[ Unicode ]

ကျွန်မတို့ ကလေးတွေကို ပညာတတ် ကြီးတွေဖြစ်ဖို့ ကျောင်းကို ပို့တယ်လို့ ပြောတယ်လေ။ ဒါဆို ပညာတတ်တယ်၊ ပညာတတ်သူဖြစ်တယ်ဆိုတာ ဘာလဲ ဆိုတာ သေချာ နားလည်ထားပါသလား ဆိုတာ ကျွန်မ စိတ်ဝင်စားမိတယ်။

ပညာတတ်ဆိုတာ ဘွဲ့ရဖို့၊ ပညာတတ်ဆိုတာ စဉ်းစားနိုင်တဲ့သူ စတဲ့ အဖြေတွေက မပြည့်စုံပါဘူး။

ပညာတတ်ကို ကျွန်မနားလည်သလို မျှဝေပေးချင်ပါတယ်။ ပညာ တတ် ဆိုတဲ့ စကားလုံးဟာ ပညာနဲ့ တတ်ကျွမ်းမှုကို ပေါင်းစပ်ထားတယ်လို့ မြင်ပါတယ်။ ပညာရပ်တစ်ခုခုကို တတ်ကျွမ်းသူ ဟာ ပညာတတ်လို့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။ တတ်ကျွမ်းမှု (Competency) ဆိုတဲ့ စကားလုံးဟာ စိတ်နေသဘောတား (တန်ဖိုးထားမှု)ရယ်၊ ကျွမ်းကျင်ပိုင်နိုင်မှုတွေရယ်နဲ့ အသိပညာဗဟုသုတတွေနဲ့ ပေါင်းစပ်မှ ပြည့်စုံပါတယ်။ ပညာတစ်ခုခုကို ဗဟုသုတအနေနဲ့ပဲသိပြီး ပညာကို အသုံးမချတတ်ရင် ပညာတတ်ပြည့်ပြည့်ဝဝမဖြစ်နိုင်ပါဘူး၊ အဲဒီ့လိုပဲ ဆိုင်ရာ ဗဟုသုတရှိတယ်၊ အဲဒီ့ ဗဟုသုတကိုလည်း လက်တွေ့မှာ ပြန်လည် အသုံးချနိုင်တဲ့ စွမ်းရည်တွေရှိတယ်၊ ဒါပေမယ့် မှန်ကန်တဲ့ စိတ်နေသဘောထားမရှိဘဲ၊ မကောင်းတဲ့ဘက်မှာ သူသိသူတတ်ထားတာကို အသုံးချရင်လည်း ပညာတတ်လို့ ခေါ်လို့မရပြန်ဘူး။ သိရုံ၊ တတ်ရုံ နဲ့ ပညာတတ်လို့မခေါ်ထိုက်ဘဲ စိတ်နေသဘောထား မှန်ကန်မှုပါရှိမှ ပညာတတ်လို့ ခေါ်ဆိုထိုက်ပါတယ်။

ပညာရပ်တစ်ခုဆိုရာမှာ အင်ဂျင်နီယာ၊ ဆရာဝန် စတဲ့ အရာတွေမှ ပညာရပ်လို့ ခေါ်ဆိုတာမဟုတ်ပါဘူး။ ကလေးပြုစုပျိုးထောင်တာလည်း ပညာရပ်တစ်ခုပါပဲ ၊ ရောင်းဝယ်ဖောက်ကားခြင်းအတတ်ဟာလည်း ပညာရပ်ပါပဲ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေဟာလည်း ပညာရပ်ကိုအခြေခံတာပါပဲ။

