[ Unicode ]

လွန်ခဲ့တဲ့ (၂) ပတ်က ကျွန်မ သြစတျီးယားနိုင်ငံ၊ ဗီယာနာမြို့မှာ သင်တန်းတက်ခဲ့ပါတယ်။ အကြောင်းက ကျွန်မ ၂၀၂၀တစ်နှစ်တာ Fellowship တစ်ခု လေ့လာဖို့ပါ။ ဒီနှစ်အတွက် လေ့လာဖြစ်တဲ့ ဘာသာရပ်က အပြန်အလှန်ဆွေးနွေးမှု အနုပညာ (Art of Dialogue) ပါ။ ကျွန်မရဲ့ တစ်နှစ်တာ Fellowship မှာ သင်တန်း (၃)ခုပါပါတယ်။ပထမသင်တန်းကို သြစတျီးယားနိုင်ငံမှာလုပ်တယ်၊ ဒုတိယသင်တန်းအတွက ဧပြီလမှာ အာဂျင်တီးနားနိုင်ငံကိုသွားမယ်ပြီးရင် တတိယသင်တန်းအတွက် သြစတျီးယားနိုင်ငံကိုပြန်သွားမယ်။ ကြားထဲမှာ အွန်လိုင်းကနေ သင်တန်းတက်တယ်၊ လက်တွေ့လုပ်ငန်းတွေလုပ်ရတယ်၊ ကိုယ့်ကို ကူညီပံ့ပိုးနေတဲ့ ဆရာ၊မတွေနဲ့ အမြဲ စကားပြောပြီး ဆွေးနွေးရတယ်။ ဒီနေ့ ကျွန်မမျှဝေချင်တာက ကျွန်မတို့လို သင်ကြားသူများအနေနဲ့ ဘာကြောင့် အမြဲ သင်ယူနေသင့်တာလဲဆိုတာရယ်၊ ဘယ်လိုသင်ယူနေသင့်လဲ၊ သင်ယူတဲ့အတွက် ဘာအကျိုးကျေးဇူးတွေရလဲဆိုတာရယ် ဖြစ်ပါတယ်။

သင်ကြားသူတွေ ဘာကြောင့်သင်ယူသင့်လဲ။

ကျွန်မတို့ဟာ အမြဲမပြတ်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ကြီးပြင်းပြီး နေထိုင်စားသောက် ကြီးပြင်းရပါတယ်။ ကျွန်မတို့ စာသင်ခန်းမှာ ရောက်နေတဲ့သူတွေဟာ အရင်တုန်းက ကျောင်းသား၊သူတွေလို မဟုတ်ဘဲ ပြောင်းလဲနေသလို နေထိုင်ရတဲ့ ပုံစံတွေကလည်း ပြောင်းလဲနေကြပါတယ်။ ကျွန်မတို့ ငယ်ငယ်က နေရတုန်းက ပုံစံအတိုင်း ဖြစ်ချင်လည်း မဖြစ်နိုင်တဲ့အခြေအနေဖြစ်တာမို့ ပြောင်းလဲနေတဲ့ အခြေအနေကို ကျွန်မတို့ ဆရာ၊မတွေ သင်ယူနေဖို့လိုတယ်။ အဲဒီ့ပြောင်းလဲနေတဲ့ အခြေအနေမှာ ကြီးပြင်းရတဲ့ ကလေးတွေကို သင်ပေးနေရတဲ့ အတွက် သူတို့ အကြောင်းနားလည်ဖို့၊ သူတို့ သင်ယူသင့်တဲ့အကြောင်းတွေနားလည်ဖို့နဲ့ သူတို့အတွက် အသုံးဝင်မယ့် အကြောင်းအရာတွေ သိဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ဥပမာ – နည်းပညာလိုအရာတွေ၊ ပြောင်းလဲလာတဲ့သဘာဝပတ်ဝန်းကျင်တွေ၊ ပွင့်လင်းလာတဲ့ နေထိုင်မှုပုံစံတွေ၊ ကျဉ်းမြောင်းလာတဲ့ နိုင်ငံတွေအကြားက စည်းမျဉ်းတွေ…. စတဲ့ဘာသာရပ်အကြောင်းအရာတွေကို ဆရာ၊မတွေသိမှ ကလေးတွေကို ပိုပြီး ထိရောက်စွာ သင်နိုင်မယ်။ 2020မှာ ကျွန်မကတော့ မတူညီတဲ့ကလေးတွေ၊ နောက်ခံမတူတဲ့ကလေးတွေအကြားမှာ အပြန်အလှန်လေးစားမှုနဲ့အတူ အပြန်အလှန်နားလည်စာနာနိုင်ဖို့ စကားဝိုင်းလေးတွေလုပ်တဲ့ ပညာရပ်ကို သင်ယူဖို့အတွက် အဆင်သင့်လုပ်ထားပါတယ်။ အခုနောက်ပိုင်းမှာ မတူကွဲပြားမှုတွေကို အခြေခံပြီး ပဋိပက္ခတွေ ဖြစ်စေနေတဲ့အတွက် လေ့လာသင့်တယ်ထင်လို့ ကျွန်မ ရွေးချယ်ခဲ့တာပါ။

