[Unicode]

ကလေးတွေမှာ ဂုဏ်သိက္ခာ ရှိပါသလား။ ကလေးတွေရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်လေ့ရှိကြပါသလား။

ကျွန်မအမြင်မှာ ကလေးတွေနဲ့ ဂုဏ်သိက္ခာနဲ့ကို တွဲပြီးလေ့ရှိတာက ရာခိုင်နှုန်းနည်းကောင်းနည်းလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတာ ကျွန်မ ရှင်းပြပါမယ်။

၁) ကလေးတွေဟာ ခုတုံးလုပ်ခြင်း ခံရတယ်။ လူကြီးတွေ ပြောချင်တဲ့ စကားတွေကို ကလေးတွေကို လွှဲချကြတယ်။ လူကြီးချင်း မျက်နှာပျက်ရင် မကောင်းဘူးလေ။ ကလေးဆိုတာ ဘာမှ သိတာမဟုတ်ဘူး၊ စိတ်ထဲမရှိဘဲ လျှောက်ပြောတတ်တယ်ဆိုတဲ့ ပုံစံနဲ့ ကလေးတွေက ပြောလို့ ဆိုပြီး ပြောကြတယ်၊ မေးကြတယ်။ ကောင်းတဲ့ကိစ္စထက် မကောင်းတဲ့ ကိစ္စဆိုရင် ပိုပြောတတ်ကြတယ်။

၂) ကလေးတွေရဲ့ ရုပ်ပျက်ဆင်းပျက် ပုံတွေကို ရိုက်ပြီး ချစ်စရာကောင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူမှုကွန်ယက်တွေပေါ်တင် ပြီး ဟာသတွေ ဝိုင်းလုပ်ကြတယ်။ အကြောင်းရင်းကတော့ ချစ်လို့ပါ၊ သဘောကျလို့ပါပေါ့။ ကလေးစာမရတဲ့ ဗီဒီယိုတွေ၊ ကလေးတွေ တစ်လွဲဖြစ်တာတွေကိုလည်း လူကြီးတွေ ပျော်ကြဖို့ တင်ကြတယ်၊ ဝိုင်းပြီး အားပေးကြတယ်။ တစ်ခါတစ်လေမှာ မမြင်သင့်တဲ့ နေရာတွေ ပေါ်နေတာတွေလည်း တင်တာပါပဲ။

၃) အပြစ်ပေးရင် ရှက်သွားစေမယ့် အပြစ်ဒဏ်မျိုးကို စဉ်းစားပြီးပေးကြတယ်။ ဥပမာ – ဖင်ချွတ်ပြီးရိုက်တာမျိုး၊ တစ်ခန်းဝင်တစ်ခန်းထွက် ကျွန်တော် ညံ့ပါတယ်ခင်မျလို့ အော်ခိုင်းတာမျိုး၊ အိမ်အပြင်ထွက် လူမြင်ကွင်းမှာ ရိုက်ကြတာမျိုး၊ လူကြားအောင် ကလေးကို ဆဲဆိုကြတာမျိုးတွေပေါ့။ ကလေးက ရှက်သွားရင် ကိုယ်မလုပ်စေချင်တဲ့ လုပ်ရပ်မျိုး မလုပ်တော့ဘူးဆိုပြီး တွေးကြတယ်။

၄) ကလေးဟာ  အခြားကလေးတစ်ယောက်ထက် အမြဲတမ်း နိမ့်ကျနေတယ်ဆိုတဲ့ အတွေးဖြစ်အောင် နှိမ့်ချ ဆက်ဆံခံရတယ်။ ကလေးဟာ သူ့ ကိုယ်ပိုင် ရှိတဲ့ ပင်ကိုယ်တန်ဖိုးဟာ မလုံလောက်ဘူး၊ အခြား တစ်ယောက်ရဲ့ ပုံစံအတိုင်း ဖြစ်မှရမယ်ဆိုတဲ့ အဓိပ္ပါယ်ဆောင်တဲ့ နှိုင်းယှဉ်မှုမျိုးတွေ လုပ်ကြတယ်။ တစ်ခါတစ်လေ (ကန်တော့ ကန်တော့) – နင့်ကို သူ့ ချီးကျွေးရမယ် – ဆိုတဲ့ စကားမျိုးတွေ။ သူ့တပည့်သွားခံ၊ သူ့ကျွန်သွားလုပ် စသဖြင့် ပြောပြီး ကလေးကို မခံချင်အောင် ပြောကြတယ်။ မခံချင်စိတ်ဖြစ်ပြီး ကြိုးစားသွားအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

