[Unicode]

ပထမပုံက ကျွန်မ (၈)တန်းနှစ်က မန္တလေးတောင်ပေါ်မှာ အင်္ဂလိပ်စကားပြောနေတဲ့အချိန်ပါ။ ဒုတိယပုံကတော့ ၁၂ နှစ်အကြာမှာ သမ္မတဟောင်း ကလင်တန်ရဲ့ ဖိတ်ကြားချက်အရ နယူးယော့ခ်မှာ အဖွင့် ဆွေးနွေး စကားဝိုင်း (Opening Panel) သွားပြီး စကားပြောရတုန်းက  ပြန်ခါနီး ကလင်တန်ကို မြန်မာပြည်က ပုံပြင်တစ်ပုဒ်ဖတ်ပြနေတဲ့ ပုံပါ။ ကျွန်မ ပုံကိုကြည့်ရင် ကျွန်မစကားပြောနေတဲ့ သူနဲ့ ကျွန်မရဲ့ အသက်အရွယ် ပုံပမ်းပဲပြောင်းသွားတာတွေ့ရမှာပါ။ ကျွန်မရဲ့ ယုံကြည်မှုနဲ့ အားထုတ်လိုမှုကတော့ မပြောင်းလဲသွားပါဘူး။ ဒီနေ့ ကျွန်မ အင်္ဂလိပ်စာကို ဘယ်လိုလေ့လာပြီး ဘယ်လိုသင်ယူခဲ့သလဲဆိုတာကို မျှဝေပြီး သင်ယူမှုတွေအကြောင်း လေ့လာကြပါမယ်။

ငယ်ငယ်က ကျွန်မ အင်္ဂလိပ်စာ အလွန်ညံ့တယ်။ စာမေးပွဲဖြေရင် သူများတွေဆီ မျက်စိဆွေနေအောင် ကြည့်ရတဲ့အထိ။ ဒါပေမယ့် ကျွန်မက အလွန်ဆော့ပြီး၊ အလွန်သွက်တယ်။ ဟိုစပ်စပ် ဒီစပ်စပ် အမြဲပါတယ်။ ၇ တန်းနှစ်ရောက်တော့ ကျွန်မရဲ့ အတန်းပိုင်ဆရာမက ဒေါ်ယဉ်ယဉ်ကြည်။ ဆရာမက ကျွန်မတို့ကို Please may I go out, Please may I come in ဆိုတဲ့ စာနှစ်ကြောင်းကို အိမ်သာသွားတဲ့အခါ နဲ့ စာသင်ခန်းတဲ့ပြန်ဝင်လာတဲ့အခါ သုံးဖို့သင်ပေးတယ်။ ကျွန်မ အဲလိုမျိုး ပြောရမယ်ဆို သိပ်သဘောကျတယ်။ ဆိုတော့ အိမ်သာ တရွှတ်ရွှတ်သွားတယ်။ ဆရာမ သင်ပေးတဲ့အတိုင်း လိုက်ပြောတယ်။ နောက် ဆရာမက ကျွန်မကို ယုံယုံကြည်ကြည်နဲ့ အင်္ဂလိပ်စာ အထူးသင်ယူခွင့်ရှိတဲ့ အတန်းကို ပို့လိုက်တယ်။

အဲဒီ့မှာ ပြဿနာတက်တာပဲ။ ကျွန်မက အင်္ဂလိပ်စကားပဲပြောချင်တာ။ စာမှာ သင်ရတဲ့ သဒ္ဒါတွေ မသင်ချင်ဘူးရယ်။ စာလိုတွေ မသင်ချင်။ အဲဒီ့တော့ အင်္ဂလိပ်စာမှာ အမြဲ နောက်ဆုံး။ ကျွန်မ စဉ်းစားတယ်။ အင်္ဂလိပ်စကားပြောတတ်အောင် ဘာလုပ်ရမလဲပေါ့။ အဲဒီ့တော့ နိုင်ငံခြားသားတွေ မြင်ရင် သူတို့ဆီသွားတယ်၊ မြန်မာတွေနဲ့ ပြောတာတွေ နားထောင်တယ်။ နားမလည်ဘူး။ သူတို့လိုပြောတတ်ချင်လိုက်တာဆိုပြီး ညဆိုရင် မှန်ထဲကြည့်၊ အင်္ဂလိပ်လိုုတွေပြောတယ်။ အင်္ဂလိပ်လို ပြောတယ်လို့သာ ပြောတာပါ အင်္ဂလိပ်စကားလုံးတွေကို ဒီတိုင်း တန်းစီပြီး စကားပြောနေသလို လျှောက်ရွတ်တာ။ အမေက ပြောတယ ညဆိုရင်လည်း အင်္ဂလိပ်လို ယောင်တယ်တဲ့။ အဲဒီ့လောက်ထိ ဘာသာစကားကို ကျွန်မ တတ်ချင်ခဲ့တာ။ 

