[Unicode]
ကျွန်မတို့ ဆရာ၊မနဲ့ မိဘတွေဟာ ကလေးတွေရဲ့ သင်ယူမှုမှာ အလွန် အရေးပါကြသူတွေ ဖြစ်ကြပါတယ်။ သင်ပြပေးတဲ့နေရာ၊ ကူညီထောက်ပံ့ပေးတဲ့နေရာ၊ လမ်းညွန်ပေးတဲ့နေရာ၊ ဆုံးမပဲ့ပြင်တဲ့နေရာ၊ လှုံ့ဆော်အားပေးတဲ့နေရာ၊ စတဲ့ နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ကလေးတွေကို ကောင်းသောအရာတွေ တတ်အောင်၊ မှန်ကန်သော အတွေးအမြင်တွေရှိအောင်၊ အကျိုးရှိသော လုပ်ရပ်တွေ လုပ်နိုင်အောင် လုပ်ဆောင်ပေးကြတယ်။ ကျွန်မတို့တစ်တွေ ဘယ်လောက် အားထုတ်ကြ အားထုတ်ကြ၊ သင်ယူမှုကို မလိုလားသော၊ မလေ့လာချင်သော၊ မတိုးတက်လာသော ကလေးတွေ၊ သင်ယူသူတွေ တွေ့ဖူးကြတယ်ဆိုရင် ဒီစာကို ဆက်ဖတ်ပါ။
Motivation – လှုံ့ဆော်အားပေးမှုဆိုတဲ့ စကားလုံးဟာ Motive ဆိုတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဖြစ်ချင်စိတ်၊ ဆန္ဒ၊ တောင့်တာမှုဆိုတဲ့ စကားလုံးက ဆင်းသက်လာပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်အားထက်သန်မှု၊ ဖြစ်ချင်စိတ်၊သင်ယူလိုတဲ့ ဆန္ဒနဲ့ တတ်မြောက်ခြင်းကို တောင့်တာမှုတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးခြင်းကို အဓိပ္ပါယ်ဆောင်တဲ့အတွက် Motivation ကို လှုံ့ဆော် အားပေးခြင်း/မှုလို့ ဘာသာပြန်ပါတယ်။
ကျွန်မတို့ ကလေးတွေကို သင်ယူဖို့အတွက်၊လေ့လာဖို့အတွက် ကူညီပံ့ပိုး လက်တွေ့လုပ်ဆောင်တဲ့အခါ ကလေးတွေရဲ့သင်ယူလိုစိတ်၊ စိတ်ဝင်စားမှု (Motive) အပေါ်မှာ မူတည်ပြီး လှုံ့ဆော် ပံ့ပိုးမှုပေးရပါတယ်။ လှုံ့ဆော်မှု (၂)မျိုးရှိပါတယ်။ ပထမ လှုံ့ဆော်အားပေးမှုက အတွင်းစိတ်သန္တာန်ထိလှု့ံဆော်အားပေးမှု (Intrinsic Motivation)၊ ဒုတိယ လှုံ့ဆော် အားပေးမှုက အပေါ်ယံပြင်ပလှုံ့ဆော်အားပေးမှု (Extrinsic Motivation)ဖြစ်ပါတယ်။
Intrinsic Motivation က သင်ယူသူကိုယ်တိုင် သင်ယူချင်စိတ်တွေဖြစ်ပေါ်လာအောင်လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ ချိန်ကာလကြာရှည်စွာ သင်ယူလေ့လာနိုင်ဖို့အတွက် အထောက်ကူပြုတယ်။ ဒီလှုံ့ဆော်နည်းက ကလေးတွေရဲ့ စိတ်အတွင်းသန္တာန်မှာ ရှိတဲ့ ဆန္ဒ၊ စိတ်ဝင်စားမှု၊ သင်ယူချင်မှုတွေနဲ့ သူတို့လုပ်နေရတာတွေ၊ သင်ယူနေရတာတွေနဲ့ တစ်ထပ်တည်းကျအောင် ကူညီပံ့ပိုးခြင်းလည်း ဖြစ်သလို သူတို့ သင်ယူနေရတဲ့၊ လုပ်နေရတဲ့အရာတွေဟာ သူတို့အတွက် အသုံးဝင်တယ်၊ အသုံးကျတယ်၊ တန်ဖိုးရှိတယ်ဆိုတဲ့ ခံစားချက်ဖြစ်အောင် ပံ့ပိုးခြင်းလို့လည်း ပြောလို့ရပါတယ်။ သင်ယူမှုနဲ့ ဆန္ဒ တစ်ထပ်တည်းကျတဲ့အခါ (သို့) သင်ယူမှုရဲ့ အသုံးဝင်မှုနဲ့ တန်ဖိုးတွေကို နားလည်မှု ရှိတဲ့အ ကလေးတွေက ဘယ်သူက တွန်းတွန်း၊ မတွန်းတွန်း အမြဲ လေ့လာဖို့ အဆင်သင့်ရှိနေတတ်ပါတယ်။ အတွင်းသန္တာန်အထိ သင်ယူမှုကို လိုလားအောင် လှုံ့ဆော်ပေးခြင်းဟာ တစ်သက်တာအတွက် အထောက်အပံ့ဖြစ်ပါတယ်။ ရေရှည်အတွက် အထောက်ကူပြုတဲ့ လှုံ့ဆော်အားပေးမှုဖြစ်ပါတယ်။
Extrinsic Motivation က ခဏတာ လိုအင်ဆန္ဒကိုဖြည့်စည်းပေးခြင်းအားဖြင့်၊ မက်လုံးပေးခြင်းအားဖြင့်၊ ဆုပေးခြင်းအားဖြင့် ကိုယ့်အတွင်းစိတ်ပြင်ပ အရာဝတ္ထုတွေ အကြောင်းပြုပြီး လှုံ့ဆော်ခြင်းကိုဆိုလိုပါတယ်။ တစ်ခုခုလိုချင်လို့၊ တစ်ခုခုရချင်လို့ သင်ယူခြင်းဖြစ်ပြီး အဲဒီ့ သူတို့လိုချင်တဲ့ တစ်ခုခု မရှိတဲ့အခါ၊ မရတဲ့အခါ သင်ယူမှုကို ရပ်တန့်လေ့ရှိပါတယ်။ ဥပမာ – စာမေးပွဲဖြေရင် မုန့်ဖိုးရမှာမို့ စာကျက်တာမျိုး၊ စာတစ်ပုဒ်ရရင် အရုပ်လက်ဆောင်ရမှာမျိုး၊ သချင်္ာတစ်ပုဒ်မှန်ရင် ဆရာမရဲ့ ကောင်းတယ်၊တော်တယ်ဆိုတဲ့ မှတ်ချက်ရမှာမျိုး စတဲ့ ပြင်ပကနေရရှိမယ့် အကျိုးအမြတ်တစ်ခုခုအတွက် လေ့လာဖို့အားဖြစ်တာဟာ အဲဒီ့ပြင်ပက အရာတွေမရတဲ့အခါ သင်ယူလိုစိတ်ရပ်တန့်သွားတတ်ပါတယ်။ ဒါကြောင့် Extrinsic Motivationဟာ ရည်တို ဖြေရှင်းမှုတစ်ခုဖြစ်ပါတယ်။
ကျွန်မ ကိုယ်ပိုင် ဥပမာ တစ်ခုပေးပါ့မယ်။ ကျွန်မ ဧပြီလ (၇)ရက်နေ့မှာ စင်္ကာပူမှာ ကျင်းပမယ့် အပြေးပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ပါမယ်။ အဲဒီ့အတွက် ကျွန်မ ပုံမှန် ပြေးဖြစ်ပါတယ်။ ကျွန်မပြေးတဲ့အခါ Runkeeperဆိုတဲ့ Applicationလေးတစ်ခုကို သုံးပြီး ကျွန်မ ပြေးတဲ့ အမြန်နှုန်း၊ ကြာချိန်၊ အကွာအဝေး စတာတွေကို မှတ်သားပါတယ်။ ကျွန်မပြေးတဲ့အခါ လမ်းနှစ်လမ်း ကြုံလာရင် တိုတဲ့လမ်းကို ကျွန်မ မရွေးပါဘူး။ ကျွန်မတိုတဲ့လမ်းကိုသွားရင် ကျွန်မပြေးတဲ့အချိန်တိုမယ်၊ ပြေးတဲ့ အကွာအဝေးတိုမယ်၊ ကျွန်မသတ်မှတ်ထားတဲ့ ပန်းတိုင်ကို မြန်မြန်ရောက်မယ်။ ဒါပေမယ့် ကျွန်မရဲ့ motive က ပြေးခြင်းကို နှစ်သက်ပြီး တာဝေးပြေးခြင်းကို လုပ်ဆောင်နိုင်ဖို့အတွက် ဖြစ်တဲ့အတွက် လမ်းတိုတွေကို ကျွန်မ မရွေးချယ်ပါဘူး။ အကယ်၍ ကျွန်မက ပြေးတဲ့အကွာအဝေးနဲ့ သက်လုံကောင်းကောင်းပြေးနိုင်စွမ်းကို ဦးစားမပေးဘဲ ပန်းတိုင်ရောက်ဖို့ အဓိကထားတယ်ဆိုရင် အချိန်တိုအတွင်း ပန်းတိုင်ရောက်အောင် တိုတဲ့လမး်ကို ရွေးမိမှာပေါ့။ ဖြတ်လမ်းရှိရှိလည်း လိုက်မိကောင်းလိုက်မိလိမ့်မယ်။ ကျွန်မ ပြေးတဲ့အခါ ပြိုင်ပွဲဝင်ဖို့တစ်ခုတည်းပြေးတာမဟုတ်ဘဲ ပြေးခြင်းကို နှစ်သက်တဲ့အတွက် ပြိုင်ပွဲပြီးရင်လည်း ပုံမှန်ပြေးဖြစ်မယ်။
