[Unicode]

အင်္ဂလန်နိုင်ငံမှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပညာရေး သုတေသနတစ်ခုကို လျှို့ဝှက်စွာလုပ်ခဲ့ကြတယ်။ သုတေသနအတွက် ကျောင်းက သက်တူရွယ်တူကလေးတွေကို  A ခန်းနဲ့ Bခန်းမှာ ခွဲထားကြဖို့ပြင်တယ်။ အတန်းခွဲဖို့ အတွက် စာမေးပွဲ ဖြေရတယ်။ စာမေးပွဲမှာ အမှတ် အများဆုံးရတဲ့သူတွေက A တန်းကို ပို့ခြငး်ခံရမယ်လို့ အားလုံးက နားလည်ထားတယ်။ ဒါပေမယ့် သုတေသနပြုလုပ်သူတွေက စာမေးပွဲမှာ အမှတ် အများကြီးရတဲ့သူတွေနဲ့ အနည်းဆုံးရတဲ့သူတွေကို မျှပြီး A တန်းရော B တန်းမှာပါ ထားလိုက်တယ်။

A တန်းရော B တန်းမှာပါ အရည်သွေးပြည့်မီတဲ့ ဆရာ၊မတွေထားပြီး တူညီတဲ့ သင်ထောက်ကူတွေနဲ့ သင်ခိုင်းတယ်။ ဒါပေမယ့် Bခန်းမှာ သင်ရတဲ့သူတွေကတော့ ညံ့တဲ့ကလေးတွေကို သင်ခွင့်ရတာဆိုတော့ သိပ်မမျှော်လင့်ထားဘူးပေါ့။ Aခန်းကဆရာ၊မတွေကတော့ ကလေးတွေကို အထင်ကြီးသလို မျှော်လင့်ချက်လည်း ထားကြတယ်။

ကလေးတွေရော မိဘတွေရော အမြင်မှာတော့ A တန်းရောက်သူတွေဟာ အမှတ်အများဆုံးရကြပြီး Bတန်းရောက်သူတွေဟာ အမှတ် မကောင်းကြလို့ လို့ ဖြစ်ကြတယ်။  ထင်တဲ့အတိုင်း A တန်းကျောင်းသားတွေရဲ့ မိဘတွေက သားသမီးတွေ တော်လိုက်တာဆိုပြီး ဖူးဖူးမှုတ်ထားကြတယ်။ ချီးကျူးဂုဏ်ပြုကြတယ်။ Bတန်းက ကျောင်းသားတွေရဲ့ မိဘတွေကတော့ ဒီလောက်တောင် ရအောင် မလုပ်နိုင်ရကောင်းလားဆိုပြီး ဆူကြတယ်၊ အခွင့်အရေးတွေ ပိတ်ပင်လိုက်ကြတာတွေလုပ်ကြတယ်။

ဒီလိုနဲ့ တစ်နှစ်တာစာသင်နှစ် အပြီး အတန်းဆုံး စာမေးပွဲဖြေပြီးတော့ ရလဒ်မှာ A ခန်းက ကလေးတွေက အမှတ်တွေက B ခန်းက ကလေးတွေထက် အဆများစွာ သာလွန်နေခဲ့ပါတယ်။

သုတေသနရဲ့ တွေ့ရှိချက်တွေကတော့ B ခန်းက ကလေးတွေဟာ A ခန်းက ကလေးတွေနဲ့ တန်းတူတော်သော်ငြားလည်း တစ်နှစ်ပတ်လုံး ညံ့ကြောင်း၊ အခြားကလေးတွေထက် နိမ့်ကျကြောင်း အမြဲ ပြောခံရတယ်။ B ခန်းက ကလေးတွေရဲ့ မိဘတွေကလည်း အမြဲဆူပူ ဖိအားပေးပြီး ရသင့်တဲ့အခွင့်အရေးတွေကို ပိတ်ပင်တယ်။ ဆရာ၊မတွေကလည်း မျှော်လင့်ချက်မထားဘဲ အဖြစ်ပဲ စာသင်တယ်။ အဲဒီ့အတွက် ကလေးတွေရဲ့ ရလဒ်က အားလုံးရဲ့ညံ့တယ်ဆိုတဲ့ သုံးသပ်ချက်အတိုင်း အမှန်တစ်ကယ်ဖြစ်လာတယ်။

