[ Unicode ]

ညီမလေးရေ…..
ဘဝဆိုတာ ဖြစ်ချင်တိုင်း အမြဲ ဖြစ်နေတတ်တာ မဟုတ်ဘူးဆိုတာ ညီမလေးသိမှာပါ။ ဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ လုပ်နိုင်ခဲ့တာတွေ၊ ဖြစ်ခဲ့တာတွေ၊ ပံ့ပိုးခဲ့သူတွေ၊ အားထုတ်ခဲ့မှုတွေကို ပြန်လည်သတိရ ကျေးဇူးတင်လိုက်ပါ။ ။ ရှေ့ဆက် ဒီ့ထက်ပိုကောင်းအောင် ဘာဆက်လုပ်နိုင်မယ်ဆိုတာကိုလည်း ဆက်စဉ်းစား ပြင်ဆင်ပါ။

ညီမလေးရေ….
ဖြစ်ချင်တာတွေ မဖြစ်လာတဲ့အခါ မဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကိုရှာ၊ သင်ယူပါ။ သင်ယူပြီးရင် ရှေ့ဆက် ဘာတွေ ဘယ်လို ပြောင်းလဲလုပ်ဆောင်မယ်၊ ဘယ်လို ပြင်ဆင်ဆောင်ရွက်မယ်ဆိုတာ စဉ်းစားပါ။ အမှားတွေ၊ မဖြစ်လာခဲ့တာတွေက ကိုယ့်အတွက် သင်ထောက်ကူတွေပဲ။

ညီမလေးရေ….
ဖြစ်လာတဲ့ဘဝမှာ ပစ္စုပ္ပါန်ကို ကြည့်ရင်း ရှင်သန်ပါ။ အတိတ်ကို ကြည့်လွန်းရင် နောက်ကိုကြည့်ပြီး ရှေ့ကို ခြေလှမ်းနေသလို ခလုတ်တိုက်နိုင်တယ်။ အတိတ်က မလုပ်နိုင်ခဲ့တာတွေအပေါ် သင်ခန်းစာယူ၊ အတိတ်က လုပ်နိုင်ခဲ့တာတွေအပေါ် သင်ယူပြီး ပစ္စုပ္ပါန်ကို ပိုကောင်းအောင် ဖန်တီးပါ။ ပစ္စုပ္ပါန်ကောင်းမှ ဟိုးအဝေးက အနာဂါတ်က ပိုသာယာမယ်။

ညီမလေးရေ….
အရင်က ဘာဖြစ်ခဲ့ဖြစ်ခဲ့ပါ၊ နောက်ဘာဖြစ်တယ်ဆိုတာ မသေချာရင်တောင်မှ၊ လက်ရှိအခြေအနေ၊ လက်ရှိလုပ်ဆောင်နေမှုတွေမှာ အကောင်းဆုံး လုပ်ဆောင်ပါ၊ အကောင်းဆုံး ကြိုးစားပါ၊ အကောင်းဆုံး သင်ယူပြီး အကောင်းဆုံး ကြင်နာပါ။ လက်ရှိထက် ပိုသေချာတဲ့၊ ပိုကောင်းတဲ့ သင်ယူမှု အခွင့်အလမ်း၊ တိုးတက်မှု လမ်းစ ဘယ်မှာမှ မရှိဘူး။

ညီမလေးရေ….
ပစ္စုပ္ပါန်မှာ ရှင်သန်ပါ။ ဟိုးအဝေးက အနာဂါတ်ကို ရောက်ချင်စိတ်နဲ့ စိတ်ကူးယဉ်နေတာတွေနဲ့ပဲ အချိန်မကုန်ပါနဲ့။ ပစ္စုပ္ပါန်မှာ စိတ်ကူးယဉ်ပြီး ကြိုမျှော်တွေးရင်းပဲ အချိန်ကုန်နေရင် ညီမလေး မျှော်မှန်းတဲ့ အနာဂါတ်က စိတ်ကူးယဉ်အိပ်မက်သက်သက်သာ ဖြစ်မှာ။ အနာဂါတ်ကို သေချာချင်ရင် ပစ္စုပ္ပါန်မှာ ရှင်သန်ပါ။