ဈေးရောင်းတာကို ဥပမာတစ်ခုနဲ့ပြောချင်ပါတယ်။ ဈေးရောင်းဖို့အတွက် ကျွန်မတို့ ဈေးကွက်အခြေအနေ၊ ကိုယ်ရောင်းမယ့်ပစ္စည်းအကြောင်း၊ ဝယ်သူအခြေအနေ စတဲ့ ဗဟုသုတတွေကို သိဖို့လိုတယ်။ သိရုံနဲ့ အောင်မြင်တဲ့ ရောင်းသူတစ်ယောက်မဖြစ်နိုင်ဘူး။ လိုအပ်တဲ့ စကားပြောစွမ်းရည်၊ အကဲခတ်နိုင်မှုစွမ်းရည်၊ ညှိနှိုင်းမှုစွမ်းရည်၊ ပေါင်းသင်းဆက်ဆံရေး၊ ကြေငြာနိုင်စွမ်း၊ ပြင်ဆင်နိုင်စွမ်း စတဲ့ ဈေးရောင်းရာမှာ အခြေခံ လိုအပ်တဲ့ စွမ်းရည်တွေ ရှိမှလည်းဖြစ်မယ်။ အဲဒီ့အရာတွေလုပ်နိုင်တယ်၊ အခြေခံအသိလည်း ရှိတယ်ဆိုရင် အောင်မြင်ကောင်း အောင်မြင်နိုင်မယ်။ ရေရှည်တည်တံ့ပြီး အမြဲတိုးတက်နေဖို့ မှန်ကန်တဲ့ စိတ်နေသဘောထားလိုတယ်။ မမှန်ကန်တဲ့ပစ္စည်းကို ဇွတ်အတင်းထိုးလိမ်ညာရောင်းတာမျိုး၊ အတုကို အစစ်ပြောပြီး ရောင်းတာမျိုး၊ ဝယ်သူကို မညှာမတာ အမြတ်ကြီးစားတာမျိုး၊ စတဲ့ မမှန်ကန်တဲ့ စိတ်ထားနဲ့ ရောင်းတဲ့သူတွေဆီကို ဝယ်သူတွေက ရေရှည်မလာနိုင်ပါဘူး။ အဲဒီ့အတွက် အောင်မြင်မှုက ကြာရှည်မခံနိုင်ဘူး။ ဒါကြောင်း ရောင်းဝယ်ဖောက်ကားခြင်းပညာရပ်ကိုတတ်တဲ့ ဈေးသည်ပညာတတ်တွေဟာ အသိပညာဗဟုသုတ၊ လိုအပ်တဲ့စွမ်းရည်နဲ့ မှန်ကန်တဲ့ စိတ်နေသဘောထား ရှိဖို့လိုတယ်။

အခုပြောပြခဲ့တဲ့ ဥပမာလိုပါပဲ အခြား သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာလည်း အတူတူပဲ သက်ဆိုင်ရာ ပညာနဲ့ ဆိုင်တဲ့ အသိပညာ ဗဟုသုတရယ်၊ စွမ်းရည်တွေ (လက်တွေ့လုပ်နိုင်စွမ်း)ရယ်၊ မှန်ကန်တဲ့စိတ်နေသဘောထားတွေရှိနေမှ ပညာတတ်လို့ ခေါ်ဆိုထိုက်တာပါ။

ဒီမှာ ခဏဖြတ်ပြီး ကျွန်မ မေးချင်တာတစ်ခု ရှိပါတယ်။ ကျွန်မတို့မိဘတွေ၊ ဆရာ၊မတွေ ကိုယ်တိုင် ပညာတတ်စစ်စစ်တွေဖြစ်ကြပြီလား။

