[ Unicode ]

ကျွန်မတို့ နေ့စဉ်ဘဝမှ ကိုယ့်အထက်လူကြီးနဲ့ဖြစ်ဖြစ်၊ လုပ်ဖေါ်ကိုင်ဖက်နဲ့ဖြစ်ဖြစ်၊ ကိုယ့်လက်အောက်ငယ်သားနဲ့ဖြစ်ဖြစ် အဆင်မပြေမှုတွေရှိနေရင် စိတ်ပင်ပန်းမှု၊ ဒေါသ၊ အကောင်းမမြင်နိုင်မှုတွေဖြစ်နေတဲ့အတွက် အလုပ်မတွင်ခြင်း၊ ထိရောက်မှုမရှိခြင်း၊ နှောင့်နှေးခြင်း၊ ပျော်ရွှင်ကျေနပ်မှုမရှိခြင်းနဲ့ များစွာသော အပြုသဘောမဆောင်တဲ့ ရလဒ်တွေရနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ထဲကသူအချင်းချင်းကြားက ဆက်ဆံရေးကို အပြုသဘောအနေနဲ့ ရှိနေဖို့ အရေးကြီးပါတယ်။ ကျွန်မရဲ့ ပညာရေး လုပ်သားသက်တမ်းတစ်လျှောက်လုံး ဆရာ၊မတွေနဲ့ ကျောင်းအုပ်တွေကြားက ပြဿနာတွေ၊ ကျောင်းကြီးကြပ်သူများနဲ့ သင်ကြားရေးတာဝန်ယူသူတွေကြားက အဆင်မပြေမှုတွေ၊ ပညာရေး အဖွဲ့အစည်း ဦးဆောင်သူတွေနဲ့ လက်တွေ့ကွင်းဆင်းလုပ်ဆောင်ရသူတွေကြားက လွဲမှားကြသော နားလည်မှုတွေကို များစွာကြားခဲ့ရပါတယ်၊ ကိုယ်တိုင်လည်း ကြုံခဲ့ရတယ်။ ဒါကြောင့် ဒီနေ့ ကျောင်း (သို့) ပညာရေး အဖွဲ့အစည်းကို ဦးဆောင်နေသူတွေအတွက် သိထားသင့်တဲ့ အချက် (၅)ချက်ကို မျှဝေပေးချင်ပါတယ်။

၁) ပွင့်လင်းမြင်သာမှုရှိသော ဖြစ်စဉ်များကို အလေးထားပါ။
တိတ်တခိုးဖြစ်စဉ်တွေဟာ သံသယတွေကိုဖြစ်စေတယ်။ တစ်သီးတစ်ခြား ဆွေးနွေးမှုတွေဟာ ခွဲခြားမှုတွေကိုဖြစ်စေတယ်။ သံသယတွေ၊ ခွဲခြားခံရသလို ခံစားချက်တွေက မညီညွတ်ခြင်းတွေ၊ နားလည်မှုလွဲခြင်းတွေကို ဖြစ်စေတယ်။ ဒါကြောင့် ကျောင်းအတွက် အပြောင်းအလဲလုပ်တဲ့အခါ၊ အစီအစဉ်တွေကို၊ လုပ်ဆောင်မှု အဆင့်ဆင့်ကို ပါဝင်လုပ်ဆောင်ရမယ့်သူတွေ အားလုံး သေသေချာချာနားလည်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခန်းကဏ္ဍတွေက ကွဲပြားမှု မရှိနေချိန်မှာ ခွဲခြားခွဲခြား ဖြစ်သလို ဖြစ်နေခဲ့ရင် စိတ်ထဲက မပါသော ထောက်ခံမှုတွေကို ရကြမှာပါ။ ဒါကြောင့် ကျောင်းတွေကို ကြီးကြပ်သူတွေ၊ ဦးဆောင်သူတွေ အနေနဲ့ ကျောင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်ရင်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးမှုကို အဓိကထားရင် လုပ်ဆောင်ချက်တွေကို ပွင့်လင်းမြင်သာအောင် လုပ်ဖို့လိုသလို၊ အမှန်တစ်ကယ်ပါဝင်လုပ်ဆောင်ရမယ့်သူတွေရဲ့ အသံကိုလည်း နားထောင်သင့်ပါတယ်။

