[Unicode]
ကျူရှင် မထားကြဖို့၊ ကျူရှင်မဖွင့်ကြဖို့ တိုက်တွန်းနေတဲ့ ကာလမှာ ကျူရှင်ထိရောက်စွာ ထားခြင်းအကြောင်းရေးလို့ အဆဲခံရမလားတော့မသိဘူး၊ ဒါပေမယ့် ဘယ်လောက်ပဲ ကျူရှင်မဖွင့်ဖို့၊ မထားဖို့ပြောလဲ ခိုးဖွင့်ကြတာပဲ၊ ဇွတ်ထားကြတာပဲ။ အမှတ်များများရမှ ပညာတတ်တယ်လို့ လွဲမှားစွာ ထင်နေကြသူတွေရယ်၊ စာမေးပွဲစနစ်ကြီးရယ်၊ ထိရောက်စွာ သင်ကြားဖို့ အခက်အခဲဖြစ်နေသူတွေရယ်၊ မပြည့်စုံတဲ့ သင်ကြားရေး အထောက်ကူတွေကြားထဲမှာ ကျူရှင်တွေကတော့ ရှိနေကြမှာပဲ။ အဲဒီ့တော့ ကလေးတွေကို ကျူရှင်မှာ တစ်ကယ်တတ်အောင် ဘယ်လို လုပ်နိုင်မလဲဆိုတဲ့နည်းလေးတွေမျှဝေချင်ပါတယ်။
ကျူရှင် ဆိုတာ Tuition ဆိုတဲ့ တစ်စုံတစ်ယောက်၊အစုအဖွဲ့တစ်ခုကို ပညာသင်ကြားပေးခြင်းဆိုတဲ့ စကားလုံးကို ရည်ညွှန်းပါတယ်။ ကျွန်မတို့ တက္ကသိုလ်တက်တော့ ကျောင်းအပ်တဲ့အခါ Tuition Feeဆိုတာလည်းပေးရပါတယ်။ အဓိက ကတော့ ပညာသင်ယူခွင့်ရဖို့အတွက် ဆရာတွေအတွက် စရိတ်ပေးရတာပါ။ ကျောင်းလခ သဘောမျိုးလည်းပေါက်ပါတယ်။ မြန်မာပြည်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကျူရှင်လို့ပြောလိုက်ရင် ကျောင်းသင်ပညာရေးပြင်ပ အပိုသင်ကြားတဲ့ စာသင်ဝိုင်းတွေကို ပြောကြပါတယ်။
မြန်မာနိုင်ငံမှာ ကျူရှင်အရမ်းပေါပါတယ်။ ကျူရှင်သင်တဲ့ဆရာ၊မတွေလည်း အများကြီးရှိပြီး ကျူရှင်တက်ခိုင်းမှ ကလေးစာတတ်မယ်ထင်တဲ့ မိဘတွေလည်း အများကြီးရှိပါတယ်။ ကျူရှင်ဆိုပြီးစဖြစ်လာကြတဲ့ အကြောင်းအရင်းက ကလေးတွေကို ထိရောက်စွာ သင်ယူစေချင်လို၊ လိုအပ်တဲ့ ပညာ ဗဟုသုတတွေကို ထပ်မံဖြည့်စွက်နိုင်ဖို့၊ မရှင်းလင်းတာတွေရှင်းပြီး ပိုမိုအသုံးချနိုင်ဖို့ မဟုတ်ပါဘူးလား။
ကလေးကို ပညာပိုတတ်စေချင်လို့၊ ထိရောက်တဲ့ ပညာရေးရစေချင်လို့ ကျူရှင်ပို့တယ်ဆိုရင် ကလေးတွေကို ကျူရှင်မှာ –
