[ Unicode ]

ကျွန်မ အရင်တစ်ပတ်က စာလုပ်ခြင်းဆိုတာဘာလဲ၊ စာတတ်သူ/စာကျက်သူဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာနဲ့ ပတ်သတ်ပြီး ရေးခဲ့ပါတယ်။ အခုတစ်ပတ်လည်း ဆက်စပ်ပြီး စာကြိုးစားစေချင်တဲ့ မိဘတွေ၊ ဆရာမတွေအတွက် ကလေးတွေကို ကူညီပေးနိုင်မယ့်် နည်းလမ်းများစွာထဲက (၃)ခုလောက် မျှဝေပါရစေ။

အခုမျှဝေတဲ့နည်းတွေဟာ ပညာရေးသုတေသီတွေရဲ့ သုတေသနတွေနဲ့ ကျွန်မတူ၊တူမတွေရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး မျှဝေတာပါ။

၁) အကျင့်ဖြစ်အောင် ကူညီပေးပါ။

မွေးကင်းစကလေးကနေ အရွယ်ရောက်သူဖြစ်ဖြစ် အကျင့်တစ်ခုဖြစ်ဖို့ အကြိမ်များစွာလိုအပ်ပါတယ်။ သုတေသနတစ်ခုမှဖတ်ဖူးတာဆိုရင် အချို့တွေက အကျင့်တစ်ခုဖြစ်ဖို့ အနည်းဆုံး အကြိမ် (၃၀) လုပ်ယူရပါတယ်။ ဒါကြောင့် ကလေးတွေကို စာဖတ်တဲ့ အလေ့အကျင့်ဖြစ်စေချင်ရင် သူတို့ကို စာသွားဖတ်ချေဆိုပြီး ပြောတာထက် သူတို့ကို ပုံမှန်စာဖတ်ပြပါ။ သူတို့နဲ့အတူ စာဖတ်ပါ။ စာဖတ်တဲ့အခါ နေ့စဉ် တူညီတဲ့ အချိန်မှာ ဖတ်ပါ။ ဥပမာ – တစ်နေ့ကို ၁၀ မိနစ် – အိပ်ရာဝင်ခါနီး ဖတ်မယ်ဆိုရင်၊ အဲဒီ့အတိုင်း နေ့တိုင်း အိပ်ရာမဝင်ခင်မှာ ၁၀ မိနစ်ခန့်စာဖတ်ပြပါ။ ကျွန်မမှာ ၃ နှစ်အရွယ်တူလေး တစ်ယောက်ရှိပါတယ်။ သူ့မေမေ ဗိုက်ကြီးကတည်းက သူ့ဖေဖေကို ပုံပြင်ဖတ်ခိုင်းပါတယ်။ မွေးကင်းစကနေပြီး အခုချိန်ထိ ပုံမှန် စာဖတ်တဲ့အချိန်လေးထားပါတယ်။ အဲဒီ့အခါ ကလေးတွေက ထမင်းစားချိန်ရောက်ရင် ထမင်းဆာပြီး ထမင်းတောင်းသလို၊ စာဖတ်နေကျ အချိန်ရောက်တဲ့အခါ စာအုပ်တွေနဲ့ စာဖတ်ခြင်းကို တောင်းတပါတယ်။ အဲဒီ့တော့ ကျွန်မတို့ ကလေးတွေကို စာလေ့လာတဲ့အကျင့်၊ ကောင်းတဲ့အရာတွေကို သိရှိအောင်၊ တွေးခေါ်တတ်အောင် လုပ်တဲ့အကျင့်ကို အိမ်ကနေ ငယ်စဉ်ကတည်းက အကြိမ်ကြိမ်အခါခါ လေ့ကျင့်ပေးမှ သူတို့ကြီးတဲ့အခါ စာမဖတ်လို့၊ စာမလုပ်လို့ စတဲ့ ငြီးငြူမှုတွေမဖြစ်နိုင်မှာပါ။

