[Unicode]

 (မူသိကသုတ် ပါ ဥပမာနှင့် နှိုင်းယှဉ်လေ့လာခြင်း)

မြတ်စွာဘုရားဟောကြားခဲ့သော အင်္ဂုတ္တရနိကာယ်မှာပါတဲ့ သုတ္တန်တွေထဲက မူသိကသုတ်ကို ဖတ်ရှုရင်းက လေ့လာသိရှိခဲ့ရတဲ့့ ကြွက်လေးမျိုးဥပမာရယ်  ဗုဒ္ဓ၏ ဥပမာ တစ်ထောင် စာအုပ်ထဲက ရှင်းပြထားပုံတွေကို ကိုးကားပြီး ကျွန်မတို့ သင်ယူသူ၊ပညာသင်ကြားသူတွေရဲ့ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း၊ ဆင်ခြင်တုံတရားမြင့်မားရေး ဆိုင်ရာ အရေးပါပုံများနဲ့ နည်းစနစ်များကို မျှဝေပါ့မယ်။

မူသိကသုတ်မှာ “ရဟန်းတို့ ကြွက်တို့သည် ဤလေးမျိုးတည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ – တွင်းသာဖောက်၍ မအောင်းသောကြွက်၊ အောင်းသာအောင်း၍ တွင်းမဖောက်သော ကြွက်၊ တွင်းလည်း မဖောက် အောင်းလည်း မအောင်းသောကြွက်၊ တွင်းလည်း ဖောက် အောင်းလည်း အောင်းသော ကြွက်တို့တည်း။” ဆိုပြီး ဖေါ်ပြပါရှိပါတယ်။ ထို ကြွက်လေးမျိုးကဲ့သို့သော လူလေးမျိုးမှာ – ၁)  တွင်းသာဖောက်၍ မအောင်းသောကြွက် =>

 ကျမ်းဂန်စာပေပညာအထွေထွေဆည်းပူးသင်ကြားသော်လည်း အမှန်တရား၊ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန် သဘောသဘာဝတို့ကို ကောင်းစွာမသိတတ်သူ။ တစ်နည်းအားဖြင့်ဆိုသော် ကျောင်းတက်ပြီး နားမလည်တဲ့၊ လက်တွေ့ဘဝနဲ့ မချိတ်ဆက်နိုင်တဲ့ စာတွေကို နှုတ်တိုက်အလွတ်ကျက်နေရသော ကလေးမျိုး နဲ့ဆင်တူပါတယ်။

၂) အောင်းသာအောင်း၍ တွင်းမဖောက်သော ကြွက် => ကျမ်းဂန်စာပေပညာအထွေထွေ ဆည်းပူးသင်ကြားခြင်းမရှိ၊ သို့သော် အမှန်တရား၊ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန် သဘောသဘာဝတို့ကို ကောငး်စွာသိတတ်သူ။ တစ်နည်းအားဖြင့်ဆိုသော် စာသင်ကျောင်းကို တက်ရောက်လေ့လာခွင့်မရခဲ့သော်လည်း လက်တွေ့မှ ရရှိသော အသိပညာဗဟုသုတများကို အသုံးပြုပြီး အမှားအမှန်၊ အကောင်းအဆိုး ခွဲခြားနိုင်သော ကလေးမျိုးနဲ့ ဆင်တူပါတယ်။

၃)  တွင်းလည်း မအောင်း၊ တွင်းလည်း မဖောက်သော ကြွက် => ကျမ်းဂန်စာပေပညာအထွေထွေ ဆည်းပူးသင်ကြားခြင်း မရှိ၊ အမှန်တရား၊ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်သဘောသဘာဝတို့ကိုလည်း ကောင်းစွာမသိတတ်သူ။ တစ်နည်းအားဖြင့်ဆိုသော် ကျောင်းလည်း မတက်၊ စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း မရှိတဲ့ ကလေးမျိုးနဲ့ဆင်တူပါတယ်။

