[ Unicode ]

မေတ္တာလို့ ပြောလိုက်ရင် အေးချမ်းခြင်း တစုံတရာကို ဘာသာ၊လူမျိုး၊နိုင်ငံသားမရွေး ခံစားရမယ်လို့ ကျွန်မထင်တယ်။ မေတ္တာ ဆိုတာ လူတိုင်းအတွက် သင့်လျော်တဲ့၊ လူတိုင်းအတွက် လိုအပ်တဲ့၊ လူတိုင်း ထားရှိသင့်တဲ့ အရာတစ်ခုဖြစ်တယ်။ မေတ္တာ ဆိုတဲ့ စကားလုံးမှာ အစွန်းရောက်တဲ့ ခံစားချက်မရှိဘူးလို့ရော မထင်မိဘူးလား။ မေတ္တာဆိုတာ ချစ်သူ ရည်းစားကို ချစ်ခြင်းလို မဟုတ်ဘဲ လူတိုင်းကို ပေးနိုင်တဲ့ လက်ဆောင်တစ်ခုပါပဲ။ ကျွန်မတို့ ငယ်စဉ်ကတည်းက အမုန်းတရားတွေအစား မေတ္တာ တရားတွေကိုသာ သင်ခွင့်ရမယ်၊ မေတ္တာပေးခြင်းတွေကိုသာ အမြဲ ရင်းနှီးခွင့်ရမယ်ဆိုရင် ကျွန်မတို့ ပတ်ဝန်းကျင် ဘယ်လောက် အေးချမ်းလိုက်မလဲ။

ကျွန်မတို့ သက်တမ်းမှာတော့ ဘယ်လောက်ထိ ကောင်းတဲ့၊ မေတ္တာတရားကြီးမားတဲ့ ခေါင်းဆောင်တွေ ထပ်တွေ့ရဦးမယ်မသိဘူး၊ အနာဂတ်မှာ မေတ္တာတရားကြီးမားတဲ့ ခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေ၊ လူတော်တွေ အများကြီး ရှိဖို့ ကျွန်မတို့ အနေနဲ့ အခုကတည်းက ကလေးတွေကို မေတ္တာ သင်ခန်းစာတွေ သင်ပေးဖို့ လိုပါတယ်။ ဒီနေ့တော့ မေတ္တာ သင်ခန်းစာလေး (၃)ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လျပ်တပြတ် မေတ္တာပေးခြင်း – လျပ်တပြတ် မေတ္တာပေးခြင်းဆိုတာကတော့ တစ်ယောက်ယောက်၊ တစ်ခုခု အကူညီလိုချိန်မှာ လျပ်တပြတ်ကူညီရင်း မေတ္တာ ပြတာမျိုးပါ။ ဥပမာ – အလေးအပင် မ လာသူကို ကူညီပြီး မ ပေးလိုက်တာမျိုး၊ လက်မအားတဲ့သူ တံခါးဖွင့်ဖို့ ကြိုးစားတာနဲ့ ကြုံရင် တံခါးလေး ကူဖွင့်ပေးလိုက်တာမျိုး၊ တစ်စုံ တစ်ယောက်ကို ပြုံးပြလိုက်လို့ အဲဒီ့တစ်ယောက်မှာ အပြုံးလေး မျက်နှာပေါ်ရောက်သွားတာမျိုး၊ ကိုယ့်ထက်ပိုလိုအပ်မယ့်သူကို ဦးစားပေးခြင်းမျိုးပေါ့။ ကလေးတွေကို လျပ်တပြတ် မေတ္တာ ပေးခြင်းရဲ့ အကျိုးကျေးဇူးလေးတွေ ပြောပြ၊ လုပ်ဆောင်နိုင်ပုံ ဥပမာလေး တွေ ပြောပြပါ။ ပြီးရင် တစ်ရက်တာ အတွင်း (သို့) တစ်ပတ်တာ အတွင်း ကိုယ် ပေးခဲ့တဲ့ လျပ်တပြတ်မေတ္တာတွေကို မှတ်တမ်းတင်ထားစေပါ။ စာအုပ်လေးထဲမှာ သီးသန့် ရေးဖြစ်ရင် စာအုပ်လေးဟာ မေတ္တာ ဒိုင်ယာရီ လို့ ခေါ်နိုင်တာပေါ့။ (ကလေးတွေကို စာရေးတဲ့ အကျင့်လေးလည်းဖြစ်စေသလို ကောင်းတဲ့ အမူအကျင့်လေးတွေ မှတ်တမ်းတင်စေတော့ ပြန်ကြည့်တိုင်း ပြုံးနိုင်တာပေါ့။)