ကျွန်မ ဆရာမလုပ်သက်တစ်လျှောက်မှာရော၊ ပတ်ဝန်းကျင်မှာပါ ကြားဖြစ်တာက ကျွန်မတို့ ကျွန်တော်တို့က ပညာမတတ်လို့ ကြမ်းတာ၊ ပညာမတတ်လို့ ဒီလိုလုပ်တာလို့ ပြောတာတွေကြားရင် တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မ အမြင်ကတော့ ဆင်းရဲချမ်းသာမရွေး ပညာတတ်တွေဖြစ်နိုင်တယ်။
ကျောင်းတွေရဲ့ ထူးခြားချက်က လူတစ်ယောက်ရယ်လို့ဖြစ်လာတဲ့အခါ ဘုံတူညီစွာ လိုအပ်တဲ့ အသိပညာဗဟုသုတတွေ၊ စွမ်းရည်တွေနဲ့ စိတ်နေသဘောထားတွေကို သင်ရိုးညွှန်းတမ်းတွေအသွင် စနစ်တကျ သင်ဖို့ အခွင့်အလမ်းရှိတဲ့အတွက် ကျောင်းသွားရင် ပညာတတ်ဖြစ်ဖို့ ပိုပြီး အခွင့်အရေးများ ပါတယ်။ တစ်ဖက်ကပြန်ကြည့်ရင်တော့ ပညာတတ်ဖြစ်အောင် ဖတ်စာစာအုပ်က စာကို စာမေးပွဲအတွက်သီးသန့်သင်ပြီး လက်တွေ့လုပ်ဆောင်နိုင်တဲ့အဆင့်ထိ မသင်နိုင်သေးဘူးဆိုရင် ၊ အမှန်တစ်ကယ်လိုအပ်တဲ့ အသိပညာဗဟုသုတတွေကို မပေးနိုင်သေးရင်၊ မှန်ကန်မျှတတဲ့စိတ်နေသဘောထားတွေ ရှိအောင် မကူညီနိုင်သေးရင်၊ ကျွန်မတို့ ပညာတတ်တွေ မွေးထုတ်နေသလား၊ ကလေးတွေအချိန်ကိုဖြုန်းနေသလားဆိုတာတော့ စဉ်းစားစရာပါ။

ကျွန်မတို့ မိဘတွေ၊ ဆရာ၊မတွေမှာလည်း အခြားပညာရပ်တွေအပြင် ကလေးပြုစုပျိုးထောင်ရေးဆိုင်ရာ ပညာကိုလည်း တတ်ကျွမ်းကြဖို့ အထူးလိုအပ်ပါတယ်။ ကလေးတွေရဲ့ အခြေအနေ၊ စိတ်နေသဘောထား၊ လက်ရှိ ပညာရေးနဲ့ အလုပ်ကိုင် ရေစီးကြောင်း၊ သင်ပြမှုပုံစံ စတာတွေကို သိထားဖို့လိုပါတယ်။ အဲဒီ့အပြင် ကလေးတွေနဲ့ နားလည်မှု တည်ဆောက်နိုင်စွမ်း၊ ကလေးတွေကို နားထောင်ပေးနိုင်စွမ်း၊ ကလေးတွေနဲ့ အမြင်ဖလှယ်နိုင်စွမ်း၊ ကလေးတွေရဲ့ သင်ယူမှုပုံစံအတိုင်း သင်ပြနိုင်စွမ်း စတဲ့စွမ်းရည်တွေလည်း လိုအပ်ပါတယ်။ ထို့အတူ ကလေးတိုင်းဟာ ထူးခြားတဲ့လူသားတွေဖြစ်တယ်ဆိုတဲ့တန်ဖိုးထားမှု၊ ကလေးတွေမှာလည်း မတူညီတဲ့ အမြင်တွေရှိနိုင်တယ်ဆိုတဲ့ သဘောထား၊ ကလေးတွေမှာမေးခွန်းမေးခွင့်၊ ဆွေးနွေးခွင့်နဲ့ ပါဝင်ခွင့်ရှိတယ်ဆိုတဲ့ ယုံကြည်မှု၊ မိဘဆိုပေမယ့်၊ ဆရာ၊မဆိုပေမယ့် ကိုယ်တွေလည်းမှားနိုင်တယ်ဆိုတဲ့ လက်ခံမှု အစရှိတဲ့ စိတ်နေသဘောထားတွေလိုအပ်ပါတယ်။ ဒီလို အသိပညာဗဟုသုတ၊ စွမ်းရည်နဲ့ စိတ်နေသဘောထားတွေရှိမှ ကလေးပြုစုပျိုးထောင်ခြင်းပညာကိုတတ်တဲ့ ပညာတတ် မေမေ၊ဖေဖေ၊ ဆရာ၊မတွေဖြစ်မယ်လို့ ကျွန်မထင်မြင်မိပါတယ်။

