[Unicode]
စာသင်ကျောင်းဆိုတာ ကလေး၊လူကြီး၊ရပ်ရွာ၊နိုင်ငံ မခွဲဘဲ အသက်အရွယ်မရွေး၊ရာထူးမရွေး၊ ဖွဲ့အစည်းတိုင်းအတွက် အရေးပါတဲ့နေရာဖြစ်ပါတယ်။ နိုင်ငံရဲ့ဖွံ့ဖြိုးမှု၊ တိုးတက်မှုတွေဟာ စာသင်ကျောင်းတွေရဲ့ ထိရောက်မှု၊ တိုးတက်ကောင်းမွန်မှုတွေအပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ဆိုတဲ့ ဆောင်ပုဒ်ကို ကျောင်းတွေမှ ချိတ်ဆွဲထားပြီး ဆရာ၊မတွေ၊ ကျောင်းအုပ်တွေ၊ ပညာရေးလုပ်သားတွေရဲ့ အရည်သွေးကို ဖွံ့ဖြိုးအောင် မစွမ်းဆောင်နိုင်၊ ကျောင်းအခြေအနေကလည်း မတိုးတက်၊ သင်ကြားနည်းစနစ်ကလည်း ခေတ်မမီတဲ့အပြင် မထိရောက်ဘူးဆိုရင်လည်း ဆောင်ပုဒ်ဟာ အိပ်မက်သာသာပါပဲ။ ဒါကြောင့် ဒီတစ်ပတ်မှာ “ဆရာမ ဖောင်ဒေးရှင်း”အနေနဲ့ ဒီနှစ်ထဲမှာ ကျောင်း (၂) ကျောင်းကို ပံ့ပိုးပေးဖို့ ပြင်ဆင်ထားတဲ့ နည်းလမ်း (၅၀)ထဲက ထိရောက်တဲ့ ကျောင်းဖြစ်အောင် ပြုလုပ်နိုင်မယ့် ကျောင်းတွင်း လုပ်ငန်း (၅)သွယ်ကို ဖေါ်ပြပေးလိုက်ပါတယ်။
၁) ရည်ရှည်တည်တံ့ရေး အစီအစဉ် (Sustainability Plan)
ကျောင်းတစ်ကျောင်းဟာ ရည်ရှည်တည်တံ့ဖို့ဆိုရင် တစ်ဦးတစ်ယောက်ထဲကိုပဲ အမြဲ အားကိုးနေလို့ မရပါဘူး။ ကျောင်းအုပ်ဖြစ်စေ၊ အလှူရှင်ဖြစ်စေ၊ ဆရာမဖြစ်စေ တစ်ဦးတစ်ယောက်ကိုပဲ မှီခိုနေရင် အဲဒီ့တစ်ဦးတစ်ယောက် မရှိတော့တဲ့အခါ ကျောင်းက မရပ်တည်နိုင်တာတွေဖြစ်လို့ ကျောင်းတွေ ပိတ်ပလိုက်ရတာ တွေ့ရပါတယ်။ ကျောင်းပိတ်လိုက်တဲ့အခါ ကျောင်းကို မှီခိုနေတဲ့ ရပ်ရွာနဲ့ ကလေးတွေ နစ်နာကြရတာပါပဲ။ ကျောင်းတစ်ကျောင်းကို စတော့မယ်ဆိုရင် ဒီကျောင်းရပ်တည်ဖို့အတွက်၊ ရေရှည်တည်တံ့ဖို့အတွက် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရပါမယ်။ စဉ်းစားတဲ့အခါ ကျောင်းအုပ်၊ ဆရာ၊မ၊ ရပ်မိရပ်ဖ စတဲ့သူတွေပါ ပါဝင်သင့်ပါတယ်။ အရှည်ကို မျှော်တွေပြီး ငွေကြေး၊ စည်းမျဉ်းဥပဒေသ၊ ပူးပေါင်းမယ့်ပုံစံစတာတွေကို အတူတစ်ကွ စဉ်းစားအဖြေရှာပြီး လိုက်နာလုပ်ဆောင်ဖို့လိုပါတယ်။ စဉ်းစားတဲ့အခါ ကိုယ်မရှိတော့ရင် ဘယ်လိုလုပ်မလဲဆိုတာကစ စဉ်းစားပါ။ အဖွဲ့အစည်းတစ်ခုဟာ ကျောင်းအုပ်မရှိရင်တောင်၊ ဆရာမ တစ်ယောက် လျော့သွားရင်တောင် အတော်အတန် တောင့်ခံနိုင်မှ ဖြစ်မှာပါ။ ဒါကြောင့် အာဏာ၊ ပူးပေါင်းမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု စတာတွေကိုလည်း မျှတအောင်၊ အားလုံးလက်ခံနိုင်အောင် ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
၂) ကလေးသူငယ်စောင့်ရှောက်ရေး ဥပဒေ (Child Protection Policy)
