[ Unicode ]

ပါဠိလို စာရိတ္တလိုခေါ်ပြီး မြန်မာလို စရိုက်လို့ ခေါ်တဲ့စကားလုံးက ပြောဆိုကြတဲ့ အမူအကျင့်၊ ပြုလုပ်တဲ့ အလေ့အထ၊ အလေ့အကျင့်၊ အတွေးအခေါ်၊ အပြုအမူတွေဆိုတဲ့ အဓိပ္ပါယ်ရပ်တယ်။ ကောင်းမွန်တဲ့ အပြောအဆို၊ အနေအထိုင်၊ အတွေးအခေါ် အမူအကျင့်တွေကို သုစာရိတ္တ လို့ခေါ်ပြီး ပျက်စီးနေတဲ့၊ ဖျက်စီးခံရတဲ့ အပြောအဆို၊ အမူအကျင့်၊အတွေးအခေါ် အမူအကျင့်တွေကို ဒုစာရိတ္တလို့ခေါ်ပါတယ်။ ကလေးတွေမှာ သုစာရိတ္တတွေရှိကြပြီး ဒုစာရိတ္တမရှိကြဖို့ ကျွန်မတို့ လုံလုံလောက်လောက်ပံ့ပိုးပေးနေကြပြီလား။ ဘာတွေ လုပ်ပေးနေကြပါသလဲ။

ဟိုးအရင်ခေတ်က တိုင်းပြည်တစ်ပြည်မှာ တရားသဖြင့် အုပ်စိုးတဲ့ မင်းရှိတယ်။ ထူးခြားတဲ့ ဆောင်ရွက်ချက်တွေထဲက တစ်ခုက ဓနကြေးငွေ မလုံလောက်လို့ ဆင်းရဲတဲ့ သူတွေကို ဘုရင်က ထောက်ပံ့ပေးတယ်။ ထောက်ပံ့ပေးတဲ့အတွက် ဆင်းရဲပေမယ့် စားဝတ်နေရေးအဆင်ပြေနေတဲ့အတွက် စိတ်ချမ်းသာစွာ၊ အေးချမ်းသာစွာ နေထိုင်နိုင်ကြတယ်။ အဲဒီ့အတွက် မကောင်းတဲ့ အလုပ်တွေ၊ အမူအကျင့်တွေ မလုပ်ကြဘူးတဲ့။

အဲဒီ့မင်းကြီးပြီးတော့ နောက်ထပ် အမွေခံယူတဲ့ မင်းတစ်ပါးတက်လာတဲ့အခါ အရင် မင်းကြီးလို ကြိုးစားလုပ်ဆောင်ပေမယ့် အရင်မင်းကြီးလုပ်ခဲ့တဲ့ ဆင်းရဲသူတွေကို ထောက်ပံ့ပေးတဲ့ အလုပ်ကို မလုပ်တော့ဘူးတဲ့။ မလုပ်တဲ့အတွက် ဆင်းရဲတဲ့သူတွေက စားစရာမရှိတဲ့အခါ အခြား ချမ်းသာသူ၊ စားသောက်နိုင်သူတွေဆီကနေ ခိုးယူတဲ့ အမှု စတင်ဖြစ်လာတယ်။

ခိုးမှု ကျူးလွန်လာကြတဲ့အတွက် မင်းကြီးက ခိုးတဲ့သူတွေကို ဖမ်းခိုင်းတယ်။ ဖမ်းပြီးမေးတယ်။ ဘာလို့ ခိုးသလဲပေါ့။ အဲဒီ့အခါ စားစရာမရှိလို့ ခိုးတယ်လို့ပြောတော့ မင်းကြီးကလည်း ဟုတ်ပြီ စားစရာမရှိရင် ငါပေးမယ် နောက်မခိုးကြနဲ့။ ရော့ အသပြာငွေကြေး ယူသွား….လို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။

