ARTICLES
လွတ်လပ်စွာကွဲလွဲခွင့်နှင့် ပညာသင်ကြားရေး
ငယ်ငယ်တည်းက ထော်လော်ကန့်လန့် စဉ်းစားတတ်သူမို့လားမသိပါ။ မြန်မာစာ သင်ရသည့်အခါ အချို့ သင်ခန်းစာများသင်ကြားပုံကို သဘောမကျလှပါ။ ဥပမာဆိုရလျှင် ငယ်ငယ်က သင်ရဖူးသည့် ဆပ်သွားဖူး ဆိုသည့်ကဗျာကို သင်ကြားပုံဖြစ်ပါသည်။ “ပျိုလေးတို့ အိမ်ဦးဆပ်သွားဖူးတဲ့ တရုံ...
မေးခွန်းမေးခွင့်ပေးလိုက်ပါ
ကျွန်မတို့ငယ်ငယ်က စာသင်ခန်းထဲမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် “မေးခွန်း” ဆိုသောအရာကို သိလိုက်တာနဲ့ ကြောက်စိတ်၊ လန့်စိတ်တွေဝင်လာတယ်။ ဘာတွေမေးမှာလဲ၊ ဘာတွေလုပ်မိလို့လဲဆိုတဲ့ အတွေးတွေဝင်လာတယ်။ ဘာ့ကြောင့်လဲလို့ပြန်စဉ်းစားလိုက်တဲ့အခါ ဆရာ/မိဘတွေက မေးခွန်းမေးခွင့်တွေ၊...
ယဉ်ကျေးမှုနဲ့ အမျိုးသမီးတို့ရဲ့ဘဝ
မြန်မာနိုင်ငံမှာနေထိုင်တဲ့ လူအများစုဟာ ယဉ်ကျေးမှု (culture) နဲ့ ကိုးကွယ်သည့်ဘာသာ (religion)တို့ကို ရောထွေးနေတတ်ကြပါတယ်။ ဒီနေ့ စာဖတ်သူများနဲ့အတူ ဆွေးနွေးချင်တဲ့အကြောင်းအရာလေးက ဘောင်ခတ် သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုစံနှုန်းတွေကြားက အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့် (သို့)...
ငြိမ်းအေးလုံခြုံသော ဝန်းကျင်ကို ဖန်တီးရာဝယ်
နေ့စဉ်နဲ့အမျှ စိတ်ခံစားချက် တွေကို ထိန်းချုပ်ရတယ်။ တချို့ခံစားချက်တွေကို ကျော်ဖြတ်ရတယ်။ တချို့ကို ရင်နဲ့မဆန့်လက်ခံရပြီး ပင်ပန်းကြရတာ လူတိုင်းနီးပါးပါပဲ။ ဒီလို ခံစားချက်တွေကို ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားချိန်မှာ ပိုပြီးဆိုးရွားလာတယ်။ နေ့စဉ်လှုပ်ရှားနေရာကနေ ရုတ်တရက်...
မဖြစ်နိုင်တာတွေသေချာသွားတဲ့အခါ
အတော်ဆုံး အားကစားသမားဖြစ်ဖို့၊ အောင်မြင်တဲ့အနုပညာရှင်ဖြစ်ဖို့၊ အတော်ဆုံး ပညာရှင်ဖြစ်ဖို့ ဘာတွေ လိုအပ်လဲဆိုတဲ့ မေးခွန်းဟာ လူအများသိချင်နေတဲ့ မေးခွန်းဖြစ်မယ်လို့ ယူဆပါတယ်။ ဒါနဲ့ပတ်သက်ပြီး သုတေသနတွေ အထင်အမြင်ယူဆချက်တွေအများကြီးရှိပါတယ်။ အချို့ကလည်း စည်းကမ်း (Discipline)...
