[ Unicode ]

ဒီနေ့ အောက်တိုဘာလ (၅)ရက်နေ့ဟာ ကမ္ဘာ့ဆရာများနေ့ပါ။
ကမ္ဘာ့တစ်ဝှမ်းလုံးမှာရှိတဲ့ ကလေးတွေအတွက် ပညာပေးဖို့ အမြဲ အသင့်ရှိနေတဲ့ ကမ္ဘာတစ်ဝှမ်းလုံးက ဆရာ၊မတွေကို ဂုဏ်ပြုဖို့ သတ်မှတ်ထားတဲ့ အထိမ်းအမှတ်နေ့ တစ်နေ့ဖြစ်ပါတယ်။ ဆရာ၊မတွေရဲ့ အခန်းကဏ္ဍ၊ အသိုင်းအဝန်းတစ်ခုမှာ ဆရာ၊မတွေရဲ့ အရေးပါပုံကို အများသူငှာပိုမိုသိရှိကြစေဖို့ လည်း ရည်ရွယ်ကြပါတယ်။

ရပ်ရွာ အသိုင်းအဝန်းတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်။ တာဝန်သိသော စီးပွါးရေးသမားတွေ၊ အမြင်ကျယ်သော လူသားတွေ၊ အမှန်တရားအတွက် ရပ်တည်ရဲသော ပြည်သူတွေဖြစ်စေဖို့ ကောင်းသော ပညာရေး ရဖို့လိုပါတယ်။ ငယ်စဉ်က အမှား၊အမှန် ခွဲခြားနိုင်ဖို့၊ လူမှုဆက်ဆံနည်းတွေ သင်ယူနိုင်ဖို့၊ အရေးအဖတ် အတွက်အချက်တွေ တတ်မြောက်ဖို့ ၊ လူသားချင်းစာနာထောက်ထားပြီး မုဒိတာပွါးနိုင်ဖို့ အားလုံးဟာ စစ်မှန်ကောင်းမွန်သော ပညာရေး စနစ်တစ်ခုအပေါ်မှာ မူတည်နေပါတယ်။

ဒါကြောင့် နိုင်ငံတစ်ခုကို မတိုးတက်စေချင်တော့ဘူးဆိုရင် ၊ ချမ်းသာသူတွေ အလွန်အမင်း ပိုချမ်းသာပြီး ဆင်းရဲသူတွေ ပိုဆင်းရဲစေချင်ရင်၊ အာဏာရှိသူတွေ လုပ်ချင်သလို လုပ်ခွင့်ရချင်ရင် ပညာရေးကို အရင် ဖျက်ဆီးကြပါတယ်။ ကျောင်းတွေမှာ အမိန့်ကိုပဲနာခံတတ်အောင်၊ ပေးထားတာပဲ ဖတ်တတ်အောင်၊ တွက်ခိုင်းတာပဲ တွက်တတ်အောင်၊ ခိုင်းတာပဲလုပ်တတ်အောင် သင်ပေးဖို့ အကွက်ချချ စီစဉ်မှုတွေ အောင်မြင်ခဲ့ရင် နိုင်ငံတစ်နိုင်ငံဟာ တော်တော်နဲ့ နလန်မထူနိုင်ပါဘူး။ ပညာရေးဟာ အချက်အချာကျလွန်းတာမို့ မသမာသူတွေအတွက် လက်နက်အဖြစ် အသုံးချနိုင်သလို တိုးတက်ရေးရှေးရှုသူတွေအတွက် အောင်မြင်ရေးကိရိယာအဖြစ် အသုံးပြုနိုင်ပါတယ်။

