[Unicode]
အကြောင်းအမျိုးမျိုးကြောင့် မိစုံဖစုံ မရှိတဲ့ကလေးတွေ၊ မိဘနှစ်ပါးလုံး မရှိကြတဲ့ ကလေးတွေ အများကြီးရှိကြပါတယ်။ အမြဲတမ်းအတွက် အနားမှာ မရှိကြတာတွေ ဖြစ်နိုင်သလို၊ တစ်သက်စာ ဝေးကွာခြင်းမျိုးနဲ့ ပျောက်ကွယ်သွားကြတာမျိုးတွေလည်းရှိကြပါတယ်။ ဒီနေ့တော့ ကျွန်မတို့ စာသင်ခန်းထဲကို ရောက်လာမယ့် ဖခင်မဲ့၊ မိခင်မဲ့၊ မိဘမဲ့ကလေးတွေဟာ ဘယ်လို စိတ်အခြေအနေမျိုးတွေ ကြုံနိုင်ပြီး ကျွန်မတို့ ကျောင်းဆရာ၊မတွေနဲ့ အုပ်ထိန်းသူတွေက ဘယ်လို ကူညီနိုင်မယ်ဆိုတာကို ဖတ်သားမှတ်သားပြီး ပြန်လည် မျှဝေချင်ပါတယ်။
ဖခင်၊မိခင်၊မိဘ မဲ့နေကြတဲ့ကလေးတွေ၊ မိခင်၊ ဖခင်တွေရဲ့ အဝေးမှာရောက်နေကြတဲ့ကလေးတွေဟာ များသောအားဖြင့် …
၁) စိတ်ဓါတ်ကျလွယ်ကြတယ်။
၂) ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းကြတယ်။ (ကလေးများစွာမှာ ရှိနေကြတဲ့ မိဘတွေဟာ သူ့ဆီမှာမှ မရှိပါလားဆိုတဲ့အတွေးမျိုးနဲ့ သူတို့ကိုယ်သူတို့ သိမ်ငယ်လာကြတယ်။)
၃) စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်တယ်။ (ပိုစိတ်ဆိုးလွယ်တာဖြစ်ဖြစ်၊ ဒေါသကြီးတာမျိုးဖြစ်ဖြစ်၊ ဝမ်းနည်းလွယ်တာမျိုးဖြစ်ဖြစ်ပေါ့)
၄) ပညာလေ့လာမှုအပိုင်းမှာ အားနည်းကြတယ်။
၅) မူးယစ်ဆေးသုံးဖို့ အလားလာ ပိုများတယ်။
၆) အဆိုးဆုံးကတော့ ကိုယ့်ကိုကိုယ်သတ်သေဖို့တွေးခြင်းပါပဲ။ (ကိုယ်ဟာ အသက်ရှင်ရပ်တည်ဖို့တောင် တန်ဖိုးမရှိဘူးဆိုပြီး ကိုယ့်တန်ဖိုးကို မမြင်နိုင်တော့တဲ့အတွက်ဖြစ်ပါတယ်။)
ဒီလိုဖြစ်တတ်တာတွေဟာ မိခင်၊ဖခင်တွေမဲ့မနေဘဲနဲ့ မိဘရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝမရတဲ့သူတွေ၊ ပျက်စီးနေတဲ့ အိမ်ထောင်ရေးမှာ ကြီးပြင်းလာကြသူတွေမှာလည်း ကြုံရပါတယ်။
ဖြစ်ရတဲ့အကြောင်းအရင်းကတော့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတာကနေ စတာပါပဲ။ အများစုရှိနေကြတဲ့ မိဘဆိုတာကြီးက ကိုယ့်ဆီမှာ မရှိတဲ့အခါ တစ်ခုခုလိုအပ်နေသလိုလို၊ အများနဲ့ကွဲပြားပြီး ဘေးထွက်နေသလိုလိုဖြစ်ကြတာတွေကြောင့်လည်းပါပါတယ်။ မိဘရှိတဲ့သူတွေက ကိုယ့်ဘေးပတ်ဝန်းကျင်မှာ များတဲ့အခါ ကိုယ့်မှာမရှိတဲ့ မိ (သို့)ဘ ကို ညွှန်းတဲ့ မေးခွန်းတွေ မေးခံရတဲ့အခါမျိုးမှာ၊ ကိုယ့်မှာ မရှိတဲ့အရာအပေါ် လှောင်ပြောင်ခံရတဲ့အပေါ်တွေမှာ စိတ်ဒါဏ်ရာတွေ ရပြီး အပေါ်မှာ ပြောထားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်။
ဒါဆို ….