ဒါနဲ့ ဘယ်သူမှ မတိုက်တွန်းပါပဲနဲ့ သူငယ်ချင်းတွေနဲ့အတူ တစ်ခါတစ်လေ ကိုယ်တစ်ယောက်ထဲ မန္တလေးတောင်ပေါ်တွေ သွားဖြစ်ခဲ့တယ်၊ နိုင်ငံခြားသားတွေကို ရှာပြီး စကားပြောတယ်။ ပထမတော့ ကိုယ်ပြောချင်တာကိုယ်ပြောပြီး ပြန်လာတာပါ။ သူပြောတာလည်း နားမှမလည်တာ။ နောက်တစ်ဖြည်းဖြည်းနဲ့ ပြန်ပြောတဲ့အဖြေတွေကို နားလည်လာတယ်။ ပြန်တော့မဖြေတတ်ဘူး။ နောက် ကြိုးစားပြီး တစ်လုံးစနှစ်လုံးစ ပြန်ဖြေတယ်။ နောက် ကိုယ့်အဖြေကိုယ် မမှန်သလို ခံစားလာရတယ်။ ဘယ်လိုဖြေရင် မှန်မလဲဆိုတဲ့ အဖြေကိုရှာဖို့အတွက် စာသင်ခနး်က သင်ခန်းစာတွေက အထောက်ကူပြုခဲ့တယ်။  ပိုသိအောင် စာကြည့်တိုက်က စာအုပ်တွေဖတ်တယ်၊ သီချင်းတွေသွားနားထောင်တယ် (Westlife သီချင်းတွေနဲ့အင်္ဂလိပ်စာ သင်ခဲ့ရတာ)၊ ဇာတ်လမ်းတွေ နားထောင်တယ်။ ဘာလုပ်လုပ် ကျွန်မ အင်္ဂလိပ်စကားပြောနိုင်ဖို့ အထောက်ကူပြုတယ်လို့ ယုံကြည်ခဲ့တယ်။ အဲဒီ့အတွက် အားလုံးက ကျွန်မအတွက် ပိုစိတ်ဝင်စားစေပြီး အဓိပ္ပါယ်ရှိလာတယ်။ အကျိုးဆက်ကတော့ ကျောင်းကို အရင်ကထက်ပိုပြီးပျော်လာတယ်။

 အဲဒီ့လိုနဲ့ လက်တွေ့ တွေ့ရာလူနဲ့ပြော၊ မှန်ထောင်ပြော၊ အိမ်မက်ထဲပြော အမြဲပြောရင်း စာလည်း လုပ်ရင်း လေ့ကျင့်တာ ကျွန်မ အတန်းထဲမှာ အင်္ဂလိပ်စာ အပြောနိုင်ဆုံးထဲမှာ ပါခဲ့တယ်။ အဲဒီ့ ၈ တန်းတစ်နှစ် ကြိုးစားလိုက်တာက အခုအချိန်အထိ ထူးထူးကဲကဲ သိပ်ပြီး မလုပ်ဘဲ အင်္ဂလိပ်စာကို ကောင်းကောင်းမွန်မွန်ပြောတတ်စေတဲ့အထိ အကျိုးထူးခဲ့တယ်။ ဒါကြောင့် ကျွန်မကို အင်္ဂလိပ်စာ ဘယ်မှာ သင်ခဲ့လဲ၊ နိုင်ငံခြားမှာလားလို့မေးရင် ကျွန်မက သြစတျေးလျမှာ မဟာဘွဲ့ယူပေမယ့် အင်္ဂလိပ်စာကောင်းကောင်းပြောတတ်အောင် မြန်မာပြည်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ လေ့လာခဲ့တာလို့ အမြဲ ဂုဏ်ယူစွာပြောခဲ့တယ်။

ကျွန်မ သင်ယူတဲ့ ပုံစံကို လေ့လာကြည့်ရအောင်…….

နံပါတ် (၁) – စိတ်ဝင်စားမှုနှင့် ပံ့ပိုးမှု

ကျွန်မ အရင်က အင်္ဂလိပ်စကား ပြောရတာ ဝါသနာပါမှန်းမသိပါဘူး။ ကျွန်မကို ဆရာမ ဒေါ်ယဉ်ယဉ်ကြည်ကသာ မိတ်မဆက်ပေးခဲ့ဘူးဆိုရင်၊ ကျွန်မကို မှန်ကန်သောနည်းလမ်းနဲ့ မြှင့်တင်မပေးခဲ့ဘူးဆိုရင် ကျွန်မ ကိုယ်တိုင်လည်း ဒီလိုအခြေအနေဖြစ်လာပါ့မလား မသိနိုင်ပါဘူး။ ကလေးတွေမှာ စိတ်ဝင်စားမှုတွေရှိတယ်။ တစ်ခါတစ်လေမှာ သူတို့ဘာကို စိတ်ဝင်စားပြီး ဝါသနာပါလည်းဆိုတာ မသိကြဘူး။ အကြောင်းရင်းတစ်ခုကတော့ အဲဒီ့အရာကို မကြုံဖူးလို့ပါ။ ကိုယ်ဝါသနာပါတဲ့အရာ၊ စိတ်ဝင်စားတဲ့အရာကိုလည်း တွေ့ကြုံဖူးမှ ကိုယ်က ဒါကို စိတ်ဝင်စားတယ်၊ မဝင်စားဖူးဆိုတာ သိနိုင်တာပါ။ ကျွန်မတုန်းက ကိုယ့်ဟာကို သေချာ မသိပါဘူး၊ ကျွန်မ အဲ့လို ပြောနေရတာ ကြိုက်တာကိုတော့ သိတယ်။ ကျွန်မသေချာမသိတာကို ဆရာမက မြင်တယ်။ မြင်တဲ့အတွက် ပံ့ပိုးပေးတယ်။ ဒါကြောင် ့ဆရာ၊မတွေ မိဘတွေရဲ့ အခန်းကဏ္ဍကအရေးကြီးတယ်ဆိုတာကိုပြောချင်တာ။ ကလေးတွေကို ဟိုဟာ ဖြစ်အောင်လုပ်၊ ဒီဟာဖြစ်အောင်လုပ်ဆိုပြီး ဘောင်ခတ်တာထက်၊ ကလေးရဲ့ အပြုအမူ၊ လုပ်ဆောင်မှု၊ တွေးခေါ်မှုအပေါ်မူတည်ပြီး သင့်တင့်သလို ပံ့ပိုးပေးဖို့ လိုပါတယ်။