ကျောင်းတိုင်းမှာ အလုပ်လုပ်နေတဲ့ ဆရာ၊မ တွေ ကျောင်းအုပ်တွေ အပြင် ရပ်မိရပ်ဖတွေ အားလုံးပါ ကလေးကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့အတွေးအပြင် ဘယ်လို စောင့်ရှောက်မှ ကလေးတွေအတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာလည်း သိထားသင့်ပါတယ်။ ၁၉၉၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံက ကလေးသူငယ်ဆိုင်ရာ ဥပဒေကို သဘောတူလက်မှတ်ရေးထိုးထားပါတယ်။ ကလေးတွေရဲ့ အခွင့်အရေးတွေကို မထိခိုက်သော စည်းမျဉ်းဥပဒေသတွေကို ကျောင်းတွင်း၊ပြင် လူကြီးတွေက ပူးပေါင်းပြီး စဉ်းစားရေးဆွဲကြဖို့လိုပါတယ်။ ကလေးတွေအတွက် ကိုယ့်ဒေသ၊ ကိုယ့်ကျောင်းမှာ ဖြစ်နိုင်ခြေရှိတဲ့ အခက်အခဲ၊ ပြဿနာတွေ အပြင် ချိုးဖောက်ခြင်းခံရနိုင်တဲ့ အခွင့်အရေးတွေကို မိဘ၊ဆရာ၊ရပ်မိရပ်ဖအားလုံး မျက်နှာဆုံညီ စဉ်းစားပြီး ဖြစ်လာနိုင်ခြေရှိတဲ့ အခက်အခဲ ပြဿနာတွေ မဖြစ်လာအောင် ဘယ်လို စည်းမျဉ်းတွေချမလဲ၊ ဘာတွေကို လိုက်နာကြမလဲ၊ မလိုက်နာရင် ဘာတွေ လုပ်မလဲ စသည်ဖြင့် အားလုံးသဘောတူပြီးရေးဆွဲသင့်ပါတယ်။ ကလေးတွေအတွက် ရေးဆွဲတာဖြစ်လို့ ကလေးတွေကိုလည်း အသိပေးပြီး ကလေးဆီက အမြင်တွေလည်း တောင်းခံဖို့လိုပါတယ်။ ကလေးတွေရဲ့ အခွင့်အရေးဟာ ကလေးတွေ လူကြီးတွေကို ပြန်စော်ကားဖို့၊ အရိုသေတန်ဖို့ မဟုတ်ဘဲ ကလေးတွေရဲ့ ရရှိသင့်တဲ့ အခွင့်အရေးတွေကို ရရှိဖို့ အားလုံးပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်တယ်ဆိုတာလည်း သိစေအပ်ဖို့လိုပါတယ်။
၃) ကျောင်းတွင်း နံရပ်ကပ် သတင်းစာ (School’s Newsletter Board)
ကျောင်းအတွင်း၊ စာသင်ခန်းအတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို မျှဝေနိုင်ဖို့ အခွင့်အလမ်းပေးခြင်းဖြစ်ပါတယ်။ ကျောင်းတွင်း နံရံကပ် သတင်းစာဆိုတာ ကျောင်း၊ စာသင်ခန်းနှင့် ကျောင်းပတ်ဝန်းကျင်နဲ့ သတ်ဆိုင်သော အများ သိစေချင်သည့်၊ အများသိသင့်သည့် အကြောင်းအရာတွေကို ကလေး၊ ဆရာ၊မ ၊ ကျောင်းအုပ် တို့က ရေးသားပြီး အားလုံးမြင်သာမယ့်နေရာမှာ စုစည်းကပ်ပေးထားရတဲ့ နေရာကို ဆိုလိုတာပါ။ ကျွန်မ မြင်ဖူးတဲ့ နံရံကပ်သတင်းစာတွေမှာဆို ကလေးတွေက သူတို့ကို ကူညီခဲ့တဲ့သူတွေကို ကျေးဇူးတင်ကြောင်းရေးပြီး အသိမှတ်ပြုကြတယ်၊ ဆရာ၊မတွေရဲ့ ကောင်းမွန်သော သင်ကြားနည်းစနစ်တွေ အားပေးစကားတွေကို စာရေးပြီး ကပ်ထားကြတယ်၊ ကျောင်းအုပ်တွေကလည်း ကျောင်းအတွက် ဘာတွေ ဘယ်လို လုပ်ဖို့ စီစဉ်နေပြီဆိုတာ ရေးပြီး အသိပေးတယ်၊ ဆရာ၊မတွေလည်း စာသင်ခန်းရဲ့ တွေ့ရှိချက်တွေ၊ ကလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အကြောင်းအရာတွေကို ရေးသားကြတယ်။ သြစတျေးလမှာ ကျွန်မတာဝန်ကျခဲ့တဲ့ ကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းရဲ့ ဝင်ပေါက်မှာ ကလေးတွေရဲ့ တစ်လအတွင်းက ဓါတ်ပုံတွေ၊ ကျောင်းစာသင်ခန်းအတွင်း သင်ယူတဲ့အခါ ထားရှိသင့်တဲ့ တန်ဖိုးထားမှုတွေနဲ့ ကျောင်းကို မိမိတို့ချစ်ခင်ရာနေရာတစ်ခုဖြစ်ဖို့ အချက်အလက်လေးတွေ တင်ပေးထားပါတယ်။ နံရပ်ကပ် သတင်းစာ ရေးခိုင်းခြင်းဟာ ကလေးတွေအတွက်လည်း စာရေးသားမှုမှာ တိုးတက်လာစေသလို၊ ကျောင်းတွင်းရှိနေသူတွေအကြား အပြုသဘောဆက်ဆံရေးနဲ့ ပွင့်လင်းမြင်သာမှုကို ပြသနိုင်စေပါတယ်။ အဲဒီ့အတွက်လည်း ဘယ်လိုစာတွေကို ကပ်ရမယ်ဆိုတာကို တာဝန်ရှိသူတွေက ဆွေးနွေးကြဖို့လိုပါတယ်။
၄) အတတ်ပညာ သင်ယူမှု အဝန်းအဝိုင်း (Professional Learning Community)
ကျောင်းဆရာ၊မတွေ၊ ကျောင်းအုပ်တွေ၊ ပညာရေးလုပ်သားတွေဟာ အတတ်ပညာတစ်ခုကို ကျွမ်းကျင်ကြသော အတတ်ပညာရှင်တွေဖြစ်ကြပါတယ်။ အသိပညာ၊ အတတ်ပညာတွေကို ရှင်သန်ဖို့ သင်ကြားပေးတဲ့ အသိပညာ၊အတတ်ပညာရှင်တွေဟာ ကိုယ့်မှာ ရှိနေတဲ့ အသိပညာ၊အတတ်ပညာတွေကို အမြဲ တိုးတက်အောင် လုပ်ရင်းအားဖြင့် ရှင်သန်အောင် လုပ်ကြရပါတယ်။ ကိုယ့်မှာ ရှိနေတဲ့ ဗဟုတ်သုတ၊ ကျွမ်းကျင်မှုတွေကိုတောင် အမြဲရှင်သန်အောင် မလုပ်နိုင်ဘူးဆိုရင် အမြဲပြောင်းလဲနေတဲ့ အခြေအနေမှာ ကြီးပြင်းလာကြတဲ့ ကလေးတွေကို ဘယ်လိုမျိုး ကိုက်ညီသော၊ သင့်လျော်သော၊ ရှင်သန်နေသော အသိပညာ၊ ဗဟုသုတကို ပေးဖို့ လွယ်ကူပါ့မလဲ။ အသိပညာ၊အတတ်ပညာတွေ သုံးစားလို့ရနေအောင်၊ အသုံးဝင်နေအောင် အမြဲတမ်းလေ့လာသင်ယူနေဖို့က အလွန်ကို အရေးကြီးပါတယ်။ ဒါကြောင့် အမြဲသင်ယူနိုင်ဖို့ အဝိုင်းအဝန်းလေးတွေ ဖန်တီးကြဖို့လိုပါတယ်။ PLC လုပ်တဲ့အခါ နည်းလမ်းအမျိုးမျိုးနဲ့လုပ်ကြပါတယ်။ ဘာသာရပ်တူ ဆရာ၊မတွေ ပူးပေါငး်ပြီး ဘာသာရပ်ဆိုင်ရာ အကြောင်းအရာတွေ ဆွေးနွေးခြင်း၊ အတန်းတူ ဆရာ၊မတွေ ပေါင်းပြီး အတန်းအလိုက် သင်ကြားရေးဆိုင်ရာ ဗဟုသုတတွေ မျှဝေခြင်း၊ ကျွမ်းကျင်မှုတိုးတက်ဖို့ စိတ်ဝင်စားသူတွေပေါင်းပြီး ကိုယ်တိုးတက်ချင်တဲ့ ကျွမ်းကျင်မှုအပေါ် လေ့လာစောင့်ကြည့်ပြီး ပြန်လည် သုံးသပ် သင်ယူကြခြင်း၊ မတူညီသော ကျောင်းတွေရဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေ၊ အလုပ်တွေကို အချင်းချင်း ပုံမှန် မျှဝေ သင်ယူကြခြင်း စသည်ဖြင့် အမျိုးမျိုးလုပ်ကြပါတယ်။ ကျောင်းအုပ်၊ ဆရာ၊မ၊ ရပ်မိရပ်ဖ စသူတွေ အကုန်လုံးဟာ ကိုယ်စီ တတ်သင့်၊ သိသင့်တဲ့ ပညာဗဟုသုတကို အတူတူရှာမှီးဖို့၊ မျှဝေဖို့ ကြိုးစားကြမယ်ဆိုရင် ကိုယ်စီရဲ့ အသိပညာ၊ အတတ်ပညာလည်း ရှင်သန်အောင် ကြိုးပမ်းပြီးသားဖြစ်သလို ကလေးတွေလည်း တန်ဖိုးရှိသော၊ ထိရောက်သော အသိပညာတွေ၊အတတ်ပညာတွေရဖို့ အခွင့်အလမ်းတွေ အများကြီး ရနိုင်ပါတယ်။
၅) သင်ယူရာ ထောင့် (Learning Corner)