“မတူပေမယ့် ပေါင်းစည်းလို့ရ”
ကျွန်မရဲ့ ပညာရေးအတွက် ဆရာမ အဖြစ်လုပ်ကိုင်လာတဲ့ သက်တမ်းတစ်လျှောက်မှာ နေရာဒေသ မျိုးစုံက ဘုန်းကြီးတွေ၊ သီလရှင်တွေ၊ ဆရာ/မတွေ၊ ရပ်ရွာလူထု၊ မိဘ၊ ကလေး စတဲ့ လူတန်းစားမျိုးစုံနဲ့ ပညာရေးအကြောင်းဆွေးနွေးလုပ်ကိုင်ခဲ့သလို၊ သင်ကြား၊ မျှဝေခြင်းတွေ အများကြီး လုပ်ဆောင်ခဲ့ပါ တယ်။...
Cooperative Learning
ယနေ့ခေတ် ပညာရေးစနစ်တွင် ကျောင်းသားကျောင်းသူများ၏ သင်ကြားသင်ယူမှု တိုးတက်စေရန် ဆရာဆရာမ များက cooperative learning ဟုခေါ်သော ပူးပေါင်းဆောင်ရွက်စေသည့် သင်ကြားမှုပုံစံကို အသုံးပြုလာကြပါသည်။ Cooperative learning (ပူးပေါင်းဆောင်ရွက်စေသည့် သင်ကြားမှု) ဆိုသည်မှာ...
မေတ္တာနဲ့ ပေးတဲ့ ပညာ
ကလေးကို ပညာပေးတဲ့အခါ မေတ္တာနဲ့ပေးရဲ့လား။ ကလေးကိုချစ်လို့ ပညာတတ်စေချင်တာပဲ၊ မေတ္တာနဲ့ပေးတာပေါ့လို့ပြောကြပေမယ့် တခါတလေမှာ အတ္တတွေ၊ လောဘတွေနဲ့ ယှဉ်လာတတ်ပါတယ်။ ပညာပေးတဲ့အခါ ငါ့သား၊ ငါ့သမီး အဆင့်တစ်ဖြစ်ရမယ်ဆိုတာဟာ လောဘနဲ့ ယှဉ်ပါတယ်။ ဘယ်သူ့သား၊ ဘယ်သူ့သမီးကတော့...
သိပ္ပံခေတ်မှာဘာသာရေးတွေဆက်ရှိပါအုံးမလား
သမိုင်းတလျှောက်မှာ ဘာသာရေးကြောင့်စစ်ပွဲတွေဖြစ်ခဲ့တယ်။ ဘာသာရေးကြောင့်အကြမ်းဖက်မှုတွေရှိခဲ့တယ်။ ခွဲခြားဆက်ဆံမှုဆိုတာတွေ ဘာသာရေးနဲ့ ဆက်နွှယ်ပြီး ဖြစ်ပေါ်ကြတယ်။ ဒီနေ့ဒီအချိန်ထိ ဘာသာရေးနဲ့ ဆိုင်တဲ့ပြဿနာတွေဟာ အများအပြားပဲလို့ဆိုရမယ်။ ဘာသာရေးလို့ဆိုလိုက်ရင် ဒါဟာ...
စာလုပ်ရတာ ငြီးငွေ့လာစေတဲ့ အဓိကအချက် (၃)ချက်
ဖေဖေ၊မေမေတို့ရေ သားသားမီးမီးလေးတွေရဲ့ စာလုပ်ရတာ ငြီးငွေ့နေပြီလို့ ညည်းတွားသံတွေ အိမ်မှာ ခဏတိုင်း ကြားနေရတယ်မဟုတ်ပါလား။ ဒီဆောင်းပါးလေးကတော့ ကလေးတွေ ကျောင်းသင်ခန်းစာတွေမှာ စိတ်ပါဝင်စားလာအောင် ပြုလုပ်ပေးသင့်တဲ့ အချက်လေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။ ?...