မေတ္တာ ပို့ခြင်း (မေတ္တာပန်းများ ပွင့်လန်းခြင်း) – ကျွန်မတို့ မေတ္တာ အကြောင်းပြောရင် မေတ္တာ ပို့တာမျိုးကို အဓိက ပြောကြပါတယ်။ ပုံသေနည်းလို ချပေးထားတဲ့ မေတ္တာစာတွေကို သင်ပေးတာမျိုးမဟုတ်ဘဲ ကလေးတွေ ကိုယ်ပိုင် စကားလုံးများ၊ အတွေးများဖြင့် မေတ္တာပို့တတ်အောင် သင်ပေးဖို့လည်း လိုပါတယ်။ ဥပမာ – ပန်းပွင့်ပုံကဲ့သို့ ပုံ တစ်ပုံဆွဲပါ။ အလယ်ခေါင် ဝတ်ဆံ နေရာမှာ ကိုယ် မေတ္တာ ပို့ချင်သူ နာမည်ကို ချရေးခိုင်းပါ။ ဘေးက ပန်းပွင့် ပွင့်ချပ်လေးများထဲတွင် ထို မေတ္တာပို့ချင်သူအတွက် ဖြစ်စေချင်တဲ့ ဆုတောင်း မေတ္တာ စကားများ ရေးသား စေပါ။ ကျန်းမာပါစေ၊ ပျော်ရွှင်ပါစေ စတဲ့ ဆုတောင်း စကားများသာမက များများ ကစားရပါစေ၊ မုန့်တွေ အများကြီး စားရပါစေ၊ လိုချင်တဲ့ ကစားစရာ ရပါစေ စသဖြင့် သူတို့ ဆုတောင်းပေးချင်သည်များကိုလည်း ကလေးတွေ စိတ်ကြိုက် ရေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းရဲ့ အဓိက လုပ်ငန်းက ကလေးတွေ မိမိကိုယ်ကို (သို့) အခြား သူတွေကို မေတ္တာ ပို့တတ်အောင် သင်ပေးနိုင်ဖို့ပါ။ ဒီလေ့ကျင့်ခန်းလေးကို အပတ်စဉ် (သို့) အချိန် တစ်ခု သတ်မှတ်ပြီး ပုံမှန် လုပ်ပေးနိုင်ပြီး တစ်ခါတစ်လေ မေတ္တာပန်း ကဒ်လေးကို မေတ္တာ ပို့ထားသူကိုလည်း လက်ဆောင် အဖြစ် ပေးနိုင်ပါတယ်။

နားထောင်ခြင်း လက်ဆောင် – ကျွန်မတို့ အခြားသူတစ်ယောက်ကို မေတ္တာ ပေးနိုင်ဖို့ ကျွန်မတို့ နားထောင်ခြင်း လက်ဆောင် ပေးနိုင်ပါတယ်။ လူတိုင်းမှာ ခံစားချက်ကိုယ်စီ ရှိကြပြီး တစ်ခါတစ်လေမှာ တစ်ယောက်ယောက်က နေကောင်းရဲ့လား၊ အဆင်ပြေရဲ့လား မေးခြင်းကိုက လိုအပ်နေချိန်မှာ တန်ဖိုးရှိလှပါတယ်။ ဒါကြောင့် ကလေးတွေကို အခြားသူတွေကို နားထောင်ပေးနိုင်ဖို့ အခြားသူတွေကို ဂရုတစိုက် မေးခွန်းလေးတွေ မေးတတ်အောင် သင်ပေးပါ။ ဥပမာ – နေကောင်းရဲ့လား၊ ဘာကူညီပေးရမလဲ၊ ဘာတွေလုပ်နေလဲ စသဖြင့်ပေါ့။ မေးခွန်းတွေ မေးပြီး အဖြေတွေကို သေသေချာချာ နားထောင်ပြီး ပြန်လည်တုန့်ပြန်ခြင်းဟာ တန်ဖိုးကြီးတဲ့ နားထောင်ခြင်း လက်ဆောင် တစ်ခုဖြစ်တယ်ဆိုတာ သင်ပေးပါ။ ကလေးနဲ့ တစ်ပတ်တစ်ခါဖြစ်ဖြစ် ခံစားချက်တွေ၊ အတွေ့အကြုံတွေကို အပြန်အလှန် နားထောင်ပေးတဲ့ လုပ်ငန်းစဉ်လေးကို ပုံမှန် ပြုလုပ်ပေးပါ။