၂) ပါဝင်လုပ်ဆောင်သူတိုင်းက အရေးကြီးပါတယ်။ သူတို့အသံကို နားထောင်ပါ။
ကျောင်းတိုးတက်ရေးဖြစ်စဉ်တစ်ခုဖြစ်ဖြစ်၊ ပြောင်းလဲမှု တစ်ခုလုပ်မှာပဲဖြစ်ဖြစ် ကျောင်းကြီးကြပ်သူတွေနဲ့ပဲ ဇာတ်လမ်းဆုံးသွားမှာမဟုတ်ပါဘူး။ ကျောင်းကြီးကြပ်သူတွေကလည်း စီမံခန့်ခွဲရေးတာဝန်တွေယူရတာမို့ အရေးပါသလို လုပ်ငန်းတွေကို လက်တွေ့ အကောင်ထည်ဖေါ်တဲ့ ဆရာ၊မတွေရဲ့ တန်ဖိုးကလည်း မသေးပါဘူး။ ပညာရေးဟာ မိဘတွေ၊ ကလေးတွေ၊ ရပ်ရွာကလူတွေလည်း ပါဝင်တာမို့ ဖြစ်စဉ်တွေကို စဉ်းစားတဲ့အခါ ပါဝင်သူတွေအားလုံးရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို ရှင်းလင်းမြင်သာအောင် ပြဖို့လိုသလို၊ လူတိုင်းဟာ အရေးကြီးတာမို့ တန်ဖိုးထားကြဖို့လိုပါတယ်။ ကျောင်းသန့်ရှင်းရေးလုပ်သူကလည်း လေးစားခံထိုက်သလို၊ လစာနည်းနည်းနဲ့ တတ်နိုင်သလောက် ကြိုးစားနေတဲ့ ဆရာ၊မပေါက်စတွေလည်း တန်ဖိုးထားခြင်းခံထိုက်ပါတယ်။ အဲဒီ့နည်းတူ စီမံခန့်ခွဲရေးလုပ်သူတွေလည်း တန်ဖိုးရှိပါတယ်။ ဒါကြောင့် အပြောင်းအလဲလုပ်တဲ့အခါ စီမံသူတွေပဲ တိတ်တခိုးလုပ်တာထပ် ပါဝင်မယ့်သူတွေရဲ့ အမြင်တွေ၊ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို သေချာ နားလည်အောင် နားထောင်ဖို့ကလည်း အရေးကြီးပါတယ်။