ကျွန်မတို့ စာသင်ခန်းမှာ ရောက်လာတဲ့ ကလေးတွေကို ဘယ်လို ကူညီကြမလဲ။
၁) ကလေးတွေကို သိအောင် လုပ်မယ်။
အရင်ဆုံး သိရမှာက ကျွန်မတို့ စာသင်ခန်းထဲရောက်လာမယ့် ကလေးတွေ အကြောင်းပါ။ ဘယ်ကလေးကတော့ ဘယ်လို မိသားစုက ဆင်းသက်လာတယ်ဆိုတဲ့ အကြောင်းအရင်း အကြမ်းဖျဉ်းသိအောင် လုပ်မယ်။ သိဖို့အတွက် အုပ်ထိန်းသူတွေ ကိုယ်တိုင်ကလည်း ဆရာ၊မနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့လိုပါတယ်။ ဆရာ၊မဖက်ကလည်း ကလေးကို ကူညီဖို့ဆိုတဲ့ စိတ်နဲ့ပဲ နားထောင်ရပါမယ်။ ခြောက်လတစ်ခါ၊ တစ်နှစ်တစ်ခါ အုပ်ထိန်းသူတွေနဲ့ တွေ့ပြီး ကလေးအကြောင်း ဆွေးနွေးတာတွေလုပ်မယ်။ အုပ်ထိန်းသူတွေဘက်ကလည်း အလိုက်တသိနဲ့ သင်ပြပေးနေတဲ့ ဆရာ၊မတွေဆီကို အချိန်ပေးပြီး ကလေးအကြောင်း ဆွေးနွေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။
၂) ကလေးစိတ်ကိုထိခိုက်စေမယ့် အပြုအမူ အပြောအဆို စကားအသုံးနှုန်းတွေ ရှောင်မယ်။
ကလေးတစ်ယောက်ဟာ ဖခင်မရှိတော့ဘူးဆိုပါတော့..။ သင်ခန်းစာထဲမှာ ဖခင်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ ပါလာရင်တောင် ကလေးအနေနဲ့ ခံသာအောင် ဖခင် (သို့) မိမိဘဝ၏ အရေးပါသော အမျိုးသားတစ်ဦး အကြောင်း စသည်ဖြင့် သုံးနှုန်းခြင်းဖြင့် ကလေးဘဝထဲမှာ ရှိနေမယ့် အခြားသော အမျိုးသားတစ်ဦးအကြောင်းကို သူဆွေးနွေးနိုင်လိမ့်မယ်။ ပြီးရင် ကလေးမှာ မရှိတဲ့ အရာအကြောင်း သင်ပေးတဲ့အခါ “လူတိုင်းမှာ အရာအားလုံး အမြဲ မရှိနိုင်တဲ့အကြောင်း”.. လူတိုင်းမှာ အရာတိုင်း မရှိခြင်းဟာ သဘာဝတရားဖြစ်တဲ့အကြောင်းကို ကလေးတွေ အားလုံး နားလည်အောင် ပြောဖို့လိုမယ်။ စကားတွေကို လက်လွတ်စပယ်မပြောဖို့လိုမယ်။ အတန်းထဲက ကလေးတွေကိုလည်း မိခင်၊ဖခင်၊ အုပ်ထိန်းသူတွေနဲ့ ပတ်သတ်တဲ့ စနောက်ခြင်းမျိုးတွေ မလုပ်ဖို့ သင်ခန်းစာတွေကနေတစ်ဆင့် သင်ပြပေးမယ်။
၃) လုံခြုံသော သင်ယူမှု ဝန်းကျင် တည်ဆောက်မယ်။
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ အုပ်ထိန်းသူ (သို့) အတန်းပိုင်ဆရာ၊မ တွေနဲ့တင်မဖြစ်ပါဘူး။ ကျောင်းအုပ်၊ အခြားအတန်းက ဆရာ၊မတွေနဲ့ကအစ တိုင်ပင်ပြီး တစ်ကျောင်းလုံးအတိုင်းအတာနဲ့ မိဘမဲ့ခြင်းကိစ္စဟာ ပျက်ရယ််ပြုစရာကိစ္စမဟုတ်ဘူးဆိုတဲ့အချက်ရယ်၊ မိဘမရှိကြတဲ့ သူတွေကို တွေ့တဲ့အခါ ဘယ်လို ကူညီနိုင်မယ်ဆိုတဲ့ အချက်တွေကို ပညာပေးဖို့ပြင်ဆင်သင့်ပါတယ်။ ကျောင်းသား ကျောင်းသူအချင်းချင်း ကူညီပံ့ပိုးနိုင်ပုံတွေကို အသေးစိတ် သင်ပြယုံတင်သာမက ရပ်ရွာမိဘတွေကိုပါ ပညာပေး ဆွေးနွေးပွဲတွေမှာ ထည့်သွင်း ပညာပေးသင့်တယ်။ ဒီလိုနဲ့ မိဘမဲ့ခြင်းကြောင့် ဖြစ်ပေါ်စေမယ့် စိတ်မလုံခြုံမှုကို လျော့ကျစေနိုင်ပါတယ်။
၄) အစားထိုး ပုဂ္ဂိုလ် ထားကြမယ်။