မေတ္တာအကြောင်း၊ မေတ္တာတရားကို တိုက်ရိုက် (သို့) သွယ်ဝိုက်ပြီး သင်ပေးနိုင်တဲ့ နည်းလမ်းလေးတွေ အကြောင်း ရေးရင်း ကျွန်မတော့ စိတ်ထဲမှာ အရမ်း ကြည်နူးမိပါတယ်။ ကျွန်မတို့အတွက် အခုကာလက ရှည်ကြာလွန်းသလို၊ ပင်ပန်းလွန်းပါတယ်။ မေတ္တာဆိုတာ အေးမြတာမို့ အခြားသူဆီက ကိုယ်မေတ္တာရတဲ့အခါ နွေနေပူမှာ ရေအိုးစင်လေးရှိတဲ့ သစ်ပင် အရိပ်ကောင်းကောင်းကို တွေ့ရသလို ခံစားရတာပါပဲ။ ကျွန်မတို့ ကလေးတွေ လူကြီး ဖြစ်လာတဲ့အခါ တစ်ပါးသူကို ပူလောင်မှုတွေ၊ သောကတွေ၊ အမုန်းတရားတွေ ဖြန့်ဝေသူတွေအဖြစ် မမြင်တွေ့ရဘဲ ကျွန်မတို့ ကလေးတွေကြောင့် လူအချင်းချင်း မေတ္တာထားနိုင်သွားတာ၊ အခြားသူတွေရဲ့ ဘဝတွေ ပိုကောင်းမွန်သွားတာ၊ လူတွေ ပျော်ရွှင်အေးချမ်းသွားတာမျိုးကိုသာ ကျွန်မကတော့ မြင်တွေ့လိုပါတယ်။ ဒါကြောင့် မေတ္တာတရား သင်ခန်းစာလေးတွေ လေ့ကျင့်ရင်း၊ အပြန်အလှန် မေတ္တာ ထားကြရင်း၊ မေတ္တာ အခြေခံသော မိသားစုလေးဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

(စနေ နေ့တိုင်း ပညာရေးဆိုင်ရာ မျှဝေမှုလေးတွေကို မလွတ်ရအောင် ဆရာမ စာမျက်နှာလေးကို See First လုပ်ထားပေးပါနော်။ စာတွေကို သဘောကျရင် လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ ဒါပေမယ့် Copy ကူးပြီး စာမျက်နှာတွေမှာ တင်ခွင့် မပြုပါဘူးရှင်။ ကျေးဇူးတင်ပါတယ်။)

Some readings –
https://littleplumeducation.com/blog/2019/6/28/mettalovingkindness
https://kripalu.org/resources/10-ways-deepen-your-loving-kindness-practice
https://positivepsychology.com/kindness-activities-empathy-worksheets

Photo retrieved from – https://www.pinterest.com.au/pin/859624647594556326/

[ Zawgyi ]