၃) အပြောနဲ့ အလုပ်ညီဖို့လိုပါတယ်။
ကတိတွေပေးတိုင်း လူတော်လူကောင်း၊ ခေါင်းဆောင်ကောင်းလို့ပြောလို့မရပါဘူး။ လက်တွေ့ကျင့်သုံးမှု မရှိသော ပေါ်လစီတွေချပြီး အလေးစားခံချင်နေလို့ မရပါဘူး။ ဆရာမတွေကို အရည်သွေးတိုးတက်စေချင်တယ် ဆိုပြီး သင်တန်းတွေပို့တယ်၊ လွှတ်တယ် ဒါပေမယ့် သင်ယူလာတဲ့ သင်ကြားနည်းတွေ၊ ဗဟုသုတတွေကို လက်တွေ့အသုံးချဖို့ အခွင့်အလမ်းမပေးခြင်းတွေလည်း မလုပ်သင့်ပါ။ ကျောင်းက ဆရာမတွေ သင်တန်းကောင်းကောင်းတွေရပြီး အုပ်ချုပ်သူတွေက လေ့လာမှု၊ သင်ယူမှု မရှိတဲ့အခါ ဆဪာမတွေရဲ့အမြင်တွေကို လေးစားဖို့၊ လက်တွေ့အသုံးချခွင့်ပေးဖို့ အားနည်းတာတွေဖြစ်တတ်ပါတာ်။ ချထားတဲ့ စည်းမျဉ်းတွေ၊ အစည်းဝေးတွေမှာ ချပြလေ့ရှိတဲ့ တန်ဖိုးထားမှုတွေ ကို သေချာ နားလည်အောင်လုပ်ပြီး လက်တွေ့ ရှေ့ဆောင်လမ်းပြ ကျင့်ကြံဖို့လိုပါတယ်။ မတည်နိုင်တဲ့ ကတိတွေကို မပေးပါနဲ့။ ပေးတဲ့ကတိတွေကိုလည်း တည်အောင် ကြိုးစားပါ။ ပြောတဲ့အတိုင်း ကျင့်ကြံပါ။ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့အတိုင်း သွားရင်တော့ ကျွန်မတို့ ပညာရေးစနစ်ဟာ ဒုံရင်း ဒုံရင်းဖြစ်သွားမှာပါပဲ။

၄) သုံးသပ်မှုတွေကိုနားထောင်ပါ၊ တိုးတက်အောင် သင်ယူပါ။ အပြုသဘော သုံးသပ်မှု ပေးတတ်အောင် သင်ယူပါ။
ကျွန်မတို့က အမြဲ အထက်လူကြီးရဲ့ ကိုယ့်အပေါ် သုံးသပ်ချက်တွေပဲ နားထောင်ခဲ့ရတော့ ကိုယ့်အောက်လက်ငယ်သားတွေကိုလည်း ကိုယ်ကပဲ သုံးသပ်ချင်တယ်၊ ဝေဖန်ချင်တယ်၊ ထောက်ပြချင်တယ်။ ငယ်သားတွေက ထောက်ပြ၊ တင်ပြရင် လက်ခံဖို့ခက်ခဲကြတယ်။ ဘာလို့လဲဆိုတော့ ငယ်ကတည်းက အကြီးဆီကပဲနားထောင်ပြီး အငယ်ကို ပြန်သင်ဖို့ပဲ သင်ခဲ့ရတာကိုး။ အမှန်တစ်ကယ်က လူတိုင်းမှာ အတွေ့အကြုံတွေမတူညီကြသလို ထူးချွန်မှုတွေလည်းမတူညီကြပါဘူး။ အခြားသူတွေဆီကနေ ကိုယ်တာဝန်ယူထားတဲ့ ကဏ္ဍတိုးတက်ဖို့အခြား ပါဝင်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း လေးလေးစားစားနားထောင်ဖို့လိုပါတယ်။ ကိုယ်တိုင် သုံးသပ်ချက်ပေးတဲ့အခါ အပြုသဘောဆောင်ပြီး ပေးဖို့လိုပါတယ်။
၅) မေတ္တာရှေ့ထားသော လုံခြုံသည့် ပတ်ဝန်းကျင် တည်ဆောက်ပါ။
အလုပ်လုပ်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကလည်း အရေးပါသလို၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကလည်း အရေးကြီးပါတယ်။ ကျောင်းကိုလာပြီဆိုတာနဲ့ စိတ်က အတိုက်ခိုက်ခံရ၊ အနှိမ်ခံရ၊ ခွဲခြားခံရ၊ ဖိနှိပ်ခံရ တော့မယ်ဆိုတဲ့ ခံစားချက်တွေဖြစ်ပြီဆိုရင် စိတ်က မလုံခြုံတော့ပါဘူး။ အဲဒီ့အခါ လိုသလောက် တီထွင်ဖန်တီးမှုတွေမလုပ်နိုင်ဘူး၊ အားထည့်မှုတွေ လျော့ကျသွားတယ်၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ အားနည်းသွားမယ်။ ဒါကြောင့် လုပ်ငန်းခွင်ဟာ မေတ္တာပေးသော အလုပ်ခွင်ဖြစ်ဖို့ လိုပါတယ်။ မေတ္တာပေးခြင်းဆိုတာ အကောင်းမြင်စေတဲ့ ခံစားချက်ဖြစ်စေတာမျိုး၊ တန်းတူ မျှတစွာ ဆက်ဆံခံရတာမျိုး၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို တန်ဖိုးထားခြင်းခံရတာမျိုးလို့ ကျွန်မက အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။