သြစတျေးလျက ကျောင်းတစ်ကျောင်း
စိန့်န်ကေလ်ဒါ ဆိုတဲ့ မူလတန်းကျောင်းလေးမှာ ကျမ အလုပ်သင်ကျောင်းဆရာမအဖြစ် ရသတ္တပတ်အနည်းငယ်သွားသင်ပေးခဲ့တယ်။ ကျမလို အခြား တက္ကသလိုလ်ကျောင်းသူတွေလည်း ရှိတာပေါ့။ ကျမကတော့ ကျောင်းသား ၅၀ လောက်ရှိတဲ့ ပဉ္စမတန်း ကိုသင်တယ်။ သင်တယ်ဆိုတာလည်း ကိုယ်တတ်သလောက်မှတ်သလောက်ကို ဗမာသံထွက်...
မွေးကင်းစကနေ အသက် ၂နှစ်အရွယ် ကလေးများအတွက် စာဖတ်ခြင်း အကြောင်း
မွေးကင်းစကနေ အသက် ၂ နှစ် အရွယ် ကလေးတွေရဲ့ ဖွံ့ဖြိုးမှုပုံစံနဲ့ ဖွံ့ဖြိုးမှု အဆင့်တိုင်းမှာ သုံးနိုင်တဲ့ စာဖတ်ခြင်းဆိုင်ရာ နည်းစနစ်တွေ၊ သတိထားစရာတွေကို စုဆောင်းတင်ပြထားပါတယ်။ ၁) အန္တရာယ်ကင်းစွာ ဖတ်ပြပါ ----မွေးကင်းစကနေ အသက် နှစ်နှစ် အရွယ်မှာဆိုရင် ကလေးတွေရဲ့...
ဂျူလိုင် ၁၉ ရက်နေ့ဟာ အာဇာနည်နေ့ပါ
အာဇာနည်နေ့မှာဖြစ်ဖြစ်၊ အာဇာနည်နေ့မတိုင်ခင်ဖြစ်ဖြစ်၊ အာဇာနည်နေ့အပြီး နောက်ရက်တွေမှာဖြစ်ဖြစ် ကျောင်းတွေမှာ အာဇာနည်နေ့နဲ့ပတ်သတ်တဲ့ ပွဲတွေလုပ်ကြတယ်၊ စာစီစာကုံးရေးပြိုင်ရတာတို့၊ ပန်းချီပြိုင်ရတာတို့၊ အာဇာနည်နေ့နဲ့ ပတ်သတ်တဲ့ သီချင်းတွေ သင်ကြတာ စသည်ဖြင့် လုပ်ကြတယ်။ အခု...
စာလုပ်နေရင် ပြီးရောလား
ကိုယ့်မှာ သားသမီးရယ်လို့ မရှိပေမယ့် ဆရာတစ်ယောက်အနေနဲ့ရော၊ ဦးလေးအရွယ်ရောက်လာတဲ့သူတစ်ယောက်အနေနဲ့ပါ မြန်မာမိဘတွေရဲ့ ကလေးထိန်းပုံကို ကြည့်မိသတိထားမိတတ်တယ်။ မြန်မာမိဘ အတော်များများဟာ ပညာရေးကို အားပေးလေ့ရှိကြတယ်။ ဆယ်တန်းလေးတော့အောင်အုံးမှဟဲ့၊ ဘွဲ့ရလို့အလုပ်မရလည်းဘဲ၊...
ဆုံးမခြင်းဆိုတာ
ကျွန်မက ကလေးတွေကိုစာသင်ရတာကို ပျော်ရွှင်ပြီး နှစ်သက်တဲ့သူတစ်ယောက်ပါ။ မျှဝေတဲ့အလုပ်လုပ်ရမယ်ဆို ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် အားလုံးကို မျှဝေသင်ကြားပေးရတာကို နှစ်သက်ပါတယ်။ ဒါကြောင့်လည်း ပညာရေးနဲ့ပတ်သက်တဲ့အလုပ်၊ စာသင်တဲ့အလုပ်ကို လုပ်ကိုင်ဖို့ ရွေးချယ်လျှောက်လှမ်းခဲ့တာပါ။...
