[ Unicode ]
အတည်ပြောတာပါ။ ကျွန်မက လူကောင်းတစ်ယောက်ဖြစ်ချင်တယ်။ ရိုးရိုးသားသား ဝန်ခံရရင် လူကောင်းလို့ အများက အသိမှတ်ပြုတာကိုလည်း ခံချင်တယ်။ လူကောင်းဖြစ်ဖို့၊ လူကောင်းအဖြစ် သတ်မှတ်ခံရဖို့ ကောင်းတဲ့ အရာတွေကို တွေးဖြစ်အောင်၊ လုပ်ဖြစ်အောင် ကြိုးစားရပြန်တယ်။
ကျွန်မတို့ ကျောင်းပညာရေးမှာ လူတော်ဖြစ်ဖို့၊ အမှတ်အများကြီးရဖို့၊ စာမေးပွဲအောင်ဖို့၊ ပထမရကြဖို့ အဓိက ဦးစားပေးကြတယ်။ မိဘတွေ၊ ဆရာ၊မတွေကလည်း လူတော်ဖြစ်ဖို့ ၈၀% နှုန်းလောက်တွန်းအားပေးပြီး၊ လူကောင်းဖြစ်ဖို့ သင်တာ ၂၀% ၊ ဒါမှမဟုတ် ၂၀% အောက်ပဲ ဖြစ်တယ်။ စာဘယ်လို ကျက်ရမယ်၊ စာတွေလိုက်နိုင်အောင် ဘာလုပ်ရမယ်၊ စာမေးပွဲအောင်ဖို့အတွက် ဘယ်လို ကြိုးစားရမယ်ဆိုတဲ့ နည်းစနစ်တွေကို ကျွန်မ ငယ်ငယ်လေးကတည်းက နားရည်ဝခဲ့ပေမယ့်၊ လူကောင်းဖြစ်ဖို့ နည်းလမ်းနည်းနည်းကို စာတွေ့ပဲ အများစု သိခဲ့ရတယ်။ ဆရာ၊မတွေ၊ မိဘတွေက လူကောင်းဖြစ်ဖို့ ဆုံးမမှုတွေတော့ လုပ်ကြပါတယ်၊ ဒါပေမယ့် သေချာ စနစ်တကျမဟုတ်ဘဲ၊ ကြုံရင်ကြုံသလို ဆူငေါက်မှုဆန်ဆန်၊ တရားဟောဆန်ဆန် ပြောတော့ ကျွန်မငယ်ငယ်က သိပ်စိတ်မဝင်စားပါဘူး။
ကျွန်မတို့ အသိုင်းဝန်းထဲမှာ သိပ်တော်တဲ့သူတွေ တွေ့ရပါတယ်။ သိပ်တော်ပေမယ့် ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး အများအတွက်ကောင်းကျိုးမပြု၊ အချို့ဆို အများဆိုးကျိုးဖြစ်စေတဲ့ မကောင်းတဲ့လူတွေတွေ့လာတယ်။ အဲဒီ့အခါ လူတော်တင်သာမက၊ လူကောင်းတွေ ဖြစ်ဖို့လည်း သိပ်အရေးကြီးတယ်ဆိုတာ ကျွန်မ ပိုနားလည်လာရတယ်။ တော်တဲ့သူတွေ မကောင်းရင် အရမ်းကြောက်မိတာပါပဲ။
ဒါပေမယ့် ကျွန်မကံကောင်းတာက တော်ပြီး ကောင်းတဲ့သူတွေကိုလည်း ကျွန်မ ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတယ်။ ကျွန်မတော့ သူတို့ကို သိပ်လေးစားပြီး၊ သိပ်သဘောကျပါတယ်။ ဒီတော့ ကျွန်မရဲ့ လူကောင်းဖြစ်ရေး စီမံချက်က ဘေးပတ်ဝန်းကျင်က လူကောင်းတွေရဲ့ ကောင်းတဲ့လုပ်ရပ်တွေ၊ ကောင်းတဲ့ ပြောဆိုပုံတွေ၊ မျှတတဲ့ တွေးခေါ်ပုံတွေကို ကျွန်မ သင်ယူမိပါတယ်။ စာတွေထဲမှာ လူကောင်းတွေက ဘယ်လိုဆိုတာ ဖတ်လို့ရပေမယ့် လက်တွေ့ဘဝမှာ မြင်ရတဲ့ လူကောင်းတွေဆီက သင်ရတာက ပိုပြီး စစ်မှန်တယ်၊ ပိုပြးီ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်မြင်မိတယ်။
တော်ပြီးကောင်းတဲ့သူတွေနဲ့ စကားတွေပြောတာ၊ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို လေ့လာတာ၊ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ လားရာကို သင်ယူတာဟာ စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါပေမယ့် သူတို့လို လိုက်လုပ်ကြည့်ဖို့ တစ်ခါတစ်လေမှာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်က ဘယ်လို လူလဲ၊ ကိုယ်က ဘာလုပ်နိုင်လဲ၊ ကိုယ်ဘာသိလဲ ဆိုတဲ့ အပေါ်မှာ ကိုယ့်အတိုင်းအတာနဲ့ လူကောင်း ဖြစ်အောင် စတင် ကြိုးစားရပါတယ်။ အောင်မြင်တာတွေ ရှိသလို၊ မအောင်မြင်တာလည်း ရှိတာပါပဲ။ စိတ်ထားကောင်းဖို့၊ အမြဲ အပြုသဘောဆောင်နေဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ဒါပေမယ့် Trial and Error စမ်းလိုက်မှားလိုက် သင်ယူလိုက်ဆိုတဲ့ ဖြစ်စဉ်ကို ကျွန်မ ယုံကြည်တယ်။ ကိုယ်တတ်နိုင်သလောက် ကြိုးစားပြီး အကောင်းဆုံးနေထိုင်၊ ပြုမူ၊ပြောဆိုတယ်။ လွဲတာ၊မှားတာတွေ၊ ကိုယ်ချမှတ်တဲ့ စံနှုန်းမမှီတာတွေရှိတဲ့အခါ ပိုကောင်းအောင် ဘာလုပ်နိုင်မလဲ သင်ယူလိုက်တယ်။ ဒီလိုနဲ့ ကျွန်မကတော့ ကောင်းတဲ့ သူ ဖြစ်အောင် ကြိုးစားမိတယ်။
ကျွန်မတို့ ကလေးတွေအတွက်၊ လူတော် ဖြစ်ဖို့တင်မက လူကောင်းတွေဖြစ်ဖို့ သင်ပေးဖို့ လိုပါတယ်။ လူကောင်းဖြစ်ဖို့ သင်ပေးတဲ့အခါ စာတွေ၊ ဝတ္တုတွေ၊ ဇာတ်တော်တွေနဲ့တင် မလုံလောက်ပါဘူး။ သူတို့နဲ့ နီးစပ်နေတဲ့သူတွေ၊ ထိတွေ့နေတဲ့သူတွေ၊ မြင်နေရတဲ့သူတွေက လူကောင်းတွေအဖြစ် နေထိုင်မှ သူတို့ကလည်း အမြင်အားဖြင့်၊ လက်တွေ့ အားဖြင့် သင်ယူနိုင်မှာပါ။ မဟုတ်ရင် လူကောင်းဆိုတာ ဇာတ်လမ်းထဲမှာပဲ ရှိနေမှာပေါ့။ နောက်အရေးကြီးတာက လူကောင်းဖြစ်ဖို့ ကြိုးစားတဲ့အခါ ချက်ချင်း လူကောင်းမဖြစ်နိုင်ဘူးဆိုတာ လက်ခံဖို့ပါ။ ပိုကောင်းတဲ့သူဖြစ်အောင် အမြဲသင်ယူနေဖို့၊ အမြဲ လေ့ကျင့်နေဖို့၊ အမြဲ သတိကပ်နေဖို့ လိုတာသိမှ တစ်ခါမှားပြီး နောက်ဆုတ်မသွားမှာပါ။
ကျွန်မကတော့ လူကောင်းဖြစ်ချင်တယ်။ တစ်နေ့ တစ်နေ့ ပိုကောင်းတဲ့သူ ဖြစ်ချင်လို့ ကောင်းတယ်လို့ ယူဆတဲ့သူတွေဆီကနေ သင်ယူတယ်၊ ကောင်းတဲ့သူတွေ ဘာတွေလုပ်လဲ ဘယ်လိုတွေးလဲ နာယူတယ်။ ကိုယ်တိုင်လည်း ကိုယ့်အတိုင်းအတာနဲ့ကိုယ် ကျင့်ယူတယ်။ သေချာတာက ကျွန်မတို့ သဘောကျတဲ့ လူကောင်းတွေနဲ့ ကျွန်မတို့က ထပ်တူကျမှာ မဟုတ်ဘူးလေ။
ကိုယ်တိုင် လူကောင်းဖြစ်အောင် ကြိုးစားပြီး ကလေးတွေကိုလည်း တစ်နေ့ထက်တစ်နေ့ ပိုကောင်းတဲ့သူတွေ ဖြစ်နိုင်ဖို့ ပံ့ပိုးပေးကြရအောင်။
မေတ္တာဖြင့်…
Sayarma-ဆရာမ
Photo – ဓါတ်ပုံလေးက လွန်ခဲ့တဲ့ ကိုးနှစ်ကျော်က ဧရာဝတီတိုင်း ကျောင်းကုန်းမြို့က ကျောင်းလေးမှာ ရိုက်ခဲ့တာ။
[ Zawgyi ]
အတည္ေျပာတာပါ။ ကၽြန္မက လူေကာင္းတစ္ေယာက္ျဖစ္ခ်င္တယ္။ ရိုးရိုးသားသား ဝန္ခံရရင္ လူေကာင္းလို႔ အမ်ားက အသိမွတ္ျပဳတာကိုလည္း ခံခ်င္တယ္။ လူေကာင္းျဖစ္ဖို႔၊ လူေကာင္းအျဖစ္ သတ္မွတ္ခံရဖို႔ ေကာင္းတဲ့ အရာေတြကို ေတြးျဖစ္ေအာင္၊ လုပ္ျဖစ္ေအာင္ ႀကိဳးစားရျပန္တယ္။
ကၽြန္မတို႔ ေက်ာင္းပညာေရးမွာ လူေတာ္ျဖစ္ဖို႔၊ အမွတ္အမ်ားႀကီးရဖို႔၊ စာေမးပြဲေအာင္ဖို႔၊ ပထမရၾကဖို႔ အဓိက ဦးစားေပးၾကတယ္။ မိဘေတြ၊ ဆရာ၊မေတြကလည္း လူေတာ္ျဖစ္ဖို႔ ၈၀% ႏႈန္းေလာက္တြန္းအားေပးၿပီး၊ လူေကာင္းျဖစ္ဖို႔ သင္တာ ၂၀% ၊ ဒါမွမဟုတ္ ၂၀% ေအာက္ပဲ ျဖစ္တယ္။ စာဘယ္လို က်က္ရမယ္၊ စာေတြလိုက္နိုင္ေအာင္ ဘာလုပ္ရမယ္၊ စာေမးပြဲေအာင္ဖို႔အတြက္ ဘယ္လို ႀကိဳးစားရမယ္ဆိုတဲ့ နည္းစနစ္ေတြကို ကၽြန္မ ငယ္ငယ္ေလးကတည္းက နားရည္ဝခဲ့ေပမယ့္၊ လူေကာင္းျဖစ္ဖို႔ နည္းလမ္းနည္းနည္းကို စာေတြ႕ပဲ အမ်ားစု သိခဲ့ရတယ္။ ဆရာ၊မေတြ၊ မိဘေတြက လူေကာင္းျဖစ္ဖို႔ ဆုံးမမႈေတြေတာ့ လုပ္ၾကပါတယ္၊ ဒါေပမယ့္ ေသခ်ာ စနစ္တက်မဟုတ္ဘဲ၊ ၾကဳံရင္ၾကဳံသလို ဆူေငါက္မႈဆန္ဆန္၊ တရားေဟာဆန္ဆန္ ေျပာေတာ့ ကၽြန္မငယ္ငယ္က သိပ္စိတ္မဝင္စားပါဘူး။
ကၽြန္မတို႔ အသိုင္းဝန္းထဲမွာ သိပ္ေတာ္တဲ့သူေတြ ေတြ႕ရပါတယ္။ သိပ္ေတာ္ေပမယ့္ ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္ၿပီး အမ်ားအတြက္ေကာင္းက်ိဳးမျပဳ၊ အခ်ိဳ႕ဆို အမ်ားဆိုးက်ိဳးျဖစ္ေစတဲ့ မေကာင္းတဲ့လူေတြေတြ႕လာတယ္။ အဲဒီ့အခါ လူေတာ္တင္သာမက၊ လူေကာင္းေတြ ျဖစ္ဖို႔လည္း သိပ္အေရးႀကီးတယ္ဆိုတာ ကၽြန္မ ပိုနားလည္လာရတယ္။ ေတာ္တဲ့သူေတြ မေကာင္းရင္ အရမ္းေၾကာက္မိတာပါပဲ။
ဒါေပမယ့္ ကၽြန္မကံေကာင္းတာက ေတာ္ၿပီး ေကာင္းတဲ့သူေတြကိုလည္း ကၽြန္မ ပတ္ဝန္းက်င္မွာ ၾကဳံေတြ႕ရတယ္။ ကၽြန္မေတာ့ သူတို႔ကို သိပ္ေလးစားၿပီး၊ သိပ္သေဘာက်ပါတယ္။ ဒီေတာ့ ကၽြန္မရဲ့ လူေကာင္းျဖစ္ေရး စီမံခ်က္က ေဘးပတ္ဝန္းက်င္က လူေကာင္းေတြရဲ့ ေကာင္းတဲ့လုပ္ရပ္ေတြ၊ ေကာင္းတဲ့ ေျပာဆိုပုံေတြ၊ မၽွတတဲ့ ေတြးေခၚပုံေတြကို ကၽြန္မ သင္ယူမိပါတယ္။ စာေတြထဲမွာ လူေကာင္းေတြက ဘယ္လိုဆိုတာ ဖတ္လို႔ရေပမယ့္ လက္ေတြ႕ဘဝမွာ ျမင္ရတဲ့ လူေကာင္းေတြဆီက သင္ရတာက ပိုၿပီး စစ္မွန္တယ္၊ ပိုျပးီ စိတ္ဝင္စားဖို႔ ေကာင္းတယ္လို႔ ထင္ျမင္မိတယ္။
ေတာ္ၿပီးေကာင္းတဲ့သူေတြနဲ႔ စကားေတြေျပာတာ၊ သူတို႔ရဲ့ လုပ္ေဆာင္မႈေတြကို ေလ့လာတာ၊ သူတို႔ရဲ့ ထင္ျမင္ယူဆခ်က္ေတြ လားရာကို သင္ယူတာဟာ စိတ္ဝင္စားဖို႔ေကာင္းတယ္။ ဒါေပမယ့္ သူတို႔လို လိုက္လုပ္ၾကည့္ဖို႔ တစ္ခါတစ္ေလမွာ မျဖစ္နိုင္ပါဘူး။ ဒါေၾကာင့္ ကိုယ္က ဘယ္လို လူလဲ၊ ကိုယ္က ဘာလုပ္နိုင္လဲ၊ ကိုယ္ဘာသိလဲ ဆိုတဲ့ အေပၚမွာ ကိုယ့္အတိုင္းအတာနဲ႔ လူေကာင္း ျဖစ္ေအာင္ စတင္ ႀကိဳးစားရပါတယ္။ ေအာင္ျမင္တာေတြ ရွိသလို၊ မေအာင္ျမင္တာလည္း ရွိတာပါပဲ။ စိတ္ထားေကာင္းဖို႔၊ အျမဲ အျပဳသေဘာေဆာင္ေနဖို႔ဆိုတာ လြယ္တာမွ မဟုတ္တာ။ ဒါေပမယ့္ Trial and Error စမ္းလိုက္မွားလိုက္ သင္ယူလိုက္ဆိုတဲ့ ျဖစ္စဥ္ကို ကၽြန္မ ယုံၾကည္တယ္။ ကိုယ္တတ္နိုင္သေလာက္ ႀကိဳးစားၿပီး အေကာင္းဆုံးေနထိုင္၊ ျပဳမူ၊ေျပာဆိုတယ္။ လြဲတာ၊မွားတာေတြ၊ ကိုယ္ခ်မွတ္တဲ့ စံႏႈန္းမမွီတာေတြရွိတဲ့အခါ ပိုေကာင္းေအာင္ ဘာလုပ္နိုင္မလဲ သင္ယူလိုက္တယ္။ ဒီလိုနဲ႔ ကၽြန္မကေတာ့ ေကာင္းတဲ့ သူ ျဖစ္ေအာင္ ႀကိဳးစားမိတယ္။
ကၽြန္မတို႔ ကေလးေတြအတြက္၊ လူေတာ္ ျဖစ္ဖို႔တင္မက လူေကာင္းေတြျဖစ္ဖို႔ သင္ေပးဖို႔ လိုပါတယ္။ လူေကာင္းျဖစ္ဖို႔ သင္ေပးတဲ့အခါ စာေတြ၊ ဝတၱဳေတြ၊ ဇာတ္ေတာ္ေတြနဲ႔တင္ မလုံေလာက္ပါဘူး။ သူတို႔နဲ႔ နီးစပ္ေနတဲ့သူေတြ၊ ထိေတြ႕ေနတဲ့သူေတြ၊ ျမင္ေနရတဲ့သူေတြက လူေကာင္းေတြအျဖစ္ ေနထိုင္မွ သူတို႔ကလည္း အျမင္အားျဖင့္၊ လက္ေတြ႕ အားျဖင့္ သင္ယူနိုင္မွာပါ။ မဟုတ္ရင္ လူေကာင္းဆိုတာ ဇာတ္လမ္းထဲမွာပဲ ရွိေနမွာေပါ့။ ေနာက္အေရးႀကီးတာက လူေကာင္းျဖစ္ဖို႔ ႀကိဳးစားတဲ့အခါ ခ်က္ခ်င္း လူေကာင္းမျဖစ္နိုင္ဘူးဆိုတာ လက္ခံဖို႔ပါ။ ပိုေကာင္းတဲ့သူျဖစ္ေအာင္ အျမဲသင္ယူေနဖို႔၊ အျမဲ ေလ့က်င့္ေနဖို႔၊ အျမဲ သတိကပ္ေနဖို႔ လိုတာသိမွ တစ္ခါမွားၿပီး ေနာက္ဆုတ္မသြားမွာပါ။
ကၽြန္မကေတာ့ လူေကာင္းျဖစ္ခ်င္တယ္။ တစ္ေန႔ တစ္ေန႔ ပိုေကာင္းတဲ့သူ ျဖစ္ခ်င္လို႔ ေကာင္းတယ္လို႔ ယူဆတဲ့သူေတြဆီကေန သင္ယူတယ္၊ ေကာင္းတဲ့သူေတြ ဘာေတြလုပ္လဲ ဘယ္လိုေတြးလဲ နာယူတယ္။ ကိုယ္တိုင္လည္း ကိုယ့္အတိုင္းအတာနဲ႔ကိုယ္ က်င့္ယူတယ္။ ေသခ်ာတာက ကၽြန္မတို႔ သေဘာက်တဲ့ လူေကာင္းေတြနဲ႔ ကၽြန္မတို႔က ထပ္တူက်မွာ မဟုတ္ဘူးေလ။
ကိုယ္တိုင္ လူေကာင္းျဖစ္ေအာင္ ႀကိဳးစားၿပီး ကေလးေတြကိုလည္း တစ္ေန႔ထက္တစ္ေန႔ ပိုေကာင္းတဲ့သူေတြ ျဖစ္နိုင္ဖို႔ ပံ့ပိုးေပးၾကရေအာင္။
ေမတၱာျဖင့္…
Sayarma-ဆရာမ
Photo – ဓါတ္ပုံေလးက လြန္ခဲ့တဲ့ ကိုးႏွစ္ေက်ာ္က ဧရာဝတီတိုင္း ေက်ာင္းကုန္းၿမိဳ႕က ေက်ာင္းေလးမွာ ရိုက္ခဲ့တာ။