ကျောင်း အုပ်ချုပ်သူတွေ၊ ကြီးကြပ်သူတွေ ဆိုတာ ကျောင်းရဲ့ လူကြီးတွေ၊ ကျောင်းရဲ့ မျက်နှာ အဖြစ် သတ်မှတ်ခံရပါတယ်။ ဒီအလုပ်ဟာလည်း တော်တော်ကို မလွယ်ကူပါဘူး။ ကိုယ်စီ ခံစားချက်တွေ၊ အယူအဆတွေနဲ့မို့ အများကို အုပ်ချုပ်တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ပိုင်ခံစားချက်ကို ခဏဘေးဖယ်ပြီး အဖွဲ့အစည်းနဲ့ ကျောင်းကောင်းဖို့ကို ဦးစားပေးရပါတယ်။ ဒါကိုလည်း ကျောင်းက ဆရာ၊မတွေ နဲ့ အခြားပါဝင်သူတွေကလည်း နားလည်ပေးဖို့လိုပါတယ်။ ကျောင်းတစ်ကျောင်းလုံးကို ဦးဆောင်ရသူတွေရဲ့ လုပ်ငန်းတစ်ခုအပေါ်မှာ မြင်တဲ့ အမြင်က အခြားသူတွေနဲ့ မတူနိုင်တာကို လက်ခံပြီး သူတို့တွေရဲ့ လုပ်ရပ်တွေကို အပြုသဘောသုံးသပ်မှုတွေ၊ အားပေးမှုတွေလည်း လုပ်သင့်ပါတယ်။ ပညာရေးလုပ်ငန်းခွင်မှာ အပြန်အလှန် ဖိနှိပ်ခြင်း ကင်းဝေးပြီး မေတ္တာအစစ်အမှန်ပေးသော ပတ်ဝန်းကျင်လေး ဖန်တီးနိုင်ကြပါစေ။

မေတ္တာဖြင့်…….
Sayarma-ဆရာမ

[ Zawgyi ]