နံပါတ် (၂) သင်ယူမှုပုံစံနှင့် သင်ယူရန်အခွင့်အလမ်း

ကျွန်မက စာကို ငြိမ်ငြိမ်လေးသင်တာမျိုး၊ စာကြည့်ဖတ်ခိုင်းတာမျိုး နဲ့ သင်လို့မရဘူး။ တစ်ချိန်လုံး တစ်ခုခုကို လုပ်နေရမှ။ ဆော့လိုက်တာလည်း ဝီခေါ်နေတာပဲ။ အဲဒီ့အတွက် အပစ်ပေးခံရတာလည်း ခဏခဏပဲ။ ကျွန်မ ပညာသင်ယူတဲ့ပုံက လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင်ယူတယ်။ လက်တွေ့မလုပ်ရတဲ့ စာကို ကျွန်မ စိတ်မဝင်စားဘူး။ ဥပမာတွေနဲ့ မပြောတတ်ရင် ကျွန်မ နားမထောင်ချင်ဘူး (အခုအချိန်ထိ တရားနာရင်တောင် ရှေ့မီနောက်မီ ဥပမာတွေနဲ့ ကြောင်းကျိုးဆက်စပ်ပြီးဟောတဲ့ ဆရာတော်တွေဆီက ပိုနာယူဖြစ်တယ်)။ သီအိုရီတွေကြည့်ပဲ သင်ရင် အခြားဟာတွေ တွေးနေတတ်တယ်၊ အာရုံစိုက်တာကို ၁၀ မိနစ်ထက် ပိုပြီး မလုပ်နိုင်ဘူး။ အဲဒါကြောင့် ကိုယ်တိုင် လက်တွေ့ လေ့ကျင့်ခန်းကို ရှာဖွေပြီးလုပ်ခဲ့တယ်။ ရူးရူးမူးမူး လေ့ကျင့်တယ်။  မှားလည်း မရှက်ဘူး။ ပြောချင်တာက ကိုယ်တစ်ကယ်သဘောကျတဲ့ အကြောင်းအရာတစ်ခုခုကို ကိုယ်သဘောကျတဲ့ ပုံစံနဲ့ လေ့လာဖို့က အရေးကြီးတယ်။ အဲဒါဆိုရင် ဘယ်သူကမှ စာလုပ်ဦးဟဲ့လို့ လာတွန်းစရာမလိုဘူး။ ဆရာ၊မတွေ မိဘတွေအနေနဲ့ ကလေးတွေရဲ့ သင်ယူပုံကို လေ့လာဖို့လိုတယ်။ ကိုက်ညီရာ သင်နည်းတွေကို အားလုံးနဲ့ကိုက်ညီအောင် အသုံးပြုဖို့လိုတယ်။ သင်ယူသူတွေအနေနဲ့လည်း ကိုယ်နဲ့ မကိုက်ညီတဲ့ သင်နည်းမို့ မသင်ဘူးဆိုတာမျိုး မလုပ်ရဘူး ကိုယ်နဲ့ ကိုက်ညီရာကို တတ်နိုင်သလောက် ကိုယ်ဖာသာ ဖန်တီး လုပ်ဆောင်ဖို့လိုတယ်။ အမြဲ ဆရာ၊မတွေကိုကြည့် အပြစ်ပုံနေလို့မရဘူး။

