[Unicode]

ကိုယ့်သားသမီး၊ တပည့် ဒါမှမဟုတ် အခြား သူတွေရဲ့ တပည့်တွေ ကလေးတွေထဲမှာ ဘယ်သူကတော့ ဆိုးတယ်၊ ဘယ်သူကတော့ တော်တယ်၊ ဘယ်သူကတော့ အနာဂါတ်အလားလာကောင်းမှာ၊ ဘယ်သူကတော့ သုံးစားမရဘူး.. စသည်ဖြင့် ကြားဖူးလား၊ ပြောဖူးလား။  ဒီလိုဆိုရင် ဒီစာကို ဖတ်ပါ။  ကိုယ့်သားသမီး၊ ကိုယ့်တပည့် တစ်ကယ် တော်စေချင်ရင်လည်း ဒီစာကိုဖတ်ပါ။ ကိုယ့်ကိုကိုယ်လည်း အသုံးမကျဘူး၊ သူများတွေလိုတောင် မတော်ဘူးလို့ တွေးဖြစ်ရင် ဒီစာကိုဖတ်ပါ။

ဆရာတွေကို ဥယျာဉ်မှူးတွေလို့ ခိုင်းနှိုင်းကြရင်၊ ကလေးတွေကို အပင်လေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရအောင်။ အပင်တွေရဲ့ သဘာဝကိုက တစ်ပင်နဲ့တစ်ပင်၊ အမျိုးစားတစ်ခုနဲ့တစ်ခု၊ ဒေသတစ်ခုကအပင်နဲ့ နောက်ဒေသ အပင်၊ စသည်ဖြင့် မတူကြဘူး။ တစ်ချို့အပင်တွေက ရေများများကြိုက်တယ်၊ အချို့အပင်တွေက နေပူပူကို ကြိုက်တယ်၊ အချို့အပင်တွေက ရေထဲမှာ နေချင်တယ်၊ အချို့အပင်တွေက အေးအေးလေးပဲနေလိုတယ်။ ဒါပေမယ့် ဘယ်အပင်က ဘယ်အပင်ထက် တန်ဖိုးကြီးသလဲ ဆိုရင် ဘာအတွက် သုံးမလဲဆိုတဲ့အပေါ်မှာမူတည်သလို အဖြေဖြေတဲ့သူအပေါ်မှာလဲမူတည်တယ်။ ဆေးဖေါ်မယ့်သူက ဆေးဖက်ဝင်အပင်ကို ပိုနှစ်သက်သလို ပန်းပန်ချင်သူက ပန်းကိုရွေးမှာပေါ့။  တွေ့ရှိချက်တွေအရ သုံးစားလို့မရဘူးဆိုတဲ့ အပင်ဆိုတာမရှိဘူး။ အပင်တစ်ပင်ဟာ တစ်နေရာရာမှာတော့ အသုံးဝင်တာကြည့်ပါပဲ။

အပင်တွေလိုပဲ ကလေးတွေကို ကြည့်ကြမယ်ဆိုရင်  ကလေးတိုင်းဟာ မတူညီကြဘူး။ တူညီတာတော့ ရှိတယ် အဲဒါဟာ ကလေးတိုင်းမှာ ထူးခြားချက်တွေ၊ ပါရမီတွေ ပါတာပဲ။ ဒါပေမယ် ဖွေးဖွါးလာရာ ဒေသ၊ မိသားစု၊ ကြီးပြင်းရာပုံစံ၊ ပံ့ပိုးမှုအတိုင်းအရာ၊ ရရှိတဲ့ အထောက်အပံ့ စတာတွေ မတူညီကြတဲ့အခါ မွေးဖွါးကတည်းက ပါလာတဲ့ ထူးခြားချက်တွေ ပါရမီတွေဟာ ပြောင်မြောက်သင့်သလောက် မပြောင်မြောက်နိုင်ကြဘူး၊ အချို့ဆို လုံးဝ ပေါ်မလာတော့ဘူး။  

တော်တဲ့ကလေးတွေကို ကျွန်မတို့တစ်တွေက Genius လေးတွေ၊ ပါရမီရှင်လေးတွေလို့  ခေါ်ဝေါ်သုံးနှုန်းကြတယ်။ Genius (ဂျီးနီးယက်စ်)(ပါရမီရှင်) ဆိုတဲ့စကားလုံးက လက်တင်(Latin)ဘာသာစကားကနေ ဆင်းသက်လာတယ်။ မွေးဖွါးလာသူတစ်ယောက်ကို စောင့်ရှောက်တဲ့နတ် (ကိုယ်စောင့်နတ်)လို့ ပြောကြတယ်။ လူတိုင်းဟာ ထူးခြားတယ် (Unique)ဖြစ်တယ်၊ စောင့်ရှောက်သူရှိတယ်လို့  ဆိုလိုချင်တာပါ။ နောက်တော့  Genius လို့ပြောရင် တမူထူးခြားပြီးတော်တဲ့သူတွေ၊ ပါရမီရှင်တွေလို့ ပြောင်းလဲ  ရည်ညွှန်းလာကြတယ်။