အဲဒီ့အခါ ကျန်တဲ့ ဆင်းရဲတဲ့သူတွေက တွေးတယ်။ ခိုးတဲ့သူတွေကို ဘုရင်က ထောက်ပံ့ပေးတယ်ဆိုတော့ ခိုးလို့ ချီးမြှောက်ခံရတယ်လို့ ထင်ပြီး အခြားသူတွေကလည်း ပိုခိုးလာကြတယ်တဲ့။

ဒီဇာတ်လမ်းလေးကို ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောတဲ့ စရိုက်ဆိုးများကို မြတ်ဗုဒ္ဓ၏ အဆုံးအမဖြင့် ဖယ်ရှားခြင်းဆိုတဲ့ တရားတော်ကနေ ထုတ်နှုတ်မျှဝေပါတယ်။

ဒီဇာတ်လမ်းလေးထဲက ဘုရင် နှစ်ပါးမှာ – ပထမ ဘုရင်က ကြိုတင် ပြင်ဆင်မှု၊ ကာကွယ်မှုအားကောင်းပြီး ဒုတိယဘုရင် က တစ်ခုခုဖြစ်လာမှ ကုသ၊ ကူညီတာပါ။ ဒီတော့ ကျွန်မတို့ ခါတိုင်းပြောကြသလို ကာကွယ်ဖို့က ကုသဖို့ထက်အရေးကြီးတယ်ဆိုတာကို ပိုပြီး ထင်ထင်ရှားရှားမြင်လာတယ်။
ကျွန်မတို့ ကလေးတွေကို ကောင်းမွန်တဲ့ အလေ့ကျင့်တွေ ရှိစေချင်တယ်ဆိုရင် ကျွန်မတို့ လူကြီးတွေရဲ့ အမြော်အမြင်ကြီးမားမှုက အရေးကြီးကဏ္ဍမှာ ပါဝင်နေပါတယ်။ လူကြီးမိဘတွေက ကလေးတွေကို ကောင်းမွန်စွာ ပြောဆို၊ ဆက်ဆံတယ်၊ မှန်ကန်တဲ့ လုပ်ရပ်တွေကိုပြတယ်၊ မှန်ကန်ကောင်းမွန်တဲ့ တွေးခေါ်မှုတွေကို မြင်သာအောင် ပြတယ်ဆိုရင် ကျွန်မတို့ ကလေးတွေက စာရိတ္တပညာရေးကို ငယ်စဉ်ကတည်းက ရရှိမှာဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ကောင်းမွန်တဲ့ အမူအကျင့်ရှိတဲ့ လူကြီးတွေနဲ့ ကြီးပြင်းကြသလို၊ ကောင်းမွန်တဲ့ အမူအကျင့်တွေကို သင်ပေးနိုင်တဲ့သတွေနဲ့ နေထိုင်ကြမယ်ဆိုရင်ဖြင့် ကျွန်မတို့ ကလေးတွေ အကျင့်ဆိုးတွေ ရခြင်းကနေ ကာကွယ်ကြရအောင်။
ကလေးတွေမှာ စရိုက်ဆိုးတွေရှိမလာဖို့ ကျွန်မတို့ကိုယ်တိုင် ကောင်းမွန်စွာ နေထိုင်ကြပါစို့။

မေတ္တာဖြင့်….
Sayarma-ဆရာမ

Photo Credit to https://www.childrens.com/health-wellness/5-tips-for-raising-kind-kids?fbclid=IwAR0xop2TPDbW2-zetwbjlfNI5nx-KyYiQdxz6kYusxEiwx2ki6Os0V_oIJA

[ Zawgyi ]