၂) စာချစ်အောင် ကူညီပါ။

ပျင်းစရာကောင်းတဲ့စာ၊ စိတ်မဝင်စားတဲ့စာ တွေက ကလေးရဲ့ အကြိုက်ပေါ်မှာမူတည်ပြီး ကွဲပြားနိုင်ပါတယ်။ လူကြီးတွေမကြိုက်ပေမယ့် ကလေးတွေက စိတ်ဝင်စားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကလေးဆိုတာ စာအုပ်မျိုးစုံနဲ့ ထိတွေ့ခွင့်ရဖို့လိုပါတယ်။ စာအုပ်အမျိုးအစားအရရော၊ စာအုပ်ခေါင်းစဉ်တွေအရရော အစုံတွေ့ကြုံဖူးမှ သူတို့ဟာ ဘယ်လိုစာအုပ်၊ ဘယ်လိုခေါင်းစဉ်တွေကို သဘောကျနှစ်ခြိုက်လဲဆိုတာ ရွေးချယ်နိုင်မှာပါ။ ကလေးတွေကို ရွေးချယ်ခွင့်ပေးပါ။ ဥပမာ – စာအုပ် သုံး လေး အုပ်ကို သူကို ပြမယ်။ ပြီးရင် သူ့ကိုရွေးချယ်ခိုင်းမယ်။ သူရွေးတဲ့စာအုပ်လေးကိုအရင်ဖတ်မယ်။ နောက်ကျရင်ကလေးတွေက သူတို့ကြိုက်တဲ့စာအုပ်ကို ယူပြီး ဖတ်ခိုင်းတာတွေရှိလာပါလိမ့်မယ်။ သူတို့ကြိုက်တဲ့စာလေးတွေဆိုရင် လူကြီးတွေရဲ့ တိုက်တွန်းမှုအနည်းဆုံးနဲ့ ကလေးတွေက စာဖတ်ကြပါတယ်။ ကျောင်းစာတွေမှာတော့ ဒီလို ရွေးချယ်ခွင့်မရနိုင်တာရှိပါတယ်။ အဲဒီ့တော့ ကလေးတွေရဲ့ စိတ်ဝင်စားမှုနဲ့ ကျောင်းကသင်တဲ့ သင်ခန်းစာတွေကို ချိတ်ဆက်ပြောပြတာတွေ၊ သင်ခန်းစာဟာ ကလေးတွေအတွက် စိတ်ဝင်စား၊ပျော်စရာဖြစ်နေတာတွေဟာ ကလေးတွေ သင်ယူရတဲ့ စာကို ချစ်မြတ်နိုးစေပါတယ်။ ဦးနှောက်က စာဖတ်သင့်တယ်ဆိုတဲ့ အတွေးနဲ့ စာဖတ်ခြင်းကို နှလုံးသားက မြတ်နိုးတယ်ဆိုတဲ့ ခံစားချက်က ကွာပါတယ်။ နှလုံးသားနဲ့နီးစပ်တဲ့အခါ ရေရှည်ပိုတည်မြဲနိုင်ပါတယ် ဒါကြောင့် စာချစ်အောင် သင်ကြားနည်းစနစ်တွေအမျိုးမျိုးသုံးပါ၊ ချိတ်ဆက်ပေးပါ၊ စိတ်ဝင်စားမှုကိုရှာဖွေခိုင်းပါ၊ ရွေးချယ်ခွင့်ပေးပါ။

၃) စာနဲ့ဘဝချိတ်ဆက်နိုင်အောင် ကူညီပေးပါ။

ကျွန်မတို့ စာသင်ရတဲ့အကြောင်းအရင်းတွေက ကျွန်မတို့ရဲ့ ဘဝတွေ ဒီထက်ပိုကောင်း လိုအပ်တဲ့ အသိပညာဗဟုသုတ၊ စွမ်းရည်နဲ့ စိတ်နေသဘောထားတွေရဖို့ဖြစ်ပါတယ်။ အဲဒီ့အတွက် ကျွန်မတို့ သင်တဲ့စာတွေကို ကျွန်မတို့လက်တွေ့ဘဝနဲ့ ချိတ်ဆက်မပေးနိုင်ရင် စာသင်ရတာ ဘာအကျိုးရှိပါ့မလဲ။ ကလေးတွေကလည်း ဘယ်လိုလုပ်တန်ဖိုးထားပါ့မလဲ။ အဲဒီ့အတွက် စာဖတ်ခိုင်းတာပဲဖြစ်ဖြစ်၊ သင်ခန်းစာ ပေးတာပဲဖြစ်ဖြစ် ကလေးတွေလုပ်ရတဲ့လုပ်ငန်း၊ ဖတ်ရတဲ့စာတွေဟာ ကလေးတွေရဲ့ ဘဝနဲ့ ဘယ်လို ချိတ်ဆက်နေတယ်ဆိုတာကို မြင်သာအောင် ကူညီပေးပါ။ ကူညီတဲ့အခါ အတွေ့အကြုံယူစေတာလည်းဖြစ်နိုင်တယ်၊ ရှင်းပြတာလည်းဖြစ်နိုင်တယ်၊ တွေးတောစဉ်းစားခိုင်းတာတွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ ဘယ်လိုမှ သက်ဆိုင်ခြင်းမရှိသော၊ နောင်လည်း အသုံးကျမယ်မထင်သော စာတွေကို အကြောင်းပြချက်မရှိ ကျက်ခိုင်းတဲ့အခါ ကလေးတွေဟာ စာတွေကို မချစ်ပဲ ကြောက်လာပါလိမ့်မယ်၊ မုန်းလာပါလိမ့်မယ်။ စာတွေချစ်ဖို့ စာတွေရဲ့တန်ဖိုးကိုနားလည်အောင် သင်ပါ။ နားလည်ဖို့ သူတို့ဘဝနဲ့ချိတ်ဆက်ပြဖို့အရေးကြီးပါတယ်။ ချိတ်ဆက်တဲ့အခါ အရေးကြီးတာနောက်တစ်ခုကဘာလဲဆိုရင် သူတို့အရွယ်နဲ့ ကိုက်ညီတဲ့ချိတ်ဆက်မှုမျိုးလုပ်ဖို့ပါ။ နောင် ၁၀ နှစ်လောက်မှာ ဖြစ်နိုင်တဲ့အရာဟာ သူတို့အတွက် သိပ်မထိရောက်ပါဘူး။ ဒါကြောင့် ဒီနှစ်၊ ဒီနေ့၊ မနက်ဖြန် စတဲ့ နီးစပ်တဲ့အချိန်အတိုင်းအတာ ကာလတစ်ခုမှာ သူတို့တွေ့ကြုံရမယ့်၊ ဒါမှမဟုတ် တွေ့ကြုံခဲ့ပြီးတဲ့အရာတွေနဲ့ ချိတ်ဆက်ဖို့လိုပါတယ်။

၂၀၁၉ ရဲ့ နောက်ဆုံး စာလေးလည်းဖြစ်တော့ – ၂၀၂၀ နှစ်သစ်မှာ ကျွန်မတို့ ဆရာ၊မတွေ၊ မိဘတွေဟာ ကလေးတွေကို ကောင်းသောအမူအကျင့်တွေရရှိအောင် ကူညီပေးသူတွေ၊ စာတွေကို ချစ်တတ်သော ကလေးတွေဖြစ်အောင် ကူညီပေးသူတွေ နဲ့ ဘဝအတွက် ထိရောက်မှန်ကန်သောချိတ်ဆက်မှုတွေပြုလုပ်ပေးနိုင်ကြဖို့ တောင်းဆုခြွေပါရစေ။ အားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

မေတ္တာဖြင့်……
Sayarma-ဆရာမ

Photo Credit to https://e3.365dm.com/19/05/1600×900/skynews-bedtime-story_4676203.jpg?bypass-service-worker&20190523025257

[ Zawgyi ]

ကၽြန္မ အရင္တစ္ပတ္က စာလုပ္ျခင္းဆိုတာဘာလဲ၊ စာတတ္သူ/စာက်က္သူဆိုတာ ဘာကိုဆိုလိုတယ္ဆိုတာနဲ႔ ပတ္သတ္ၿပီး ေရးခဲ့ပါတယ္။ အခုတစ္ပတ္လည္း ဆက္စပ္ၿပီး စာႀကိဳးစားေစခ်င္တဲ့ မိဘေတြ၊ ဆရာမေတြအတြက္ ကေလးေတြကို ကူညီေပးနိုင္မယ့္္ နည္းလမ္းမ်ားစြာထဲက (၃)ခုေလာက္ မၽွေဝပါရေစ။

