[Unicode]
ဒီအပတ်မှာတော့ ပေါ့ပေါ့ပါးပါး ပညာရေးစကားသံများနဲ့ ပညာရှင်တွေရဲ့ ပညာရေး ယုံကြည်ချက် ရခုကို စုစည်းဖေါ်ပြပေးချင်ပါတယ်။ ဖတ်ပြီးတဲ့အခါ ဘယ် ပညာရေးခံယူချက်ကတော့ ကိုယ်နဲ့ ကိုက်ညီတယ်ဆိုတာလေးလည်း မျှဝေပေးပါဦး။
• Education is not the learning of facts but the training of mind to think – Albert Einstein
“ပညာရေးဆိုတာ အချက်အလက်တွေကို သင်ယူဖို့တင်မဟုတ်ဘူး တွေးနိုင်တဲ့စိတ်ရှိအောင် လေ့ကျင့်သင်ကြားပေးဖို့ပါ။ ”
(အချက်အလက်တွေပဲ ကျက်မှတ်ခိုင်းနေတာဟာ ပညာရေးကို ပ့့ံပိုးပေးနေတာမဟုတ်ပါဘူး၊ သိလာတဲ့ ဗဟုသုတတွေကနေတစ်ဆင့် လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပြီးတွေးတတ်အောင်၊ ဆင်ခြင်သုံးသပ်တတ်အောင် သင်ပေးနိုင်မှ ပညာရေးကို အမှန်တစ်ကယ် ပ့့ံပိုးပေးနေတယ်လို့ ကျွန်မကတော့ ယုံကြည်တယ်။)
• The goal of education is not to increase the amount of knowledge but to create the possibilities for a child to invent and discover,to create men who are capable of doing new things – Jean Piaget
ပညာရေးရဲ့ ပန်းတိုင်ဟာ သိရှိမှု ပမာဏကို တိုးဖို့ထက် ကလေးတွေမှာ တီထွင်နိုင်ဖို့၊ ရှာဖွေတွေ့ရှိနိုင်ဖို့ ဖြစ်နိုင်ခြေတွေပိုများလာအောင် ဖန်တီးပေးခြင်းနဲ့ အသစ်အသစ်တွေ ဖန်တီးနိုင်စွမ်းရှိတဲ့ လူတွေဖြစ်လာအောင် ပံ့ပိုးပေးနို်င်ဖို့ပါပဲ။
(ပညာသင်ယူမှုဟာ အသိသစ်တိုးပွါးယုံတင်မကဘဲ ကလေးတွေမှာရှိတဲ့ လုပ်နိုင်စွမ်းတွေ၊ စွမ်းရည်တွေ၊ တန်ဖိုးထားမှုတွေကိုပါ တိုးတက်ပြောင်းလဲသွားအောင် လုပ်ပေးဖို့လိုပါတယ်။ အသိပညာအဆင့်မှာပဲ ရပ်နေပြီး အသိပညာကို အသုံးချခွင့်ရှိမယ့် လမ်းကြောင်းတွေ မဖေါ်ဆောင်ပေးရင် ပညာရေးရဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး။ အသစ်ဖန်တီးမှာကို မကြောက်ကြပါနဲ့။ အဟောင်းတွေကိုလည်း တန်ဖိုးထားတတ်အောင်၊ အဟောင်းတွေဆီကနေလည်း သင်ယူနိုင်အောင် ပံ့ပိုးသလို အသစ်တွေ လုပ်ခွင့်လည်း ပေးပါ၊ အသစ်တွေ ဖန်တီးဖို့လည်း အခွင့်အလမ်းတွေ ဖန်တီးပေးပါ။ ဒါမှ အမြဲ တိုးတက်ပြောင်းလဲနေတဲ့ လူ့အသိုင်းအဝန်းကို တည်ဆောက်နိုင်မှာပါ။)