၁) စာဖတ်ခိုင်းပါ။ ကျောင်းစာပြင်ပက စာတွေကို ဖတ်ပြီး ဆက်စပ်စဉ်းစားဆွေးနွေးခိုင်းပါ။ ကျောင်းက စာတွေလည်း ဖတ်ခိုင်းပါ။ ပြန်လည် ရှင်းပြခိုင်းပါ။ ရှင်းပြပြီးနားလည်သွားတဲ့ စာတွေကို လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပြီး လုပ်ငန်းတစ်ခုခုလုပ်ခိုင်းပါ။
၂) နားမလည်တဲ့ ပုစ္ဆာတွေကို ပြန်လည် ဆွေးနွေးခိုင်းပါ။ ဘလိုင်းကြီး သီအိုရီကို ပြောပြတာထက် သချင်္ာပုဒ်စာတွေရဲ့ နောက်က ဖြစ်ရပ်တွေ၊ အကြောင်းအရင်းတွေ၊ သချင်္ာသဘောတရားတွေကိုနားလည်အောင် လေ့လာခွင့်ပြုခိုင်းပါ။ ကျောင်းမှာ သင်ယူလ ုိက်ရတဲ့ သချင်္ာစွမ်းရည်တွေကို အသုံးချပြီး လက်တွေ့ လုပ်ငန်းလုပ်ခိုင်းပါ။
၃) ကျောင်းမှာ၊အိမ်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို မျှဝေခိုင်းပြီး ပိုပျော်ရွှင်လာအောင် ဘဝနေထိုင်မှုနည်းလမ်းလေးတွေ သင်ခိုင်းပါ။ ပုံပြင်တွေပြောခိုင်းပါ။ ကျူရှင်ဆရာ၊မတွေဟာ ကလေးတွေရဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ ရင်ဖွင့်ဖေါ်လည်းဖြစ်အောင် ယုံကြည်မှုတည်ဆောက်ခိုင်းပါ။
၄) ကျောင်းမှာလိုအပ်နေတဲ့ စွမ်းရည်တွေ၊လုပ်ငန်းတွေကို စောင့်ကြည့် လေ့လာပြီး တိုးတက်လာမှုတွေ၊ အခက်အခဲတွေကို မှတ်ထားခိုင်းပါ၊ တိုးတက်တာတွေ ပိုတိုးတက်အောင်၊ အခက်အခဲတွေ ဖြေရှင်းနိုင်အောင် ကူညီပံ့ပိုးခိုင်းပါ။ ကျောင်းချိန်မှာ လုပ်သင့်ပြီး မလုပ်လိုက်ရတဲ့ လုပ်ငန်းတွေကို လုပ်ခိုင်းပါ။ ဥပမာ- ကိုယ်ကာယလေ့ကျင့်တဲ့ အချိန် ကျောင်းမှာသေချာလုပ်ခွင့်မရရင် ကျူရှင်မှာလုပ်ခွင့်ရအောင်လုပ်ခိုင်းပါ။ အနုပညာနဲ့ပတ်သတ်တဲ့ စွမး်ရည်တွေ ကျောင်းမှသင်ခွင့်မရရင် တက်တဲ့ကျူရှင်မှာ ရအောင်လုပ်ခိုင်းပါ။
ကျူရှင် (အပိုစာသင်ချိန်)တွေဟာ ကျောင်းရဲ့ ဟာကွက်တွေကို ဖြည့်စွက်တဲ့ အခန်းကဏ္ဍကို တာဝန်ယူတာဆိုရင် ကလေးတွေ ပိုပြီး တော်အောင်၊ တတ်အောင်၊ ထက်မြတ်အောင် ရည်ရွယ်တယ်ဆိုရင် ကျောင်းမှာ မရခဲ့တဲ့ စွမ်းရည်တွေကို ဖြည့်ဖို့ နဲ့ ကလေးတွေရဲ့ စွမ်းရည်တွေ ရှိတာထက် ပိုပြီး အစွမ်းထက်အောင် လုပ်ပေးဖို့ တာဝန်ရှိသွားပြီ။ မိဘတွေကလည်း စာကျက်ရင်ပြီးရော၊ အိမ်မှာ မျက်စိမနောက်ရင်ပြီးရော ဆိုပြီး ကျူရှင်ပို့တာထက် အဓိပ္ပါယ်ရှိတဲ့ သင်ယူမှုတွေရမယ့် နေရာမျိုးကို လွှတ်သင့်တယ်။ ကျူရှင်မပို့နိုင်ရင် ကျွန်မပြောခဲ့တဲ့ ၄ ချက်အိမ်မှာ လုပ်ပေးခြင်းအားဖြင့် ပံ့ပိုးသင့်တယ်။ အကောင်းဆုံးကတော့ ကျောင်းမှာကတည်းက ပြောထားတဲ့ (၄)ချက်လုံး လုပ်ပေးခြင်းခံရတာပါပဲ။
ကလေးတိုင်းကို အဓိပ္ပါယ်ရှိတဲ့ သင်ယူမှုတွေဖြစ်စေချင်တယ်။
ကျွန်မအမြင်ကတော့ ရှင်းပါတယ်။ ကျူရှင်မထားပဲ မနေနိုင်ဘူးဆိုရင် ထိရောက်တဲ့ အပိုသင်ယူချိန်တွေဖြစ်အောင်လုပ်ပေးပါ။ အကောင်းဆုံးကတော့ ကျောင်းတွေက ပြီးပြည့်စုံအောင် ပံ့ပိုးပေးပြီး မိဘတွေက ပူးပေါင်းလုပ်ဆောင်ကြတာပါပဲ။
ကလေးအားလုံး ထိရောက်ပြီး အဓိပ္ပါယ်ရှိသော သင်ယူမှု အခွင့်အလမ်းများ ရကြပါစေ။
မေတ္တာဖြင့်…….
Sayarma-ဆရာမ
Photo Credit to http://livelymindstutoring.com/2018/02/21/how-these-six-types-of-tutoring-help-students-with-learning-issues/
[Zawgyi]
က်ဴရွင္ မထားၾကဖို႕၊ က်ဴရွင္မဖြင့္ၾကဖုိ႕ တုိက္တြန္းေနတဲ့ ကာလမွာ က်ဴရွင္ထိေရာက္စြာ ထားျခင္းအေၾကာင္းေရးလို႕ အဆဲခံရမလားေတာ့မသိဘူး၊ ဒါေပမယ့္ ဘယ္ေလာက္ပဲ က်ဴရွင္မဖြင့္ဖို႕၊ မထားဖုိ႕ေျပာလဲ ခိုးဖြင့္ၾကတာပဲ၊ ဇြတ္ထားၾကတာပဲ။ အမွတ္မ်ားမ်ားရမွ ပညာတတ္တယ္လို႕ လြဲမွားစြာ ထင္ေနၾကသူေတြရယ္၊ စာေမးပြဲစနစ္ၾကီးရယ္၊ ထိေရာက္စြာ သင္ၾကားဖို႕ အခက္အခဲျဖစ္ေနသူေတြရယ္၊ မျပည့္စံုတဲ့ သင္ၾကားေရး အေထာက္ကူေတြၾကားထဲမွာ က်ဴရွင္ေတြကေတာ့ ရွိေနၾကမွာပဲ။ အဲဒီ့ေတာ့ ကေလးေတြကို က်ဴရွင္မွာ တစ္ကယ္တတ္ေအာင္ ဘယ္လို လုပ္နုိင္မလဲဆိုတဲ့နည္းေလးေတြမွ်ေဝခ်င္ပါတယ္။