ဘယ်လိုသင်ယူသင့်လဲ။

ပုံစံအမျိုးမျိုးနဲ့ သင်ယူသင့်တယ်။ စာအုပ်ဖတ်ခြင်းအားဖြင့်လည်း ယနေ့အချိန်မှာ သိသင့်တာတွေဖတ်ပြီး သင်ယူလို့ရတယ်။ သင်တန်းတွေတက်လို့ရတယ်။ ဒါပေမယ့် အရေးကြီးဆုံးက စာဖတ်ပြီးသိသိ၊ သင်တန်းတက်ပြီးသိသိ၊ လက်တွေ့ဘဝမှာ အသုံးချမှုမရှိဘူးဆိုရင် ရေရှည်မခံပါဘူး။ ကိုယ်နဲ့အတူ အသိပညာဗဟုသုတတွေနဲ့ တတ်ကျွမ်းမှုတွေက လက်တွေ့လုပ်လိုက်မှ တတ်မြောက်မှုအဖြစ် ပြောင်းလဲနိုင်မှာပါ။ ဆရာ၊မတွေ သင်ယူတဲ့အခါ၂၁ ရာစုမှာ မွေးဖွားလာတဲ့ ကလေးတွေဆီကနေလည်း သင်ယူနိုင်ပါတယ်။ ကလေးတွေနဲ့အတူတူ သင်ယူပြီး လေ့လာနိုင်တယ်။ ကလေးတွေဆီက သင်ယူဖို့လည်း မရှက်ပါနဲ့။ အခွင့်အလမ်းသင့်ရင် ကျွန်မလို သင်တန်းတက်ခွင့်ရမယ်။ သင်တန်းပေးနေတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ အကြောင်းအများကြီးတွေလည်း သင်တန်းပေးနေကြတယ်။ စုံစမ်းလေ့လာပြီး သင်တန်းတက်ဖို့တော့လိုတာပေါ့။ သင်တန်းတွေကြည့်ပဲတက်ပြီး လက်တွေ့အသုံးမချဘူးဆိုရင်လည်း သင်ယူနေတယ်လို့ ပြောရခက်ပါတယ်။

ကျွန်မအနေနဲ့ဆိုရင် သင်တန်း ၃ ခုတက်မယ်၊ သင်တန်းသား မတူညီသူတွေအကြောင်း နားလည်အောင် ကြိုးစားမယ်၊ စာတွေဖတ်မယ်၊ လက်တွေ့ သင်တန်းတွေ၊ စကားဝိုင်းတွေဖန်တီးကြည့်မယ်၊ ကျွန်မလက်တွေ့လုပ်ဖြစ်တဲ့ဟာတွေကို ဆရာတွေနဲ့သေချာဆွေးနွေးကြည့်မယ်။