ကလေးတစ်ယောက်ဟာ ဉာဏ်အရမ်းကောင်းတာမျိုးရှိနိုင်တယ်။ ဒါပေမယ့် အဲဒီ့ ငယ်စဉ်က ဉာဏ်ကောင်းခြင်းဟာ သူအနာဂါတ်မှာ လုံးဝအောင်မြင်မှုရလိမ့်မယ်လို့ တသားမတ်ထဲ ပြောလို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုရင် သူရဲ့ ဉာဏ်ကောင်းမှုဆိုတဲ့ ထူးခြားချက်ကို ပံ့ပိုးတဲ့ ပတ်ဝန်းကျင်၊ သူကိုယ်တိုင် သင်ယူလေ့လာတိုးတက်ချင်တဲ့စိတ် စတာတွေ ရှိမနေဘူးဆိုရင် ဉာဏ်ကောင်းပေသော်ငြားလည်း အောင်မြင်နိုင်သင့်သလောက် အောင်မြင်မှာမဟုတ်ပါဘူး။  အဲဒီ့လိုပဲ ဉာဏ်မကောင်းဘူး၊ မတော်ဘူးလို့ သတ်မှတ်ထားပေမယ့် ဇွဲလုံ့လဝီရိယနဲ့ စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုအပေါ် သေချာ လေ့လာရင်လည်း အောင်မြင်သွားနိုင်ခြေရှိတယ်။

လက်တွေ့ဖြစ်ရပ်မှန် ဥပမာ လေးတစ်ခုပေးချင်ပါတယ်။ ကလေးတစ်ယောက်ဟာ ဉာဏ်မကောင်းဘူးလို့ သတ်မှတ်ခြင်းခံရတယ်။ အကိုကလည်း တော်တယ်၊ အဖေကလည်း တော်တယ်။ အဖေလို ဆရာဝန်ကြီးဖြစ်စေချင်လို့ တိုက်တွန်းတယ်။  သချင်္ာတွေလည်းညံ့မှညံ့။ ကျောင်းမှာဆိုလည်း ဘာမှမဟုတ်။ စာအုပ်ဖတ်ပြီး သင်ရတာလည်း အဲ့ဒီ့ကလေးက စိတ်မဝင်စားဘူး။ အပြင်ထွက်ပြီး သားကောင်တွေဖမ်းမယ်၊ အပင်တွေခူးမယ်၊ ပစ္စည်းတွေကောက်ပြီးစုမယ် ဒါတွေပဲသူစိတ်ဝင်စားတယ်။ သူတွေ့လာတဲ့ အကောင်တွေ၊ အပင်တွေ၊ ပစ္စည်းတွေကို သေချာကြည့်ပြီး လေ့လာရတာဟာ သူ့အတွက်ပျော်စရာအချိန်တွေပဲ။ နောက် ဆေးကျောင်းကို အဖေကပို့တယ်၊ သားက သွေးကြောက်လို့ ထွက်ခဲ့တယ်။ အခြား ဘယ်လိုကျောင်းပို့ပို့ သူက ကျောင်းစာကို သိပ်ပြီး စိတ်မဝင်စားဘူး။ သူစိတ်ဝင်စားတာက ဒီပတ်ဝန်းကျင်ကအရာတွေကို လိုက်ကြည့်ပြီး လေ့လာချင်တာပဲ။ နောက်တော့ လေ့လာဖို့ အခွင့်လမ်းတစ်ခုရတယ်။ လေ့လာတယ်။ အခက်အခဲတွေအများကြီးကြုံရတယ်။ ကိုယ်စိတ်ဝင်စားတာလုပ်နေရတော့ ခံသာတယ်။ နောက်မှာသူဟာ ကမ္ဘာကျော် သီအိုရီတစ်ခုကို ထုတ်တဲ့ Charles Darwin ဆိုပြီး ဖြစ်လာခဲ့တယ်။

Charles Darwin ရဲ့ ကျောင်းပညာကို စိတ်မဝင်စားတာကို ပြောချင်တာထက် သူဟာ သူလေ့လာချင်တဲ့အရာ၊ သူ့စိတ်ဝင်စားမှုကို သူဇွဲရှိရှိနဲ့ သေချာလေ့လာဆည်းပူးတာကို ထောက်ပြချင်တာပါ။ သာမာန်ကလေးလို့ သတ်မှတ်ခံရပေမယ့် တစ်ကယ်ကို စိတ်ဝင်တစားနဲ့ အလုပ်တစ်ခုမှာ ဇွဲရှိရှိ ကြိုးစားလေ့လာရင် အဲဒီ့ ပညာရပ်တစ်ခုကို သေချာ ကျွမ်းကျင်ပိုင်နိုင်သွားနိုင်ပါတယ်။