ကျွန်မတို့နိုင်ငံလည်း အခုထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကဏ္ဍတိုင်း မှာ တိုးတက်ဖို့လိုပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်း၊ သွားလာဆက်သွယ်ရေး အပိုင်း၊ စီမံအုပ်ချုပ်ရေးအပိုင်း၊ စီးပွါးရေးအပိုင်း စတဲ့ အပိုင်းကဏ္ဍတွေမှာ ပါဝင်နေတဲ့ လူတိုင်းဟာ ဗဟုသုတ၊ ကျွမ်းကျင်မှုနဲ့ မှန်ကန်တဲ့ စိတ်နေသဘောထား အတွေးအခေါ်တွေ တိုးတက်မြင့်မားမှ နိုင်ငံက ရှေ့တိုးနိုင်မှာပါ။ အဲဒီ့အတွက် ကျွန်မတို့တစ်တွေ ပညာရေးကို အဓိကထားပြီး ဆောင်ရွက်ရပါမယ်။

ငယ်စဉ်ကတည်းက ကလေးတွေကို တွေးခေါ်စဉ်းစားနိုင်အောင်၊ တီထွင်ဖန်တီးနိုင်အောင်၊ မတူညီတဲ့ ထင်မြင်သုံးသပ်ချက်တွေ ပြောရဲအောင်၊ အများအကျိုး လုပ်ဆောင်တတ်အောင်၊ အစဉ်အမြဲ လေ့လာသင်ယူနိုင်အောင်၊ သင်ယူမှုတွေကို လက်တွေ့ ကျင့်ကြံနိုင်အောင် ကျွန်မတို့ ကျောင်းတွေက နေ ပြင်ဆင်ပေးဖို့လိုပါတယ်။ အသက်ကြီးမှ စီမံခန့်ခွဲရေး သင်တန်းတွေ၊ ခေါင်းဆောင်မှုသင်တန်းတွေ တက်တာထက် ငယ်စဉ်ကတည်းက ကလေးတွေကို ဒီစွမ်းရည်တွေနဲ့ အကျွမ်းတဝင်ဖြစ်နေအောင် သင်ပေးခဲ့ရင် ကျွန်မတို့ နိုင်ငံက ပိုပြီး ရှေ့ကို ရောက်မှာပါ။

ဆရာ၊မတွေ၊ ပညာရေးသမားတွေဆိုတာ မိဘတွေရဲ့ ရန်သူမဟုတ် သလို အခိုင်းအစေလည်းမဟုတ်ပါဘူး။ အခြားသော ဘယ်ရာထူးထက်လည်း မနိမ့်ကျပါဘူး။ အရင်ကလို ပညာရေးကဏ္ဍ နောက်မကျချင်ဘူးဆိုရင် ကျွန်မတို့ ပညာရေးသမားတွေ၊ ဆရာ၊မတွေနဲ့ အခြားပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေ အကြား နားလည်မှုတွေ တည်ဆောက်ပြီး အတူတူ လက်တွဲပြီး ကလေးတွေ ပညာရေးအတွက် အကောင်းဆုံး ကြိုးစားကြရမယ်လို့ ကျွန်မမြင်မိပါတယ်။
ဒီလို နိုင်ငံရှေ့ရောက်ဖို့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေတဲ့ ပညာရေးသမားတွေ၊ ဆရာ၊မတွေ၊ ရုံးဝန်ထမ်းတွေကလည်း ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နေရတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ထမ်းနေရတဲ့ တာဝန်က အရေးပါပြီး အမှားမခံလှတာမို့ သတိကြီးကြီးနဲ့ အကောင်းဆုံး ကြိုးစားနေဖို့လိုပါတယ်။ ပညာရေးသမားတွေ၊ ဆရာ၊မတွေ သင်ယူဖို့ ပျင်းတဲ့အခါ၊ သင်ယူခွင့်မရကြတဲ့အခါ၊ အမြင်ကျယ်ဖို့ အခွင့်အလမ်းတွေ မရှိတဲ့အခါ ပညာရေးဟာ နောက်ကြောင်းပြန်မှာပါပဲ။ ဒီလို အရေးကြီးတဲ့ တာဝန်ယူနေတဲ့ ကျွန်မတို့ ပညာရေးလုပ်သားတွေဟာ ကိုယ့်အရေးပါမှုကိုလည်း သိရမယ်၊ အရေးပါတဲ့အတိုင်းလည်း အမြဲကြိုးစားနေရမယ်။ ကြိုးစားနေတဲ့ ပညာရေးသမားတွေ၊ ဆရာ၊မတွေကိုလည်း အသိမှတ်ပြုကြရမယ်။