သင်ယူတဲ့အတွက် အကျိုးကျေးဇူးတွေကဘာလဲ။

ကျွန်မတို့တွေက စာတွေဖတ်၊ သင်တန်းတွေတက်ပြီး လက်တွေ့တွေ အသုံးချဖြစ်တယ်ဆိုရင် ကျွန်မတို့အနေနဲ့ ကျွန်မတို့ သင်ပေးနေတဲ့ ကလေးတွေအကြောင်းကို ပိုနားလည်လာနိုင်မယ်။သူတို့ကို နားလည်လာတဲ့အတွက် ကလေးတွေနဲ့ကိုက်ညီတဲ့ ပညာရေးနဲ့ နည်းစနစ်တွေကို အသုံးပြုနိုင်မယ်။ ကလေးတွနဲ့ကိုက်ညီတဲ့ အကြောင်းအရာတွေနဲ့နည်းစနစ်တွေကို အသုံးပြုတဲ့အတွက် ကလေးတွေရဲ့ ယုံကြည်မှု၊ ကိုးစားမှုကို ရမယ်။ ကလေးတွေရဲ့ ရင်းနှီးခင်မင်မှုနဲ့ အပြန်အလှန်နားလည်မှုတွေကို ရနိုင်တယ်။ အရေးကြီးဆုံးကတော့ ကလေးတွေဟာ သူတို့အနာဂါတ်အတွက် အမှန်တစ်ကယ်လိုအပ်တဲ့ ပညာရပ်တွေကို ထိရောက်သော နည်းတွေနဲ့ သင်ယူခွင့်ရပြီးတော့ အနာဂါတ်မှာ လျှောက်လှမ်းရတဲ့ ဘဝတွေဟာ ပိုပြီးခိုင်မာ ရှင်းလင်းလာနိုင်တယ်။

ကျွန်မ ဒီနှစ်အတွက် Fellowshipမှာ လေ့လာလိုက်ခြင်းအားဖြင့် မတူကွဲပြားမှုတွေအကြောင်းပိုသိနိုင်မယ်၊ မတူညီတဲ့ ကျွန်မရဲ့ ကလေးတွေ ဆရာ၊မတွေ အကြောင်းပိုပြီး နားလည်လာမယ်၊ သူတို့နဲ့ပိုပြီး ဆက်သွယ်ပြောဆိုနိုင်မယ်။ အဓိက ကတော့ သူတို့ရဲ့ သင်ယူမှုကို ပိုပြီး ပံ့ပိုးနိုင်လာမယ့်လို့မျှော်လင့်တယ်။

အချုပ်မှာ ကျွန်မပြောချင်တာက ငါတို့က အသက်ကြီးပြီ၊ နင်တို့ဘဲ သင်ကြပါဆိုတဲ့ ဆရာ၊မတွေ အများကြီးရှိသလို၊ သင်ယူနိုင်မှုအားနည်းချက်တွေအပေါ် အပြစ်ဖို့တဲ့ ကျောင်းသား၊သူတွေလည်းရှိပါတယ်။ ကျွန်မကတော့ ၂ ဖက်လုံးကို မထောက်ခံပါဘူး။ သင်ယူမှုဆိုတာ ဆရာရော ကျောင်းသားမှာပါ ရှိသင့်တယ်။ သင်ယူဖို့ ဆရာတွေရော၊ ကျောင်းသားတွေရော အဆင်သင့်ဖြစ်နေဖို့လိုတယ်။ နှစ်ဖက်လုံးမှာတာဝန်ရှိတယ်။ ကျောင်းသားစာမရတာနဲ့ ဆရာတွေကိုပဲ မဲလို့မရပါဘူး။ ကျောင်းသား၊သူတွေအနေနဲ့လည်း ကိုယ်ပိုင်သင်ယူမှုအတွက် တာဝန်ယူရမယ်။ ဆရာ၊မတွေကလည်း ကိုယ်ပိုင် သင်ယူမှုအတွက် တာဝန်ယူရမယ်။ ကိုယ့်ရဲ့သင်ယူမှုအတွက် အခြားတစ်ယောက်ကိုပဲ ္ဘမှီခိုနေရင် ကိုယ်မှီခိုတဲ့သူမရှိတဲ့အခါ အခက်အခဲတွေ အများကြီးတွေ့နိုင်ပါတယ်။ ကျွန်မကတော့ ဆရာ၊မတွေရော ကျောင်းသား၊သူတွေရော သင်ယူမှုတွေနဲ့ ပြည့်နေတဲ့ သင်ယူမှုကမ္ဘာလေး ရှိစေချင်တာ။ ကျွန်မကိုယ်တိုင်လည်း မဟာဘွဲ့ရပါစေ၊ အမြဲမပြတ်သင်ယူလေ့လာနေတယ်။ ကျွန်မရဲ့ အမြဲမပြတ်သင်ယူမှုကြောင့် ကျွန်မ အများကြီး ကူညီပံ့ပိုးနိုင်မယ်လို့လည်း ယုံကြည်တယ်။ အားလုံး သင်ယူမှု ရပ်ဝန်းလေး တည်ဆောက်နိုင်ကြပါစေ။

