[ Unicode ]
COVID-19 ဖြစ်လိုက်တဲ့အချိန်မှာ အိမ်က လူကြီးသူမတွေ အပြင်ထွက်တာ တားမရလို့ လူငယ်တွေ၊ သူငယ်ချင်းတွေရဲ့ ညည်းညူ သံကို အများကြီး ကြားခဲ့ရတယ်။ အချို့ မိဘတွေကလည်း သေဖို့ ကံပါလာရင် သေမှာပဲ ဆိုပြီး အပြင်တွေ ဆက်ထွက်ကြတယ်။ အချို့မိဘတွေက သားသမီးတွေ ရှေ့မှာ ငြိမ်ငြိမ်လေး နေပြီး ကွယ်ရာမှာ လစ်ထွက်ကြတယ်။ အချို့လူကြီးတွေက တားတဲ့သူတွေကို ဆူငေါက်ပြီး ပေါ်ပေါ်တင်တင်အပြင်ထွက်ကြတယ်။ သားသမီးနဲ့ မိဘကြားက စိတ်ပူမှုကို အခြေခံတဲ့ ဒေါသတွေ၊ အဆင်မပြေမှုတွေ စတင်ပြီးဖြစ်ကြတယ်။
ကျွန်မ တစ်ခါတစ်လေ စဉ်းစားတယ်။ ကျွန်မ မိဘဖြစ်လာတဲ့အခါ မိသားစုချင်းချင်း အပြန်အလှန် စိတ်ဆင်းရဲစေမယ့် လုပ်ရပ်မျိုး မလုပ်တဲ့ မိဘပဲ ဖြစ်ချင်တယ်။ ကျွန်မတို့ပညာရေး သီအိုရီမှာ မိဘနဲ့ သားသမီးကြား၊ ဆရာ၊မနဲ့ ကျောင်းသား၊သူကြား အပြန်အလှန် လေးစားမှု၊ အလေးထားမှုက သင်ယူရာမှာ၊ ဆုံးမရာမှာ ပိုထိရောက်စေတယ်၊ ပိုပြီး လေးနက်စေတယ်ဆိုတာ ရှိတယ်။
ကျွန်မတို့ ငယ်စဉ်ကတည်းက လူကြီး ပြောသမျှ နာခံရမယ်၊ လူကြီးပြောတာ၊လုပ်တာ အကုန်အမှန်ပဲ၊ လူကြီးကို မေးခွန်းပြန်မထုတ်နဲ့ ဆိုတာတွေကို အစဉ်မပြတ် အကြား၊ အမြင်၊ အတွေ့အကြုံတွေကနေတစ်ဆင့် သင်ယူခဲ့ရတယ်။ ဒီမှာ စဉ်းစားစရာရှိတာက လူကြီးတိုင်း အမြဲမှန်နိုင်လား၊ လူကြီးပြောတာ အကုန်လုံးက အကောင်းဆုံးပဲ ဖြစ်နေသလားပေါ့။ လူကြီးတွေဟာ လူငယ်၊ ကလေးတွေထက် အတွေ့အကြုံအားဖြင့် သာလွန်ပါတယ်။ ဒါပေမယ့် ကျွန်မအမြင်မှာ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် အမြဲ မမှန်နိုင်သလို၊ အမြဲလည်း မမှားနိုင်ပါဘူး။
မှန်ခြင်း၊မှားခြင်းဟာ အသက်အရွယ်နဲ့မဆိုင်သလို၊ ဂုဏ်ဒြပ်တွေနဲ့လည်း မဆိုင်ပါဘူး။ အဲဒီ့အတွက် ကျွန်မတို့တွေဟာ အသက်အရွယ်မရွေး၊ ဂုဏ်ဒြပ်မရွေး၊ ရာထူးမရွေးက လူတွေကို နားထောင်ပေးဖို့လိုပါတယ်။ ကိုယ့်ထက်ငယ်ပေမယ့် ငယ်သူစကားက ပိုမှန်ပြီး ကိုယ်က မှားသိနေတာလည်းဖြစ်နိုင်တယ်လေ။ အဲ့လိုပဲ လူကြီးက မှန်းပြီး လူငယ်က လိုက်နာကျင့်သုံးရမှာလည်း ရှိတာပါပဲ။