ေမတၱာလို႔ ေျပာလိုက္ရင္ ေအးခ်မ္းျခင္း တစုံတရာကို ဘာသာ၊လူမ်ိဳး၊နိုင္ငံသားမေရြး ခံစားရမယ္လို႔ ကၽြန္မထင္တယ္။ ေမတၱာ ဆိုတာ လူတိုင္းအတြက္ သင့္ေလ်ာ္တဲ့၊ လူတိုင္းအတြက္ လိုအပ္တဲ့၊ လူတိုင္း ထားရွိသင့္တဲ့ အရာတစ္ခုျဖစ္တယ္။ ေမတၱာ ဆိုတဲ့ စကားလုံးမွာ အစြန္းေရာက္တဲ့ ခံစားခ်က္မရွိဘူးလို႔ေရာ မထင္မိဘူးလား။ ေမတၱာဆိုတာ ခ်စ္သူ ရည္းစားကို ခ်စ္ျခင္းလို မဟုတ္ဘဲ လူတိုင္းကို ေပးနိုင္တဲ့ လက္ေဆာင္တစ္ခုပါပဲ။ ကၽြန္မတို႔ ငယ္စဥ္ကတည္းက အမုန္းတရားေတြအစား ေမတၱာ တရားေတြကိုသာ သင္ခြင့္ရမယ္၊ ေမတၱာေပးျခင္းေတြကိုသာ အျမဲ ရင္းႏွီးခြင့္ရမယ္ဆိုရင္ ကၽြန္မတို႔ ပတ္ဝန္းက်င္ ဘယ္ေလာက္ ေအးခ်မ္းလိုက္မလဲ။

ကၽြန္မတို႔ သက္တမ္းမွာေတာ့ ဘယ္ေလာက္ထိ ေကာင္းတဲ့၊ ေမတၱာတရားႀကီးမားတဲ့ ေခါင္းေဆာင္ေတြ ထပ္ေတြ႕ရဦးမယ္မသိဘူး၊ အနာဂတ္မွာ ေမတၱာတရားႀကီးမားတဲ့ ေခါင္းေဆာင္ေတြ၊ လုပ္ငန္းရွင္ေတြ၊ လူေတာ္ေတြ အမ်ားႀကီး ရွိဖို႔ ကၽြန္မတို႔ အေနနဲ႔ အခုကတည္းက ကေလးေတြကို ေမတၱာ သင္ခန္းစာေတြ သင္ေပးဖို႔ လိုပါတယ္။ ဒီေန႔ေတာ့ ေမတၱာ သင္ခန္းစာေလး (၃)ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။

လ်ပ္တျပတ္ ေမတၱာေပးျခင္း – လ်ပ္တျပတ္ ေမတၱာေပးျခင္းဆိုတာကေတာ့ တစ္ေယာက္ေယာက္၊ တစ္ခုခု အကူညီလိုခ်ိန္မွာ လ်ပ္တျပတ္ကူညီရင္း ေမတၱာ ျပတာမ်ိဳးပါ။ ဥပမာ – အေလးအပင္ မ လာသူကို ကူညီၿပီး မ ေပးလိုက္တာမ်ိဳး၊ လက္မအားတဲ့သူ တံခါးဖြင့္ဖို႔ ႀကိဳးစားတာနဲ႔ ၾကဳံရင္ တံခါးေလး ကူဖြင့္ေပးလိုက္တာမ်ိဳး၊ တစ္စုံ တစ္ေယာက္ကို ျပဳံးျပလိုက္လို႔ အဲဒီ့တစ္ေယာက္မွာ အျပဳံးေလး မ်က္ႏွာေပၚေရာက္သြားတာမ်ိဳး၊ ကိုယ့္ထက္ပိုလိုအပ္မယ့္သူကို ဦးစားေပးျခင္းမ်ိဳးေပါ့။ ကေလးေတြကို လ်ပ္တျပတ္ ေမတၱာ ေပးျခင္းရဲ့ အက်ိဳးေက်းဇူးေလးေတြ ေျပာျပ၊ လုပ္ေဆာင္နိုင္ပုံ ဥပမာေလး ေတြ ေျပာျပပါ။ ၿပီးရင္ တစ္ရက္တာ အတြင္း (သို႔) တစ္ပတ္တာ အတြင္း ကိုယ္ ေပးခဲ့တဲ့ လ်ပ္တျပတ္ေမတၱာေတြကို မွတ္တမ္းတင္ထားေစပါ။ စာအုပ္ေလးထဲမွာ သီးသန႔္ ေရးျဖစ္ရင္ စာအုပ္ေလးဟာ ေမတၱာ ဒိုင္ယာရီ လို႔ ေခၚနိုင္တာေပါ့။ (ကေလးေတြကို စာေရးတဲ့ အက်င့္ေလးလည္းျဖစ္ေစသလို ေကာင္းတဲ့ အမူအက်င့္ေလးေတြ မွတ္တမ္းတင္ေစေတာ့ ျပန္ၾကည့္တိုင္း ျပဳံးနိုင္တာေပါ့။)