ပညာတတ်ဖြစ်ဖို့ အမြဲသင်ယူလေ့လာပြီး လေ့ကျင့်ယူရင်ရပါတယ်။ အသိပညာတိုးဖို့ စာဖတ်ဖို့လေ့လာဖို့လိုသလို၊ စွမ်းရည်တတ်ဖို့ လက်တွေ့စမ်းကြည့်ဖို့၊ အမှားတွေကနေသင်ယူဖို့လိုပြီး စိတ်နေသဘောထားပိုမှန်လာဖို့ အမြဲ သုံးသပ်ဆင်ခြင်နေဖို့လိုပါတယ်။ ဒီတော့ မြန်မာနှစ်သစ်ကူးမှာ ကျွန်မ အားလုံးကို ဆုတောင်းပေးချင်တာကတော့ နေ့စဉ်နှင့်အမျှ သင်ယူနေတဲ့ ပညာတတ်တွေဖြစ်ကြပါစေ။ ကျွန်မအနေနဲ့လည်း ပညာတတ်များဖြစ်စေဖို့ အထောက်အပံ့တစ်ခုဖြစ်နိုင်ပါရစေ။

မေတ္တာဖြင့်……..
Sayarma-ဆရာမ

Photo Retrieved from https://www.thegef.org/sites/default/files/UNEPVN3_1_870.jpg

[ Zawgyi ]

ကၽြန္မတို႔ ကေလးေတြကို ပညာတတ္ ႀကီးေတြျဖစ္ဖို႔ ေက်ာင္းကို ပို႔တယ္လို႔ ေျပာတယ္ေလ။ ဒါဆို ပညာတတ္တယ္၊ ပညာတတ္သူျဖစ္တယ္ဆိုတာ ဘာလဲ ဆိုတာ ေသခ်ာ နားလည္ထားပါသလား ဆိုတာ ကၽြန္မ စိတ္ဝင္စားမိတယ္။

ပညာတတ္ဆိုတာ ဘြဲ႕ရဖို႔၊ ပညာတတ္ဆိုတာ စဥ္းစားနိုင္တဲ့သူ စတဲ့ အေျဖေတြက မျပည့္စုံပါဘူး။

ပညာတတ္ကို ကၽြန္မနားလည္သလို မၽွေဝေပးခ်င္ပါတယ္။ ပညာ တတ္ ဆိုတဲ့ စကားလုံးဟာ ပညာနဲ႔ တတ္ကၽြမ္းမႈကို ေပါင္းစပ္ထားတယ္လို႔ ျမင္ပါတယ္။ ပညာရပ္တစ္ခုခုကို တတ္ကၽြမ္းသူ ဟာ ပညာတတ္လို႔ အဓိပၸါယ္ဖြင့္ခ်င္ပါတယ္။ တတ္ကၽြမ္းမႈ (Competency) ဆိုတဲ့ စကားလုံးဟာ စိတ္ေနသေဘာတား (တန္ဖိုးထားမႈ)ရယ္၊ ကၽြမ္းက်င္ပိုင္နိုင္မႈေတြရယ္နဲ႔ အသိပညာဗဟုသုတေတြနဲ႔ ေပါင္းစပ္မွ ျပည့္စုံပါတယ္။ ပညာတစ္ခုခုကို ဗဟုသုတအေနနဲ႔ပဲသိၿပီး ပညာကို အသုံးမခ်တတ္ရင္ ပညာတတ္ျပည့္ျပည့္ဝဝမျဖစ္နိုင္ပါဘူး၊ အဲဒီ့လိုပဲ ဆိုင္ရာ ဗဟုသုတရွိတယ္၊ အဲဒီ့ ဗဟုသုတကိုလည္း လက္ေတြ႕မွာ ျပန္လည္ အသုံးခ်နိုင္တဲ့ စြမ္းရည္ေတြရွိတယ္၊ ဒါေပမယ့္ မွန္ကန္တဲ့ စိတ္ေနသေဘာထားမရွိဘဲ၊ မေကာင္းတဲ့ဘက္မွာ သူသိသူတတ္ထားတာကို အသုံးခ်ရင္လည္း ပညာတတ္လို႔ ေခၚလို႔မရျပန္ဘူး။ သိ႐ုံ၊ တတ္႐ုံ နဲ႔ ပညာတတ္လို႔မေခၚထိုက္ဘဲ စိတ္ေနသေဘာထား မွန္ကန္မႈပါရွိမွ ပညာတတ္လို႔ ေခၚဆိုထိုက္ပါတယ္။