အဲဒီ့တော့ ငါက အဖေမို့လို့၊ ငါက အမေမို့လို့၊ ငါက ကြီးတော်မို့လို့ ငါပြောစကားပဲနားထောင်ရမယ်၊ ငါလုပ်တာပဲမှန်တယ်ဆိုတာမျိုးဟာ လူကြီးမိဘကောင်းတွေရဲ့ လုပ်ရပ်လား ဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။ ငယ်စဉ်ကတည်းက မိဘကို အထင်ကြီးလေးစားပြီး ကြီးပြင်းလာစေချင်ရင် မှားရင် မှားကြောင်း ဝန်ခံဖို့၊ အမှားကိုမြင်ရင် အမှန် ပြင်ဖို့၊ မှန်တဲ့အရာကို သိလိုဖို့လည်းလိုပါတယ်။
မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးဟာ လေးစားမှု၊ မြတ်နိုးမှု၊ ချစ်ခင်မှုကို အခြေခံပြီး တည်ဆောက်ပါမှ သားသမီးကလည်း မိဘစကားကို အလေးထားပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ပိုချနိုင်မှာမဟုတ်ဘူးလား။ ကိုယ်မလေးစားတဲ့၊ ကိုယ်စိတ်ပျက်နေတဲ့၊ ပြောမနိုင်တဲ့ မိဘရဲ့ စကားနဲ့ ကိုယ့်ကိုလည်း နားထောင်ပေးတယ်၊ ကိုယ့်စကားကိုလည်း အလေးထားတယ်ဆိုတဲ့ မိဘရဲ့စကား ယှဉ်ရင် ဘယ်မိဘစကားကို စာဖတ်သူ ပိုနားထောင်ချင်မလဲ။
ကျွန်မကတော့ သားသမီးတွေကို နားထောင်ပေးတဲ့၊ သားသမီးတွေရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့၊ သားသမီးတွေကိုယ်တိုင် လေးစားတဲ့ မိခင်တစ်ယောက်ဖြစ်ချင်တယ်။ အဲဒီ့အတွက် ကလေးတွေကို တစ်ခုခု ဆုံးမချင်တဲ့အခါ သူတို့ အမြင်တွေကို သေချာ နားထောင်မယ်၊ သူတို့ နဲ့ အပြန်အလှန် (အဆဲမပါ) အညင်သာဆုံး ဆွေးနွေးမယ်၊ အပြောနဲ့အလုပ်နဲ့ ညီအောင် လုပ်ပြမယ်။ ကလေးတွေက ကျွန်မစကားကို ၁၀၀ ရာခိုင်နုန်းနားထောင်ချင်မှ နားထောင်လိမ့်မယ်၊ ဒါပေမယ့် ကျွန်မက သူတို့အတွက် တိုင်ပင်ဖေါ်တိုင်ပင်ဖက်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာမျိုး တွေးမိစေချင်တယ်။
အခုလို ခက်ခဲနေတဲ့အချိန်မှာ မိဘတွေ၊ သားသမီးတွေ အပြန်အလှန် အေးအေးဆေးဆေးရှင်းပြဆွေးနွေးပြီး အိမ်မှာနေကြပါ။ အသက်ကြီးခြင်းဟာ လုပ်ချင်ရာလုပ်ခွင့်ရတဲ့ လက်မှတ် ရထားတာ မဟုတ်ပါဘူး။ အိမ်မှာ မိသားစု အချင်းချင်း ပြန်အလှန် နားထောင်ခြင်း၊ လေးစားမှုကိုပြခြင်းအားဖြင့် အခုလို ခက်ခဲတဲ့အချိန်ကို အောင်မြင်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။
မေတ္တာဖြင့်….