ေမတၱာ ပို႔ျခင္း (ေမတၱာပန္းမ်ား ပြင့္လန္းျခင္း) – ကၽြန္မတို႔ ေမတၱာ အေၾကာင္းေျပာရင္ ေမတၱာ ပို႔တာမ်ိဳးကို အဓိက ေျပာၾကပါတယ္။ ပုံေသနည္းလို ခ်ေပးထားတဲ့ ေမတၱာစာေတြကို သင္ေပးတာမ်ိဳးမဟုတ္ဘဲ ကေလးေတြ ကိုယ္ပိုင္ စကားလုံးမ်ား၊ အေတြးမ်ားျဖင့္ ေမတၱာပို႔တတ္ေအာင္ သင္ေပးဖို႔လည္း လိုပါတယ္။ ဥပမာ – ပန္းပြင့္ပုံကဲ့သို႔ ပုံ တစ္ပုံဆြဲပါ။ အလယ္ေခါင္ ဝတ္ဆံ ေနရာမွာ ကိုယ္ ေမတၱာ ပို႔ခ်င္သူ နာမည္ကို ခ်ေရးခိုင္းပါ။ ေဘးက ပန္းပြင့္ ပြင့္ခ်ပ္ေလးမ်ားထဲတြင္ ထို ေမတၱာပို႔ခ်င္သူအတြက္ ျဖစ္ေစခ်င္တဲ့ ဆုေတာင္း ေမတၱာ စကားမ်ား ေရးသား ေစပါ။ က်န္းမာပါေစ၊ ေပ်ာ္ရႊင္ပါေစ စတဲ့ ဆုေတာင္း စကားမ်ားသာမက မ်ားမ်ား ကစားရပါေစ၊ မုန႔္ေတြ အမ်ားႀကီး စားရပါေစ၊ လိုခ်င္တဲ့ ကစားစရာ ရပါေစ စသျဖင့္ သူတို႔ ဆုေတာင္းေပးခ်င္သည္မ်ားကိုလည္း ကေလးေတြ စိတ္ႀကိဳက္ ေရးနိုင္ပါတယ္။ ဒီေလ့က်င့္ခန္းရဲ့ အဓိက လုပ္ငန္းက ကေလးေတြ မိမိကိုယ္ကို (သို႔) အျခား သူေတြကို ေမတၱာ ပို႔တတ္ေအာင္ သင္ေပးနိုင္ဖို႔ပါ။ ဒီေလ့က်င့္ခန္းေလးကို အပတ္စဥ္ (သို႔) အခ်ိန္ တစ္ခု သတ္မွတ္ၿပီး ပုံမွန္ လုပ္ေပးနိုင္ၿပီး တစ္ခါတစ္ေလ ေမတၱာပန္း ကဒ္ေလးကို ေမတၱာ ပို႔ထားသူကိုလည္း လက္ေဆာင္ အျဖစ္ ေပးနိုင္ပါတယ္။

နားေထာင္ျခင္း လက္ေဆာင္ – ကၽြန္မတို႔ အျခားသူတစ္ေယာက္ကို ေမတၱာ ေပးနိုင္ဖို႔ ကၽြန္မတို႔ နားေထာင္ျခင္း လက္ေဆာင္ ေပးနိုင္ပါတယ္။ လူတိုင္းမွာ ခံစားခ်က္ကိုယ္စီ ရွိၾကၿပီး တစ္ခါတစ္ေလမွာ တစ္ေယာက္ေယာက္က ေနေကာင္းရဲ့လား၊ အဆင္ေျပရဲ့လား ေမးျခင္းကိုက လိုအပ္ေနခ်ိန္မွာ တန္ဖိုးရွိလွပါတယ္။ ဒါေၾကာင့္ ကေလးေတြကို အျခားသူေတြကို နားေထာင္ေပးနိုင္ဖို႔ အျခားသူေတြကို ဂ႐ုတစိုက္ ေမးခြန္းေလးေတြ ေမးတတ္ေအာင္ သင္ေပးပါ။ ဥပမာ – ေနေကာင္းရဲ့လား၊ ဘာကူညီေပးရမလဲ၊ ဘာေတြလုပ္ေနလဲ စသျဖင့္ေပါ့။ ေမးခြန္းေတြ ေမးၿပီး အေျဖေတြကို ေသေသခ်ာခ်ာ နားေထာင္ၿပီး ျပန္လည္တုန႔္ျပန္ျခင္းဟာ တန္ဖိုးႀကီးတဲ့ နားေထာင္ျခင္း လက္ေဆာင္ တစ္ခုျဖစ္တယ္ဆိုတာ သင္ေပးပါ။ ကေလးနဲ႔ တစ္ပတ္တစ္ခါျဖစ္ျဖစ္ ခံစားခ်က္ေတြ၊ အေတြ႕အၾကဳံေတြကို အျပန္အလွန္ နားေထာင္ေပးတဲ့ လုပ္ငန္းစဥ္ေလးကို ပုံမွန္ ျပဳလုပ္ေပးပါ။

