[ Unicode ]
ကလေးတွေကို ငေါက်ငမ်း ဆူဆဲပြီး ဇွတ် စာဖတ်ခိုင်းရတဲ့ အခြေအနေမျိုးတွေ မဖြစ်ချင်ဘူးဆိုရင် ဒီစာလေးကို ဆက်ဖတ်ပါ။
ကျွန်မတို့ ကျောင်းကို ပို့တယ်၊ ပညာသင်ယူခိုင်းတယ်ဆိုတာ ကလေးတွေ ကြီးပြင်းလာရင် လိုအပ်မယ့် ကျွမ်းကျင်မှု၊ဗဟုသုတတွေနဲ့ အတွေးအမြင်တွေ ရစေချင်လို့မဟုတ်ဘူးလား။ ကျောင်းသွားသူနဲ့ ကျောင်းမသွားသူ အကုန်အတူတူ ဖြစ်နေရင် ကျောင်းပို့ရတာ အလကားကြီးဖြစ်နေမှာပေါ့။ ကျောင်းကို သွားလကားကြီး မဖြစ်ရအောင် သိသင့်တာ၊တတ်သင့်တာတွေကို သိအောင် တတ်အောင် သင်ပေးဖို့ လိုတယ်။ သိသင့်တတ်သင့်တဲ့ အထဲက အရေးကြီးဆုံး တစ်ခုက “သင်ယူတတ်အောင် သင်ပေးခြင်း”ပဲ။ လွယ်လွယ်ပြောရင် ငါးပေးရုံတင်မက ငါးဖမ်းနည်းပါ သင်ပေးဖို့ပေါ့။
သင်ယူတတ်အောင် သင်ပေးမှ ကျောင်းပြီးရင်လည်း ဆက်သင်ယူတတ်မယ်၊ အလုပ်ခွင်ထဲမှာလည်း သင်ယူတတ်မယ်၊ ဘဝထဲမှာလည်း သင်ယူတတ်မယ်။ သင်ယူတတ်သူက တိုးတက်နိုင်ခြေ ပိုများတယ်၊ အောင်မြင်နိုင်တယ်၊ ပိုပြီး လူသားဆန်တယ်။
သင်ယူတတ်အောင် သင်ပေးတဲ့ နည်းတွေ အများကြီးရှိပါတယ်။ အဲဒီ့အထဲက အရေးကြီးဆုံးတစ်ခုက စာပေတွေကို ချစ်မြတ်နိုးပြီး စာပေထဲကနေ သင်ယူတတ်အောင်၊ စာပေကို အသုံးပြုပြီး ပိုကောင်းတဲ့သူဖြစ်အောင် လေ့ကျင့်ခြင်းပဲ။ အဲဒီ့ လေ့ကျင့်ခြင်းဟာ အစောဆုံး ကိုယ်ဝန်ဆောင်ချိန်ကတည်းက စနိုင်တယ်။
အရေးကြီးတာက ကလေးတွေကို ပုံမှန် စာဖတ်ပြဖို့ပဲ။ စာပေတွေကို အချိန်မှန် ဖတ်ပြတဲ့အခါ၊ ကလေးတွေက စာဖတ်ခြင်းကို စွဲလာတတ်တယ်။ ကော်ဖီသောက်နေကျလူက ကော်ဖီသောက်နေကျအချိန်ရောက်လာရင် ကော်ဖီလေး သောက်လိုက်ရမှနေသာထိုင်သာ ရှိသလိုပေါ့။ ကလေးတွေလည်း အချိန်မှန် စာဖတ်ပြတဲ့အခါ၊ စာအုပ်စာပေတွေနဲ့ ရင်းနီးလာတဲ့အခါ စာအုပ်တွေကို ဖတ်ခြင်းကို စွဲလာတယ်။ အိပ်ခါနီး အမြဲ စာဖတ်ပြရင် အကျင့်ဖြစ်လာတဲ့အခါ စာလေးဖတ်ပြီးမှ အိပ်ချင်တာမျိုး။
