[Unicode]
ကျမ ငယ်ငယ်က သင်္ချာချိန်တွေ ရောက်မှာကြောက်တယ်။ စာကျက်ပျင်းတဲ့ကျမ သချင်္ာသီအိုရီတွေကို မုန်းတတ်ခဲ့တယ်။ အလီမရရင် စပ်စပ်ခါ၊ နာအောင် အရိုက်ခံရမှာကို ကြောက်တယ်။ နားလည်ဖို့ဆိုတာဝေး အခါခါ ရေးမှတ်ရင်းသာ ပုစ္ဆာတွေ တွက်တတ်ခဲ့တယ်။ ခုတော့လည်း သူငယ်တန်းကတည်းကနေ ဆယ်တန်းအထိ အသက်ထွက်မတတ်ကျက်ခဲ့တဲ့ သီအိုရီတွေလည်း တော်တော်များများ မေ့ကုန်ပါပီလေ။
ခု မဟာတန်းတက်တော့ သချင်္ာဘာသာရပ်သင်ကြားနည်းတွေ လေ့လာရမယ်ဆိုတော့ ကြောက်ဒူးတွေတုန် ချွေးစီးတွေထွက်တဲ့ကျမ တစ်ဦးတည်းသော ဗမာကျောင်းသူ အထင်သေးခံလို့မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့ရတယ်။
အခု ကျမ မျှဝေချင်တာက ဒီမှာ ကျမတွေ့ကြုံသင်ကြားခဲ့ရတဲ့ သင်္ချာဘာသာရပ်သင်ကြားပုံလေးပါ။
ကျမ အလုပ်သင်မဆင်းခင် ကျမအတန်းက ကလေးတွေက မဲလ်ဘုန်းမြို့ (Melbourne)နဲ့ လှမ်းတဲ့ တောင်ခြေမြို့ကလေးကို ခရီးထွက်ကြတယ်။ ကလေးတွေကို မိဘတွေအပေါ် မှီခိုမှုလျော့ကျပြီး ကိုယ့်အားကိုကိုးစေချင်တဲ့ ရည်ရွယ်ချက်က တစ်ဖုံ၊ အသစ်အဆန်းတွေမြင်တွေ့ပြီးသင်ယူမှုတွေ ဖြစ်ပေါ်စေချင်တာကတစ်ကြောင်း ကလေးတွေကို ၃ ရက် ၄ ရက် ရက်တို ခရီးစဉ်လေးတွေပို့ပေးကြတယ်။ ကျောင်းသား ၅၀၊ ဆရာ၊ဆရာမ ၃ ယောက်နဲ့ အခက်အခဲတွေ့တာမို့ မိဘအချို့ကလည်း အချိန်ပိုင်း အလှည့်ကျ လာပြီး ကူပေးကြ၊ ထိန်းပေးကြတယ်။
ကလေးတွေက တောင်တွေတက်၊ ကစားနည်းပေါင်းစုံကစား၊ စိတ်ဝင်စားစရာ အကြောင်းအရာတွေ ဆွေးနွေးရင်းနဲ့ ခရီးစဉ်လေးက အချိန်တွေကုန်မှန်းမသိအောင် ပျော်စရာကောင်းခဲ့ကြတယ်။ ပြန်လာတော့ ကလေးတွေရဲ့ ပါးစပ်ဖျားမှာ ဂါဂါ (GaGa ) ကစားနည်းအကြောင်း ရေပန်းစားပါတော့တယ်။
ဂါဂါဆိုတာ ငါးမုန့်ကြော်ဆိုတာလောက်ပဲ သိတဲ့ ကျမက ဇီးရွက်လောက်ရှိတဲ့ မျက်နှာနဲ့ ကလေးတွေကို မေးရပါတော့တယ်။ ကလေးသဘာဝ အလုအယက်ပြောပြကြပြီး သကာလ ဂါဂါဆိုတာ အဋ္ဌဂံပုံသဏ္ဍာန် သစ်သားတွေနဲ့ တည်ဆောက်ထားတဲ့ ကစားစရာကွင်းတစ်ခုဆိုတာ သိခဲ့ရတယ်။
