[ Unicode ]

လေကို ရှူသွင်းရုံပဲ ရှူသွင်းနေရင် ကြပ်တယ်။
လေကို ရှူထုတ်ရုံပဲ ရှူထုတ်နေရင် မောတယ်။
ရှူသွင်း၊ ရှူထုတ် ပုံမှန်လုပ်မှ ရေရှည်သွားနိုင်မယ်။

အလုပ်မှာလည်း ဒီလိုပဲ။
အများအတွက်ပဲ လုပ်လွန်းရင် ခဏပဲ လုပ်နိုင်တယ်။
ကိုယ့်အတွက်ပဲ ကြည့်လွန်းရင် တစ်ယောက်ထဲ ကျန်ခဲ့မယ်။
ကိုယ့်အတွက်ရော၊ အများအတွက်ရော ဘက်မျှမျှ ကြည့်ပြီးလုပ်ရမယ်။

ဒီစကားတွေကို လွန်ခဲ့တဲ့ ဒီဇင်ဘာက ကျွန်မ အန္ဒိယမှာ ညီလာခံတစ်ခုသွားတက်ရင်း Tenzin Palmoက မျှဝေခဲ့တာတွေပါ။
ကျွန်မအတွက် အရမ်း အထောက်အကူပြုတဲ့ စကားတွေဖြစ်ခဲ့ပါတယ်။ ကျွန်မ ပညာရေးလုပ်သက်တစ်လျှောက်လုံးမှာ ပရဟိတ လုပ်တယ်၊ အခြားသူတွေကို ဘာတွေလုပ်ပေးရမလဲ၊ ဘာတွေကူညီရမလဲဆိုတဲ့ အတွေးနဲ့ အမြဲ နေထိုင်ခဲ့တယ်။ တစ်ခါတစ်လေမှာ စိတ်ပင်ပန်းတာတွေ ကြုံတယ်။ စိတ်ပျက်စရာတွေရှိတယ်။ အဲဒီ့အခါ ဆက်မလုပ်ချင်တော့တာတွေ ဖြစ်တယ်။ အဲဒီ့အခါ ကိုယ့်အတွက် စိတ် အေးချမ်းရာ အချိန်ပေးဖို့လိုလာမှန်း သိလာတယ်။ အများအတွက်ရော ကိုယ့်အတွက်ပါ မျှတစွာ အချိန်ပေးဖို့လိုတယ်ဆိုတာ ပိုပြီး နားလည်လာခဲ့ရတယ်။

ကျွန်မတို့ဘဝမှာ – အထူးသဖြင့် မိဘတွေ၊ ဆရာ၊မတွေ ပရဟိတသမားတွေက ပေးဖို့ကို အဓိက ထားပြီး စဉ်းစားကြတယ်။ အများအတွက်၊ ကလေးတွေအတွက်၊ သူတစ်ပါအတွက် စသည်ဖြင့် အမြဲတွေးပြီး လုပ်ပေးကြတယ်။ အများအတွက်၊ ကိုယ်မဟုတ်တဲ့ အခြားသူတွေအတွက် အမြဲတွေးတဲ့အခါ Burn Out လို့ခေါ်တဲ့ အားအင်ကုန်ခမ်းမှု၊စိတ်ပင်ပန်းမှုတစ်မျိုးကို ရတတ်ကြတယ်။ တစ်နည်းပြောရရင် ရှူထုတ်ဖို့ပဲ စဉ်းစားပြီး၊ ရှူသွင်းဖို့ မေ့နေခဲ့လို့ပေါ့။ အဲဒီအတွက် ရေရှည် အများအတွက် စဉ်းစားပေးချင်၊ လုပ်ပေးချင်ရင် ကိုယ့် ကိုယ်ခန္ဓာကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်၊ ကိုယ့် အတွေးအမြင်တွေ ရှင်သန်နေဖို့ အမြဲ ကျင့်ကြံနေရမယ်ဆိုတဲ့ သဘောပါ။

ဆရာ၊မတွေဆိုလည်း ဒီလိုပါပဲ၊ ကလေးတွေကို ပညာပေးဖို့၊ သင်ကြားပေးဖို့ပဲ လုပ်နေတယ်ဆိုရင် ရှူထုတ်ဖို့ပဲစဉ်းစားနေရာရောက်လို့ မထိရောက်ပါဘူး။ ကလေးတွေအတွက် လုပ်ပေးဖို့လိုသလို ကိုယ့်အတွက် ပညာတွေ အမြဲထပ်မံလေ့လာနေဖို့လိုတယ်။ သင်ယူနေဖို့လိုတယ်။ အမြဲတမ်း သုံးသပ်နေဖို့လိုပါတယ်။ ဒါမှ ရှူသွင်း၊ ရှူထုတ် မျှတမှာပါ။