စာအုပ်စာပေတွေကို ကလေးတွေနဲ့ အချိန်မှန် ထိတွေ့စေပြီး စာအုပ်ထဲက အကြောင်းအရာတွေကို အပြန်အလှန် ဆွေးနွေးကြည့်တာမျိုး၊ သူတို့မေးခွန်းလေးတွေကို သိသလောက်ဖြေပြီး၊ မသိတဲ့အခါ အဖြေကို အတူတူ ရှာဖွေကြတာမျိုးတွေ၊ စာအုပ်ထဲက သိရတဲ့ မကောင်းတဲ့အရာတွေကို ရှောင်ကျဉ်ပြီး၊ ကောင်းတာလေးတွေ စမ်းလုပ်ကြည့်တာမျိုးတွေဟာ ကလေးတွေကို စာအုပ်စာပေစီကနေ သင်ယူမှုကို ရစေတယ်။
ကြီးလာတဲ့အခါ စာဖတ်သူနဲ့ စာဖတ်လေ့မရှိသူ ဗဟုသုတပိုင်း၊ အတွေးအခေါ်ပိုင်း သိပ်ကွာတတ်ပါတယ်။ စာအုပ်ဖတ်ခိုင်းရုံတင်မကဘူး ဆွေးနွေးမှုတွေ လုပ်လေ့ရှိရင် ပြောဆို ဆွေးနွေးမှုအပိုင်း၊ စကားလုံးအသုံးနှုန်းပိုင်းတွေပါပိုပြီး အားကောင်းကြတယ်။ အဲဒီ့အတွက် အလုပ်ခွင်ထဲမှာလည်း ပိုပြီး ထိရောက်စွာ လုပ်နိုင်မယ်၊ မျှဝေနိုင်မယ်။
ဒီတော့ ကလေးတွေကို စာဖတ်တတ်အောင်၊ စာဖတ်ခြင်းကို နှစ်သက်အောင်၊ စာဖတ်ပြီး သင်ယူမှု ထုတ်တတ်အောင် – ဆွေးနွေးတတ်အောင် သင်ပေးခြင်းဟာ သင်ယူတတ်ဖို့ သင်ပေးခြင်းလို့ ကျွန်မ ထင်မြင်မိပါတယ်။
ဘယ်တော့စဖတ်ရမလဲဆိုရင် – အခု စပါ။ စောနိုင်သလောက် စောအောင် စပါ။ ရှိတဲ့စာကို ဖတ်ပါ။ စာအုပ်တွေ အများကြီးမရှိရင်တောင် ငယ်စဉ်အချိန်မှာ ရှိတဲ့ စာအုပ်ကို ထပ်ခါ တလဲလဲ ဖတ်ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ စာဖတ်ခြင်းကို ခုံမင်တဲ့ ကလေးတွေ များလာအောင် တွန်းအားပေးပါ။ ဖြစ်နိုင်ရင် ကိုယ့်ဝန်းကျင်က ကလေးတွေ စုပြီး စာဖတ်ဝိုင်းတွေ လုပ်နိုင်အောင် စွမ်းဆောင်ကြပါ။
ကျွန်မလည်း တတ်နိုင်သလောက် အခြားသူတွေကို ကူညီနေသလို ကိုယ်တိုင်လည်း ငါးလကျော် သားသားကို စာတွေ ပုံမှန် ဖတ်ပြဖြစ်တယ်။ သားသားက စာအုပ်တွေနဲ့ စတင်ပြီး ရင်းနှီးနေပြီ။ ကြီးလာရင် စာဖတ်ဖို့၊ သင်ယူဖို့ကို ဇွတ်မတွန်းချင်ဘူး။ သူဖာသာ စာမဖတ်ရ မနေနိုင်အောင် လုပ်ပြီး သူအရှိန်နဲ့သူ သင်ယူမှုတွေ ယူစေချင်တယ်။ ကျွန်မတို့ ကျွန်မတို့ ကလေးတွေကို စာအုပ်စာပေတွေကနေ သင်ယူတတ်အောင် သင်ပေးရအောင်နော်။
မေတ္တာဖြင့်..