အဲဒီ့ကစားကွင်းထဲမှာ ကလေးတွေ ၁၀ ယောက် ၁၅ ယောက် (ကလေးတွေဆန့်သလောက်) ဝင်ကစားနိုင်တယ်။ ဘောလုံးကို တစ်ဖက်လူရဲ့ ဒူးအောက်ကို ထိအောင် လက်နဲ့ ပုတ်ကြတယ်။ ကစားနည်းလေးကို စိတ်ဝင်စားရင် ကြည့်လို့ရအောင် ယူကျူ့ဗ် လိပ်စာလေး ထည့်ပေးထားပါတယ်။( https://www.youtube.com/watch?v=LViZPfEEQiE ) ကလေးတွေရဲ့ စိတ်ဝင်စားမှုမြင့်မားရင် သင်ယူမှုပိုမိုမြန်ဆန်တဲ့လို့ သင်ယူခဲ့ရတဲ့ကျမ တာဝန်ခံဆရာ၊မတွေနဲ့ တိုင်ပင်ပြီး ဂါဂါနဲ့သတ်ဆိုင်တဲ့ သချင်္ာသင်ခန်းစာကို ပူးပေါင်းပြင်ဆင်ခဲ့ကြပါတယ်။
အဋ္ဌဂံပုံသဏ္ဍာန် ဂါဂါကစားကွင်းကို အကြောင်းပြုပြီး ကျမတို့ ဂျီသြမေတြီ ပုံသဏ္ဍာန်များကို သင်ကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ပုံသဏ္ဍာန်တွေသိရုံ ပြန်ပြောပြတတ်ရုံဆိုရင်တော့ ကျမတို့ ငယ်ငယ်က ကျက်မှတ်ခဲ့တာမခြား ပြန်မေ့ကုန်ကြမှာကို ကျမတို့စိုးရိမ်တဲ့အတွက် ကလေးတွေလည်း စိတ်ဝင်စားမယ့် သင်ယူမှုလည်းဖြစ်မြောက်မယ့် ဂါဂါစီမံကိန်းပြုလုပ်ဖို့ ကျမတို့ သဘောတူခဲ့ပါတယ်။
ကျမတို့ကျောင်းမှာ ကလေးတွေ သဘောကျခဲ့တဲ့ ဂါဂါ ကစားကွင်းမရှိပါဘူး။ အဲ့ဒါကြောင့် ကလေးတွေကို ကျောင်းမှာ ဂါဂါကစားကွင်းဆောက်လုပ်ဖို့ ကျောင်းအုပ်ဆရာမကြီးကို တိုက်တွန်းကြဖို့ ကျမတို့ ကလေးတွေနဲ့ သဘောတူခဲ့ကြတယ်။
ကျောင်းအုပ်ဆရာမကြီးက ဂါဂါရဲ့ ပုံသဏ္ဍာန်၊ ဆောက်လုပ်ပုံအဆင့်ဆင့်၊ ဆောက်လုပ်ရာမှာ လိုအပ်တဲ့ကုန်ကြမ်း၊ ကုန်ကျငွေ အစရှိတာတွေကို သိဖို့လိုတဲ့အတွက် ကလေးတွေနဲ့ ကျမတို့ ဂါဂါစီမံကိန်း သချင်္ာသင်ခန်းစာတွေကို ပြုလုပ်ခဲ့ပါတယ်။
