[ Unicode ]
COVID ကာလဟာ လူတိုင်းအတွက် မလွယ်ကူပါဘူး။ ကလေးတွေအတွက် ပိုပြီး လက်ခံရခက်တယ်။ ဒါကြောင့် ကလေးတွေကို အိမ်မှာပဲ နေရတဲ့ ဒီကာလမှာ ကူညီပံ့ပိုးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးဖို့ သြစတျေးလျ ကျောင်းသားဟောင်းများအသင်းက ပါကစ္စတန်၊ မောလ်ဒီ့ဗ်စ်၊ ဘူတန်နဲ့ မြန်မာနိုင်ငံက ပညာရေးနဲ့ ပတ်သတ်ပြီး အဓိက လုပ်နေတဲ့ ကျောင်းသားဟောင်း တစ်ယောက်စီကို ဖိတ်ကြားခဲ့ပါတယ်။ ဒီပွဲမှာ ကျွန်မတို့ မျှဝေခဲ့တဲ့ အပိုင်းကဏ္ဍ ၄ ခုကို ဒီနေ့ မျှဝေပေးပါ့မယ်။
၁) ကလေးတွေရဲ့ အနုပညာ ဝါသနာကို ဖေါ်ထုတ်ပေးပါ။
အိမ်ထဲမှာ ပြုလုပ်လို့ရတဲ့ အနုပညာ လေ့ကျင့်မှုတွေရှိပါတယ်။ ဥပမာ – ပန်းချီဆွဲခြင်း၊ ဓါတ်ပုံရိုက်ခြင်း။
ပါကစ္စတန်က ဆရာက သူတို့ဆီမှာ ကလေးတွေကို သူတို့ပါတ်ဝန်းကျင်က နေ့စဉ်မြင်တွေ့နေရတဲ့ အရာတွေ၊ အဖြစ်အပျက်တွေကို ဓါတ်ပုံရိုက်စေပါတယ်။ ဓါတ်ပုံရိုက်ခြင်းပညာနဲ့ ဗီဒီယိုရိုက်ခြင်းပညာကို အနည်းငယ်သင်ပေးပြီး၊ ကလေးတွေရဲ့ ခံစားချက်တွေ၊ သူတို့ရဲ့ လက်ရှိအခြေအနေအပေါ် အမြင်တွေကို ဓါတ်ပုံတွေကနေ ၊ ဗီဒီယိုတွေကနေ တစ်ဆင့် ဖေါ်ထုတ်ခိုင်းပါတယ်။ ဓါတ်ပုံတွေကို ဇာတ်လမ်းသဖွယ် အဆက်ဆက်နဲ့ ရိုက်ကြတဲ့ ကလေးတွေရှိသလို၊ သူတို့ကြိုက်တဲ့ အရာလေးတွေကို ရှုထောင့်စုံတွေကနေ ဗီဒီယိုလေးတွေ ရိုက်ပြီး တင်ဆက်ကြပါတယ်။ ကလေးတွေရဲ့ လက်ရာကို ဆရာက အွန်လိုင်း ပြပွဲလေးလုပ်ပြီး ပြပါတယ်။ ဒီကာလမှာ ဓါတ်ပုံ၊ ဗီဒီယိုတွေတင်မဟုတ်ဘဲ ပန်းချီလိုမျိုး၊ သီချင်းလိုမျိုး၊ စာရေးခြင်းလိုမျိုး၊ တီးမှုတ်ခြင်းလိုမျိုး အနုပညာတွေကို အသုံးပြုပြီး ကလေးတွေရဲ့ စိတ်ကို ဖွင့်ဟခွင့်ပေးပါ။
၂) သီချင်း၊ ကဗျာများကို ပျော်ရွှင်စွာ ဆိုရင်း စာသင်ပါ။