စာသင်ကျောင်းမှာသာမက အိမ်မှာပါ မိခင်မရှိတော့တဲ့ ကလေးဆိုရင် မိခင် အစားထိုး ချစ်ခြင်းမေတ္တာပေးနိုင်တဲ့သူ ထားဖို့လိုပါတယ်။ အဲဒီ့လိုပဲ ဖခင်မရှိရင် ဖခင် အစားထိုး ဖခင်မေတ္တာမျိုး ပေးနိုင်မယ့် အမျိုးသားတစ်ယောက်ရှိဖို့လိုပါတယ်။ အဲဒီ့လူတွေဟာ ကိုယ့်အဖိုး၊ အဖွား၊ ဦးဦး၊ဒေါ်ဒေါ် အပြင် ဆွေမျိုးမတော်စပ်တဲ့သူတွေလည်းဖြစ်နိုင်ပါတယ်။ စာသင်ကျောင်းမှာဆိုရင်လည်း ဖခင်မဲ့သူတွေအတွက် ကျောင်းဆရာတွေက အရေးပါသလို မိခင်မဲ့တဲ့ကလေးတွေအတွက် ဆရာမတွေက အရေးပါပါတယ်။ မိခင်၊ ဖခင်ဆီကနေ မတူညီတဲ့ မေတ္တာတစ်မျိုးမျိုး ချို့တဲ့ တဲ့အခါ ကလေးတွေက စိတ်ပိုင်းဆိုင်ရာထိခိုက်တတ်တဲ့အတွက် လိုအပ်မယ့် မေတ္တာတရားနဲ့ လမ်းညွှန်မှုတွေကို ရနေမယ်ဆိုရင် မေတ္တာချို့တဲ့ရင်း ဖြစ်တတ်တဲ့ အန္တရာယ်တွေကနေ ကာကွယ်နိုင်မှာပါ။
၅) ကလေးတွေကို နားထောင်ပေးမယ်။
တစ်ကယ်တော့ မိဘမဲ့ကလေးမှ မဟုတ်ပါဘူး ကလေးတိုင်းဟာ သူတို့ပြောသမျှကို နားထောင်ပေးတဲ့သူ၊ သူတို့ကို စိတ်ဝင်စားတဲ့သူတွေကို ပိုပြီး ခုံမင်တတ်ကြတယ်။ နားထောင်ပေးပြီး နားလည်နိုင်တယ်လို့ ယူဆတဲ့သူတွေကို ပိုယုံကြည်ကြတယ်။ အဲဒီ့အတွက် ကလေးတွေကို နားထောင်ပေးဖို့လိုမယ်။ အမြဲတမ်းမဟုတ်ရင်အောင် တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါ ကလေးနဲ့စကားတိုလေးတွေ ပြောတာမျိုးပေါ့။ ကျွန်မကျောင်းတစ်ကျောင်းမှာတုန်းကဆိုရင် ကလေးတွေအားလုံးကို စကားလိုက်ပြောရတယ်။ ကျွန်မတို့ ဆရာမ (၂)ယောက် ကျောင်းသား (၅၀)ကို လိုက်ပြောရတာ။ ဆရာမ တစ်ယောက် ၊ တစ်ရက်ကို ကျောင်းသား (၅ ) ယောက်လောက်ကို ပြောတဲ့အခါ တစ်ပတ်ပြည့်တဲ့အခါ ကျောင်းသားအားလုံးဟာ ဆရာမတစ်ယောက်နဲ့ စကားပြောဖြစ်သွားတယ်။ ကျွန်မတို့ဆရာမတွေကလည်း မှတ်တမ်းတိုလေးတွေ ထားပြီး ဘာတွေ သတိထားသင့်တယ်၊ ပြင်သင့်တယ် ဆိုတာ ကို ပြန်တိုင်ပင်ကြတယ်။ လိုအပ်ရင် ကျောင်းအုပ်ကို ပြောပြီး တစ်ကျောင်းလုံးမှာ လုပ်သင့်တဲ့လုပ်ငန်းမျိုးဆိုရင် တစ်ကျောင်းလုံးအတိုင်းအတာနဲ့လုပ်ကြတယ်။
၆) အထောက်အပံကွန်ရက် ဖန်တီးပေးမယ်။
မိ၊ဖ မဲ့တဲ့အခါ မိဘမရှိတဲ့ ကလေးတင်မဟုတ်ပါဘူး ကျန်ခဲ့တဲ့ အသိုင်းအဝိုင်းမှာလည်း ခက်ခဲပါတယ်။ ဥပမာ ဖခင်မရှိတော့တဲ့ မိသားစုမှာ မိခင်တစ်ယောက်တည်းကပဲ ဦးဆောင်နေရတယ်ဆိုရင် အဲဒီ့ မိခင်အတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေမယ့် ဝန်းကျင်မျိုးရှိသင့်ပါတယ်။ ဥပမာ ကျောင်းမှာ မိခင်ကို သူတို့တတ်တဲ့ ပညာတစ်ခုခု လာသင်ပေးခိုင်းတာမျိုး၊ ဒါမှမဟုတ် ဆရာ၊မတွေက အချိန်ပေးပြီး ဖခင်မရှိပေမယ့် မိခင်တစ်ယောက်ကနေ ဘယ်လို အိမ်မှာ ကလေးကို ပြုစုပျိုးထောင်နိုင်လဲဆိုတဲ့ ပညာပေးတာ ဆွေးနွေးတာမျိုးတွေလုပ်သင့်ပါတယ်။ အရေးကြီးတာက နားထောင်ပေးဖို့ပါ။ အဲဒီ့မိခင်ရဲ့ သူငယ်ချင်းတွေကလည်း မိခင် စိတ်ထဲမှာ အားငယ်စရာတွေပဲ ဖြစ်မနေအောင် စိတ်ဓါတ်ခိုင်မာနေအောင်၊ အမြဲတမ်းလုပ်သင့်တဲ့ သင်ယူမှုတွေ၊ လိုအပ်မယ့် စိတ်ခွန်အားဖြစ်စေမယ့် အရာတွေကို ပ့ံပိုးပေးသင့်ပါတယ်။