၄) တွင်းလည်း ဖောက်၊ တွင်းလည်း အောင်းသော ကြွက် => ကျမ်းဂန်စာပေ ပညာအထွေထွေ ဆည်းပူးသင်ကြားသကဲ့သို့ အမှန်တရား၊ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန် သဘောသဘာဝတို့ကိုလည်း ကောင်းစွာသိတတ်သူ။  တစ်နည်းအားဖြင့်ဆိုသော် စာပေသင်ကြားလေ့လာရန် ကျောင်းတက်ခွင့်လည်းရသလို ကျောင်းကနေ သင်ကြားလေ့လာရတဲ့ ပညာရပ်တွေဟာ တွေးတောကြံဆနိုင်စွမ်း၊ ဆင်ခြင်တုံတရား အပြင် သင်ယူမှုနဲ့ လက်တွေ့ဘဝအခြေအနေနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ကလေးမျိုးနဲ့ဆင်တူပါတယ်။

ကျွန်မတို့ ပတ်ဝန်းကျင်က လူတွေ၊ ကလေးတွေနဲ့ ကျွန်မတို့ကိုယ်တိုင် ဘယ်လို ကြွက်အမျိုးအစားနဲ့ ဆင်တူတဲ့ သူတွေဖြစ်နေပါသလဲ ဆိုတာစဉ်းစားဖို့လိုလာပါပြီ။

သေချာတာကတော့ တွင်းလည်း ဖောက်ပြီးတွင်းလည်း အောင်းသော ကြွက်တွေဖြစ်ပါမှ အမှန်တရားမြတ်နိုးသော၊ ဆင်ခြင်တုံတရားကြီးမားသော၊ အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်သော လူမှုအသိုင်းအဝနး်တစ်ခု ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဒီတော့ ကျွန်မတို့ရဲ့ သားသမီးတွေ၊ တပည့်တွေကို သင်ကြားပြသတဲ့အခါ တွင်းအောင်းသော ကြွက်သဏ္ဍာန် – ဆင်ခြင်စဉ်းစားနိုင်သော သင်ယူမှုလုပ်ငန်းတွေထည့်ပေးဖို့လိုပါတယ်။

ကလေးတွေရဲ့ စဉ်းစားဆင်ခြင်ဉာဏ် မြှင့်တင်ဖို့အတွက် ပြုလုပ်လို့ရတဲ့ လုပ်ငန်း (၃)ခုကိုလည်း မျှဝေလိုပါတယ်။

၁) အဖွင့်မေးခွန်းများမေးခြင်း

ဟုတ်တယ်၊ မဟုတ်ဘူး (သို့) မှန်တဲ့အဖြေတစ်ခုပဲရှိတတ်တဲ ့မေးခွန်းတွေကို အပိတ်မေးခွန်းလို့ခေါ်ပါတယ်။ ဥပမာ – နေကာင်းလား။ စားပြီးပြီလား။ ဘာအရောင်ကြိုက်လဲ။ ဘယ်သွားမလို့လဲ။ အပိတ်မေးခွန်းတွေက အတွေးတွေကွန့်မြူးမှုကို ပိတ်ထားတတ်ပါတယ်။  အပိတ်မေးခွန်းထက် ကလေးတွေရဲ့ ဉာဏ်ကို ဖွင့်ပေးနိုင်တဲ့ မေးခွန်းကတော့ အဖွင့်မေးခွန်းဖြစ်ပါတယ်။

အဖွင့်မေးခွန်းက အဖြေတွေကို တစ်ခုထပ်မက ပိုပြီးဖြေနိုင်အောင် ဖွင့်ပေးထားတဲ့ မေးခွန်းမျိုးဖြစ်ပါတယ်။ ဥပမာ – ဘာကြောင့် ဒီအရောင်ထက် ဟိုအရောင်ကို ပိုကြိုက်သလဲ။ အစားအသောက်တွေပြင််ဆင်တဲ့အခါ ကျမ်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို ပြင်ဆင်မလဲ။  

ကိုယ်သာ သူ့နေရာမှာဆိုရင် ဘယ်လို လုပ်ဆောင်မလဲ။   စတဲ့ ကလေးတွေရဲ့ အတွေးတွေကို ကွန့်မြူးစေမယ့် မေးခွန်းမျိုးတွေကို အများဆုံး မေးခြင်းအားဖြင့် ကလေးတွေရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှာပါ။