မေတ္တာဖြင့်…..
Sayarma-ဆရာမ

[ Zawgyi ]

လြန္ခဲ့တဲ့ (၂) ပတ္က ကၽြန္မ ၾသစတ်ီးယားနိုင္ငံ၊ ဗီယာနာၿမိဳ႕မွာ သင္တန္းတက္ခဲ့ပါတယ္။ အေၾကာင္းက ကၽြန္မ ၂၀၂၀တစ္ႏွစ္တာ Fellowship တစ္ခု ေလ့လာဖို႔ပါ။ ဒီႏွစ္အတြက္ ေလ့လာျဖစ္တဲ့ ဘာသာရပ္က အျပန္အလွန္ေဆြးေႏြးမႈ အႏုပညာ (Art of Dialogue) ပါ။ ကၽြန္မရဲ့ တစ္ႏွစ္တာ Fellowship မွာ သင္တန္း (၃)ခုပါပါတယ္။ပထမသင္တန္းကို ၾသစတ်ီးယားနိုင္ငံမွာလုပ္တယ္၊ ဒုတိယသင္တန္းအတြက ဧၿပီလမွာ အာဂ်င္တီးနားနိုင္ငံကိုသြားမယ္ၿပီးရင္ တတိယသင္တန္းအတြက္ ၾသစတ်ီးယားနိုင္ငံကိုျပန္သြားမယ္။ ၾကားထဲမွာ အြန္လိုင္းကေန သင္တန္းတက္တယ္၊ လက္ေတြ႕လုပ္ငန္းေတြလုပ္ရတယ္၊ ကိုယ့္ကို ကူညီပံ့ပိုးေနတဲ့ ဆရာ၊မေတြနဲ႔ အျမဲ စကားေျပာၿပီး ေဆြးေႏြးရတယ္။ ဒီေန႔ ကၽြန္မမၽွေဝခ်င္တာက ကၽြန္မတို႔လို သင္ၾကားသူမ်ားအေနနဲ႔ ဘာေၾကာင့္ အျမဲ သင္ယူေနသင့္တာလဲဆိုတာရယ္၊ ဘယ္လိုသင္ယူေနသင့္လဲ၊ သင္ယူတဲ့အတြက္ ဘာအက်ိဳးေက်းဇူးေတြရလဲဆိုတာရယ္ ျဖစ္ပါတယ္။