ကၽြန္မတို႔ ေန႔စဥ္ဘဝမွ ကိုယ့္အထက္လူႀကီးနဲ႔ျဖစ္ျဖစ္၊ လုပ္ေဖၚကိုင္ဖက္နဲ႔ျဖစ္ျဖစ္၊ ကိုယ့္လက္ေအာက္ငယ္သားနဲ႔ျဖစ္ျဖစ္ အဆင္မေျပမႈေတြရွိေနရင္ စိတ္ပင္ပန္းမႈ၊ ေဒါသ၊ အေကာင္းမျမင္နိုင္မႈေတြျဖစ္ေနတဲ့အတြက္ အလုပ္မတြင္ျခင္း၊ ထိေရာက္မႈမရွိျခင္း၊ ေႏွာင့္ေႏွးျခင္း၊ ေပ်ာ္ရႊင္ေက်နပ္မႈမရွိျခင္းနဲ႔ မ်ားစြာေသာ အျပဳသေဘာမေဆာင္တဲ့ ရလဒ္ေတြရနိုင္ပါတယ္။ ဒါေၾကာင့္ လုပ္ငန္းခြင္ထဲကသူအခ်င္းခ်င္းၾကားက ဆက္ဆံေရးကို အျပဳသေဘာအေနနဲ႔ ရွိေနဖို႔ အေရးႀကီးပါတယ္။ ကၽြန္မရဲ့ ပညာေရး လုပ္သားသက္တမ္းတစ္ေလၽွာက္လုံး ဆရာ၊မေတြနဲ႔ ေက်ာင္းအုပ္ေတြၾကားက ျပႆနာေတြ၊ ေက်ာင္းႀကီးၾကပ္သူမ်ားနဲ႔ သင္ၾကားေရးတာဝန္ယူသူေတြၾကားက အဆင္မေျပမႈေတြ၊ ပညာေရး အဖြဲ႕အစည္း ဦးေဆာင္သူေတြနဲ႔ လက္ေတြ႕ကြင္းဆင္းလုပ္ေဆာင္ရသူေတြၾကားက လြဲမွားၾကေသာ နားလည္မႈေတြကို မ်ားစြာၾကားခဲ့ရပါတယ္၊ ကိုယ္တိုင္လည္း ၾကဳံခဲ့ရတယ္။ ဒါေၾကာင့္ ဒီေန႔ ေက်ာင္း (သို႔) ပညာေရး အဖြဲ႕အစည္းကို ဦးေဆာင္ေနသူေတြအတြက္ သိထားသင့္တဲ့ အခ်က္ (၅)ခ်က္ကို မၽွေဝေပးခ်င္ပါတယ္။

၁) ပြင့္လင္းျမင္သာမႈရွိေသာ ျဖစ္စဥ္မ်ားကို အေလးထားပါ။
တိတ္တခိုးျဖစ္စဥ္ေတြဟာ သံသယေတြကိုျဖစ္ေစတယ္။ တစ္သီးတစ္ျခား ေဆြးေႏြးမႈေတြဟာ ခြဲျခားမႈေတြကိုျဖစ္ေစတယ္။ သံသယေတြ၊ ခြဲျခားခံရသလို ခံစားခ်က္ေတြက မညီညြတ္ျခင္းေတြ၊ နားလည္မႈလြဲျခင္းေတြကို ျဖစ္ေစတယ္။ ဒါေၾကာင့္ ေက်ာင္းအတြက္ အေျပာင္းအလဲလုပ္တဲ့အခါ၊ အစီအစဥ္ေတြကို၊ လုပ္ေဆာင္မႈ အဆင့္ဆင့္ကို ပါဝင္လုပ္ေဆာင္ရမယ့္သူေတြ အားလုံး ေသေသခ်ာခ်ာနားလည္ေအာင္လုပ္ဖို႔ အေရးႀကီးပါတယ္။ အထူးသျဖင့္ အခန္းက႑ေတြက ကြဲျပားမႈ မရွိေနခ်ိန္မွာ ခြဲျခားခြဲျခား ျဖစ္သလို ျဖစ္ေနခဲ့ရင္ စိတ္ထဲက မပါေသာ ေထာက္ခံမႈေတြကို ရၾကမွာပါ။ ဒါေၾကာင့္ ေက်ာင္းေတြကို ႀကီးၾကပ္သူေတြ၊ ဦးေဆာင္သူေတြ အေနနဲ႔ ေက်ာင္းရဲ့ ဖြံ့ၿဖိဳးတိုးတက္မႈကို လိုခ်င္ရင္၊ ဝန္ထမ္းအခ်င္းခ်င္း စည္းလုံးမႈကို အဓိကထားရင္ လုပ္ေဆာင္ခ်က္ေတြကို ပြင့္လင္းျမင္သာေအာင္ လုပ္ဖို႔လိုသလို၊ အမွန္တစ္ကယ္ပါဝင္လုပ္ေဆာင္ရမယ့္သူေတြရဲ့ အသံကိုလည္း နားေထာင္သင့္ပါတယ္။