ကလေးတွေက ဂျီသြမေတြီပုံသဏ္ဍာန် အမျိုးမျိုးကိုလေ့လာကြတယ်၊ ဂါဂါဆောက်လုပ်ဖို့ တွက်ချက်ရာမှာ လိုအပ်တဲ့ ပေါင်းနှုတ်မြှောက်စားတွေကို ပြန်နွှေးကြတယ် ဖလှယ်ကြတယ်။ နောက်အရေးကြီးတဲ့ ဧရိယာကို တွက်ချက်ပုံတွေ လေ့လာခဲ့ကြတယ်။
ဧရိယာအကျယ်အဝန်းတွေ သိသွားတဲ့နောက်မှာ ကလေးတွေက ဂါဂါဆောက်လုပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို လေ့လာရပါတယ်။
ဘယ်လို သစ်သားကို သုံးမှာလဲ။ ဘာကြောင့်သုံးမှာလဲ။ သစ်သား အမျိုးအစားတွေရဲ့ အားသာ၊အားနည်းချက်က ဘာတွေလဲ။
အမျိုးမျိုး စဉ်းစားပြီးမှ သူတို့သုံးသင့်တယ်ထင်တဲ့ ကုန်ပစ္စည်းတွေကို ဘယ်လောက်သုံးမယ်၊ ဘယ်နေရာမှာသုံးမယ် အစရှိသဖြင့် တွက်ချက်ကြတယ်။ ကုန်ကျစရိတ်တွက်ချက်တာပြီးသွားတဲ့အခါမှာ ကျောင်းဝန်းထဲက ဘယ်နေရာမှာ တည်ဆောက်သင့်လဲဆိုတာကို လေ့လာကြပါတယ်။
ကလေးတွေက ဂျီသြမေတြီပုံသဏ္ဍာန်တွေ၊ ဧရိယာရှာပုံတွေ၊ ပေါင်းနှုတ်မြှောက်စားပြုလုပ်ပုံတွေ၊ သင့်တော်တဲ့ ကုန်ကြမ်းရှာဖွေပုံတွေ သင်ယူပြီးနောက်မှာ စာပေ ဘာသာရပ်နဲ့ ချိတ်ဆက်ပြီး ကလေးတွေကို လျှောက်လွှာရေးခိုင်းပါတယ်။ ကျောင်းအုပ်ဆရာမကြီးကို ဘာကြောင့် ကလေးတွေအတွက် ဂါဂါဆောက်လုပ်သင့်သလဲဆိုတဲ့ အကြောင်းအရာ ရေးပြီးတော့ အချင်းချင်းအပြန်အလှန်သုံးသပ်မှုတွေပြုလုပ်စေပါတယ်။
အချို့ကျောင်းသားတွေက နည်းပညာအသုံးပြုပြီး ဇာတ်လမ်းတိုလေးတွေ ပြုလုပ်ခဲ့ကြတယ်။ လုပ်ဆောင်မှု အဆင့်ဆင့်တိုင်းမှာ အဖွဲ့လိုက်၊ တစ်ဦးချင်း၊ အတွဲလိုက် လုပ်ဆောင်ရပါတယ်။ ကျမအတန်းထဲက သချင်္ာအသံတောင် မကြားချင်တဲ့ကလေးတွေကလည်း ပျော်ပျော်ကြီး သချင်္ာတွေလေ့လာနေကြတာ၊ မျက်မှောင်လေးတွေ တစ်ခါတစ်ခါကြုပ်ပြီး စဉ်းစားနေကြတာ၊ အပြန်အလှန် ငြင်းခုံရင်း သူ့အမြင်ကိုယ့်အမြင် ဖလှယ်နေကြတာ တွေ တွေ့တော့ သင်ပေးရတဲ့ ကျမနဲ့ တာဝန်ခံဆရာ၊မတွေ ပီတိဖြစ်ခဲ့ရတယ်။
