[Unicode]
တစ်ကယ်တော့ ” ကလေးတွေကို ကာကွယ်ပါ ” ဆိုတဲ့ သတိစကား ပြောစရာမလိုအောင် ကလေးတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း အကုန်လုံး လုံခြုံစိတ်ချစွာ နေထိုင်ခွင့်၊ ပညာသင်ယူခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်ရှိနေရမှာ။ ကလေးတင်မက လူကြီးတွေပါ၊ အယောက်စီ အယောက်စီ ကိုယ်စိတ်နှလုံး လုံခြုံစွာနေထိုင်ခွင့်ရှိသင့်တာ။ ဒါမှ တိုးတက်ကြီးပွါးရေးကို ပိုရှေးရှုနိုင်ပြီး နိုင်ငံပိုတိုးတက်တော့မှာပေါ့။ ဒါပေမယ့် အခုအခြေအနေမှာ ကလေးတွေကို ကာကွယ်ပါ၊ ကလေးတွေကို ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကနေ ကာကွယ်ပေးပါလို့ပဲ ပထမဦးစွာ တောင်းဆိုရတော့မယ်။ ဒီနေ့တော့ ကျွန်မ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ ကျောင်းတွေ မိဘတွေ သိသင့်တဲ့အချက်လေးတွေ မျှဝေပေးချင်ပါတယ်။
၁) ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေ
——————————————————–
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ညီလာခံ သဘောတူစာချုပ် UNCRC (The United Nations Convention on the Rights of the Child) ဆိုတာ နိုင်ငံတကာ သဘောတူညီပြီး လက်မှတ်ရေးထိုးထားတဲ့ ကလေးအခွင့်အရေးဆိုင်ရာ သဘောတူညီချက်တစ်ခုဖြစ်ပါတယ်။ UNCRC ထဲမှာ အချက်ပေါင်း (၅၄) ချက်ပါဝင်ပါတယ်။ အဲဒီ့အထဲက အချက် ၁ ကနေ ၄၂ အထိက နိုင်ငံတိုင်း လူတိုင်း သိရှိ နားလည်ပြီး လိုက်နာရမယ့် အချက်တွေ ဖြစ်ပြီး ၄၃ ကနေ ၅၄ ကတော့ နိုင်ငံတော်အစိုးရတွေ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေဖြစ်တယ်။
ထပ်ဆောင်းအနနဲ့ ခုနှစ်အလိုက် အရေးပါတဲ့ ဖြစ်ရပ်လေးတွေကိုလည်း မျှဝေချင်ပါတယ်။
၁၉၂၄ ခုနှစ်မှာ- နိုင်ငံပေါင်းချုပ်အသင်းကြီးမှ ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ကြေညာစာတမ်း တစ်စောင်ကို ပထမဦးဆုံးအတည်ပြုခဲ့သည်။
၁၉၅၉ ခုနှစ်မှာ – ကုလသမဂ္ဂအထွေထွေညီလာခံက ဒုတိယအကြိမ်ကလေးသူငယ် အခွင့်ရေးများဆိုင်ရာကြေညာစာတမ်းကိုထုတ်ပြန် ပြဌာန်းကြေညာခဲ့သည်။
၁၉၇၉ ခုနှစ်မှာ – အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးများကို စတင်ရေးဆွဲသည်။
၁၉၈၉ ခုနှစ်မှာ – နိုဝင်ဘာ ၂ဝမှာ နိုင်ငံပေါင်း ၁၉၁ နိုင်ငံက ကုလသမဂ္ဂအထွေထွေညီလာခံမှာ CRCကို အတည်ပြုပြဌာန်းခဲ့ပြီး လက်မှတ်ရေးထိုးခဲ့ကြသည်။ ယခုအချိန်မှာ ၁၉၆ နိုင်ငံက လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။
