[Unicode]
ကျန်းမာတဲ့ လူကြီးတွေဆီကနေ ကျန်းမာရေးဆိုင်ရာ အသိပညာတွေ သိဖို့ လိုအပ်သလို၊ ကျန်းမာဖို့ ပုံမှန်ကြိုးစားနေထိုင်ပြခြင်းဟာ ကလေးတွေအတွက် အထိရောက်ဆုံး သင်ပြပေးမှုပါပဲ။
ကလေးရှိတဲ့ မိဘတွေ၊ စာသင်နေတဲ့ ဆရာ၊မတွေ ကိုယ်တိုင် ပုံမှန် လုပ်ဖြစ်ပါသလား။ ဒီမေးခွန်းရဲ့ အဖြေက လုပ်ဖြစ်ပါတယ်ဆိုရင်ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်၊ မလုပ်ဖြစ်ဘူးဆိုရင်တော့ ဘာကြောင့် လေ့ကျင့်ခန်းတွေလုပ်သင့်လဲဆိုတာ မျှဝေပေးချင်သလို ကျွန်မ ကိုယ်တွေ့ လေးတွေလည်း မျှဝေပေးချင်ပါတယ်။
အခု လေ့ကျင့်ခန်း လုပ်ဖို့ တိုက်တွန်းမယ့် ကျွန်မကိုယ်တိုင်လည်း ကျန်းမာဖို့ လေ့ကျင့်ခနး်ပုံမှန်လုပ်ပါတယ်။ ကျွန်မ ပုံမှန်လုပ်ဖြစ်တဲ့ ကိုယ်ခန္ဓာနဲ့ စိတ် လေ့ကျင့်ခန်းတွေကတော့ ပြေးခြင်း၊ ရေကူးခြင်း၊ တရားထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊ အပြုသဘောတွေးတောခြင်း စတာတွေဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ဖတ်ထားတဲ့ စာတွေကနေရတဲ့ ဗဟုသုတတွေကိုပေါင်းစပ်မျှဝေပါ့မယ်။
လေ့ကျင့်ခန်းလုပ်ခြင်းက ဘာအကျိုးကျေးဇူးတွေရနိုင်လဲ။
၁) လေ့ကျင့်ခန်းတွေက ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတယ်။
သုတေသနတွေ့ရှိချက်တွေမှာ ကိုယ်ခန္ဓာကို လှုပ်ရှားလေ့ကျင့်ပေးခြင်းဟာ သွေးလည်ပတ်မှုကိုကောင်းစေတယ်၊ အကျိုးဆက်ကတော့ ဦးနှောက်သွေးကြော စီးဆင်းလည်ပတ်မှုကို အထောက်ကူပြုတဲ့အတွက် အာရုံကြောလေးတွေ သန်မာဖွံ့ဖြိုးစေတယ်။ အာရုံကြောလေးတွေ သန်မာ ကျန်းမာတော့ မှတ်ဉာဏ်တိုးတက်မှာပေါ့။ ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ အသစ်အသစ်တွေ သင်ယူစရာတွေက တစ်ပုံကြီးပါပဲ၊ အဲဒီ့အတွက် သင်ယူနိုင်စွမ်း မြှင့်နေမှ ရမယ်။ အဲဒီ့အတွက် အထောက်အကူပြုနိုင်တဲ့ လေ့ကျင့်ခန်းလုပ်သင့်တယ်။ ဒီအချက်ကြောင့်လဲ ကလေးတွေကို ပြေးလွှားဆော့ကစားခြင်းတွေ လုပ်ခိုင်းရတာပါ။ ကလေးတွေကို လေ့ကျင့်ခန်းလုပ်တဲ့အချိန်တွေ ထည့်ပေးခြင်းကလည်း ဒီအကြောင်းရင်းကို အဓိက ထည့်သွင်းစဉ်းစားလို့ဖြစ်ပါတယ်။
၂) လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုလျှော့ချရာမှာ အထောက်အကူပြုတယ်။
လေ့ကျင့်ခန်းတွေ၊ ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေတဲ့ လုပ်ငန်းတွေဟာ ဦးနှောက်ထဲက Endorphins ဆိုတဲ့ ဓါတ်တစ်မျိုးကို ထွက်စေတယ်။ အဲဒီ့ဓါတ်က သဘာဝအလျောက်ဖြစ်တဲ့ အကိုက်အခဲပျောက်ဆေးပုံစံမျိုးဖြစ်သလို အိပ်စက်ခြင်း၊ စိတ်ဖိစီးမှု လျော့ချခြင်းကိုလည်း ပံ့ပိုးပေးနိုင်စွမ်းရှိတယ်။ အဲဒီ့ Endorphinsဆိုတဲ့ဓါတ်ကို တရားထိုင်ခြင်း၊ အနှိပ်ခံခြင်းနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေလုပ်ရင်လည်း ထွက်ပါတယ်။ ဒါကြောင့် ငြိမ်ငြိမ်လေး လုပ်ရတဲ့ Yogaလို လေ့ကျင့်ခန်းဖြစ်ဖြစ်၊ အသက်ရှူလေ့ကျင်ခန်းဖြစ်ဖြစ်၊ လှုပ်လှုပ်ရှားရှား အားကစားဖြစ်ဖြစ် ကိုယ်အားသန်ရာကို ပုံမှန်လုပ်ပေးရင် စိတ်ဖိစီးမှု လျော့ချဖို့ အထောက်အကူဖြစ်မှာပါ။ စိတ်ဖိစီးရင်း ဇာတ်ကြောတွေတင်းတာ၊ ခေါင်းတွေကိုက်တာ စတဲ့ ကိုယ်ခန္ဓာမှာလည်း အချက်ပြတာတွေရှိပါတယ်။
