[ Unicode ]
အခုလို ကိုဗစ်ကာလမှာ မေမေ၊ ဖေဖေတွေ အိမ်မှာနေရင်း အလုပ်လည်းလုပ်၊ ကလေးလည်း ထိန်းနဲ့ ပိုပြီး ပင်ပန်းကြမယ်နဲ့တူတယ်။ ကိုဗစ်ဟာ ကျန်းမာရေးပြဿနာတစ်ခုဆိုပေမယ့် စီးပွါးရေး၊ လူမှုရေး၊ ပညာရေး အကုန်လုံးကို ထိလို့ စိတ်ဖိစီးတာတွေလည်းရှိကြမှာ။ ဒီနေ့ အလုပ်တွေ တောင်လို ပုံကြတဲ့ ကျွန်မတို့တွေအတွက် အလုပ်စီမံခန့်ခွဲခြင်း အကြောင်းလေး မျှဝေပေးချင်ပါတယ်။ ကွန်းမန့်မှာလည်း အိမ်မှာ ဘယ်လို စီမံ ခန့်ခွဲသလဲဆိုတာ မျှဝေပေးပါဦးနော်။
အလုပ်များတိုင်း အလုပ်မတွင်ကျယ်ပါဘူး။ ပြာယာတွေခတ်ပြီး အလုပ်တွေများနေပေမယ့် ဘာမှ ရေရေရာရာမပြီးမြောက်တဲ့အခါ ကိုယ်တိုင်လည်း အားမလိုအားမရဖြစ်ရတယ်။ အလုပ်ခွင်ထဲမှာဆို ကိုယ်ပြာပြီး အလုပ်မပြီးတာက အခြားသူတွေကိုလည်း စိတ်ဖိစီးမှုဖြစ်စေပါတယ်။
အလုပ်တွေကို ထိရောက်စွာ လုပ်နိုင်ဖို့၊ သေချာ စီမံ ခန့်ခွဲဖို့ အတွက် ကျွန်မကိုယ်တိုင် ကြိုးစားလုပ်ဖြစ်တဲ့ အဆင့် (၃) ဆင့်ကို မျှဝေချင်ပါတယ်။
စုစည်းစီမံပါ (Organize)
လုပ်ငန်းကို သေချာစွာ လုပ်နိုင်ဖို့၊ ထိထိရောက်ရောက်ဖြစ်ဖို့ အတွက်ဆိုရင် အချိန်နဲ့ အလုပ် စီမံခန့်ခွဲနိုင်မှုက အရေးပါပါတယ်။ ခန့်ခွဲနိုင်ဖို့အတွက် ကိုယ့်မှာ ရှိတဲ့အလုပ်တွေ အကုန်လုံးကို တစ်နေရာမှာ ချရေးထားပါ။ လုပ်ငန်းအမျိုးအစားအလိုက်ဖြစ်ဖြစ်၊ လုပ်ရမယ့် ကာလအလိုက်ဖြစ်ဖြစ်၊ ဘယ်လိုပုံစံနဲ့မဆို လုပ်ရမယ့် လုပ်ငန်းတွေ အကုန်လုံးကို ချရေးထားပါ။
မီးဖိုချောင်ကိစ္စ၊ ကလေးကိစ္စ၊ ကျောင်းကိစ္စ၊ စီးပွါးရေး ကိစ္စ စတာတွေကို ချရေးထားပါ။ ကျွန်မကတော့ ကွန်ပြူတာပေါ်မှာဆိုရင် ဇယားလေးနဲ့ အလုပ်တွေ ချရေးထားတတ်တယ်၊ တစ်ခါတစ်လေ စာအုပ်ထဲမှာ လုပ်ရမယ့် အလုပ်တွေအကုန်လုံး ချရေးထားလိုက်တယ်။
ဦးစားပေး ရွေးချယ်ပါ (Prioritize)
အကုန်ချရေးထားတဲ့ အလုပ်စာရင်းထဲမှာ အနည်းဆုံး (၃)ဖွဲ့ ပြန်ခွဲလိုက်ပါ။ (၁) မဖြစ်မနေ ချက်ချင်း လုပ်ရမယ့် အရေးကြီးတဲ့ အလုပ်တွေ၊ (၂) မဖြစ်မနေလုပ်ဖို့လိုပေမယ့် ချက်ချင်းလုပ်ဖို့မလိုတဲ့အလုပ်တွေ၊ (၃) လုပ်သင့်ပေမယ့် မလုပ်လည်း ရသေးတဲ့ အလုပ်တွေ ဆိုပြီး ခွဲလိုက်ပါ။ ဒါဆိုရင် ကျွန်မတို့ အနေနဲ့ ဦးစားပေး လုပ်ဆောင်ဖို့ လိုတဲ့ အလုပ်စာရင်း ထွက်လာပါပြီ။ အဖွဲ့ (၁) က လုပ်ငန်းတွေ အရင်လုပ်ပြီး အဖွဲ့ (၂)က လုပ်ငန်းတွေ ဆက်လုပ်၊ ပြီးမှ အဖွဲ့ (၃)က လုပ်ငန်းတွေ ဆက်လုပ်ဖို့ အဆင်ပြေတာပေါ့။
