[ Unicode ]
နောက်လိုက်လို့ပြောရင် ရာထူးငယ်တဲ့သူတွေကို ပြေးမြင်တတ်ပါတယ်။ ဒီနေ့ ကျွန်မရည်ညွှန်းတဲ့ နောက်လိုက်ဆိုတာက ရာထူးငယ်တဲ့သူတွေတွင်မဟုတ်ဘဲ အိုင်ဒီယာတစ်ခု၊ အမြင်တစ်ခုကို အရင်တွေးမိပြီး ပြောပြတဲ့အခါ နောက်က လိုက်လုပ်မယ့်သူတွေလည်းဖြစ်နိုင်ပါတယ်။ ကျွန်မတို့ အသိုင်းအဝန်းမှာ ရာထူးကြီးသူစကားကို ရာထူးငယ်သူက နားထောင်ရတယ်။ ခေါင်းဆောင်ဆိုတဲ့ ဘွဲ့ယူထားတဲ့ ရာထူးကြီးသူနောက်ကနေ နောက်လိုက်ကောင်းဖြစ်အောင် လုပ်ရမယ်ဆိုတာကိုပဲ အမြဲ တွေးကြပါတယ်။ ကျွန်မအမြင်ကတော့ အဖွဲ့တစ်ခုမှာ ရာထူးမကြီးသေ်ာငြားလည်း အဲဒီ့ဝန်ထမ်းရဲ့ အိုင်ဒီယာက ကောင်းလို့ သူကအမြင်တွေကို လက်တွေ့လုပ်ဆောင်ခွင့်ပေးတဲ့အခါ ကျန်တဲ့သူတွေက သူ့ကို ပံ့ပိုးပေးသော နောက်လိုက်ကောင်းတွေဖြစ်ပါမှ သူလည်း ဖွံ့ဖြိုးသလို အဖွဲ့အစည်းအတွက် အိုင်ဒီယာကောင်းတွေ၊ လုပ်ငန်းအကောင်းတွေပိုလို့ရလာမယ်လို့မြင်ပါတယ်။ ဒါကြောင့် ရာထူးငယ်ပေမယ့် ခေါင်းဆောင်ကောင်းတွေဖြစ်နိုင်ချေရှိပါတယ်။ ရာထူးကြီးပေမယ့်လည်း နောက်လိုက်ကောင်းတွေဖြစ်လို့ရပါတယ်။
ပညာရေးမှာဆို ကျောင်းအုပ်နဲ့ ဆရာ၊မကို ဥပမာပေးချင်ပါတယ်။ ကျောင်းအုပ်ဆိုတဲ့ ရာထူးယူထားတဲ့အတွက် အရှေ့ကိုကြိုမြင်၊ ကြိုတွေးပြီး ကျောင်းက ဘက်စုံ ဖွံ့ဖြိုးဖို့ ကျောင်းနဲ့သက်ဆိုင်တဲ့သူတွေ ဖွံ့ဖြိုးဖို့ကို အမြဲတမ်း စဉ်းစားပြင်ဆင်နေရပါတယ်။ စဉ်းစားမိတဲ့အတိုင်း ကျောင်းက ဆရာ၊မတွေကို နားလည် လက်ခံအောင် အပြုသဘောမျှဝေမှုတွေလုပ်ပြီး၊ ဆရာ၊မတွေနဲ့ သက်ဆိုင်သူတွေကလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အကောင်းဆုံးပံ့ပိုးပေးခြင်းအားဖြင့် ကျောင်းအုပ်ရဲ့ နောက်လိုက်ကောင်းတွေဖြစ်နိုင်ပါတယ်။ လက်တွေ့လုပ်ကြည့်တဲ့အခါ အဆင်ပြေတဲ့ လုပ်ငန်းတွေရှိသလို၊ အဆင်မပြေတာတွေလည်း ကြုံလာနိုင်ပါတယ်။ အဲဒီ့အခါ ဆရာ၊မတစ်ဦးတစ်ယောက်က