အပေါ်က (၄) ချက်က ကျွန်မတို့ လူမှု အသိုင်းအဝိုင်းမှာ သာမာန်လို ဖြစ်နေပါပြီ။ ဒီအချက်တွေအပေါ် မူတည်ပြီး စဉ်းစားလိုက်ရင် ကလေးတွေဟာ ဂုဏ်သိက္ခာ မရှိတဲ့ လူသားတွေလိုု့ မြင်ယောင်စရာဖြစ်လာတယ်။ ပင်ကိုယ် တန်ဖိုးကို အသိမှတ်ပြုခြင်း မခံရဘဲ၊ ပင်ကိုယ် ကောင်းတဲ့ အရည်ချင်းတွေကို မီးမောင်းထိုးပြခြင်းမခံရဘဲ မကောင်းတဲ့အပိုင်းကို လူသိအောင်လုပ်ပြီး ပိုကောင်းအောင်လုပ်မယ်ဆိုတဲ့ အတွေးတွေနဲ့ ဆက်ခံခြင်းခံရတယ်။

တစ်ချိန်လုံး သူများနဲ့ ယှဉ်ပြီး စဉ်းစားနေအောင် သင်ပေးလိုက်သလို ဖြစ်နေတယ်။ “You are not enough” ၊ ကိုယ်ဟာ ဘယ်တော့မှ ပြီးပြည့်စုံသူ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတဲ့ အတွေးနဲ့ ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ အခွင့်အရေးတွေ လျှော့ချလိုက်သလိုဖြစ်နေတယ်။

အသက်အရွယ်မရွေး၊ လူတိုင်းမှာ ဂုဏ်သိက္ခာဆိုတာ ရှိပါတယ်။ ကလေးလည်း ကလေး အလိုက်၊ လူကြီးလည်း လူကြီးအလိုက် သူ့နေရာနဲ့သူ အသုံးဝင်နေတယ်၊ တန်ဖိုးတွေရှိနေတယ်။

ကျွန်မတို့ မမေ့ဖို့က ကလေးတွေမှာလည်း မှတ်ဉာဏ်ရှိတယ်၊နှလုံးသားရှိတယ်။ ခံခဲ့ရတာတွေကို မှတ်မိကြတယ်၊ ငယ်စဉ်က အရှက်ခွဲခံခဲ့ရတာတွေ၊ နှိုင်းယှဉ်ခံခဲ့ရတာတွေဟာ စိတ်ဒဏ်ရာတွေ အဖြစ် တစ်သက်လုံး သူတို့နဲ့ ပါလာတယ်။

တစ်နေ့မှာ သူတို့တွေဟာ လူကြီးတွေဖြစ်လာမှာ၊ ဦးဆောင်သူတွေဖြစ်လာမှာ။ ကျွန်မတို့ လူကြီးတွေ ၊ ကျွန်မတို့ ဆက်ဆံထိတွေ့နေတဲ့ ကလေးတွေဟာ တစ်နေ့မှာ ဘာဖြစ်လာမလဲ ဆိုတာ မပြောနိုင်ပါဘူး။ အနာဂါတ်ခေါင်းဆောင်လေးတွေလို့ ပါးစပ်ကပြောနေယုံနဲ့မပြီးဘဲ၊ ယခုခေါင်းဆောင်လေးတွေလို မြင်ပြီး သူတို့ရဲ့ ဂုဏ်သိက္ခာကို လေးစား တန်ဖိုးထားပြီး ဆက်ဆံပေးဖို့လိုပါတယ်။