၁၉၉ဝခုနှစ်မှာ- လိုအပ်သောနိုင်ငံအရေအတွက် ပြည့်စုံအောင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့်အတွက် သဘောတူစာချုပ် သည် တရားဝင်အပြည်ပြည်ဆိုင်ရာ စာချုပ်တရပ်ဖြစ်လာခဲ့သည်။
၁၉၉၁ ခုနှစ်မှာ – သြဂုက်လ(၁၅)ရက်တွင် သဘောတူစာချုပ်ကို မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှက်ရေးထိုးခဲ့သည်။
၁၉၉၃ ခုနှစ်မှာ – ဂျူလိုင်လ(၁၄)ရက်နေ့တွင် မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေကို ပြဌာန်းခဲ့သည်။
၂၀၀၁ ခုနှစ်မှာ – မြန်မာနိုင်ငံကလေးသူငယ် နည်းဥပဒေကို ထုက်ပြန်ခဲ့သည်။
စာချုပ်ထဲမှာ ကလေးတွေအတွက် အဓိကအခြေခံမူ လေးခုရှိပါတယ်။
၁၊ အသက်ရှင်သန်ကျန်ရှိခွင့်၊ ၂၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ၃၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ၄၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့် တို့ ဖြစ်ပါတယ်။
ဒီအခွင့်အရေးတွေဟာ မွေးရာပါရပိုင်ခွင့်တွေဖြစ်တယ်။ မွေးလိုက်ပြီဆိုကတည်းက ဒီအခွင့်အရေးတွေ ရပိုင်ခွင့်ရှိတယ်။ ဒီအခွင့်ရေးတွေဟာ အပေးအယူညှိနှိုင်းလို့မရဘူး။ ကလေးကို မကာကွယ်နိုင်လို့ ဟိုပေးဒီပေးလုပ်လို့မရဘူး။ ဒီအခွင့်အရေးတွေဟာ ဘယ်အခြေအနေမှာမဆိုပေးရမယ်။ စစ်အတငွး်မှာဖြစ်ဖြစ်၊ ဘယ်လို ဆင်းရဲ ဆင်းရဲ ဘယ်လို လူမျိုးဖြစ်ဖြစ် ပေးရမယ်။ ဒီအခွင့်အရေးမှာ တာဝန်နဲ့ ဝတ္တရားတွေပါဝင်တယ်။ လူတိုင်းမှာ တာဝန်ရှိတယ်။
Save the Children UK ရဲ့ တည်ထောင်သူဖြစ်တဲ့ အင်္ဂလန်နိုင်ငံသူ Eglantyne Jebb က ကျွန်မတို့ အခုအချိန်မှာ သိထားကြတဲ့ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာများ ရရှိလာဖို့ ပထမဆုံး အဆိုတင်သွင်းခဲ့သူဖြစ်ပါတယ်။
၂) ကလေးသူငယ်ကာကွယ်ရေး
————————————–
ကလေးတွေရခွင့်ရှိတဲ့ အခွင့်အရေးတွေ ရဖို့ ကလေးတွေကို ၁) မတော်မတရားပြုမှု၊ ၂) အကြမ်းဖက်မှု၊ ၃) လစ်လျူရှုခံရမှုနဲ့ ၄) ခေါင်းပုံဖြတ်မှုတို့ မရှိအောင် ကျွန်မတို့ လူကြီးတွေက ကာကွယ်ပေးဖို့လိုပါတယ်။
ကလေးတွေရဲ့ ခန္ဓာကိုယ် အနာတရဖြစ်အောင် အကြမ်းဖက်ခြင်းတွေ၊ စိတ်ဓါတ်ကျ အောင် စိတ်ထိခိုက်အောင် နှိပ်စက်တာတွေ၊ လိင်ပိုင်းဆိုင်ရာ အကျိုးမြတ်ထုတ်တာတွေ၊ ကလေးတွေရဲ့ ဖြစ်တည်မှုတစ်ခုခုကြောင့် လျစ်လျူရှုခံရတာတွေ၊ အရွယ်နဲ့မလိုက်အောင် ခိုင်းစေတာတွေ၊ ကလေးတွေကို တိရစ္ဆာန် ဆန်ဆန် ဆက်ဆံတာ၊ သုံးနှုန်းတာတွေဟာ ဥပဒေအရရော၊ လူမှုရေးအရရော၊ လူသားဆန်မှု အသိပညာတွေအရပါ မလုပ်သင့်တာတွေဖြစ်ပါတယ်။
ကလေးတွေဟာ ကျွန်မတို့ရဲ့ အနာဂါတ်တွေဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက လုံခြုံစွာ၊ တရားမျှတစွာ၊ ပျော်ရွှင်လွတ်လပ်စွာ ကြီးပြင်းစေချင်ပါတယ်။