က်ဴရွင္ ဆိုတာ Tuition ဆုိတဲ့ တစ္စံုတစ္ေယာက္၊အစုအဖြဲ႕တစ္ခုကို ပညာသင္ၾကားေပးျခင္းဆိုတဲ့ စကားလံုးကို ရည္ညႊန္းပါတယ္။ ကၽြန္မတုိ႕ တကၠသိုလ္တက္ေတာ့ ေက်ာင္းအပ္တဲ့အခါ Tuition Feeဆိုတာလည္းေပးရပါတယ္။ အဓိက ကေတာ့ ပညာသင္ယူခြင့္ရဖုိ႕အတြက္ ဆရာေတြအတြက္ စရိတ္ေပးရတာပါ။ ေက်ာင္းလခ သေဘာမ်ိဳးလည္းေပါက္ပါတယ္။ ျမန္မာျပည္နဲ႕ အေရွ႕ေတာင္အာရွနုိင္ငံေတြမွာ က်ဴရွင္လို႕ေျပာလုိက္ရင္ ေက်ာင္းသင္ပညာေရးျပင္ပ အပိုသင္ၾကားတဲ့ စာသင္ဝိုင္းေတြကို ေျပာၾကပါတယ္။
ျမန္မာနုိင္ငံမွာ က်ဴရွင္အရမ္းေပါပါတယ္။ က်ဴရွင္သင္တဲ့ဆရာ၊မေတြလည္း အမ်ားၾကးီရွိျပီး က်ဴရွင္တက္ခုိင္းမွ ကေလးစာတတ္မယ္ထင္တဲ့ မိဘေတြလည္း အမ်ားၾကီးရွိပါတယ္။ က်ဴရွင္ဆိုျပီးစျဖစ္လာၾကတဲ့ အေၾကာင္းအရင္းက ကေလးေတြကို ထိေရာက္စြာ သင္ယူေစခ်င္လို၊ လုိအပ္တဲ့ ပညာ ဗဟုသုတေတြကို ထပ္မံျဖည့္စြက္နုိင္ဖုိ႕၊ မရွင္းလင္းတာေတြရွင္းျပီး ပိုမိုအသံုးခ်နုိင္ဖုိ႕ မဟုတ္ပါဘူးလား။
ကေလးကို ပညာပိုတတ္ေစခ်င္လုိ႕၊ ထိေရာက္တဲ့ ပညာေရးရေစခ်င္လုိ႕ က်ဴရွင္ပို႕တယ္ဆိုရင္ ကေလးေတြကို က်ဴရွင္မွာ –
၁) စာဖတ္ခိုင္းပါ။ ေက်ာင္းစာျပင္ပက စာေတြကို ဖတ္ျပီး ဆက္စပ္စဥ္းစားေဆြးေႏြးခုိင္းပါ။ ေက်ာင္းက စာေတြလည္း ဖတ္ခုိင္းပါ။ ျပန္လည္ ရွင္းျပခုိင္းပါ။ ရွင္းျပျပီးနားလည္သြားတဲ့ စာေတြကို လက္ေတြ႕ဘဝနဲ႕ ခ်ိတ္ဆက္ျပီး လုပ္ငန္းတစ္ခုခုလုပ္ခုိင္းပါ။
၂) နားမလည္တဲ့ ပုစာၦေတြကို ျပန္လည္ ေဆြးေႏြးခုိင္းပါ။ ဘလိုင္းၾကီး သီအိုရီကို ေျပာျပတာထက္ သခ်ၤာပုဒ္စာေတြရဲ႕ ေနာက္က ျဖစ္ရပ္ေတြ၊ အေၾကာင္းအရင္းေတြ၊ သခ်ၤာသေဘာတရားေတြကိုနားလည္ေအာင္ ေလ့လာခြင့္ျပဳခုိင္းပါ။ ေက်ာင္းမွာ သင္ယူလ ုိက္ရတဲ့ သခ်ၤာစြမ္းရည္ေတြကို အသံုးခ်ျပီး လက္ေတြ႕ လုပ္ငန္းလုပ္ခုိင္းပါ။
၃) ေက်ာင္းမွာ၊အိမ္မွာ ျဖစ္ပ်က္ခဲ့တဲ့ အေျခအေနေတြကို မွ်ေဝခုိင္းျပီး ပိုေပ်ာ္ရႊင္လာေအာင္ ဘဝေနထုိင္မွုနည္းလမ္းေလးေတြ သင္ခုိင္းပါ။ ပံုျပင္ေတြေျပာခုိင္းပါ။ က်ဴရွင္ဆရာ၊မေတြဟာ ကေလးေတြရဲ႕ သူငယ္ခ်င္း၊ မိတ္ေဆြ၊ ရင္ဖြင့္ေဖၚလည္းျဖစ္ေအာင္ ယံုၾကည္မွဳတည္ေဆာက္ခုိင္းပါ။