Maldives(မောလ်ဒီ့ဗ်စ်)နိူင်ငံက ဆရာမက ကလေးတွေကို သီချင်းတွေ၊ ကဗျာတွေကို အသုံးပြုပြီး စာပေ သင်ပေးပါတယ်။ ကဗျာလေးတွေ၊ သီချင်းလေးတွေကို ကလေးတွေ သိပ်သဘောကျပါတယ်။ အထူးသဖြင့် လှုပ်ရှား၊ ပါဝင်၊ ကခုန်ရတာတွေကို ကလေးငယ်တွေက ကြိုက်ပါတယ်။ အဲဒီ့ကဗျာတွေဟာ စာလုံးတွေနဲ့ ဖွဲ့နွဲ့ထားတော့ ကဗျာတွေမှာ ပါဝင်တဲ့ အသုံးအနှုန်းတွေ၊ အကြောင်းအရာတွေနဲ့ စာတွေကို ချိတ်ဆက်သင်ပေးရတာပါ။ ဥပမာ – ကျွန်မတို့ ငယ်ငယ်က သင်တဲ့ “၁၂၃၄၅၊ ငါးလေး တစ်ကောင် ဖမ်းမိတယ်၊ ဘာဖြစ်လို့ လွှတ်လိုက်တယ်၊ ကျွန်တော့်လက်ကို သူကိုက်တယ်၊ အာလောက်လောက်၊ အာလောက်လောက်” ဆိုတဲ့ ကဗျာလေးဆိုရင် ကလေးတွေက အမူအရာလုပ်ရင်း ပျော်ကြတယ်။ အဲဒီ့ကဗျာလေးကနေ ၁ ၂ ၃ ၄ ၅ အရေအတွက် ကို သင်လို့ရသလို၊ ငါး အကြောင်း ဆက်စပ်ပြီး ငါးဖမ်းတာတွေ၊ ငါးအစားအစာတွေ၊ ငါးရဲ့ ခန္ဓာကိုယ်အကြောင်းစတာတွေ သင်လို့ရတယ်၊ ဒါမှမဟုတ် ကဗျာထဲမှာ – ဖမ်းမိတယ်၊ လွှတ်လိုက်တယ်၊ ကိုက်တယ် စတဲ့ ကြိယာတွေကို သင်ပြီး အခြား အစားထိုး ကြိယာတွေအကြောင်း သင်ပေးလို့ရတယ်။ အဓိကကတော့ ကဗျာလို၊ သီချင်းလို ကလေးတွေ ပျော်ရွှင်စေတဲ့ အရာတွေကနေ ကိုယ်သင်ပေးချင်တဲ့ အရာတွေကို သင်ပေးဖို့ပါ။
၃) စိတ်အတွင်းသန္တာန်ငြိမ်းချမ်းအောင် ကူညီပေးပါ။
ဘူတန်နိုင်ငံက ဆရာက ကလေးတွေအတွက် စိတ်ငြိမ်းချမ်းစေဖို့ တရားရှုမှတ်ခြင်း၊ စိတ်အေးချမ်းစေရေး သင်ခန်းစာတွေ အစရှိတာကို သင်ပါတယ်။ ကလေးတွေကို အပြုသဘောဆောင်တဲ့ ခံစားချက်တွေ ဖြစ်ဖို့ အတွက် လူကြီးတွေအနေနဲ့ ကလေးတွေကို သင်ယူမှုမှာ ဦးဆောင်စေပါ၊ ကလေးတွေနဲ့ စကားပြောတဲ့အခါ တတ်နိုင်ဆုံး ရှင်းလင်း တိုတောင်းတဲ့ စာကြောင်းတွေသုံးပြီးပြောပါ၊ ကလေးတွေနဲ့ အတူတူ စုပေါင်း သင်ယူမှုတွေပြုပါလို့ အကြံပြုပါတယ်။ သင်ယူမှုမှာ အပြုသဘောခံစားရရင် ကလေးဟာ သင်ယူရင်း စိတ်အေးချမ်းမှု ဖြစ်စေပါတယ်။ အဲဒီ့အပြင် တစ်ခုခုမှာ အာရုံစိုက်ပြီး ငြိမ်သက်စွာ နေခြင်း၊ ဝါသနာပါတာကို စူးစိုက်ပြီး လုပ်ခွင့်ရခြင်းတွေဟာလည်း ကလေးတွေရဲ့ စိတ်ငြိမ်မှုကို ဖြစ်ပေါ်စေတာမို့ ကလေးတွေရဲ့ စိတ်တည်ငြိမ်ပြီး အပြုသဘောခံစားချက်တွေပေးနိုင်ပါတယ်။ အခုလို စိတ်ဖိစီးမှုတွေ၊ မရေရာ မသေချာမှုတွေနဲ့ ဖြစ်နေချိန်မှာ စိတ်အေးချမ်းစေအောင် အပြန်အလှန်ပံ့ပိုးရင်း အေးချမ်းစွာဖြတ်သန်းနိုင်အောင် ကူညီပေးပါ။