• An investment in knowledge pays the best interest – Benjamin Franklin
အသိပညာမှာ ရင်းနှှှီးမြှုပ်နှံခြင်းဟာ အကောင်းဆုံးသော အတိုးအမြတ်ကိုရစေတယ်။
(သင်ယူပါ၊ သင်တန်းတွေတက်ပါ၊ စာဖတ်ပါ၊ လေ့လာပါ၊ သင်ယူခွင့်တွေ ပေးမယ့် အတွေ့အကြုံတွေ ရယူပါ – သင်ယူမှုကနေရလာတဲ့ အသိပညာတွေက အမြဲအသုံးဝင်နိုင်မှာပါ။ ဉာဏ်ပညာကြီးမားသော နိုင်ငံသားတွေများတဲ့နိုင်ငံက ပိုပြီး ချမ်းသာကြွယ်ဝကြတယ်။)
• Live as if you were to die tomorrow. Learn as if you were to live forever – Mahatma Gandhi
မနက်ဖြန်ဆို သေတော့မလို ဘဝကို နေထိုင်ပြီး၊ ထာဝရအသက်ရှင်တော့မယ့်အတိုင်း သင်ယူနေပါ။
(မနက်ဖြန်သေသွားရင်လို့တွေးလိုက်ရင် ကျွန်မတို့ရဲ့ ဒီနေ့ဟာ ပိုတန်ဖိုးရှိလာတယ်။ ဘေးမှာ ရှိတဲ့သူတွေကိုလည်း ပိုပြီး အပြုသဘောနဲ့ ဆက်ဆံတတ်လာမယ်၊ အရေးကြီးတာတွေပဲ ပိုပြီး ရွေးလုပ်နိုင်လာမယ်။ အမြဲရှင်သန်ရတော့မယ်လို့ တွေးလိုက်ရင် အနာဂါတ်တွေအတွက် သင်ယူဖို့လိုအပ်တာတွေတွေ့ရမယ်။ သင်ယူမှုဟာ ဆုံးခန်းတိုင်တာမှ မရှိတာ၊ အမြဲ သင်ယူဖို့ အဆင်သင့်ဖြစ်နေရမှာ။)
• Education is not preparation for life; education is life itself – John Dewey
ပညာရေးဆိုတာ ဘဝအတွက် ပြင်ဆင်ပေးတာမဟုတ်ဘူး၊ ပညာရေးကိုယ်တိုင်က ဘဝပဲ။
(ပညာရေးဆိုတာ ကျောင်းပြီးသွားပြီဆိုတာနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ ပညာရေးဟာ ကိုယ့်ဘဝအတွက် ပြင်ဆင်ပေးဖို့ဆိုတဲ့အတွေးတင်မဟုတ်ဘဲ ပညာရေးဟာ ကိုယ့်ဘဝလို့တွေးလိုက်ရင် အမြဲ သင်ယူနေမှာမို့ ဘဝဟာ ပိုပြီး အဓိပ္ပါယ်ရှိလာမယ်ထင်တယ်။)
• The greatest sign of success for a teacaher, is to be able to say, “the children are now working as if I did not exist” – Maria Montessori