က။ ကျွန်မ အတွေ့အကြုံအရ သြစတျေးလျ နိုင်ငံ အပြင် အခြား နိုင်ငံတော်တော်များများမှာ ကလေးနဲ့ အလုပ်လုပ်ခွင့် လက်မှတ်လျှောက်ထားရပါတယ်။ အလုပ်လုပ်ခွင့် လက်မှတ်ရဖို့ ကလေးအခွင့်အရေးကို နားလည်ကြောင်း၊ ကလေးတွေကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း နဲ့ ကလေးတွေကို ထိခိုက်စေမယ့် လုပ်ရပ်တွေ မလုပ်ဘူးဆိုတဲ့ အကြောင်း လက်မှတ်ရေးထိုးပြီး အထောက်ထားခိုင်လှုံစွာနဲ့ လျှောက်ထားမှရပါတယ်။ အဲဒီ့ လက်မှတ်မရှိရင် ကလေးနဲ့ ဆက်စပ်တဲ့ အလုပ်တွေလုပ်လို့ မရပါဘူး။
ခ။ အခုနောက်ပိုင်းဆိုရင် မြန်မာပြည်မှာလည်း ကလေးတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေလုပ်မယ့်သူတွေ၊ ကလေးတွေနဲ့ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ပြီး ပတ်သတ်တဲ့ အဖွဲ့အစည်းတွေမှာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပေးသင်တန်းတွေ တက်ပြီး လိုက်နာရမယ့် စည်းမျဉ်းပါ စာချုပ်မှာ လက်မှတ်ထိုးရပါတယ်။ ကလေးတွေနဲ့ အလုပ်လုပ်တဲ့အခါ မထိခိုက်အောင်၊ ထိခိုက်မယ့် လုပ်ငန်းတွေ လူတွေရဲ့ အန္တရာယ်ကနေ ရှောင်နိုင်အောင်၊ အဖက်ဖက်ကနေ စဉ်းစားပြင်ဆင်နေကြပါပြီ။
ကျွန်မတို့အနေနဲ့ ကလေးတွေနဲ့ အလုပ်လုပ်ခွင့်ကဒ်တွေဘာတွေလုပ်ဖို့ မတတ်နိုင်သေးရင်တောင်မှ ကျောင်းတိုင်းမှာ အလုပ်လုပ်နေတဲ့ သူတွေအားလုံး ကလေးသူငယ် စောင့်ရှောက်ရေးနဲ့ဆိုင်တဲ့ သင်တန်းတွေ ပို့ချပေးပြီး သဘောတူစာချုပ်တွေမှာ လက်မှတ်ထိုးခိုင်းသင့်ပါတယ်။ အကယ်၍ ကလေးမှာ တစ်ခုခုဖြစ်လာခဲ့ရင်လည်း ခေါင်းမရှောင်ဘဲ ယူသင့်တဲ့ တာဝန်ကို ယူရပါမယ်။ ဘာလို့လည်းဆိုတော့ ကလေးတွေကို စောင့်ရှောက်ရမယ့်တာဝန်က လူတိုင်းမှာရှိပါတယ်။
ကျွန်မတို့အဖွဲ့အစည်းအနေနဲ့လည်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သတ်တဲ့ သင်တန်းတွေပေးချင်ပါတယ်။ ကျောင်းအလိုက် လိုအပ်ခဲ့ရင် လာရောက်ဆွေးနွေးပါ။ ကျွန်မတို့ နဲ့မဟုတ်ရင်အောင် ဘယ်အဖွဲ့စည်းနဲ့မဆို လက်တွဲပြီး ကလေးတွေကို ကာကွယ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ မမေ့ပါနဲ့ – ကလေးတွေဟာ ကျွန်မတို့ပါ။ ကလေးတွေဟာ ကျွန်မတို့ အနာဂါတ်ပါ။ သူတို့ဘဝ မကောင်းရင် ကျွန်မတို့အနာဂါတ်လည်း မလှပနိုင်ပါဘူး။ ကလေးတွေ လုံခြုံစွာ ပညာသင်ယူနိုင်ဖို့၊ ကြီးပြင်းနိုင်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ကလေးတွေကို မကောင်းခြင်းများမှ ကာကွယ်ပြီး ကောင်းခြင်းများစွာ သယ်ဆောင်ခြင်းဖြင့် တိုးတက် ငြိမ်းချမ်းသော အသိုင်းဝန်းတစ်ရပ်ဆီသို့ အတူတူ သွားကြရအောင်လေ။
မေတ္တာဖြင့်……..