၂) ချိတ်ဆက်စဉ်းစားခြင်း

ကျွန်မအခု လုပ်သလိုပေါ့။ ကျွန်မ ဖတ်နေတာက သုတ္တန်။ ဒါကို ကျွန်မ ဖတ်နေရင်း ကျွန်မရဲ့ လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပြီး ဘာလုပ်လို့ရမလဲဆိုတာ စဉ်းစားတာမျိုးပေါ့။ သချင်္ာသင်တဲ့အခါ ပေါင်း နှုတ် မြှောက် စားကို ပုဒ်စာ တွေတင်မကဘဲ ကလေးတွေရဲ့ လက်တွေ့ဘဝထဲက အခြေအနေတွေ၊ ဖြစ်ရပ်တွေနဲ့ ချိတ်ဆက်စဉ်းစားစေခြင်းမျိုးလည်း ဖြစ်ပါတယ်။  လူတွေက ချိတ်ဆက် စဉ်းစားနိုင်တဲ့အခါ သမားရိုးကျ ဖြစ်စဉ်တွေနဲ့ ကွဲထွက်တဲ့ အမြင်မျိုးတွေရှိလာတယ်၊ အဲဒီ့ မတူညီတဲ့အမြင်တွေကို အကောင်းဖက်မှာ ပြန်လည်ပြီး အသုံးချဖို့လည်း လေ့ကျင့်ပေးဖို့လိုပါတယ်။

ချိတ်ဆက်စဉ်းစားတဲ့အခါ သင်ယူနေတဲ့ အရာတွေအချင်းချင်းချိတ်ဆက်တာ၊ သင်ယူနေတဲ့အရာနဲ့ ကိုယ့်ဘဝနဲ့ ချိတ်ဆက်စဉ်းစားတာ၊ သင်ယူနေတဲ့ အရာတွေနဲ့ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ချိတ်ဆက်စဉ်းစားတာဆိုပြီး ချိတ်ဆက်မှု (၃)မျိုးရှိပါတယ်။ (အသေးစိတ်ကို သင်ယူမှုအတွက် ချိတ် သုံး ချိတ် ဆိုတဲ့ စာမှာ ကျွန်မ ရေးသားပေးခဲ့ပြီးပါပြီ။)

၃) ပြန်လည်စဉ်းစားသုံးသပ်စေခြင်း

ဖြစ်ပျက်ခဲ့သော အကြောင်းအရာ၊ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တစ်ခု၊ ကိုယ်သင်ယူနေရသော အချက်အလက်တွေအပေါ် ပြန်လည် စဉ်းစား သုံးသပ်စေခြင်းမျိုးကို ဆိုလိုပါတယ်။ သုံးသပ်တဲ့အခါ အားသာချက်၊ အားနည်းချက်တွေကို ခွဲခြားသုံးသပ်ကြသလို၊ အသုံးဝင်မှု အဆင့် အမျိုးမျိုး ခွဲခြားတာမျိုးလည်း လုပ်ကြပါတယ်။ သုံးသပ်စဉ်းစားတဲ့အခါ  အဖွင့်မေးခွန်းတွေနဲ့ စတင်ပြီး  သင်ယူမှုတွေကို ချိတ်ဆက်ပြီး စဉ်းစားသုံးသပ်ပါတယ်။ ဥပမာ – ဒီနေ့ ဖတ်ရှုလိုက်ရတဲ့ စာက ကိုယ့်အတွက် ဘယ်လောက် အသုံးဝင်မှုရှိသလဲ။ (သို့) ဒီနေ့ ဖတ်လိုက်ရတဲ့စာက ကိုယ့်အတွက် အသုံးဝင်မှုရှိလား။ ဘာကြောင့် အဲ့လိုပြောနိုင်လဲ။ စတဲ့ စဉ်းစားမှုကို ဖွင့်ပေးတဲ့ မေးခွန်းမေးလိုက်ပြီဆိုရင်ပဲ ဖတ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ ကိုယ့်ရဲ့ လက်တွေဘဝ ချိတ်ဆက်ပြီး စဉ်းစားတာတွေလုပ်ရတော့မှာပါ။ အဲဒီ့လို ပြန်လည်စဉ်းစားသုံးသပ်ခြင်းကို စာရေးတဲ့ လုပ်ငန်းအဖြစ် (သို့) ပြန်လည် တင်ပြစေခြင်း လုပ်ငန်းအဖြစ် (သို့) အားလုံးနဲ့ မျှဝေစေခြင်း  စတဲ့ လုပ်ငန်းတွေ အဖြစ် အသုံးပြုပြီးလုပ်ဆောင်နိုင်ပါတယ်။