နံပါတ် (၃) – တစ်စိုက်မတ်မတ်အားထုတ်မှုနဲ့ အမှားကနေသင်ယူခြင်း

ကျွန်မ အင်္ဂလိပ်စာ သင်ယူတဲ့အခါ တစ်နှစ်အတွင်းမှာ ကောင်းကောင်းပြောတတ်ရတဲ့ အကြောင်းရင်းက အားစိုက်ပြီး ကြိုးစားတဲ့အပြင် အမြဲမှန်မှန်ကြိုးစားတယ်၊ ကိုယ်နဲ့ကိုက်ညီမယ့် နည်းလမ်းကို ရှာပြီး တစ်စိုက်မတ်မတ် ကြိုးစားတယ်။ မှားတဲ့အခါလည်း ပြုံးပြုံးပဲ၊ မှန်သွားလည်း အေးဆေးပဲ။ ခေါင်းထဲမှာ အသစ်တွေ သင်ယူဖို့ကြိုးစားချင်စိတ်က လွှမ်းမိုးနေတဲ့အတွက် မှားလည်း မရှက်သွားဘဲ ဆက်ပြီး ကြိုးစားသွားဖြစ်တယ်။ သင်ယူဖို့ ပံ့ပိုးသူတွေရှိတယ်၊ ကိုယ်တိုင်ကလည်း စိတ်ဝင်စားမှုကို သိတယ်၊ သင်ယူပုံတွေလည်း သိတယ်ဆိုရင်တောင်မှ တစ်စိိုက်မတ်မတ်အားမထုတ်ရင်၊ အမှားကနေ မသင်ယူတတ်ရင် တတ်သင့်သလောက်၊ ထူးချွန်သင့်သလောက် တတ်မှာ ထူးချွန်မှာ မဟုတ်ဘူးလို့ ကျွန်မမြင်တယ်။

ကျွန်မအခုအခြေအနေမှာ အင်္ဂလိပ်စာကို ကောင်းကောင်းပြောတတ်ပါတယ်။ ကျွမ်းလှပြီတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါကြောင့် အခုလည်း ပုံမှန် စာဖတ်တယ်၊ မှတ်သားတယ်၊ သင်ယူတယ်။ မှားလည်းမရှက်ဘူး။ ငယ်ငယ်ကလိုမျိုး ကြိုးစားနေရတုန်းပါပဲ။ သင်ယူမှုမှာ ကျွန်မ ပျော်မွေ့တယ် ပြီးတော့  သင်ယူတွေကိုယ်တိုင် သင်ယူမှ သင်ယူမှုဖြစ်မြောက်တယ်ဆိုတာကို ယုံတယ်။ ဆရာ၊မတွေ လူကြီးတွေက ဘယ်လောက် သင်ယူအောင် တိုက်တွန်း တိုက်တွန်း၊ ပံံ့ပိုး ပံ့ပိုး၊ သင်ယူတဲ့ ကလေးကိုယ်တိုင် နောက်က ပါလာမှ သင်ယူမှုဖြစ်မှာ။ အဲဒီ့လို သင်ယူမှုဖြစ်ချင်တယ်ဆိုရင် ကလေးအကြောင်းကို လေ့လာဖို့လိုတယ်။ ကလေးက ဘာကို ဘယ်လို စိတ်ဝင်စားသလဲ၊ ဘယ်လို သင်ယူသလဲဆိုတာတွေကို အမြဲစောင့်ကြည့်ပြီး ကိုယ့်သင်ခန်းစာတွေကို ပြင်ဆင်ဖို့လိုတယ်။ ကလေးတွေကိုလည်း သူတို့သင်ယူနေတဲ့ သင်ခနး်စာတွေဟာ သူတို့ရဲ့ စိတ်ဝင်စားမှု၊ သူတို့ရဲ့ အနာဂါတ်အတွက် ဘယ်လို အထောက်ကူပြုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်သာအောင် ပြောပြဖို့လိုတယ်။ အဲဒီ့မှာ ကလေးတွေကလည်း စိတ်အားထက်သန်စွာ သင်ယူကြတယ်ဆိုရင် ဘယ်အရာကိုယ်မဆို သင်ယူဖို့ မခက်ခဲဘူးလို့ ကျွန်မမြင်ပါတယ်။  ပံ့ပိုးသူတွေကလည်း မှန်ကန်စွာ ပံ့ပိုး၊ လေ့လာသူကလည်း ဇွဲနဲ့ ကြိုးစားကြပြီး သင်ယူမှုအခွင့်အလမ်းတွေကိုလည်း ပံ့ပိုးသူရော လေ့လာသူအတူ ပူးပေါင်းရှာဖွေကြရင် ဘယ်ပညာကိုမဆို ထူးချွန်စွာ တတ်မြောက်မယ်လို့ ကျွန်မယုံကြည်တယ်။  သင်ယူမှုမှာ ပျော်မွေ့သူများ ဖြစ်ကြပါစေ။

မေတ္တာဖြင့် ….

           Sayarma-ဆရာမ

[Zawgyi]

ပထမပံုက ကၽြန္မ (၈)တန္းႏွစ္က မႏၱေလးေတာင္ေပၚမွာ အဂၤလိပ္စကားေျပာေနတဲ့အခ်ိန္ပါ။ ဒုတိယပံုကေတာ့ ၁၂ ႏွစ္အၾကာမွာ သမၼတေဟာင္း ကလင္တန္ရဲ႕ ဖိတ္ၾကားခ်က္အရ နယူးေယာ့ခ္မွာ အဖြင့္ ေဆြးေႏြး စကားဝိုင္း (Opening Panel) သြားျပီး စကားေျပာရတုန္းက  ျပန္ခါနီး ကလင္တန္ကို ျမန္မာျပည္က ပံုျပင္တစ္ပုဒ္ဖတ္ျပေနတဲ့ ပံုပါ။ ကၽြန္မ ပံုကိုၾကည့္ရင္ ကၽြန္မစကားေျပာေနတဲ့ သူနဲ႕ ကၽြန္မရဲ႕ အသက္အရြယ္ ပံုပမ္းပဲေျပာင္းသြားတာေတြ႕ရမွာပါ။ ကၽြန္မရဲ႕ ယံုၾကည္မွဳနဲ႕ အားထုတ္လိုမွဳကေတာ့ မေျပာင္းလဲသြားပါဘူး။ ဒီေန႕ ကၽြန္မ အဂၤလိပ္စာကို ဘယ္လိုေလ့လာျပီး ဘယ္လိုသင္ယူခဲ့သလဲဆိုတာကို မွ်ေဝျပီး သင္ယူမွဳေတြအေၾကာင္း ေလ့လာၾကပါမယ္။