သင္ၾကားသူေတြ ဘာေၾကာင့္သင္ယူသင့္လဲ။

ကၽြန္မတို႔ဟာ အျမဲမျပတ္ေျပာင္းလဲေနတဲ့ ကမၻာႀကီးမွာ ႀကီးျပင္းၿပီး ေနထိုင္စားေသာက္ ႀကီးျပင္းရပါတယ္။ ကၽြန္မတို႔ စာသင္ခန္းမွာ ေရာက္ေနတဲ့သူေတြဟာ အရင္တုန္းက ေက်ာင္းသား၊သူေတြလို မဟုတ္ဘဲ ေျပာင္းလဲေနသလို ေနထိုင္ရတဲ့ ပုံစံေတြကလည္း ေျပာင္းလဲေနၾကပါတယ္။ ကၽြန္မတို႔ ငယ္ငယ္က ေနရတုန္းက ပုံစံအတိုင္း ျဖစ္ခ်င္လည္း မျဖစ္နိုင္တဲ့အေျခအေနျဖစ္တာမို႔ ေျပာင္းလဲေနတဲ့ အေျခအေနကို ကၽြန္မတို႔ ဆရာ၊မေတြ သင္ယူေနဖို႔လိုတယ္။ အဲဒီ့ေျပာင္းလဲေနတဲ့ အေျခအေနမွာ ႀကီးျပင္းရတဲ့ ကေလးေတြကို သင္ေပးေနရတဲ့ အတြက္ သူတို႔ အေၾကာင္းနားလည္ဖို႔၊ သူတို႔ သင္ယူသင့္တဲ့အေၾကာင္းေတြနားလည္ဖို႔နဲ႔ သူတို႔အတြက္ အသုံးဝင္မယ့္ အေၾကာင္းအရာေတြ သိဖို႔ ကၽြန္မတို႔မွာ တာဝန္ရွိပါတယ္။ ဥပမာ – နည္းပညာလိုအရာေတြ၊ ေျပာင္းလဲလာတဲ့သဘာဝပတ္ဝန္းက်င္ေတြ၊ ပြင့္လင္းလာတဲ့ ေနထိုင္မႈပုံစံေတြ၊ က်ဥ္းေျမာင္းလာတဲ့ နိုင္ငံေတြအၾကားက စည္းမ်ဥ္းေတြ…. စတဲ့ဘာသာရပ္အေၾကာင္းအရာေတြကို ဆရာ၊မေတြသိမွ ကေလးေတြကို ပိုၿပီး ထိေရာက္စြာ သင္နိုင္မယ္။ 2020မွာ ကၽြန္မကေတာ့ မတူညီတဲ့ကေလးေတြ၊ ေနာက္ခံမတူတဲ့ကေလးေတြအၾကားမွာ အျပန္အလွန္ေလးစားမႈနဲ႔အတူ အျပန္အလွန္နားလည္စာနာနိုင္ဖို႔ စကားဝိုင္းေလးေတြလုပ္တဲ့ ပညာရပ္ကို သင္ယူဖို႔အတြက္ အဆင္သင့္လုပ္ထားပါတယ္။ အခုေနာက္ပိုင္းမွာ မတူကြဲျပားမႈေတြကို အေျခခံၿပီး ပဋိပကၡေတြ ျဖစ္ေစေနတဲ့အတြက္ ေလ့လာသင့္တယ္ထင္လို႔ ကၽြန္မ ေရြးခ်ယ္ခဲ့တာပါ။