ဒီနေ့ဟာ ကမ္ဘာ့ဆရာများနေ့ဖြစ်တဲ့အလျောက် ကျွန်မတို့ ဘဝမှာ ငယ်ကတည်းက ရှိခဲ့တဲ့ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာတွေ အပြင် သင်ယူမှုမှာ အထောက်အပံ့ဖြစ်စေသူတွေအားလုံးကို အောက်မေ့ အသိမှတ်ပြုလိုက်ကြရအောင်လေ။ ကျွန်မကတော့ ဒီနေ့ ဆရာကန်တော့ပွဲသွားပြီး ဆရာ၊မတွေကို ဂါရဝပြုမယ်။ သူငယ်ချင်းတို့ရော ဆရာ၊မတွေအတွက် ဒီနေ့ ဘာလုပ်ဖြစ်လဲ။

ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ဆရာ၊မများအားလုံးအတွက် ဂုဏ်ယူစွာဖြင့်…..
မေတ္တာဖြင့်….
Sayarma-ဆရာမ

[ Zawgyi ]

ဒီေန႔ ေအာက္တိုဘာလ (၅)ရက္ေန႔ဟာ ကမၻာ့ဆရာမ်ားေန႔ပါ။
ကမၻာ့တစ္ဝွမ္းလုံးမွာရွိတဲ့ ကေလးေတြအတြက္ ပညာေပးဖို႔ အျမဲ အသင့္ရွိေနတဲ့ ကမၻာတစ္ဝွမ္းလုံးက ဆရာ၊မေတြကို ဂုဏ္ျပဳဖို႔ သတ္မွတ္ထားတဲ့ အထိမ္းအမွတ္ေန႔ တစ္ေန႔ျဖစ္ပါတယ္။ ဆရာ၊မေတြရဲ့ အခန္းက႑၊ အသိုင္းအဝန္းတစ္ခုမွာ ဆရာ၊မေတြရဲ့ အေရးပါပုံကို အမ်ားသူငွာပိုမိုသိရွိၾကေစဖို႔ လည္း ရည္ရြယ္ၾကပါတယ္။

ရပ္ရြာ အသိုင္းအဝန္းတစ္ခု ဖြံ့ၿဖိဳးတိုးတက္ဖို႔ဆိုရင္ ပညာေရးက႑ ဖြံ့ၿဖိဳးတိုးတက္ဖို႔လိုပါတယ္။ တာဝန္သိေသာ စီးပြါးေရးသမားေတြ၊ အျမင္က်ယ္ေသာ လူသားေတြ၊ အမွန္တရားအတြက္ ရပ္တည္ရဲေသာ ျပည္သူေတြျဖစ္ေစဖို႔ ေကာင္းေသာ ပညာေရး ရဖို႔လိုပါတယ္။ ငယ္စဥ္က အမွား၊အမွန္ ခြဲျခားနိုင္ဖို႔၊ လူမႈဆက္ဆံနည္းေတြ သင္ယူနိုင္ဖို႔၊ အေရးအဖတ္ အတြက္အခ်က္ေတြ တတ္ေျမာက္ဖို႔ ၊ လူသားခ်င္းစာနာေထာက္ထားၿပီး မုဒိတာပြါးနိုင္ဖို႔ အားလုံးဟာ စစ္မွန္ေကာင္းမြန္ေသာ ပညာေရး စနစ္တစ္ခုအေပၚမွာ မူတည္ေနပါတယ္။