၄) အိမ်မှာနေရင်း အသိမှတ်ပြုမှုများ၊ ချိတ်ဆက်မှုများနှင့် ပျော်ရွှင်စွာ သင်ယူစေပါ။
ကျွန်မကတော့ Learning at Home Program အကြောင်း ပြောပြရင်း ခြုံငုံမျှဝေတဲ့ သဘော သက်ရောက်ပါတယ်။ ကျွန်မတို့တွေဟာ အခုအချိန်မှာ မရေရာမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ အဆင်မပြေမှုတွေ အများကြီး ခံစားရတယ်။ ဒါကြောင့် ကလေးတွေကို တစ်ခုခု သင်ပေးဖို့ကြိုးစားတဲ့အခါ ရှင်းလင်းမှု၊ ပေါ့ပါးမှု၊ လွတ်လပ်ပျော်ရွှင်မှုကို ခံစားစေတဲ့ သင်ခန်းစာတွေဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒီ့အတွက် ၁) သင်ခန်းစာတွေနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ချိတ်ဆက်ပြီး သင်ယူနိုင်ပါတယ်။ ဥပမာ – ဟင်းချက်ရင်း အသီးအနှံတွေအကြောင်း၊ အာဟာရတွေအကြောင်း သင်ပေးတာမျိုးပေါ့။ ၂) ပတ်ဝန်းကျင်က အရာတွေကို သင်ထောက်ကူအဖြစ် အသုံးပြု သင်ကြားပေးနိုင်ပါတယ်။ ဥပမာ – အိမ်မှာရှိတဲ့ အရွက်တွေကို ဆေးရောင်ခြယ်ပြီး စာရွက်ပေါ်မှာ ဖိရင် ပန်းချီရနိုင်တာမျိုး။ ၃) ကလေးတွေရွေးချယ်နိုင်မယ့် သင်ယူမှု အခွင့်အလမ်းတွေ များများ ထားပေးနိုင်ပါတယ်။ ဥပမာ – ပန်းချီဆွဲနိုင်သလို၊ စာဖတ်လို့လည်းရတယ်၊ စာရေးဖို့အတွက် သင်ခန်းစာလည်းရှိတာမျိုး။ ၅) သင်ယူတတ်မြောက်မှုများကို အသိမှတ်ပြုပေးနိုင်ပါတယ်။ ကလေးတွေရဲ့ လုပ်ဆောင်နိုင်မှုတွေကို ချီးကျူးတာတွေ၊ ဆုချတာတွေ၊ မှတ်တမ်းတင်ပေးတာတွေက ကလေးတွေကို ဆက်လုပ်ချင်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
ဒီကာလက အားလုံးအတွက် ခက်ခဲပါတယ်။ ဒါပေမယ့် မိဘတွေ၊ ဆရာ၊မတွေက တတ်နိုင်ဆုံး ကလေးတွေရဲ့ သင်ယူမှုအတွက် ကြိုးစားနေကြတာလည်း မြင်ရပါတယ်။ အခုကျွန်မ မျှဝေသွားတဲ့ အချက် (၄)ချက်အပြင် ကိုယ်တိုင် ကြိုးစားသင်ပေးရင်း အဆင်ပြေတာမျိုးလေးတွေရှိရင် အခြားသူတွေနဲ့ မျှဝေပေးပါဦး။