ဘယ္လိုသင္ယူသင့္လဲ။

ပုံစံအမ်ိဳးမ်ိဳးနဲ႔ သင္ယူသင့္တယ္။ စာအုပ္ဖတ္ျခင္းအားျဖင့္လည္း ယေန႔အခ်ိန္မွာ သိသင့္တာေတြဖတ္ၿပီး သင္ယူလို႔ရတယ္။ သင္တန္းေတြတက္လို႔ရတယ္။ ဒါေပမယ့္ အေရးႀကီးဆုံးက စာဖတ္ၿပီးသိသိ၊ သင္တန္းတက္ၿပီးသိသိ၊ လက္ေတြ႕ဘဝမွာ အသုံးခ်မႈမရွိဘူးဆိုရင္ ေရရွည္မခံပါဘူး။ ကိုယ္နဲ႔အတူ အသိပညာဗဟုသုတေတြနဲ႔ တတ္ကၽြမ္းမႈေတြက လက္ေတြ႕လုပ္လိုက္မွ တတ္ေျမာက္မႈအျဖစ္ ေျပာင္းလဲနိုင္မွာပါ။ ဆရာ၊မေတြ သင္ယူတဲ့အခါ၂၁ ရာစုမွာ ေမြးဖြားလာတဲ့ ကေလးေတြဆီကေနလည္း သင္ယူနိုင္ပါတယ္။ ကေလးေတြနဲ႔အတူတူ သင္ယူၿပီး ေလ့လာနိုင္တယ္။ ကေလးေတြဆီက သင္ယူဖို႔လည္း မရွက္ပါနဲ႔။ အခြင့္အလမ္းသင့္ရင္ ကၽြန္မလို သင္တန္းတက္ခြင့္ရမယ္။ သင္တန္းေပးေနတဲ့ အဖြဲ႕အစည္းေတြလည္း ရွိတယ္။ အေၾကာင္းအမ်ားႀကီးေတြလည္း သင္တန္းေပးေနၾကတယ္။ စုံစမ္းေလ့လာၿပီး သင္တန္းတက္ဖို႔ေတာ့လိုတာေပါ့။ သင္တန္းေတြၾကည့္ပဲတက္ၿပီး လက္ေတြ႕အသုံးမခ်ဘူးဆိုရင္လည္း သင္ယူေနတယ္လို႔ ေျပာရခက္ပါတယ္။

ကၽြန္မအေနနဲ႔ဆိုရင္ သင္တန္း ၃ ခုတက္မယ္၊ သင္တန္းသား မတူညီသူေတြအေၾကာင္း နားလည္ေအာင္ ႀကိဳးစားမယ္၊ စာေတြဖတ္မယ္၊ လက္ေတြ႕ သင္တန္းေတြ၊ စကားဝိုင္းေတြဖန္တီးၾကည့္မယ္၊ ကၽြန္မလက္ေတြ႕လုပ္ျဖစ္တဲ့ဟာေတြကို ဆရာေတြနဲ႔ေသခ်ာေဆြးေႏြးၾကည့္မယ္။

သင္ယူတဲ့အတြက္ အက်ိဳးေက်းဇူးေတြကဘာလဲ။

ကၽြန္မတို႔ေတြက စာေတြဖတ္၊ သင္တန္းေတြတက္ၿပီး လက္ေတြ႕ေတြ အသုံးခ်ျဖစ္တယ္ဆိုရင္ ကၽြန္မတို႔အေနနဲ႔ ကၽြန္မတို႔ သင္ေပးေနတဲ့ ကေလးေတြအေၾကာင္းကို ပိုနားလည္လာနိုင္မယ္။သူတို႔ကို နားလည္လာတဲ့အတြက္ ကေလးေတြနဲ႔ကိုက္ညီတဲ့ ပညာေရးနဲ႔ နည္းစနစ္ေတြကို အသုံးျပဳနိုင္မယ္။ ကေလးတြနဲ႔ကိုက္ညီတဲ့ အေၾကာင္းအရာေတြနဲ႔နည္းစနစ္ေတြကို အသုံးျပဳတဲ့အတြက္ ကေလးေတြရဲ့ ယုံၾကည္မႈ၊ ကိုးစားမႈကို ရမယ္။ ကေလးေတြရဲ့ ရင္းႏွီးခင္မင္မႈနဲ႔ အျပန္အလွန္နားလည္မႈေတြကို ရနိုင္တယ္။ အေရးႀကီးဆုံးကေတာ့ ကေလးေတြဟာ သူတို႔အနာဂါတ္အတြက္ အမွန္တစ္ကယ္လိုအပ္တဲ့ ပညာရပ္ေတြကို ထိေရာက္ေသာ နည္းေတြနဲ႔ သင္ယူခြင့္ရၿပီးေတာ့ အနာဂါတ္မွာ ေလၽွာက္လွမ္းရတဲ့ ဘဝေတြဟာ ပိုၿပီးခိုင္မာ ရွင္းလင္းလာနိုင္တယ္။