သင်ယူမှုတစ်ခုမှာလည်း ဒီဖြစ်စဉ်လိုပါပဲ။ ကျွန်မတို့ရဲ့ motive အပေါ်မှာ မူတည်ပြီး ကျွန်မတို့ သင်ယူပုံနဲ့ သင်ယူတဲ့အကြောင်းအရာတွေ ကွာသွားတယ်။ အချို့က ဖြတ်လမ်းလိုက်တယ်၊ အချို့က သင်ယူနေရတဲ့ဖြစ်စဉ်ကို သဘောကျပြီး အမြဲ ကြိုးစားတယ်။ ကျွန်မရဲ့ ဥပမာထဲမှာ ဆိုရင် extrinsic motivationတစ်ခုက ပြိုင်ပွဲပြီးဆုံးဖို့ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးရင် ရမယ့် ကျွန်မရဲ့ စွမ်းရည်နဲ့လုပ်နိုင်စွမ်းကို အသိမှတ်ပြုမယ့် ဆုတံဆိပ်ကိုလည်း ကျွန်မရဲ့ စိတ်ထဲမှာလိုချင်ပါတယ်။ အဲဒီ့အတွက် အကောင်းဆုံး ကြိုးစားဖြစ်တယ်။ နောက်ပြီးတော့ intrinsic motivation ရှိနေပြန်ပါတယ်။ အဲဒါကတော့ ပြေးရတာကို သဘောကျ နှစ်ခြိုက်တဲ့ ကျွန်မရဲ့စိတ်ပါပဲ။ ဒီလှုံ့ဆော်အားပေးမှုက ကျွန်မကို ဆက်လက်လေ့ကျင့်ပြီး ပုံမှန်ဆက်ပြေးဖို့ ကူညီပေးပါတယ်။
ကျွန်မအမြင်မှာကတော့ ကလေးတွေကို တစ်ခုခုလုပ်ရင် တစ်ခုခုပေးမယ်ဆိုတဲ့ လှုံ့ဆော်အားပေးမှုမျိုးဟာ မလုံလောက်ပါဘူး။ ကလေးတွေကိုယ်တိုင် အဲဒီ့ သင်ယူမှုမှာ ပျော်မွှွေှ့အောင်၊ သင်ယူမှုရဲ့ တန်ဖိုးကို နားလည်ပြီး အသုံးဝင်မှုတွေကို သိရှိအောင် မြင်သာအောင် ကျွန်မတို့ လူကြီးတွေက ပံ့ပိုးပေးဖို့လိုပါတယ်။
ကိုယ်က ဘယ်လောက် လုပ်ပေးရ လုပ်ပေးရ သူတို့က အသုံးမကျဘူး ဆိုတဲ့ စကားမျိုး၊ ဘယ်လိုအားပေး အားပေး သူတို့က သင်ယူဖို့ စိတ်မဝင်စားဘူးဆိုတဲ့ စကားမျိုးကို ကျွန်မ မကြာခဏ ကြားရပါတယ်။ ကျွန်မက ပြန်မေးချင်ပါတယ်။ ကလေးတွေရဲ့ motive တွေကို လေ့လာပြီးပြီလား။ သူတို့ရဲ့ ဆန္ဒတွေ ဖြစ်ချင်တာတွေကို နားထောင်ပြီးပြီလား။ ကလေးတွေကို အမှန်တစ်ကယ်တိုးတက်စေချင်တယ်၊ သင်ယူစေချင်တယ်ဆိုရင် Extrinsic Motivationနဲ့တင်မလုံလောက်ပါဘူး။ အချို့ကလေးတွေဆိုရင် သူတို့မလိုချင်တာကို ပေးမယ်လို့ မက်လုံးပေးလို့ ပိုတောင် အရွဲ့တိုက်ပြီး မလုပ်တာတွေရှိပါတယ်။ ဒါကြောင့် Extrinsic Motivation ပေးမယ်ဆိုရင်လည်း ကိုယ့်ကလေးက ဘာတွေကြိုက်လဲ၊ ဘယ်လိုအရာတွေ စိတ်ဝင်စားလဲ၊ ဘာတွေလုပ်ချင်တယ် စတာတွေသိအောင်လုပ်ပြီးမှာ လှုံ့ဆော်အားပေးပါ။ ပိုအရေးကြီးတာကတော့ Intrinsic Motivation ဖြစ်အောင် ကလေးကိုယ်စိတ် ဒီသင်ယူမှုမှာ ပျော်မွှေ့လာအောင်၊ စိတ်ဝင်စားလာအောင်၊ တန်ဖိုးထားလာအောင် လုပ်ပေးဖို့ပါပဲ။ ဒါမှ ကလေးရဲ့ တစ်ဘဝစာလုံလောက်မှာဖြစ်ပါတယ်။