Sayarma-ဆရာမ
ကိုးကားစာ နှင့် ကျေးဇူးတင်လွှာ
———————————
ကျွန်မတို့ကို ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သတ်ပြီး ဗဟုသုတတွေ အများကြီး ပေးခဲ့တဲ့ ဆရာမ ဒေါ်နီနီထွေးကို ကျေးဇူးတင်ပါတယ်။ ဆရာမပေးတဲ့ ပညာတွေကြောင့် ကျွန်မတို့ ဒီလောက် မျှဝေပေးနိုင်ခဲ့တာပါ။
Photo Credit to – https://www.unicef.org/myanmar/about-us
[Zawgyi]
တစ္ကယ္ေတာ့ ” ကေလးေတြကို ကာကြယ္ပါ ” ဆိုတဲ့ သတိစကား ေျပာစရာမလိုေအာင္ ကေလးေတြဟာ ရုပ္ပုိင္း၊ စိတ္ပုိင္း၊ လိင္ပိုင္း အကုန္လံုး လံုျခံဳစိတ္ခ်စြာ ေနထုိင္ခြင့္၊ ပညာသင္ယူခြင့္၊ ဖြံ႕ျဖိဳးတိုးတက္ခြင့္ရွိေနရမွာ။ ကေလးတင္မက လူၾကီးေတြပါ၊ အေယာက္စီ အေယာက္စီ ကိုယ္စိတ္ႏွလံုး လံုျခံဳစြာေနထုိင္ခြင့္ရွိသင့္တာ။ ဒါမွ တိုးတက္ၾကီးပြါးေရးကို ပိုေရွးရွဳနုိင္ျပီး နုိင္ငံပိုတိုးတက္ေတာ့မွာေပါ့။ ဒါေပမယ့္ အခုအေျခအေနမွာ ကေလးေတြကို ကာကြယ္ပါ၊ ကေလးေတြကို က်ေရာက္လာနုိင္တဲ့ အႏၱရာယ္ေတြကေန ကာကြယ္ေပးပါလို႕ပဲ ပထမဦးစြာ ေတာင္းဆိုရေတာ့မယ္။ ဒီေန႕ေတာ့ ကၽြန္မ ကေလးသူငယ္ ကာကြယ္ေစာင့္ေရွာက္ေရးနဲ႕ ေက်ာင္းေတြ မိဘေတြ သိသင့္တဲ့အခ်က္ေလးေတြ မွ်ေဝေပးခ်င္ပါတယ္။
၁) ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရး ဥပေဒ
——————————————————–
ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ညီလာခံ သေဘာတူစာခ်ဳပ္ UNCRC (The United Nations Convention on the Rights of the Child) ဆိုတာ နုိင္ငံတကာ သေဘာတူညီျပီး လက္မွတ္ေရးထုိးထားတဲ့ ကေလးအခြင့္အေရးဆိုင္ရာ သေဘာတူညီခ်က္တစ္ခုျဖစ္ပါတယ္။ UNCRC ထဲမွာ အခ်က္ေပါင္း (၅၄) ခ်က္ပါဝင္ပါတယ္။ အဲဒီ့အထဲက အခ်က္ ၁ ကေန ၄၂ အထိက နုိင္ငံတုိင္း လူတုိင္း သိရွိ နားလည္ျပီး လုိက္နာရမယ့္ အခ်က္ေတြ ျဖစ္ျပီး ၄၃ ကေန ၅၄ ကေတာ့ နုိင္ငံေတာ္အစိုးရေတြ လုိက္နာေဆာင္ရြက္ရမယ့္ အခ်က္ေတြျဖစ္တယ္။
ထပ္ေဆာင္းအနနဲ႕ ခုႏွစ္အလုိက္ အေရးပါတဲ့ ျဖစ္ရပ္ေလးေတြကိုလည္း မွ်ေဝခ်င္ပါတယ္။