အချုပ်မှာ ကျွန်မ မျှဝေချင်တာကတော့ ကျွန်မတို့ ကိုယ်တိုင်ရော ကျွန်မတို့ ကလေးတွေပါ ဆင်ခြင်တုံတရားရှိသော၊ အမှန်တရားမြတ်နို်းသော၊ ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သောသူတွေဖြစ်ပါမှ ငြိမ်းချမ်းပြီး ပညာလွှမ်းခြုံသော လူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အဲဒီ့အတွက် တွင်းလည်း အောင်းသော၊ တွင်းလည်းဖောက်သော ကြွက်သဏ္ဍာန်ရှိတဲ့ ကလေးတွေရှိအောင် ဝိုင်းဝန်းကြိုးစားကြဖို့လိုပါတယ်။ ကျွန်မတို့လူကြီးတွေကိုယ်တိုင်လည်း ရရှိထားပြီးသော နေရာမှာတင် ရပ်မနေဘဲ ဆက်ပြီး တွင်းဖောက်ဖို့၊ ဆက်ပြီး တွင်းအောင်းဖို့လည်း တိုက်တွန်းလိုပါတယ်။ အဆုံးမှာ ကျွန်မမေးချင်တဲ့ မေးခွန်းကတော့ အခု ဒီစာကို ဖတ်နေသူရော စာဖတ်နေတဲ့သူရဲ့ ပတ်ဝနး်ကျင်က ကလေးတွေရော ဘယ်လို ကြွွက်သဏ္ဍာန်ဖြစ်နေကြပြီလဲ။ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။

သင်ယူမှုမှာ ပျော်မွေ့သူများ ဖြစ်ကြပါစေ။

(ကျွန်မက မြတ်စွာဘုရား သင်ကြားတာတွေနဲ့ အသုံးပြုခဲ့တဲ့ သင်ကြားနည်းတွေကို လက်တွေ့ဘဝမှာ အသုံးချရင်း မြတ်ဗုဒ္ဓရဲ့ တပည့်ကောင်းဖြစ်ချင်ပါတယ်။)

မေတ္တာဖြင့်…

               Sayarma-ဆရာမ

ကိုးကားစာတမ်း

မူသိကသုတ် => https://legacy.suttacentral.net/my/an4.107

ဆရာလေးမြိုင်ရေးသားသော ဗုဒ္ဓ၏ ဥပမာတစ်ထောင်

[Zawgyi]

 (မူသိကသုတ္ ပါ ဥပမာႏွင့္ ႏွိဳင္းယွဥ္ေလ့လာျခင္း)

ျမတ္စြာဘုရားေဟာၾကားခဲ့ေသာ အဂၤုတၱရနိကာယ္မွာပါတဲ့ သုတၱန္ေတြထဲက မူသိကသုတ္ကို ဖတ္ရွဳရင္းက ေလ့လာသိရွိခဲ့ရတဲ့့ ၾကြက္ေလးမ်ိဳးဥပမာရယ္  ဗုဒၶ၏ ဥပမာ တစ္ေထာင္ စာအုပ္ထဲက ရွင္းျပထားပံုေတြကို ကိုးကားျပီး ကၽြန္မတို႕ သင္ယူသူ၊ပညာသင္ၾကားသူေတြရဲ႕ ေဝဖန္ပုိင္းျခား စဥ္းစားျခင္း၊ ဆင္ျခင္တံုတရားျမင့္မားေရး ဆိုင္ရာ အေရးပါပံုမ်ားနဲ႕ နည္းစနစ္မ်ားကို မွ်ေဝပါ့မယ္။