လူကြီးတွေအနေနဲ့ဆိုရင် ကိုယ်တိုင်ရဲ့ သင်ယူမှုကို အထောက်ကူပြုအောင် လှုံ့ဆော်အားပေးမှုတွေ လုပ်လို့ရပါတယ်။ ကိုယ်တိုင်ရဲ့ စိတ်ဝင်စားမှုတွေ၊ လိုအင်ဆန္ဒတွေကို နားလည်အောင်လုပ်ပါ။ ပြီးမှ ကိုယ့်ကိုကိုယ် Intrinsic Motivation နဲ့ Extrinsic Motivation ဘယ်လို ပေးသင့်လဲဆိုတာ စဉ်းစားပါ။
အချုပ်မှာ မျှဝေချင်တာကတော့ ကလေးတွေကို အားပေးတယ်၊ လှုံ့ဆော်တဲ့အခါ (၂)မျိုးရှိပါတယ်။ ကိုယ်တိုင်က ဘယ်အမျိုးအစားကို အများဆုံးအသုံးပြုနေသလဲ (ဒါမှမဟုတ်) တစ်ခုမှကို မသုံးဘဲထားသလား – ဆိုတဲ့အပေါ်မှာ မူတည်ပြီး ကလေးတွေရဲ့ သင်ယူမှုနဲ့ သင်ယူမှုအပေါ်ထားတဲ့ မြတ်နိုးမှု၊ တန်ဖိုးထားမှု ကွာဟသွားနိုင်ပါတယ်။ ကလေးတွေကို လှုံ့ဆော်အားပေးတဲ့အခါမှာ သူတို့ရဲ့ motive (ဆန္ဒ၊ စိတ်) စတာတွေကို သေချာနားလည်အောင် ကြိုးစားပြီးမှ သင့်တော်တဲ့နည်းလမ်းတွေကို အသုံးပြုဖို့လိုပါတယ်။ နောက်တစ်ပတ် စနေနေ့မှှာ ကိုယ်တိုင်အတွက်ရော၊ ကလေးတွေအတွက်ပါ Intrinsic Motivationနဲ့ Extrinsic Motivation ပေးတဲ့ နည်းလမ်းလေးတွေကို ထပ်ပြီး မျှဝေပေးပါ့မယ်။ ဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သင်ယူမှုမှာ ပျော်မွေ့သူများ ဖြစ်ကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
ဓါတ်ပုံ – ကျွန်မရဲ့ သန္တိဆာယာ စာကြည့်တိုက် စတင်ခါစက ကလေးတွေ လေ့လာရေးမသွားခင် ခရီးကနေ သင်ယူချင်တဲ့အရာတွေအကြောင်း ဆွေးနွေးနေကြတုန်း ရိုက်ထားတာပါ။ လေ့လာရေးခရီးစဉ်ကနေ သင်ယူမှုပိုရရှိဖို့ လှုံ့ဆော်တဲ့ လုပ်ငန်းလေးမို့ တင်ပေးလိုက်ပါတယ်။
ရည်ညွှန်းစာပေများ
Vansteenkiste, M., Lens, W., & Deci, E. L. (2006). Intrinsic versus extrinsic goal contents in self-determination theory: Another look at the quality of academic motivation. Educational psychologist, 41(1), 19-31.
Ryan, R. M., & Deci, E. L. (2000). Self-determination theory and the facilitation of intrinsic motivation, social development, and well-being. American psychologist, 55(1), 68.