ပါဠိလို စာရိတၱလိုေခၚၿပီး ျမန္မာလို စရိုက္လို႔ ေခၚတဲ့စကားလုံးက ေျပာဆိုၾကတဲ့ အမူအက်င့္၊ ျပဳလုပ္တဲ့ အေလ့အထ၊ အေလ့အက်င့္၊ အေတြးအေခၚ၊ အျပဳအမူေတြဆိုတဲ့ အဓိပၸါယ္ရပ္တယ္။ ေကာင္းမြန္တဲ့ အေျပာအဆို၊ အေနအထိုင္၊ အေတြးအေခၚ အမူအက်င့္ေတြကို သုစာရိတၱ လို႔ေခၚၿပီး ပ်က္စီးေနတဲ့၊ ဖ်က္စီးခံရတဲ့ အေျပာအဆို၊ အမူအက်င့္၊အေတြးအေခၚ အမူအက်င့္ေတြကို ဒုစာရိတၱလို႔ေခၚပါတယ္။ ကေလးေတြမွာ သုစာရိတၱေတြရွိၾကၿပီး ဒုစာရိတၱမရွိၾကဖို႔ ကၽြန္မတို႔ လုံလုံေလာက္ေလာက္ပံ့ပိုးေပးေနၾကၿပီလား။ ဘာေတြ လုပ္ေပးေနၾကပါသလဲ။

ဟိုးအရင္ေခတ္က တိုင္းျပည္တစ္ျပည္မွာ တရားသျဖင့္ အုပ္စိုးတဲ့ မင္းရွိတယ္။ ထူးျခားတဲ့ ေဆာင္ရြက္ခ်က္ေတြထဲက တစ္ခုက ဓနေၾကးေငြ မလုံေလာက္လို႔ ဆင္းရဲတဲ့ သူေတြကို ဘုရင္က ေထာက္ပံ့ေပးတယ္။ ေထာက္ပံ့ေပးတဲ့အတြက္ ဆင္းရဲေပမယ့္ စားဝတ္ေနေရးအဆင္ေျပေနတဲ့အတြက္ စိတ္ခ်မ္းသာစြာ၊ ေအးခ်မ္းသာစြာ ေနထိုင္နိုင္ၾကတယ္။ အဲဒီ့အတြက္ မေကာင္းတဲ့ အလုပ္ေတြ၊ အမူအက်င့္ေတြ မလုပ္ၾကဘူးတဲ့။

အဲဒီ့မင္းႀကီးၿပီးေတာ့ ေနာက္ထပ္ အေမြခံယူတဲ့ မင္းတစ္ပါးတက္လာတဲ့အခါ အရင္ မင္းႀကီးလို ႀကိဳးစားလုပ္ေဆာင္ေပမယ့္ အရင္မင္းႀကီးလုပ္ခဲ့တဲ့ ဆင္းရဲသူေတြကို ေထာက္ပံ့ေပးတဲ့ အလုပ္ကို မလုပ္ေတာ့ဘူးတဲ့။ မလုပ္တဲ့အတြက္ ဆင္းရဲတဲ့သူေတြက စားစရာမရွိတဲ့အခါ အျခား ခ်မ္းသာသူ၊ စားေသာက္နိုင္သူေတြဆီကေန ခိုးယူတဲ့ အမႈ စတင္ျဖစ္လာတယ္။

ခိုးမႈ က်ဴးလြန္လာၾကတဲ့အတြက္ မင္းႀကီးက ခိုးတဲ့သူေတြကို ဖမ္းခိုင္းတယ္။ ဖမ္းၿပီးေမးတယ္။ ဘာလို႔ ခိုးသလဲေပါ့။ အဲဒီ့အခါ စားစရာမရွိလို႔ ခိုးတယ္လို႔ေျပာေတာ့ မင္းႀကီးကလည္း ဟုတ္ၿပီ စားစရာမရွိရင္ ငါေပးမယ္ ေနာက္မခိုးၾကနဲ႔။ ေရာ့ အသျပာေငြေၾကး ယူသြား….လို႔ ေျပာၿပီး ျပန္လႊတ္လိုက္တယ္။