ဆရာမတစ်ယောက်ရဲ့ အကြီးမားဆုံးသော အောင်မြင်မှု လက္ခဏာတစ်ခုကတော့ – ကလေးတွေက ကျွန်မ (ဆရာမ) မရှိသည့်အလား အလုပ်လုပ်နေကြတာပဲ -လို့ ပြောနိုင်ခြင်းဖြစ်ပါတယ်။
(ဆရာဖြစ်ခြင်းဟာ ကလေးတွေကို အမြဲထိန်းချုပ်နိုင်ဖို့၊ ကလေးတွေအမြဲ အမှီသဟဲပြုနိုင်ဖို့ဆိုတာထက် ကလေးတွေကို ကိုယ်ဖာသာ ရပ်တည်နိုင်အောင်၊ သင်ကြားသူမရှိရင်တောင် သင်ယူမှုတွေရှာဖွေပြီး သင်ယူတတ်အောင် သင်ပေးနိုင်ဖို့ လို့ကျွန်မမြင်ပါတယ်။ ကလေးတွေကို ကိုယ်ရှိမှဖြစ်မယ်ဆိုတာထက် ကိုယ်မရှိလည်း အကောင်းဆုံး သင်ယူနိုင်အောင်၊ အထိရောက်ဆုံးလေ့လာနိုင်အောင် ပြင်ဆင်ပေးဖို့လိုပါတယ်။)
• Education is the most powerful weapon which you can use to change the world – Nelson Mandela
ပညာရေးဟာ ကမ္ဘာကြီးကို ပြောင်းလဲဖို့ အသုံးပြုနိုင်တဲ့ အင်အားအကောင်းဆုံး လက်နက်ပဲ။
(စစ်မှန်တဲ့ ပညာရေးဟာ လူသားတွေကို တွေးခေါ်ဆင်ခြင်နိုင်အောင်၊ ဝေဖန်ပိုင်းခြားစဉ်းစားနိုင်အောင် သင်ပေးနိုင်တယ်။ ဒါကြောင့် အမှားအမှန်၊ အကောင်းအဆိုးကို သေသေချာချာ ခွဲခြားနိုင်ပြီး မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မှန်ကန်ထိရောက်တဲ့ နည်းစနစ်တွေနဲ့ ဖေါ်ဆောင်နိုင်တယ်၊ ဖေါ်ဆောင်မယ့် အပြောင်းအလဲတွေကိုလည်း ထိရောက်စွာ လိုက်နာ ကျင့်သုံးနိုင်ကြလိမ့်မယ်။ ပညာနိမ့်တဲ့ အဖွဲ့အစည်းတွေမှာတော့ တလွဲပြောင်းလဲမှုတွေများပြီး လုပ်ချင်ရာလုပ်သော နောက်လိုက်တွေရှိကြမယ်။)
ကျွန်မကတော့ ပညာရေးဆိုတာ ကျက်မှတ်ခြင်းနဲ့ပြီးဆုံးသွားတာမျိုးကို မလိုလားပါဘူး။ ဗဟုသုတရှိအောင် ပံ့ပိုးပေးဖို့လိုသလို၊ တွေးတတ်အောင်၊ ခံစားနားလည်တတ်အောင်လည်း လေ့ကျင့်ပေးဖို့လိုတယ်လို့မြင်ပါတယ်။ ကလေးတွေကိုယ်တိုင် သင်ယူမှုကို တန်ဖိုးထားပြီး ဆရာမရှိလည်း သင်ယူချင်စိတ်ရှိနေအောင်၊ သင်ယူမှုအခွင့်အလမ်းတွေ ဖန်တီးတတ်အောင် သင်ပေးနိုင်မှ ထိရောက်စွာ သင်ကြားနိုင်စွမ်းရှိတဲ့ ဆရာဖြစ်မယ်လို့လည်း ယုံကြည်တယ်။ အားလုံး သင်ယူမှုမှာ ပျော်မွေ့နိုင်ကြပါစေ။
မေတ္တာဖြင့်…..