အတန်းAထဲက ဝင်ခွင့်စာမေးပွဲမှာ အမှတ်နည်းနည်းလေးပဲ ရပေမယ့် ပါသွားတဲ့ကလေးတွေကတော့ တစ်ချိန်လုံး လူကြီးတွေရဲ့ ယုံကြည်မှု၊ အားကိုးမှု၊ ချီးမြှောက်မှုတွေကို ရရှိတယ်၊ ဆရာ၊မတွေရဲ့ ကလေးတွေအပေါ် ထားရှိတဲ့ မျှော်လင့်ချက်နဲ့ ပံ့ပိုးမှုတွေရရှိတယ်။ အဲဒီ့အတွက် အဆုံးမှာ အစကထက် ပိုမိုသာလွန်တဲ့ ရလဒ်တွေကို ရခဲ့ကြတယ်။

A ခန်း B ခန်းလိုမျိုး အဆင့်တွေသတ်မှတ်ခြင်းမှာလည်း အခုသုတေသနလို တူညီတဲ့ ရလဒ်တွေ ပေးနိုင်တယ်။

ကျွန်မတို့ အနေနဲ့ ကလေးတွေကို အမှန်တစ်ကယ် တိုးတက်စေချင်ရင် အောင်မြင်စေချင်ရင် A တန်းက ကလေးတွေလိုပဲ ဆက်ဆံသင့်တယ်၊ ယုံကြည်ပေးသင့်တယ်၊ ပံ့ပိုးပေးသင့်တယ်။ ကလေးတိုင်း တော်နိုင်ပါတယ်။ ကလေးတိုင်းမှာ အနာဂါတ်ရှိပါတယ်။ မမြင်နိုင်သေးတဲ့ အနာဂါတ်အပေါ်မှာ မကောင်းမြင်တဲ့စိတ်နဲ့ ရှေ့ဖြစ်ဟောပြီး ကလေးရဲ့ အနာဂါတ်ကို မကောင်းတဲ့ အရောင်တွေ မဆိုးပစ်ကြဖို့ လိုပါတယ်။

ကျွန်မ စဉ်းစားမိတယ်။ ကျွန်မတို့ ဆရာ၊မတွေ၊ မိဘတွေ၊ ပတ်ဝန်းကျင်က လူကြီးတွေက ကလေးတွေရဲ့ အနာဂါတ်တွေကို ဘယ်လောက်များ ပိတ်ဆို့ခဲ့ကြပြီးပြီလဲ။

ကလေးတွေကို အမှန်တစ်ကယ် အောင်မြင်စေချင်ရင် သူတို့ မလုပ်နိုင်တဲ့အရာတွေအပေါ် ဆူပူတာထက်၊လုပ်နိုင်တဲ့ အရာတွေကိုလည်း မြင်ပေးပြီး အားပေးတိုက်တွန်းပါ။ မကောင်းတာတွေထက် ကောင်းတာတွေကို မြင်ပေးပြီး ပိုကောင်းလာအောင် ပံ့ပိုးပေးပါ။ မှားခဲ့တာတွေထက် မှန်ခဲ့တဲ့ အရာတွေအပေါ် ချီးကျူးပေးပါ။ ကလေးတိုင်းဟာ အတန်းAနဲ့ ထိုက်တန်ပါတယ်။

မေတ္တာဖြင့်…….

                Sayarma-ဆရာမ

မှတ်ချက်။  ။ ယခုသုတေသနအကြောင်းကို ဆရာတော် Ahjan Brahmရေးသားပြုစုထားပါသော “သင်၏ နှလုံးသားတံခါးများကို ဖွင့်လှစ်ခြင်း…”စာအုပ်မှ ကောက်နှုတ်ဖေါ်ပြအပ်ပါတယ်။

Photo Credit to https://www.lsainsider.com/how-to-help-clients-turn-tricky-trolls-into-positive-reviews/archives

[Zawgyi]

