[ Unicode ]

ကျွန်မတို့ မိဘတွေ၊ ဆရာ၊မတွေရော ကလေးတွေရော အားလုံးဟာ လူသားတွေပါ။

လူသားဆိုရင် လူသားတွေရဲ့ သဘာဝဆိုတာ ရှိတာပေါ့။ သဘာဝဆိုတာ သ နဲ့ ဘာဝနဲ့ ပေါင်းစပ်ထားတဲ့ ပါဠိစကားလုံးကနေ ဆင်းသက်လာခြင်းဖြစ်ပါတယ်။
ပါချုပ် ဆရာတော်ကြီးရှင်းပြတာကတော့ – သ ဆိုတာ ကိုယ်ပိုင် ဆိုတဲ့ အဓိပ္ပါယ်ရှိပြီး၊ ဘာဝ ဆိုတာ အကြောင်းလက္ခဏာဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
ဆိုတော့ လူသား သဘာဝ ဆိုတာ – လူသား တစ်ယောက်ချင်းဆီမှာ ကိုယ်ပိုင် အကြောင်းလက္ခဏာတွေ ရှိကြတယ်ဆိုတဲ့ သဘောပါ။
ကိုယ်ပိုင် အကြောင်း လက္ခဏာတွေဆိုကတည်းက ကျွန်မတို့တွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။
ကိုယ်ပိုင် – ကိုယ့်မှာရှိနေတဲ့ စိတ်ဝင်စားမှု၊ သင်ယူမှု၊ ဘဝအခြေအနေ အားလုံးဟာ အခြားသူရဲ့ ကိုယ်ပိုင် အကြောင်းလက္ခဏာတွေနဲ့ ဘယ်လိုလုပ်ထပ်တူကျပါ့မလဲ။

ကျွန်မတို့ရဲ့ ကလးတွေလည်း ထိုနည်း၎င်းပါပဲ။
သူတို့လေးတွေမှာ ကျွန်မတို့နဲ့ရော၊ အခြား ရွယ်တူ ကလေးတွေနဲ့ရော မတူညီတဲ့ ကြင်အင်လက္ခဏာတွေ၊ အတွေ့အကြုံတွေ၊ အကြိုက်တွေ၊ လုပ်နိုင်စွမ်းတွေ ရှိကြပါတယ်။