၂) ပါဝင္လုပ္ေဆာင္သူတိုင္းက အေရးႀကီးပါတယ္။ သူတို႔အသံကို နားေထာင္ပါ။
ေက်ာင္းတိုးတက္ေရးျဖစ္စဥ္တစ္ခုျဖစ္ျဖစ္၊ ေျပာင္းလဲမႈ တစ္ခုလုပ္မွာပဲျဖစ္ျဖစ္ ေက်ာင္းႀကီးၾကပ္သူေတြနဲ႔ပဲ ဇာတ္လမ္းဆုံးသြားမွာမဟုတ္ပါဘူး။ ေက်ာင္းႀကီးၾကပ္သူေတြကလည္း စီမံခန႔္ခြဲေရးတာဝန္ေတြယူရတာမို႔ အေရးပါသလို လုပ္ငန္းေတြကို လက္ေတြ႕ အေကာင္ထည္ေဖၚတဲ့ ဆရာ၊မေတြရဲ့ တန္ဖိုးကလည္း မေသးပါဘူး။ ပညာေရးဟာ မိဘေတြ၊ ကေလးေတြ၊ ရပ္ရြာကလူေတြလည္း ပါဝင္တာမို႔ ျဖစ္စဥ္ေတြကို စဥ္းစားတဲ့အခါ ပါဝင္သူေတြအားလုံးရဲ့ အေရးႀကီးတဲ့ အခန္းက႑ကို ရွင္းလင္းျမင္သာေအာင္ ျပဖို႔လိုသလို၊ လူတိုင္းဟာ အေရးႀကီးတာမို႔ တန္ဖိုးထားၾကဖို႔လိုပါတယ္။ ေက်ာင္းသန႔္ရွင္းေရးလုပ္သူကလည္း ေလးစားခံထိုက္သလို၊ လစာနည္းနည္းနဲ႔ တတ္နိုင္သေလာက္ ႀကိဳးစားေနတဲ့ ဆရာ၊မေပါက္စေတြလည္း တန္ဖိုးထားျခင္းခံထိုက္ပါတယ္။ အဲဒီ့နည္းတူ စီမံခန႔္ခြဲေရးလုပ္သူေတြလည္း တန္ဖိုးရွိပါတယ္။ ဒါေၾကာင့္ အေျပာင္းအလဲလုပ္တဲ့အခါ စီမံသူေတြပဲ တိတ္တခိုးလုပ္တာထပ္ ပါဝင္မယ့္သူေတြရဲ့ အျမင္ေတြ၊ အေတြ႕အၾကဳံေတြ၊ ခံစားခ်က္ေတြကို ေသခ်ာ နားလည္ေအာင္ နားေထာင္ဖို႔ကလည္း အေရးႀကီးပါတယ္။