ညီမလေးရေ….
အခုကာလက လူတိုင်းအတွက် ခက်ခဲပါတယ်။ COVID ပြီးမယ့်အချိန်ကို မျှော်ရင်း၊ COVID ကင်းမယ့် အခြေအနေတွေကို စိတ်ကူးယဉ်ရင်း နေလို့မရဘူး။ လက်ရှိအခြေအနေမှာ ကိုယ်ဘာလုပ်နိုင်မလဲ၊ ကိုယ်ဘာသင်ယူနိုင်မလဲ၊ ကိုယ်ကျန်းကျန်းမာမာနေရင်း ကိုယ်ဘာတွေ လုပ်နိုင်မလဲဆိုတာကို စဉ်းစားရင်း လက်တွေ့လုပ်ဆောင်မှရမယ်။

ညီမလေးရေ…..
ညီမလေးရဲ့ အတိတ်တွေကို ပြင်နိုင်စွမ်း မမမှာ မရှိပါဘူး။ အနာဂါတ်ကို စိတ်ကြိုက် ပုံဖေါ်ချယ်သပေးနိုင်စွမ်းလည်း မမမှာ မရှိပါဘူး။ ဒါပေမယ့် ညီမလေးရဲ့ လက်ရှိ ပစ္စုပ္ပါန်မှာ သင်ယူခွင့်ရှိနေအောင်၊ ကြိုးစားလုပ်ဆောင်နိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးတာကိုတော့ လုပ်နိုင်တယ်။ မမဆရာမက ပြောတယ်၊ သင်ယူသူ ကိုယ်တိုင် သင်ယူမှ သင်ယူမှု ဖြစ်မြောက်တယ်တဲ့။ ဘေးက လူတွေ ဘယ်လောက်ပဲ ကူညီ ကူညီ၊ ကိုယ်တိုင် အားထုတ်မှ၊ ကိုယ်တိုင် သင်ယူမှ၊ ကိုယ်တိုင်လေ့ကျင့်မှ ကိုယ်ပိုင် ပညာ ရှိလာတာ။
ညီမလေး ပညာ သိ ၊ ပညာ ရှိ ၊ ပညာ တတ် သော သူ ဖြစ်ပါစေ။

မေတ္တာဖြင့်…
ညီမလေးရဲ့မမထက်ထက်

မှတ်ချက် – ဒီစာလေးက ကျွန်မ ညီမလေးအတွက် ရည်ရွယ်ပါတယ်။ ဒါပေမယ့် ကျွန်မ စာမျက်နှာက မောင်၊ညီမတွေရော၊ အားလုံးပါ တစ်ခုခု သင်ယူနိုင်ဖို့ ရည်သန်ပြီး အားလုံး နဲ့ မျှဝေပါတယ်။ ကျွန်မ ညီမလေးက မန်းလေးမှာ မိသားစုနဲ့ အတူ နေပြီး ကျွန်မက အခု ရန်ကုန်မှာ နေပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်က မန်းလေးကို စနေ၊တနင်္ဂနွေသွားရင်း ညီမလေးကို ရန်ကုန်ခေါ်လာပါတယ်။ မန်းလေး၊ မြေကျယ်ကျယ်နေရာမှာ မိသားစုတွေနဲ့ နေရာနေ ရန်ကုန်မှာ လာနေရတော့ အသက်ရှူကြပ်သလို၊ စိတ်ကျဉ်းကြပ်သလို ဖြစ်တာက တစ်မျိုး၊ အိမ်လွမ်းတာ တစ်မျိုးနဲ့ အိမ်ပြန်ဖို့ပဲ မျှော်တွေးနေတဲ့ ညီမလေးအတွက်ရေးဖြစ်တာပါ။
အားလုံးပဲ ပစ္စုပ္ပါန်မှာနေရင်း အနာဂါတ်ကောင်းတွေ ဖန်တီးနိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

[ Zawgyi ]