ကြောင်းကျိုးဥပမာပေးပြီး ဘယ်လို ပြောင်းလဲလုပ်သင့်တယ်၊ ဘာကြောင့်လုပ်သင့်တယ်၊ ဘာတွေလုပ်အပ်မယ် စတာတွေကို အကြံဉာဏ်ပေးလာပြီဆိုရင် ကျောင်းအုပ်တွေအနေနဲ့ အားလုံးနဲ့ ဆွေးနွေးပြီး လုပ်မယ်၊မလုပ်ဘူး ဆုံးဖြတ်နိုင်ပါတယ်။ လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ ကျောင်းအုပ်အနေနဲ့လည်း အဲဒီ့ အကြံပြုချက်ရဲ့ နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားပြီး လုပ်ဆောင်ကြည့်ဖို့လိုလာပါပြီ။ အိုင်ဒီယာပေးသူကလည်း အကောင်းဆုံး ပြင်ဆင်ပြီး အကြံပေးသင့်သလို လိုက်လုပ်သူတွေကလည်း အကောင်းဆုံး လိုက်လုပ်သင့်ပါတယ်။
ကျွန်မ အမြင်ကတော့ ဇိန့်ဇွန်းရွာက အစိုးရကျောင်းလေးမှာ ခေါင်းဆောင်ကောင်းတွေရှိသလို နောက်လိုက်ကောင်းတွေရှိတယ်လို့ မြင်တယ်။ ကျောင်းမှာ ကျောင်းအုပ်ပေးတဲ့ အကြံဉာဏ်တွင်မဟုတ်ဘဲ ဆရာ၊မတွေ၊ ကလေးတွေပေးတဲ့ အကြံဉာဏ်တွေကို လက်တွေ့ အကောင်အထည်ဖေါ်တဲ့အခါ ရာထူး မရွေး နောက်လိုက်ကောင်းတွေ အဖြစ် လုပ်ကြတယ်၊ ကန့်လန့်မတိုက်ကြဘူး။ အဲဒီ့အခါ ကျောင်းရဲ့ ဖွံ့ဖြိုးမှု၊ ကလေးတွေရဲ့ တိုးတက်မှုနဲ့ ကျောင်းရဲ့ ဂုဏ်သတင်းလည်း မွှေးတာပေါ့။ ကျောင်းအုပ်ကလည်း ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ ကျောင်းရဲ့ ကောင်းကျိုး၊ ဆရာ၊မတွေရဲ့ ကောင်းကျိုးကို မျှော်ပြီး ကူညီပံ့ပိုးပေးတယ်၊ အဲဒီ့ကျောင်းအုပ်ကပဲ နောက်လိုက်ကောင်းအနေနဲ့ ကိုယ်နဲ့လက်တွဲလုပ်နေတဲ့ ဆရာ၊မတွေရဲ့ အိုင်ဒီယာတွေကို လက်တွေ့လုပ်ဆောင်ခွင့်ပေးပြီး နောက်ကနေ ထောက်ပံပေးတယ်။ ဒါကြောင့် ကျွန်မကတော့ လူတစ်ယောက်ဟာ ခေါင်းဆောင်ကောင်းဖြစ်နိုင်သလို နောက်လိုက်ကောင်းလည်းဖြစ်နိုင်ပါတယ်။