အခုမၽွေဝတဲ့နည္းေတြဟာ ပညာေရးသုေတသီေတြရဲ့ သုေတသနေတြနဲ႔ ကၽြန္မတူ၊တူမေတြရဲ့ အေတြ႕အၾကဳံေပၚမူတည္ၿပီး မၽွေဝတာပါ။

၁) အက်င့္ျဖစ္ေအာင္ ကူညီေပးပါ။

ေမြးကင္းစကေလးကေန အရြယ္ေရာက္သူျဖစ္ျဖစ္ အက်င့္တစ္ခုျဖစ္ဖို႔ အႀကိမ္မ်ားစြာလိုအပ္ပါတယ္။ သုေတသနတစ္ခုမွဖတ္ဖူးတာဆိုရင္ အခ်ိဳ႕ေတြက အက်င့္တစ္ခုျဖစ္ဖို႔ အနည္းဆုံး အႀကိမ္ (၃၀) လုပ္ယူရပါတယ္။ ဒါေၾကာင့္ ကေလးေတြကို စာဖတ္တဲ့ အေလ့အက်င့္ျဖစ္ေစခ်င္ရင္ သူတို႔ကို စာသြားဖတ္ေခ်ဆိုၿပီး ေျပာတာထက္ သူတို႔ကို ပုံမွန္စာဖတ္ျပပါ။ သူတို႔နဲ႔အတူ စာဖတ္ပါ။ စာဖတ္တဲ့အခါ ေန႔စဥ္ တူညီတဲ့ အခ်ိန္မွာ ဖတ္ပါ။ ဥပမာ – တစ္ေန႔ကို ၁၀ မိနစ္ – အိပ္ရာဝင္ခါနီး ဖတ္မယ္ဆိုရင္၊ အဲဒီ့အတိုင္း ေန႔တိုင္း အိပ္ရာမဝင္ခင္မွာ ၁၀ မိနစ္ခန႔္စာဖတ္ျပပါ။ ကၽြန္မမွာ ၃ ႏွစ္အရြယ္တူေလး တစ္ေယာက္ရွိပါတယ္။ သူ႔ေမေမ ဗိုက္ႀကီးကတည္းက သူ႔ေဖေဖကို ပုံျပင္ဖတ္ခိုင္းပါတယ္။ ေမြးကင္းစကေနၿပီး အခုခ်ိန္ထိ ပုံမွန္ စာဖတ္တဲ့အခ်ိန္ေလးထားပါတယ္။ အဲဒီ့အခါ ကေလးေတြက ထမင္းစားခ်ိန္ေရာက္ရင္ ထမင္းဆာၿပီး ထမင္းေတာင္းသလို၊ စာဖတ္ေနက် အခ်ိန္ေရာက္တဲ့အခါ စာအုပ္ေတြနဲ႔ စာဖတ္ျခင္းကို ေတာင္းတပါတယ္။ အဲဒီ့ေတာ့ ကၽြန္မတို႔ ကေလးေတြကို စာေလ့လာတဲ့အက်င့္၊ ေကာင္းတဲ့အရာေတြကို သိရွိေအာင္၊ ေတြးေခၚတတ္ေအာင္ လုပ္တဲ့အက်င့္ကို အိမ္ကေန ငယ္စဥ္ကတည္းက အႀကိမ္ႀကိမ္အခါခါ ေလ့က်င့္ေပးမွ သူတို႔ႀကီးတဲ့အခါ စာမဖတ္လို႔၊ စာမလုပ္လို႔ စတဲ့ ၿငီးျငဴမႈေတြမျဖစ္နိုင္မွာပါ။