ငယ္ငယ္က ကၽြန္မ အဂၤလိပ္စာ အလြန္ညံ့တယ္။ စာေမးပြဲေျဖရင္ သူမ်ားေတြဆီ မ်က္စိေဆြေနေအာင္ ၾကည့္ရတဲ့အထိ။ ဒါေပမယ့္ ကၽြန္မက အလြန္ေဆာ့ျပီး၊ အလြန္သြက္တယ္။ ဟိုစပ္စပ္ ဒီစပ္စပ္ အျမဲပါတယ္။ ၇ တန္းႏွစ္ေရာက္ေတာ့ ကၽြန္မရဲ႕ အတန္းပုိင္ဆရာမက ေဒၚယဥ္ယဥ္ၾကည္။ ဆရာမက ကၽြန္မတုိ႕ကို Please may I go out, Please may I come in ဆိုတဲ့ စာႏွစ္ေၾကာင္းကို အိမ္သာသြားတဲ့အခါ နဲ႕ စာသင္ခန္းတဲ့ျပန္ဝင္လာတဲ့အခါ သံုးဖို႕သင္ေပးတယ္။ ကၽြန္မ အဲလိုမ်ိဳး ေျပာရမယ္ဆို သိပ္သေဘာက်တယ္။ ဆိုေတာ့ အိမ္သာ တရႊတ္ရႊတ္သြားတယ္။ ဆရာမ သင္ေပးတဲ့အတိုင္း လုိက္ေျပာတယ္။ ေနာက္ ဆရာမက ကၽြန္မကို ယံုယံုၾကည္ၾကည္နဲ႕ အဂၤလိပ္စာ အထူးသင္ယူခြင့္ရွိတဲ့ အတန္းကို ပို႕လုိက္တယ္။

အဲဒီ့မွာ ျပႆနာတက္တာပဲ။ ကၽြန္မက အဂၤလိပ္စကားပဲေျပာခ်င္တာ။ စာမွာ သင္ရတဲ့ သဒၵါေတြ မသင္ခ်င္ဘူးရယ္။ စာလိုေတြ မသင္ခ်င္။ အဲဒီ့ေတာ့ အဂၤလိပ္စာမွာ အျမဲ ေနာက္ဆံုး။ ကၽြန္မ စဥ္းစားတယ္။ အဂၤလိပ္စကားေျပာတတ္ေအာင္ ဘာလုပ္ရမလဲေပါ့။ အဲဒီ့ေတာ့ နုိင္ငံျခားသားေတြ ျမင္ရင္ သူတို႕ဆီသြားတယ္၊ ျမန္မာေတြနဲ႕ ေျပာတာေတြ နားေထာင္တယ္။ နားမလည္ဘူး။ သူတို႕လိုေျပာတတ္ခ်င္လိုက္တာဆိုျပီး ညဆိုရင္ မွန္ထဲၾကည့္၊ အဂၤလိပ္လိုုေတြေျပာတယ္။ အဂၤလိပ္လို ေျပာတယ္လို႕သာ ေျပာတာပါ အဂၤလိပ္စကားလံုးေတြကို ဒီတိုင္း တန္းစီျပီး စကားေျပာေနသလို ေလွ်ာက္ရြတ္တာ။ အေမက ေျပာတယ ညဆိုရင္လည္း အဂၤလိပ္လို ေယာင္တယ္တဲ့။ အဲဒီ့ေလာက္ထိ ဘာသာစကားကို ကၽြန္မ တတ္ခ်င္ခဲ့တာ။ 

