[Unicode]
ကျွန်မက မိခင်မဟုတ်သေးပါဘူး။ ကျွန်မ သမီးလေး တစ်ယောက် လိုချင်တယ်။ ဒါပေမယ့် သမီးလေး မွေးလာတဲ့အခါ ဘယ်ကျောင်းမှာ ထားရမှာလဲ၊ သမီးလေး မွေးလာတဲ့အခါ လုံခြုံတဲ့နေရာ ဘယ်မှာ ရှိပါ့မလဲ၊ စတဲ့ စိတ်ပူစရာတွေက တစ်နေ့နဲ့ တစ်နေ့ အပြည့်ပါ။
ကိုယ်တိုင်သားသမီးရှိတဲ့သူတွေ ဆိုရင် ပိုဆိုးတာပေါ့။ တစ်နေကုန် အလုပ်တွေ လုပ်ရင်း ကျောင်းသွားနေတဲ့ သမီးလေး၊ သားလေး အန္တရာယ် ကင်းပါ့မလား အတွေးနဲ့ ဘယ်စိတ်ဖြောင့်ဖြောင့် အလုပ်လုပ်နိုင်ပါ့မလဲ။ ကျောင်းက ဆရာ၊မတွေလည်း ထိုနည်းလည်းကောင်းပါပဲ၊ အခြားကျောင်းတွေမှာ ပြဿနာတွေဖြစ်တော့ အမြဲ သတိနဲ့ နေနေရပြီး စိတ်လွတ်လက်လွတ်စာသင်လို့မရဘူးဖြစ်နေမှာ။
Victoria လေးသာ ကျွန်မ သမီးလေး ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ Victoriaလေးတွေ အများကြီးကို ကာကွယ်ဖို့ လိုနေပြီဆိုတဲ့ အတွေးကြောင့် ကျွန်မတို့ ဆရာမ ဖောင်ဒေးရှင်းကနေ လက်တွဲလုပ်တဲ့ ကျောင်းတွေ ဆက်စပ်နေတဲ့ ကျောင်းတွေ၊ ဆရာ၊မတွေကို အသိပညာပေးတာ၊လမ်းညွှန်တာလုပ်ပေးဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက ကျွန်မတို့နဲ့တင် မပြီးပါဘူး။ တစ်ကိုယ်တော် Profile Picture တွေ ပြောင်းရုံနဲ့လည်း မလုံလောက်ပါဘူး။
နိုင်ငံတော်ကနေ သက်ငယ်မုဒိန်းမှုတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့လိုပါတယ်။
ဒါကြောင့် Myo Than Tun စတင်လိုက်တဲ့ လှုပ်ရှားမှုလေးကို ကျွန်မတို့ ပါဝင်ခဲ့ပါတယ်။ အားလုံးလည်း ပါဝင်စေချင်ပါတယ်။ ပြုလုပ်ပုံကတော့ အောက်မှာပေးထားတဲ့ စာသားတွေကို အစိုးရ စာမျက်နှာတွေမှာ ပို့ဖို့နဲ့ တင်ဖို့ပဲဖြစ်ပါတယ်။
ကူ၍တင်ရန်စာ
—————-
#JusticeForVictoria
#PromoteRuleOfLawInMyanmar
ကူးပြီး ပို့ရမယ့်၊ တင်ရမယ့် စာမျက်နှာတွေကတော့
သမတရုံး
မေတ္တာဖြင့်..
ဆရာမထက်
[Zawgyi]
ကူ၍တင်ရန်စာ
—————-
မြန်မာပြည်မှာ
တရားဥပဒေပိုမိုစိုးမိုးလာရန်
ပြည်သူတွေတရားဥပဒေကို
ပိုမိုယုံကြည် လေးစားလိုက်နာလာရန်
တရားဥပဒေစိုးမိုးရေးတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်
နိုင်ငံတော်အစိုးရနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများက
နေပြည်တော်က ကလေးမုဒိမ်းမှု၏
တရားခံအစစ်ကို
မပျက်မကွက်ဖော်ထုတ်ပေးပါရန်
ပြည်သူများက
လေးစားစွာတောင်းဆိုလိုက်ပါသည်။
#JusticeForVictoria
#PromoteRuleOfLawInMyanmar
သမတရုံး
နိုင်ငံတော် အတိုင်ပင်ခံရုံး
ပြည်ထဲရေးဝန်ကြီးဌာန
ပြန်ကြားရေးဝန်ကြီးဌာန
လူကယ်ပြန် ဝန်ကြီးဌာန
ပညာရေး ဝန်ကြီးဌာန
နေပြည်တော်ကောင်စီ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ (ရဲဇာနည်)
အခြားသင့်တော်ရာ အဖွဲ့အစည်းများ၏ page များတွင်လည်း တင်ပါါ။
အတိုင်ပင်ခံရုံးမှာတော့ post အနေနှင့် တင်လို့ရပြီး အခြားသော page များမှာတော့ comment ပဲ ပေးလို့ရပါတယ်။
အခြားမိတ်ဆွေများကိုလည်း ပါဝင်ပေးဖို့ စည်းရုံးပါ။
မေတ္တာဖြင့်.. ဆရာမထက်