ခေါင်းဆောင်နဲ့ နောက်လိုက် – ဘယ်သူအရေးကြီးလဲ။ ကျောင်းအုပ်နဲ့ ကျောင်းဆရာ၊မတွေ ဘယ်သူအရေးကြီးလဲ။ မိဘနဲ့ သားသမီးဘယ်သူအရေးကြီးလဲ ဆိုတဲ့ မေးခွန်းတွေအတွက် အဖြေက တစ်ခုထဲပါပဲ။ အဲဒါကတော့ လူတိုင်းအရေးကြီးတယ်။ ခေါင်းဆောင်လည်း အရေးပါသလို နောက်လိုက်ကောင်းတွေရှိဖို့ကလည်း အရေးကြီးတယ်။ အားလုံးလည်း ကျွန်မတို့ နိုင်ငံရဲ့ အခြေအနေကို သိမြင်ပြီးမှာပါ။ ခေါင်းဆောင်တစ်ယောက်ထဲ ထူးချွန်ထက်မြက်နေလို့ နေရတကာပါနေလို့ နိုင်ငံအောင်မြင်တိုးတက်မှုရှိနိုင်မှာမဟုတ်ပါဘူး။ ခေါင်းဆောင်ရဲ့ အမြင်၊အတွေးတွေကို သေချာနားလည်သဘောပေါက်ပြီး လိုက်နာ လုပ်ဆောင်နိုင်တဲ့ နောက်လိုက်ကောင်းတွေရှိမှလည်း လုပ်ငန်းတွေက ပိုမိုရှေ့ရောက်ပြီး အောင်မြင်နိုင်မှာပါ။ မဟုတ်ရင်တော့ အိတ်ပေါက်နဲ့ ဖားကောက်ရသလိုပဲ ဖြစ်နေမှာပေါ့။ နောက်လိုက်တွေ ကောင်းလာဖို့ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက အရေးပါသလို၊ ခေါင်းဆောင်တွေ ကောင်းလာဖို့ နောက်လိုက်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။
ကျွန်မ ကြုံဖူးသမျှထဲမှာ – အချို့ ကျောင်းအုပ်တွေက အရမ်းအမြင်ကျယ်တယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေက သူတို့ကျောင်းက ဆရာ၊မတွေထက် အများကြီးသာတယ်။ လုပ်ချင်စိတ်တွေကလည်း အရမ်းပြင်းတယ်။ ဒါပေမယ့် သူတို့က သူတို့နဲ့အတူလက်တွဲလုပ်နေတဲ့ ဆရာ၊မတွေရဲ့ အရည်သွေးတွေကို မြှင့်ဖို့၊ လုပ်ပိုင်ခွင့်ပေးဖို့၊ အဓိက က သွားချင်တဲ့လမ်းကြောင်းကို နားလည်အောင် ရှင်းပြပြီး လက်တွဲခေါ်ဖို့ ကို မေ့နေတတ်ကြတယ်၊ အရေးမပါဘူးလို့ထင်ကြတယ်။ အဲဒီ့လိုတွေမလုပ်တဲ့အခါ ခေါင်းဆောင်က တစ်ယောက်ထဲ ရှေ့မှာ ပြေးပြီး နောက်က လိုက်ရတဲ့သူတွေက ကျန်နေခဲ့ရော။ အဲဒီ့တော့ ခေါင်းဆောင်ကောင်းဖြစ်ဖို့ နောက်လိုက်တွေ ကောင်းလာအောင်၊ နောက်လိုက်တွေ တိုးတက်လာအောင်လည်း စဉ်းစားပေးဖို့လိုပါတယ်။