ဒါနဲ႕ ဘယ္သူမွ မတိုက္တြန္းပါပဲနဲ႕ သူငယ္ခ်င္းေတြနဲ႕အတူ တစ္ခါတစ္ေလ ကိုယ္တစ္ေယာက္ထဲ မႏၱေလးေတာင္ေပၚေတြ သြားျဖစ္ခဲ့တယ္၊ နုိင္ငံျခားသားေတြကို ရွာျပီး စကားေျပာတယ္။ ပထမေတာ့ ကိုယ္ေျပာခ်င္တာကိုယ္ေျပာျပီး ျပန္လာတာပါ။ သူေျပာတာလည္း နားမွမလည္တာ။ ေနာက္တစ္ျဖည္းျဖည္းနဲ႕ ျပန္ေျပာတဲ့အေျဖေတြကို နားလည္လာတယ္။ ျပန္ေတာ့မေျဖတတ္ဘူး။ ေနာက္ ၾကိဳးစားျပီး တစ္လံုးစႏွစ္လံုးစ ျပန္ေျဖတယ္။ ေနာက္ ကိုယ့္အေျဖကိုယ္ မမွန္သလို ခံစားလာရတယ္။ ဘယ္လိုေျဖရင္ မွန္မလဲဆိုတဲ့ အေျဖကိုရွာဖို႕အတြက္ စာသင္ခနး္က သင္ခန္းစာေတြက အေထာက္ကူျပဳခဲ့တယ္။  ပိုသိေအာင္ စာၾကည့္တိုက္က စာအုပ္ေတြဖတ္တယ္၊ သီခ်င္းေတြသြားနားေထာင္တယ္ (Westlife သီခ်င္းေတြနဲ႕အဂၤလိပ္စာ သင္ခဲ့ရတာ)၊ ဇာတ္လမ္းေတြ နားေထာင္တယ္။ ဘာလုပ္လုပ္ ကၽြန္မ အဂၤလိပ္စကားေျပာနုိင္ဖုိ႕ အေထာက္ကူျပဳတယ္လို႕ ယံုၾကည္ခ့ဲတယ္။ အဲဒီ့အတြက္ အားလံုးက ကၽြန္မအတြက္ ပိုစိတ္ဝင္စားေစျပီး အဓိပၸါယ္ရွိလာတယ္။ အက်ိဳးဆက္ကေတာ့ ေက်ာင္းကို အရင္ကထက္ပိုျပီးေပ်ာ္လာတယ္။

 အဲဒီ့လိုနဲ႕ လက္ေတြ႕ ေတြ႕ရာလူနဲ႕ေျပာ၊ မွန္ေထာင္ေျပာ၊ အိမ္မက္ထဲေျပာ အျမဲေျပာရင္း စာလည္း လုပ္ရင္း ေလ့က်င့္တာ ကၽြန္မ အတန္းထဲမွာ အဂၤလိပ္စာ အေျပာနုိင္ဆံုးထဲမွာ ပါခဲ့တယ္။ အဲဒီ့ ၈ တန္းတစ္ႏွစ္ ၾကိဳးစားလုိက္တာက အခုအခ်ိန္အထိ ထူးထူးကဲကဲ သိပ္ျပီး မလုပ္ဘဲ အဂၤလိပ္စာကို ေကာင္းေကာင္းမြန္မြန္ေျပာတတ္ေစတဲ့အထိ အက်ိဳးထူးခဲ့တယ္။ ဒါေၾကာင့္ ကၽြန္မကို အဂၤလိပ္စာ ဘယ္မွာ သင္ခဲ့လဲ၊ နုိင္ငံျခားမွာလားလို႕ေမးရင္ ကၽြန္မက ျသစေတ်းလ်မွာ မဟာဘြဲ႕ယူေပမယ့္ အဂၤလိပ္စာေကာင္းေကာင္းေျပာတတ္ေအာင္ ျမန္မာျပည္က ဘုန္းေတာ္ၾကီးသင္ပညာေရးေက်ာင္းမွာ ေလ့လာခဲ့တာလို႕ အျမဲ ဂုဏ္ယူစြာေျပာခဲ့တယ္။

ကၽြန္မ သင္ယူတဲ့ ပံုစံကို ေလ့လာၾကည့္ရေအာင္…….

နံပါတ္ (၁) – စိတ္ဝင္စားမွဳႏွင့္ ပံ့ပိုးမွဳ

ကၽြန္မ အရင္က အဂၤလိပ္စကား ေျပာရတာ ဝါသနာပါမွန္းမသိပါဘူး။ ကၽြန္မကို ဆရာမ ေဒၚယဥ္ယဥ္ၾကည္ကသာ မိတ္မဆက္ေပးခဲ့ဘူးဆိုရင္၊ ကၽြန္မကို မွန္ကန္ေသာနည္းလမ္းနဲ႕ ျမွင့္တင္မေပးခဲ့ဘူးဆိုရင္ ကၽြန္မ ကိုယ္တိုင္လည္း ဒီလိုအေျခအေနျဖစ္လာပါ့မလား မသိနုိင္ပါဘူး။ ကေလးေတြမွာ စိတ္ဝင္စားမွဳေတြရွိတယ္။ တစ္ခါတစ္ေလမွာ သူတို႕ဘာကို စိတ္ဝင္စားျပီး ဝါသနာပါလည္းဆိုတာ မသိၾကဘူး။ အေၾကာင္းရင္းတစ္ခုကေတာ့ အဲဒီ့အရာကို မၾကံဳဖူးလို႕ပါ။ ကိုယ္ဝါသနာပါတဲ့အရာ၊ စိတ္ဝင္စားတဲ့အရာကိုလည္း ေတြ႕ၾကံဳဖူးမွ ကိုယ္က ဒါကို စိတ္ဝင္စားတယ္၊ မဝင္စားဖူးဆိုတာ သိနုိင္တာပါ။ ကၽြန္မတုန္းက ကိုယ့္ဟာကို ေသခ်ာ မသိပါဘူး၊ ကၽြန္မ အဲ့လို ေျပာေနရတာ ၾကိဳက္တာကိုေတာ့ သိတယ္။ ကၽြန္မေသခ်ာမသိတာကို ဆရာမက ျမင္တယ္။ ျမင္တဲ့အတြက္ ပံ့ပိုးေပးတယ္။ ဒါေၾကာင္ ့ဆရာ၊မေတြ မိဘေတြရဲ႕ အခန္းက႑ကအေရးၾကီးတယ္ဆိုတာကိုေျပာခ်င္တာ။ ကေလးေတြကို ဟိုဟာ ျဖစ္ေအာင္လုပ္၊ ဒီဟာျဖစ္ေအာင္လုပ္ဆုိျပီး ေဘာင္ခတ္တာထက္၊ ကေလးရဲ႕ အျပဳအမူ၊ လုပ္ေဆာင္မွဳ၊ ေတြးေခၚမွုအေပၚမူတည္ျပီး သင့္တင့္သလို ပံ့ပိုးေပးဖုိ႕ လိုပါတယ္။