ညီမေလးေရ…..
ဘဝဆိုတာ ျဖစ္ခ်င္တိုင္း အျမဲ ျဖစ္ေနတတ္တာ မဟုတ္ဘူးဆိုတာ ညီမေလးသိမွာပါ။ ျဖစ္ခ်င္တာေတြ ျဖစ္လာတဲ့အခါ လုပ္နိုင္ခဲ့တာေတြ၊ ျဖစ္ခဲ့တာေတြ၊ ပံ့ပိုးခဲ့သူေတြ၊ အားထုတ္ခဲ့မႈေတြကို ျပန္လည္သတိရ ေက်းဇူးတင္လိုက္ပါ။ ။ ေရွ႕ဆက္ ဒီ့ထက္ပိုေကာင္းေအာင္ ဘာဆက္လုပ္နိုင္မယ္ဆိုတာကိုလည္း ဆက္စဥ္းစား ျပင္ဆင္ပါ။

ညီမေလးေရ….
ျဖစ္ခ်င္တာေတြ မျဖစ္လာတဲ့အခါ မျဖစ္ခဲ့ရတဲ့ အေၾကာင္းအရင္းကိုရွာ၊ သင္ယူပါ။ သင္ယူၿပီးရင္ ေရွ႕ဆက္ ဘာေတြ ဘယ္လို ေျပာင္းလဲလုပ္ေဆာင္မယ္၊ ဘယ္လို ျပင္ဆင္ေဆာင္ရြက္မယ္ဆိုတာ စဥ္းစားပါ။ အမွားေတြ၊ မျဖစ္လာခဲ့တာေတြက ကိုယ့္အတြက္ သင္ေထာက္ကူေတြပဲ။

ညီမေလးေရ….
ျဖစ္လာတဲ့ဘဝမွာ ပစၥဳပၸါန္ကို ၾကည့္ရင္း ရွင္သန္ပါ။ အတိတ္ကို ၾကည့္လြန္းရင္ ေနာက္ကိုၾကည့္ၿပီး ေရွ႕ကို ေျခလွမ္းေနသလို ခလုတ္တိုက္နိုင္တယ္။ အတိတ္က မလုပ္နိုင္ခဲ့တာေတြအေပၚ သင္ခန္းစာယူ၊ အတိတ္က လုပ္နိုင္ခဲ့တာေတြအေပၚ သင္ယူၿပီး ပစၥဳပၸါန္ကို ပိုေကာင္းေအာင္ ဖန္တီးပါ။ ပစၥဳပၸါန္ေကာင္းမွ ဟိုးအေဝးက အနာဂါတ္က ပိုသာယာမယ္။

ညီမေလးေရ….
အရင္က ဘာျဖစ္ခဲ့ျဖစ္ခဲ့ပါ၊ ေနာက္ဘာျဖစ္တယ္ဆိုတာ မေသခ်ာရင္ေတာင္မွ၊ လက္ရွိအေျခအေန၊ လက္ရွိလုပ္ေဆာင္ေနမႈေတြမွာ အေကာင္းဆုံး လုပ္ေဆာင္ပါ၊ အေကာင္းဆုံး ႀကိဳးစားပါ၊ အေကာင္းဆုံး သင္ယူၿပီး အေကာင္းဆုံး ၾကင္နာပါ။ လက္ရွိထက္ ပိုေသခ်ာတဲ့၊ ပိုေကာင္းတဲ့ သင္ယူမႈ အခြင့္အလမ္း၊ တိုးတက္မႈ လမ္းစ ဘယ္မွာမွ မရွိဘူး။

ညီမေလးေရ….
ပစၥဳပၸါန္မွာ ရွင္သန္ပါ။ ဟိုးအေဝးက အနာဂါတ္ကို ေရာက္ခ်င္စိတ္နဲ႔ စိတ္ကူးယဥ္ေနတာေတြနဲ႔ပဲ အခ်ိန္မကုန္ပါနဲ႔။ ပစၥဳပၸါန္မွာ စိတ္ကူးယဥ္ၿပီး ႀကိဳေမၽွာ္ေတြးရင္းပဲ အခ်ိန္ကုန္ေနရင္ ညီမေလး ေမၽွာ္မွန္းတဲ့ အနာဂါတ္က စိတ္ကူးယဥ္အိပ္မက္သက္သက္သာ ျဖစ္မွာ။ အနာဂါတ္ကို ေသခ်ာခ်င္ရင္ ပစၥဳပၸါန္မွာ ရွင္သန္ပါ။