ကျွန်မတို့တစ်တွေအားလုံးဟာ တစ်ချိန်တည်းမှာ ခေါင်းဆောင်လည်းဖြစ်နိုင်တယ်၊ နောက်လိုက်လည်းဖြစ်နိုင်တယ်။ ကျောင်းမှာ ကျောင်းအုပ်နောက်ကနေ လိုက်တဲ့သူဖြစ်ပေမယ့်၊ စာသင်ခန်းထဲမှာ ကလေးတွေရဲ့ ခေါင်းဆောင်ဖြစ်သွားပြန်ရော၊ အိမ်ရောက်တဲ့အခါ ဦးဆောင်သူဖြစ်သွားပြီး နိုင်ငံအနေနဲ့ကြည့်ရင် နောက်လိုက်ကောင်းတွေဖြစ်ဖို့လိုနေပြန်ရော။ တစ်ပြိုင်တည်းမှာ ခေါင်းဆောင်ဖြစ်လိုက်၊ နောက်လိုက်ဖြစ်လိုက်နဲ့ အခြေအနေမှာ အရေးကြီးဆုံးက ဘာတာဝန်ပဲယူယူ အကောင်းဆုံးလုပ်ပေးဖို့ပါပဲ။ ခေါင်းဆောင်တာဝန်ယူတဲ့အခါ ခေါင်းမရှောင်ဖို့ အရေးကြီးသလို နောက်ကလိုက်တဲ့အခါ ရှေ့လူကို ခြေထိုးမခံဖို့၊ ကန့်လန့်မတိုက်ဖို့လိုပါတယ်။ ကျွန်မတို့အားလုံးတွေ ခေါင်းဆောင်ကောင်းတွေ၊ နောက်လိုက်ကောင်းတွေဖြစ်ဖို့ ကြိုးစားရင်း ကလေးတွေကိုလည်း ခေါင်းဆောင်ကောင်းရော၊ နောက်လိုက်ကောင်းရောဖြစ်ဖို့ ကူညီပံ့ပိုးကြရအောင်လေ။
မေတ္တာဖြင့်……
Sayarma-ဆရာမ
Photo Credit to – https://www.patheos.com/blogs/mostlymuslim/2019/01/leader-follower-social-influence-independence-religion/?fbclid=IwAR0K-ywxA8FfcHBi0B6Ibm3u3otbaiClCId9NbCQcrSVT0ceIgN-PYmUEl0
[ Zawgyi ]
ေနာက္လိုက္လို႔ေျပာရင္ ရာထူးငယ္တဲ့သူေတြကို ေျပးျမင္တတ္ပါတယ္။ ဒီေန႔ ကၽြန္မရည္ညႊန္းတဲ့ ေနာက္လိုက္ဆိုတာက ရာထူးငယ္တဲ့သူေတြတြင္မဟုတ္ဘဲ အိုင္ဒီယာတစ္ခု၊ အျမင္တစ္ခုကို အရင္ေတြးမိၿပီး ေျပာျပတဲ့အခါ ေနာက္က လိုက္လုပ္မယ့္သူေတြလည္းျဖစ္နိုင္ပါတယ္။ ကၽြန္မတို႔ အသိုင္းအဝန္းမွာ ရာထူးႀကီးသူစကားကို ရာထူးငယ္သူက နားေထာင္ရတယ္။ ေခါင္းေဆာင္ဆိုတဲ့ ဘြဲ႕ယူထားတဲ့ ရာထူးႀကီးသူေနာက္ကေန ေနာက္လိုက္ေကာင္းျဖစ္ေအာင္ လုပ္ရမယ္ဆိုတာကိုပဲ အျမဲ ေတြးၾကပါတယ္။ ကၽြန္မအျမင္ကေတာ့ အဖြဲ႕တစ္ခုမွာ ရာထူးမႀကီးေသ္ာျငားလည္း အဲဒီ့ဝန္ထမ္းရဲ့ အိုင္ဒီယာက ေကာင္းလို႔ သူကအျမင္ေတြကို လက္ေတြ႕လုပ္ေဆာင္ခြင့္ေပးတဲ့အခါ က်န္တဲ့သူေတြက သူ႔ကို ပံ့ပိုးေပးေသာ ေနာက္လိုက္ေကာင္းေတြျဖစ္ပါမွ သူလည္း ဖြံ့ၿဖိဳးသလို အဖြဲ႕အစည္းအတြက္ အိုင္ဒီယာေကာင္းေတြ၊ လုပ္ငန္းအေကာင္းေတြပိုလို႔ရလာမယ္လို႔ျမင္ပါတယ္။ ဒါေၾကာင့္ ရာထူးငယ္ေပမယ့္ ေခါင္းေဆာင္ေကာင္းေတြျဖစ္နိုင္ေခ်ရွိပါတယ္။ ရာထူးႀကီးေပမယ့္လည္း ေနာက္လိုက္ေကာင္းေတြျဖစ္လို႔ရပါတယ္။