ကၽြန္မ ဒီႏွစ္အတြက္ Fellowshipမွာ ေလ့လာလိုက္ျခင္းအားျဖင့္ မတူကြဲျပားမႈေတြအေၾကာင္းပိုသိနိုင္မယ္၊ မတူညီတဲ့ ကၽြန္မရဲ့ ကေလးေတြ ဆရာ၊မေတြ အေၾကာင္းပိုၿပီး နားလည္လာမယ္၊ သူတို႔နဲ႔ပိုၿပီး ဆက္သြယ္ေျပာဆိုနိုင္မယ္။ အဓိက ကေတာ့ သူတို႔ရဲ့ သင္ယူမႈကို ပိုၿပီး ပံ့ပိုးနိုင္လာမယ့္လို႔ေမၽွာ္လင့္တယ္။

အခ်ဳပ္မွာ ကၽြန္မေျပာခ်င္တာက ငါတို႔က အသက္ႀကီးၿပီ၊ နင္တို႔ဘဲ သင္ၾကပါဆိုတဲ့ ဆရာ၊မေတြ အမ်ားႀကီးရွိသလို၊ သင္ယူနိုင္မႈအားနည္းခ်က္ေတြအေပၚ အျပစ္ဖို႔တဲ့ ေက်ာင္းသား၊သူေတြလည္းရွိပါတယ္။ ကၽြန္မကေတာ့ ၂ ဖက္လုံးကို မေထာက္ခံပါဘူး။ သင္ယူမႈဆိုတာ ဆရာေရာ ေက်ာင္းသားမွာပါ ရွိသင့္တယ္။ သင္ယူဖို႔ ဆရာေတြေရာ၊ ေက်ာင္းသားေတြေရာ အဆင္သင့္ျဖစ္ေနဖို႔လိုတယ္။ ႏွစ္ဖက္လုံးမွာတာဝန္ရွိတယ္။ ေက်ာင္းသားစာမရတာနဲ႔ ဆရာေတြကိုပဲ မဲလို႔မရပါဘူး။ ေက်ာင္းသား၊သူေတြအေနနဲ႔လည္း ကိုယ္ပိုင္သင္ယူမႈအတြက္ တာဝန္ယူရမယ္။ ဆရာ၊မေတြကလည္း ကိုယ္ပိုင္ သင္ယူမႈအတြက္ တာဝန္ယူရမယ္။ ကိုယ့္ရဲ့သင္ယူမႈအတြက္ အျခားတစ္ေယာက္ကိုပဲ ၻမွီခိုေနရင္ ကိုယ္မွီခိုတဲ့သူမရွိတဲ့အခါ အခက္အခဲေတြ အမ်ားႀကီးေတြ႕နိုင္ပါတယ္။ ကၽြန္မကေတာ့ ဆရာ၊မေတြေရာ ေက်ာင္းသား၊သူေတြေရာ သင္ယူမႈေတြနဲ႔ ျပည့္ေနတဲ့ သင္ယူမႈကမၻာေလး ရွိေစခ်င္တာ။ ကၽြန္မကိုယ္တိုင္လည္း မဟာဘြဲ႕ရပါေစ၊ အျမဲမျပတ္သင္ယူေလ့လာေနတယ္။ ကၽြန္မရဲ့ အျမဲမျပတ္သင္ယူမႈေၾကာင့္ ကၽြန္မ အမ်ားႀကီး ကူညီပံ့ပိုးနိုင္မယ္လို႔လည္း ယုံၾကည္တယ္။ အားလုံး သင္ယူမႈ ရပ္ဝန္းေလး တည္ေဆာက္နိုင္ၾကပါေစ။

ေမတၱာျဖင့္…..
Sayarma-ဆရာမ