အဂၤလန္နုိင္ငံမွာရွိတဲ့ ေက်ာင္းတစ္ေက်ာင္းမွာ ပညာေရး သုေတသနတစ္ခုကို လွ်ိဳ႕ဝွက္စြာလုပ္ခဲ့ၾကတယ္။ သုေတသနအတြက္ ေက်ာင္းက သက္တူရြယ္တူကေလးေတြကို  A ခန္းနဲ႕ Bခန္းမွာ ခြဲထားၾကဖုိ႕ျပင္တယ္။ အတန္းခြဲဖုိ႕ အတြက္ စာေမးပြဲ ေျဖရတယ္။ စာေမးပြဲမွာ အမွတ္ အမ်ားဆံုးရတဲ့သူေတြက A တန္းကို ပို႕ျခငး္ခံရမယ္လို႕ အားလံုးက နားလည္ထားတယ္။ ဒါေပမယ့္ သုေတသနျပဳလုပ္သူေတြက စာေမးပြဲမွာ အမွတ္ အမ်ားၾကီးရတဲ့သူေတြနဲ႕ အနည္းဆံုးရတဲ့သူေတြကို မွ်ျပီး A တန္းေရာ B တန္းမွာပါ ထားလုိက္တယ္။

A တန္းေရာ B တန္းမွာပါ အရည္ေသြးျပည့္မီတဲ့ ဆရာ၊မေတြထားျပီး တူညီတဲ့ သင္ေထာက္ကူေတြနဲ႕ သင္ခိုင္းတယ္။ ဒါေပမယ့္ Bခန္းမွာ သင္ရတဲ့သူေတြကေတာ့ ညံ့တဲ့ကေလးေတြကို သင္ခြင့္ရတာဆိုေတာ့ သိပ္မေမွ်ာ္လင့္ထားဘူးေပါ့။ Aခန္းကဆရာ၊မေတြကေတာ့ ကေလးေတြကို အထင္ၾကီးသလို ေမွ်ာ္လင့္ခ်က္လည္း ထားၾကတယ္။

ကေလးေတြေရာ မိဘေတြေရာ အျမင္မွာေတာ့ A တန္းေရာက္သူေတြဟာ အမွတ္အမ်ားဆံုးရၾကျပီး Bတန္းေရာက္သူေတြဟာ အမွတ္ မေကာင္းၾကလို႕ လို႕ ျဖစ္ၾကတယ္။  ထင္တဲ့အတိုင္း A တန္းေက်ာင္းသားေတြရဲ႕ မိဘေတြက သားသမီးေတြ ေတာ္လိုက္တာဆိုျပီး ဖူးဖူးမွဳတ္ထားၾကတယ္။ ခ်ီးက်ဴးဂုဏ္ျပဳၾကတယ္။ Bတန္းက ေက်ာင္းသားေတြရဲ႕ မိဘေတြကေတာ့ ဒီေလာက္ေတာင္ ရေအာင္ မလုပ္နုိင္ရေကာင္းလားဆိုျပီး ဆူၾကတယ္၊ အခြင့္အေရးေတြ ပိတ္ပင္လုိက္ၾကတာေတြလုပ္ၾကတယ္။

ဒီလိုနဲ႕ တစ္ႏွစ္တာစာသင္ႏွစ္ အျပီး အတန္းဆံုး စာေမးပြဲေျဖျပီးေတာ့ ရလဒ္မွာ A ခန္းက ကေလးေတြက အမွတ္ေတြက B ခန္းက ကေလးေတြထက္ အဆမ်ားစြာ သာလြန္ေနခဲ့ပါတယ္။

သုေတသနရဲ႕ ေတြ႕ရွိခ်က္ေတြကေတာ့ B ခန္းက ကေလးေတြဟာ A ခန္းက ကေလးေတြနဲ႕ တန္းတူေတာ္ေသာ္ျငားလည္း တစ္ႏွစ္ပတ္လံုး ညံ့ေၾကာင္း၊ အျခားကေလးေတြထက္ နိမ့္က်ေၾကာင္း အျမဲ ေျပာခံရတယ္။ B ခန္းက ကေလးေတြရဲ႕ မိဘေတြကလည္း အျမဲဆူပူ ဖိအားေပးျပီး ရသင့္တဲ့အခြင့္အေရးေတြကုိ ပိတ္ပင္တယ္။ ဆရာ၊မေတြကလည္း ေမွ်ာ္လင့္ခ်က္မထားဘဲ အျဖစ္ပဲ စာသင္တယ္။ အဲဒီ့အတြက္ ကေလးေတြရဲ႕ ရလဒ္က အားလံုးရဲ႕ညံ့တယ္ဆိုတဲ့ သံုးသပ္ခ်က္အတုိင္း အမွန္တစ္ကယ္ျဖစ္လာတယ္။