မတူညီပါဘူးဆိုတဲ့ သဘာဝတွေကို ကျွန်မတို့အနေနဲ့ ထပ်တူကျဖို့ လိုက်ကြိုးစားတဲ့အခါ လိုက်လုပ်သူရော၊ တိုက်တွန်းသူရော၊ ပင်ပန်းရပါတယ်။
ဘာလို့လဲဆိုတော့ အခြားသူရဲ့ ဘဝနဲ့ ထပ်တူကျဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာလေ။
ငယ်ငယ်က “နင်သူ့လောက်တောင် စာမလုပ်နိုင်ရင် သူ့ချီးကျွေးရမယ်”တဲ့စကားမျိုး ကြားဖူးကြလားဟင်။
“သူများသား သမီး တွေကြည့်စမ်း၊ စာလုပ်နေကြတာ…” အစချီပြီး ဆုံးမခန်းဖွင့်ကြတာတွေ မှတ်မိကြသေးလား။
ကျွန်မတို့ ဘယ်လို ခံစားခဲ့ရလဲ။ အရေးမစိုက်သူကတော့ ဘယ်ဖက်နားက ဝင်ပြီး ညာဖက်က ထွက်သွားတာမျိုး ရှိနိုင်ပေမယ့်၊
တော်တော်များများက ဝမ်းနည်းတာ၊ ရှက်ရွံ့တာ၊ နှိုင်းယှဉ်လိုက်တဲ့ သူကို အမြင်ကပ်တာ စတဲ့ မကောင်းတဲ့ စိတ်တွေ ဝင်သွားကြတယ်။
မခံချင်စိတ်နဲ့ ကြိုးစားတဲ့သူလည်း ရှိတယ်။ ဒါပေမယ့် ကြိုးစားတဲ့အခါ အမုန်းတရား၊ ပြိုင်ဆိုင်မှုဆိုတဲ့ ခံစားချက်တွေနဲ့ ကြိုးစားတာမျိုးတွေ ဖြစ်လာတယ်။
ဒီလိုနဲ့ မတူညီကွဲပြားကြပါတယ်ဆိုတဲ့ သဘာဝကို လွန်ဆန်ပြီး ကြီးပြင်းစေချင်ကြတဲ့ အသိုင်းအဝန်းမှာ ကျွန်မတို့ ကြီးပြင်းခဲ့ရပြီး၊
အဲဒီ့ သဘာဝကို ဆက်လက်လွန်ဆန်ကြဖို့ ကြီးလာတဲ့အခါ ကျွန်မတို့ ကိုယ်တိုင် ဆက်လုပ်ကြတယ်။ ကလေးတွေ တိုးတက်စေချင်လို့ဆိုတဲ့ စိတ်စေတနာနဲ့ပေါ့။
ကျွန်မတို့ရဲ့ သဘာဝကို လွန်ဆန်ပြီး ထားရှိနေတဲ့ စိတ်စေတနာဟာ မှန်ရဲ့လား၊ ထိရောက်ရဲ့လား၊ ကောင်းမွန်ရဲ့လားဆိုတာကို ကျွန်မတို့ မေးခွန်းထုတ်ဖို့လိုပါတယ်။
ကျွန်မအမြင်မှာ – ကလေးတွေကို သူတို့ရဲ့ ကိုယ်ပိုင် ထူးခြားပြီးသား အကြောင်းလက္ခဏာတွေဖြစ်တဲ့ စိတ်ဝင်စားမှု၊ ထူးခြားမှု၊ လုပ်နိုင်စွမ်း၊ အတွေ့အကြုံတွေ အပေါ် မူတည်ပြီး ကျွန်မတို့က သူတို့နဲ့ ကိုက်ညီတဲ့ ပံ့ပိုးမှု ပေးဖို့လိုအပ်တယ်။ ဒါမှ အပြန်အလှန် မတူညီတဲ့ အကြောင်းလက္ခဏာတွေကို လေးစားတန်ဖိုးထားတတ်တဲ့ လူကောင်းလေးတွေဖြစ်လာမယ်လို့ ထင်တယ်။

ဆရာ၊မတွေဆိုရင်လည်း သူတို့ကိုယ်စီမှာ အကြောင်းလက္ခဏာအမျိုးမျိုးနဲ့ ကြီးပြင်းလာကြ၊ သင်ယူလာကြပြီး ကျောင်းဆရာ၊မ ဘဝကို ရောက်လာကြတာပါ။
သူတို့မှာ စာသင်ခြင်းဆိုင်ရာ တာဝန်တွေအပြင် မိသားစု တာဝန်၊ လူမှုရေးတာဝန် စတာတွေ တပြိုင်နက် ယူနေကြရတာ။ ဒါလည်း မိဘတွေနဲ့ တူသွားပြန်ရော။
မိဘတွေမှာ မိဘဖြစ်ခြင်း အပြင် အခြား လုပ်ငန်းခွင်ရဲ့ တာဝန်တွေ၊ အသိုင်းဝန်းတာဝန်တွေ အများကြီးကို ထမ်းရွက်ကြရတာ။

ဒါကြောင့် ကျွန်မတို့တွေက မိဘဖြစ်ဖြစ်၊ ဆရာ၊မဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် တသမတ်ထဲ တပုံစံထဲ မြင်ဖို့ ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ တစ်ခါတစ်လေ စံသတ်မှတ်ချက်တွေဟာ လူတိုင်းအတွက် အဆင်မပြေနိုင်ဘူးဆိုတာ ကျွန်မတို့ သတိထားဖို့လိုပါတယ်။ ဆရာ၊မဟာလည်း သာမာန်လူသားဖြစ်တာကို မမေ့ဖို့လိုသလို မိဘတွေဆိုတာလည်း သာမာန်လူသားတွေပဲလေ။