မေတ္တာဖြင့်…
Sayarma-ဆရာမ
[ Zawgyi ]
COVID ကာလဟာ လူတိုင္းအတြက္ မလြယ္ကူပါဘူး။ ကေလးေတြအတြက္ ပိုၿပီး လက္ခံရခက္တယ္။ ဒါေၾကာင့္ ကေလးေတြကို အိမ္မွာပဲ ေနရတဲ့ ဒီကာလမွာ ကူညီပံ့ပိုးနိုင္မယ့္ နည္းလမ္းေတြကို မၽွေဝေပးဖို႔ ၾသစေတ်းလ် ေက်ာင္းသားေဟာင္းမ်ားအသင္းက ပါကစၥတန္၊ ေမာလ္ဒီ့ဗ္စ္၊ ဘူတန္နဲ႔ ျမန္မာနိုင္ငံက ပညာေရးနဲ႔ ပတ္သတ္ၿပီး အဓိက လုပ္ေနတဲ့ ေက်ာင္းသားေဟာင္း တစ္ေယာက္စီကို ဖိတ္ၾကားခဲ့ပါတယ္။ ဒီပြဲမွာ ကၽြန္မတို႔ မၽွေဝခဲ့တဲ့ အပိုင္းက႑ ၄ ခုကို ဒီေန႔ မၽွေဝေပးပါ့မယ္။
၁) ကေလးေတြရဲ့ အႏုပညာ ဝါသနာကို ေဖၚထုတ္ေပးပါ။
အိမ္ထဲမွာ ျပဳလုပ္လို႔ရတဲ့ အႏုပညာ ေလ့က်င့္မႈေတြရွိပါတယ္။ ဥပမာ – ပန္းခ်ီဆြဲျခင္း၊ ဓါတ္ပုံရိုက္ျခင္း။
ပါကစၥတန္က ဆရာက သူတို႔ဆီမွာ ကေလးေတြကို သူတို႔ပါတ္ဝန္းက်င္က ေန႔စဥ္ျမင္ေတြ႕ေနရတဲ့ အရာေတြ၊ အျဖစ္အပ်က္ေတြကို ဓါတ္ပုံရိုက္ေစပါတယ္။ ဓါတ္ပုံရိုက္ျခင္းပညာနဲ႔ ဗီဒီယိုရိုက္ျခင္းပညာကို အနည္းငယ္သင္ေပးၿပီး၊ ကေလးေတြရဲ့ ခံစားခ်က္ေတြ၊ သူတို႔ရဲ့ လက္ရွိအေျခအေနအေပၚ အျမင္ေတြကို ဓါတ္ပုံေတြကေန ၊ ဗီဒီယိုေတြကေန တစ္ဆင့္ ေဖၚထုတ္ခိုင္းပါတယ္။ ဓါတ္ပုံေတြကို ဇာတ္လမ္းသဖြယ္ အဆက္ဆက္နဲ႔ ရိုက္ၾကတဲ့ ကေလးေတြရွိသလို၊ သူတို႔ႀကိဳက္တဲ့ အရာေလးေတြကို ရႈေထာင့္စုံေတြကေန ဗီဒီယိုေလးေတြ ရိုက္ၿပီး တင္ဆက္ၾကပါတယ္။ ကေလးေတြရဲ့ လက္ရာကို ဆရာက အြန္လိုင္း ျပပြဲေလးလုပ္ၿပီး ျပပါတယ္။ ဒီကာလမွာ ဓါတ္ပုံ၊ ဗီဒီယိုေတြတင္မဟုတ္ဘဲ ပန္းခ်ီလိုမ်ိဳး၊ သီခ်င္းလိုမ်ိဳး၊ စာေရးျခင္းလိုမ်ိဳး၊ တီးမႈတ္ျခင္းလိုမ်ိဳး အႏုပညာေတြကို အသုံးျပဳၿပီး ကေလးေတြရဲ့ စိတ္ကို ဖြင့္ဟခြင့္ေပးပါ။
၂) သီခ်င္း၊ ကဗ်ာမ်ားကို ေပ်ာ္ရႊင္စြာ ဆိုရင္း စာသင္ပါ။