၇) အပြုသဘောဆောင်သော သင်ခန်းစာများ သင်ပေးမယ်၊ လက်တွေ့အသုံးချမယ်။
ကလေးတွေက မိခင်၊ဖခင်မရှိကြတဲ့အတွက် ကိုယ်ကိုကိုယ် ယုံကြည်ချက်မရှိတာမျိုး၊ ကိုယ့်ဘဝတန်ဖိုးကို နှိမ့်တွေးတာမျိုးတွေဖြစ်တတ်တဲ့အတွက် ကလေးတွေ မိမိကိုယ်ကို ယုံကြည်မှု တက်စေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်တည်ရှိမှုရဲ့တန်ဖိုးစတဲ့ သင်ခန်းစာတွေကို သင်ပေးသင့်ပါတယ်။ ကျောင်းမှာတင်မဟုတ်ဘူး အိမ်မှာပါ သင်ပေးသင့်တယ်။ အဲဒီ့အကြောင်းအရာတွေပါတဲ့ စာအုပ်တွေ ပေးဖတ်ပြီး အတူတူ ပြန်ဆွေးနွေးတာမျိုးတွေ လုပ်သင့်တယ်။ ဆရာ၊မ ကိုယ်တိုင်ကလည်း ကလေး ယုံကြည်မှုရှိအောင် အပြုသဘောဆောင်သော သဘောထားမှတ်ချက်တွေပေးသင့်တယ်။ အုပ်ထိန်းသူတွေလည်း အတူတူပါပဲ။
၈) အပြုသဘောဆောင်သော တုန့်ပြန်နည်းတွေကို ဆွေးနွေးမယ်၊ ပြောပြမယ်။
တစ်ခါတစ်လေမှာ ကလေးတွေရဲ့ အခြေအနေကို သတိမမူမိဘဲ ကလေးတွေရဲ့ မိဘနဲ့ပတ်သတ်တာတွေကို ပြောဆိုတာ၊ စနှောက်ကြတာမျိုးတွေ ကြုံရနိုင်ပါတယ်။ အရာအားလုံးဟာ ထိန်းချုပ်ထားလို့မရတဲ့အတွက် အဲ့လို အခြေအနေမျိုးတွေ ကြုံလာတဲ့အခါ ဘယ်လို အပြုသဘောနဲ့ တုန့်ပြန်ရမယ်၊ ကိုယ့်စိတ်ထဲမှာလည်း ဘယ်လို တွေးလို့ရတယ်ဆိုတာမျိုးတွေကို ဆွေးနွေးပြီး စိတ်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ ကျွန်မတို့ ဆရာ၊မတွေအနေနဲ့ သင်ပေးနိုင်တာကတော့ အပြုသဘောတွေးနည်းနဲ့ အပြုသဘော တုန့်ပြန်နည်းပါပဲ။ ဒါကြောင့် သင်ခန်းစာတွေထဲမှာ ထည့်သင်သလို ကိုယ်တိုင်ကလည်း ကလေးတွေရဲ့ အပြုအမူကို အပြုသဘောနည်းတွေနဲ့တွေးပြီး အပြုသဘောတုန့်ပြန်ရင်း စံပြ နမူနာလုပ်ပြရမှာပါ။
အချုပ်အားဖြင့် ပြောရရင် ပြည့်စုံတဲ့ဘဝကို လူတိုင်းလိုချင်ကြတာပါပဲ။ အရာရာ ကိုယ်ဖြစ်ချင်သလို မဖြစ်နိုင်တဲ့ ဘဝမှာ၊ ဖြစ်လာတဲ့အပေါ် အပြုသဘောဆောင်တဲ့ ဘဝကို ဘယ်လို အဓိပ္ပါယ်ရှိရှိနေထိုင်ကြသလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး ကျွန်မတို့ တစ်တွေရဲ့ ရပ်တည်မှု၊ ဖြစ်တည်မှု တန်ဖိုးတွေ ကွဲသွားပါတယ်။ ကလေးတွေဟာလည်း သူတို့မှာရှိနေတဲ့ အခက်အခဲတွေကို၊ မတူညီမှုတွေကို အပြုသဘောနဲ့လက်ခံပြီး အပြုသဘောနဲ့ ရှေ့ဆက်သွားမှ အပြုသဘောဆောင်တဲ့ ဘဝတွေကို ဦးဆောင်နိုင်မှာပါ။ အဲဒီ့အတွက် ကျွန်မတို့ မိဘတွေရော၊ ဆရာ၊မတွေရော ပတ်ဝန်းကျင်ရော၊ အားလုံးက အပြုသဘောဆန်တဲ့ တွေးခေါ်ယူဆမှုတွေ အပြုအမူတွေ ပြကြပါမှာ အပြုသဘောဆောင်တဲ့ ခေါင်းဆောင်ကောင်းတွေကို ကျွန်မတို့ နောင်တစ်ချိန်မှာ မြင်ရမှာပါ။
မိဘရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကောင်းဆုံး သင်ကြပြသ လမ်းညွှန်ပံ့ပိုးနိုင်ကြပါစေ။
မေတ္တာဖြင့်….
Sayarma-ဆရာမ
မှတ်ချက် – ဓါတ်ပုံက လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ထိုင်းနိုင်ငံက မိဘမဲ့ကလေးကျောင်းမှာ စာသွားသင်တုန်းက ကလေးတစ်ယောက်ရိုက်ပေးတဲ့ အမှတ်တရ ပုံလေးပါ။