၁၉၂၄ ခုႏွစ္မွာ- နိဳင္ငံေပါင္းခ်ဳပ္အသင္းႀကီးမွ ကေလးသူငယ္အခြင့္ေရးမ်ားဆိုင္ရာ ေၾကညာစာတမ္း တစ္ေစာင္ကို ပထမဦးဆုံးအတည္ျပဳခဲ့သည္။
၁၉၅၉ ခုႏွစ္မွာ – ကုလသမဂၢအေထြေထြညီလာခံက ဒုတိယအႀကိမ္ကေလးသူငယ္ အခြင့္ေရးမ်ားဆိုင္ရာေၾကညာစာတမ္းကိုထုတ္ျပန္ ျပဌာန္းေၾကညာခဲ့သည္။
၁၉၇၉ ခုႏွစ္မွာ – အျပည္ျပည္ဆိုင္ရာ ကေလးသူငယ္အခြင့္အေရးမ်ားကို စတင္ေရးဆြဲသည္။
၁၉၈၉ ခုႏွစ္မွာ – နိုဝင္ဘာ ၂၀မွာ နုိင္ငံေပါင္း ၁၉၁ နုိင္ငံက ကုလသမဂၢအေထြေထြညီလာခံမွာ CRCကို အတည္ျပဳျပဌာန္းခဲ့ျပီး လက္မွတ္ေရးထိုးခဲ့ၾကသည္။ ယခုအခ်ိန္မွာ ၁၉၆ နုိင္ငံက လက္မွတ္ေရးထိုးထားျပီးျဖစ္သည္။
၁၉၉၀ခုႏွစ္မွာ- လိုအပ္ေသာနိဳင္ငံအေရအတြက္ ျပည့္စုံေအာင္ ပါ၀င္လက္မွတ္ေရးထိုးခဲ့သည့္အတြက္ သေဘာတူစာခ်ဳပ္ သည္ တရား၀င္အျပည္ျပည္ဆိုင္ရာ စာခ်ဳပ္တရပ္ျဖစ္လာခဲ့သည္။
၁၉၉၁ ခုႏွစ္မွာ – ၾသဂုက္လ(၁၅)ရက္တြင္ သေဘာတူစာခ်ဳပ္ကို ျမန္မာနိဳင္ငံက အဖြဲ႔၀င္အျဖစ္ ပါ၀င္လက္မွက္ေရးထိုးခဲ့သည္။
၁၉၉၃ ခုႏွစ္မွာ – ဂ်ဴလိုင္လ(၁၄)ရက္ေန႔တြင္ ျမန္မာနိဳင္ငံ ကေလးသူငယ္ဥပေဒကို ျပဌာန္းခဲ့သည္။
၂၀၀၁ ခုႏွစ္မွာ – ျမန္မာနိဳင္ငံကေလးသူငယ္ နည္းဥပေဒကို ထုက္ျပန္ခဲ့သည္။
စာခ်ဳပ္ထဲမွာ ကေလးေတြအတြက္ အဓိကအေျခခံမူ ေလးခုရွိပါတယ္။
၁၊ အသက္ရွင္သန္က်န္ရွိခြင့္၊ ၂၊ ဖြံ႕ျဖိဳးတုိးတက္ခြင့္၊ ၃၊ ကာကြယ္ေစာင့္ေရွာက္ခံပုိင္ခြင့္၊ ၄၊ ပူးေပါင္းပါဝင္ေဆာင္ရြက္ခြင့္ တို႕ ျဖစ္ပါတယ္။
ဒီအခြင့္အေရးေတြဟာ ေမြးရာပါရပိုင္ခြင့္ေတြျဖစ္တယ္။ ေမြးလုိက္ျပီဆိုကတည္းက ဒီအခြင့္အေရးေတြ ရပိုင္ခြင့္ရွိတယ္။ ဒီအခြင့္ေရးေတြဟာ အေပးအယူညွိႏွိုင္းလို႕မရဘူး။ ကေလးကို မကာကြယ္နုိင္လို႕ ဟိုေပးဒီေပးလုပ္လို႕မရဘူး။ ဒီအခြင့္အေရးေတြဟာ ဘယ္အေျခအေနမွာမဆိုေပးရမယ္။ စစ္အတငြး္မွာျဖစ္ျဖစ္၊ ဘယ္လို ဆင္းရဲ ဆင္းရဲ ဘယ္လို လူမ်ိဳးျဖစ္ျဖစ္ ေပးရမယ္။ ဒီအခြင့္အေရးမွာ တာဝန္နဲ႕ ဝတၱရားေတြပါဝင္တယ္။ လူတိုင္းမွာ တာဝန္ရွိတယ္။