တစ်ခါတစ်လေမှာ သင်တန်းမှန်သမျှ အကုန်လိုက်တက်ပြီး၊ သင်တန်းတက်တာ၊ ပွဲတွေ၊ အစည်းအဝေးတွေ တက်တာနဲ့ပဲ အချိန်ကုန်ပြီး လက်တွေ့ ဘာမှ အသုံးချဖို့ အချိန်မရှိ၊ အသုံးမချတတ်တဲ့သူတွေက ရှူသွင်းဖို့ပဲ စဉ်းစားပြီး ရှူထုတ်ဖို့ မေ့နေသူတွေနဲ့ တူပါတယ်။ ဒါကြောင့် သင်ယူမှုနဲ့ လက်တွေ့ကျင့်ကြံမှုတွေလည်း မျှတနေဖို့ လိုပါတယ်။

အားလုံးကို Tenzin Palmo မျှဝေခဲ့သလိုပဲ အသက်တွေ ရှူသွင်း၊ ရှူထုတ်တဲ့အခါ မျှတစွာ၊ ဟန်ချက်ညီစွာ ပြုလုပ်ဖို့လိုသလို….. အလုပ်တွေလုပ်တဲ့အခါ အသက်ရှင်နေထိုင်တဲ့အခါ မျှတစွာ၊ ဟန်ချက်ညီစွာ ကျင့်ကြံကြဖို့ တိုက်တွန်းလိုပါတယ်။ အများအကျိုး၊ ကိုယ့်အကျိုးမျှတစွာ တွေးခေါ်ရင်း ကျွန်မတို့ ဘဝထဲက ကလေးတွေကို ပံ့ပိုးပေးကြရအောင်။

မေတ္တာဖြင့်…
Sayarma-ဆရာမ

[ Zawgyi ]

ေလကို ရႉသြင္း႐ုံပဲ ရႉသြင္းေနရင္ ၾကပ္တယ္။
ေလကို ရႉထုတ္႐ုံပဲ ရႉထုတ္ေနရင္ ေမာတယ္။
ရႉသြင္း၊ ရႉထုတ္ ပုံမွန္လုပ္မွ ေရရွည္သြားနိုင္မယ္။

အလုပ္မွာလည္း ဒီလိုပဲ။
အမ်ားအတြက္ပဲ လုပ္လြန္းရင္ ခဏပဲ လုပ္နိုင္တယ္။
ကိုယ့္အတြက္ပဲ ၾကည့္လြန္းရင္ တစ္ေယာက္ထဲ က်န္ခဲ့မယ္။
ကိုယ့္အတြက္ေရာ၊ အမ်ားအတြက္ေရာ ဘက္မၽွမၽွ ၾကည့္ၿပီးလုပ္ရမယ္။

ဒီစကားေတြကို လြန္ခဲ့တဲ့ ဒီဇင္ဘာက ကၽြန္မ အႏၵိယမွာ ညီလာခံတစ္ခုသြားတက္ရင္း Tenzin Palmoက မၽွေဝခဲ့တာေတြပါ။
ကၽြန္မအတြက္ အရမ္း အေထာက္အကူျပဳတဲ့ စကားေတြျဖစ္ခဲ့ပါတယ္။ ကၽြန္မ ပညာေရးလုပ္သက္တစ္ေလၽွာက္လုံးမွာ ပရဟိတ လုပ္တယ္၊ အျခားသူေတြကို ဘာေတြလုပ္ေပးရမလဲ၊ ဘာေတြကူညီရမလဲဆိုတဲ့ အေတြးနဲ႔ အျမဲ ေနထိုင္ခဲ့တယ္။ တစ္ခါတစ္ေလမွာ စိတ္ပင္ပန္းတာေတြ ၾကဳံတယ္။ စိတ္ပ်က္စရာေတြရွိတယ္။ အဲဒီ့အခါ ဆက္မလုပ္ခ်င္ေတာ့တာေတြ ျဖစ္တယ္။ အဲဒီ့အခါ ကိုယ့္အတြက္ စိတ္ ေအးခ်မ္းရာ အခ်ိန္ေပးဖို႔လိုလာမွန္း သိလာတယ္။ အမ်ားအတြက္ေရာ ကိုယ့္အတြက္ပါ မၽွတစြာ အခ်ိန္ေပးဖို႔လိုတယ္ဆိုတာ ပိုၿပီး နားလည္လာခဲ့ရတယ္။