Sayarma-ဆရာမ
Photo Credit to – https://www.fulcrumlabs.ai/blog/introduction-learning-culture/
[Zawgyi]
ဒီအပတ္မွာေတာ့ ေပါ့ေပါ့ပါးပါး ပညာေရးစကားသံမ်ားနဲ႕ ပညာရွင္ေတြရဲ႕ ပညာေရး ယံုၾကည္ခ်က္ ၇ခုကို စုစည္းေဖၚျပေပးခ်င္ပါတယ္။ ဖတ္ျပီးတဲ့အခါ ဘယ္ ပညာေရးခံယူခ်က္ကေတာ့ ကိုယ္နဲ႕ ကိုက္ညီတယ္ဆိုတာေလးလည္း မွ်ေဝေပးပါဦး။
• Education is not the learning of facts but the training of mind to think – Albert Einstein
“ပညာေရးဆိုတာ အခ်က္အလက္ေတြကို သင္ယူဖို႕တင္မဟုတ္ဘူး ေတြးနုိင္တဲ့စိတ္ရွိေအာင္ ေလ့က်င့္သင္ၾကားေပးဖုိ႕ပါ။ ”
(အခ်က္အလက္ေတြပဲ က်က္မွတ္ခိုင္းေနတာဟာ ပညာေရးကို ပ့့ံပိုးေပးေနတာမဟုတ္ပါဘူး၊ သိလာတဲ့ ဗဟုသုတေတြကေနတစ္ဆင့္ လက္ေတြ႕ဘဝနဲ႕ ခ်ိတ္ဆက္ျပီးေတြးတတ္ေအာင္၊ ဆင္ျခင္သံုးသပ္တတ္ေအာင္ သင္ေပးနုိင္မွ ပညာေရးကို အမွန္တစ္ကယ္ ပ့့ံပိုးေပးေနတယ္လို႕ ကၽြန္မကေတာ့ ယံုၾကည္တယ္။)
• The goal of education is not to increase the amount of knowledge but to create the possibilities for a child to invent and discover,to create men who are capable of doing new things – Jean Piaget
ပညာေရးရဲ႕ ပန္းတိုင္ဟာ သိရွိမွဳ ပမာဏကို တိုးဖုိ႕ထက္ ကေလးေတြမွာ တီထြင္နုိင္ဖုိ႕၊ ရွာေဖြေတြ႕ရွိနုိင္ဖို႕ ျဖစ္နုိင္ေျခေတြပိုမ်ားလာေအာင္ ဖန္တီးေပးျခင္းနဲ႕ အသစ္အသစ္ေတြ ဖန္တီးနုိင္စြမ္းရွိတဲ့ လူေတြျဖစ္လာေအာင္ ပံ့ပိုးေပးနုိ္င္ဖုိ႕ပါပဲ။
(ပညာသင္ယူမွုဟာ အသိသစ္တုိးပြါးယံုတင္မကဘဲ ကေလးေတြမွာရွိတဲ့ လုပ္နုိင္စြမ္းေတြ၊ စြမ္းရည္ေတြ၊ တန္ဖိုးထားမွဳေတြကိုပါ တိုးတက္ေျပာင္းလဲသြားေအာင္ လုပ္ေပးဖုိ႕လိုပါတယ္။ အသိပညာအဆင့္မွာပဲ ရပ္ေနျပီး အသိပညာကို အသံုးခ်ခြင့္ရွိမယ့္ လမ္းေၾကာင္းေတြ မေဖၚေဆာင္ေပးရင္ ပညာေရးရဲ႕ ပန္းတုိင္ကို ေရာက္မွာမဟုတ္ပါဘူး။ အသစ္ဖန္တီးမွာကို မေၾကာက္ၾကပါနဲ႕။ အေဟာင္းေတြကိုလည္း တန္ဖိုးထားတတ္ေအာင္၊ အေဟာင္းေတြဆီကေနလည္း သင္ယူနုိင္ေအာင္ ပံ့ပိုးသလို အသစ္ေတြ လုပ္ခြင့္လည္း ေပးပါ၊ အသစ္ေတြ ဖန္တီးဖုိ႕လည္း အခြင့္အလမ္းေတြ ဖန္တီးေပးပါ။ ဒါမွ အျမဲ တိုးတက္ေျပာင္းလဲေနတဲ့ လူ႕အသိုင္းအဝန္းကို တည္ေဆာက္နုိင္မွာပါ။)