ပညာေရးမွာဆို ေက်ာင္းအုပ္နဲ႔ ဆရာ၊မကို ဥပမာေပးခ်င္ပါတယ္။ ေက်ာင္းအုပ္ဆိုတဲ့ ရာထူးယူထားတဲ့အတြက္ အေရွ႕ကိုႀကိဳျမင္၊ ႀကိဳေတြးၿပီး ေက်ာင္းက ဘက္စုံ ဖြံ့ၿဖိဳးဖို႔ ေက်ာင္းနဲ႔သက္ဆိုင္တဲ့သူေတြ ဖြံ့ၿဖိဳးဖို႔ကို အျမဲတမ္း စဥ္းစားျပင္ဆင္ေနရပါတယ္။ စဥ္းစားမိတဲ့အတိုင္း ေက်ာင္းက ဆရာ၊မေတြကို နားလည္ လက္ခံေအာင္ အျပဳသေဘာမၽွေဝမႈေတြလုပ္ၿပီး၊ ဆရာ၊မေတြနဲ႔ သက္ဆိုင္သူေတြကလည္း ဖြံ့ၿဖိဳးေရးလုပ္ငန္းေတြမွာ အေကာင္းဆုံးပံ့ပိုးေပးျခင္းအားျဖင့္ ေက်ာင္းအုပ္ရဲ့ ေနာက္လိုက္ေကာင္းေတြျဖစ္နိုင္ပါတယ္။ လက္ေတြ႕လုပ္ၾကည့္တဲ့အခါ အဆင္ေျပတဲ့ လုပ္ငန္းေတြရွိသလို၊ အဆင္မေျပတာေတြလည္း ၾကဳံလာနိုင္ပါတယ္။ အဲဒီ့အခါ ဆရာ၊မတစ္ဦးတစ္ေယာက္က ေၾကာင္းက်ိဳးဥပမာေပးၿပီး ဘယ္လို ေျပာင္းလဲလုပ္သင့္တယ္၊ ဘာေၾကာင့္လုပ္သင့္တယ္၊ ဘာေတြလုပ္အပ္မယ္ စတာေတြကို အႀကံဉာဏ္ေပးလာၿပီဆိုရင္ ေက်ာင္းအုပ္ေတြအေနနဲ႔ အားလုံးနဲ႔ ေဆြးေႏြးၿပီး လုပ္မယ္၊မလုပ္ဘူး ဆုံးျဖတ္နိုင္ပါတယ္။ လုပ္မယ္လို႔ ဆုံးျဖတ္လိုက္တဲ့အခါ ေက်ာင္းအုပ္အေနနဲ႔လည္း အဲဒီ့ အႀကံျပဳခ်က္ရဲ့ ေနာက္လိုက္ေကာင္းျဖစ္ေအာင္ ႀကိဳးစားၿပီး လုပ္ေဆာင္ၾကည့္ဖို႔လိုလာပါၿပီ။ အိုင္ဒီယာေပးသူကလည္း အေကာင္းဆုံး ျပင္ဆင္ၿပီး အႀကံေပးသင့္သလို လိုက္လုပ္သူေတြကလည္း အေကာင္းဆုံး လိုက္လုပ္သင့္ပါတယ္။