သင်ယူရာထောင့်ဆိုတာ နာမည်အတိုင်း ကလေး၊လူကြီး ဘယ်သူမဆို သင်ယူဖို့အတွက် အခွင့်အလမ်းတွေအများကြီးရှိတဲ့ နေရာလေးတစ်ခုကို ဆိုလိုပါတယ်။ စာသင်ခန်းတွေရဲ့ ထောင့်မှာ ထားကြတဲ့အတွက် သင်ယူရာ ထောင့်လို့ သုံးကြပါတယ်။ ကျွန်မကတော့ သင်ယူရာ ထောင့်ကို ပိုမို ကျယ်ပြန့်စွာ တွေးပြီး ကလေးတွေ သင်ယူနိုင်ဖို့ အခွင့်အလမ်းပေးမယ့် နေရာလို့ ယူဆပါတယ်။ သင်ယူရာ ထောင့်မှာ စာအုပ်တွေ၊ သင်ထောက်ကူတွေ၊ သင်နည်းမှတ်စုတွေ ထားရှိကြပါတယ်။ အချို့တွေက စာကြည့်တိုက်ပုံစံထားတယ်၊ အချို့က ပြတိုက်ဆန်ဆန်ထားကြတယ်။ အဓိက ကတော့ သင်ယူစရာ ပစ္စည်းတွေ စုထားတာပါ။ သင်ယူရာ ထောင့်ကို စာသင်ခန်းတိုင်းမှာ ထားလို့ရသလို ကျောင်းရဲ့ နေရာတစ်ခု သတ်မှတ်ပြီးတော့ အားလုံး လာနိုင်ဖို့ဖိတ်ခေါ်လို့လည်းရပါတယ်။ အဓိကကတော့ ဒီသင်ယူရာနေရာလေးမှာ ကလေးတွေအတွက် ဖတ်စရာ၊ မှတ်စရာ၊ လေ့လာစရာ စာအုပ်စာပေနဲ့ ပစ္စည်းတွေ ထားရှိဖို့ပါပဲ။ စာအုပ်စာပေမရှိသော၊ စာအုပ်စာပေတွေကို အသုံးပြုခွင့်မရသော ကျောင်းက ကလေးတွေဟာ စာဖတ်ခြင်းနဲ့ အကျွမ်းတဝင်မဖြစ်ကြတဲ့အတွက် စာဖတ်ခြင်းကို ခုံမင်မှု အားနည်းပါတယ်၊ ပြင်ပလေ့လာမှု မရှိသလောက်ဖြစ်ပါတယ်။ သင်ယူရာနေရာလေးတွေမှာ စာအုပ်တွေကို အလှည့်ကျ ဖတ်ခိုင်းတာမျိုး၊ အဖွဲ့လိုက် အတန်းလိုက် အလှည့်ကျ လာရောက်ဖတ်ခိုင်းတာမျိုး၊ ဆရာမက တစ်တန်းလုံးကို စာလာဖတ်ပြတာမျိုး၊ အားလပ်ချိန်မှာ စာဖတ်ဖို့ သွားရောက်စေတာမျိုးလေး လုပ်ခိုင်းလို့ရပါတယ်။ ကလေးတွေရဲ့ တီထွင်ဖန်တီးမှုတွေကိုလည်း တစ်စုတစ်စည်းထဲ ပြသထားနိုင်တဲ့အတွက် ကလေးတွေအတွက် ဂုဏ်ယူစရာနေရာလေးလည်း ဖြစ်နိုင်ပါတယ်။
ရည်ရှည်တည်တံ့ရေးအစီအစဉ်၊ ကလေးကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ကျောင်းတွင်း နံရံကပ် သတင်းစာ၊ အတတ်ပညာ သင်ယူမှု အဝန်းအဝိုင်း နဲ့ သင်ယူရာထောင့် စတဲ့ ကျောင်းတွင်း လုပ်ငန်းတွေဟာ ပြည့်စုံစွာ ဖွံ့ဖြိုးတိုးတက်သော ကျောင်းတစ်ကျောင်းဖြစ်ဖို့ ပံ့ပိုးပေးမယ့် နည်းလမ်းများစွာထဲက (၅)ခုပဲဖြစ်ပါတယ်။ ပညာရေးကောင်းဖို့၊ ကျောင်းတွေတိုးတက်ဖို့၊ ကလေးတိုင်းပညာရရှိဖို့ဟာ ကျွန်မတို့ မြန်မာနိုင်ငံလို တိုးတက်ဖို့ ရုန်းကန်နေရဆဲ နိုင်ငံတွေအတွက် အလွန်အရေးကြီးသလို တိုးတက်မှုကို ထိန်းသိမ်းထားနေရတဲ့ နိုင်ငံတွေအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ ကျောင်းဆရာ၊မ၊ ကျောင်းအုပ်၊ မိဘ၊ ရပ်မိရပ်ဖ အားလုံးဟာ ကိုယ်တတ်နိုင်တဲ့ဘက်က ပညာတွေကိုရှင်သန်အောင် ကိုယ်တိုင်လည်းလေ့လာ၊ မျှတသော ကောင်းမွန်သော ပညာရေး ရပ်ဝန်းတွေလည်း ဖန်တီးပြီး သင်ယူမှုအခွင့်အလမ်းတွေလည်း ဖွင့်ပေးကြမယ်ဆိုရင်ဖြင့် ကျွန်မတို့လိုချင်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီကို ရောက်ရှိဖို့ ဖြစ်နိုင်ပါတယ်။
မေတ္တာဖြင့်….