Sayarma-ဆရာမ
Photo Credit – https://www.todaysparent.com/wp-content/uploads/2016/03/how-to-teach-kids-to-stop-lying-960×1280-810×445-1490300724.jpg
[ Zawgyi ]
COVID-19 ျဖစ္လိုက္တဲ့အခ်ိန္မွာ အိမ္က လူႀကီးသူမေတြ အျပင္ထြက္တာ တားမရလို႔ လူငယ္ေတြ၊ သူငယ္ခ်င္းေတြရဲ့ ညည္းညဴ သံကို အမ်ားႀကီး ၾကားခဲ့ရတယ္။ အခ်ိဳ႕ မိဘေတြကလည္း ေသဖို႔ ကံပါလာရင္ ေသမွာပဲ ဆိုၿပီး အျပင္ေတြ ဆက္ထြက္ၾကတယ္။ အခ်ိဳ႕မိဘေတြက သားသမီးေတြ ေရွ႕မွာ ၿငိမ္ၿငိမ္ေလး ေနၿပီး ကြယ္ရာမွာ လစ္ထြက္ၾကတယ္။ အခ်ိဳ႕လူႀကီးေတြက တားတဲ့သူေတြကို ဆူေငါက္ၿပီး ေပၚေပၚတင္တင္အျပင္ထြက္ၾကတယ္။ သားသမီးနဲ႔ မိဘၾကားက စိတ္ပူမႈကို အေျခခံတဲ့ ေဒါသေတြ၊ အဆင္မေျပမႈေတြ စတင္ၿပီးျဖစ္ၾကတယ္။
ကၽြန္မ တစ္ခါတစ္ေလ စဥ္းစားတယ္။ ကၽြန္မ မိဘျဖစ္လာတဲ့အခါ မိသားစုခ်င္းခ်င္း အျပန္အလွန္ စိတ္ဆင္းရဲေစမယ့္ လုပ္ရပ္မ်ိဳး မလုပ္တဲ့ မိဘပဲ ျဖစ္ခ်င္တယ္။ ကၽြန္မတို႔ပညာေရး သီအိုရီမွာ မိဘနဲ႔ သားသမီးၾကား၊ ဆရာ၊မနဲ႔ ေက်ာင္းသား၊သူၾကား အျပန္အလွန္ ေလးစားမႈ၊ အေလးထားမႈက သင္ယူရာမွာ၊ ဆုံးမရာမွာ ပိုထိေရာက္ေစတယ္၊ ပိုၿပီး ေလးနက္ေစတယ္ဆိုတာ ရွိတယ္။
ကၽြန္မတို႔ ငယ္စဥ္ကတည္းက လူႀကီး ေျပာသမၽွ နာခံရမယ္၊ လူႀကီးေျပာတာ၊လုပ္တာ အကုန္အမွန္ပဲ၊ လူႀကီးကို ေမးခြန္းျပန္မထုတ္နဲ႔ ဆိုတာေတြကို အစဥ္မျပတ္ အၾကား၊ အျမင္၊ အေတြ႕အၾကဳံေတြကေနတစ္ဆင့္ သင္ယူခဲ့ရတယ္။ ဒီမွာ စဥ္းစားစရာရွိတာက လူႀကီးတိုင္း အျမဲမွန္နိုင္လား၊ လူႀကီးေျပာတာ အကုန္လုံးက အေကာင္းဆုံးပဲ ျဖစ္ေနသလားေပါ့။ လူႀကီးေတြဟာ လူငယ္၊ ကေလးေတြထက္ အေတြ႕အၾကဳံအားျဖင့္ သာလြန္ပါတယ္။ ဒါေပမယ့္ ကၽြန္မအျမင္မွာ လူႀကီးျဖစ္ျဖစ္၊ လူငယ္ျဖစ္ျဖစ္၊ ကေလးျဖစ္ျဖစ္ အျမဲ မမွန္နိုင္သလို၊ အျမဲလည္း မမွားနိုင္ပါဘူး။
မွန္ျခင္း၊မွားျခင္းဟာ အသက္အရြယ္နဲ႔မဆိုင္သလို၊ ဂုဏ္ျဒပ္ေတြနဲ႔လည္း မဆိုင္ပါဘူး။ အဲဒီ့အတြက္ ကၽြန္မတို႔ေတြဟာ အသက္အရြယ္မေရြး၊ ဂုဏ္ျဒပ္မေရြး၊ ရာထူးမေရြးက လူေတြကို နားေထာင္ေပးဖို႔လိုပါတယ္။ ကိုယ့္ထက္ငယ္ေပမယ့္ ငယ္သူစကားက ပိုမွန္ၿပီး ကိုယ္က မွားသိေနတာလည္းျဖစ္နိုင္တယ္ေလ။ အဲ့လိုပဲ လူႀကီးက မွန္းၿပီး လူငယ္က လိုက္နာက်င့္သုံးရမွာလည္း ရွိတာပါပဲ။