• An investment in knowledge pays the best interest – Benjamin Franklin
အသိပညာမွာ ရင္းႏွွွီးျမွဳပ္ႏွံျခင္းဟာ အေကာင္းဆံုးေသာ အတိုးအျမတ္ကိုရေစတယ္။
(သင္ယူပါ၊ သင္တန္းေတြတက္ပါ၊ စာဖတ္ပါ၊ ေလ့လာပါ၊ သင္ယူခြင့္ေတြ ေပးမယ့္ အေတြ႕အၾကံဳေတြ ရယူပါ – သင္ယူမွဳကေနရလာတဲ့ အသိပညာေတြက အျမဲအသံုးဝင္နုိင္မွာပါ။ ဥာဏ္ပညာၾကီးမားေသာ နုိင္ငံသားေတြမ်ားတဲ့နုိင္ငံက ပိုျပီး ခ်မ္းသာၾကြယ္ဝၾကတယ္။)
• Live as if you were to die tomorrow. Learn as if you were to live forever – Mahatma Gandhi
မနက္ျဖန္ဆို ေသေတာ့မလို ဘဝကို ေနထုိင္ျပီး၊ ထာဝရအသက္ရွင္ေတာ့မယ့္အတိုင္း သင္ယူေနပါ။
(မနက္ျဖန္ေသသြားရင္လုိ႕ေတြးလုိက္ရင္ ကၽြန္မတို႕ရဲ႕ ဒီေန႕ဟာ ပိုတန္ဖိုးရွိလာတယ္။ ေဘးမွာ ရွိတဲ့သူေတြကိုလည္း ပိုျပီး အျပဳသေဘာနဲ႕ ဆက္ဆံတတ္လာမယ္၊ အေရးၾကီးတာေတြပဲ ပိုျပီး ေရြးလုပ္နုိင္လာမယ္။ အျမဲရွင္သန္ရေတာ့မယ္လို႕ ေတြးလုိက္ရင္ အနာဂါတ္ေတြအတြက္ သင္ယူဖုိ႕လိုအပ္တာေတြေတြ႕ရမယ္။ သင္ယူမွဳဟာ ဆံုးခန္းတုိင္တာမွ မရွိတာ၊ အျမဲ သင္ယူဖုိ႕ အဆင္သင့္ျဖစ္ေနရမွာ။)
• Education is not preparation for life; education is life itself – John Dewey
ပညာေရးဆိုတာ ဘဝအတြက္ ျပင္ဆင္ေပးတာမဟုတ္ဘူး၊ ပညာေရးကိုယ္တုိင္က ဘဝပဲ။
(ပညာေရးဆုိတာ ေက်ာင္းျပီးသြားျပီဆိုတာနဲ႕ ျပီးသြားတာမဟုတ္ပါဘူး။ ပညာေရးဟာ ကိုယ့္ဘဝအတြက္ ျပင္ဆင္ေပးဖို႕ဆိုတဲ့အေတြးတင္မဟုတ္ဘဲ ပညာေရးဟာ ကိုယ့္ဘဝလို႕ေတြးလုိက္ရင္ အျမဲ သင္ယူေနမွာမုိ႕ ဘဝဟာ ပိုျပီး အဓိပၸါယ္ရွိလာမယ္ထင္တယ္။)
• The greatest sign of success for a teacaher, is to be able to say, “the children are now working as if I did not exist” – Maria Montessori
ဆရာမတစ္ေယာက္ရဲ႕ အၾကီးမားဆံုးေသာ ေအာင္ျမင္မွဳ လကၡဏာတစ္ခုကေတာ့ – ကေလးေတြက ကၽြန္မ (ဆရာမ) မရွိသည့္အလား အလုပ္လုပ္ေနၾကတာပဲ -လို႕ ေျပာနုိင္ျခင္းျဖစ္ပါတယ္။