ကၽြန္မတို႔ဘဝမွာ – အထူးသျဖင့္ မိဘေတြ၊ ဆရာ၊မေတြ ပရဟိတသမားေတြက ေပးဖို႔ကို အဓိက ထားၿပီး စဥ္းစားၾကတယ္။ အမ်ားအတြက္၊ ကေလးေတြအတြက္၊ သူတစ္ပါအတြက္ စသည္ျဖင့္ အျမဲေတြးၿပီး လုပ္ေပးၾကတယ္။ အမ်ားအတြက္၊ ကိုယ္မဟုတ္တဲ့ အျခားသူေတြအတြက္ အျမဲေတြးတဲ့အခါ Burn Out လို႔ေခၚတဲ့ အားအင္ကုန္ခမ္းမႈ၊စိတ္ပင္ပန္းမႈတစ္မ်ိဳးကို ရတတ္ၾကတယ္။ တစ္နည္းေျပာရရင္ ရႉထုတ္ဖို႔ပဲ စဥ္းစားၿပီး၊ ရႉသြင္းဖို႔ ေမ့ေနခဲ့လို႔ေပါ့။ အဲဒီအတြက္ ေရရွည္ အမ်ားအတြက္ စဥ္းစားေပးခ်င္၊ လုပ္ေပးခ်င္ရင္ ကိုယ့္ ကိုယ္ခႏၶာက်န္းမာေရးနဲ႔ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကိုလည္း ဂ႐ုစိုက္ရမယ္၊ ကိုယ့္ အေတြးအျမင္ေတြ ရွင္သန္ေနဖို႔ အျမဲ က်င့္ႀကံေနရမယ္ဆိုတဲ့ သေဘာပါ။

ဆရာ၊မေတြဆိုလည္း ဒီလိုပါပဲ၊ ကေလးေတြကို ပညာေပးဖို႔၊ သင္ၾကားေပးဖို႔ပဲ လုပ္ေနတယ္ဆိုရင္ ရႉထုတ္ဖို႔ပဲစဥ္းစားေနရာေရာက္လို႔ မထိေရာက္ပါဘူး။ ကေလးေတြအတြက္ လုပ္ေပးဖို႔လိုသလို ကိုယ့္အတြက္ ပညာေတြ အျမဲထပ္မံေလ့လာေနဖို႔လိုတယ္။ သင္ယူေနဖို႔လိုတယ္။ အျမဲတမ္း သုံးသပ္ေနဖို႔လိုပါတယ္။ ဒါမွ ရႉသြင္း၊ ရႉထုတ္ မၽွတမွာပါ။

တစ္ခါတစ္ေလမွာ သင္တန္းမွန္သမၽွ အကုန္လိုက္တက္ၿပီး၊ သင္တန္းတက္တာ၊ ပြဲေတြ၊ အစည္းအေဝးေတြ တက္တာနဲ႔ပဲ အခ်ိန္ကုန္ၿပီး လက္ေတြ႕ ဘာမွ အသုံးခ်ဖို႔ အခ်ိန္မရွိ၊ အသုံးမခ်တတ္တဲ့သူေတြက ရႉသြင္းဖို႔ပဲ စဥ္းစားၿပီး ရႉထုတ္ဖို႔ ေမ့ေနသူေတြနဲ႔ တူပါတယ္။ ဒါေၾကာင့္ သင္ယူမႈနဲ႔ လက္ေတြ႕က်င့္ႀကံမႈေတြလည္း မၽွတေနဖို႔ လိုပါတယ္။

အားလုံးကို Tenzin Palmo မၽွေဝခဲ့သလိုပဲ အသက္ေတြ ရႉသြင္း၊ ရႉထုတ္တဲ့အခါ မၽွတစြာ၊ ဟန္ခ်က္ညီစြာ ျပဳလုပ္ဖို႔လိုသလို….. အလုပ္ေတြလုပ္တဲ့အခါ အသက္ရွင္ေနထိုင္တဲ့အခါ မၽွတစြာ၊ ဟန္ခ်က္ညီစြာ က်င့္ႀကံၾကဖို႔ တိုက္တြန္းလိုပါတယ္။ အမ်ားအက်ိဳး၊ ကိုယ့္အက်ိဳးမၽွတစြာ ေတြးေခၚရင္း ကၽြန္မတို႔ ဘဝထဲက ကေလးေတြကို ပံ့ပိုးေပးၾကရေအာင္။

ေမတၱာျဖင့္…
Sayarma-ဆရာမ