ဦးစားပေးရွေးတဲ့အခါ ကွန်ပြူတာထဲက ဇယားဆိုရင် အရောင်လေးတွေနဲ့ သုံးပြီး ခွဲခြားသလို၊ ပြီးရမယ့် ရက်စွဲ တွေ သေချာထည့်ပြီး အမျိုးအစား ခွဲလိုက်တယ်။ စာအုပ်ထဲမှာဆိုရင်တော့ ကြယ်လေးတွေ၊ အမှန်ခြစ်လေးတွေ စတာတွေနဲ့ အမျိုးအစားခွဲထားလိုက်တယ်။
တာဝန်ခွဲဝေပါ (Delegate)
အပေါ်မှာ ခွဲဝေထားတဲ့ လုပ်ငန်းတွေ အကုန် ကိုယ်လုပ်နိုင်ချင်မှ လုပ်နိုင်မှာ။ ဒါကြောင့် လုပ်နိုင်မယ့်သူ၊ ကူညီနိုင်မယ့်သူကို တာဝန်လွှဲပေးတာ၊ အလုပ်ပြန်ခိုင်းတာတွေ လုပ်ဖို့လိုရင် လုပ်ပါ။ တစ်ခါတစ်လေ ကျွန်မတို့က ကိုယ်ကပဲ လုပ်ရမယ်ဆိုတဲ့ အတွေးနဲ့ ပြာယာတွေခတ်ပြီး စိတ်ဖိစီးမှုတွေ များတတ်ပါတယ်။ မိသားစုထဲမှာဆိုလည်း တာဝန်ခွဲယူလို့ရတာကို ခွဲပေးလိုက်ပါ။ ကိုယ်တစ်ယောက်ထဲ မနိုင်ဝန်မထမ်းပါနဲ့။
အချို့လုပ်ငန်းတွေက မိသားစုနဲ့ ပြောပြီး အကူညီတောင်းရတာ၊ ဝိုင်းလုပ်ခိုင်းရတာတွေရှိတယ်။ သူတို့ မှာ လုပ်ဖို့ အားအင်နဲ့ အချိန် ရှိတယ်ဆို လုပ်ခိုင်းပါ။ မှားတာတွေရှိနိုင်ပေမယ့် အမှားကနေ အမှန်ဖြစ်အောင် အတွေ့အကြုံကနေ သင်ပေးနိုင်ပါတယ်။ တာဝန်တွေကို ခွဲပေးပါ။ ကိုယ်လုပ်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ကို လျှော့ထားပါ။
ဒါကတော့ ကျွန်မ တစ်ကိုယ်တည်း ထင်မြင်တဲ့ အလုပ်တွင်ကျယ်အောင် ပြင်ဆင်တဲ့နည်းပါ။ ကျွန်မကတော့ အလုပ်တွေ တစ်ခုပြီးတိုင်း စာအုပ်လေးထဲ အမှန်ခြစ်လေး ခြစ်ရတာတို့၊ ကွန်ပြူတာမှတ်စုထဲမှာ ပြီးမြောက်ကြောင်း အရောင်လေး ချယ်ရတာတို့ကို သိပ်ကြိုက်တယ်။ တစ်နေ့တာ အလုပ်ဘယ်နှစ်ခုပြီးလဲ။ အလုပ်ဘယ်လောက် ပြီးမြောက်လဲဆိုတာ မြင်သာ ထင်သာ ရှိတော့ စိတ်ကျေနပ်မှုရတယ်။ ကဲ မေမေ ဖေဖေတို့ ဆရာ၊မတို့ရော ကိုဗစ်ကာလမှာ အလုပ်တွင်အောင် ဘယ်လိုတွေ စီမံ ပြင်ဆင်ကြပါသလဲ မျှဝေပေးပါဦး။
မေတ္တာဖြင့်…
Sayarma-ဆရာမ
Photo Credit to – https://blog.planview.com/wp-content/uploads/2019/01/10-Point-Checklist-for-Better-Project-Estimates.jpg