ဒါေၾကာင့္ နိုင္ငံတစ္ခုကို မတိုးတက္ေစခ်င္ေတာ့ဘူးဆိုရင္ ၊ ခ်မ္းသာသူေတြ အလြန္အမင္း ပိုခ်မ္းသာၿပီး ဆင္းရဲသူေတြ ပိုဆင္းရဲေစခ်င္ရင္၊ အာဏာရွိသူေတြ လုပ္ခ်င္သလို လုပ္ခြင့္ရခ်င္ရင္ ပညာေရးကို အရင္ ဖ်က္ဆီးၾကပါတယ္။ ေက်ာင္းေတြမွာ အမိန႔္ကိုပဲနာခံတတ္ေအာင္၊ ေပးထားတာပဲ ဖတ္တတ္ေအာင္၊ တြက္ခိုင္းတာပဲ တြက္တတ္ေအာင္၊ ခိုင္းတာပဲလုပ္တတ္ေအာင္ သင္ေပးဖို႔ အကြက္ခ်ခ် စီစဥ္မႈေတြ ေအာင္ျမင္ခဲ့ရင္ နိုင္ငံတစ္နိုင္ငံဟာ ေတာ္ေတာ္နဲ႔ နလန္မထူနိုင္ပါဘူး။ ပညာေရးဟာ အခ်က္အခ်ာက်လြန္းတာမို႔ မသမာသူေတြအတြက္ လက္နက္အျဖစ္ အသုံးခ်နိုင္သလို တိုးတက္ေရးေရွးရႈသူေတြအတြက္ ေအာင္ျမင္ေရးကိရိယာအျဖစ္ အသုံးျပဳနိုင္ပါတယ္။

ကၽြန္မတို႔နိုင္ငံလည္း အခုထက္ပိုၿပီး ဖြံ့ၿဖိဳးတိုးတက္ဖို႔ဆိုရင္ က႑တိုင္း မွာ တိုးတက္ဖို႔လိုပါတယ္။ က်န္းမာေရး ေစာင့္ေရွာက္မႈအပိုင္း၊ သြားလာဆက္သြယ္ေရး အပိုင္း၊ စီမံအုပ္ခ်ဳပ္ေရးအပိုင္း၊ စီးပြါးေရးအပိုင္း စတဲ့ အပိုင္းက႑ေတြမွာ ပါဝင္ေနတဲ့ လူတိုင္းဟာ ဗဟုသုတ၊ ကၽြမ္းက်င္မႈနဲ႔ မွန္ကန္တဲ့ စိတ္ေနသေဘာထား အေတြးအေခၚေတြ တိုးတက္ျမင့္မားမွ နိုင္ငံက ေရွ႕တိုးနိုင္မွာပါ။ အဲဒီ့အတြက္ ကၽြန္မတို႔တစ္ေတြ ပညာေရးကို အဓိကထားၿပီး ေဆာင္ရြက္ရပါမယ္။

ငယ္စဥ္ကတည္းက ကေလးေတြကို ေတြးေခၚစဥ္းစားနိုင္ေအာင္၊ တီထြင္ဖန္တီးနိုင္ေအာင္၊ မတူညီတဲ့ ထင္ျမင္သုံးသပ္ခ်က္ေတြ ေျပာရဲေအာင္၊ အမ်ားအက်ိဳး လုပ္ေဆာင္တတ္ေအာင္၊ အစဥ္အျမဲ ေလ့လာသင္ယူနိုင္ေအာင္၊ သင္ယူမႈေတြကို လက္ေတြ႕ က်င့္ႀကံနိုင္ေအာင္ ကၽြန္မတို႔ ေက်ာင္းေတြက ေန ျပင္ဆင္ေပးဖို႔လိုပါတယ္။ အသက္ႀကီးမွ စီမံခန႔္ခြဲေရး သင္တန္းေတြ၊ ေခါင္းေဆာင္မႈသင္တန္းေတြ တက္တာထက္ ငယ္စဥ္ကတည္းက ကေလးေတြကို ဒီစြမ္းရည္ေတြနဲ႔ အကၽြမ္းတဝင္ျဖစ္ေနေအာင္ သင္ေပးခဲ့ရင္ ကၽြန္မတို႔ နိုင္ငံက ပိုၿပီး ေရွ႕ကို ေရာက္မွာပါ။