Leonado da Vinci ဆိုရင် ငယ်ငယ်လေးကတည်းက ပန်းချီကို စိတ်ဝင်စားတယ်၊ ပတ်ဝန်းကျင်ကအရာတွေကို အမြဲ အသေးစိတ် လေ့လာစောင့်ကြည့်တယ်။ သူ့ရဲ့ သင်ယူမှုမှာ ထူးခြားတာက ဘယ်အရာကိုလုပ်လုပ် အဆန်းထွင်ကြည့်တယ်။ အသက် ၁၄ နှစ်လောက်မှာ ဖလောရင့်စ်မြို့က ပန်းချီပညာရှင် Andrea del Verrocchioဆိုမှာ ပညာသင်တယ်။ ဆရာက အသေးစိတ်သင်တယ်၊ သူကဘယ်တော့မှ တစ်ထပ်တည်းလိုက်မလုပ်ဘူး။ ဘယ်လို အသစ်ဆန်းဖြစ်အောင် လုပ်ရမလဲလို့ အမြဲတွေးပြီးလုပ်တယ်။  တစ်ခါက ဆရာက နတ်မိမယ်ပုံဆွဲခိုင်းတယ်။ ဆရာဆွဲခိုင်းတဲ့ပုံအတိုင်းမဆွဲဘဲ သူဖာသာ စမ်းတယ်။ စမ်းတဲ့အခါ ရမ်းသမ်းပြီးတော့ ဗရုတ်သုတ်ခတော့မလုပ်ဘူး။ နတ်မိမယ်မှာ အတောင်ပံ တတ်ပေးချင်တော့ – စျေးက ငှက်မွှေးတွေကို သေချာဝယ်ပြီးလေ့လာတယ်၊ စိတ်ကို နှစ်ပြီးသေချာလေ့လာပြီး ဆက်လုပ်တယ်။ မှားသွားရင်၊ လွဲသွားရင်လည်း စိတ်မပျက်ဘူး၊ မှားသွားရာကနေ တစ်ခုခုသင်ယူနိုင်တယ်ဆိုပြီး အမြဲ တွေးတယ်။ တစ်နေရာမှာ ပညာသေချာသင်တယ်၊ စမ်းသပ်တယ်၊ နောက်ထပ်တစ်နေရာမှာ နောက်ထပ်တစ်မျိုးသင်တယ်၊သေချာလုပ်တယ်၊ စမ်းသပ်တယ်။ သူ့ဘဝတစ်လျှောက်လုံး သင်ယူမှုအပြည့်နဲ့ရှင်သန်ခဲ့တယ်။

သင်ယူမှုဟာ အမြဲမပြတ်ရှာဖွေနိုင်တဲ့အရာဖြစ်တယ်။ အသက်အရွယ်မရွေး၊ နေရာမရွေး၊ အချိန်အခါမရွေး သင်ယူနိုင်တယ်။ မှားရာကနေလည်း သင်နိုင်တယ်၊ အမျိုးမျိုးပြောင်းလဲဆန်းသစ်ခြင်းကနေလဲ သင်ယူနိုင်တယ်၊ မတူညီတဲ့ဆရာတွေဆီကလည်း သင်ယူနိုင်တယ်။ သင်ယူချင်စိတ်သာလိုတယ်။

တိုးတက်အောင်မြင်ခဲ့တဲ့သူတွေကို လေ့လာကြည့်ရင်… ငယ်စဉ်က ရရှိလာခဲ့တဲ့ ပံ့ပိုးမှု၊ ကြီးပြင်းခဲ့ပုံတွေမတူညီကြပါဘူး။ ဒါပေမယ့် အောင်မြင်သူတွေ၊ တော်တယ်လို့ သတ်မှတ်ခြင်းခံရသူတွေတိုင်းမှာ… သင်ယူလိုစိတ်တွေရှိတယ်၊ သူတို့ရဲ့ ရင်ဘတ်ထဲကလာတဲ့ စိတ်ဝင်စားမှု၊ ထူးခြားမှုကို သူတို့ ရှာဖွေတွေ့ရှိကြတယ်၊ တိုးတက်အောင်မြင်အောင် သင်ယူလိုစိတ်၊ လေ့လာလိုစိတ်နဲ့ ကြိုးစားတယ်။