၄) ေက်ာင္းမွာလိုအပ္ေနတဲ့ စြမ္းရည္ေတြ၊လုပ္ငန္းေတြကို ေစာင့္ၾကည့္ ေလ့လာျပီး တိုးတက္လာမွုေတြ၊ အခက္အခဲေတြကို မွတ္ထားခုိင္းပါ၊ တိုးတက္တာေတြ ပိုတုိးတက္ေအာင္၊ အခက္အခဲေတြ ေျဖရွင္းနုိင္ေအာင္ ကူညီပံ့ပိုးခိုင္းပါ။ ေက်ာင္းခ်ိန္မွာ လုပ္သင့္ျပီး မလုပ္လုိက္ရတဲ့ လုပ္ငန္းေတြကို လုပ္ခုိင္းပါ။ ဥပမာ- ကိုယ္ကာယေလ့က်င့္တဲ့ အခ်ိန္ ေက်ာင္းမွာေသခ်ာလုပ္ခြင့္မရရင္ က်ဴရွင္မွာလုပ္ခြင့္ရေအာင္လုပ္ခုိင္းပါ။ အနုပညာနဲ႕ပတ္သတ္တဲ့ စြမး္ရည္ေတြ ေက်ာင္းမွသင္ခြင့္မရရင္ တက္တဲ့က်ဴရွင္မွာ ရေအာင္လုပ္ခုိင္းပါ။
က်ဴရွင္ (အပိုစာသင္ခ်ိန္)ေတြဟာ ေက်ာင္းရဲ႕ ဟာကြက္ေတြကို ျဖည့္စြက္တဲ့ အခန္းက႑ကို တာဝန္ယူတာဆိုရင္ ကေလးေတြ ပုိျပီး ေတာ္ေအာင္၊ တတ္ေအာင္၊ ထက္ျမတ္ေအာင္ ရည္ရြယ္တယ္ဆိုရင္ ေက်ာင္းမွာ မရခဲ့တဲ့ စြမ္းရည္ေတြကို ျဖည့္ဖုိ႕ နဲ႕ ကေလးေတြရဲ႕ စြမ္းရည္ေတြ ရွိတာထက္ ပုိျပီး အစြမ္းထက္ေအာင္ လုပ္ေပးဖုိ႕ တာဝန္ရွိသြားျပီ။ မိဘေတြကလည္း စာက်က္ရင္ျပီးေရာ၊ အိမ္မွာ မ်က္စိမေနာက္ရင္ျပီးေရာ ဆိုျပီး က်ဴရွင္ပုိ႕တာထက္ အဓိပၸါယ္ရွိတဲ့ သင္ယူမွဳေတြရမယ့္ ေနရာမ်ိဳးကို လႊတ္သင့္တယ္။ က်ဴရွင္မပို႕နုိင္ရင္ ကၽြန္မေျပာခဲ့တဲ့ ၄ ခ်က္အိမ္မွာ လုပ္ေပးျခင္းအားျဖင့္ ပံ့ပိုးသင့္တယ္။ အေကာင္းဆံုးကေတာ့ ေက်ာင္းမွာကတည္းက ေျပာထားတဲ့ (၄)ခ်က္လံုး လုပ္ေပးျခင္းခံရတာပါပဲ။
ကေလးတုိင္းကို အဓိပၸါယ္ရွိတဲ့ သင္ယူမွဳေတြျဖစ္ေစခ်င္တယ္။
ကၽြန္မအျမင္ကေတာ့ ရွင္းပါတယ္။ က်ဴရွင္မထားပဲ မေနနုိင္ဘူးဆိုရင္ ထိေရာက္တဲ့ အပိုသင္ယူခ်ိန္ေတြျဖစ္ေအာင္လုပ္ေပးပါ။ အေကာင္းဆံုးကေတာ့ ေက်ာင္းေတြက ျပီးျပည့္စံုေအာင္ ပံ့ပိုးေပးျပီး မိဘေတြက ပူးေပါင္းလုပ္ေဆာင္ၾကတာပါပဲ။
ကေလးအားလံုး ထိေရာက္ျပီး အဓိပၸါယ္ရွိေသာ သင္ယူမွု အခြင့္အလမ္းမ်ား ရၾကပါေစ။
ေမတၱာျဖင့္…….
Sayarma-ဆရာမ Photo Credit to http://livelymindstutoring.com/2018/02/21/how-these-six-types-of-tutoring-help-students-with-learning-issues/