[ Zawgyi ]
အခုလို ကိုဗစ္ကာလမွာ ေမေမ၊ ေဖေဖေတြ အိမ္မွာေနရင္း အလုပ္လည္းလုပ္၊ ကေလးလည္း ထိန္းနဲ႔ ပိုၿပီး ပင္ပန္းၾကမယ္နဲ႔တူတယ္။ ကိုဗစ္ဟာ က်န္းမာေရးျပႆနာတစ္ခုဆိုေပမယ့္ စီးပြါးေရး၊ လူမႈေရး၊ ပညာေရး အကုန္လုံးကို ထိလို႔ စိတ္ဖိစီးတာေတြလည္းရွိၾကမွာ။ ဒီေန႔ အလုပ္ေတြ ေတာင္လို ပုံၾကတဲ့ ကၽြန္မတို႔ေတြအတြက္ အလုပ္စီမံခန႔္ခြဲျခင္း အေၾကာင္းေလး မၽွေဝေပးခ်င္ပါတယ္။ ကြန္းမန႔္မွာလည္း အိမ္မွာ ဘယ္လို စီမံ ခန႔္ခြဲသလဲဆိုတာ မၽွေဝေပးပါဦးေနာ္။
အလုပ္မ်ားတိုင္း အလုပ္မတြင္က်ယ္ပါဘူး။ ျပာယာေတြခတ္ၿပီး အလုပ္ေတြမ်ားေနေပမယ့္ ဘာမွ ေရေရရာရာမၿပီးေျမာက္တဲ့အခါ ကိုယ္တိုင္လည္း အားမလိုအားမရျဖစ္ရတယ္။ အလုပ္ခြင္ထဲမွာဆို ကိုယ္ျပာၿပီး အလုပ္မၿပီးတာက အျခားသူေတြကိုလည္း စိတ္ဖိစီးမႈျဖစ္ေစပါတယ္။
အလုပ္ေတြကို ထိေရာက္စြာ လုပ္နိုင္ဖို႔၊ ေသခ်ာ စီမံ ခန႔္ခြဲဖို႔ အတြက္ ကၽြန္မကိုယ္တိုင္ ႀကိဳးစားလုပ္ျဖစ္တဲ့ အဆင့္ (၃) ဆင့္ကို မၽွေဝခ်င္ပါတယ္။
စုစည္းစီမံပါ (Organize)
လုပ္ငန္းကို ေသခ်ာစြာ လုပ္နိုင္ဖို႔၊ ထိထိေရာက္ေရာက္ျဖစ္ဖို႔ အတြက္ဆိုရင္ အခ်ိန္နဲ႔ အလုပ္ စီမံခန႔္ခြဲနိုင္မႈက အေရးပါပါတယ္။ ခန႔္ခြဲနိုင္ဖို႔အတြက္ ကိုယ့္မွာ ရွိတဲ့အလုပ္ေတြ အကုန္လုံးကို တစ္ေနရာမွာ ခ်ေရးထားပါ။ လုပ္ငန္းအမ်ိဳးအစားအလိုက္ျဖစ္ျဖစ္၊ လုပ္ရမယ့္ ကာလအလိုက္ျဖစ္ျဖစ္၊ ဘယ္လိုပုံစံနဲ႔မဆို လုပ္ရမယ့္ လုပ္ငန္းေတြ အကုန္လုံးကို ခ်ေရးထားပါ။
မီးဖိုေခ်ာင္ကိစၥ၊ ကေလးကိစၥ၊ ေက်ာင္းကိစၥ၊ စီးပြါးေရး ကိစၥ စတာေတြကို ခ်ေရးထားပါ။ ကၽြန္မကေတာ့ ကြန္ျပဴတာေပၚမွာဆိုရင္ ဇယားေလးနဲ႔ အလုပ္ေတြ ခ်ေရးထားတတ္တယ္၊ တစ္ခါတစ္ေလ စာအုပ္ထဲမွာ လုပ္ရမယ့္ အလုပ္ေတြအကုန္လုံး ခ်ေရးထားလိုက္တယ္။
ဦးစားေပး ေရြးခ်ယ္ပါ (Prioritize)
အကုန္ခ်ေရးထားတဲ့ အလုပ္စာရင္းထဲမွာ အနည္းဆုံး (၃)ဖြဲ႕ ျပန္ခြဲလိုက္ပါ။ (၁) မျဖစ္မေန ခ်က္ခ်င္း လုပ္ရမယ့္ အေရးႀကီးတဲ့ အလုပ္ေတြ၊ (၂) မျဖစ္မေနလုပ္ဖို႔လိုေပမယ့္ ခ်က္ခ်င္းလုပ္ဖို႔မလိုတဲ့အလုပ္ေတြ၊ (၃) လုပ္သင့္ေပမယ့္ မလုပ္လည္း ရေသးတဲ့ အလုပ္ေတြ ဆိုၿပီး ခြဲလိုက္ပါ။ ဒါဆိုရင္ ကၽြန္မတို႔ အေနနဲ႔ ဦးစားေပး လုပ္ေဆာင္ဖို႔ လိုတဲ့ အလုပ္စာရင္း ထြက္လာပါၿပီ။ အဖြဲ႕ (၁) က လုပ္ငန္းေတြ အရင္လုပ္ၿပီး အဖြဲ႕ (၂)က လုပ္ငန္းေတြ ဆက္လုပ္၊ ၿပီးမွ အဖြဲ႕ (၃)က လုပ္ငန္းေတြ ဆက္လုပ္ဖို႔ အဆင္ေျပတာေပါ့။