Sayarma-ဆရာမ
[ Zawgyi ]
ကေလးေတြကို ေငါက္ငမ္း ဆူဆဲၿပီး ဇြတ္ စာဖတ္ခိုင္းရတဲ့ အေျခအေနမ်ိဳးေတြ မျဖစ္ခ်င္ဘူးဆိုရင္ ဒီစာေလးကို ဆက္ဖတ္ပါ။
ကၽြန္မတို႔ ေက်ာင္းကို ပို႔တယ္၊ ပညာသင္ယူခိုင္းတယ္ဆိုတာ ကေလးေတြ ႀကီးျပင္းလာရင္ လိုအပ္မယ့္ ကၽြမ္းက်င္မႈ၊ဗဟုသုတေတြနဲ႔ အေတြးအျမင္ေတြ ရေစခ်င္လို႔မဟုတ္ဘူးလား။ ေက်ာင္းသြားသူနဲ႔ ေက်ာင္းမသြားသူ အကုန္အတူတူ ျဖစ္ေနရင္ ေက်ာင္းပို႔ရတာ အလကားႀကီးျဖစ္ေနမွာေပါ့။ ေက်ာင္းကို သြားလကားႀကီး မျဖစ္ရေအာင္ သိသင့္တာ၊တတ္သင့္တာေတြကို သိေအာင္ တတ္ေအာင္ သင္ေပးဖို႔ လိုတယ္။ သိသင့္တတ္သင့္တဲ့ အထဲက အေရးႀကီးဆုံး တစ္ခုက “သင္ယူတတ္ေအာင္ သင္ေပးျခင္း”ပဲ။ လြယ္လြယ္ေျပာရင္ ငါးေပး႐ုံတင္မက ငါးဖမ္းနည္းပါ သင္ေပးဖို႔ေပါ့။
သင္ယူတတ္ေအာင္ သင္ေပးမွ ေက်ာင္းၿပီးရင္လည္း ဆက္သင္ယူတတ္မယ္၊ အလုပ္ခြင္ထဲမွာလည္း သင္ယူတတ္မယ္၊ ဘဝထဲမွာလည္း သင္ယူတတ္မယ္။ သင္ယူတတ္သူက တိုးတက္နိုင္ေၿခ ပိုမ်ားတယ္၊ ေအာင္ျမင္နိုင္တယ္၊ ပိုၿပီး လူသားဆန္တယ္။
သင္ယူတတ္ေအာင္ သင္ေပးတဲ့ နည္းေတြ အမ်ားႀကီးရွိပါတယ္။ အဲဒီ့အထဲက အေရးႀကီးဆုံးတစ္ခုက စာေပေတြကို ခ်စ္ျမတ္နိုးၿပီး စာေပထဲကေန သင္ယူတတ္ေအာင္၊ စာေပကို အသုံးျပဳၿပီး ပိုေကာင္းတဲ့သူျဖစ္ေအာင္ ေလ့က်င့္ျခင္းပဲ။ အဲဒီ့ ေလ့က်င့္ျခင္းဟာ အေစာဆုံး ကိုယ္ဝန္ေဆာင္ခ်ိန္ကတည္းက စနိုင္တယ္။
အေရးႀကီးတာက ကေလးေတြကို ပုံမွန္ စာဖတ္ျပဖို႔ပဲ။ စာေပေတြကို အခ်ိန္မွန္ ဖတ္ျပတဲ့အခါ၊ ကေလးေတြက စာဖတ္ျခင္းကို စြဲလာတတ္တယ္။ ေကာ္ဖီေသာက္ေနက်လူက ေကာ္ဖီေသာက္ေနက်အခ်ိန္ေရာက္လာရင္ ေကာ္ဖီေလး ေသာက္လိုက္ရမွေနသာထိုင္သာ ရွိသလိုေပါ့။ ကေလးေတြလည္း အခ်ိန္မွန္ စာဖတ္ျပတဲ့အခါ၊ စာအုပ္စာေပေတြနဲ႔ ရင္းနီးလာတဲ့အခါ စာအုပ္ေတြကို ဖတ္ျခင္းကို စြဲလာတယ္။ အိပ္ခါနီး အျမဲ စာဖတ္ျပရင္ အက်င့္ျဖစ္လာတဲ့အခါ စာေလးဖတ္ၿပီးမွ အိပ္ခ်င္တာမ်ိဳး။