[Zawgyi]
ကၽြန္မတို႕ ဆရာ၊မနဲ႕ မိဘေတြဟာ ကေလးေတြရဲ႕ သင္ယူမွဳမွာ အလြန္ အေရးပါၾကသူေတြ ျဖစ္ၾကပါတယ္။ သင္ျပေပးတဲ့ေနရာ၊ ကူညီေထာက္ပံ့ေပးတဲ့ေနရာ၊ လမ္းညြန္ေပးတဲ့ေနရာ၊ ဆံုးမပဲ့ျပင္တဲ့ေနရာ၊ လံွဳ႕ေဆာ္အားေပးတဲ့ေနရာ၊ စတဲ့ ေနရာအမ်ိဳးမ်ိဳးမွာ ပံုစံအမ်ိဳးမ်ိဳးနဲ႕ ကေလးေတြကို ေကာင္းေသာအရာေတြ တတ္ေအာင္၊ မွန္ကန္ေသာ အေတြးအျမင္ေတြရွိေအာင္၊ အက်ိဳးရွိေသာ လုပ္ရပ္ေတြ လုပ္နုိင္ေအာင္ လုပ္ေဆာင္ေပးၾကတယ္။ ကၽြန္မတို႕တစ္ေတြ ဘယ္ေလာက္ အားထုတ္ၾက အားထုတ္ၾက၊ သင္ယူမွဳကို မလိုလားေသာ၊ မေလ့လာခ်င္ေသာ၊ မတိုးတက္လာေသာ ကေလးေတြ၊ သင္ယူသူေတြ ေတြ႕ဖူးၾကတယ္ဆိုရင္ ဒီစာကို ဆက္ဖတ္ပါ။
Motivation – လွံဳ႕ေဆာ္အားေပးမွဳဆိုတဲ့ စကားလံုးဟာ Motive ဆိုတဲ့ လူတစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ ျဖစ္ခ်င္စိတ္၊ ဆႏၵ၊ ေတာင့္တာမွဳဆိုတဲ့ စကားလံုးက ဆင္းသက္လာပါတယ္။ လူတစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ စိတ္အားထက္သန္မွဳ၊ ျဖစ္ခ်င္စိတ္၊သင္ယူလိုတဲ့ ဆႏၵနဲ႕ တတ္ေျမာက္ျခင္းကို ေတာင့္တာမွဳေတြ ျဖစ္ေပၚလာေအာင္ လွံဳ႕ေဆာ္ေပးျခင္းကို အဓိပၸါယ္ေဆာင္တဲ့အတြက္ Motivation ကို လွံဳ႕ေဆာ္ အားေပးျခင္း/မွဳလို႕ ဘာသာျပန္ပါတယ္။
ကၽြန္မတို႕ ကေလးေတြကို သင္ယူဖို႕အတြက္၊ေလ့လာဖုိ႕အတြက္ ကူညီပံ့ပိုး လက္ေတြ႕လုပ္ေဆာင္တဲ့အခါ ကေလးေတြရဲ႕သင္ယူလိုစိတ္၊ စိတ္ဝင္စားမွဳ (Motive) အေပၚမွာ မူတည္ျပီး လွံဳ႕ေဆာ္ ပံ့ပိုးမွဳေပးရပါတယ္။ လွံဳ႕ေဆာ္မွဳ (၂)မ်ိဳးရွိပါတယ္။ ပထမ လွံဳ႕ေဆာ္အားေပးမွဳက အတြင္းစိတ္သႏၱာန္ထိလွဳ႕ံေဆာ္အားေပးမွဳ (Intrinsic Motivation)၊ ဒုတိယ လံွဳ႕ေဆာ္ အားေပးမွဳက အေပၚယံျပင္ပလွံဳ႕ေဆာ္အားေပးမွဳ (Extrinsic Motivation)ျဖစ္ပါတယ္။
Intrinsic Motivation က သင္ယူသူကိုယ္တုိင္ သင္ယူခ်င္စိတ္ေတြျဖစ္ေပၚလာေအာင္လွံဳ႕ေဆာ္ေပးတာ ျဖစ္ပါတယ္။ ခ်ိန္ကာလၾကာရွည္စြာ သင္ယူေလ့လာနုိင္ဖုိ႕အတြက္ အေထာက္ကူျပဳတယ္။ ဒီလွံဳ႕ေဆာ္နည္းက ကေလးေတြရဲ႕ စိတ္အတြင္းသႏၱာန္မွာ ရွိတဲ့ ဆႏၵ၊ စိတ္ဝင္စားမွဳ၊ သင္ယူခ်င္မွဳေတြနဲ႕ သူတို႕လုပ္ေနရတာေတြ၊ သင္ယူေနရတာေတြနဲ႕ တစ္ထပ္တည္းက်ေအာင္ ကူညီပံ့ပိုးျခင္းလည္း ျဖစ္သလို သူတို႕ သင္ယူေနရတဲ့၊ လုပ္ေနရတဲ့အရာေတြဟာ သူတို႕အတြက္ အသံုးဝင္တယ္၊ အသံုးက်တယ္၊ တန္ဖိုးရွိတယ္ဆိုတဲ့ ခံစားခ်က္ျဖစ္ေအာင္ ပံ့ပိုးျခင္းလို႕လည္း