အများပြည်သူကို လေးစား တန်ဖိုးထားတတ်တဲ့ ခေါင်းဆောင်တွေဖြစ်ဖို့၊ ငယ်စဉ်ကတည်းက သူတို့ကိုယ်တိုင် လေးစားတန်ဖိုးထားခြင်း ခံရဖို့လိုပါတယ်။ အပြန်အလှန် လေးစား တန်ဖိုးထားခြင်းကို မြင်ရ၊ တွေ့ကြုံနေမှလည်း လေးစား တန်ဖိုးထားခြင်းတန်ဖိုးကို နားလည်တဲ့၊ လက်တွေ့ကျင့်သုံးတဲ့ နိုင်ငံ့ခေါင်းဆောင်တွေဖြစ်နိုင်မှာပါ။

ဒါကြောင့် ကျွန်မကတော့ – အားလုံး ကိုယ်စီရဲ့ တန်ဖိုးတွေကို မြင်အောင် ကြည့်ပြီး တစ်ပါးသူရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေမယ့် လုပ်ရပ်မျိုးကို ရှောင်လွှဲနိုင်ကြပါစေ ဆုတောင်းရင်း

မေတ္တာဖြင့်…….

               Sayarma-ဆရာမ

Photo Credit to – http://www.naijapr.com/tips-showing-respect-your-children/tips-to-showing-respect-to-your-children/

[Zawgyi]

ကေလးေတြမွာ ဂုဏ္သိကၡာ ရွိပါသလား။ ကေလးေတြရဲ႕ ဂုဏ္သိကၡာကို ငဲ့ကြက္ေလ့ရွိၾကပါသလား။

ကၽြန္မအျမင္မွာ ကေလးေတြနဲ႕ ဂုဏ္သိကၡာနဲ႕ကို တြဲျပီးေလ့ရွိတာက ရာခိုင္ႏွုန္းနည္းေကာင္းနည္းလိမ့္မယ္။ ဘာေၾကာင့္လဲ ဆိုတာ ကၽြန္မ ရွင္းျပပါမယ္။

၁) ကေလးေတြဟာ ခုတံုးလုပ္ျခင္း ခံရတယ္။ လူၾကီးေတြ ေျပာခ်င္တဲ့ စကားေတြကို ကေလးေတြကို လႊဲခ်ၾကတယ္။ လူၾကီးခ်င္း မ်က္ႏွာပ်က္ရင္ မေကာင္းဘူးေလ။ ကေလးဆိုတာ ဘာမွ သိတာမဟုတ္ဘူး၊ စိတ္ထဲမရွိဘဲ ေလွ်ာက္ေျပာတတ္တယ္ဆိုတဲ့ ပံုစံနဲ႕ ကေလးေတြက ေျပာလို႕ ဆိုျပီး ေျပာၾကတယ္၊ ေမးၾကတယ္။ ေကာင္းတဲ့ကိစၥထက္ မေကာင္းတဲ့ ကိစၥဆိုရင္ ပိုေျပာတတ္ၾကတယ္။

၂) ကေလးေတြရဲ႕ ရုပ္ပ်က္ဆင္းပ်က္ ပံုေတြကို ရိုက္ျပီး ခ်စ္စရာေကာင္းတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ လူမွဳကြန္ယက္ေတြေပၚတင္ ျပီး ဟာသေတြ ဝိုင္းလုပ္ၾကတယ္။ အေၾကာင္းရင္းကေတာ့ ခ်စ္လုိ႕ပါ၊ သေဘာက်လို႕ပါေပါ့။ ကေလးစာမရတဲ့ ဗီဒီယိုေတြ၊ ကေလးေတြ တစ္လြဲျဖစ္တာေတြကိုလည္း လူၾကီးေတြ ေပ်ာ္ၾကဖုိ႕ တင္ၾကတယ္၊ ဝိုင္းျပီး အားေပးၾကတယ္။ တစ္ခါတစ္ေလမွာ မျမင္သင့္တဲ့ ေနရာေတြ ေပၚေနတာေတြလည္း တင္တာပါပဲ။