ပညာရပ္တစ္ခုဆိုရာမွာ အင္ဂ်င္နီယာ၊ ဆရာဝန္ စတဲ့ အရာေတြမွ ပညာရပ္လို႔ ေခၚဆိုတာမဟုတ္ပါဘူး။ ကေလးျပဳစုပ်ိဳးေထာင္တာလည္း ပညာရပ္တစ္ခုပါပဲ ၊ ေရာင္းဝယ္ေဖာက္ကားျခင္းအတတ္ဟာလည္း ပညာရပ္ပါပဲ၊ စိုက္ပ်ိဳး ေမြးျမဴေရး လုပ္ငန္းေတြဟာလည္း ပညာရပ္ကိုအေျခခံတာပါပဲ။

ေဈးေရာင္းတာကို ဥပမာတစ္ခုနဲ႔ေျပာခ်င္ပါတယ္။ ေဈးေရာင္းဖို႔အတြက္ ကၽြန္မတို႔ ေဈးကြက္အေျခအေန၊ ကိုယ္ေရာင္းမယ့္ပစၥည္းအေၾကာင္း၊ ဝယ္သူအေျခအေန စတဲ့ ဗဟုသုတေတြကို သိဖို႔လိုတယ္။ သိ႐ုံနဲ႔ ေအာင္ျမင္တဲ့ ေရာင္းသူတစ္ေယာက္မျဖစ္နိုင္ဘူး။ လိုအပ္တဲ့ စကားေျပာစြမ္းရည္၊ အကဲခတ္နိုင္မႈစြမ္းရည္၊ ညႇိႏွိုင္းမႈစြမ္းရည္၊ ေပါင္းသင္းဆက္ဆံေရး၊ ေၾကျငာနိုင္စြမ္း၊ ျပင္ဆင္နိုင္စြမ္း စတဲ့ ေဈးေရာင္းရာမွာ အေျခခံ လိုအပ္တဲ့ စြမ္းရည္ေတြ ရွိမွလည္းျဖစ္မယ္။ အဲဒီ့အရာေတြလုပ္နိုင္တယ္၊ အေျခခံအသိလည္း ရွိတယ္ဆိုရင္ ေအာင္ျမင္ေကာင္း ေအာင္ျမင္နိုင္မယ္။ ေရရွည္တည္တံ့ၿပီး အျမဲတိုးတက္ေနဖို႔ မွန္ကန္တဲ့ စိတ္ေနသေဘာထားလိုတယ္။ မမွန္ကန္တဲ့ပစၥည္းကို ဇြတ္အတင္းထိုးလိမ္ညာေရာင္းတာမ်ိဳး၊ အတုကို အစစ္ေျပာၿပီး ေရာင္းတာမ်ိဳး၊ ဝယ္သူကို မညႇာမတာ အျမတ္ႀကီးစားတာမ်ိဳး၊ စတဲ့ မမွန္ကန္တဲ့ စိတ္ထားနဲ႔ ေရာင္းတဲ့သူေတြဆီကို ဝယ္သူေတြက ေရရွည္မလာနိုင္ပါဘူး။ အဲဒီ့အတြက္ ေအာင္ျမင္မႈက ၾကာရွည္မခံနိုင္ဘူး။ ဒါေၾကာင္း ေရာင္းဝယ္ေဖာက္ကားျခင္းပညာရပ္ကိုတတ္တဲ့ ေဈးသည္ပညာတတ္ေတြဟာ အသိပညာဗဟုသုတ၊ လိုအပ္တဲ့စြမ္းရည္နဲ႔ မွန္ကန္တဲ့ စိတ္ေနသေဘာထား ရွိဖို႔လိုတယ္။