ဦးစားေပးေရြးတဲ့အခါ ကြန္ျပဴတာထဲက ဇယားဆိုရင္ အေရာင္ေလးေတြနဲ႔ သုံးၿပီး ခြဲျခားသလို၊ ၿပီးရမယ့္ ရက္စြဲ ေတြ ေသခ်ာထည့္ၿပီး အမ်ိဳးအစား ခြဲလိုက္တယ္။ စာအုပ္ထဲမွာဆိုရင္ေတာ့ ၾကယ္ေလးေတြ၊ အမွန္ျခစ္ေလးေတြ စတာေတြနဲ႔ အမ်ိဳးအစားခြဲထားလိုက္တယ္။
တာဝန္ခြဲေဝပါ (Delegate)
အေပၚမွာ ခြဲေဝထားတဲ့ လုပ္ငန္းေတြ အကုန္ ကိုယ္လုပ္နိုင္ခ်င္မွ လုပ္နိုင္မွာ။ ဒါေၾကာင့္ လုပ္နိုင္မယ့္သူ၊ ကူညီနိုင္မယ့္သူကို တာဝန္လႊဲေပးတာ၊ အလုပ္ျပန္ခိုင္းတာေတြ လုပ္ဖို႔လိုရင္ လုပ္ပါ။ တစ္ခါတစ္ေလ ကၽြန္မတို႔က ကိုယ္ကပဲ လုပ္ရမယ္ဆိုတဲ့ အေတြးနဲ႔ ျပာယာေတြခတ္ၿပီး စိတ္ဖိစီးမႈေတြ မ်ားတတ္ပါတယ္။ မိသားစုထဲမွာဆိုလည္း တာဝန္ခြဲယူလို႔ရတာကို ခြဲေပးလိုက္ပါ။ ကိုယ္တစ္ေယာက္ထဲ မနိုင္ဝန္မထမ္းပါနဲ႔။
အခ်ိဳ႕လုပ္ငန္းေတြက မိသားစုနဲ႔ ေျပာၿပီး အကူညီေတာင္းရတာ၊ ဝိုင္းလုပ္ခိုင္းရတာေတြရွိတယ္။ သူတို႔ မွာ လုပ္ဖို႔ အားအင္နဲ႔ အခ်ိန္ ရွိတယ္ဆို လုပ္ခိုင္းပါ။ မွားတာေတြရွိနိုင္ေပမယ့္ အမွားကေန အမွန္ျဖစ္ေအာင္ အေတြ႕အၾကဳံကေန သင္ေပးနိုင္ပါတယ္။ တာဝန္ေတြကို ခြဲေပးပါ။ ကိုယ္လုပ္မွ ျဖစ္မယ္ဆိုတဲ့ စိတ္ကို ေလၽွာ့ထားပါ။
ဒါကေတာ့ ကၽြန္မ တစ္ကိုယ္တည္း ထင္ျမင္တဲ့ အလုပ္တြင္က်ယ္ေအာင္ ျပင္ဆင္တဲ့နည္းပါ။ ကၽြန္မကေတာ့ အလုပ္ေတြ တစ္ခုၿပီးတိုင္း စာအုပ္ေလးထဲ အမွန္ျခစ္ေလး ျခစ္ရတာတို႔၊ ကြန္ျပဴတာမွတ္စုထဲမွာ ၿပီးေျမာက္ေၾကာင္း အေရာင္ေလး ခ်ယ္ရတာတို႔ကို သိပ္ႀကိဳက္တယ္။ တစ္ေန႔တာ အလုပ္ဘယ္ႏွစ္ခုၿပီးလဲ။ အလုပ္ဘယ္ေလာက္ ၿပီးေျမာက္လဲဆိုတာ ျမင္သာ ထင္သာ ရွိေတာ့ စိတ္ေက်နပ္မႈရတယ္။ ကဲ ေမေမ ေဖေဖတို႔ ဆရာ၊မတို႔ေရာ ကိုဗစ္ကာလမွာ အလုပ္တြင္ေအာင္ ဘယ္လိုေတြ စီမံ ျပင္ဆင္ၾကပါသလဲ မၽွေဝေပးပါဦး။
ေမတၱာျဖင့္…
Sayarma-ဆရာမ
Photo Credit to – https://blog.planview.com/wp-content/uploads/2019/01/10-Point-Checklist-for-Better-Project-Estimates.jpg