CHILDREN
ကလေးနှင့် စိတ်ဒဏ်ရာ
[ Unicode ] ကျွန်မက စိတ်ပညာရှင်တစ်ယောက်မဟုတ်ပါ။ လူကြီးတွေ၊ ကလေးတွေရဲ့ စိတ်ဒဏ်ရာတွေက ကလေးတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲဆိုတာကို ပညာရေး သမားတစ်ယောက်ရဲ့ အမြင် မျှဝေချင်ပါတယ်။ ကျွန်မနားလည်ထားတဲ့ စိတ်ဒဏ်ရာဆိုတာ ……. ဖြစ်ရပ်တစ်ခုကြောင့် (သို့)...
စာလုပ်တယ်ဆိုတာ… စာတတ်တယ်ဆိုတာ…
[ Unicode ] ကျွန်မတို့ ကလေးတွေကို ဘယ်ကလေးကတော့ စာလုပ်ကြတယ်၊ စာမလုပ်ကြဘူးဆိုပြီး ပြောကြတာ အမြဲကြားရတယ်။ ဒီနေ့တော့ စာလုပ်ခြင်း အကြောင်း အနည်းငယ်မျှဝေချင်ပါတယ်။ ကျွန်မကို လာမေးကြတယ် ကလေးတွေ စာလုပ်အောင် ဘယ်လိုလုပ်ရမလဲ။ ကျွန်မ ကလည်း အမြဲ ပြန်မေးတယ် - စာလုပ်တယ်ဆိုတာ ဘာလဲ။...
ကလေးတွေကို ကူညီပေးပါ။
[ Unicode ] ကျွန်မ အရင်တစ်ပတ်က စာလုပ်ခြင်းဆိုတာဘာလဲ၊ စာတတ်သူ/စာကျက်သူဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာနဲ့ ပတ်သတ်ပြီး ရေးခဲ့ပါတယ်။ အခုတစ်ပတ်လည်း ဆက်စပ်ပြီး စာကြိုးစားစေချင်တဲ့ မိဘတွေ၊ ဆရာမတွေအတွက် ကလေးတွေကို ကူညီပေးနိုင်မယ့်် နည်းလမ်းများစွာထဲက (၃)ခုလောက် မျှဝေပါရစေ။...
ကလေးများ အရွယ်အလိုက် ဖွံ့ဖြိုးမှုပုံစံနှင့် စာဖတ်စေရန် တိုက်တွန်းနိုင်ပုံများ
[ Unicode ] ကျွန်မတို့ မိဘတွေ၊ ဆရာ၊မတွေဟာ ကိုယ့်ကလေးတွေကို တော်စေချင်၊ တတ်စေချင်ကြတာပါပဲ။ တော်ဖို့၊ တတ်ဖို့၊ အသိမြင် ကြွယ်ဝဖို့အတွက် အရေးကြီးဆုံးတွေထဲက တစ်ခုကတော့ စာဖတ်ခြင်းဖြစ်ပါတယ်။ ကလေးတွေကို စာဖတ်စေဖို့ အချိန်ပေးတာ၊ အခွင့်အရေးပေးတာ တွေဟာ ကလေးတွေအတွက် ကောင်းဖို့...
လုံခြုံသော ပညာကမ္ဘာ
[ Unicode ] ပညာကမ္ဘာဆိုတာ လူတစ်ယောက် ပညာသင်ယူနိုင်မယ့် နေရာကြီးတစ်ခုဖြစ်တာမို့ ကျောင်းအပါအဝင်၊ သင်ယူခွင့်ပေးတဲ့ နေရာတိုင်းကို ဆိုလိုပါတယ်။ နေရာတိုင်းက ပညာရဖို့ အခွင့်အလမ်းတွေရှိပေမယ့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိရင်...