ဆရာ၊မေတြ၊ ပညာေရးသမားေတြဆိုတာ မိဘေတြရဲ့ ရန္သူမဟုတ္ သလို အခိုင္းအေစလည္းမဟုတ္ပါဘူး။ အျခားေသာ ဘယ္ရာထူးထက္လည္း မနိမ့္က်ပါဘူး။ အရင္ကလို ပညာေရးက႑ ေနာက္မက်ခ်င္ဘူးဆိုရင္ ကၽြန္မတို႔ ပညာေရးသမားေတြ၊ ဆရာ၊မေတြနဲ႔ အျခားျပည္သူေတြ၊ အစိုးရဝန္ထမ္းေတြ အၾကား နားလည္မႈေတြ တည္ေဆာက္ၿပီး အတူတူ လက္တြဲၿပီး ကေလးေတြ ပညာေရးအတြက္ အေကာင္းဆုံး ႀကိဳးစားၾကရမယ္လို႔ ကၽြန္မျမင္မိပါတယ္။
ဒီလို နိုင္ငံေရွ႕ေရာက္ဖို႔ အေရးႀကီးတဲ့ က႑ကေန ပါဝင္ေနတဲ့ ပညာေရးသမားေတြ၊ ဆရာ၊မေတြ၊ ႐ုံးဝန္ထမ္းေတြကလည္း ႀကီးမားတဲ့ တာဝန္ေတြကို ထမ္းေဆာင္ေနရတယ္ဆိုတာ မေမ့ဖို႔လိုပါတယ္။ ထမ္းေနရတဲ့ တာဝန္က အေရးပါၿပီး အမွားမခံလွတာမို႔ သတိႀကီးႀကီးနဲ႔ အေကာင္းဆုံး ႀကိဳးစားေနဖို႔လိုပါတယ္။ ပညာေရးသမားေတြ၊ ဆရာ၊မေတြ သင္ယူဖို႔ ပ်င္းတဲ့အခါ၊ သင္ယူခြင့္မရၾကတဲ့အခါ၊ အျမင္က်ယ္ဖို႔ အခြင့္အလမ္းေတြ မရွိတဲ့အခါ ပညာေရးဟာ ေနာက္ေၾကာင္းျပန္မွာပါပဲ။ ဒီလို အေရးႀကီးတဲ့ တာဝန္ယူေနတဲ့ ကၽြန္မတို႔ ပညာေရးလုပ္သားေတြဟာ ကိုယ့္အေရးပါမႈကိုလည္း သိရမယ္၊ အေရးပါတဲ့အတိုင္းလည္း အျမဲႀကိဳးစားေနရမယ္။ ႀကိဳးစားေနတဲ့ ပညာေရးသမားေတြ၊ ဆရာ၊မေတြကိုလည္း အသိမွတ္ျပဳၾကရမယ္။

ဒီေန႔ဟာ ကမၻာ့ဆရာမ်ားေန႔ျဖစ္တဲ့အေလ်ာက္ ကၽြန္မတို႔ ဘဝမွာ ငယ္ကတည္းက ရွိခဲ့တဲ့ သင္ဆရာ၊ျမင္ဆရာ၊ၾကားဆရာေတြ အျပင္ သင္ယူမႈမွာ အေထာက္အပံ့ျဖစ္ေစသူေတြအားလုံးကို ေအာက္ေမ့ အသိမွတ္ျပဳလိုက္ၾကရေအာင္ေလ။ ကၽြန္မကေတာ့ ဒီေန႔ ဆရာကန္ေတာ့ပြဲသြားၿပီး ဆရာ၊မေတြကို ဂါရဝျပဳမယ္။ သူငယ္ခ်င္းတို႔ေရာ ဆရာ၊မေတြအတြက္ ဒီေန႔ ဘာလုပ္ျဖစ္လဲ။

ကမၻာတစ္ဝွမ္းလုံးမွာရွိတဲ့ ဆရာ၊မမ်ားအားလုံးအတြက္ ဂုဏ္ယူစြာျဖင့္…..
ေမတၱာျဖင့္….
Sayarma-ဆရာမ