ကၽြန္မ အျမင္ကေတာ့ ဇိန႔္ဇြန္းရြာက အစိုးရေက်ာင္းေလးမွာ ေခါင္းေဆာင္ေကာင္းေတြရွိသလို ေနာက္လိုက္ေကာင္းေတြရွိတယ္လို႔ ျမင္တယ္။ ေက်ာင္းမွာ ေက်ာင္းအုပ္ေပးတဲ့ အႀကံဉာဏ္တြင္မဟုတ္ဘဲ ဆရာ၊မေတြ၊ ကေလးေတြေပးတဲ့ အႀကံဉာဏ္ေတြကို လက္ေတြ႕ အေကာင္အထည္ေဖၚတဲ့အခါ ရာထူး မေရြး ေနာက္လိုက္ေကာင္းေတြ အျဖစ္ လုပ္ၾကတယ္၊ ကန႔္လန႔္မတိုက္ၾကဘူး။ အဲဒီ့အခါ ေက်ာင္းရဲ့ ဖြံ့ၿဖိဳးမႈ၊ ကေလးေတြရဲ့ တိုးတက္မႈနဲ႔ ေက်ာင္းရဲ့ ဂုဏ္သတင္းလည္း ေမႊးတာေပါ့။ ေက်ာင္းအုပ္ကလည္း ေခါင္းေဆာင္ေကာင္းတစ္ေယာက္အေနနဲ႔ ေက်ာင္းရဲ့ ေကာင္းက်ိဳး၊ ဆရာ၊မေတြရဲ့ ေကာင္းက်ိဳးကို ေမၽွာ္ၿပီး ကူညီပံ့ပိုးေပးတယ္၊ အဲဒီ့ေက်ာင္းအုပ္ကပဲ ေနာက္လိုက္ေကာင္းအေနနဲ႔ ကိုယ္နဲ႔လက္တြဲလုပ္ေနတဲ့ ဆရာ၊မေတြရဲ့ အိုင္ဒီယာေတြကို လက္ေတြ႕လုပ္ေဆာင္ခြင့္ေပးၿပီး ေနာက္ကေန ေထာက္ပံေပးတယ္။ ဒါေၾကာင့္ ကၽြန္မကေတာ့ လူတစ္ေယာက္ဟာ ေခါင္းေဆာင္ေကာင္းျဖစ္နိုင္သလို ေနာက္လိုက္ေကာင္းလည္းျဖစ္နိုင္ပါတယ္။
ေခါင္းေဆာင္နဲ႔ ေနာက္လိုက္ – ဘယ္သူအေရးႀကီးလဲ။ ေက်ာင္းအုပ္နဲ႔ ေက်ာင္းဆရာ၊မေတြ ဘယ္သူအေရးႀကီးလဲ။ မိဘနဲ႔ သားသမီးဘယ္သူအေရးႀကီးလဲ ဆိုတဲ့ ေမးခြန္းေတြအတြက္ အေျဖက တစ္ခုထဲပါပဲ။ အဲဒါကေတာ့ လူတိုင္းအေရးႀကီးတယ္။ ေခါင္းေဆာင္လည္း အေရးပါသလို ေနာက္လိုက္ေကာင္းေတြရွိဖို႔ကလည္း အေရးႀကီးတယ္။ အားလုံးလည္း ကၽြန္မတို႔ နိုင္ငံရဲ့ အေျခအေနကို သိျမင္ၿပီးမွာပါ။ ေခါင္းေဆာင္တစ္ေယာက္ထဲ ထူးခၽြန္ထက္ျမက္ေနလို႔ ေနရတကာပါေနလို႔ နိုင္ငံေအာင္ျမင္တိုးတက္မႈရွိနိုင္မွာမဟုတ္ပါဘူး။ ေခါင္းေဆာင္ရဲ့ အျမင္၊အေတြးေတြကို ေသခ်ာနားလည္သေဘာေပါက္ၿပီး လိုက္နာ လုပ္ေဆာင္နိုင္တဲ့ ေနာက္လိုက္ေကာင္းေတြရွိမွလည္း လုပ္ငန္းေတြက ပိုမိုေရွ႕ေရာက္ၿပီး ေအာင္ျမင္နိုင္မွာပါ။ မဟုတ္ရင္ေတာ့ အိတ္ေပါက္နဲ႔ ဖားေကာက္ရသလိုပဲ ျဖစ္ေနမွာေပါ့။ ေနာက္လိုက္ေတြ ေကာင္းလာဖို႔ ေခါင္းေဆာင္ေတြရဲ့ အခန္းက႑က အေရးပါသလို၊ ေခါင္းေဆာင္ေတြ ေကာင္းလာဖို႔ ေနာက္လိုက္ေတြရဲ့ အခန္းက႑ကလည္း အေရးပါပါတယ္။