လူနဲ့မူ
[ Unicode ] စာသင်ခန်းတွေထဲမှာ ကလေးတွေကို စာသင်ကြတဲ့အခါ ဒါမှမဟုတ် အိမ်မှာကလေးတွေကို ဆုံးမကြတဲ့အခါ ကျွန်မတို့တွေက ကလေးတွေကို ဘယ်လို လုပ်သင့်တယ်၊ ဘယ်လိုနေတာ မကောင်းဘူးဆိုပြီး ဆုံးမကြတယ်မလား။ တစ်ခါတစ်လေ အမှားလုပ်မိကြတဲ့အခါ၊ ကိုယ်ပြောတိုင်းမဖြစ်ကြတဲ့ ကလေးဟာ ဘယ်လို...
အိမ်မှာနေရင်း သင်ယူပါ။
[ Unicode ] ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ စိုးရိမ်မှုတွေမြင့်တက်နေရသလို လူအများစု သွားလာတဲ့ ဈေးတွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းခြံတွေ၊ ကျောင်းတွေကလည်း တော်တော်များများ ပိတ်ထားကြပါတယ်။ ကူးစက်ခံရတဲ့လူအရေအတွက်ကလည်း မြင့်တက်လာတော့ နိုင်ငံခြားက ကျောင်းတွေကလည်း...
အိမ်တွင်းစာသင်ခန်း
[ Unicode ] COVID-19 မြန်မာပြည်မှာမဖြစ်သေးဘူးဆိုပေမယ့် ကျောင်းတွေလည်းပိတ်၊ လျှောက်သွားရမယ့်နေရာတွေလည်း မကျန်ဆိုတော့ ကလေးတွေကို အိမ်မှာ ဘယ်လို ကူညီပြီး သင်ရင်ရမယ်ဆိုတာ ကြမ်းဖျဉ်းမျှဝေပြီးပါပြီ။ ဒီအပတ်မှာလည်း အိမ်ကို စာသင်ခန်းအဖြစ်ပြောင်းလဲတဲ့အခါ၊ အိမ်ကို...
မျှော်လင့်ချက်တွေ ခဏ ဘေးချထားပါ…
[ Unicode ] ကျွန်မတို့တစ်တွေက ကိုယ့်ကျောင်းသားတွေကိုပဲဖြစ်ဖြစ်၊ ကိုယ့်သားသမီးတွေကိုပဲဖြစ်ဖြစ် အောင်မြင်ပျော်ရွှင်စေချင်ကြတယ်၊ စိတ်ရော ကိုယ်ပါချမ်းသာစေချင်ကြတယ်၊ ပညာတတ်ကြီးတွေ အများလေးစားသူတွေဖြစ်စေချင်ကြတယ်။ အများကြီးပါပဲ။ ကလေးလေး မမွေးခင်ကတည်းက ဘယ်လိုလေးဖြစ်အောင်...
ကစားရင်း သင်ယူ၊ သင်ယူဖို့ ကစား
[ Unicode ] အိမ်မှာ မိဘတွေနဲ့ ကလေးတွေ အတူတူနေတာကြာလာတော့ ကလေးတွေ ဆော့ကစားထားတဲ့ အရုပ်တွေသိမ်းရတဲ့ အခက်အခဲနဲ့ ဆော့ကစားချင်တဲ့ ကလေးတွေကို စာသင်ဖို့အတွက်ကြိုးစားတဲ့အခါ ကြုံရတဲ့ အခက်အခဲတွေကို အများကြီး သိမြင်ကြားရပါတယ်။ ကစားခြင်းလို့ ဆိုတဲ့အခါ ကိုယ်လက်လှုပ်ရှားကစားတာ၊...
အဆိပ်သင့် ဟာသများ
[ Unicode ] ကျွန်မမှာ ၃ နှစ်ကျော်အရွယ် တူလေးတစ်ယောက်ရှိပါတယ်။ သားကွန်းလို့ ကျွန်မက ခေါ်ပြီး သူက ကျွန်မကို မေမေထက်လို့ ခေါ်ပါတယ်။ ကျွန်မတို့နှစ်ယောက်ရဲ့ သံယောဇဉ် တော်တော်ကြီးပါတယ်။ သားကွန်းလေး ဗိုက်ထဲမှာ ရှိကတည်းက ညီမလေးကို ဖတ်ရမယ့်စာအုပ်တွေသေချာပေးပြီး ဖတ်ခိုင်းတာရော၊...