မူသိကသုတ္မွာ “ရဟန္းတို႕ ၾကြက္တုိ႕သည္ ဤေလးမ်ိဳးတည္း။ အဘယ္ေလးမ်ိဳးတို႕နည္းဟူမူ – တြင္းသာေဖာက္၍ မေအာင္းေသာၾကြက္၊ ေအာင္းသာေအာင္း၍ တြင္းမေဖာက္ေသာ ၾကြက္၊ တြင္းလည္း မေဖာက္ ေအာင္းလည္း မေအာင္းေသာၾကြက္၊ တြင္းလည္း ေဖာက္ ေအာင္းလည္း ေအာင္းေသာ ၾကြက္တုိ႕တည္း။” ဆိုျပီး ေဖၚျပပါရွိပါတယ္။ ထို ၾကြက္ေလးမ်ိဳးကဲ့သို႕ေသာ လူေလးမ်ိဳးမွာ – ၁)  တြင္းသာေဖာက္၍ မေအာင္းေသာၾကြက္ =>

 က်မ္းဂန္စာေပပညာအေထြေထြဆည္းပူးသင္ၾကားေသာ္လည္း အမွန္တရား၊ အေၾကာင္းအက်ိဳး၊ အေကာင္းအဆိုး၊ အမွားအမွန္ သေဘာသဘာဝတုိ႕ကို ေကာင္းစြာမသိတတ္သူ။ တစ္နည္းအားျဖင့္ဆိုေသာ္ ေက်ာင္းတက္ျပီး နားမလည္တဲ့၊ လက္ေတြ႕ဘဝနဲ႕ မခ်ိတ္ဆက္နုိင္တဲ့ စာေတြကို ႏွုတ္တုိက္အလြတ္က်က္ေနရေသာ ကေလးမ်ိဳး နဲ႕ဆင္တူပါတယ္။

၂) ေအာင္းသာေအာင္း၍ တြင္းမေဖာက္ေသာ ၾကြက္ => က်မ္းဂန္စာေပပညာအေထြေထြ ဆည္းပူးသင္ၾကားျခင္းမရွိ၊ သို႕ေသာ္ အမွန္တရား၊ အေၾကာင္းအက်ိဳး၊ အေကာင္းအဆိုး၊ အမွားအမွန္ သေဘာသဘာဝတို႕ကို ေကာငး္စြာသိတတ္သူ။ တစ္နည္းအားျဖင့္ဆိုေသာ္ စာသင္ေက်ာင္းကို တက္ေရာက္ေလ့လာခြင့္မရခဲ့ေသာ္လည္း လက္ေတြ႕မွ ရရွိေသာ အသိပညာဗဟုသုတမ်ားကို အသံုးျပဳျပီး အမွားအမွန္၊ အေကာင္းအဆိုး ခြဲျခားနုိင္ေသာ ကေလးမ်ိဳးနဲ႕ ဆင္တူပါတယ္။

၃)  တြင္းလည္း မေအာင္း၊ တြင္းလည္း မေဖာက္ေသာ ၾကြက္ => က်မ္းဂန္စာေပပညာအေထြေထြ ဆည္းပူးသင္ၾကားျခင္း မရွိ၊ အမွန္တရား၊ အေၾကာင္းအက်ိဳး၊ အေကာင္းအဆိုး၊ အမွားအမွန္သေဘာသဘာဝတို႕ကိုလည္း ေကာင္းစြာမသိတတ္သူ။ တစ္နည္းအားျဖင့္ဆိုေသာ္ ေက်ာင္းလည္း မတက္၊ စဥ္းစားဆင္ျခင္နုိင္စြမ္းလည္း မရွိတဲ့ ကေလးမ်ိဳးနဲ႕ဆင္တူပါတယ္။

၄) တြင္းလည္း ေဖာက္၊ တြင္းလည္း ေအာင္းေသာ ၾကြက္ => က်မ္းဂန္စာေပ ပညာအေထြေထြ ဆည္းပူးသင္ၾကားသကဲ့သို႕ အမွန္တရား၊ အေၾကာင္းအက်ိဳး၊ အေကာင္းအဆိုး၊ အမွားအမွန္ သေဘာသဘာဝတုိ႕ကိုလည္း ေကာင္းစြာသိတတ္သူ။  တစ္နည္းအားျဖင့္ဆိုေသာ္ စာေပသင္ၾကားေလ့လာရန္ ေက်ာင္းတက္ခြင့္လည္းရသလို ေက်ာင္းကေန သင္ၾကားေလ့လာရတဲ့ ပညာရပ္ေတြဟာ ေတြးေတာၾကံဆနုိင္စြမ္း၊ ဆင္ျခင္တံုတရား အျပင္ သင္ယူမွုနဲ႕ လက္ေတြ႕ဘဝအေျခအေနနဲ႕ ခ်ိတ္ဆက္လုပ္ေဆာင္နုိင္စြမ္းရွိတဲ့ ကေလးမ်ိဳးနဲ႕ဆင္တူပါတယ္။