ဒီလို သင်ပေးလိုက်တော့ ကလေးတွေက ပထဝီအနေအထားပေါ်မှာ မူတည်ပြီး အဆောက်ဦ ဆောက်လုပ်ပုံ၊ ပစ္စည်းတွေရွေးချယ်တဲ့အခါ အားသာချက်၊အားနည်းချက် စဉ်းစား နှိုင်းယှဉ်ရပုံ၊ တစ်ခုခုတည်ဆောက်ရင် ကုန်ကျငွေတွက်ချက်ပုံ၊ အခြားသူတစ်ယောက်ကို နားလည်အောင်၊ ကိုယ့်အလုပ်ကို သဘောကျလာအောင်၊လက်ခံလာအောင် စာရေးတတ်ပုံ စတာတွေကို ပါးစပ်ကနေ ဒီလိုလုပ်ရတယ် ဟိုလိုလုပ်ရတယ်ဆိုတာ ပြောနေစရာမလိုအောင် အလိုလျောက်သင်ပြီးသားဖြစ်သွားတယ်။
သင်ကြားသင်ယူမှု ဖြစ်စဉ်တစ်လျှောက်လုံးမှာ ကလေးတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ သင်မှန်းမသိ သင်လိုက်ရတာတွေ ့မြင်ရတော့ ကျမငယ်ဘဝကိုပြန်အောက်မေ့မိတယ်။အကယ်လို့များ ကျမငယ်ငယ်ကသာ ကျမအတန်းက ကလေးတွေလိုမျိုး သင်ယူခွင့်ရခဲ့ရရင် သချင်္ာစာသင်ချိန်တွေက ကျမအတွက် ပျော်ရွှင်ဆုံးအချိန်တွေ ဖြစ်နေမလား၊ ခေါင်းမော့ရင်ကော့ပြီး သချင်္ာလောက်တော့ ငယ်ငယ်လေးကတည်းက ကျွမ်းကျင်လာတာ အေးဆေးပါဆိုတဲ့ အတွေးမျိုးနဲ့များ မဟာတန်းတက်နေရမလား။
(၁၇-၇-၂၀၁၄ က အတွေးတစ်ခု)
[Zawgyi]
က်မ ငယ္ငယ္က သခၤ်ာခ်ိန္ေတြ ေရာက္မွာေၾကာက္တယ္။ စာက်က္ပ်င္းတဲ့က်မ သခ်ၤာသီအိုရီေတြကို မုန္းတတ္ခဲ့တယ္။ အလီမရရင္ စပ္စပ္ခါ၊ နာေအာင္ အရိုက္ခံရမွာကို ေၾကာက္တယ္။ နားလည္ဖို့ဆိုတာေဝး အခါခါ ေရးမွတ္ရင္းသာ ပုစာၦေတြ တြက္တတ္ခဲ့တယ္။ ခုေတာ့လည္း သူငယ္တန္းကတည္းကေန ဆယ္တန္းအထိ အသက္ထြက္မတတ္က်က္ခဲ့တဲ့ သီအိုရီေတြလည္း ေတာ္ေတာ္မ်ားမ်ား ေမ့ကုန္ပါပီေလ။
ခု မဟာတန္းတက္ေတာ့ သခ်ၤာဘာသာရပ္သင္ၾကားနည္းေတြ ေလ့လာရမယ္ဆိုေတာ့ ေၾကာက္ဒူးေတြတုန္ ေခၽြးစီးေတြထြက္တဲ့က်မ တစ္ဦးတည္းေသာ ဗမာေက်ာင္းသူ အထင္ေသးခံလို့မျဖစ္ဘူးဆိုတဲ့ စိတ္နဲ့ ၾကိဳးစားခဲ့ရတယ္။
အခု က်မ မွ်ေဝခ်င္တာက ဒီမွာ က်မေတြ႕ၾကံဳသင္ၾကားခဲ့ရတဲ့ သခၤ်ာဘာသာရပ္သင္ၾကားပံုေလးပါ။