စာညွှန်း – ကျွန်မအတွေ့အကြုံတွေနဲ့အတူ အချို့ဖတ်ဖြစ်ခဲ့တဲ့ စာတွေဆီကနေလည်း အကြံဉာဏ်တွေ ရခဲ့ပါတယ်။
[Zawgyi]
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိစံုဖစံု မရွိတဲ့ကေလးေတြ၊ မိဘႏွစ္ပါးလံုး မရွိၾကတဲ့ ကေလးေတြ အမ်ားၾကီးရွိၾကပါတယ္။ အျမဲတမ္းအတြက္ အနားမွာ မရွိၾကတာေတြ ျဖစ္နုိင္သလို၊ တစ္သက္စာ ေဝးကြာျခင္းမ်ိဳးနဲ႕ ေပ်ာက္ကြယ္သြားၾကတာမ်ိဳးေတြလည္းရွိၾကပါတယ္။ ဒီေန႕ေတာ့ ကၽြန္မတို႕ စာသင္ခန္းထဲကို ေရာက္လာမယ့္ ဖခင္မဲ့၊ မိခင္မဲ့၊ မိဘမဲ့ကေလးေတြဟာ ဘယ္လို စိတ္အေျခအေနမ်ိဳးေတြ ၾကံဳနုိင္ျပီး ကၽြန္မတို႕ ေက်ာင္းဆရာ၊မေတြနဲ႕ အုပ္ထိန္းသူေတြက ဘယ္လို ကူညီနုိင္မယ္ဆိုတာကို ဖတ္သားမွတ္သားျပီး ျပန္လည္ မွ်ေဝခ်င္ပါတယ္။
ဖခင္၊မိခင္၊မိဘ မဲ့ေနၾကတဲ့ကေလးေတြ၊ မိခင္၊ ဖခင္ေတြရဲ႕ အေဝးမွာေရာက္ေနၾကတဲ့ကေလးေတြဟာ မ်ားေသာအားျဖင့္ …
၁) စိတ္ဓါတ္က်လြယ္ၾကတယ္။
၂) ကိုယ့္ကိုကိုယ္ယံုၾကည္မွုအားနည္းၾကတယ္။ (ကေလးမ်ားစြာမွာ ရွိေနၾကတဲ့ မိဘေတြဟာ သူ႕ဆီမွာမွ မရွိပါလားဆိုတဲ့အေတြးမ်ိဳးနဲ႕ သူတို႕ကိုယ္သူတို႕ သိမ္ငယ္လာၾကတယ္။)
၃) စိတ္ပိုင္းဆိုင္ရာ ထိခိုက္လြယ္တယ္။ (ပိုစိတ္ဆိုးလြယ္တာျဖစ္ျဖစ္၊ ေဒါသၾကီးတာမ်ိဳးျဖစ္ျဖစ္၊ ဝမ္းနည္းလြယ္တာမ်ိဳးျဖစ္ျဖစ္ေပါ့)
၄) ပညာေလ့လာမွဳအပိုင္းမွာ အားနည္းၾကတယ္။
၅) မူးယစ္ေဆးသံုးဖို႕ အလားလာ ပိုမ်ားတယ္။
၆) အဆိုးဆံုးကေတာ့ ကိုယ့္ကိုကိုယ္သတ္ေသဖို႕ေတြးျခင္းပါပဲ။ (ကိုယ္ဟာ အသက္ရွင္ရပ္တည္ဖို႕ေတာင္ တန္ဖိုးမရွိဘူးဆိုျပီး ကိုယ့္တန္ဖိုးကို မျမင္နုိင္ေတာ့တဲ့အတြက္ျဖစ္ပါတယ္။)
ဒီလိုျဖစ္တတ္တာေတြဟာ မိခင္၊ဖခင္ေတြမဲ့မေနဘဲနဲ႕ မိဘရဲ႕ ခ်စ္ျခင္းေမတၱာကို အျပည့္အဝမရတ့ဲသူေတြ၊ ပ်က္စီးေနတဲ့ အိမ္ေထာင္ေရးမွာ ၾကီးျပင္းလာၾကသူေတြမွာလည္း ၾကံဳရပါတယ္။
ျဖစ္ရတဲ့အေၾကာင္းအရင္းကေတာ့ ကေလးေတြမွာ စိတ္ပိုင္းဆိုင္ရာ လံုျခံဳမွုမရွိတာကေန စတာပါပဲ။ အမ်ားစုရွိေနၾကတဲ့ မိဘဆိုတာၾကီးက ကိုယ့္ဆီမွာ မရွိတဲ့အခါ တစ္ခုခုလိုအပ္ေနသလိုလို၊ အမ်ားနဲ႕ကြဲျပားျပီး ေဘးထြက္ေနသလိုလိုျဖစ္ၾကတာေတြေၾကာင့္လည္းပါပါတယ္။ မိဘရွိတဲ့သူေတြက ကိုယ့္ေဘးပတ္ဝန္းက်င္မွာ မ်ားတဲ့အခါ ကိုယ့္မွာမရွိတဲ့ မိ (သို႕)ဘ ကို ညႊန္းတဲ့ ေမးခြန္းေတြ ေမးခံရတဲ့အခါမ်ိဳးမွာ၊ ကိုယ့္မွာ မရွိတဲ့အရာအေပၚ ေလွာင္ေျပာင္ခံရတဲ့အေပၚေတြမွာ စိတ္ဒါဏ္ရာေတြ ရျပီး အေပၚမွာ ေျပာထားတဲ့ အက်ိဳးသက္ေရာက္မွုေတြ ျဖစ္နုိင္ပါတယ္။
ဒါဆို ….
ကၽြန္မတို႕ စာသင္ခန္းမွာ ေရာက္လာတဲ့ ကေလးေတြကို ဘယ္လို ကူညီၾကမလဲ။
၁) ကေလးေတြကို သိေအာင္ လုပ္မယ္။
အရင္ဆံုး သိရမွာက ကၽြန္မတို႕ စာသင္ခန္းထဲေရာက္လာမယ့္ ကေလးေတြ အေၾကာင္းပါ။ ဘယ္ကေလးကေတာ့ ဘယ္လို မိသားစုက ဆင္းသက္လာတယ္ဆိုတဲ့ အေၾကာင္းအရင္း အၾကမ္းဖ်ဥ္းသိေအာင္ လုပ္မယ္။ သိဖို႕အတြက္ အုပ္ထိန္းသူေတြ ကိုယ္တုိင္ကလည္း ဆရာ၊မနဲ႕ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးဖို႕လိုပါတယ္။ ဆရာ၊မဖက္ကလည္း ကေလးကို ကူညီဖို႕ဆိုတဲ့ စိတ္နဲ႕ပဲ နားေထာင္ရပါမယ္။ ေျခာက္လတစ္ခါ၊ တစ္ႏွစ္တစ္ခါ အုပ္ထိန္းသူေတြနဲ႕ ေတြ႕ျပီး ကေလးအေၾကာင္း ေဆြးေႏြးတာေတြလုပ္မယ္။ အုပ္ထိန္းသူေတြဘက္ကလည္း အလိုက္တသိနဲ႕ သင္ျပေပးေနတဲ့ ဆရာ၊မေတြဆီကို အခ်ိန္ေပးျပီး ကေလးအေၾကာင္း ေဆြးေႏြးတာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္။
၂) ကေလးစိတ္ကိုထိခုိက္ေစမယ့္ အျပဳအမူ အေျပာအဆို စကားအသံုးႏွုန္းေတြ ေရွာင္မယ္။
ကေလးတစ္ေယာက္ဟာ ဖခင္မရွိေတာ့ဘူးဆိုပါေတာ့..။ သင္ခန္းစာထဲမွာ ဖခင္နဲ႕ပတ္သတ္တဲ့ အေၾကာင္းအရာေတြ ပါလာရင္ေတာင္ ကေလးအေနနဲ႕ ခံသာေအာင္ ဖခင္ (သို႕) မိမိဘဝ၏ အေရးပါေသာ အမ်ိဳးသားတစ္ဦး အေၾကာင္း စသည္ျဖင့္ သံုးႏွုန္းျခင္းျဖင့္ ကေလးဘဝထဲမွာ ရွိေနမယ့္ အျခားေသာ အမ်ိဳးသားတစ္ဦးအေၾကာင္းကို သူေဆြးေႏြးနုိင္လိမ့္မယ္။ ျပီးရင္ ကေလးမွာ မရွိတဲ့ အရာအေၾကာင္း သင္ေပးတဲ့အခါ “လူတိုင္းမွာ အရာအားလံုး အျမဲ မရွိနုိင္တဲ့အေၾကာင္း”.. လူတိုင္းမွာ အရာတိုင္း မရွိျခင္းဟာ သဘာဝတရားျဖစ္တဲ့အေၾကာင္းကို ကေလးေတြ အားလံုး နားလည္ေအာင္ ေျပာဖုိ႕လိုမယ္။ စကားေတြကို လက္လြတ္စပယ္မေျပာဖို႕လိုမယ္။ အတန္းထဲက ကေလးေတြကိုလည္း မိခင္၊ဖခင္၊ အုပ္ထိန္းသူေတြနဲ႕ ပတ္သတ္တဲ့ စေနာက္ျခင္းမ်ိဳးေတြ မလုပ္ဖို႕ သင္ခန္းစာေတြကေနတစ္ဆင့္ သင္ျပေပးမယ္။
၃) လံုျခံဳေသာ သင္ယူမွဳ ဝန္းက်င္ တည္ေဆာက္မယ္။
ကေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ဖို႕ဆိုတာ အုပ္ထိန္းသူ (သို႕) အတန္းပိုင္ဆရာ၊မ ေတြနဲ႕တင္မျဖစ္ပါဘူး။ ေက်ာင္းအုပ္၊ အျခားအတန္းက ဆရာ၊မေတြနဲ႕ကအစ တုိင္ပင္ျပီး တစ္ေက်ာင္းလံုးအတိုင္းအတာနဲ႕ မိဘမဲ႕ျခင္းကိစၥဟာ ပ်က္ရယ္္ျပဳစရာကိစၥမဟုတ္ဘူးဆိုတဲ့အခ်က္ရယ္၊ မိဘမရွိၾကတဲ့ သူေတြကို ေတြ႕တဲ့အခါ ဘယ္လုိ ကူညီနုိင္မယ္ဆိုတဲ့ အခ်က္ေတြကို ပညာေပးဖို႕ျပင္ဆင္သင့္ပါတယ္။ ေက်ာင္းသား ေက်ာင္းသူအခ်င္းခ်င္း ကူညီပံ့ပိုးနုိင္ပံုေတြကို အေသးစိတ္ သင္ျပယံုတင္သာမက ရပ္ရြာမိဘေတြကိုပါ ပညာေပး ေဆြးေႏြးပြဲေတြမွာ ထည့္သြင္း ပညာေပးသင့္တယ္။ ဒီလိုနဲ႕ မိဘမဲ႕ျခင္းေၾကာင့္ ျဖစ္ေပၚေစမယ့္ စိတ္မလံုျခံဳမွဳကို ေလ်ာ့က်ေစနုိင္ပါတယ္။
၄) အစားထိုး ပုဂၢိဳလ္ ထားၾကမယ္။
စာသင္ေက်ာင္းမွာသာမက အိမ္မွာပါ မိခင္မရွိေတာ့တဲ့ ကေလးဆိုရင္ မိခင္ အစားထိုး ခ်စ္ျခင္းေမတၱာေပးနုိင္တဲ့သူ ထားဖို႕လိုပါတယ္။ အဲဒီ့လိုပဲ ဖခင္မရွိရင္ ဖခင္ အစားထိုး ဖခင္ေမတၱာမ်ိဳး ေပးနုိင္မယ့္ အမ်ိဳးသားတစ္ေယာက္ရွိဖို႕လိုပါတယ္။ အဲဒီ့လူေတြဟာ ကိုယ့္အဖိုး၊ အဖြား၊ ဦးဦး၊ေဒၚေဒၚ အျပင္ ေဆြမ်ိဳးမေတာ္စပ္တဲ့သူေတြလည္းျဖစ္နုိင္ပါတယ္။ စာသင္ေက်ာင္းမွာဆိုရင္လည္း ဖခင္မဲ့သူေတြအတြက္ ေက်ာင္းဆရာေတြက အေရးပါသလို မိခင္မဲ့တဲ့ကေလးေတြအတြက္ ဆရာမေတြက အေရးပါပါတယ္။ မိခင္၊ ဖခင္ဆီကေန မတူညီတဲ့ ေမတၱာတစ္မ်ိဳးမ်ိဳး ခ်ိဳ႕တဲ့ တဲ့အခါ ကေလးေတြက စိတ္ပုိင္းဆိုင္ရာထိခုိက္တတ္တဲ့အတြက္ လိုအပ္မယ့္ ေမတၱာတရားနဲ႕ လမ္းညႊန္မွဳေတြကို ရေနမယ္ဆိုရင္ ေမတၱာခ်ိဳ႕တဲ့ရင္း ျဖစ္တတ္တဲ့ အႏၱရာယ္ေတြကေန ကာကြယ္နုိင္မွာပါ။