ကၽြန္မတုိ႕ ပတ္ဝန္းက်င္က လူေတြ၊ ကေလးေတြနဲ႕ ကၽြန္မတုိ႕ကိုယ္တိုင္ ဘယ္လို ၾကြက္အမ်ိဳးအစားနဲ႕ ဆင္တူတဲ့ သူေတြျဖစ္ေနပါသလဲ ဆိုတာစဥ္းစားဖုိ႕လိုလာပါျပီ။

ေသခ်ာတာကေတာ့ တြင္းလည္း ေဖာက္ျပီးတြင္းလည္း ေအာင္းေသာ ၾကြက္ေတြျဖစ္ပါမွ အမွန္တရားျမတ္နုိးေသာ၊ ဆင္ျခင္တံုတရားၾကီးမားေသာ၊ အေကာင္းအဆိုး ေဝဖန္ပုိင္းျခားနုိင္ေသာ လူမွဳအသိုင္းအဝနး္တစ္ခု ဖန္တီးနုိင္မွာျဖစ္ပါတယ္။

ဒီေတာ့ ကၽြန္မတို႕ရဲ႕ သားသမီးေတြ၊ တပည့္ေတြကို သင္ၾကားျပသတဲ့အခါ တြင္းေအာင္းေသာ ၾကြက္သ႑ာန္ – ဆင္ျခင္စဥ္းစားနုိင္ေသာ သင္ယူမွဳလုပ္ငန္းေတြထည့္ေပးဖို႕လိုပါတယ္။

ကေလးေတြရဲ႕ စဥ္းစားဆင္ျခင္ဥာဏ္ ျမွင့္တင္ဖုိ႕အတြက္ ျပဳလုပ္လုိ႕ရတဲ့ လုပ္ငန္း (၃)ခုကိုလည္း မွ်ေဝလိုပါတယ္။

၁) အဖြင့္ေမးခြန္းမ်ားေမးျခင္း

ဟုတ္တယ္၊ မဟုတ္ဘူး (သို႕) မွန္တဲ့အေျဖတစ္ခုပဲရွိတတ္တဲ ့ေမးခြန္းေတြကို အပိတ္ေမးခြန္းလို႕ေခၚပါတယ္။ ဥပမာ – ေနကာင္းလား။ စားျပီးျပီလား။ ဘာအေရာင္ၾကိဳက္လဲ။ ဘယ္သြားမလို႕လဲ။ အပိတ္ေမးခြန္းေတြက အေတြးေတြကြန္႕ျမဴးမွုကို ပိတ္ထားတတ္ပါတယ္။  အပိတ္ေမးခြန္းထက္ ကေလးေတြရဲ႕ ဥာဏ္ကို ဖြင့္ေပးနုိင္တဲ့ ေမးခြန္းကေတာ့ အဖြင့္ေမးခြန္းျဖစ္ပါတယ္။

အဖြင့္ေမးခြန္းက အေျဖေတြကို တစ္ခုထပ္မက ပိုျပီးေျဖနုိင္ေအာင္ ဖြင့္ေပးထားတဲ့ ေမးခြန္းမ်ိဳးျဖစ္ပါတယ္။ ဥပမာ – ဘာေၾကာင့္ ဒီအေရာင္ထက္ ဟိုအေရာင္ကို ပိုၾကိဳက္သလဲ။ အစားအေသာက္ေတြျပင္္ဆင္တဲ့အခါ က်မ္းမာေရးနဲ႕ ညီညြတ္ေအာင္ ဘယ္လို ျပင္ဆင္မလဲ။  

ကိုယ္သာ သူ႕ေနရာမွာဆိုရင္ ဘယ္လို လုပ္ေဆာင္မလဲ။   စတဲ့ ကေလးေတြရဲ႕ အေတြးေတြကို ကြန္႕ျမဴးေစမယ့္ ေမးခြန္းမ်ိဳးေတြကို အမ်ားဆံုး ေမးျခင္းအားျဖင့္ ကေလးေတြရဲ႕ စဥ္းစားဆင္ျခင္နုိင္စြမ္းကို ျမွင့္တင္ေပးနုိင္မွာပါ။