ညီမေလးေရ….
အခုကာလက လူတိုင္းအတြက္ ခက္ခဲပါတယ္။ COVID ၿပီးမယ့္အခ်ိန္ကို ေမၽွာ္ရင္း၊ COVID ကင္းမယ့္ အေျခအေနေတြကို စိတ္ကူးယဥ္ရင္း ေနလို႔မရဘူး။ လက္ရွိအေျခအေနမွာ ကိုယ္ဘာလုပ္နိုင္မလဲ၊ ကိုယ္ဘာသင္ယူနိုင္မလဲ၊ ကိုယ္က်န္းက်န္းမာမာေနရင္း ကိုယ္ဘာေတြ လုပ္နိုင္မလဲဆိုတာကို စဥ္းစားရင္း လက္ေတြ႕လုပ္ေဆာင္မွရမယ္။

ညီမေလးေရ…..
ညီမေလးရဲ့ အတိတ္ေတြကို ျပင္နိုင္စြမ္း မမမွာ မရွိပါဘူး။ အနာဂါတ္ကို စိတ္ႀကိဳက္ ပုံေဖၚခ်ယ္သေပးနိုင္စြမ္းလည္း မမမွာ မရွိပါဘူး။ ဒါေပမယ့္ ညီမေလးရဲ့ လက္ရွိ ပစၥဳပၸါန္မွာ သင္ယူခြင့္ရွိေနေအာင္၊ ႀကိဳးစားလုပ္ေဆာင္နိုင္ေအာင္ အခြင့္အလမ္းေတြ ဖန္တီးေပးတာကိုေတာ့ လုပ္နိုင္တယ္။ မမဆရာမက ေျပာတယ္၊ သင္ယူသူ ကိုယ္တိုင္ သင္ယူမွ သင္ယူမႈ ျဖစ္ေျမာက္တယ္တဲ့။ ေဘးက လူေတြ ဘယ္ေလာက္ပဲ ကူညီ ကူညီ၊ ကိုယ္တိုင္ အားထုတ္မွ၊ ကိုယ္တိုင္ သင္ယူမွ၊ ကိုယ္တိုင္ေလ့က်င့္မွ ကိုယ္ပိုင္ ပညာ ရွိလာတာ။
ညီမေလး ပညာ သိ ၊ ပညာ ရွိ ၊ ပညာ တတ္ ေသာ သူ ျဖစ္ပါေစ။

ေမတၱာျဖင့္…
ညီမေလးရဲ့မမထက္ထက္

မွတ္ခ်က္ – ဒီစာေလးက ကၽြန္မ ညီမေလးအတြက္ ရည္ရြယ္ပါတယ္။ ဒါေပမယ့္ ကၽြန္မ စာမ်က္ႏွာက ေမာင္၊ညီမေတြေရာ၊ အားလုံးပါ တစ္ခုခု သင္ယူနိုင္ဖို႔ ရည္သန္ၿပီး အားလုံး နဲ႔ မၽွေဝပါတယ္။ ကၽြန္မ ညီမေလးက မန္းေလးမွာ မိသားစုနဲ႔ အတူ ေနၿပီး ကၽြန္မက အခု ရန္ကုန္မွာ ေနပါတယ္။ လြန္ခဲ့တဲ့ တစ္ပတ္က မန္းေလးကို စေန၊တနဂၤေႏြသြားရင္း ညီမေလးကို ရန္ကုန္ေခၚလာပါတယ္။ မန္းေလး၊ ေျမက်ယ္က်ယ္ေနရာမွာ မိသားစုေတြနဲ႔ ေနရာေန ရန္ကုန္မွာ လာေနရေတာ့ အသက္ရႉၾကပ္သလို၊ စိတ္က်ဥ္းၾကပ္သလို ျဖစ္တာက တစ္မ်ိဳး၊ အိမ္လြမ္းတာ တစ္မ်ိဳးနဲ႔ အိမ္ျပန္ဖို႔ပဲ ေမၽွာ္ေတြးေနတဲ့ ညီမေလးအတြက္ေရးျဖစ္တာပါ။
အားလုံးပဲ ပစၥဳပၸါန္မွာေနရင္း အနာဂါတ္ေကာင္းေတြ ဖန္တီးနိုင္ၾကပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