၂) စာခ်စ္ေအာင္ ကူညီပါ။

ပ်င္းစရာေကာင္းတဲ့စာ၊ စိတ္မဝင္စားတဲ့စာ ေတြက ကေလးရဲ့ အႀကိဳက္ေပၚမွာမူတည္ၿပီး ကြဲျပားနိုင္ပါတယ္။ လူႀကီးေတြမႀကိဳက္ေပမယ့္ ကေလးေတြက စိတ္ဝင္စားတာမ်ိဳးလည္းျဖစ္နိုင္ပါတယ္။ ကေလးဆိုတာ စာအုပ္မ်ိဳးစုံနဲ႔ ထိေတြ႕ခြင့္ရဖို႔လိုပါတယ္။ စာအုပ္အမ်ိဳးအစားအရေရာ၊ စာအုပ္ေခါင္းစဥ္ေတြအရေရာ အစုံေတြ႕ၾကဳံဖူးမွ သူတို႔ဟာ ဘယ္လိုစာအုပ္၊ ဘယ္လိုေခါင္းစဥ္ေတြကို သေဘာက်ႏွစ္ၿခိဳက္လဲဆိုတာ ေရြးခ်ယ္နိုင္မွာပါ။ ကေလးေတြကို ေရြးခ်ယ္ခြင့္ေပးပါ။ ဥပမာ – စာအုပ္ သုံး ေလး အုပ္ကို သူကို ျပမယ္။ ၿပီးရင္ သူ႔ကိုေရြးခ်ယ္ခိုင္းမယ္။ သူေရြးတဲ့စာအုပ္ေလးကိုအရင္ဖတ္မယ္။ ေနာက္က်ရင္ကေလးေတြက သူတို႔ႀကိဳက္တဲ့စာအုပ္ကို ယူၿပီး ဖတ္ခိုင္းတာေတြရွိလာပါလိမ့္မယ္။ သူတို႔ႀကိဳက္တဲ့စာေလးေတြဆိုရင္ လူႀကီးေတြရဲ့ တိုက္တြန္းမႈအနည္းဆုံးနဲ႔ ကေလးေတြက စာဖတ္ၾကပါတယ္။ ေက်ာင္းစာေတြမွာေတာ့ ဒီလို ေရြးခ်ယ္ခြင့္မရနိုင္တာရွိပါတယ္။ အဲဒီ့ေတာ့ ကေလးေတြရဲ့ စိတ္ဝင္စားမႈနဲ႔ ေက်ာင္းကသင္တဲ့ သင္ခန္းစာေတြကို ခ်ိတ္ဆက္ေျပာျပတာေတြ၊ သင္ခန္းစာဟာ ကေလးေတြအတြက္ စိတ္ဝင္စား၊ေပ်ာ္စရာျဖစ္ေနတာေတြဟာ ကေလးေတြ သင္ယူရတဲ့ စာကို ခ်စ္ျမတ္နိုးေစပါတယ္။ ဦးေႏွာက္က စာဖတ္သင့္တယ္ဆိုတဲ့ အေတြးနဲ႔ စာဖတ္ျခင္းကို ႏွလုံးသားက ျမတ္နိုးတယ္ဆိုတဲ့ ခံစားခ်က္က ကြာပါတယ္။ ႏွလုံးသားနဲ႔နီးစပ္တဲ့အခါ ေရရွည္ပိုတည္ျမဲနိုင္ပါတယ္ ဒါေၾကာင့္ စာခ်စ္ေအာင္ သင္ၾကားနည္းစနစ္ေတြအမ်ိဳးမ်ိဳးသုံးပါ၊ ခ်ိတ္ဆက္ေပးပါ၊ စိတ္ဝင္စားမႈကိုရွာေဖြခိုင္းပါ၊ ေရြးခ်ယ္ခြင့္ေပးပါ။