အခုေျပာျပခဲ့တဲ့ ဥပမာလိုပါပဲ အျခား သက္ေမြးဝမ္းေက်ာင္းလုပ္ငန္းေတြမွာလည္း အတူတူပဲ သက္ဆိုင္ရာ ပညာနဲ႔ ဆိုင္တဲ့ အသိပညာ ဗဟုသုတရယ္၊ စြမ္းရည္ေတြ (လက္ေတြ႕လုပ္နိုင္စြမ္း)ရယ္၊ မွန္ကန္တဲ့စိတ္ေနသေဘာထားေတြရွိေနမွ ပညာတတ္လို႔ ေခၚဆိုထိုက္တာပါ။

ဒီမွာ ခဏျဖတ္ၿပီး ကၽြန္မ ေမးခ်င္တာတစ္ခု ရွိပါတယ္။ ကၽြန္မတို႔မိဘေတြ၊ ဆရာ၊မေတြ ကိုယ္တိုင္ ပညာတတ္စစ္စစ္ေတြျဖစ္ၾကၿပီလား။

ကၽြန္မ ဆရာမလုပ္သက္တစ္ေလၽွာက္မွာေရာ၊ ပတ္ဝန္းက်င္မွာပါ ၾကားျဖစ္တာက ကၽြန္မတို႔ ကၽြန္ေတာ္တို႔က ပညာမတတ္လို႔ ၾကမ္းတာ၊ ပညာမတတ္လို႔ ဒီလိုလုပ္တာလို႔ ေျပာတာေတြၾကားရင္ ေတာ္ေတာ္ စိတ္မေကာင္းျဖစ္ရပါတယ္။ ကၽြန္မ အျမင္ကေတာ့ ဆင္းရဲခ်မ္းသာမေရြး ပညာတတ္ေတြျဖစ္နိုင္တယ္။
ေက်ာင္းေတြရဲ့ ထူးျခားခ်က္က လူတစ္ေယာက္ရယ္လို႔ျဖစ္လာတဲ့အခါ ဘုံတူညီစြာ လိုအပ္တဲ့ အသိပညာဗဟုသုတေတြ၊ စြမ္းရည္ေတြနဲ႔ စိတ္ေနသေဘာထားေတြကို သင္ရိုးညႊန္းတမ္းေတြအသြင္ စနစ္တက် သင္ဖို႔ အခြင့္အလမ္းရွိတဲ့အတြက္ ေက်ာင္းသြားရင္ ပညာတတ္ျဖစ္ဖို႔ ပိုၿပီး အခြင့္အေရးမ်ား ပါတယ္။ တစ္ဖက္ကျပန္ၾကည့္ရင္ေတာ့ ပညာတတ္ျဖစ္ေအာင္ ဖတ္စာစာအုပ္က စာကို စာေမးပြဲအတြက္သီးသန႔္သင္ၿပီး လက္ေတြ႕လုပ္ေဆာင္နိုင္တဲ့အဆင့္ထိ မသင္နိုင္ေသးဘူးဆိုရင္ ၊ အမွန္တစ္ကယ္လိုအပ္တဲ့ အသိပညာဗဟုသုတေတြကို မေပးနိုင္ေသးရင္၊ မွန္ကန္မၽွတတဲ့စိတ္ေနသေဘာထားေတြ ရွိေအာင္ မကူညီနိုင္ေသးရင္၊ ကၽြန္မတို႔ ပညာတတ္ေတြ ေမြးထုတ္ေနသလား၊ ကေလးေတြအခ်ိန္ကိုျဖဳန္းေနသလားဆိုတာေတာ့ စဥ္းစားစရာပါ။

