Information for the Learning at Hom Program by Sayarma Page
မြန်မာနိုင်သို့ COVID-19 ရောဂါပိုးများ စတင်ဝင်ရောက်လာပြီး သင်ယူသူများအနေဖြင့် လူတွေ့သင်ယူခြင်း လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အခက်အခဲများ ဖြစ်ခဲ့ကြသည်။ ကလေးများအနေဖြင့်လည်း ကျောင်းများ အားလုံး ပိတ်လိုက်ရပြီဖြစ်သဖြင့် သင်ယူမှုလုပ်ငန်းများနှင့် ဝေးကွာခဲ့ကြရသည်။ ထိုအခြေအနေတွင် ဆာယာဖောင်ဒေးရှင်း၏ တည်ထောင်သူ ဆရာမ အနေဖြင့် သူမ၏ ပညာရေးဆိုင်ရာ အသိပညာများ မျှဝေလျှက် ရှိသော ဆရာမ စာမျက်နှာမှ တဆင့် စေတနာ့ဝန်ထမ်း ဆရာ၊မများကို ဖိတ်ခေါ်ခဲ့ပြီး ကလေးများ အတွက် စဉ်ဆက်မပျက်သော သင်ယူမှုများ ဖြစ်စေရန်အတွက် စီစဉ်လုပ်ဆောင်ခဲ့သည်။
2020- ခုနှစ် April လတွင် အပတ်စဉ်(၁)ကို စတင်၍ သင်ကြားခဲ့ပါသည်။ အဓိကအားဖြင့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီစသည့် သင်ခန်းစာများအပြင် ပန်းချီ၊ လက်မှု၊ နိုင်ငံသားကောင်း၊ ကျန်းမာရေး၊ ဟင်းချက် စသည့် သင်ခန်းစားများကို Record Video များဖြင့် တစ်ရက်လျှင် ဗီဒီယို နှစ်ခုနှုံးဖြင့် တနင်္လာ မှ သောကြာထိ၊ အပတ်စဉ်တစ်ခုလျှင် (၄) ပတ်ကြာ ပို့ချပေးခဲ့ပါသည်။ ကလေးများအနေဖြင့် သင်ခန်းစာ ဗီဒီယိုများကို ကြည့်ရှုလေ့လာ၍ လေ့ကျင့်ခန်းများကို ပြုလုပ်ပြီး ပြန်လည်ပေးပို့ရသည်။ ကလေးများ ပေးပို့လာသော အိမ်စာများကို စစ်ဆေး၍ အောင်လက်မှတ်များ ချီးမြှင့်ပေးခဲ့ပါသည်။ စုစုပေါင်း အပတ်စဉ်(၉)ခုထိ ပေးအပ်နိုင်ခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူပေါင်း (၇၀၀၀) ကျော်ခန့်ကို မျှဝေပေးနိုင်ခဲ့ပါသည်။