၃) အျပစ္ေပးရင္ ရွက္သြားေစမယ့္ အျပစ္ဒဏ္မ်ိဳးကို စဥ္းစားျပီးေပးၾကတယ္။ ဥပမာ – ဖင္ခၽြတ္ျပီးရိုက္တာမ်ိဳး၊ တစ္ခန္းဝင္တစ္ခန္းထြက္ ကၽြန္ေတာ္ ညံ့ပါတယ္ခင္မ်လို႕ ေအာ္ခုိင္းတာမ်ိဳး၊ အိမ္အျပင္ထြက္ လူျမင္ကြင္းမွာ ရိုက္ၾကတာမ်ိဳး၊ လူၾကားေအာင္ ကေလးကို ဆဲဆိုၾကတာမ်ိဳးေတြေပါ့။ ကေလးက ရွက္သြားရင္ ကိုယ္မလုပ္ေစခ်င္တဲ့ လုပ္ရပ္မ်ိဳး မလုပ္ေတာ့ဘူးဆိုျပီး ေတြးၾကတယ္။

၄) ကေလးဟာ  အျခားကေလးတစ္ေယာက္ထက္ အျမဲတမ္း နိမ့္က်ေနတယ္ဆိုတဲ့ အေတြးျဖစ္ေအာင္ ႏွိမ့္ခ် ဆက္ဆံခံရတယ္။ ကေလးဟာ သူ႕ ကိုယ္ပုိင္ ရွိတဲ့ ပင္ကိုယ္တန္ဖိုးဟာ မလံုေလာက္ဘူး၊ အျခား တစ္ေယာက္ရဲ႕ ပံုစံအတိုင္း ျဖစ္မွရမယ္ဆိုတဲ့ အဓိပၸါယ္ေဆာင္တဲ့ ႏွိဳင္းယွဥ္မွဳမ်ိဳးေတြ လုပ္ၾကတယ္။ တစ္ခါတစ္ေလ (ကန္ေတာ့ ကန္ေတာ့) – နင့္ကို သူ႕ ခ်ီးေကၽြးရမယ္ – ဆိုတဲ့ စကားမ်ိဳးေတြ။ သူ႕တပည့္သြားခံ၊ သူ႕ကၽြန္သြားလုပ္ စသျဖင့္ ေျပာျပီး ကေလးကို မခံခ်င္ေအာင္ ေျပာၾကတယ္။ မခံခ်င္စိတ္ျဖစ္ျပီး ၾကိဳးစားသြားေအာင္ ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႕ေပါ့။

အေပၚက (၄) ခ်က္က ကၽြန္မတို႕ လူမွဳ အသိုင္းအဝိုင္းမွာ သာမာန္လို ျဖစ္ေနပါျပီ။ ဒီအခ်က္ေတြအေပၚ မူတည္ျပီး စဥ္းစားလုိက္ရင္ ကေလးေတြဟာ ဂုဏ္သိကၡာ မရွိတဲ့ လူသားေတြလုို႕ ျမင္ေယာင္စရာျဖစ္လာတယ္။ ပင္ကိုယ္ တန္ဖိုးကို အသိမွတ္ျပဳျခင္း မခံရဘဲ၊ ပင္ကိုယ္ ေကာင္းတဲ့ အရည္ခ်င္းေတြကို မီးေမာင္းထုိးျပျခင္းမခံရဘဲ မေကာင္းတဲ့အပုိင္းကို လူသိေအာင္လုပ္ျပီး ပိုေကာင္းေအာင္လုပ္မယ္ဆိုတဲ့ အေတြးေတြနဲ႕ ဆက္ခံျခင္းခံရတယ္။