ကျွန်မတို့ရဲ့ ကလေးတွေမှာလည်း ထူးခြားမှုဆိုတဲ့ မျိုးစေ့လေးဟာ မွေးကတည်းက ပါလာပြီးသားပါ။ အဲဒီ့မျိုးစေ့လေးဟာ ဘယ်လိုမျိုးစေ့လဲ၊ ဘယ်လို ပျိုးထောင်ပေးရမလဲဆိုတာ သိဖို့ အဲဒီ့ကလေးကိုယ်တိုင် ရှာဖွေဖို့လိုသလို ကလေးရဲ့ ပတ်ဝန်းကျင်က မိဘ၊ဆရာတွေကလည်း စောင့်ကြည့်လေ့လာ ပံ့ပိုးပေးဖို့လိုပါတယ်။ ရေမကြိုက်တဲ့ အပင်မျိုးကို ရေဖိလောင်းရင် မျိုးစေ့လေးရှင်သန်ဖို့အခွင့်အလမ်းနည်းသွားနိုင်သလို ကလေးတွေရဲ့ ထူးခြားမှု၊စိတ်ဝင်စားမှုတွေနဲ့ ဆန့်ကျင်တဲ့ တွန်းအားပေးမှုတွေဟာ ကလေးတွေအတွက် အကောင်းမွန်ဆုံးအရာ၊ အအောင်မြင်ဆုံးအရာ၊ အပျော်ရွှင်စေဆုံးအရာတွေကို ယူဆောင်ပေးလာနိုင်မှာမဟုတ်ပါဘူး။

အချုပ်မှာ ကျွန်မပြောချင်တာကတော့ ကလေးတိုင်းတော်သလားဆိုရင်၊ ကလေးတိုင်း တော်နိုင်ပါတယ်၊ တော်ဖို့အခွင့်အရေး၊ တော်စေမယ့် မျိုးစေ့လေး ကလေးတိုင်းမှာရှိတယ်။ ဘယ်လိုနေရာမှာ ထူးချွန်မယ်၊ ဘယ်လိုနေရာမှာတော်မယ်ဆိုတာ ပံ့ပိုးမှု၊ အခွင့်အလမ်းပေးစွမ်းမှုတွေအပေါ်မှာမူတည်တာမို့ ကိုယ့်ပတ်ဝန်းကျင်က ကလေးတွေ မတော်ဘူးလို့ပြောတဲ့အခါ ကိုယ်တိုင်က ဘာပံ့ပိုးမှုတွေ မပေးမိလို့လဲ၊ ကလေးရဲ့ ထူးခြားမှုအစစ်အမှန်ကို ရှာဖွေလေ့လာပြီးပြီလားဆိုတာ မေးခွန်းပြန်မေးစေချင်တယ်။ ကလေးတွေတင်မကဘူး ကျွန်မတို့လူကြီးတွေကိုယ်တိုင် ကိုယ့်ရဲ့ ထူးခြားမှု မျိုးစေ့လေးကို ပြန်လည် ရှာဖွေပြီး ပြုစုပျိုးထောင်ဖို့လိုတယ်။ နောက်ကျသွားပြီဆိုတာ မရှိဘူးလို့လည်းပြောချင်ပါတယ်။ မိမိကိုယ်တိုင်ရော၊ မိမိပတ်ဝန်းကျင်က လူကြီးတွေကလေးတွေရော သူ့နေရာနဲ့သူထူးခြားထက်မြက်သူတွေဖြစ်အောင် ပံ့ပိုးနိုင်ကြပါစေလို့ ဆုတောင်းရင်း….

မေတ္တာဖြင့်….

                 Sayarma-ဆရာမ

မှတ်ချက်။   ။ ကျွန်မကို ဒီအတွေးတွေ၊ အချက်အလက်တွေကို အဓိကပေးခဲ့တာကတော့ Robert Greene ရေးတဲ့ Mastery ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ စိတ်ဝင်စားရင် ကြည့်လို့ရအောင် Audio Bookလင့်ခ်လေးပေးပါ့မယ်။ ၈ နာရီကျော်လောက် နားထောင်ရပါလိမ့်မယ်။ https://www.youtube.com/watch?v=LcU7JV8t_2Q

Photo Credit – https://medium.com/@waqasm92/7-ways-to-become-smarter-24b9efe6fa7c

[Zawgyi]

ကိုယ့္သားသမီး၊ တပည့္ ဒါမွမဟုတ္ အျခား သူေတြရဲ႕ တပည့္ေတြ ကေလးေတြထဲမွာ ဘယ္သူကေတာ့ ဆိုးတယ္၊ ဘယ္သူကေတာ့ ေတာ္တယ္၊ ဘယ္သူကေတာ့ အနာဂါတ္အလားလာေကာင္းမွာ၊ ဘယ္သူကေတာ့ သံုးစားမရဘူး.. စသည္ျဖင့္ ၾကားဖူးလား၊ ေျပာဖူးလား။  ဒီလိုဆိုရင္ ဒီစာကို ဖတ္ပါ။  ကိုယ့္သားသမီး၊ ကိုယ့္တပည့္ တစ္ကယ္ ေတာ္ေစခ်င္ရင္လည္း ဒီစာကိုဖတ္ပါ။ ကိုယ့္ကိုကိုယ္လည္း အသံုးမက်ဘူး၊ သူမ်ားေတြလိုေတာင္ မေတာ္ဘူးလို႕ ေတြးျဖစ္ရင္ ဒီစာကိုဖတ္ပါ။