အတန္းAထဲက ဝင္ခြင့္စာေမးပဲြမွာ အမွတ္နည္းနည္းေလးပဲ ရေပမယ့္ ပါသြားတဲ့ကေလးေတြကေတာ့ တစ္ခ်ိန္လံုး လူၾကီးေတြရဲ႕ ယံုၾကည္မွဳ၊ အားကိုးမွဳ၊ ခ်ီးေျမွာက္မွဳေတြကို ရရွိတယ္၊ ဆရာ၊မေတြရဲ႕ ကေလးေတြအေပၚ ထားရွိတဲ့ ေမွ်ာ္လင့္ခ်က္နဲ႕ ပံ့ပိုးမွဳေတြရရွိတယ္။ အဲဒီ့အတြက္ အဆံုးမွာ အစကထက္ ပိုမိုသာလြန္တဲ့ ရလဒ္ေတြကို ရခဲ့ၾကတယ္။

A ခန္း B ခန္းလိုမ်ိဳး အဆင့္ေတြသတ္မွတ္ျခင္းမွာလည္း အခုသုေတသနလုိ တူညီတဲ့ ရလဒ္ေတြ ေပးနုိင္တယ္။

ကၽြန္မတုိ႕ အေနနဲ႕ ကေလးေတြကို အမွန္တစ္ကယ္ တိုးတက္ေစခ်င္ရင္ ေအာင္ျမင္ေစခ်င္ရင္ A တန္းက ကေလးေတြလိုပဲ ဆက္ဆံသင့္တယ္၊ ယံုၾကည္ေပးသင့္တယ္၊ ပံ့ပိုးေပးသင့္တယ္။ ကေလးတုိင္း ေတာ္နုိင္ပါတယ္။ ကေလးတိုင္းမွာ အနာဂါတ္ရွိပါတယ္။ မျမင္နုိင္ေသးတဲ့ အနာဂါတ္အေပၚမွာ မေကာင္းျမင္တဲ့စိတ္နဲ႕ ေရွ႕ျဖစ္ေဟာျပီး ကေလးရဲ႕ အနာဂါတ္ကို မေကာင္းတဲ့ အေရာင္ေတြ မဆိုးပစ္ၾကဖုိ႕ လုိပါတယ္။

ကၽြန္မ စဥ္းစားမိတယ္။ ကၽြန္မတို႕ ဆရာ၊မေတြ၊ မိဘေတြ၊ ပတ္ဝန္းက်င္က လူၾကီးေတြက ကေလးေတြရဲ႕ အနာဂါတ္ေတြကို ဘယ္ေလာက္မ်ား ပိတ္ဆို႕ခဲ့ၾကျပီးျပီလဲ။

ကေလးေတြကို အမွန္တစ္ကယ္ ေအာင္ျမင္ေစခ်င္ရင္ သူတုိ႕ မလုပ္နုိင္တဲ့အရာေတြအေပၚ ဆူပူတာထက္၊လုပ္နုိင္တဲ့ အရာေတြကိုလည္း ျမင္ေပးျပီး အားေပးတုိက္တြန္းပါ။ မေကာင္းတာေတြထက္ ေကာင္းတာေတြကို ျမင္ေပးျပီး ပိုေကာင္းလာေအာင္ ပံ့ပိုးေပးပါ။ မွားခဲ့တာေတြထက္ မွန္ခဲ့တဲ့ အရာေတြအေပၚ ခ်ီးက်ဴးေပးပါ။ ကေလးတုိင္းဟာ အတန္းAနဲ႕ ထုိက္တန္ပါတယ္။

ေမတၱာျဖင့္…….

                Sayarma-ဆရာမ

မွတ္ခ်က္။  ။ ယခုသုေတသနအေၾကာင္းကို ဆရာေတာ္ Ahjan Brahmေရးသားျပဳစုထားပါေသာ “သင္၏ ႏွလံုးသားတံခါးမ်ားကို ဖြင့္လွစ္ျခင္း…”စာအုပ္မွ ေကာက္ႏွုတ္ေဖၚျပအပ္ပါတယ္။ Photo Credit to https://www.lsainsider.com/how-to-help-clients-turn-tricky-trolls-into-positive-reviews/archives