နံပါတ္ (၂) သင္ယူမွဳပံုစံႏွင့္ သင္ယူရန္အခြင့္အလမ္း

ကၽြန္မက စာကို ျငိမ္ျငိမ္ေလးသင္တာမ်ိဳး၊ စာၾကည့္ဖတ္ခုိင္းတာမ်ိဳး နဲ႕ သင္လို႕မရဘူး။ တစ္ခ်ိန္လံုး တစ္ခုခုကို လုပ္ေနရမွ။ ေဆာ့လိုက္တာလည္း ဝီေခၚေနတာပဲ။ အဲဒီ့အတြက္ အပစ္ေပးခံရတာလည္း ခဏခဏပဲ။ ကၽြန္မ ပညာသင္ယူတဲ့ပံုက လက္ေတြ႕လုပ္ေဆာင္ျခင္းအားျဖင့္ သင္ယူတယ္။ လက္ေတြ႕မလုပ္ရတဲ့ စာကို ကၽြန္မ စိတ္မဝင္စားဘူး။ ဥပမာေတြနဲ႕ မေျပာတတ္ရင္ ကၽြန္မ နားမေထာင္ခ်င္ဘူး (အခုအခ်ိန္ထိ တရားနာရင္ေတာင္ ေရွ႕မီေနာက္မီ ဥပမာေတြနဲ႕ ေၾကာင္းက်ိဳးဆက္စပ္ျပီးေဟာတဲ့ ဆရာေတာ္ေတြဆီက ပိုနာယူျဖစ္တယ္)။ သီအုိရီေတြၾကည့္ပဲ သင္ရင္ အျခားဟာေတြ ေတြးေနတတ္တယ္၊ အာရံုစိုက္တာကို ၁၀ မိနစ္ထက္ ပိုျပီး မလုပ္နုိင္ဘူး။ အဲဒါေၾကာင့္ ကိုယ္တုိင္ လက္ေတြ႕ ေလ့က်င့္ခန္းကို ရွာေဖြျပီးလုပ္ခဲ့တယ္။ ရူးရူးမူးမူး ေလ့က်င့္တယ္။  မွားလည္း မရွက္ဘူး။ ေျပာခ်င္တာက ကိုယ္တစ္ကယ္သေဘာက်တဲ့ အေၾကာင္းအရာတစ္ခုခုကို ကိုယ္သေဘာက်တဲ့ ပံုစံနဲ႕ ေလ့လာဖုိ႕က အေရးၾကီးတယ္။ အဲဒါဆိုရင္ ဘယ္သူကမွ စာလုပ္ဦးဟဲ့လို႕ လာတြန္းစရာမလိုဘူး။ ဆရာ၊မေတြ မိဘေတြအေနနဲ႕ ကေလးေတြရဲ႕ သင္ယူပံုကို ေလ့လာဖုိ႕လိုတယ္။ ကိုက္ညီရာ သင္နည္းေတြကို အားလံုးနဲ႕ကိုက္ညီေအာင္ အသံုးျပဳဖုိ႕လိုတယ္။ သင္ယူသူေတြအေနနဲ႕လည္း ကိုယ္နဲ႕ မကိုက္ညီတဲ့ သင္နည္းမို႕ မသင္ဘူးဆိုတာမ်ိဳး မလုပ္ရဘူး ကိုယ္နဲ႕ ကိုက္ညီရာကို တတ္နုိင္သေလာက္ ကိုယ္ဖာသာ ဖန္တီး လုပ္ေဆာင္ဖုိ႕လိုတယ္။ အျမဲ ဆရာ၊မေတြကိုၾကည့္ အျပစ္ပံုေနလို႕မရဘူး။