ဆရာေတြကို ဥယ်ာဥ္မွဴးေတြလို႕ ခိုင္းႏွိုင္းၾကရင္၊ ကေလးေတြကို အပင္ေလးေတြနဲ႕ ႏွိဳင္းယွဥ္ၾကည့္ရေအာင္။ အပင္ေတြရဲ႕ သဘာဝကိုက တစ္ပင္နဲ႕တစ္ပင္၊ အမ်ိဳးစားတစ္ခုနဲ႕တစ္ခု၊ ေဒသတစ္ခုကအပင္နဲ႕ ေနာက္ေဒသ အပင္၊ စသည္ျဖင့္ မတူၾကဘူး။ တစ္ခ်ိဳ႕အပင္ေတြက ေရမ်ားမ်ားၾကိဳက္တယ္၊ အခ်ိဳ႕အပင္ေတြက ေနပူပူကို ၾကိဳက္တယ္၊ အခ်ိဳ႕အပင္ေတြက ေရထဲမွာ ေနခ်င္တယ္၊ အခ်ိဳ႕အပင္ေတြက ေအးေအးေလးပဲေနလိုတယ္။ ဒါေပမယ့္ ဘယ္အပင္က ဘယ္အပင္ထက္ တန္ဖိုးၾကီးသလဲ ဆိုရင္ ဘာအတြက္ သံုးမလဲဆိုတဲ့အေပၚမွာမူတည္သလို အေျဖေျဖတဲ့သူအေပၚမွာလဲမူတည္တယ္။ ေဆးေဖၚမယ့္သူက ေဆးဖက္ဝင္အပင္ကို ပိုႏွစ္သက္သလို ပန္းပန္ခ်င္သူက ပန္းကိုေရြးမွာေပါ့။  ေတြ႕ရွိခ်က္ေတြအရ သံုးစားလို႕မရဘူးဆိုတဲ့ အပင္ဆိုတာမရွိဘူး။ အပင္တစ္ပင္ဟာ တစ္ေနရာရာမွာေတာ့ အသံုးဝင္တာၾကည့္ပါပဲ။

အပင္ေတြလိုပဲ ကေလးေတြကို ၾကည့္ၾကမယ္ဆိုရင္  ကေလးတိုင္းဟာ မတူညီၾကဘူး။ တူညီတာေတာ့ ရွိတယ္ အဲဒါဟာ ကေလးတုိင္းမွာ ထူးျခားခ်က္ေတြ၊ ပါရမီေတြ ပါတာပဲ။ ဒါေပမယ္ ေဖြးဖြါးလာရာ ေဒသ၊ မိသားစု၊ ၾကီးျပင္းရာပံုစံ၊ ပံ့ပိုးမွဳအတုိင္းအရာ၊ ရရွိတဲ့ အေထာက္အပံ႕ စတာေတြ မတူညီၾကတဲ့အခါ ေမြးဖြါးကတည္းက ပါလာတဲ့ ထူးျခားခ်က္ေတြ ပါရမီေတြဟာ ေျပာင္ေျမာက္သင့္သေလာက္ မေျပာင္ေျမာက္နုိင္ၾကဘူး၊ အခ်ိဳ႕ဆို လံုးဝ ေပၚမလာေတာ့ဘူး။  

ေတာ္တဲ့ကေလးေတြကို ကၽြန္မတို႕တစ္ေတြက Genius ေလးေတြ၊ ပါရမီရွင္ေလးေတြလုိ႕  ေခၚေဝၚသံုးႏွုန္းၾကတယ္။ Genius (ဂ်ီးနီးယက္စ္)(ပါရမီရွင္) ဆိုတဲ့စကားလံုးက လက္တင္(Latin)ဘာသာစကားကေန ဆင္းသက္လာတယ္။ ေမြးဖြါးလာသူတစ္ေယာက္ကို ေစာင့္ေရွာက္တဲ့နတ္ (ကိုယ္ေစာင့္နတ္)လုိ႕ ေျပာၾကတယ္။ လူတုိင္းဟာ ထူးျခားတယ္ (Unique)ျဖစ္တယ္၊ ေစာင့္ေရွာက္သူရွိတယ္လို႕  ဆိုလိုခ်င္တာပါ။ ေနာက္ေတာ့  Genius လို႕ေျပာရင္ တမူထူးျခားျပီးေတာ္တဲ့သူေတြ၊ ပါရမီရွင္ေတြလို႕ ေျပာင္းလဲ  ရည္ညႊန္းလာၾကတယ္။