၂) ခ်ိတ္ဆက္စဥ္းစားျခင္း

ကၽြန္မအခု လုပ္သလိုေပါ့။ ကၽြန္မ ဖတ္ေနတာက သုတၱန္။ ဒါကို ကၽြန္မ ဖတ္ေနရင္း ကၽြန္မရဲ႕ လက္ေတြ႕ဘဝနဲ႕ ခ်ိတ္ဆက္ျပီး ဘာလုပ္လို႕ရမလဲဆိုတာ စဥ္းစားတာမ်ိဳးေပါ့။ သခ်ၤာသင္တဲ့အခါ ေပါင္း ႏွုတ္ ေျမွာက္ စားကို ပုဒ္စာ ေတြတင္မကဘဲ ကေလးေတြရဲ႕ လက္ေတြ႕ဘဝထဲက အေျခအေနေတြ၊ ျဖစ္ရပ္ေတြနဲ႕ ခ်ိတ္ဆက္စဥ္းစားေစျခင္းမ်ိဳးလည္း ျဖစ္ပါတယ္။  လူေတြက ခ်ိတ္ဆက္ စဥ္းစားနုိင္တဲ့အခါ သမားရိုးက် ျဖစ္စဥ္ေတြနဲ႕ ကြဲထြက္တဲ့ အျမင္မ်ိဳးေတြရွိလာတယ္၊ အဲဒီ့ မတူညီတဲ့အျမင္ေတြကို အေကာင္းဖက္မွာ ျပန္လည္ျပီး အသံုးခ်ဖုိ႕လည္း ေလ့က်င့္ေပးဖို႕လိုပါတယ္။

ခ်ိတ္ဆက္စဥ္းစားတဲ့အခါ သင္ယူေနတဲ့ အရာေတြအခ်င္းခ်င္းခ်ိတ္ဆက္တာ၊ သင္ယူေနတဲ့အရာနဲ႕ ကိုယ့္ဘဝနဲ႕ ခ်ိတ္ဆက္စဥ္းစားတာ၊ သင္ယူေနတဲ့ အရာေတြနဲ႕ ကမာၻမွာျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာေတြနဲ႕ ခ်ိတ္ဆက္စဥ္းစားတာဆိုျပီး ခ်ိတ္ဆက္မွု (၃)မ်ိဳးရွိပါတယ္။ (အေသးစိတ္ကို သင္ယူမွုအတြက္ ခ်ိတ္ သံုး ခ်ိတ္ ဆိုတဲ့ စာမွာ ကၽြန္မ ေရးသားေပးခဲ့ျပီးပါျပီ။)

၃) ျပန္လည္စဥ္းစားသံုးသပ္ေစျခင္း

ျဖစ္ပ်က္ခဲ့ေသာ အေၾကာင္းအရာ၊ ကိုယ္လုပ္ခဲ့တဲ့ အလုပ္တစ္ခု၊ ကိုယ္သင္ယူေနရေသာ အခ်က္အလက္ေတြအေပၚ ျပန္လည္ စဥ္းစား သံုးသပ္ေစျခင္းမ်ိဳးကို ဆိုလိုပါတယ္။ သံုးသပ္တဲ့အခါ အားသာခ်က္၊ အားနည္းခ်က္ေတြကို ခြဲျခားသံုးသပ္ၾကသလို၊ အသံုးဝင္မွဳ အဆင့္ အမ်ိဳးမ်ိဳး ခြဲျခားတာမ်ိဳးလည္း လုပ္ၾကပါတယ္။ သံုးသပ္စဥ္းစားတဲ့အခါ  အဖြင့္ေမးခြန္းေတြနဲ႕ စတင္ျပီး  သင္ယူမွုေတြကို ခ်ိတ္ဆက္ျပီး စဥ္းစားသံုးသပ္ပါတယ္။ ဥပမာ – ဒီေန႕ ဖတ္ရွဳလုိက္ရတဲ့ စာက ကိုယ့္အတြက္ ဘယ္ေလာက္ အသံုးဝင္မွဳရွိသလဲ။ (သို႕) ဒီေန႕ ဖတ္လုိက္ရတဲ့စာက ကိုယ့္အတြက္ အသံုးဝင္မွဳရွိလား။ ဘာေၾကာင့္ အဲ့လိုေျပာနုိင္လဲ။ စတဲ့ စဥ္းစားမွဳကို ဖြင့္ေပးတဲ့ ေမးခြန္းေမးလုိက္ျပီဆိုရင္ပဲ ဖတ္ခဲ့တဲ့အေၾကာင္းအရာေတြနဲ႕ ကိုယ့္ရဲ႕ လက္ေတြဘဝ ခ်ိတ္ဆက္ျပီး စဥ္းစားတာေတြလုပ္ရေတာ့မွာပါ။ အဲဒီ့လို ျပန္လည္စဥ္းစားသံုးသပ္ျခင္းကို စာေရးတဲ့ လုပ္ငန္းအျဖစ္ (သို႕) ျပန္လည္ တင္ျပေစျခင္း လုပ္ငန္းအျဖစ္ (သို႕) အားလံုးနဲ႕ မွ်ေဝေစျခင္း  စတဲ့ လုပ္ငန္းေတြ အျဖစ္ အသံုးျပဳျပီးလုပ္ေဆာင္နုိင္ပါတယ္။

