစိတ္အပိုင္းေတြထဲက တစ္ခု မရွိတာနဲ႔၊ ခ်ိဳ႕ယြင္းတာနဲ႔ သုံးစားလို႔ မရတဲ့သူေတြ၊ ႏွိမ့္ခ်ရမယ့္သူေတြလို႔ မေတြးသင့္ပါဘူး။ အျမင္အာ႐ုံမရွိေပမယ့္ အျခား ဘယ္အာ႐ုံေတြ၊ ဘယ္အစိတ္အပိုင္းေတြကို အေကာင္းဆုံး ေလ့က်င့္ၿပီး တိုးတက္ေအာင္ျမင္ေအာင္လုပ္ေပးနိုင္မလဲ၊ ဆိုတာ အျမဲ စဥ္းစားသင့္တယ္။ ကၽြန္မတို႔ေတြမွာလည္း သိသိသာသာ ခ်ိဳ႕ယြင္းတာမဟုတ္ရင္ေတာင္ အားနည္းတဲ့၊ မလုပ္နိုင္တဲ့ အပိုင္းေတြ ရွိတတ္ၾကတယ္။ အဲဒီ့အတြက္ ကၽြန္မတို႔က သုံးစားလို႔ မရတဲ့သူေတြလို႔ ေျပာလို႔မရပါဘူး။ အားနည္းခ်က္ရွိတာကို ကူညီျပဳျပင္ရင္ ျပဳျပင္၊ ရွိေနတဲ့ အားသာခ်က္ေတြကိုလည္း ဆက္လက္အားေကာင္းေနေအာင္ ကၽြန္မတို႔ေတြ အျပန္အလွန္ ကူညီပံ့ပိုးရမွာပါ။

Ranjeshလို ေတာ္တဲ့ ထက္တဲ့၊ ေစတနာေကာင္းတဲ့ အျမင္အာ႐ုံခ်ိဳ႕တဲ့သူေတြ၊ ခႏၶာကိုယ္အစိတ္အပိုင္း ခ်ိဳ႕ယြင္းသူေတြ ျမန္မာျပည္မွာေရာ၊ ကမၻာတစ္ဝွမ္းမွာပါ အမ်ားႀကီး ရွိပါတယ္။ သူတို႔ေတြကို ေတြ႕တဲ့အခါ သူတို႔ရဲ့ အားနည္းခ်က္ထက္ အားသာခ်က္က ဘာေတြလဲ၊ အဲဒီ့ အားသာခ်က္ကို ရပ္ရြာအတြက္၊ ကိုယ့္အဖြဲ႕အစည္းအတြက္၊ ကိုယ့္နိုင္ငံအတြက္ ဘာေတြ အသုံးခ်နိုင္မလဲဆိုတာ စဥ္းစားၿပီးေတာ့ သူတို႔ကို ေနရာေပးပါ၊ ကူညီေပးပါ။ အားလုံး ေမတၱာတရား ေရွ႕တန္းထားလို႔ ကူညီပံ့ပိုးတတ္ၾကပါေစ။

ေမတၱာျဖင့္……
Sayarma-ဆရာမ