တစ္ခ်ိန္လံုး သူမ်ားနဲ႕ ယွဥ္ျပီး စဥ္းစားေနေအာင္ သင္ေပးလိုက္သလို ျဖစ္ေနတယ္။ “You are not enough” ၊ ကိုယ္ဟာ ဘယ္ေတာ့မွ ျပီးျပည့္စံုသူ ျဖစ္လာမွာ မဟုတ္ဘူး ဆိုတဲ့ အေတြးနဲ႕ ဘဝကို ေက်နပ္ေပ်ာ္ရႊင္စြာ ျဖတ္သန္းနုိင္ဖုိ႕ အခြင့္အေရးေတြ ေလွ်ာ့ခ်လိုက္သလိုျဖစ္ေနတယ္။

အသက္အရြယ္မေရြး၊ လူတုိင္းမွာ ဂုဏ္သိကၡာဆိုတာ ရွိပါတယ္။ ကေလးလည္း ကေလး အလုိက္၊ လူၾကီးလည္း လူၾကီးအလုိက္ သူ႕ေနရာနဲ႕သူ အသံုးဝင္ေနတယ္၊ တန္ဖိုးေတြရွိေနတယ္။

ကၽြန္မတုိ႕ မေမ႕ဖို႕က ကေလးေတြမွာလည္း မွတ္ဥာဏ္ရွိတယ္၊ႏွလံုးသားရွိတယ္။ ခံခဲ့ရတာေတြကို မွတ္မိၾကတယ္၊ ငယ္စဥ္က အရွက္ခြဲခံခဲ့ရတာေတြ၊ ႏွိဳင္းယွဥ္ခံခဲ့ရတာေတြဟာ စိတ္ဒဏ္ရာေတြ အျဖစ္ တစ္သက္လံုး သူတို႕နဲ႕ ပါလာတယ္။

တစ္ေန႕မွာ သူတို႕ေတြဟာ လူၾကီးေတြျဖစ္လာမွာ၊ ဦးေဆာင္သူေတြျဖစ္လာမွာ။ ကၽြန္မတို႕ လူၾကီးေတြ ၊ ကၽြန္မတုိ႕ ဆက္ဆံထိေတြ႕ေနတဲ့ ကေလးေတြဟာ တစ္ေန႕မွာ ဘာျဖစ္လာမလဲ ဆိုတာ မေျပာနုိင္ပါဘူး။ အနာဂါတ္ေခါင္းေဆာင္ေလးေတြလို႕ ပါးစပ္ကေျပာေနယံုနဲ႕မျပီးဘဲ၊ ယခုေခါင္းေဆာင္ေလးေတြလို ျမင္ျပီး သူတုိ႕ရဲ႕ ဂုဏ္သိကၡာကို ေလးစား တန္ဖုိးထားျပီး ဆက္ဆံေပးဖုိ႕လိုပါတယ္။

အမ်ားျပည္သူကို ေလးစား တန္ဖိုးထားတတ္တဲ့ ေခါင္းေဆာင္ေတြျဖစ္ဖုိ႕၊ ငယ္စဥ္ကတည္းက သူတို႕ကိုယ္တုိင္ ေလးစားတန္ဖိုးထားျခင္း ခံရဖုိ႕လိုပါတယ္။ အျပန္အလွန္ ေလးစား တန္ဖိုးထားျခင္းကုိ ျမင္ရ၊ ေတြ႕ၾကံဳေနမွလည္း ေလးစား တန္ဖိုးထားျခင္းတန္ဖိုးကို နားလည္တဲ့၊ လက္ေတြ႕က်င့္သံုးတဲ့ နုိင္ငံ့ေခါင္းေဆာင္ေတြျဖစ္နိုင္မွာပါ။

ဒါေၾကာင့္ ကၽြန္မကေတာ့ – အားလံုး ကိုယ္စီရဲ႕ တန္ဖိုးေတြကို ျမင္ေအာင္ ၾကည့္ျပီး တစ္ပါးသူရဲ႕ ဂုဏ္သိကၡာ က်ဆင္းေစမယ့္ လုပ္ရပ္မ်ိဳးကို ေရွာင္လႊဲနုိင္ၾကပါေစ ဆုေတာင္းရင္း

ေမတၱာျဖင့္…….

               Sayarma-ဆရာမ Photo Credit to – http://www.naijapr.com/tips-showing-respect-your-children/tips-to-showing-respect-to-your-children/