ကျွန်မတို့တွေ လူသားတွေဖြစ်တဲ့အလျောက် – လူ့သဘောဝ – လူတစ်ဦးချင်းစီရဲ့ မတူညီတဲ့ ကိုယ်ပိုင် အကြောင်းလက္ခဏာတွေကို သေချာ နားလည်အောင်လုပ်ပြီး အပြန်အလှန် ပံ့ပိုး ကူညီကြမယ်၊ မတူညီတဲ့ အရာတွေဟာ လူသားဖြစ်ခြင်းရဲ့ ကြင်အင်လက္ခဏာဖြစ်ပါလားဆိုတာ လက်ခံမယ်ဆိုရင် ပိုပြီး အေးချမ်းတဲ့၊ အပြန်အလှန်ကူညီတတ်တဲ့ လူသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသိုင်းဝန်းလေးတစ်ခု ကျွန်မတို့ ဖန်တီးနိုင်လိမ့်မယ် ထင်ပါတယ်။ ကျွန်မတို့တတွေ၊ လူသားဆန်စွာ ကိုယ်ပိုင် အကြောင်းလက္ခဏာတွေနဲ့ ဆက်လက် လှပစွာ ကွဲပြားကြမယ်၊ အပြန်အလှန် လေးစားကြမယ်လေ။ ကျွန်မတို့ရဲ့ ထူးခြားမှုကိုယ်စီ ရှိတဲ့ ကလေးတွေကိုလည်း နှိုင်းယှဉ်မှု မှိုင်းတွေ မမိစေဘဲ လွတ်လပ်စွာ ကြိုးစားနိုင်အောင် ပံ့ပိုးကြရအောင်။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo Credit – https://www.pinterest.com.au/pin/290834088441438270/

[ Zawgyi ]

ကၽြန္မတို႔ မိဘေတြ၊ ဆရာ၊မေတြေရာ ကေလးေတြေရာ အားလုံးဟာ လူသားေတြပါ။

လူသားဆိုရင္ လူသားေတြရဲ့ သဘာဝဆိုတာ ရွိတာေပါ့။ သဘာဝဆိုတာ သ နဲ႔ ဘာဝနဲ႔ ေပါင္းစပ္ထားတဲ့ ပါဠိစကားလုံးကေန ဆင္းသက္လာျခင္းျဖစ္ပါတယ္။
ပါခ်ဳပ္ ဆရာေတာ္ႀကီးရွင္းျပတာကေတာ့ – သ ဆိုတာ ကိုယ္ပိုင္ ဆိုတဲ့ အဓိပၸါယ္ရွိၿပီး၊ ဘာဝ ဆိုတာ အေၾကာင္းလကၡဏာဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။
ဆိုေတာ့ လူသား သဘာဝ ဆိုတာ – လူသား တစ္ေယာက္ခ်င္းဆီမွာ ကိုယ္ပိုင္ အေၾကာင္းလကၡဏာေတြ ရွိၾကတယ္ဆိုတဲ့ သေဘာပါ။
ကိုယ္ပိုင္ အေၾကာင္း လကၡဏာေတြဆိုကတည္းက ကၽြန္မတို႔ေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူညီၾကပါဘူး။
ကိုယ္ပိုင္ – ကိုယ့္မွာရွိေနတဲ့ စိတ္ဝင္စားမႈ၊ သင္ယူမႈ၊ ဘဝအေျခအေန အားလုံးဟာ အျခားသူရဲ့ ကိုယ္ပိုင္ အေၾကာင္းလကၡဏာေတြနဲ႔ ဘယ္လိုလုပ္ထပ္တူက်ပါ့မလဲ။

ကၽြန္မတို႔ရဲ့ ကလးေတြလည္း ထိုနည္း၎ပါပဲ။
သူတို႔ေလးေတြမွာ ကၽြန္မတို႔နဲ႔ေရာ၊ အျခား ရြယ္တူ ကေလးေတြနဲ႔ေရာ မတူညီတဲ့ ၾကင္အင္လကၡဏာေတြ၊ အေတြ႕အၾကဳံေတြ၊ အႀကိဳက္ေတြ၊ လုပ္နိုင္စြမ္းေတြ ရွိၾကပါတယ္။