Save the Children UK ရဲ႕ တည္ေထာင္သူျဖစ္တဲ့ အဂၤလန္နုိင္ငံသူ Eglantyne Jebb က ကၽြန္မတို႕ အခုအခ်ိန္မွာ သိထားၾကတဲ့ ကေလးသူငယ္ ကာကြယ္ ေစာင့္ေရွာက္ေရးဆိုင္ရာမ်ား ရရွိလာဖို႕ ပထမဆံုး အဆိုတင္သြင္းခဲ့သူျဖစ္ပါတယ္။
၂) ကေလးသူငယ္ကာကြယ္ေရး
————————————–
ကေလးေတြရခြင့္ရွိတဲ့ အခြင့္အေရးေတြ ရဖို႕ ကေလးေတြကို ၁) မေတာ္မတရားျပဳမွဳ၊ ၂) အၾကမ္းဖက္မွဳ၊ ၃) လစ္လ်ဴရွဳခံရမွဳနဲ႕ ၄) ေခါင္းပံုျဖတ္မွဳတို႕ မရွိေအာင္ ကၽြန္မတုိ႕ လူၾကီးေတြက ကာကြယ္ေပးဖို႕လိုပါတယ္။
ကေလးေတြရဲ႕ ခႏၶာကိုယ္ အနာတရျဖစ္ေအာင္ အၾကမ္းဖက္ျခင္းေတြ၊ စိတ္ဓါတ္က် ေအာင္ စိတ္ထိခိုက္ေအာင္ ႏွိပ္စက္တာေတြ၊ လိင္ပိုင္းဆုိင္ရာ အက်ိဳးျမတ္ထုတ္တာေတြ၊ ကေလးေတြရဲ႕ ျဖစ္တည္မွုတစ္ခုခုေၾကာင့္ လ်စ္လ်ဴရွဳခံရတာေတြ၊ အရြယ္နဲ႕မလုိက္ေအာင္ ခုိင္းေစတာေတြ၊ ကေလးေတြကို တိရစာၦန္ ဆန္ဆန္ ဆက္ဆံတာ၊ သံုးႏွဳန္းတာေတြဟာ ဥပေဒအရေရာ၊ လူမွုေရးအရေရာ၊ လူသားဆန္မွဳ အသိပညာေတြအရပါ မလုပ္သင့္တာေတြျဖစ္ပါတယ္။
ကေလးေတြဟာ ကၽြန္မတို႕ရဲ႕ အနာဂါတ္ေတြျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက လံုျခံုစြာ၊ တရားမွ်တစြာ၊ ေပ်ာ္ရႊင္လြတ္လပ္စြာ ၾကီးျပင္းေစခ်င္ပါတယ္။
က။ ကၽြန္မ အေတြ႕အၾကံဳအရ ျသစေတ်းလ် နုိင္ငံ အျပင္ အျခား နုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ ကေလးနဲ႕ အလုပ္လုပ္ခြင့္ လက္မွတ္ေလွ်ာက္ထားရပါတယ္။ အလုပ္လုပ္ခြင့္ လက္မွတ္ရဖုိ႕ ကေလးအခြင့္အေရးကို နားလည္ေၾကာင္း၊ ကေလးေတြကို ကာကြယ္ေစာင့္ေရွာက္မည္ျဖစ္ေၾကာင္း နဲ႕ ကေလးေတြကို ထိခုိက္ေစမယ့္ လုပ္ရပ္ေတြ မလုပ္ဘူးဆိုတဲ့ အေၾကာင္း လက္မွတ္ေရးထုိးျပီး အေထာက္ထားခုိင္လွံဳစြာနဲ႕ ေလွ်ာက္ထားမွရပါတယ္။ အဲဒီ့ လက္မွတ္မရွိရင္ ကေလးနဲ႕ ဆက္စပ္တဲ့ အလုပ္ေတြလုပ္လို႕ မရပါဘူး။
ခ။ အခုေနာက္ပိုင္းဆိုရင္ ျမန္မာျပည္မွာလည္း ကေလးေတြနဲ႕ ဆက္စပ္တဲ့ လုပ္ငန္းေတြလုပ္မယ့္သူေတြ၊ ကေလးေတြနဲ႕ တုိက္ရိုက္သို႕မဟုတ္ သြယ္ဝိုက္ျပီး ပတ္သတ္တဲ့ အဖြဲ႕အစည္းေတြမွာ ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရး အသိေပးသင္တန္းေတြ တက္ျပီး လုိက္နာရမယ့္ စည္းမ်ဥ္းပါ စာခ်ဳပ္မွာ လက္မွတ္ထိုးရပါတယ္။ ကေလးေတြနဲ႕ အလုပ္လုပ္တဲ့အခါ မထိခုိက္ေအာင္၊ ထိခိုက္မယ့္ လုပ္ငန္းေတြ လူေတြရဲ႕ အႏၱရာယ္ကေန ေရွာင္နုိင္ေအာင္၊ အဖက္ဖက္ကေန စဥ္းစားျပင္ဆင္ေနၾကပါျပီ။