နံပါတ္ (၃) – တစ္စိုက္မတ္မတ္အားထုတ္မွဳနဲ႕ အမွားကေနသင္ယူျခင္း

ကၽြန္မ အဂၤလိပ္စာ သင္ယူတဲ့အခါ တစ္ႏွစ္အတြင္းမွာ ေကာင္းေကာင္းေျပာတတ္ရတဲ့ အေၾကာင္းရင္းက အားစိုက္ျပီး ၾကိဳးစားတဲ့အျပင္ အျမဲမွန္မွန္ၾကိဳးစားတယ္၊ ကိုယ္နဲ႕ကိုက္ညီမယ့္ နည္းလမ္းကို ရွာျပီး တစ္စိုက္မတ္မတ္ ၾကိဳးစားတယ္။ မွားတဲ့အခါလည္း ျပံုးျပံုးပဲ၊ မွန္သြားလည္း ေအးေဆးပဲ။ ေခါင္းထဲမွာ အသစ္ေတြ သင္ယူဖုိ႕ၾကိဳးစားခ်င္စိတ္က လႊမ္းမိုးေနတဲ့အတြက္ မွားလည္း မရွက္သြားဘဲ ဆက္ျပီး ၾကိဳးစားသြားျဖစ္တယ္။ သင္ယူဖုိ႕ ပံ့ပိုးသူေတြရွိတယ္၊ ကိုယ္တုိင္ကလည္း စိတ္ဝင္စားမွဳကို သိတယ္၊ သင္ယူပံုေတြလည္း သိတယ္ဆိုရင္ေတာင္မွ တစ္စိုိက္မတ္မတ္အားမထုတ္ရင္၊ အမွားကေန မသင္ယူတတ္ရင္ တတ္သင့္သေလာက္၊ ထူးခၽြန္သင့္သေလာက္ တတ္မွာ ထူးခၽြန္မွာ မဟုတ္ဘူးလုိ႕ ကၽြန္မျမင္တယ္။

ကၽြန္မအခုအေျခအေနမွာ အဂၤလိပ္စာကို ေကာင္းေကာင္းေျပာတတ္ပါတယ္။ ကၽြမ္းလွျပီေတာ့ ဘယ္ဟုတ္ပါ့မလဲ။ ဒါေၾကာင့္ အခုလည္း ပံုမွန္ စာဖတ္တယ္၊ မွတ္သားတယ္၊ သင္ယူတယ္။ မွားလည္းမရွက္ဘူး။ ငယ္ငယ္ကလိုမ်ိဳး ၾကိဳးစားေနရတုန္းပါပဲ။ သင္ယူမွဳမွာ ကၽြန္မ ေပ်ာ္ေမြ႕တယ္ ျပီးေတာ့  သင္ယူေတြကိုယ္တုိင္ သင္ယူမွ သင္ယူမွဳျဖစ္ေျမာက္တယ္ဆိုတာကို ယံုတယ္။ ဆရာ၊မေတြ လူၾကီးေတြက ဘယ္ေလာက္ သင္ယူေအာင္ တုိက္တြန္း တိုက္တြန္း၊ ပံံ့ပိုး ပံ့ပိုး၊ သင္ယူတဲ့ ကေလးကိုယ္တုိင္ ေနာက္က ပါလာမွ သင္ယူမွဳျဖစ္မွာ။ အဲဒီ့လို သင္ယူမွဳျဖစ္ခ်င္တယ္ဆိုရင္ ကေလးအေၾကာင္းကို ေလ့လာဖုိ႕လိုတယ္။ ကေလးက ဘာကို ဘယ္လို စိတ္ဝင္စားသလဲ၊ ဘယ္လို သင္ယူသလဲဆိုတာေတြကို အျမဲေစာင့္ၾကည့္ျပီး ကိုယ့္သင္ခန္းစာေတြကို ျပင္ဆင္ဖို႕လိုတယ္။ ကေလးေတြကိုလည္း သူတို႕သင္ယူေနတဲ့ သင္ခနး္စာေတြဟာ သူတို႕ရဲ႕ စိတ္ဝင္စားမွဳ၊ သူတို႕ရဲ႕ အနာဂါတ္အတြက္ ဘယ္လို အေထာက္ကူျပဳတယ္ဆိုတာ ရွင္းရွင္းလင္းလင္း ျမင္သာေအာင္ ေျပာျပဖုိ႕လိုတယ္။ အဲဒီ့မွာ ကေလးေတြကလည္း စိတ္အားထက္သန္စြာ သင္ယူၾကတယ္ဆိုရင္ ဘယ္အရာကိုယ္မဆို သင္ယူဖုိ႕ မခက္ခဲဘူးလို႕ ကၽြန္မျမင္ပါတယ္။  ပံ့ပိုးသူေတြကလည္း မွန္ကန္စြာ ပံ့ပိုး၊ ေလ့လာသူကလည္း ဇြဲနဲ႕ ၾကိဳးစားၾကျပီး သင္ယူမွဳအခြင့္အလမ္းေတြကိုလည္း ပံ့ပိုးသူေရာ ေလ့လာသူအတူ ပူးေပါင္းရွာေဖြၾကရင္ ဘယ္ပညာကိုမဆို ထူးခၽြန္စြာ တတ္ေျမာက္မယ္လို႕ ကၽြန္မယံုၾကည္တယ္။  သင္ယူမွုမွာ ေပ်ာ္ေမြ႕သူမ်ား ျဖစ္ၾကပါေစ။

ေမတၱာျဖင့္ ….

           Sayarma-ဆရာမ