အခ်ဳပ္မွာ ကၽြန္မ မွ်ေဝခ်င္တာကေတာ့ ကၽြန္မတို႕ ကိုယ္တိုင္ေရာ ကၽြန္မတုိ႕ ကေလးေတြပါ ဆင္ျခင္တံုတရားရွိေသာ၊ အမွန္တရားျမတ္နုိ္းေသာ၊ ေဝဖန္ပိုင္းျခားစဥ္းစားနုိင္ေသာသူေတြျဖစ္ပါမွ ျငိမ္းခ်မ္းျပီး ပညာလႊမ္းျခံဳေသာ လူမွဳပတ္ဝန္းက်င္တစ္ခု ဖန္တီးနုိင္မွာျဖစ္ပါတယ္။ အဲဒီ့အတြက္ တြင္းလည္း ေအာင္းေသာ၊ တြင္းလည္းေဖာက္ေသာ ၾကြက္သ႑ာန္ရွိတဲ့ ကေလးေတြရွိေအာင္ ဝိုင္းဝန္းၾကိုးစားၾကဖို႕လိုပါတယ္။ ကၽြန္မတုိ႕လူၾကီးေတြကိုယ္တုိင္လည္း ရရွိထားျပီးေသာ ေနရာမွာတင္ ရပ္မေနဘဲ ဆက္ျပီး တြင္းေဖာက္ဖုိ႕၊ ဆက္ျပီး တြင္းေအာင္းဖုိ႕လည္း တိုက္တြန္းလိုပါတယ္။ အဆံုးမွာ ကၽြန္မေမးခ်င္တဲ့ ေမးခြန္းကေတာ့ အခု ဒီစာကို ဖတ္ေနသူေရာ စာဖတ္ေနတဲ့သူရဲ႕ ပတ္ဝနး္က်င္က ကေလးေတြေရာ ဘယ္လို ၾကြြက္သ႑ာန္ျဖစ္ေနၾကျပီလဲ။ ကၽြန္မတို႕ ဘာဆက္လုပ္ၾကမလဲ။

သင္ယူမွဳမွာ ေပ်ာ္ေမြ႕သူမ်ား ျဖစ္ၾကပါေစ။

(ကၽြန္မက ျမတ္စြာဘုရား သင္ၾကားတာေတြနဲ႕ အသံုးျပုခဲ့တဲ့ သင္ၾကားနည္းေတြကို လက္ေတြ႕ဘဝမွာ အသံုးခ်ရင္း ျမတ္ဗုဒၶရဲ႕ တပည့္ေကာင္းျဖစ္ခ်င္ပါတယ္။)

ေမတၱာျဖင့္…

               Sayarma-ဆရာမ

ကိုးကားစာတမ္း

မူသိကသုတ္ => https://legacy.suttacentral.net/my/an4.107 ဆရာေလးျမိုင္ေရးသားေသာ ဗုဒၶ၏ ဥပမာတစ္ေထာင္