၃) အေျပာနဲ႔ အလုပ္ညီဖို႔လိုပါတယ္။
ကတိေတြေပးတိုင္း လူေတာ္လူေကာင္း၊ ေခါင္းေဆာင္ေကာင္းလို႔ေျပာလို႔မရပါဘူး။ လက္ေတြ႕က်င့္သုံးမႈ မရွိေသာ ေပၚလစီေတြခ်ၿပီး အေလးစားခံခ်င္ေနလို႔ မရပါဘူး။ ဆရာမေတြကို အရည္ေသြးတိုးတက္ေစခ်င္တယ္ ဆိုၿပီး သင္တန္းေတြပို႔တယ္၊ လႊတ္တယ္ ဒါေပမယ့္ သင္ယူလာတဲ့ သင္ၾကားနည္းေတြ၊ ဗဟုသုတေတြကို လက္ေတြ႕အသုံးခ်ဖို႔ အခြင့္အလမ္းမေပးျခင္းေတြလည္း မလုပ္သင့္ပါ။ ေက်ာင္းက ဆရာမေတြ သင္တန္းေကာင္းေကာင္းေတြရၿပီး အုပ္ခ်ဳပ္သူေတြက ေလ့လာမႈ၊ သင္ယူမႈ မရွိတဲ့အခါ ဆဪာမေတြရဲ့အျမင္ေတြကို ေလးစားဖို႔၊ လက္ေတြ႕အသုံးခ်ခြင့္ေပးဖို႔ အားနည္းတာေတြျဖစ္တတ္ပါတာ္။ ခ်ထားတဲ့ စည္းမ်ဥ္းေတြ၊ အစည္းေဝးေတြမွာ ခ်ျပေလ့ရွိတဲ့ တန္ဖိုးထားမႈေတြ ကို ေသခ်ာ နားလည္ေအာင္လုပ္ၿပီး လက္ေတြ႕ ေရွ႕ေဆာင္လမ္းၿပ က်င့္ႀကံဖို႔လိုပါတယ္။ မတည္နိုင္တဲ့ ကတိေတြကို မေပးပါနဲ႔။ ေပးတဲ့ကတိေတြကိုလည္း တည္ေအာင္ ႀကိဳးစားပါ။ ေျပာတဲ့အတိုင္း က်င့္ႀကံပါ။ ငါေျပာသလိုလုပ္၊ ငါလုပ္သလိုမလုပ္နဲ႔ဆိုတဲ့အတိုင္း သြားရင္ေတာ့ ကၽြန္မတို႔ ပညာေရးစနစ္ဟာ ဒုံရင္း ဒုံရင္းျဖစ္သြားမွာပါပဲ။

၄) သုံးသပ္မႈေတြကိုနားေထာင္ပါ၊ တိုးတက္ေအာင္ သင္ယူပါ။ အျပဳသေဘာ သုံးသပ္မႈ ေပးတတ္ေအာင္ သင္ယူပါ။
ကၽြန္မတို႔က အျမဲ အထက္လူႀကီးရဲ့ ကိုယ့္အေပၚ သုံးသပ္ခ်က္ေတြပဲ နားေထာင္ခဲ့ရေတာ့ ကိုယ့္ေအာက္လက္ငယ္သားေတြကိုလည္း ကိုယ္ကပဲ သုံးသပ္ခ်င္တယ္၊ ေဝဖန္ခ်င္တယ္၊ ေထာက္ျပခ်င္တယ္။ ငယ္သားေတြက ေထာက္ျပ၊ တင္ျပရင္ လက္ခံဖို႔ခက္ခဲၾကတယ္။ ဘာလို႔လဲဆိုေတာ့ ငယ္ကတည္းက အႀကီးဆီကပဲနားေထာင္ၿပီး အငယ္ကို ျပန္သင္ဖို႔ပဲ သင္ခဲ့ရတာကိုး။ အမွန္တစ္ကယ္က လူတိုင္းမွာ အေတြ႕အၾကဳံေတြမတူညီၾကသလို ထူးခၽြန္မႈေတြလည္းမတူညီၾကပါဘူး။ အျခားသူေတြဆီကေန ကိုယ္တာဝန္ယူထားတဲ့ က႑တိုးတက္ဖို႔အျခား ပါဝင္သူေတြရဲ့ ထင္ျမင္ယူဆခ်က္ေတြကိုလည္း ေလးေလးစားစားနားေထာင္ဖို႔လိုပါတယ္။ ကိုယ္တိုင္ သုံးသပ္ခ်က္ေပးတဲ့အခါ အျပဳသေဘာေဆာင္ၿပီး ေပးဖို႔လိုပါတယ္။
၅) ေမတၱာေရွ႕ထားေသာ လုံျခဳံသည့္ ပတ္ဝန္းက်င္ တည္ေဆာက္ပါ။
အလုပ္လုပ္တဲ့အခါ ႐ုပ္ပိုင္းဆိုင္ရာ လုံျခဳံမႈကလည္း အေရးပါသလို၊ စိတ္ပိုင္းဆိုင္ရာ လုံျခဳံမႈကလည္း အေရးႀကီးပါတယ္။ ေက်ာင္းကိုလာၿပီဆိုတာနဲ႔ စိတ္က အတိုက္ခိုက္ခံရ၊ အႏွိမ္ခံရ၊ ခြဲျခားခံရ၊ ဖိႏွိပ္ခံရ ေတာ့မယ္ဆိုတဲ့ ခံစားခ်က္ေတြျဖစ္ၿပီဆိုရင္ စိတ္က မလုံျခဳံေတာ့ပါဘူး။ အဲဒီ့အခါ လိုသေလာက္ တီထြင္ဖန္တီးမႈေတြမလုပ္နိုင္ဘူး၊ အားထည့္မႈေတြ ေလ်ာ့က်သြားတယ္၊ ေဝဖန္ပိုင္းျခားနိုင္စြမ္းေတြ အားနည္းသြားမယ္။ ဒါေၾကာင့္ လုပ္ငန္းခြင္ဟာ ေမတၱာေပးေသာ အလုပ္ခြင္ျဖစ္ဖို႔ လိုပါတယ္။ ေမတၱာေပးျခင္းဆိုတာ အေကာင္းျမင္ေစတဲ့ ခံစားခ်က္ျဖစ္ေစတာမ်ိဳး၊ တန္းတူ မၽွတစြာ ဆက္ဆံခံရတာမ်ိဳး၊ ကိုယ့္ရဲ့ ျဖစ္တည္မႈကို တန္ဖိုးထားျခင္းခံရတာမ်ိဳးလို႔ ကၽြန္မက အဓိပၸါယ္ဖြင့္ခ်င္ပါတယ္။