ကၽြန္မတို႔ မိဘေတြ၊ ဆရာ၊မေတြမွာလည္း အျခားပညာရပ္ေတြအျပင္ ကေလးျပဳစုပ်ိဳးေထာင္ေရးဆိုင္ရာ ပညာကိုလည္း တတ္ကၽြမ္းၾကဖို႔ အထူးလိုအပ္ပါတယ္။ ကေလးေတြရဲ့ အေျခအေန၊ စိတ္ေနသေဘာထား၊ လက္ရွိ ပညာေရးနဲ႔ အလုပ္ကိုင္ ေရစီးေၾကာင္း၊ သင္ျပမႈပုံစံ စတာေတြကို သိထားဖို႔လိုပါတယ္။ အဲဒီ့အျပင္ ကေလးေတြနဲ႔ နားလည္မႈ တည္ေဆာက္နိုင္စြမ္း၊ ကေလးေတြကို နားေထာင္ေပးနိုင္စြမ္း၊ ကေလးေတြနဲ႔ အျမင္ဖလွယ္နိုင္စြမ္း၊ ကေလးေတြရဲ့ သင္ယူမႈပုံစံအတိုင္း သင္ျပနိုင္စြမ္း စတဲ့စြမ္းရည္ေတြလည္း လိုအပ္ပါတယ္။ ထို႔အတူ ကေလးတိုင္းဟာ ထူးျခားတဲ့လူသားေတြျဖစ္တယ္ဆိုတဲ့တန္ဖိုးထားမႈ၊ ကေလးေတြမွာလည္း မတူညီတဲ့ အျမင္ေတြရွိနိုင္တယ္ဆိုတဲ့ သေဘာထား၊ ကေလးေတြမွာေမးခြန္းေမးခြင့္၊ ေဆြးေႏြးခြင့္နဲ႔ ပါဝင္ခြင့္ရွိတယ္ဆိုတဲ့ ယုံၾကည္မႈ၊ မိဘဆိုေပမယ့္၊ ဆရာ၊မဆိုေပမယ့္ ကိုယ္ေတြလည္းမွားနိုင္တယ္ဆိုတဲ့ လက္ခံမႈ အစရွိတဲ့ စိတ္ေနသေဘာထားေတြလိုအပ္ပါတယ္။ ဒီလို အသိပညာဗဟုသုတ၊ စြမ္းရည္နဲ႔ စိတ္ေနသေဘာထားေတြရွိမွ ကေလးျပဳစုပ်ိဳးေထာင္ျခင္းပညာကိုတတ္တဲ့ ပညာတတ္ ေမေမ၊ေဖေဖ၊ ဆရာ၊မေတြျဖစ္မယ္လို႔ ကၽြန္မထင္ျမင္မိပါတယ္။

ပညာတတ္ျဖစ္ဖို႔ အျမဲသင္ယူေလ့လာၿပီး ေလ့က်င့္ယူရင္ရပါတယ္။ အသိပညာတိုးဖို႔ စာဖတ္ဖို႔ေလ့လာဖို႔လိုသလို၊ စြမ္းရည္တတ္ဖို႔ လက္ေတြ႕စမ္းၾကည့္ဖို႔၊ အမွားေတြကေနသင္ယူဖို႔လိုၿပီး စိတ္ေနသေဘာထားပိုမွန္လာဖို႔ အျမဲ သုံးသပ္ဆင္ျခင္ေနဖို႔လိုပါတယ္။ ဒီေတာ့ ျမန္မာႏွစ္သစ္ကူးမွာ ကၽြန္မ အားလုံးကို ဆုေတာင္းေပးခ်င္တာကေတာ့ ေန႔စဥ္ႏွင့္အမၽွ သင္ယူေနတဲ့ ပညာတတ္ေတြျဖစ္ၾကပါေစ။ ကၽြန္မအေနနဲ႔လည္း ပညာတတ္မ်ားျဖစ္ေစဖို႔ အေထာက္အပံ့တစ္ခုျဖစ္နိုင္ပါရေစ။

ေမတၱာျဖင့္……..
Sayarma-ဆရာမ

Photo Retrieved from https://www.thegef.org/sites/default/files/UNEPVN3_1_870.jpg