Sayarma-ဆရာမ
[Zawgyi]
စာသင္ေက်ာင္းဆိုတာ ကေလး၊လူၾကီး၊ရပ္ရြာ၊နုိင္ငံ မခြဲဘဲ အသက္အရြယ္မေရြး၊ရာထူးမေရြး၊ ဖြဲ႕အစည္းတိုင္းအတြက္ အေရးပါတဲ့ေနရာျဖစ္ပါတယ္။ နုိင္ငံရဲ႕ဖြံ႕ျဖိဳးမွဳ၊ တိုးတက္မွုေတြဟာ စာသင္ေက်ာင္းေတြရဲ႕ ထိေရာက္မွဳ၊ တိုးတက္ေကာင္းမြန္မွဳေတြအေပၚမွာလည္း အမ်ားၾကီးမူတည္ေနပါတယ္။ ပညာေရးျဖင့္ ေခတ္မီဖြံ႕ျဖိဳးတိုးတက္ေသာ နုိင္ငံေတာ္ၾကီးဆီသို႕ဆိုတဲ့ ေဆာင္ပုဒ္ကို ေက်ာင္းေတြမွ ခ်ိတ္ဆြဲထားျပီး ဆရာ၊မေတြ၊ ေက်ာင္းအုပ္ေတြ၊ ပညာေရးလုပ္သားေတြရဲ႕ အရည္ေသြးကို ဖြံ႕ျဖိဳးေအာင္ မစြမ္းေဆာင္နုိင္၊ ေက်ာင္းအေျခအေနကလည္း မတိုးတက္၊ သင္ၾကားနည္းစနစ္ကလည္း ေခတ္မမီတဲ့အျပင္ မထိေရာက္ဘူးဆိုရင္လည္း ေဆာင္ပုဒ္ဟာ အိပ္မက္သာသာပါပဲ။ ဒါေၾကာင့္ ဒီတစ္ပတ္မွာ “ဆရာမ ေဖာင္ေဒးရွင္း”အေနနဲ႕ ဒီႏွစ္ထဲမွာ ေက်ာင္း (၂) ေက်ာင္းကို ပံ့ပိုးေပးဖုိ႕ ျပင္ဆင္ထားတဲ့ နည္းလမ္း (၅၀)ထဲက ထိေရာက္တဲ့ ေက်ာင္းျဖစ္ေအာင္ ျပဳလုပ္နုိင္မယ့္ ေက်ာင္းတြင္း လုပ္ငန္း (၅)သြယ္ကို ေဖၚျပေပးလုိက္ပါတယ္။
၁) ရည္ရွည္တည္တံ့ေရး အစီအစဥ္ (Sustainability Plan)
ေက်ာင္းတစ္ေက်ာင္းဟာ ရည္ရွည္တည္တံ့ဖုိ႕ဆိုရင္ တစ္ဦးတစ္ေယာက္ထဲကိုပဲ အျမဲ အားကိုးေနလုိ႕ မရပါဘူး။ ေက်ာင္းအုပ္ျဖစ္ေစ၊ အလွဴရွင္ျဖစ္ေစ၊ ဆရာမျဖစ္ေစ တစ္ဦးတစ္ေယာက္ကိုပဲ မီွခိုေနရင္ အဲဒီ့တစ္ဦးတစ္ေယာက္ မရွိေတာ့တဲ့အခါ ေက်ာင္းက မရပ္တည္နိုင္တာေတြျဖစ္လို႕ ေက်ာင္းေတြ ပိတ္ပလိုက္ရတာ ေတြ႕ရပါတယ္။ ေက်ာင္းပိတ္လုိက္တဲ့အခါ ေက်ာင္းကို မီွခိုေနတဲ့ ရပ္ရြာနဲ႕ ကေလးေတြ နစ္နာၾကရတာပါပဲ။ ေက်ာင္းတစ္ေက်ာင္းကို စေတာ့မယ္ဆိုရင္ ဒီေက်ာင္းရပ္တည္ဖုိ႕အတြက္၊ ေရရွည္တည္တံ့ဖုိ႕အတြက္ ဘယ္လိုလုပ္မလဲဆိုတာ စဥ္းစားရပါမယ္။ စဥ္းစားတဲ့အခါ ေက်ာင္းအုပ္၊ ဆရာ၊မ၊ ရပ္မိရပ္ဖ စတဲ့သူေတြပါ ပါဝင္သင့္ပါတယ္။ အရွည္ကို ေမွ်ာ္ေတြျပီး ေငြေၾကး၊ စည္းမ်ဥ္းဥပေဒသ၊ ပူးေပါင္းမယ့္ပံုစံစတာေတြကို အတူတစ္ကြ စဥ္းစားအေျဖရွာျပီး လုိက္နာလုပ္ေဆာင္ဖုိ႕လိုပါတယ္။ စဥ္းစားတဲ့အခါ ကိုယ္မရွိေတာ့ရင္ ဘယ္လိုလုပ္မလဲဆိုတာကစ စဥ္းစားပါ။ အဖြဲ႕အစည္းတစ္ခုဟာ ေက်ာင္းအုပ္မရွိရင္ေတာင္၊ ဆရာမ တစ္ေယာက္ ေလ်ာ့သြားရင္ေတာင္ အေတာ္အတန္ ေတာင့္ခံနုိင္မွ ျဖစ္မွာပါ။ ဒါေၾကာင့္ အာဏာ၊ ပူးေပါင္းမွဳ၊ တာဝန္ယူမွဳ၊ တာဝန္ခံမွဳ စတာေတြကိုလည္း မွ်တေအာင္၊ အားလံုးလက္ခံနုိင္ေအာင္ ထည့္သြင္းစဥ္းစားဖုိ႕လိုပါတယ္။
၂) ကေလးသူငယ္ေစာင့္ေရွာက္ေရး ဥပေဒ (Child Protection Policy)