Maldives(ေမာလ္ဒီ့ဗ္စ္)နိူင္ငံက ဆရာမက ကေလးေတြကို သီခ်င္းေတြ၊ ကဗ်ာေတြကို အသုံးျပဳၿပီး စာေပ သင္ေပးပါတယ္။ ကဗ်ာေလးေတြ၊ သီခ်င္းေလးေတြကို ကေလးေတြ သိပ္သေဘာက်ပါတယ္။ အထူးသျဖင့္ လႈပ္ရွား၊ ပါဝင္၊ ကခုန္ရတာေတြကို ကေလးငယ္ေတြက ႀကိဳက္ပါတယ္။ အဲဒီ့ကဗ်ာေတြဟာ စာလုံးေတြနဲ႔ ဖြဲ႕ႏြဲ႕ထားေတာ့ ကဗ်ာေတြမွာ ပါဝင္တဲ့ အသုံးအႏႈန္းေတြ၊ အေၾကာင္းအရာေတြနဲ႔ စာေတြကို ခ်ိတ္ဆက္သင္ေပးရတာပါ။ ဥပမာ – ကၽြန္မတို႔ ငယ္ငယ္က သင္တဲ့ “၁၂၃၄၅၊ ငါးေလး တစ္ေကာင္ ဖမ္းမိတယ္၊ ဘာျဖစ္လို႔ လႊတ္လိုက္တယ္၊ ကၽြန္ေတာ့္လက္ကို သူကိုက္တယ္၊ အာေလာက္ေလာက္၊ အာေလာက္ေလာက္” ဆိုတဲ့ ကဗ်ာေလးဆိုရင္ ကေလးေတြက အမူအရာလုပ္ရင္း ေပ်ာ္ၾကတယ္။ အဲဒီ့ကဗ်ာေလးကေန ၁ ၂ ၃ ၄ ၅ အေရအတြက္ ကို သင္လို႔ရသလို၊ ငါး အေၾကာင္း ဆက္စပ္ၿပီး ငါးဖမ္းတာေတြ၊ ငါးအစားအစာေတြ၊ ငါးရဲ့ ခႏၶာကိုယ္အေၾကာင္းစတာေတြ သင္လို႔ရတယ္၊ ဒါမွမဟုတ္ ကဗ်ာထဲမွာ – ဖမ္းမိတယ္၊ လႊတ္လိုက္တယ္၊ ကိုက္တယ္ စတဲ့ ႀကိယာေတြကို သင္ၿပီး အျခား အစားထိုး ႀကိယာေတြအေၾကာင္း သင္ေပးလို႔ရတယ္။ အဓိကကေတာ့ ကဗ်ာလို၊ သီခ်င္းလို ကေလးေတြ ေပ်ာ္ရႊင္ေစတဲ့ အရာေတြကေန ကိုယ္သင္ေပးခ်င္တဲ့ အရာေတြကို သင္ေပးဖို႔ပါ။
၃) စိတ္အတြင္းသႏၲာန္ၿငိမ္းခ်မ္းေအာင္ ကူညီေပးပါ။
ဘူတန္နိုင္ငံက ဆရာက ကေလးေတြအတြက္ စိတ္ၿငိမ္းခ်မ္းေစဖို႔ တရားရႈမွတ္ျခင္း၊ စိတ္ေအးခ်မ္းေစေရး သင္ခန္းစာေတြ အစရွိတာကို သင္ပါတယ္။ ကေလးေတြကို အျပဳသေဘာေဆာင္တဲ့ ခံစားခ်က္ေတြ ျဖစ္ဖို႔ အတြက္ လူႀကီးေတြအေနနဲ႔ ကေလးေတြကို သင္ယူမႈမွာ ဦးေဆာင္ေစပါ၊ ကေလးေတြနဲ႔ စကားေျပာတဲ့အခါ တတ္နိုင္ဆုံး ရွင္းလင္း တိုေတာင္းတဲ့ စာေၾကာင္းေတြသုံးၿပီးေျပာပါ၊ ကေလးေတြနဲ႔ အတူတူ စုေပါင္း သင္ယူမႈေတြျပဳပါလို႔ အႀကံျပဳပါတယ္။ သင္ယူမႈမွာ အျပဳသေဘာခံစားရရင္ ကေလးဟာ သင္ယူရင္း စိတ္ေအးခ်မ္းမႈ ျဖစ္ေစပါတယ္။ အဲဒီ့အျပင္ တစ္ခုခုမွာ အာ႐ုံစိုက္ၿပီး ၿငိမ္သက္စြာ ေနျခင္း၊ ဝါသနာပါတာကို စူးစိုက္ၿပီး လုပ္ခြင့္ရျခင္းေတြဟာလည္း ကေလးေတြရဲ့ စိတ္ၿငိမ္မႈကို ျဖစ္ေပၚေစတာမို႔ ကေလးေတြရဲ့ စိတ္တည္ၿငိမ္ၿပီး အျပဳသေဘာခံစားခ်က္ေတြေပးနိုင္ပါတယ္။ အခုလို စိတ္ဖိစီးမႈေတြ၊ မေရရာ မေသခ်ာမႈေတြနဲ႔ ျဖစ္ေနခ်ိန္မွာ စိတ္ေအးခ်မ္းေစေအာင္ အျပန္အလွန္ပံ့ပိုးရင္း ေအးခ်မ္းစြာျဖတ္သန္းနိုင္ေအာင္ ကူညီေပးပါ။