ေျပာလို႕ရပါတယ္။ သင္ယူမွဳနဲ႕ ဆႏၵ တစ္ထပ္တည္းက်တဲ့အခါ (သို႕) သင္ယူမွဳရဲ႕ အသံုးဝင္မွဳနဲ႕ တန္ဖိုးေတြကို နားလည္မွဳ ရွိတဲ့အ ကေလးေတြက ဘယ္သူက တြန္းတြန္း၊ မတြန္းတြန္း အျမဲ ေလ့လာဖုိ႕ အဆင္သင့္ရွိေနတတ္ပါတယ္။ အတြင္းသႏၱာန္အထိ သင္ယူမွဳကို လိုလားေအာင္ လွံဳ႕ေဆာ္ေပးျခင္းဟာ တစ္သက္တာအတြက္ အေထာက္အပံ့ျဖစ္ပါတယ္။ ေရရွည္အတြက္ အေထာက္ကူျပဳတဲ့ လွံဳ႕ေဆာ္အားေပးမွဳျဖစ္ပါတယ္။
Extrinsic Motivation က ခဏတာ လိုအင္ဆႏၵကိုျဖည့္စည္းေပးျခင္းအားျဖင့္၊ မက္လံုးေပးျခင္းအားျဖင့္၊ ဆုေပးျခင္းအားျဖင့္ ကိုယ့္အတြင္းစိတ္ျပင္ပ အရာဝတၳဳေတြ အေၾကာင္းျပဳျပီး လွံဳ႕ေဆာ္ျခင္းကိုဆိုလုိပါတယ္။ တစ္ခုခုလိုခ်င္လို႕၊ တစ္ခုခုရခ်င္လို႕ သင္ယူျခင္းျဖစ္ျပီး အဲဒီ့ သူတို႕လုိခ်င္တဲ့ တစ္ခုခု မရွိတဲ့အခါ၊ မရတဲ့အခါ သင္ယူမွဳကို ရပ္တန္႕ေလ့ရွိပါတယ္။ ဥပမာ – စာေမးပြဲေျဖရင္ မုန္႕ဖိုးရမွာမို႕ စာက်က္တာမ်ိဳး၊ စာတစ္ပုဒ္ရရင္ အရုပ္လက္ေဆာင္ရမွာမ်ိဳး၊ သခ်ၤာတစ္ပုဒ္မွန္ရင္ ဆရာမရဲ႕ ေကာင္းတယ္၊ေတာ္တယ္ဆိုတဲ့ မွတ္ခ်က္ရမွာမိ်ဳး စတဲ့ ျပင္ပကေနရရွိမယ့္ အက်ိဳးအျမတ္တစ္ခုခုအတြက္ ေလ့လာဖို႕အားျဖစ္တာဟာ အဲဒီ့ျပင္ပက အရာေတြမရတဲ့အခါ သင္ယူလိုစိတ္ရပ္တန္႕သြားတတ္ပါတယ္။ ဒါေၾကာင့္ Extrinsic Motivationဟာ ရည္တို ေျဖရွင္းမွဳတစ္ခုျဖစ္ပါတယ္။
ကၽြန္မ ကိုယ္ပိုင္ ဥပမာ တစ္ခုေပးပါ့မယ္။ ကၽြန္မ ဧျပီလ (၇)ရက္ေန႕မွာ စကၤာပူမွာ က်င္းပမယ့္ အေျပးျပိဳင္ပြဲတစ္ခုကို ဝင္ျပိဳင္ပါမယ္။ အဲဒီ့အတြက္ ကၽြန္မ ပံုမွန္ ေျပးျဖစ္ပါတယ္။ ကၽြန္မေျပးတဲ့အခါ Runkeeperဆိုတဲ့ Applicationေလးတစ္ခုကို သံုးျပီး ကၽြန္မ ေျပးတဲ့ အျမန္ႏွုန္း၊ ၾကာခ်ိန္၊ အကြာအေဝး စတာေတြကို မွတ္သားပါတယ္။ ကၽြန္မေျပးတဲ့အခါ လမ္းႏွစ္လမ္း ၾကံဳလာရင္ တိုတဲ့လမ္းကို ကၽြန္မ မေရြးပါဘူး။ ကၽြန္မတိုတဲ့လမ္းကိုသြားရင္ ကၽြန္မေျပးတဲ့အခ်ိန္တိုမယ္၊ ေျပးတဲ့ အကြာအေဝးတိုမယ္၊ ကၽြန္မသတ္မွတ္ထားတဲ့ ပန္းတုိင္ကို ျမန္ျမန္ေရာက္မယ္။ ဒါေပမယ့္ ကၽြန္မရဲ႕ motive က ေျပးျခင္းကို ႏွစ္သက္ျပီး တာေဝးေျပးျခင္းကို လုပ္ေဆာင္နုိင္ဖို႕အတြက္ ျဖစ္တဲ့အတြက္ လမ္းတိုေတြကို ကၽြန္မ မေရြးခ်ယ္ပါဘူး။ အကယ္၍ ကၽြန္မက ေျပးတဲ့အကြာအေဝးနဲ႕ သက္လံုေကာင္းေကာင္းေျပးနုိင္စြမ္းကို ဦးစားမေပးဘဲ ပန္းတုိင္ေရာက္ဖို႕ အဓိကထားတယ္ဆိုရင္ အခ်ိန္တိုအတြင္း ပန္းတိုင္ေရာက္ေအာင္ တိုတဲ့လမး္ကို ေရြးမိမွာေပါ့။ ျဖတ္လမ္းရွိရွိလည္း လိုက္မိေကာင္းလိုက္မိလိမ့္မယ္။ ကၽြန္မ ေျပးတဲ့အခါ ျပိဳင္ပြဲဝင္ဖို႕တစ္ခုတည္းေျပးတာမဟုတ္ဘဲ ေျပးျခင္းကို ႏွစ္သက္တဲ့အတြက္ ျပိဳင္ပြဲျပီးရင္လည္း ပံုမွန္ေျပးျဖစ္မယ္။