၃) စာနဲ႔ဘဝခ်ိတ္ဆက္နိုင္ေအာင္ ကူညီေပးပါ။

ကၽြန္မတို႔ စာသင္ရတဲ့အေၾကာင္းအရင္းေတြက ကၽြန္မတို႔ရဲ့ ဘဝေတြ ဒီထက္ပိုေကာင္း လိုအပ္တဲ့ အသိပညာဗဟုသုတ၊ စြမ္းရည္နဲ႔ စိတ္ေနသေဘာထားေတြရဖို႔ျဖစ္ပါတယ္။ အဲဒီ့အတြက္ ကၽြန္မတို႔ သင္တဲ့စာေတြကို ကၽြန္မတို႔လက္ေတြ႕ဘဝနဲ႔ ခ်ိတ္ဆက္မေပးနိုင္ရင္ စာသင္ရတာ ဘာအက်ိဳးရွိပါ့မလဲ။ ကေလးေတြကလည္း ဘယ္လိုလုပ္တန္ဖိုးထားပါ့မလဲ။ အဲဒီ့အတြက္ စာဖတ္ခိုင္းတာပဲျဖစ္ျဖစ္၊ သင္ခန္းစာ ေပးတာပဲျဖစ္ျဖစ္ ကေလးေတြလုပ္ရတဲ့လုပ္ငန္း၊ ဖတ္ရတဲ့စာေတြဟာ ကေလးေတြရဲ့ ဘဝနဲ႔ ဘယ္လို ခ်ိတ္ဆက္ေနတယ္ဆိုတာကို ျမင္သာေအာင္ ကူညီေပးပါ။ ကူညီတဲ့အခါ အေတြ႕အၾကဳံယူေစတာလည္းျဖစ္နိုင္တယ္၊ ရွင္းျပတာလည္းျဖစ္နိုင္တယ္၊ ေတြးေတာစဥ္းစားခိုင္းတာေတြလည္းျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ ကိုယ္နဲ႔ ဘယ္လိုမွ သက္ဆိုင္ျခင္းမရွိေသာ၊ ေနာင္လည္း အသုံးက်မယ္မထင္ေသာ စာေတြကို အေၾကာင္းျပခ်က္မရွိ က်က္ခိုင္းတဲ့အခါ ကေလးေတြဟာ စာေတြကို မခ်စ္ပဲ ေၾကာက္လာပါလိမ့္မယ္၊ မုန္းလာပါလိမ့္မယ္။ စာေတြခ်စ္ဖို႔ စာေတြရဲ့တန္ဖိုးကိုနားလည္ေအာင္ သင္ပါ။ နားလည္ဖို႔ သူတို႔ဘဝနဲ႔ခ်ိတ္ဆက္ျပဖို႔အေရးႀကီးပါတယ္။ ခ်ိတ္ဆက္တဲ့အခါ အေရးႀကီးတာေနာက္တစ္ခုကဘာလဲဆိုရင္ သူတို႔အရြယ္နဲ႔ ကိုက္ညီတဲ့ခ်ိတ္ဆက္မႈမ်ိဳးလုပ္ဖို႔ပါ။ ေနာင္ ၁၀ ႏွစ္ေလာက္မွာ ျဖစ္နိုင္တဲ့အရာဟာ သူတို႔အတြက္ သိပ္မထိေရာက္ပါဘူး။ ဒါေၾကာင့္ ဒီႏွစ္၊ ဒီေန႔၊ မနက္ျဖန္ စတဲ့ နီးစပ္တဲ့အခ်ိန္အတိုင္းအတာ ကာလတစ္ခုမွာ သူတို႔ေတြ႕ၾကဳံရမယ့္၊ ဒါမွမဟုတ္ ေတြ႕ၾကဳံခဲ့ၿပီးတဲ့အရာေတြနဲ႔ ခ်ိတ္ဆက္ဖို႔လိုပါတယ္။

၂၀၁၉ ရဲ့ ေနာက္ဆုံး စာေလးလည္းျဖစ္ေတာ့ – ၂၀၂၀ ႏွစ္သစ္မွာ ကၽြန္မတို႔ ဆရာ၊မေတြ၊ မိဘေတြဟာ ကေလးေတြကို ေကာင္းေသာအမူအက်င့္ေတြရရွိေအာင္ ကူညီေပးသူေတြ၊ စာေတြကို ခ်စ္တတ္ေသာ ကေလးေတြျဖစ္ေအာင္ ကူညီေပးသူေတြ နဲ႔ ဘဝအတြက္ ထိေရာက္မွန္ကန္ေသာခ်ိတ္ဆက္မႈေတြျပဳလုပ္ေပးနိုင္ၾကဖို႔ ေတာင္းဆုေႁခြပါရေစ။ အားလုံး ႏွစ္သစ္မွာ ေပ်ာ္ရႊင္ခ်မ္းေျမ့ပါေစ။

ေမတၱာျဖင့္……
Sayarma-ဆရာမ

Photo Credit to https://e3.365dm.com/19/05/1600×900/skynews-bedtime-story_4676203.jpg?bypass-service-worker&20190523025257