ေမတၱာအေၾကာင္း၊ ေမတၱာတရားကို တိုက္ရိုက္ (သို႔) သြယ္ဝိုက္ၿပီး သင္ေပးနိုင္တဲ့ နည္းလမ္းေလးေတြ အေၾကာင္း ေရးရင္း ကၽြန္မေတာ့ စိတ္ထဲမွာ အရမ္း ၾကည္ႏူးမိပါတယ္။ ကၽြန္မတို႔အတြက္ အခုကာလက ရွည္ၾကာလြန္းသလို၊ ပင္ပန္းလြန္းပါတယ္။ ေမတၱာဆိုတာ ေအးျမတာမို႔ အျခားသူဆီက ကိုယ္ေမတၱာရတဲ့အခါ ေႏြေနပူမွာ ေရအိုးစင္ေလးရွိတဲ့ သစ္ပင္ အရိပ္ေကာင္းေကာင္းကို ေတြ႕ရသလို ခံစားရတာပါပဲ။ ကၽြန္မတို႔ ကေလးေတြ လူႀကီး ျဖစ္လာတဲ့အခါ တစ္ပါးသူကို ပူေလာင္မႈေတြ၊ ေသာကေတြ၊ အမုန္းတရားေတြ ျဖန႔္ေဝသူေတြအျဖစ္ မျမင္ေတြ႕ရဘဲ ကၽြန္မတို႔ ကေလးေတြေၾကာင့္ လူအခ်င္းခ်င္း ေမတၱာထားနိုင္သြားတာ၊ အျခားသူေတြရဲ့ ဘဝေတြ ပိုေကာင္းမြန္သြားတာ၊ လူေတြ ေပ်ာ္ရႊင္ေအးခ်မ္းသြားတာမ်ိဳးကိုသာ ကၽြန္မကေတာ့ ျမင္ေတြ႕လိုပါတယ္။ ဒါေၾကာင့္ ေမတၱာတရား သင္ခန္းစာေလးေတြ ေလ့က်င့္ရင္း၊ အျပန္အလွန္ ေမတၱာ ထားၾကရင္း၊ ေမတၱာ အေျခခံေသာ မိသားစုေလးျဖစ္ေအာင္ ႀကိဳးစားနိုင္ၾကပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

(စေန ေန႔တိုင္း ပညာေရးဆိုင္ရာ မၽွေဝမႈေလးေတြကို မလြတ္ရေအာင္ ဆရာမ စာမ်က္ႏွာေလးကို See First လုပ္ထားေပးပါေနာ္။ စာေတြကို သေဘာက်ရင္ လြတ္လပ္စြာ မၽွေဝနိုင္ပါတယ္။ ဒါေပမယ့္ Copy ကူးၿပီး စာမ်က္ႏွာေတြမွာ တင္ခြင့္ မျပဳပါဘူးရွင္။ ေက်းဇူးတင္ပါတယ္။)

Some readings –
https://littleplumeducation.com/blog/2019/6/28/mettalovingkindness
https://kripalu.org/resources/10-ways-deepen-your-loving-kindness-practice
https://positivepsychology.com/kindness-activities-empathy-worksheets

Photo retrieved from – https://www.pinterest.com.au/pin/859624647594556326/