မတူညီပါဘူးဆိုတဲ့ သဘာဝေတြကို ကၽြန္မတို႔အေနနဲ႔ ထပ္တူက်ဖို႔ လိုက္ႀကိဳးစားတဲ့အခါ လိုက္လုပ္သူေရာ၊ တိုက္တြန္းသူေရာ၊ ပင္ပန္းရပါတယ္။
ဘာလို႔လဲဆိုေတာ့ အျခားသူရဲ့ ဘဝနဲ႔ ထပ္တူက်ဖို႔ဆိုတာ ျဖစ္မွမျဖစ္နိုင္တာေလ။
ငယ္ငယ္က “နင္သူ႔ေလာက္ေတာင္ စာမလုပ္နိုင္ရင္ သူ႔ခ်ီးေကၽြးရမယ္”တဲ့စကားမ်ိဳး ၾကားဖူးၾကလားဟင္။
“သူမ်ားသား သမီး ေတြၾကည့္စမ္း၊ စာလုပ္ေနၾကတာ…” အစခ်ီၿပီး ဆုံးမခန္းဖြင့္ၾကတာေတြ မွတ္မိၾကေသးလား။
ကၽြန္မတို႔ ဘယ္လို ခံစားခဲ့ရလဲ။ အေရးမစိုက္သူကေတာ့ ဘယ္ဖက္နားက ဝင္ၿပီး ညာဖက္က ထြက္သြားတာမ်ိဳး ရွိနိုင္ေပမယ့္၊
ေတာ္ေတာ္မ်ားမ်ားက ဝမ္းနည္းတာ၊ ရွက္ရြံ့တာ၊ ႏွိုင္းယွဥ္လိုက္တဲ့ သူကို အျမင္ကပ္တာ စတဲ့ မေကာင္းတဲ့ စိတ္ေတြ ဝင္သြားၾကတယ္။
မခံခ်င္စိတ္နဲ႔ ႀကိဳးစားတဲ့သူလည္း ရွိတယ္။ ဒါေပမယ့္ ႀကိဳးစားတဲ့အခါ အမုန္းတရား၊ ၿပိဳင္ဆိုင္မႈဆိုတဲ့ ခံစားခ်က္ေတြနဲ႔ ႀကိဳးစားတာမ်ိဳးေတြ ျဖစ္လာတယ္။
ဒီလိုနဲ႔ မတူညီကြဲျပားၾကပါတယ္ဆိုတဲ့ သဘာဝကို လြန္ဆန္ၿပီး ႀကီးျပင္းေစခ်င္ၾကတဲ့ အသိုင္းအဝန္းမွာ ကၽြန္မတို႔ ႀကီးျပင္းခဲ့ရၿပီး၊
အဲဒီ့ သဘာဝကို ဆက္လက္လြန္ဆန္ၾကဖို႔ ႀကီးလာတဲ့အခါ ကၽြန္မတို႔ ကိုယ္တိုင္ ဆက္လုပ္ၾကတယ္။ ကေလးေတြ တိုးတက္ေစခ်င္လို႔ဆိုတဲ့ စိတ္ေစတနာနဲ႔ေပါ့။
ကၽြန္မတို႔ရဲ့ သဘာဝကို လြန္ဆန္ၿပီး ထားရွိေနတဲ့ စိတ္ေစတနာဟာ မွန္ရဲ့လား၊ ထိေရာက္ရဲ့လား၊ ေကာင္းမြန္ရဲ့လားဆိုတာကို ကၽြန္မတို႔ ေမးခြန္းထုတ္ဖို႔လိုပါတယ္။
ကၽြန္မအျမင္မွာ – ကေလးေတြကို သူတို႔ရဲ့ ကိုယ္ပိုင္ ထူးျခားၿပီးသား အေၾကာင္းလကၡဏာေတြျဖစ္တဲ့ စိတ္ဝင္စားမႈ၊ ထူးျခားမႈ၊ လုပ္နိုင္စြမ္း၊ အေတြ႕အၾကဳံေတြ အေပၚ မူတည္ၿပီး ကၽြန္မတို႔က သူတို႔နဲ႔ ကိုက္ညီတဲ့ ပံ့ပိုးမႈ ေပးဖို႔လိုအပ္တယ္။ ဒါမွ အျပန္အလွန္ မတူညီတဲ့ အေၾကာင္းလကၡဏာေတြကို ေလးစားတန္ဖိုးထားတတ္တဲ့ လူေကာင္းေလးေတြျဖစ္လာမယ္လို႔ ထင္တယ္။