က်မ အလုပ္သင္မဆင္းခင္ က်မအတန္းက ကေလးေတြက မဲလ္ဘုန္းျမိဳ့ (Melbourne)နဲ့ လွမ္းတဲ့ ေတာင္ေျချမိဳ့ကေလးကို ခရီးထြက္ၾကတယ္။ ကေလးေတြကို မိဘေတြအေပၚ မီွခိုမွဳေလ်ာ့က်ျပီး ကိုယ့္အားကိုကိုးေစခ်င္တဲ့ ရည္ရြယ္ခ်က္က တစ္ဖံု၊ အသစ္အဆန္းေတြျမင္ေတြ႕ျပီးသင္ယူမွဳေတြ ျဖစ္ေပၚေစခ်င္တာကတစ္ေၾကာင္း ကေလးေတြကို ၃ ရက္ ၄ ရက္ ရက္တို ခရးီစဥ္ေလးေတြပို့ေပးၾကတယ္။ ေက်ာင္းသား ၅၀၊ ဆရာ၊ဆရာမ ၃ ေယာက္နဲ့ အခက္အခဲေတြ႕တာမို့ မိဘအခ်ိဳ့ကလည္း အခ်ိန္ပိုင္း အလွည့္က် လာျပီး ကူေပးၾက၊ ထိန္းေပးၾကတယ္။
ကေလးေတြက ေတာင္ေတြတက္၊ ကစားနည္းေပါင္းစံုကစား၊ စိတ္ဝင္စားစရာ အေၾကာင္းအရာေတြ ေဆြးေႏြးရင္းနဲ့ ခရီးစဥ္ေလးက အခ်ိန္ေတြကုန္မွန္းမသိေအာင္ ေပ်ာ္စရာေကာင္းခဲ့ၾကတယ္။ ျပန္လာေတာ့ ကေလးေတြရဲ့ ပါးစပ္ဖ်ားမွာ ဂါဂါ (GaGa ) ကစားနည္းအေၾကာင္း ေရပန္းစားပါေတာ့တယ္။
ဂါဂါဆိုတာ ငါးမုန့္ေၾကာ္ဆိုတာေလာက္ပဲ သိတဲ့ က်မက ဇီးရြက္ေလာက္ရွိတဲ့ မ်က္ႏွာနဲ့ ကေလးေတြကို ေမးရပါေတာ့တယ္။ ကေလးသဘာဝ အလုအယက္ေျပာျပၾကျပီး သကာလ ဂါဂါဆိုတာ အ႒ဂံပုံသ႑ာန္ သစ္သားေတြနဲ့ တည္ေဆာက္ထားတဲ့ ကစားစရာကြင္းတစ္ခုဆိုတာ သိခဲ့ရတယ္။
အဲဒီ့ကစားကြင္းထဲမွာ ကေလးေတြ ၁၀ ေယာက္ ၁၅ ေယာက္ (ကေလးေတြဆန့္သေလာက္) ဝင္ကစားနိုင္တယ္။ ေဘာလံုးကို တစ္ဖက္လူရဲ့ ဒူးေအာက္ကို ထိေအာင္ လက္နဲ့ ပုတ္ၾကတယ္။ ကစားနည္းေလးကို စိတ္ဝင္စားရင္ ၾကည့္လို့ရေအာင္ ယူက်ဴ့ဗ္ လိပ္စာေလး ထည့္ေပးထားပါတယ္။( https://www.youtube.com/watch?v=LViZPfEEQiE ) ကေလးေတြရဲ့ စိတ္ဝင္စားမွဳျမင့္မားရင္ သင္ယူမွုပိုမိုျမန္ဆန္တဲ့လို့ သင္ယူခဲ့ရတဲ့က်မ တာဝန္ခံဆရာ၊မေတြနဲ့ တိုင္ပင္ျပီး ဂါဂါနဲ့သတ္ဆိုင္တဲ့ သခ်ၤာသင္ခန္းစာကို ပူးေပါင္းျပင္ဆင္ခဲ့ၾကပါတယ္။