ကေလးတစ္ေယာက္ဟာ ဥာဏ္အရမ္းေကာင္းတာမ်ိဳးရွိနုိင္တယ္။ ဒါေပမယ့္ အဲဒီ့ ငယ္စဥ္က ဥာဏ္ေကာင္းျခင္းဟာ သူအနာဂါတ္မွာ လံုးဝေအာင္ျမင္မွုရလိမ့္မယ္လို႕ တသားမတ္ထဲ ေျပာလို႕မရနုိင္ပါဘူး။ ဘာလို႕လဲဆိုရင္ သူရဲ႕ ဥာဏ္ေကာင္းမွဳဆိုတဲ့ ထူးျခားခ်က္ကို ပံ့ပိုးတဲ့ ပတ္ဝန္းက်င္၊ သူကိုယ္တုိင္ သင္ယူေလ့လာတိုးတက္ခ်င္တဲ့စိတ္ စတာေတြ ရွိမေနဘူးဆိုရင္ ဥာဏ္ေကာင္းေပေသာ္ျငားလည္း ေအာင္ျမင္နုိင္သင့္သေလာက္ ေအာင္ျမင္မွာမဟုတ္ပါဘူး။  အဲဒီ့လိုပဲ ဥာဏ္မေကာင္းဘူး၊ မေတာ္ဘူးလို႕ သတ္မွတ္ထားေပမယ့္ ဇြဲလံု႕လဝီရိယနဲ႕ စိတ္ဝင္စားတဲ့အေၾကာင္းအရာတစ္ခုအေပၚ ေသခ်ာ ေလ့လာရင္လည္း ေအာင္ျမင္သြားနုိင္ေျခရွိတယ္။

လက္ေတြ႕ျဖစ္ရပ္မွန္ ဥပမာ ေလးတစ္ခုေပးခ်င္ပါတယ္။ ကေလးတစ္ေယာက္ဟာ ဥာဏ္မေကာင္းဘူးလို႕ သတ္မွတ္ျခင္းခံရတယ္။ အကိုကလည္း ေတာ္တယ္၊ အေဖကလည္း ေတာ္တယ္။ အေဖလို ဆရာဝန္ၾကီးျဖစ္ေစခ်င္လို႕ တိုက္တြန္းတယ္။  သခ်ၤာေတြလည္းညံ႕မွညံ႕။ ေက်ာင္းမွာဆိုလည္း ဘာမွမဟုတ္။ စာအုပ္ဖတ္ျပီး သင္ရတာလည္း အဲ့ဒီ့ကေလးက စိတ္မဝင္စားဘူး။ အျပင္ထြက္ျပီး သားေကာင္ေတြဖမ္းမယ္၊ အပင္ေတြခူးမယ္၊ ပစၥည္းေတြေကာက္ျပီးစုမယ္ ဒါေတြပဲသူစိတ္ဝင္စားတယ္။ သူေတြ႕လာတဲ့ အေကာင္ေတြ၊ အပင္ေတြ၊ ပစၥည္းေတြကို ေသခ်ာၾကည့္ျပီး ေလ့လာရတာဟာ သူ႕အတြက္ေပ်ာ္စရာအခ်ိန္ေတြပဲ။ ေနာက္ ေဆးေက်ာင္းကို အေဖကပို႕တယ္၊ သားက ေသြးေၾကာက္လို႕ ထြက္ခဲ့တယ္။ အျခား ဘယ္လိုေက်ာင္းပို႕ပို႕ သူက ေက်ာင္းစာကို သိပ္ျပီး စိတ္မဝင္စားဘူး။ သူစိတ္ဝင္စားတာက ဒီပတ္ဝန္းက်င္ကအရာေတြကို လုိက္ၾကည့္ျပီး ေလ့လာခ်င္တာပဲ။ ေနာက္ေတာ့ ေလ့လာဖုိ႕ အခြင့္လမ္းတစ္ခုရတယ္။ ေလ့လာတယ္။ အခက္အခဲေတြအမ်ားၾကီးၾကံုရတယ္။ ကိုယ္စိတ္ဝင္စားတာလုပ္ေနရေတာ့ ခံသာတယ္။ ေနာက္မွာသူဟာ ကမာၻေက်ာ္ သီအိုရီတစ္ခုကို ထုတ္တဲ့ Charles Darwin ဆိုျပီး ျဖစ္လာခဲ့တယ္။

Charles Darwin ရဲ႕ ေက်ာင္းပညာကို စိတ္မဝင္စားတာကို ေျပာခ်င္တာထက္ သူဟာ သူေလ့လာခ်င္တဲ့အရာ၊ သူ႕စိတ္ဝင္စားမွဳကို သူဇြဲရွိရွိနဲ႕ ေသခ်ာေလ့လာဆည္းပူးတာကို ေထာက္ျပခ်င္တာပါ။ သာမာန္ကေလးလို႕ သတ္မွတ္ခံရေပမယ့္ တစ္ကယ္ကို စိတ္ဝင္တစားနဲ႕ အလုပ္တစ္ခုမွာ ဇြဲရွိရွိ ၾကိဳးစားေလ့လာရင္ အဲဒီ့ ပညာရပ္တစ္ခုကို ေသခ်ာ ကၽြမ္းက်င္ပုိင္နုိင္သြားနုိင္ပါတယ္။