ေက်ာင္းတိုင္းမွာ အလုပ္လုပ္ေနတဲ့ ဆရာ၊မ ေတြ ေက်ာင္းအုပ္ေတြ အျပင္ ရပ္မိရပ္ဖေတြ အားလံုးပါ ကေလးကို ကာကြယ္ေစာင့္ေရွာက္ရမယ္ဆိုတဲ့အေတြးအျပင္ ဘယ္လို ေစာင့္ေရွာက္မွ ကေလးေတြအတြက္ အေကာင္းဆံုးျဖစ္မယ္ဆိုတာလည္း သိထားသင့္ပါတယ္။ ၁၉၉၃ ခုႏွစ္ကတည္းက ျမန္မာနုိင္ငံက ကေလးသူငယ္ဆုိင္ရာ ဥပေဒကို သေဘာတူလက္မွတ္ေရးထုိးထားပါတယ္။ ကေလးေတြရဲ႕ အခြင့္အေရးေတြကို မထိခိုက္ေသာ စည္းမ်ဥ္းဥပေဒသေတြကို ေက်ာင္းတြင္း၊ျပင္ လူၾကီးေတြက ပူးေပါင္းျပီး စဥ္းစားေရးဆြဲၾကဖို႕လိုပါတယ္။ ကေလးေတြအတြက္ ကိုယ့္ေဒသ၊ ကိုယ့္ေက်ာင္းမွာ ျဖစ္နုိင္ေျခရွိတဲ့ အခက္အခဲ၊ ျပႆနာေတြ အျပင္ ခ်ိဳးေဖာက္ျခင္းခံရနုိင္တဲ့ အခြင့္အေရးေတြကို မိဘ၊ဆရာ၊ရပ္မိရပ္ဖအားလံုး မ်က္ႏွာဆံုညီ စဥ္းစားျပီး ျဖစ္လာနုိင္ေျခရွိတဲ့ အခက္အခဲ ျပႆနာေတြ မျဖစ္လာေအာင္ ဘယ္လို စည္းမ်ဥ္းေတြခ်မလဲ၊ ဘာေတြကို လိုက္နာၾကမလဲ၊ မလုိက္နာရင္ ဘာေတြ လုပ္မလဲ စသည္ျဖင့္ အားလံုးသေဘာတူျပီးေရးဆြဲသင့္ပါတယ္။ ကေလးေတြအတြက္ ေရးဆြဲတာျဖစ္လို႕ ကေလးေတြကိုလည္း အသိေပးျပီး ကေလးဆီက အျမင္ေတြလည္း ေတာင္းခံဖုိ႕လိုပါတယ္။ ကေလးေတြရဲ႕ အခြင့္အေရးဟာ ကေလးေတြ လူၾကီးေတြကို ျပန္ေစာ္ကားဖို႕၊ အရိုေသတန္ဖို႕ မဟုတ္ဘဲ ကေလးေတြရဲ႕ ရရွိသင့္တဲ့ အခြင့္အေရးေတြကို ရရွိဖုိ႕ အားလံုးပူးေပါင္းလုပ္ေဆာင္ၾကရမွာ ျဖစ္တယ္ဆိုတာလည္း သိေစအပ္ဖို႕လိုပါတယ္။
၃) ေက်ာင္းတြင္း နံရပ္ကပ္ သတင္းစာ (School’s Newsletter Board)
ေက်ာင္းအတြင္း၊ စာသင္ခန္းအတြင္း ျဖစ္ပ်က္ခဲ့ေသာ အေၾကာင္းအရာမ်ားကို မွ်ေဝနုိင္ဖို႕ အခြင့္အလမ္းေပးျခင္းျဖစ္ပါတယ္။ ေက်ာင္းတြင္း နံရံကပ္ သတင္းစာဆိုတာ ေက်ာင္း၊ စာသင္ခန္းႏွင့္ ေက်ာင္းပတ္ဝန္းက်င္နဲ႕ သတ္ဆုိင္ေသာ အမ်ား သိေစခ်င္သည့္၊ အမ်ားသိသင့္သည့္ အေၾကာင္းအရာေတြကို ကေလး၊ ဆရာ၊မ ၊ ေက်ာင္းအုပ္ တို႕က ေရးသားျပီး အားလံုးျမင္သာမယ့္ေနရာမွာ စုစည္းကပ္ေပးထားရတဲ့ ေနရာကို ဆိုလိုတာပါ။ ကၽြန္မ ျမင္ဖူးတဲ့ နံရံကပ္သတင္းစာေတြမွာဆို ကေလးေတြက သူတို႕ကို ကူညီခဲ့တဲ့သူေတြကို ေက်းဇူးတင္ေၾကာင္းေရးျပီး အသိမွတ္ျပဳၾကတယ္၊ ဆရာ၊မေတြရဲ႕ ေကာင္းမြန္ေသာ သင္ၾကားနည္းစနစ္ေတြ အားေပးစကားေတြကုိ စာေရးျပီး ကပ္ထားၾကတယ္၊ ေက်ာင္းအုပ္ေတြကလည္း ေက်ာင္းအတြက္ ဘာေတြ ဘယ္လို လုပ္ဖို႕ စီစဥ္ေနျပီဆိုတာ ေရးျပီး အသိေပးတယ္၊ ဆရာ၊မေတြလည္း စာသင္ခန္းရဲ႕ ေတြ႕ရွိခ်က္ေတြ၊ ကေလးေတြရဲ႕ ခ်စ္စရာေကာင္းတဲ့ အေၾကာင္းအရာေတြကို ေရးသားၾကတယ္။ ျသစေတ်းလမွာ ကၽြန္မတာဝန္က်ခဲ့တဲ့ ေက်ာင္းတစ္ေက်ာင္းမွာဆိုရင္ ေက်ာင္းရဲ႕ ဝင္ေပါက္မွာ ကေလးေတြရဲ႕ တစ္လအတြင္းက ဓါတ္ပံုေတြ၊ ေက်ာင္းစာသင္ခန္းအတြင္း သင္ယူတဲ့အခါ ထားရွိသင့္တဲ့ တန္ဖိုးထားမွုေတြနဲ႕ ေက်ာင္းကို မိမိတို႕ခ်စ္ခင္ရာေနရာတစ္ခုျဖစ္ဖုိ႕ အခ်က္အလက္ေလးေတြ တင္ေပးထားပါတယ္။ နံရပ္ကပ္ သတင္းစာ ေရးခုိင္းျခင္းဟာ ကေလးေတြအတြက္လည္း စာေရးသားမွုမွာ တုိးတက္လာေစသလို၊ ေက်ာင္းတြင္းရွိေနသူေတြအၾကား အျပဳသေဘာဆက္ဆံေရးနဲ႕ ပြင့္လင္းျမင္သာမွဳကို ျပသနုိင္ေစပါတယ္။ အဲဒီ့အတြက္လည္း ဘယ္လိုစာေတြကို ကပ္ရမယ္ဆိုတာကို တာဝန္ရွိသူေတြက ေဆြးေႏြးၾကဖုိ႕လိုပါတယ္။