အ႒ဂံပုံသ႑ာန္ ဂါဂါကစားကြင္းကို အေၾကာင္းျပဳျပီး က်မတို့ ဂ်ီျသေမျတီ ပုံသ႑ာန္မ်ားကို သင္ၾကဖို့ဆံုးျဖတ္ခဲ့ၾကပါတယ္။ ပုံသ႑ာန္ေတြသိရံု ျပန္ေျပာျပတတ္ရံုဆိုရင္ေတာ့ က်မတို့ ငယ္ငယ္က က်က္မွတ္ခဲ့တာမျခား ျပန္ေမ့ကုန္ၾကမွာကို က်မတို့စိုးရိမ္တဲ့အတြက္ ကေလးေတြလည္း စိတ္ဝင္စားမယ့္ သင္ယူမွဳလည္းျဖစ္ေျမာက္မယ့္ ဂါဂါစီမံကိန္းျပဳလုပ္ဖို့ က်မတို့ သေဘာတူခဲ့ပါတယ္။
က်မတို့ေက်ာင္းမွာ ကေလးေတြ သေဘာက်ခဲ့တဲ့ ဂါဂါ ကစားကြင္းမရွိပါဘူး။ အဲ့ဒါေၾကာင့္ ကေလးေတြကို ေက်ာင္းမွာ ဂါဂါကစားကြင္းေဆာက္လုပ္ဖို့ ေက်ာင္းအုပ္ဆရာမၾကီးကို တိုက္တြန္းၾကဖို့ က်မတို့ ကေလးေတြနဲ့ သေဘာတူခဲ့ၾကတယ္။
ေက်ာင္းအုပ္ဆရာမၾကီးက ဂါဂါရဲ့ ပုံသ႑ာန္၊ ေဆာက္လုပ္ပံုအဆင့္ဆင့္၊ ေဆာက္လုပ္ရာမွာ လိုအပ္တဲ့ကုန္ၾကမ္း၊ ကုန္က်ေငြ အစရွိတာေတြကို သိဖို့လိုတဲ့အတြက္ ကေလးေတြနဲ့ က်မတို့ ဂါဂါစီမံကိန္း သခ်ၤာသင္ခန္းစာေတြကို ျပဳလုပ္ခဲ့ပါတယ္။
ကေလးေတြက ဂ်ီျသေမျတီပုံသ႑ာန္ အမ်ိဳးမ်ိဳးကိုေလ့လာၾကတယ္၊ ဂါဂါေဆာက္လုပ္ဖို့ တြက္ခ်က္ရာမွာ လိုအပ္တဲ့ ေပါင္းႏွုတ္ေျမွာက္စားေတြကို ျပန္ေႏႊးၾကတယ္ ဖလွယ္ၾကတယ္။ ေနာက္အေရးၾကီးတဲ့ ဧရိယာကို တြက္ခ်က္ပံဳေတြ ေလ့လာခဲ့ၾကတယ္။
ဧရိယာအက်ယ္အဝန္းေတြ သိသြားတဲ့ေနာက္မွာ ကေလးေတြက ဂါဂါေဆာက္လုပ္ဖို့အတြက္ လုိအပ္တဲ့ ကုန္ၾကမ္းပစၥည္းေတြကို ေလ့လာရပါတယ္။
ဘယ္လို သစ္သားကို သံဳးမွာလဲ။ ဘာေၾကာင့္သံဳးမွာလဲ။ သစ္သား အမ်ိဳးအစားေတြရဲ့ အားသာ၊အားနည္းခ်က္က ဘာေတြလဲ။
အမ်ိဳးမ်ိဳး စဥ္းစားျပီးမွ သူတို့သုံးသင့္တယ္ထင္တဲ့ ကုန္ပစၥည္းေတြကို ဘယ္ေလာက္သံဳးမယ္၊ ဘယ္ေနရာမွာသံုးမယ္ အစရွိသျဖင့္ တြက္ခ်က္ၾကတယ္။ ကုန္က်စရိတ္တြက္ခ်က္တာျပီးသြားတဲ့အခါမွာ ေက်ာင္းဝန္းထဲက ဘယ္ေနရာမွာ တည္ေဆာက္သင့္လဲဆိုတာကို ေလ့လာၾကပါတယ္။