Leonado da Vinci ဆိုရင္ ငယ္ငယ္ေလးကတည္းက ပန္းခ်ီကို စိတ္ဝင္စားတယ္၊ ပတ္ဝန္းက်င္ကအရာေတြကို အျမဲ အေသးစိတ္ ေလ့လာေစာင့္ၾကည့္တယ္။ သူ႕ရဲ႕ သင္ယူမွဳမွာ ထူးျခားတာက ဘယ္အရာကိုလုပ္လုပ္ အဆန္းထြင္ၾကည့္တယ္။ အသက္ ၁၄ ႏွစ္ေလာက္မွာ ဖေလာရင့္စ္ျမို႕က ပန္းခ်ီပညာရွင္ Andrea del Verrocchioဆိုမွာ ပညာသင္တယ္။ ဆရာက အေသးစိတ္သင္တယ္၊ သူကဘယ္ေတာ့မွ တစ္ထပ္တည္းလုိက္မလုပ္ဘူး။ ဘယ္လို အသစ္ဆန္းျဖစ္ေအာင္ လုပ္ရမလဲလို႕ အျမဲေတြးျပီးလုပ္တယ္။  တစ္ခါက ဆရာက နတ္မိမယ္ပံုဆြဲခုိင္းတယ္။ ဆရာဆြဲခုိင္းတဲ့ပံုအတိုင္းမဆြဲဘဲ သူဖာသာ စမ္းတယ္။ စမ္းတဲ့အခါ ရမ္းသမ္းျပီးေတာ့ ဗရုတ္သုတ္ခေတာ့မလုပ္ဘူး။ နတ္မိမယ္မွာ အေတာင္ပံ တတ္ေပးခ်င္ေတာ့ – ေစ်းက ငွက္ေမႊးေတြကို ေသခ်ာဝယ္ျပီးေလ့လာတယ္၊ စိတ္ကို ႏွစ္ျပီးေသခ်ာေလ့လာျပီး ဆက္လုပ္တယ္။ မွားသြားရင္၊ လြဲသြားရင္လည္း စိတ္မပ်က္ဘူး၊ မွားသြားရာကေန တစ္ခုခုသင္ယူနုိင္တယ္ဆိုျပီး အျမဲ ေတြးတယ္။ တစ္ေနရာမွာ ပညာေသခ်ာသင္တယ္၊ စမ္းသပ္တယ္၊ ေနာက္ထပ္တစ္ေနရာမွာ ေနာက္ထပ္တစ္မ်ိဳးသင္တယ္၊ေသခ်ာလုပ္တယ္၊ စမ္းသပ္တယ္။ သူ႕ဘဝတစ္ေလွ်ာက္လံုး သင္ယူမွဳအျပည့္နဲ႕ရွင္သန္ခဲ့တယ္။

သင္ယူမွဳဟာ အျမဲမျပတ္ရွာေဖြနုိင္တဲ့အရာျဖစ္တယ္။ အသက္အရြယ္မေရြး၊ ေနရာမေရြး၊ အခ်ိန္အခါမေရြး သင္ယူနုိင္တယ္။ မွားရာကေနလည္း သင္နုိင္တယ္၊ အမ်ိဳးမ်ိဳးေျပာင္းလဲဆန္းသစ္ျခင္းကေနလဲ သင္ယူနုိင္တယ္၊ မတူညီတဲ့ဆရာေတြဆီကလည္း သင္ယူနုိင္တယ္။ သင္ယူခ်င္စိတ္သာလိုတယ္။

တိုးတက္ေအာင္ျမင္ခဲ့တဲ့သူေတြကို ေလ့လာၾကည့္ရင္… ငယ္စဥ္က ရရွိလာခဲ့တဲ့ ပံ့ပိုးမွဳ၊ ၾကီးျပင္းခဲ့ပံုေတြမတူညီၾကပါဘူး။ ဒါေပမယ့္ ေအာင္ျမင္သူေတြ၊ ေတာ္တယ္လို႕ သတ္မွတ္ျခင္းခံရသူေတြတုိင္းမွာ… သင္ယူလိုစိတ္ေတြရွိတယ္၊ သူတို႕ရဲ႕ ရင္ဘတ္ထဲကလာတဲ့ စိတ္ဝင္စားမွဳ၊ ထူးျခားမွဳကို သူတို႕ ရွာေဖြေတြ႕ရွိၾကတယ္၊ တုိးတက္ေအာင္ျမင္ေအာင္ သင္ယူလိုစိတ္၊ ေလ့လာလိုစိတ္နဲ႕ ၾကိဳးစားတယ္။