ေက်ာင္း အုပ္ခ်ဳပ္သူေတြ၊ ႀကီးၾကပ္သူေတြ ဆိုတာ ေက်ာင္းရဲ့ လူႀကီးေတြ၊ ေက်ာင္းရဲ့ မ်က္ႏွာ အျဖစ္ သတ္မွတ္ခံရပါတယ္။ ဒီအလုပ္ဟာလည္း ေတာ္ေတာ္ကို မလြယ္ကူပါဘူး။ ကိုယ္စီ ခံစားခ်က္ေတြ၊ အယူအဆေတြနဲ႔မို႔ အမ်ားကို အုပ္ခ်ဳပ္တဲ့အခါ ကိုယ့္ရဲ့ ကိုယ္ပိုင္ခံစားခ်က္ကို ခဏေဘးဖယ္ၿပီး အဖြဲ႕အစည္းနဲ႔ ေက်ာင္းေကာင္းဖို႔ကို ဦးစားေပးရပါတယ္။ ဒါကိုလည္း ေက်ာင္းက ဆရာ၊မေတြ နဲ႔ အျခားပါဝင္သူေတြကလည္း နားလည္ေပးဖို႔လိုပါတယ္။ ေက်ာင္းတစ္ေက်ာင္းလုံးကို ဦးေဆာင္ရသူေတြရဲ့ လုပ္ငန္းတစ္ခုအေပၚမွာ ျမင္တဲ့ အျမင္က အျခားသူေတြနဲ႔ မတူနိုင္တာကို လက္ခံၿပီး သူတို႔ေတြရဲ့ လုပ္ရပ္ေတြကို အျပဳသေဘာသုံးသပ္မႈေတြ၊ အားေပးမႈေတြလည္း လုပ္သင့္ပါတယ္။ ပညာေရးလုပ္ငန္းခြင္မွာ အျပန္အလွန္ ဖိႏွိပ္ျခင္း ကင္းေဝးၿပီး ေမတၱာအစစ္အမွန္ေပးေသာ ပတ္ဝန္းက်င္ေလး ဖန္တီးနိုင္ၾကပါေစ။

ေမတၱာျဖင့္…….
Sayarma-ဆရာမ