၅) ကေလးေတြကို နားေထာင္ေပးမယ္။
တစ္ကယ္ေတာ့ မိဘမဲ့ကေလးမွ မဟုတ္ပါဘူး ကေလးတိုင္းဟာ သူတို႕ေျပာသမွ်ကို နားေထာင္ေပးတဲ့သူ၊ သူတို႕ကို စိတ္ဝင္စားတဲ့သူေတြကို ပိုျပီး ခံုမင္တတ္ၾကတယ္။ နားေထာင္ေပးျပီး နားလည္နုိင္တယ္လို႕ ယူဆတဲ့သူေတြကို ပိုယံုၾကည္ၾကတယ္။ အဲဒီ့အတြက္ ကေလးေတြကို နားေထာင္ေပးဖို႕လုိမယ္။ အျမဲတမ္းမဟုတ္ရင္ေအာင္ တစ္ပတ္တစ္ခါ၊ ႏွစ္ပတ္တစ္ခါ ကေလးနဲ႕စကားတိုေလးေတြ ေျပာတာမ်ိဳးေပါ့။ ကၽြန္မေက်ာင္းတစ္ေက်ာင္းမွာတုန္းကဆိုရင္ ကေလးေတြအားလံုးကို စကားလုိက္ေျပာရတယ္။ ကၽြန္မတို႕ ဆရာမ (၂)ေယာက္ ေက်ာင္းသား (၅၀)ကို လုိက္ေျပာရတာ။ ဆရာမ တစ္ေယာက္ ၊ တစ္ရက္ကို ေက်ာင္းသား (၅ ) ေယာက္ေလာက္ကို ေျပာတဲ့အခါ တစ္ပတ္ျပည့္တဲ့အခါ ေက်ာင္းသားအားလံုးဟာ ဆရာမတစ္ေယာက္နဲ႕ စကားေျပာျဖစ္သြားတယ္။ ကၽြန္မတို႕ဆရာမေတြကလည္း မွတ္တမ္းတိုေလးေတြ ထားျပီး ဘာေတြ သတိထားသင့္တယ္၊ ျပင္သင့္တယ္ ဆိုတာ ကို ျပန္တိုင္ပင္ၾကတယ္။ လိုအပ္ရင္ ေက်ာင္းအုပ္ကို ေျပာျပီး တစ္ေက်ာင္းလံုးမွာ လုပ္သင့္တဲ့လုပ္ငန္းမ်ိဳးဆိုရင္ တစ္ေက်ာင္းလံုးအတိုင္းအတာနဲ႕လုပ္ၾကတယ္။
၆) အေထာက္အပံကြန္ရက္ ဖန္တီးေပးမယ္။
မိ၊ဖ မဲ့တဲ့အခါ မိဘမရွိတဲ့ ကေလးတင္မဟုတ္ပါဘူး က်န္ခဲ့တဲ့ အသိုင္းအဝိုင္းမွာလည္း ခက္ခဲပါတယ္။ ဥပမာ ဖခင္မရွိေတာ့တဲ့ မိသားစုမွာ မိခင္တစ္ေယာက္တည္းကပဲ ဦးေဆာင္ေနရတယ္ဆိုရင္ အဲဒီ့ မိခင္အတြက္ စိတ္ပုိင္းဆိုင္ရာ အေထာက္အပံ့ျဖစ္ေစမယ့္ ဝန္းက်င္မ်ိဳးရွိသင့္ပါတယ္။ ဥပမာ ေက်ာင္းမွာ မိခင္ကို သူတို႕တတ္တဲ့ ပညာတစ္ခုခု လာသင္ေပးခုိင္းတာမ်ိဳး၊ ဒါမွမဟုတ္ ဆရာ၊မေတြက အခ်ိန္ေပးျပီး ဖခင္မရွိေပမယ့္ မိခင္တစ္ေယာက္ကေန ဘယ္လို အိမ္မွာ ကေလးကို ျပဳစုပ်ိဳးေထာင္နုိင္လဲဆိုတဲ့ ပညာေပးတာ ေဆြးေႏြးတာမ်ိဳးေတြလုပ္သင့္ပါတယ္။ အေရးၾကီးတာက နားေထာင္ေပးဖို႕ပါ။ အဲဒီ့မိခင္ရဲ့ သူငယ္ခ်င္းေတြကလည္း မိခင္ စိတ္ထဲမွာ အားငယ္စရာေတြပဲ ျဖစ္မေနေအာင္ စိတ္ဓါတ္ခုိင္မာေနေအာင္၊ အျမဲတမ္းလုပ္သင့္တဲ့ သင္ယူမွဳေတြ၊ လိုအပ္မယ့္ စိတ္ခြန္အားျဖစ္ေစမယ့္ အရာေတြကို ပ့ံပိုးေပးသင့္ပါတယ္။
၇) အျပဳသေဘာေဆာင္ေသာ သင္ခန္းစာမ်ား သင္ေပးမယ္၊ လက္ေတြ႕အသံုးခ်မယ္။