စံနှုန်းမှားများကြောင့် အဆိပ်သင့်ရသူများ
[ Unicode ] ကျွန်မအရင်တစ်ပတ်က အဆိပ်သင့်သော ဟာသများအကြောင်း ရေးခဲ့တာနဲ့ ဆက်စပ်ပြီး ထပ်မျှဝေပါဦးမယ်။ ကျွန်မတို့ ငယ်ငယ်က အသားမဲလို့ ခွဲခြားခံရတာမျိုး၊ ဆံပင်ကောက်လို့ ခေါက်ဆွဲခြောက်နဲ့ နှိုင်းပြီးစခံရတာမျိုး၊ ပုရင်တစ်မျိုး၊ ရှည်ရင်တစ်မျိုး…. ကျွန်မတို့ရဲ့ ခန္ဓာကိုယ်...
ကောင်းဖို့ ဖြစ်လာတာပါ
[ Unicode ] ကျွန်မကလေ ဖြစ်လာတဲ့အရာတွေ၊ ကြုံလာသမျှတွေ နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုတော့ ရှိတတ်တယ်ဆိုတာကို ယုံကြည်တယ်။ ကျွန်မတို့ ပုံပြောသူများ အဖွဲ့မှာ ပြောလေ့ ရှိတဲ့ ကောင်းဖို့ ဖြစ်လာတာပါ ဆိုတဲ့ ပုံပြင်လေးကို အတိုချုပ်လေး မျှဝေပေးချင်ပါတယ်။ ဟိုးရှေးရှေးတုန်းက...
ဘယ်သူ့ကို ပိုချစ်လဲ။
[ Unicode ] "ဘယ်သူ့ကို ပိုချစ်လဲ" - ဒီမေးခွန်းလေးကို ကျွန်မတို့ ခဏခဏ ကြားဖူးတယ်၊ ကိုယ်တိုင်လည်း မေးဖူးကြမယ်ထင်တယ်။ အဲဒီ့မေးခွန်းမျိုး ကလေးတွေကို မေးသင့်လား။ မမေးသင့်ဘူးလား။ ကျွန်မ အမြင်လေးကို ဆွေးနွေးချင်ပါတယ်။ လူတစ်ယောက်ကနေ အခြား တစ်ယောက်ထက်ပိုတဲ့ လူတွေကို ချစ်တဲ့အခါ...
ဘယ်အရွယ်မှာ ဘာဦးစားပေးသင်မလဲ။
[ Unicode ] မွေးစကနေ ပထမဆုံး ရက် ၁၀၀၀ က ကလေးတွေရဲ့ ဖွံ့ဖြိုးမှု၊ ထက်မြက်မှု၊ ထူးချွန်မှုနဲ့ ပျော်ရွှင်စွာ သင်ယူနိုင်မှုတို့အတွက်အရေးပါပါတယ်။ ဒါကြောင့် နောက်ကျမှ ကလေးကို ကျူရှင်ကောင်းကောင်း၊ ကျောင်းကောင်းကောင်းထားမယ်လို့ တွေးပြီး ငယ်တုန်းမှာ ပစ်ထားခဲ့ရင် ကလေးက...
ဆရာတော် – ဓမ္မဘေရီဆရာတော်
[Unicode] အဓိက ဆွေးနွေးမည့်ဆရာတော် - ဓမ္မဘေရီဆရာတော် အချိန်ကာလ - ဖေဖေါ်ဝါရီလ ၂၈ရက် ၂၀၁၉ ၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ကြာမြင့်ချိန် - မိနစ် ၄၀ ခန့် ဓမ္မဘေရီ ဆရာတော်ကြီး ကို ဘုန်းဘုန်း ဓမ္မဂင်္ဂါနဲ့ဆက်စပ်မိရာကနေ ဖူးမျှော်ခွင့်ကြုံခဲ့ပါတယ်။ ပထမဆုံးတစ်ခေါက်ကတော့...