၄) အတတ္ပညာ သင္ယူမွဳ အဝန္းအဝိုင္း (Professional Learning Community)
ေက်ာင္းဆရာ၊မေတြ၊ ေက်ာင္းအုပ္ေတြ၊ ပညာေရးလုပ္သားေတြဟာ အတတ္ပညာတစ္ခုကို ကၽြမ္းက်င္ၾကေသာ အတတ္ပညာရွင္ေတြျဖစ္ၾကပါတယ္။ အသိပညာ၊ အတတ္ပညာေတြကို ရွင္သန္ဖုိ႕ သင္ၾကားေပးတဲ့ အသိပညာ၊အတတ္ပညာရွင္ေတြဟာ ကိုယ့္မွာ ရွိေနတဲ့ အသိပညာ၊အတတ္ပညာေတြကို အျမဲ တိုးတက္ေအာင္ လုပ္ရင္းအားျဖင့္ ရွင္သန္ေအာင္ လုပ္ၾကရပါတယ္။ ကိုယ့္မွာ ရွိေနတဲ့ ဗဟုတ္သုတ၊ ကၽြမ္းက်င္မွုေတြကိုေတာင္ အျမဲရွင္သန္ေအာင္ မလုပ္နုိင္ဘူးဆိုရင္ အျမဲေျပာင္းလဲေနတဲ့ အေျခအေနမွာ ၾကီးျပင္းလာၾကတဲ့ ကေလးေတြကို ဘယ္လိုမ်ိဳး ကိုက္ညီေသာ၊ သင့္ေလ်ာ္ေသာ၊ ရွင္သန္ေနေသာ အသိပညာ၊ ဗဟုသုတကို ေပးဖုိ႕ လြယ္ကူပါ့မလဲ။ အသိပညာ၊အတတ္ပညာေတြ သံုးစားလို႕ရေနေအာင္၊ အသံုးဝင္ေနေအာင္ အျမဲတမ္းေလ့လာသင္ယူေနဖို႕က အလြန္ကို အေရးၾကီးပါတယ္။ ဒါေၾကာင့္ အျမဲသင္ယူနုိင္ဖုိ႕ အဝိုင္းအဝန္းေလးေတြ ဖန္တီးၾကဖို႕လိုပါတယ္။ PLC လုပ္တဲ့အခါ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႕လုပ္ၾကပါတယ္။ ဘာသာရပ္တူ ဆရာ၊မေတြ ပူးေပါငး္ျပီး ဘာသာရပ္ဆိုင္ရာ အေၾကာင္းအရာေတြ ေဆြးေႏြးျခင္း၊ အတန္းတူ ဆရာ၊မေတြ ေပါင္းျပီး အတန္းအလိုက္ သင္ၾကားေရးဆိုင္ရာ ဗဟုသုတေတြ မွ်ေဝျခင္း၊ ကၽြမ္းက်င္မွဳတိုးတက္ဖုိ႕ စိတ္ဝင္စားသူေတြေပါင္းျပီး ကိုယ္တိုးတက္ခ်င္တဲ့ ကၽြမ္းက်င္မွဳအေပၚ ေလ့လာေစာင့္ၾကည့္ျပီး ျပန္လည္ သံုးသပ္ သင္ယူၾကျခင္း၊ မတူညီေသာ ေက်ာင္းေတြရဲ႕ ေကာင္းမြန္တဲ့ အေလ့အက်င့္ေတြ၊ အလုပ္ေတြကို အခ်င္းခ်င္း ပံုမွန္ မွ်ေဝ သင္ယူၾကျခင္း စသည္ျဖင့္ အမ်ိဳးမ်ိဳးလုပ္ၾကပါတယ္။ ေက်ာင္းအုပ္၊ ဆရာ၊မ၊ ရပ္မိရပ္ဖ စသူေတြ အကုန္လံုးဟာ ကိုယ္စီ တတ္သင့္၊ သိသင့္တဲ့ ပညာဗဟုသုတကို အတူတူရွာမီွးဖို႕၊ မွ်ေဝဖို႕ ၾကိုးစားၾကမယ္ဆိုရင္ ကိုယ္စီရဲ႕ အသိပညာ၊ အတတ္ပညာလည္း ရွင္သန္ေအာင္ ၾကိဳးပမ္းျပီးသားျဖစ္သလို ကေလးေတြလည္း တန္ဖိုးရွိေသာ၊ ထိေရာက္ေသာ အသိပညာေတြ၊အတတ္ပညာေတြရဖို႕ အခြင့္အလမ္းေတြ အမ်ားၾကီး ရနုိင္ပါတယ္။
၅) သင္ယူရာ ေထာင့္ (Learning Corner)