ကေလးေတြက မိခင္၊ဖခင္မရွိၾကတဲ့အတြက္ ကိုယ္ကိုကိုယ္ ယံုၾကည္ခ်က္မရွိတာမ်ိဳး၊ ကိုယ့္ဘဝတန္ဖိုးကို ႏွိမ့္ေတြးတာမ်ိဳးေတြျဖစ္တတ္တဲ့အတြက္ ကေလးေတြ မိမိကိုယ္ကို ယံုၾကည္မွု တက္ေစမယ့္ ကိုယ့္ပတ္ဝန္းက်င္မွာ ကိုယ့္တည္ရွိမွဳရဲ႕တန္ဖိုးစတဲ့ သင္ခန္းစာေတြကို သင္ေပးသင့္ပါတယ္။ ေက်ာင္းမွာတင္မဟုတ္ဘူး အိမ္မွာပါ သင္ေပးသင့္တယ္။ အဲဒီ့အေၾကာင္းအရာေတြပါတဲ့ စာအုပ္ေတြ ေပးဖတ္ျပီး အတူတူ ျပန္ေဆြးေႏြးတာမ်ိဳးေတြ လုပ္သင့္တယ္။ ဆရာ၊မ ကိုယ္တိုင္ကလည္း ကေလး ယံုၾကည္မွုရွိေအာင္ အျပဳသေဘာေဆာင္ေသာ သေဘာထားမွတ္ခ်က္ေတြေပးသင့္တယ္။ အုပ္ထိန္းသူေတြလည္း အတူတူပါပဲ။
၈) အျပဳသေဘာေဆာင္ေသာ တုန္႕ျပန္နည္းေတြကို ေဆြးေႏြးမယ္၊ ေျပာျပမယ္။
တစ္ခါတစ္ေလမွာ ကေလးေတြရဲ့ အေျခအေနကို သတိမမူမိဘဲ ကေလးေတြရဲ့ မိဘနဲ႕ပတ္သတ္တာေတြကို ေျပာဆိုတာ၊ စေႏွာက္ၾကတာမ်ိဳးေတြ ၾကံဳရနုိင္ပါတယ္။ အရာအားလံုးဟာ ထိန္းခ်ဳပ္ထားလို႕မရတဲ့အတြက္ အဲ့လို အေျခအေနမ်ိဳးေတြ ၾကံုလာတဲ့အခါ ဘယ္လို အျပဳသေဘာနဲ႕ တုန္႕ျပန္ရမယ္၊ ကိုယ့္စိတ္ထဲမွာလည္း ဘယ္လို ေတြးလို႕ရတယ္ဆိုတာမ်ိဳးေတြကို ေဆြးေႏြးျပီး စိတ္ကိုၾကိဳတင္ျပင္ဆင္ထားဖို႕လိုပါတယ္။ ကၽြန္မတို႕ ဆရာ၊မေတြအေနနဲ႕ သင္ေပးနိုင္တာကေတာ့ အျပဳသေဘာေတြးနည္းနဲ႕ အျပဳသေဘာ တုန္႕ျပန္နည္းပါပဲ။ ဒါေၾကာင့္ သင္ခန္းစာေတြထဲမွာ ထည့္သင္သလို ကိုယ္တုိင္ကလည္း ကေလးေတြရဲ႕ အျပဳအမူကို အျပဳသေဘာနည္းေတြနဲ႕ေတြးျပီး အျပဳသေဘာတုန္႕ျပန္ရင္း စံျပ နမူနာလုပ္ျပရမွာပါ။
အခ်ဳပ္အားျဖင့္ ေျပာရရင္ ျပည့္စံုတဲ့ဘဝကို လူတုိင္းလုိခ်င္ၾကတာပါပဲ။ အရာရာ ကိုယ္ျဖစ္ခ်င္သလို မျဖစ္နုိင္တဲ့ ဘဝမွာ၊ ျဖစ္လာတဲ့အေပၚ အျပဳသေဘာေဆာင္တဲ့ ဘဝကို ဘယ္လို အဓိပၸါယ္ရွိရွိေနထုိင္ၾကသလဲဆိုတဲ့ အေပၚမွာ မူတည္ျပီး ကၽြန္မတို႕ တစ္ေတြရဲ႕ ရပ္တည္မွဳ၊ ျဖစ္တည္မွဳ တန္ဖိုးေတြ ကြဲသြားပါတယ္။ ကေလးေတြဟာလည္း သူတို႕မွာရွိေနတဲ့ အခက္အခဲေတြကို၊ မတူညီမွဳေတြကို အျပဳသေဘာနဲ႕လက္ခံျပီး အျပဳသေဘာနဲ႕ ေရွ႕ဆက္သြားမွ အျပဳသေဘာေဆာင္တဲ့ ဘဝေတြကို ဦးေဆာင္နုိင္မွာပါ။ အဲဒီ့အတြက္ ကၽြန္မတို႕ မိဘေတြေရာ၊ ဆရာ၊မေတြေရာ ပတ္ဝန္းက်င္ေရာ၊ အားလံုးက အျပဳသေဘာဆန္တဲ့ ေတြးေခၚယူဆမွဳေတြ အျပဳအမူေတြ ျပၾကပါမွာ အျပဳသေဘာေဆာင္တဲ့ ေခါင္းေဆာင္ေကာင္းေတြကို ကၽြန္မတို႕ ေနာင္တစ္ခ်ိန္မွာ ျမင္ရမွာပါ။
မိဘရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ အေကာင္းဆံုး သင္ၾကျပသ လမ္းညႊန္ပံ့ပိုးနုိင္ၾကပါေစ။
ေမတၱာျဖင့္….
Sayarma-ဆရာမ
မွတ္ခ်က္ – ဓါတ္ပံုက လြန္ခဲ့တဲ့ ၂၀၀၉ ခုႏွစ္ ထုိင္းနုိင္ငံက မိဘမဲ့ကေလးေက်ာင္းမွာ စာသြားသင္တုန္းက ကေလးတစ္ေယာက္ရိုက္ေပးတဲ့ အမွတ္တရ ပံုေလးပါ။
စာညႊန္း – ကၽြန္မအေတြ႕အၾကံုေတြနဲ႕အတူ အခ်ိဳ႕ဖတ္ျဖစ္ခဲ့တဲ့ စာေတြဆီကေနလည္း အၾကံဥာဏ္ေတြ ရခဲ့ပါတယ္။
https://wehavekids.com/family-relationships/When-Daddy-Dont-Love-Their-Daughters-What-Happens-to-Women-Whose-Fathers-Werent-There-for-Them> https://www.verywellfamily.com/tips-for-raising-a-girl-without-a-father-in-her-life-4126769