၄) အိမ္မွာေနရင္း အသိမွတ္ျပဳမႈမ်ား၊ ခ်ိတ္ဆက္မႈမ်ားႏွင့္ ေပ်ာ္ရႊင္စြာ သင္ယူေစပါ။
ကၽြန္မကေတာ့ Learning at Home Program အေၾကာင္း ေျပာျပရင္း ျခဳံငုံမၽွေဝတဲ့ သေဘာ သက္ေရာက္ပါတယ္။ ကၽြန္မတို႔ေတြဟာ အခုအခ်ိန္မွာ မေရရာမႈေတြ၊ စိတ္ဖိစီးမႈေတြ၊ အဆင္မေျပမႈေတြ အမ်ားႀကီး ခံစားရတယ္။ ဒါေၾကာင့္ ကေလးေတြကို တစ္ခုခု သင္ေပးဖို႔ႀကိဳးစားတဲ့အခါ ရွင္းလင္းမႈ၊ ေပါ့ပါးမႈ၊ လြတ္လပ္ေပ်ာ္ရႊင္မႈကို ခံစားေစတဲ့ သင္ခန္းစာေတြျဖစ္ဖို႔ အေရးႀကီးပါတယ္။ အဲဒီ့အတြက္ ၁) သင္ခန္းစာေတြနဲ႔ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကို ခ်ိတ္ဆက္ၿပီး သင္ယူနိုင္ပါတယ္။ ဥပမာ – ဟင္းခ်က္ရင္း အသီးအႏွံေတြအေၾကာင္း၊ အာဟာရေတြအေၾကာင္း သင္ေပးတာမ်ိဳးေပါ့။ ၂) ပတ္ဝန္းက်င္က အရာေတြကို သင္ေထာက္ကူအျဖစ္ အသုံးျပဳ သင္ၾကားေပးနိုင္ပါတယ္။ ဥပမာ – အိမ္မွာရွိတဲ့ အရြက္ေတြကို ေဆးေရာင္ျခယ္ၿပီး စာရြက္ေပၚမွာ ဖိရင္ ပန္းခ်ီရနိုင္တာမ်ိဳး။ ၃) ကေလးေတြေရြးခ်ယ္နိုင္မယ့္ သင္ယူမႈ အခြင့္အလမ္းေတြ မ်ားမ်ား ထားေပးနိုင္ပါတယ္။ ဥပမာ – ပန္းခ်ီဆြဲနိုင္သလို၊ စာဖတ္လို႔လည္းရတယ္၊ စာေရးဖို႔အတြက္ သင္ခန္းစာလည္းရွိတာမ်ိဳး။ ၅) သင္ယူတတ္ေျမာက္မႈမ်ားကို အသိမွတ္ျပဳေပးနိုင္ပါတယ္။ ကေလးေတြရဲ့ လုပ္ေဆာင္နိုင္မႈေတြကို ခ်ီးက်ဴးတာေတြ၊ ဆုခ်တာေတြ၊ မွတ္တမ္းတင္ေပးတာေတြက ကေလးေတြကို ဆက္လုပ္ခ်င္ေအာင္ လႈံ႔ေဆာ္ေပးနိုင္ပါတယ္။
ဒီကာလက အားလုံးအတြက္ ခက္ခဲပါတယ္။ ဒါေပမယ့္ မိဘေတြ၊ ဆရာ၊မေတြက တတ္နိုင္ဆုံး ကေလးေတြရဲ့ သင္ယူမႈအတြက္ ႀကိဳးစားေနၾကတာလည္း ျမင္ရပါတယ္။ အခုကၽြန္မ မၽွေဝသြားတဲ့ အခ်က္ (၄)ခ်က္အျပင္ ကိုယ္တိုင္ ႀကိဳးစားသင္ေပးရင္း အဆင္ေျပတာမ်ိဳးေလးေတြရွိရင္ အျခားသူေတြနဲ႔ မၽွေဝေပးပါဦး။
ေမတၱာျဖင့္…
Sayarma-ဆရာမ