စာအုပ္စာေပေတြကို ကေလးေတြနဲ႔ အခ်ိန္မွန္ ထိေတြ႕ေစၿပီး စာအုပ္ထဲက အေၾကာင္းအရာေတြကို အျပန္အလွန္ ေဆြးေႏြးၾကည့္တာမ်ိဳး၊ သူတို႔ေမးခြန္းေလးေတြကို သိသေလာက္ေျဖၿပီး၊ မသိတဲ့အခါ အေျဖကို အတူတူ ရွာေဖြၾကတာမ်ိဳးေတြ၊ စာအုပ္ထဲက သိရတဲ့ မေကာင္းတဲ့အရာေတြကို ေရွာင္က်ဥ္ၿပီး၊ ေကာင္းတာေလးေတြ စမ္းလုပ္ၾကည့္တာမ်ိဳးေတြဟာ ကေလးေတြကို စာအုပ္စာေပစီကေန သင္ယူမႈကို ရေစတယ္။
ႀကီးလာတဲ့အခါ စာဖတ္သူနဲ႔ စာဖတ္ေလ့မရွိသူ ဗဟုသုတပိုင္း၊ အေတြးအေခၚပိုင္း သိပ္ကြာတတ္ပါတယ္။ စာအုပ္ဖတ္ခိုင္း႐ုံတင္မကဘူး ေဆြးေႏြးမႈေတြ လုပ္ေလ့ရွိရင္ ေျပာဆို ေဆြးေႏြးမႈအပိုင္း၊ စကားလုံးအသုံးႏႈန္းပိုင္းေတြပါပိုၿပီး အားေကာင္းၾကတယ္။ အဲဒီ့အတြက္ အလုပ္ခြင္ထဲမွာလည္း ပိုၿပီး ထိေရာက္စြာ လုပ္နိုင္မယ္၊ မၽွေဝနိုင္မယ္။
ဒီေတာ့ ကေလးေတြကို စာဖတ္တတ္ေအာင္၊ စာဖတ္ျခင္းကို ႏွစ္သက္ေအာင္၊ စာဖတ္ၿပီး သင္ယူမႈ ထုတ္တတ္ေအာင္ – ေဆြးေႏြးတတ္ေအာင္ သင္ေပးျခင္းဟာ သင္ယူတတ္ဖို႔ သင္ေပးျခင္းလို႔ ကၽြန္မ ထင္ျမင္မိပါတယ္။
ဘယ္ေတာ့စဖတ္ရမလဲဆိုရင္ – အခု စပါ။ ေစာနိုင္သေလာက္ ေစာေအာင္ စပါ။ ရွိတဲ့စာကို ဖတ္ပါ။ စာအုပ္ေတြ အမ်ားႀကီးမရွိရင္ေတာင္ ငယ္စဥ္အခ်ိန္မွာ ရွိတဲ့ စာအုပ္ကို ထပ္ခါ တလဲလဲ ဖတ္ပါ။ ကိုယ့္ပတ္ဝန္းက်င္မွာ စာဖတ္ျခင္းကို ခုံမင္တဲ့ ကေလးေတြ မ်ားလာေအာင္ တြန္းအားေပးပါ။ ျဖစ္နိုင္ရင္ ကိုယ့္ဝန္းက်င္က ကေလးေတြ စုၿပီး စာဖတ္ဝိုင္းေတြ လုပ္နိုင္ေအာင္ စြမ္းေဆာင္ၾကပါ။
ကၽြန္မလည္း တတ္နိုင္သေလာက္ အျခားသူေတြကို ကူညီေနသလို ကိုယ္တိုင္လည္း ငါးလေက်ာ္ သားသားကို စာေတြ ပုံမွန္ ဖတ္ျပျဖစ္တယ္။ သားသားက စာအုပ္ေတြနဲ႔ စတင္ၿပီး ရင္းႏွီးေနၿပီ။ ႀကီးလာရင္ စာဖတ္ဖို႔၊ သင္ယူဖို႔ကို ဇြတ္မတြန္းခ်င္ဘူး။ သူဖာသာ စာမဖတ္ရ မေနနိုင္ေအာင္ လုပ္ၿပီး သူအရွိန္နဲ႔သူ သင္ယူမႈေတြ ယူေစခ်င္တယ္။ ကၽြန္မတို႔ ကၽြန္မတို႔ ကေလးေတြကို စာအုပ္စာေပေတြကေန သင္ယူတတ္ေအာင္ သင္ေပးရေအာင္ေနာ္။
ေမတၱာျဖင့္..
Sayarma-ဆရာမ