အဲဒီ့ေတာ့ ငါက အေဖမို႔လို႔၊ ငါက အေမမို႔လို႔၊ ငါက ႀကီးေတာ္မို႔လို႔ ငါေျပာစကားပဲနားေထာင္ရမယ္၊ ငါလုပ္တာပဲမွန္တယ္ဆိုတာမ်ိဳးဟာ လူႀကီးမိဘေကာင္းေတြရဲ့ လုပ္ရပ္လား ဆိုတာ ျပန္စဥ္းစားသင့္ပါတယ္။ ငယ္စဥ္ကတည္းက မိဘကို အထင္ႀကီးေလးစားၿပီး ႀကီးျပင္းလာေစခ်င္ရင္ မွားရင္ မွားေၾကာင္း ဝန္ခံဖို႔၊ အမွားကိုျမင္ရင္ အမွန္ ျပင္ဖို႔၊ မွန္တဲ့အရာကို သိလိုဖို႔လည္းလိုပါတယ္။
မိဘနဲ႔ သားသမီးၾကားက ဆက္ဆံေရးဟာ ေလးစားမႈ၊ ျမတ္နိုးမႈ၊ ခ်စ္ခင္မႈကို အေျခခံၿပီး တည္ေဆာက္ပါမွ သားသမီးကလည္း မိဘစကားကို အေလးထားၿပီး မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြ ပိုခ်နိုင္မွာမဟုတ္ဘူးလား။ ကိုယ္မေလးစားတဲ့၊ ကိုယ္စိတ္ပ်က္ေနတဲ့၊ ေျပာမနိုင္တဲ့ မိဘရဲ့ စကားနဲ႔ ကိုယ့္ကိုလည္း နားေထာင္ေပးတယ္၊ ကိုယ့္စကားကိုလည္း အေလးထားတယ္ဆိုတဲ့ မိဘရဲ့စကား ယွဥ္ရင္ ဘယ္မိဘစကားကို စာဖတ္သူ ပိုနားေထာင္ခ်င္မလဲ။
ကၽြန္မကေတာ့ သားသမီးေတြကို နားေထာင္ေပးတဲ့၊ သားသမီးေတြရဲ့ ေရွ႕ေဆာင္လမ္းၿပ ျဖစ္တဲ့၊ သားသမီးေတြကိုယ္တိုင္ ေလးစားတဲ့ မိခင္တစ္ေယာက္ျဖစ္ခ်င္တယ္။ အဲဒီ့အတြက္ ကေလးေတြကို တစ္ခုခု ဆုံးမခ်င္တဲ့အခါ သူတို႔ အျမင္ေတြကို ေသခ်ာ နားေထာင္မယ္၊ သူတို႔ နဲ႔ အျပန္အလွန္ (အဆဲမပါ) အညင္သာဆုံး ေဆြးေႏြးမယ္၊ အေျပာနဲ႔အလုပ္နဲ႔ ညီေအာင္ လုပ္ျပမယ္။ ကေလးေတြက ကၽြန္မစကားကို ၁၀၀ ရာခိုင္ႏုန္းနားေထာင္ခ်င္မွ နားေထာင္လိမ့္မယ္၊ ဒါေပမယ့္ ကၽြန္မက သူတို႔အတြက္ တိုင္ပင္ေဖၚတိုင္ပင္ဖက္ေကာင္းတစ္ေယာက္ျဖစ္တယ္ဆိုတာမ်ိဳး ေတြးမိေစခ်င္တယ္။
အခုလို ခက္ခဲေနတဲ့အခ်ိန္မွာ မိဘေတြ၊ သားသမီးေတြ အျပန္အလွန္ ေအးေအးေဆးေဆးရွင္းျပေဆြးေႏြးၿပီး အိမ္မွာေနၾကပါ။ အသက္ႀကီးျခင္းဟာ လုပ္ခ်င္ရာလုပ္ခြင့္ရတဲ့ လက္မွတ္ ရထားတာ မဟုတ္ပါဘူး။ အိမ္မွာ မိသားစု အခ်င္းခ်င္း ျပန္အလွန္ နားေထာင္ျခင္း၊ ေလးစားမႈကိုျပျခင္းအားျဖင့္ အခုလို ခက္ခဲတဲ့အခ်ိန္ကို ေအာင္ျမင္ေပ်ာ္ရႊင္စြာ ျဖတ္သန္းနိုင္ၾကပါေစ။
ေမတၱာျဖင့္….
Sayarma-ဆရာမ
Photo Credit – https://www.todaysparent.com/wp-content/uploads/2016/03/how-to-teach-kids-to-stop-lying-960×1280-810×445-1490300724.jpg