ဆရာ၊မေတြဆိုရင္လည္း သူတို႔ကိုယ္စီမွာ အေၾကာင္းလကၡဏာအမ်ိဳးမ်ိဳးနဲ႔ ႀကီးျပင္းလာၾက၊ သင္ယူလာၾကၿပီး ေက်ာင္းဆရာ၊မ ဘဝကို ေရာက္လာၾကတာပါ။
သူတို႔မွာ စာသင္ျခင္းဆိုင္ရာ တာဝန္ေတြအျပင္ မိသားစု တာဝန္၊ လူမႈေရးတာဝန္ စတာေတြ တၿပိဳင္နက္ ယူေနၾကရတာ။ ဒါလည္း မိဘေတြနဲ႔ တူသြားျပန္ေရာ။
မိဘေတြမွာ မိဘျဖစ္ျခင္း အျပင္ အျခား လုပ္ငန္းခြင္ရဲ့ တာဝန္ေတြ၊ အသိုင္းဝန္းတာဝန္ေတြ အမ်ားႀကီးကို ထမ္းရြက္ၾကရတာ။

ဒါေၾကာင့္ ကၽြန္မတို႔ေတြက မိဘျဖစ္ျဖစ္၊ ဆရာ၊မျဖစ္ျဖစ္၊ ကေလးျဖစ္ျဖစ္ တသမတ္ထဲ တပုံစံထဲ ျမင္ဖို႔ ဘယ္လိုမွ ျဖစ္နိုင္မွာမဟုတ္ပါဘူး။ တစ္ခါတစ္ေလ စံသတ္မွတ္ခ်က္ေတြဟာ လူတိုင္းအတြက္ အဆင္မေျပနိုင္ဘူးဆိုတာ ကၽြန္မတို႔ သတိထားဖို႔လိုပါတယ္။ ဆရာ၊မဟာလည္း သာမာန္လူသားျဖစ္တာကို မေမ့ဖို႔လိုသလို မိဘေတြဆိုတာလည္း သာမာန္လူသားေတြပဲေလ။

ကၽြန္မတို႔ေတြ လူသားေတြျဖစ္တဲ့အေလ်ာက္ – လူ႔သေဘာဝ – လူတစ္ဦးခ်င္းစီရဲ့ မတူညီတဲ့ ကိုယ္ပိုင္ အေၾကာင္းလကၡဏာေတြကို ေသခ်ာ နားလည္ေအာင္လုပ္ၿပီး အျပန္အလွန္ ပံ့ပိုး ကူညီၾကမယ္၊ မတူညီတဲ့ အရာေတြဟာ လူသားျဖစ္ျခင္းရဲ့ ၾကင္အင္လကၡဏာျဖစ္ပါလားဆိုတာ လက္ခံမယ္ဆိုရင္ ပိုၿပီး ေအးခ်မ္းတဲ့၊ အျပန္အလွန္ကူညီတတ္တဲ့ လူသားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အသိုင္းဝန္းေလးတစ္ခု ကၽြန္မတို႔ ဖန္တီးနိုင္လိမ့္မယ္ ထင္ပါတယ္။ ကၽြန္မတို႔တေတြ၊ လူသားဆန္စြာ ကိုယ္ပိုင္ အေၾကာင္းလကၡဏာေတြနဲ႔ ဆက္လက္ လွပစြာ ကြဲျပားၾကမယ္၊ အျပန္အလွန္ ေလးစားၾကမယ္ေလ။ ကၽြန္မတို႔ရဲ့ ထူးျခားမႈကိုယ္စီ ရွိတဲ့ ကေလးေတြကိုလည္း ႏွိုင္းယွဥ္မႈ မွိုင္းေတြ မမိေစဘဲ လြတ္လပ္စြာ ႀကိဳးစားနိုင္ေအာင္ ပံ့ပိုးၾကရေအာင္။

ေမတၱာျဖင့္…
Sayarma-ဆရာမ

Photo Credit – https://www.pinterest.com.au/pin/290834088441438270/