သင္ယူမွဳတစ္ခုမွာလည္း ဒီျဖစ္စဥ္လိုပါပဲ။ ကၽြန္မတုိ႕ရဲ႕ motive အေပၚမွာ မူတည္ျပီး ကၽြန္မတုိ႕ သင္ယူပံုနဲ႕ သင္ယူတဲ့အေၾကာင္းအရာေတြ ကြာသြားတယ္။ အခ်ိဳ႕က ျဖတ္လမ္းလိုက္တယ္၊ အခ်ိဳ႕က သင္ယူေနရတဲ့ျဖစ္စဥ္ကို သေဘာက်ျပီး အျမဲ ၾကိဳးစားတယ္။ ကၽြန္မရဲ႕ ဥပမာထဲမွာ ဆိုရင္ extrinsic motivationတစ္ခုက ျပိဳင္ပြဲျပီးဆံုးဖို႕ျဖစ္ပါတယ္။ ျပိဳင္ပြဲျပီးဆံုးရင္ ရမယ့္ ကၽြန္မရဲ႕ စြမ္းရည္နဲ႕လုပ္နုိင္စြမ္းကို အသိမွတ္ျပဳမယ့္ ဆုတံဆိပ္ကိုလည္း ကၽြန္မရဲ႕ စိတ္ထဲမွာလိုခ်င္ပါတယ္။ အဲဒီ့အတြက္ အေကာင္းဆံုး ၾကိဳးစားျဖစ္တယ္။ ေနာက္ျပီးေတာ့ intrinsic motivation ရွိေနျပန္ပါတယ္။ အဲဒါကေတာ့ ေျပးရတာကို သေဘာက် ႏွစ္ျခိဳက္တဲ့ ကၽြန္မရဲ႕စိတ္ပါပဲ။ ဒီလွံဳ႕ေဆာ္အားေပးမွဳက ကၽြန္မကို ဆက္လက္ေလ့က်င့္ျပီး ပံုမွန္ဆက္ေျပးဖုိ႕ ကူညီေပးပါတယ္။
ကၽြန္မအျမင္မွာကေတာ့ ကေလးေတြကို တစ္ခုခုလုပ္ရင္ တစ္ခုခုေပးမယ္ဆိုတဲ့ လွံဳ႕ေဆာ္အားေပးမွဳမ်ိဳးဟာ မလံုေလာက္ပါဘူး။ ကေလးေတြကိုယ္တိုင္ အဲဒီ့ သင္ယူမွဳမွာ ေပ်ာ္ေမႊႊ႕ေအာင္၊ သင္ယူမွဳရဲ႕ တန္ဖိုးကို နားလည္ျပီး အသံုးဝင္မွုေတြကို သိရွိေအာင္ ျမင္သာေအာင္ ကၽြန္မတို႕ လူၾကီးေတြက ပံ့ပိုးေပးဖို႕လိုပါတယ္။
ကိုယ္က ဘယ္ေလာက္ လုပ္ေပးရ လုပ္ေပးရ သူတို႕က အသံုးမက်ဘူး ဆိုတဲ့ စကားမ်ိဳး၊ ဘယ္လိုအားေပး အားေပး သူတို႕က သင္ယူဖုိ႕ စိတ္မဝင္စားဘူးဆိုတဲ့ စကားမ်ိဳးကို ကၽြန္မ မၾကာခဏ ၾကားရပါတယ္။ ကၽြန္မက ျပန္ေမးခ်င္ပါတယ္။ ကေလးေတြရဲ႕ motive ေတြကို ေလ့လာျပီးျပီလား။ သူတို႕ရဲ႕ ဆႏၵေတြ ျဖစ္ခ်င္တာေတြကို နားေထာင္ျပီးျပီလား။ ကေလးေတြကို အမွန္တစ္ကယ္တိုးတက္ေစခ်င္တယ္၊ သင္ယူေစခ်င္တယ္ဆိုရင္ Extrinsic Motivationနဲ႕တင္မလံုေလာက္ပါဘူး။ အခ်ိဳ႕ကေလးေတြဆိုရင္ သူတို႕မလိုခ်င္တာကို ေပးမယ္လို႕ မက္လံုးေပးလို႕ ပိုေတာင္ အရြဲ႕တိုက္ျပီး မလုပ္တာေတြရွိပါတယ္။ ဒါေၾကာင့္ Extrinsic Motivation ေပးမယ္ဆိုရင္လည္း ကိုယ့္ကေလးက ဘာေတြၾကိဳက္လဲ၊ ဘယ္လိုအရာေတြ စိတ္ဝင္စားလဲ၊ ဘာေတြလုပ္ခ်င္တယ္ စတာေတြသိေအာင္လုပ္ျပီးမွာ လွံဳ႕ေဆာ္အားေပးပါ။ ပိုအေရးၾကီးတာကေတာ့ Intrinsic Motivation ျဖစ္ေအာင္ ကေလးကိုယ္စိတ္ ဒီသင္ယူမွုမွာ ေပ်ာ္ေမႊ႕လာေအာင္၊ စိတ္ဝင္စားလာေအာင္၊ တန္ဖိုးထားလာေအာင္ လုပ္ေပးဖို႕ပါပဲ။ ဒါမွ ကေလးရဲ႕ တစ္ဘဝစာလံုေလာက္မွာျဖစ္ပါတယ္။