ကၽြန္မ ၾကဳံဖူးသမၽွထဲမွာ – အခ်ိဳ႕ ေက်ာင္းအုပ္ေတြက အရမ္းအျမင္က်ယ္တယ္။ သူတို႔ရဲ့ လုပ္ေဆာင္မႈေတြက သူတို႔ေက်ာင္းက ဆရာ၊မေတြထက္ အမ်ားႀကီးသာတယ္။ လုပ္ခ်င္စိတ္ေတြကလည္း အရမ္းျပင္းတယ္။ ဒါေပမယ့္ သူတို႔က သူတို႔နဲ႔အတူလက္တြဲလုပ္ေနတဲ့ ဆရာ၊မေတြရဲ့ အရည္ေသြးေတြကို ျမႇင့္ဖို႔၊ လုပ္ပိုင္ခြင့္ေပးဖို႔၊ အဓိက က သြားခ်င္တဲ့လမ္းေၾကာင္းကို နားလည္ေအာင္ ရွင္းျပၿပီး လက္တြဲေခၚဖို႔ ကို ေမ့ေနတတ္ၾကတယ္၊ အေရးမပါဘူးလို႔ထင္ၾကတယ္။ အဲဒီ့လိုေတြမလုပ္တဲ့အခါ ေခါင္းေဆာင္က တစ္ေယာက္ထဲ ေရွ႕မွာ ေျပးၿပီး ေနာက္က လိုက္ရတဲ့သူေတြက က်န္ေနခဲ့ေရာ။ အဲဒီ့ေတာ့ ေခါင္းေဆာင္ေကာင္းျဖစ္ဖို႔ ေနာက္လိုက္ေတြ ေကာင္းလာေအာင္၊ ေနာက္လိုက္ေတြ တိုးတက္လာေအာင္လည္း စဥ္းစားေပးဖို႔လိုပါတယ္။
ကၽြန္မတို႔တစ္ေတြအားလုံးဟာ တစ္ခ်ိန္တည္းမွာ ေခါင္းေဆာင္လည္းျဖစ္နိုင္တယ္၊ ေနာက္လိုက္လည္းျဖစ္နိုင္တယ္။ ေက်ာင္းမွာ ေက်ာင္းအုပ္ေနာက္ကေန လိုက္တဲ့သူျဖစ္ေပမယ့္၊ စာသင္ခန္းထဲမွာ ကေလးေတြရဲ့ ေခါင္းေဆာင္ျဖစ္သြားျပန္ေရာ၊ အိမ္ေရာက္တဲ့အခါ ဦးေဆာင္သူျဖစ္သြားၿပီး နိုင္ငံအေနနဲ႔ၾကည့္ရင္ ေနာက္လိုက္ေကာင္းေတြျဖစ္ဖို႔လိုေနျပန္ေရာ။ တစ္ၿပိဳင္တည္းမွာ ေခါင္းေဆာင္ျဖစ္လိုက္၊ ေနာက္လိုက္ျဖစ္လိုက္နဲ႔ အေျခအေနမွာ အေရးႀကီးဆုံးက ဘာတာဝန္ပဲယူယူ အေကာင္းဆုံးလုပ္ေပးဖို႔ပါပဲ။ ေခါင္းေဆာင္တာဝန္ယူတဲ့အခါ ေခါင္းမေရွာင္ဖို႔ အေရးႀကီးသလို ေနာက္ကလိုက္တဲ့အခါ ေရွ႕လူကို ေျခထိုးမခံဖို႔၊ ကန႔္လန႔္မတိုက္ဖို႔လိုပါတယ္။ ကၽြန္မတို႔အားလုံးေတြ ေခါင္းေဆာင္ေကာင္းေတြ၊ ေနာက္လိုက္ေကာင္းေတြျဖစ္ဖို႔ ႀကိဳးစားရင္း ကေလးေတြကိုလည္း ေခါင္းေဆာင္ေကာင္းေရာ၊ ေနာက္လိုက္ေကာင္းေရာျဖစ္ဖို႔ ကူညီပံ့ပိုးၾကရေအာင္ေလ။
ေမတၱာျဖင့္……
Sayarma-ဆရာမ
Photo Credit to – https://www.patheos.com/blogs/mostlymuslim/2019/01/leader-follower-social-influence-independence-religion/?fbclid=IwAR0K-ywxA8FfcHBi0B6Ibm3u3otbaiClCId9NbCQcrSVT0ceIgN-PYmUEl0