ကၽြန္မတို႕ရဲ႕ ကေလးေတြမွာလည္း ထူးျခားမွဳဆိုတဲ့ မ်ိဳးေစ့ေလးဟာ ေမြးကတည္းက ပါလာျပီးသားပါ။ အဲဒီ့မ်ိဳးေစ့ေလးဟာ ဘယ္လိုမ်ိဳးေစ့လဲ၊ ဘယ္လို ပ်ိဳးေထာင္ေပးရမလဲဆိုတာ သိဖို႕ အဲဒီ့ကေလးကိုယ္တိုင္ ရွာေဖြဖို႕လိုသလို ကေလးရဲ႕ ပတ္ဝန္းက်င္က မိဘ၊ဆရာေတြကလည္း ေစာင့္ၾကည့္ေလ့လာ ပံ့ပိုးေပးဖို႕လိုပါတယ္။ ေရမၾကိဳက္တဲ့ အပင္မ်ိဳးကို ေရဖိေလာင္းရင္ မ်ိဳးေစ့ေလးရွင္သန္ဖို႕အခြင့္အလမ္းနည္းသြားနုိင္သလို ကေလးေတြရဲ႕ ထူးျခားမွဳ၊စိတ္ဝင္စားမွဳေတြနဲ႕ ဆန္႕က်င္တဲ့ တြန္းအားေပးမွဳေတြဟာ ကေလးေတြအတြက္ အေကာင္းမြန္ဆံုးအရာ၊ အေအာင္ျမင္ဆံုးအရာ၊ အေပ်ာ္ရႊင္ေစဆံုးအရာေတြကို ယူေဆာင္ေပးလာနုိင္မွာမဟုတ္ပါဘူး။

အခ်ဳပ္မွာ ကၽြန္မေျပာခ်င္တာကေတာ့ ကေလးတိုင္းေတာ္သလားဆိုရင္၊ ကေလးတိုင္း ေတာ္နုိင္ပါတယ္၊ ေတာ္ဖို႕အခြင့္အေရး၊ ေတာ္ေစမယ့္ မ်ိဳးေစ့ေလး ကေလးတိုင္းမွာရွိတယ္။ ဘယ္လိုေနရာမွာ ထူးခၽြန္မယ္၊ ဘယ္လိုေနရာမွာေတာ္မယ္ဆိုတာ ပံ့ပိုးမွဳ၊ အခြင့္အလမ္းေပးစြမ္းမွဳေတြအေပၚမွာမူတည္တာမို႕ ကိုယ့္ပတ္ဝန္းက်င္က ကေလးေတြ မေတာ္ဘူးလို႕ေျပာတဲ့အခါ ကိုယ္တိုင္က ဘာပံ့ပိုးမွဳေတြ မေပးမိလို႕လဲ၊ ကေလးရဲ႕ ထူးျခားမွဳအစစ္အမွန္ကို ရွာေဖြေလ့လာျပီးျပီလားဆိုတာ ေမးခြန္းျပန္ေမးေစခ်င္တယ္။ ကေလးေတြတင္မကဘူး ကၽြန္မတို႕လူၾကီးေတြကိုယ္တိုင္ ကိုယ့္ရဲ႕ ထူးျခားမွဳ မ်ိဳးေစ့ေလးကို ျပန္လည္ ရွာေဖြျပီး ျပဳစုပ်ိဳးေထာင္ဖို႕လိုတယ္။ ေနာက္က်သြားျပီဆိုတာ မရွိဘူးလို႕လည္းေျပာခ်င္ပါတယ္။ မိမိကိုယ္တိုင္ေရာ၊ မိမိပတ္ဝန္းက်င္က လူၾကီးေတြကေလးေတြေရာ သူ႕ေနရာနဲ႕သူထူးျခားထက္ျမက္သူေတြျဖစ္ေအာင္ ပံ့ပိုးနုိင္ၾကပါေစလို႕ ဆုေတာင္းရင္း….

ေမတၱာျဖင့္….

                 Sayarma-ဆရာမ

မွတ္ခ်က္။   ။ ကၽြန္မကို ဒီအေတြးေတြ၊ အခ်က္အလက္ေတြကို အဓိကေပးခဲ့တာကေတာ့ Robert Greene ေရးတဲ့ Mastery ဆိုတဲ့ စာအုပ္ျဖစ္ပါတယ္။ စိတ္ဝင္စားရင္ ၾကည့္လို႕ရေအာင္ Audio Bookလင့္ခ္ေလးေပးပါ့မယ္။ ၈ နာရီေက်ာ္ေလာက္ နားေထာင္ရပါလိမ့္မယ္။ https://www.youtube.com/watch?v=LcU7JV8t_2Q Photo Credit – https://medium.com/@waqasm92/7-ways-to-become-smarter-24b9efe6fa7c