ကေလးေတြက ဂ်ီျသေမျတီပုံသ႑ာန္ေတြ၊ ဧရိယာရွာပံုေတြ၊ ေပါင္းႏွုတ္ေျမွာက္စားျပုလုပ္ပံုေတြ၊ သင့္ေတာ္တဲ့ ကုန္ၾကမ္းရွာေဖြပံုေတြ သင္ယူျပီးေနာက္မွာ စာေပ ဘာသာရပ္နဲ့ ခ်ိတ္ဆက္ျပီး ကေလးေတြကို ေလွ်ာက္လႊာေရးခိုင္းပါတယ္။ ေက်ာင္းအုပ္ဆရာမၾကီးကို ဘာေၾကာင့္ ကေလးေတြအတြက္ ဂါဂါေဆာက္လုပ္သင့္သလဲဆိုတဲ့ အေၾကာင္းအရာ ေရးျပီးေတာ့ အခ်င္းခ်င္းအျပန္အလွန္သံဳးသပ္မွဳေတြျပဳလုပ္ေစပါတယ္။
အခ်ိဳ့ေက်ာင္းသားေတြက နည္းပညာအသံုးျပဳျပီး ဇာတ္လမ္းတိုေလးေတြ ျပဳလုပ္ခဲ့ၾကတယ္။ လုပ္ေဆာင္မွု အဆင့္ဆင့္တိုင္းမွာ အဖြဲ႕လိုက္၊ တစ္ဦးခ်င္း၊ အတြဲလိုက္ လုပ္ေဆာင္ရပါတယ္။ က်မအတန္းထဲက သခ်ၤာအသံေတာင္ မၾကားခ်င္တဲ့ကေလးေတြကလည္း ေပ်ာ္ေပ်ာ္ၾကီး သခ်ၤာေတြေလ့လာေနၾကတာ၊ မ်က္ေမွာင္ေလးေတြ တစ္ခါတစ္ခါၾကုပ္ျပီး စဥ္းစားေနၾကတာ၊ အျပန္အလွန္ ျငင္းခံုရင္း သူ့အျမင္ကိုယ့္အျမင္ ဖလွယ္ေနၾကတာ ေတြ ေတြ႕ေတာ့ သင္ေပးရတဲ့ က်မနဲ့ တာဝန္ခံဆရာ၊မေတြ ပီတိျဖစ္ခဲ့ရတယ္။
ဒီလို သင္ေပးလိုက္ေတာ့ ကေလးေတြက ပထဝီအေနအထားေပၚမွာ မူတည္ျပီး အေဆာက္ဦ ေဆာက္လုပ္ပံု၊ ပစၥည္းေတြေရြးခ်ယ္တဲ့အခါ အားသာခ်က္၊အားနည္းခ်က္ စဥ္းစား နွိုင္းယွဥ္ရပံု၊ တစ္ခုခုတည္ေဆာက္ရင္ ကုန္က်ေငြတြက္ခ်က္ပံု၊ အျခားသူတစ္ေယာက္ကို နားလည္ေအာင္၊ ကိုယ့္အလုပ္ကို သေဘာက်လာေအာင္၊လက္ခံလာေအာင္ စာေရးတတ္ပံု စတာေတြကို ပါးစပ္ကေန ဒီလိုလုပ္ရတယ္ ဟိုလိုလုပ္ရတယ္ဆိုတာ ေျပာေနစရာမလိုေအာင္ အလိုေလ်ာက္သင္ျပီးသားျဖစ္သြားတယ္။
သင္ၾကားသင္ယူမွု ျဖစ္စဥ္တစ္ေလွ်ာက္လံုးမွာ ကေလးေတြက ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ့ သင္မွန္းမသိ သင္လိုက္ရတာေတြ ့ျမင္ရေတာ့ က်မငယ္ဘဝကိုျပန္ေအာက္ေမ့မိတယ္။အကယ္လို့မ်ား က်မငယ္ငယ္ကသာ က်မအတန္းက ကေလးေတြလိုမ်ိဳး သင္ယူခြင့္ရခဲ့ရရင္ သခ်ၤာစာသင္ခ်ိန္ေတြက က်မအတြက္ ေပ်ာ္ရႊင္ဆံုးအခ်ိန္ေတြ ျဖစ္ေနမလား၊ ေခါင္းေမာ့ရင္ေကာ့ျပီး သခ်ၤာေလာက္ေတာ့ ငယ္ငယ္ေလးကတည္းက ကၽြမ္းက်င္လာတာ ေအးေဆးပါဆိုတဲ့ အေတြးမ်ိဳးနဲ့မ်ား မဟာတန္းတက္ေနရမလား။ (၁၇-၇-၂၀၁၄ က အေတြးတစ္ခု)