စူးစမ်းလိုစိတ်(Curiosity)
ကလေးတွေက မွေးဖွားလာကတည်းက သိလိုစိတ်၊ စူးစမ်းလိုစိတ်တွေ ပါလာကြပါတယ်။ အရေးကြီး တာကတော့ သူတို့ရဲ့ စူးစမ်းလိုစိတ်တွေကို မရပ်တန့်ဘဲ ကောင်းမွန်တဲ့နေရာမှာ အသုံးချတတ်အောင် သင်ကြားလမ်းညွှန်ပေးရမှာတော့ မိဘ၊ အုပ်ထိန်းသူများနဲ့ ဆရာတို့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အဲဒီတော့...
ပန်းများရောင်စုံ ပွင့်ပါစေ
ကျနော်က အင်္ဂလိပ်စာ ဆရာတစ်ယောက်ဖြစ်ပါသည်။ ကလေးလေးတွေကိုတွေ့သည့်အခါ အင်္ဂလိပ်လို နှုတ်မဆက်မိစေရန် ကျနော်ကြိုးစားပါသည်။ ထူးဆန်းသွားပါသလား။ ရှင်းပြပါမည်။ ကျွန်တော့်စိတ်ထင် မြန်မာမိဘအတော်များများသည် ကလေးများ အင်္ဂလိပ်စကားငယ်ရွယ်စဉ်မှာပင်ပြောတတ်ဆိုတတ်ကြခြင်းကို...
အနုပညာနှင့် ကလေးစိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု
အနုပညာဆိုတာ လူတွေရဲ့စိတ်ကို သိမ်မွေ့စေ၊ လူတွေကို အပန်းပြေစေတဲ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကိုလည်း တစ်စိတ်တစ်ပိုင်း ဖော်ပြနေပါတယ်။ ကလေးတွေနဲ့ပတ်သက်တဲ့ အနုပညာ လုပ်ငန်းတွေဆိုတာကတော့ တေးသီချင်းတွေနားထောင်တာ၊ သီဆိုတာ၊ တူရိယာတွေတီးမှုတ်တာ၊ ကခုန် တာ၊ ပြဇာတ်တွေ၊...
ကလေးတွေ ကျောင်းနေပျော်ဖို့ စဉ်းစားရမယ့် အချက်တစ်ချက်
ငယ်ငယ်က ကျောင်းမသွားချင်လို့ ငိုဖူးလား။ဟုတ်ကဲ့. ကျနော်လည်း ငိုဖူးပါတယ်။ ကျနော့်သူငယ်ချင်းတွေလည်း ငိုကြတယ်ထင်တာပဲ။ အခုဆိုရင်တော့ ကလေးတွေသိပ်မငိုကြတော့ဘူးထင်တယ်။ ဒီလိုဆိုရင် ဝမ်းသာရမှာပါပဲ။ကျောင်းမသွားချင်ရတဲ့အကြောင်းအရင်းတွေအများကြီးရှိနိုင်ပါတယ်။ မိဘတွေနဲ့...
မိသားစု စကားဝိုင်း
ပြီးခဲ့သည့် အပတ်က စကားဝိုင်းလေးလုပ်ဖို့နဲ့ ဘာကြောင့်လုပ်ဖို့လိုအပ်တာ စကားဝိုင်းလုပ်တဲ့အချိန်မှာ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို မျှဝေခဲ့ပါတယ်နော်။ စာဖတ်သူတို့ကိုပြောခဲ့သလို ဒီနေ့တော့ “စကားဝိုင်း” ဆိုတာဘာလဲနဲ့ “မိသားစုစကားဝိုင်း” လေး စတင်ဖန်တီးဖို့အတွက်...