(ဆရာျဖစ္ျခင္းဟာ ကေလးေတြကုိ အျမဲထိန္းခ်ဳပ္နုိင္ဖုိ႕၊ ကေလးေတြအျမဲ အမွီသဟဲျပဳနုိင္ဖို႕ဆိုတာထက္ ကေလးေတြကို ကိုယ္ဖာသာ ရပ္တည္နုိင္ေအာင္၊ သင္ၾကားသူမရွိရင္ေတာင္ သင္ယူမွုေတြရွာေဖြျပီး သင္ယူတတ္ေအာင္ သင္ေပးနုိင္ဖို႕ လို႕ကၽြန္မျမင္ပါတယ္။ ကေလးေတြကို ကိုယ္ရွိမွျဖစ္မယ္ဆိုတာထက္ ကိုယ္မရွိလည္း အေကာင္းဆံုး သင္ယူနုိင္ေအာင္၊ အထိေရာက္ဆံုးေလ့လာနုိင္ေအာင္ ျပင္ဆင္ေပးဖုိ႕လိုပါတယ္။)
• Education is the most powerful weapon which you can use to change the world – Nelson Mandela
ပညာေရးဟာ ကမာၻၾကီးကို ေျပာင္းလဲဖုိ႕ အသံုးျပဳနုိင္တဲ့ အင္အားအေကာင္းဆံုး လက္နက္ပဲ။
(စစ္မွန္တဲ့ ပညာေရးဟာ လူသားေတြကို ေတြးေခၚဆင္ျခင္နုိင္ေအာင္၊ ေဝဖန္ပိုင္းျခားစဥ္းစားနုိင္ေအာင္ သင္ေပးနုိင္တယ္။ ဒါေၾကာင့္ အမွားအမွန္၊ အေကာင္းအဆိုးကို ေသေသခ်ာခ်ာ ခြဲျခားနုိင္ျပီး မွန္ကန္တဲ့ ျပဳျပင္ေျပာင္းလဲမွဳေတြကို မွန္ကန္ထိေရာက္တဲ့ နည္းစနစ္ေတြနဲ႕ ေဖၚေဆာင္နုိင္တယ္၊ ေဖၚေဆာင္မယ့္ အေျပာင္းအလဲေတြကိုလည္း ထိေရာက္စြာ လုိက္နာ က်င့္သံုးနုိင္ၾကလိမ့္မယ္။ ပညာနိမ့္တဲ့ အဖြဲ႕အစည္းေတြမွာေတာ့ တလြဲေျပာင္းလဲမွဳေတြမ်ားျပီး လုပ္ခ်င္ရာလုပ္ေသာ ေနာက္လုိက္ေတြရွိၾကမယ္။)
ကၽြန္မကေတာ့ ပညာေရးဆိုတာ က်က္မွတ္ျခင္းနဲ႕ျပီးဆံုးသြားတာမ်ိဳးကို မလိုလားပါဘူး။ ဗဟုသုတရွိေအာင္ ပံ့ပိုးေပးဖုိ႕လိုသလို၊ ေတြးတတ္ေအာင္၊ ခံစားနားလည္တတ္ေအာင္လည္း ေလ့က်င့္ေပးဖို႕လိုတယ္လို႕ျမင္ပါတယ္။ ကေလးေတြကိုယ္တုိင္ သင္ယူမွဳကို တန္ဖိုးထားျပီး ဆရာမရွိလည္း သင္ယူခ်င္စိတ္ရွိေနေအာင္၊ သင္ယူမွဳအခြင့္အလမ္းေတြ ဖန္တီးတတ္ေအာင္ သင္ေပးနုိင္မွ ထိေရာက္စြာ သင္ၾကားနုိင္စြမ္းရွိတဲ့ ဆရာျဖစ္မယ္လို႕လည္း ယံုၾကည္တယ္။ အားလံုး သင္ယူမွဳမွာ ေပ်ာ္ေမြ႕နုိင္ၾကပါေစ။
ေမတၱာျဖင့္…..
Sayarma-ဆရာမ Photo Credit to – https://www.fulcrumlabs.ai/blog/introduction-learning-culture/