မိခင်ဘာသာစကား၏ တန်ဖိုး
[Unicode] ဖေဖေါ်ဝါရီ ၂၁ ရက်နေ့က မိခင်ဘာသာစကားနေ့ဆိုတာ သိပါသလား။ မိခင်ဘာသာစကား ပြောခွင့်မရှိဘဲ ကြီးပြင်းကြရတဲ့ ကလေးတွေမြင်ဖူးလား။ မိခင်ဘာသာစကားနဲ့ အများသုံးဘာသာစကားကြားထဲ ရွေးချယ်ရခက်နေတာ မြင်ဖူးလား။ ကိုယ်သိတဲ့ ဘာသာစကားကို မပြောတဲ့ ကလေးတွေ ကိုယ့်စာသင်ခန်းထဲမှာ...
ကောင်းမွန်သော နှစ်သစ်အတွက် သင်ယူမှုလုပ်ငန်းများ
[Unicode] နှစ်သစ်ကူးကာလမှာ နှစ်ဟောင်းက အဖြစ်အပျက်တွေကို ပြန်လည် သုံးသပ်၊ ဆင်ခြင်စဉ်းစားပြီး သင်ယူခဲ့ရတဲ့အရာတွေကို နောင်လာမယ့် နှစ်သစ်က နေ့ရက်တွေအတွက် ဘယ်လို ပြန်လည် အကောင်းဆုံး အသုံးချမယ်ဆိုတာ ပြင်ဆင်လေ့ရှိကြပါတယ်။ ဒါကြောင့် ၂၀၁၉ ရဲ့ ပထမဆုံး...
Happy New Year!!!
[Unicode] ၁) နှစ်ဟောင်းက အဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေကနေတစ်ဆင့် သင်ယူမှုတွေ၊ သင်ခန်းစာတွေ ယူပြီး နှစ်သစ်မှာ အတွေ့အကြုံအသစ်တွေ၊ အတွေ့အကြုံကောင်းတွေ၊ သင်ယူမှုတွေ များစွာ ရကြပါစေ။ ၂) သိသင့်တဲ့ ဗဟုသုတ၊ တတ်သင့်တဲ့ အတတ်ပညာ၊ ရှိသင့်တဲ့ အပြုသဘော စိတ်နေသဘောထားတွေ...
ကလေးများအတွက် ခရစ္စမတ်
[Unicode] မကြာခင်မှာ ခရစ္စမတ် ပွဲတော်ကို ရောက်တော့မယ်။ခရစ္စမတ်ဆိုတာ ခရစ်ယာန်တွေအတွက် ဘာသာရေးနဲ့ ရိုးရာယဉ်ကျေးမှုတွေ ရောယှက်နေတဲ့ ပွဲတော်တစ်ခုပါ။ ခရစ်ယာန်တွေအဓိက ပါဝင်ဆင်နွှဲကြပေမယ့် ခရစ်ယာန်မဟုတ်တဲ့သူတွေလည်း ဘာသာရေးအမြင်နဲ့မကြည့်ဘဲ ရိုးရာပွဲတစ်ခုအနေနဲ့ ပါဝင်...
ကလေး၊ ဖုန်း၊ တီဗွီ၊ ဂိမ်း၊ ရုပ်ရှင်၊ ကွမ်း၊ အရက်၊ ဆေးလိပ်
[Unicode] ဒီရက်ပိုင်း အရမ်း ရေပန်းစားနေတဲ့ အကြောင်းအရာလေးက ရုပ်ရှင်တွေနဲ့ လူငယ်တွေ ကလေးတွေရဲ့ သင်ယူမှုဆိုတော့ အဲဒီ့ခေါင်းစဉ်နဲ့ဆက်စပ်တဲ့ ကလေးတွေအတွက် ဘယ်လို ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေ ပြမလဲ၊ ဖုန်းတွေ တီဗွီတွေ အကြည့်လွန်ရင် ဘာဖြစ်မလဲ၊ ဘယ်လို ကာကွယ်နိုင်မလဲဆိုတာက...