လူၾကီးေတြအေနနဲ႕ဆိုရင္ ကုိယ္တိုင္ရဲ႕ သင္ယူမွဳကို အေထာက္ကူျပဳေအာင္ လွံဳ႕ေဆာ္အားေပးမွဳေတြ လုပ္လုိ႕ရပါတယ္။ ကိုယ္တုိင္ရဲ႕ စိတ္ဝင္စားမွဳေတြ၊ လိုအင္ဆႏၵေတြကို နားလည္ေအာင္လုပ္ပါ။ ျပီးမွ ကိုယ့္ကိုကိုယ္ Intrinsic Motivation နဲ႕ Extrinsic Motivation ဘယ္လို ေပးသင့္လဲဆိုတာ စဥ္းစားပါ။
အခ်ဳပ္မွာ မွ်ေဝခ်င္တာကေတာ့ ကေလးေတြကို အားေပးတယ္၊ လွံဳ႕ေဆာ္တဲ့အခါ (၂)မ်ိဳးရွိပါတယ္။ ကိုယ္တုိင္က ဘယ္အမ်ိဳးအစားကို အမ်ားဆံုးအသံုးျပဳေနသလဲ (ဒါမွမဟုတ္) တစ္ခုမွကို မသံုးဘဲထားသလား – ဆိုတဲ့အေပၚမွာ မူတည္ျပီး ကေလးေတြရဲ႕ သင္ယူမွဳနဲ႕ သင္ယူမွဳအေပၚထားတဲ့ ျမတ္နုိးမွဳ၊ တန္ဖိုးထားမွဳ ကြာဟသြားနုိင္ပါတယ္။ ကေလးေတြကို လွံဳ႕ေဆာ္အားေပးတဲ့အခါမွာ သူတို႕ရဲ႕ motive (ဆႏၵ၊ စိတ္) စတာေတြကို ေသခ်ာနားလည္ေအာင္ ၾကိဳးစားျပီးမွ သင့္ေတာ္တဲ့နည္းလမ္းေတြကို အသံုးျပဳဖုိ႕လိုပါတယ္။ ေနာက္တစ္ပတ္ စေနေန႕မွွာ ကိုယ္တိုင္အတြက္ေရာ၊ ကေလးေတြအတြက္ပါ Intrinsic Motivationနဲ႕ Extrinsic Motivation ေပးတဲ့ နည္းလမ္းေလးေတြကို ထပ္ျပီး မွ်ေဝေပးပါ့မယ္။ ဖတ္ေပးၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ သင္ယူမွဳမွာ ေပ်ာ္ေမြ႕သူမ်ား ျဖစ္ၾကပါေစ။
ေမတၱာျဖင့္…
Sayarma-ဆရာမ
ဓါတ္ပံု – ကၽြန္မရဲ႕ သႏၱိဆာယာ စာၾကည့္တုိက္ စတင္ခါစက ကေလးေတြ ေလ့လာေရးမသြားခင္ ခရီးကေန သင္ယူခ်င္တဲ့အရာေတြအေၾကာင္း ေဆြးေႏြးေနၾကတုန္း ရိုက္ထားတာပါ။ ေလ့လာေရးခရီးစဥ္ကေန သင္ယူမွဳပိုရရွိဖို႕ လွံဳ႕ေဆာ္တဲ့ လုပ္ငန္းေလးမို႕ တင္ေပးလုိက္ပါတယ္။
ရည္ညႊန္းစာေပမ်ား
Vansteenkiste, M., Lens, W., & Deci, E. L. (2006). Intrinsic versus extrinsic goal contents in self-determination theory: Another look at the quality of academic motivation. Educational psychologist, 41(1), 19-31. Ryan, R. M., & Deci, E. L. (2000). Self-determination theory and the facilitation of intrinsic motivation, social development, and well-being. American psychologist, 55(1), 68.