သင္ယူရာေထာင့္ဆိုတာ နာမည္အတိုင္း ကေလး၊လူၾကီး ဘယ္သူမဆို သင္ယူဖုိ႕အတြက္ အခြင့္အလမ္းေတြအမ်ားၾကီးရွိတဲ့ ေနရာေလးတစ္ခုကို ဆိုလိုပါတယ္။ စာသင္ခန္းေတြရဲ႕ ေထာင့္မွာ ထားၾကတဲ့အတြက္ သင္ယူရာ ေထာင့္လို႕ သံုးၾကပါတယ္။ ကၽြန္မကေတာ့ သင္ယူရာ ေထာင့္ကို ပိုမို က်ယ္ျပန္႕စြာ ေတြးျပီး ကေလးေတြ သင္ယူနုိင္ဖုိ႕ အခြင့္အလမ္းေပးမယ့္ ေနရာလို႕ ယူဆပါတယ္။ သင္ယူရာ ေထာင့္မွာ စာအုပ္ေတြ၊ သင္ေထာက္ကူေတြ၊ သင္နည္းမွတ္စုေတြ ထားရွိၾကပါတယ္။ အခ်ိဳ႕ေတြက စာၾကည့္တိုက္ပံုစံထားတယ္၊ အခ်ိဳ႕က ျပတုိက္ဆန္ဆန္ထားၾကတယ္။ အဓိက ကေတာ့ သင္ယူစရာ ပစၥည္းေတြ စုထားတာပါ။ သင္ယူရာ ေထာင့္ကို စာသင္ခန္းတုိင္းမွာ ထားလို႕ရသလို ေက်ာင္းရဲ႕ ေနရာတစ္ခု သတ္မွတ္ျပီးေတာ့ အားလံုး လာနုိင္ဖုိ႕ဖိတ္ေခၚလုိ႕လည္းရပါတယ္။ အဓိကကေတာ့ ဒီသင္ယူရာေနရာေလးမွာ ကေလးေတြအတြက္ ဖတ္စရာ၊ မွတ္စရာ၊ ေလ့လာစရာ စာအုပ္စာေပနဲ႕ ပစၥည္းေတြ ထားရွိဖို႕ပါပဲ။ စာအုပ္စာေပမရွိေသာ၊ စာအုပ္စာေပေတြကို အသံုးျပဳခြင့္မရေသာ ေက်ာင္းက ကေလးေတြဟာ စာဖတ္ျခင္းနဲ႕ အကၽြမ္းတဝင္မျဖစ္ၾကတဲ့အတြက္ စာဖတ္ျခင္းကို ခံုမင္မွဳ အားနည္းပါတယ္၊ ျပင္ပေလ့လာမွဳ မရွိသေလာက္ျဖစ္ပါတယ္။ သင္ယူရာေနရာေလးေတြမွာ စာအုပ္ေတြကို အလွည့္က် ဖတ္ခိုင္းတာမ်ိဳး၊ အဖြဲ႕လိုက္ အတန္းလိုက္ အလွည့္က် လာေရာက္ဖတ္ခုိင္းတာမ်ိဳး၊ ဆရာမက တစ္တန္းလံုးကို စာလာဖတ္ျပတာမ်ိဳး၊ အားလပ္ခ်ိန္မွာ စာဖတ္ဖို႕ သြားေရာက္ေစတာမ်ိဳးေလး လုပ္ခိုင္းလို့ရပါတယ္။ ကေလးေတြရဲ႕ တီထြင္ဖန္တီးမွဳေတြကိုလည္း တစ္စုတစ္စည္းထဲ ျပသထားနုိင္တဲ့အတြက္ ကေလးေတြအတြက္ ဂုဏ္ယူစရာေနရာေလးလည္း ျဖစ္နုိင္ပါတယ္။
ရည္ရွည္တည္တံ့ေရးအစီအစဥ္၊ ကေလးကာကြယ္ေစာင့္ေရွာက္ေရးဥပေဒ၊ ေက်ာင္းတြင္း နံရံကပ္ သတင္းစာ၊ အတတ္ပညာ သင္ယူမွဳ အဝန္းအဝိုင္း နဲ႕ သင္ယူရာေထာင့္ စတဲ့ ေက်ာင္းတြင္း လုပ္ငန္းေတြဟာ ျပည့္စံုစြာ ဖြံ႕ျဖိဳးတုိးတက္ေသာ ေက်ာင္းတစ္ေက်ာင္းျဖစ္ဖို႕ ပံ့ပိုးေပးမယ့္ နည္းလမ္းမ်ားစြာထဲက (၅)ခုပဲျဖစ္ပါတယ္။ ပညာေရးေကာင္းဖို႕၊ ေက်ာင္းေတြတုိးတက္ဖို႕၊ ကေလးတိုင္းပညာရရွိဖို႕ဟာ ကၽြန္မတို႕ ျမန္မာနုိင္ငံလို တိုးတက္ဖုိ႕ ရုန္းကန္ေနရဆဲ နုိင္ငံေတြအတြက္ အလြန္အေရးၾကီးသလို တိုးတက္မွဳကို ထိန္းသိမ္းထားေနရတဲ့ နုိင္ငံေတြအတြက္လည္း မရွိမျဖစ္လိုအပ္ပါတယ္။ ေက်ာင္းဆရာ၊မ၊ ေက်ာင္းအုပ္၊ မိဘ၊ ရပ္မိရပ္ဖ အားလံုးဟာ ကိုယ္တတ္နုိင္တဲ့ဘက္က ပညာေတြကိုရွင္သန္ေအာင္ ကိုယ္တုိင္လည္းေလ့လာ၊ မွ်တေသာ ေကာင္းမြန္ေသာ ပညာေရး ရပ္ဝန္းေတြလည္း ဖန္တီးျပီး သင္ယူမွဳအခြင့္အလမ္းေတြလည္း ဖြင့္ေပးၾကမယ္ဆိုရင္ျဖင့္ ကၽြန္မတုိ႕လိုခ်င္တဲ့ ေခတ္မီဖြံ႕ျဖိဳးတိုးတက္ေသာ နုိင္ငံေတာ္ၾကီးဆီကို ေရာက္ရွိဖုိ႕ ျဖစ္နုိင္ပါတယ္။
ေမတၱာျဖင့္…. Sayarma-ဆရာမ