အဲဒီ့အခါ က်န္တဲ့ ဆင္းရဲတဲ့သူေတြက ေတြးတယ္။ ခိုးတဲ့သူေတြကို ဘုရင္က ေထာက္ပံ့ေပးတယ္ဆိုေတာ့ ခိုးလို႔ ခ်ီးေျမႇာက္ခံရတယ္လို႔ ထင္ၿပီး အျခားသူေတြကလည္း ပိုခိုးလာၾကတယ္တဲ့။

ဒီဇာတ္လမ္းေလးကို ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသ ေဟာတဲ့ စရိုက္ဆိုးမ်ားကို ျမတ္ဗုဒၶ၏ အဆုံးအမျဖင့္ ဖယ္ရွားျခင္းဆိုတဲ့ တရားေတာ္ကေန ထုတ္ႏႈတ္မၽွေဝပါတယ္။

ဒီဇာတ္လမ္းေလးထဲက ဘုရင္ ႏွစ္ပါးမွာ – ပထမ ဘုရင္က ႀကိဳတင္ ျပင္ဆင္မႈ၊ ကာကြယ္မႈအားေကာင္းၿပီး ဒုတိယဘုရင္ က တစ္ခုခုျဖစ္လာမွ ကုသ၊ ကူညီတာပါ။ ဒီေတာ့ ကၽြန္မတို႔ ခါတိုင္းေျပာၾကသလို ကာကြယ္ဖို႔က ကုသဖို႔ထက္အေရးႀကီးတယ္ဆိုတာကို ပိုၿပီး ထင္ထင္ရွားရွားျမင္လာတယ္။
ကၽြန္မတို႔ ကေလးေတြကို ေကာင္းမြန္တဲ့ အေလ့က်င့္ေတြ ရွိေစခ်င္တယ္ဆိုရင္ ကၽြန္မတို႔ လူႀကီးေတြရဲ့ အေျမာ္အျမင္ႀကီးမားမႈက အေရးႀကီးက႑မွာ ပါဝင္ေနပါတယ္။ လူႀကီးမိဘေတြက ကေလးေတြကို ေကာင္းမြန္စြာ ေျပာဆို၊ ဆက္ဆံတယ္၊ မွန္ကန္တဲ့ လုပ္ရပ္ေတြကိုျပတယ္၊ မွန္ကန္ေကာင္းမြန္တဲ့ ေတြးေခၚမႈေတြကို ျမင္သာေအာင္ ျပတယ္ဆိုရင္ ကၽြန္မတို႔ ကေလးေတြက စာရိတၱပညာေရးကို ငယ္စဥ္ကတည္းက ရရွိမွာျဖစ္ပါတယ္။

ငယ္စဥ္ကတည္းက ေကာင္းမြန္တဲ့ အမူအက်င့္ရွိတဲ့ လူႀကီးေတြနဲ႔ ႀကီးျပင္းၾကသလို၊ ေကာင္းမြန္တဲ့ အမူအက်င့္ေတြကို သင္ေပးနိုင္တဲ့သေတြနဲ႔ ေနထိုင္ၾကမယ္ဆိုရင္ျဖင့္ ကၽြန္မတို႔ ကေလးေတြ အက်င့္ဆိုးေတြ ရျခင္းကေန ကာကြယ္ၾကရေအာင္။
ကေလးေတြမွာ စရိုက္ဆိုးေတြရွိမလာဖို႔ ကၽြန္မတို႔ကိုယ္တိုင္ ေကာင္းမြန္စြာ ေနထိုင္ၾကပါစို႔။

ေမတၱာျဖင့္….
Sayarma-ဆရာမ

Photo Credit to https://www.childrens.com/health-wellness/5-tips-for-raising-kind-kids?fbclid=IwAR0xop2TPDbW2-zetwbjlfNI5nx-KyYiQdxz6kYusxEiwx2ki6Os0V_oIJA