ကၽြန္မတို႕အေနနဲ႕ ကေလးေတြနဲ႕ အလုပ္လုပ္ခြင့္ကဒ္ေတြဘာေတြလုပ္ဖုိ႕ မတတ္နုိင္ေသးရင္ေတာင္မွ ေက်ာင္းတိုင္းမွာ အလုပ္လုပ္ေနတဲ့ သူေတြအားလံုး ကေလးသူငယ္ ေစာင့္ေရွာက္ေရးနဲ႕ဆိုင္တဲ့ သင္တန္းေတြ ပုိ႕ခ်ေပးျပီး သေဘာတူစာခ်ဳပ္ေတြမွာ လက္မွတ္ထိုးခုိင္းသင့္ပါတယ္။ အကယ္၍ ကေလးမွာ တစ္ခုခုျဖစ္လာခဲ့ရင္လည္း ေခါင္းမေရွာင္ဘဲ ယူသင့္တဲ့ တာဝန္ကို ယူရပါမယ္။ ဘာလို႕လည္းဆိုေတာ့ ကေလးေတြကို ေစာင့္ေရွာက္ရမယ့္တာဝန္က လူတုိင္းမွာရွိပါတယ္။
ကၽြန္မတုိ႕အဖြဲ႕အစည္းအေနနဲ႕လည္း ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရးနဲ႕ ပတ္သတ္တဲ့ သင္တန္းေတြေပးခ်င္ပါတယ္။ ေက်ာင္းအလုိက္ လုိအပ္ခဲ့ရင္ လာေရာက္ေဆြးေႏြးပါ။ ကၽြန္မတို႕ နဲ႕မဟုတ္ရင္ေအာင္ ဘယ္အဖြဲ႕စည္းနဲ႕မဆို လက္တြဲျပီး ကေလးေတြကို ကာကြယ္ၾကဖို႕ ေမတၱာရပ္ခံခ်င္ပါတယ္။ မေမ့ပါနဲ႕ – ကေလးေတြဟာ ကၽြန္မတို႕ပါ။ ကေလးေတြဟာ ကၽြန္မတုိ႕ အနာဂါတ္ပါ။ သူတို႕ဘဝ မေကာင္းရင္ ကၽြန္မတို႕အနာဂါတ္လည္း မလွပနုိင္ပါဘူး။ ကေလးေတြ လံုျခံဳစြာ ပညာသင္ယူနုိင္ဖို႕၊ ၾကီးျပင္းနုိင္ဖုိ႕ လူတုိင္းမွာ တာဝန္ရွိပါတယ္။ ကေလးေတြကို မေကာင္းျခင္းမ်ားမွ ကာကြယ္ျပီး ေကာင္းျခင္းမ်ားစြာ သယ္ေဆာင္ျခင္းျဖင့္ တိုးတက္ ျငိမ္းခ်မ္းေသာ အသိုင္းဝန္းတစ္ရပ္ဆီသို႕ အတူတူ သြားၾကရေအာင္ေလ။
ေမတၱာျဖင့္……..
Sayarma-ဆရာမ
ကိုးကားစာ ႏွင့္ ေက်းဇူးတင္လႊာ
———————————
ကၽြန္မတို႕ကို ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရးနဲ႕ ပတ္သတ္ျပီး ဗဟုသုတေတြ အမ်ားၾကီး ေပးခဲ့တဲ့ ဆရာမ ေဒၚနီနီေထြးကို ေက်းဇူးတင္ပါတယ္။ ဆရာမေပးတဲ့ ပညာေတြေၾကာင့္ ကၽြန္မတို႕ ဒီေလာက္ မွ်ေဝေပးနုိင္ခဲ့တာပါ။
https://www.unicef.org/myanmar/child-protection Photo Credit to – https://www.unicef.org/myanmar/about-us