၃) လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်ကူပြုတဲ့အပြင် ယုံကြည်မှုရှိစေပါတယ်။
လေ့ကျင့်ခန်းတွေက ကျန်းမာရေးအတွက် ကောင်းတာကတော့ လူတိုင်းသိပြီးသားပါ။ ထပ်ပြီး အနည်းငယ်မျှဝေရမယ်ဆိုရင် အမြဲတမ်း ကိုယ်ခန္ဓာဟာလှုပ်ရှားနေခြင်းကြောင့် သွေးလည်ပတ်မှုကောင်းတယ်။ သွေးထဲက Cholesterol (ကိုလက်စထရော)ကို ထိန်းချုပ်ပေးနိုင်တယ်၊ မလိုအပ်တဲ့ အဆီတွေကို ဖယ်ရှားနိုင်တယ်။ နှလုံးရောဂါဖြစ်နိုင်ခြေလျော့ချနိုင်တယ်၊ အရိုး ကြွက်သား စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပိုသန်မာစေတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့သူကတော့ ကိုယ့်ကိုကိုယ်ပိုယုံကြည်မှု ရှိကြတယ်။
ကျွန်မကတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ စိတ်ရော ကိုယ်ရော နှစ်ခုလုံးကို ထည့်သွင်းစဉ်းစားပါတယ်။ ကျွန်မ ပုံမှန် မန္တလေး ကျုံးတစ်ပတ်စာလောက် ပြေးပါတယ်။ ပြေးတဲ့အခါ မရပ်မနား ပြေးလေ့ရှိပါတယ်။ပြေးနေတဲ့ တစ်လျှောက်လုံး ခန္ဓာကိုယ်တစ်ခုလုံးကို အာရုံစိုက်ပြီး ပုံမှန်ပြေးတဲ့အတွက် စိတ်က အမြဲတည်ငြိမ်နေလေ့ရှိပါတယ်။ အဲဒီ့အတွက် စိတ်က အေးချမ်းသလို၊ ပြေးနေစဉ်မှာ ပြေးနည်းမှန်အောင် ပြေးပြီး – ပြီးသွားတဲ့အခါ သေချာ အကြောတွေဘာတွေ လျှော့တော့ ခန္ဓာကိုယ်လည်း သက်တောင့်သက်သာ ဖြစ်တယ်။ ကျွန်မ ရေကူးတဲ့အခါလည်း အဲ့လိုပါပဲ။ သူများတွေလို ရေကို အမြန်ကူးလေ့မရှိပါဘူး။ ကျွန်မလက်နဲ့ ရေနဲ့ ထိပြီး ထွက်လာတဲ့ ရေသံကို ကျွန်မ အရမ်းသဘောကျလို့ ဖြေးဖြေးသက်သာ ရေကူးဖြစ်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျွန်မအတွက် ကျန်းမာရေးအတွက်လည်း ကောင်းသလို စိတ်ပင်ပန်းမှုတွေလည်း သက်သာစေပါတယ်။
အချုပ်မှာ ကျွန်မ မျှဝေချင်တာကတော့ စိတ်ကို ကျန်းမာစေတဲ့ အပြုသဘောတွေးခြင်း၊ တရားထိုင်ခြင်း၊ ပူပန်သောက နည်းအောင် ကြိုးပမ်းခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း စတာတွေဟာ အရေးပါသလို ကိုယ်ခန္ဓာက အစိတ်အပိုင်းတွေကို ကျန်းမာစေမယ့် လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းတွေ၊ အားကစားတွေလည်း ပြုလုပ်ပေးဖို့လိုပါတယ်။ နည်းမှန် လမ်းမှန်နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ကလည်း အရေးကြီးပါတယ်။ နည်းမှန် လမ်းမှန်နဲ့ ပုံမှန်လေ့ကျင့်ခန်း လုပ်ဖြစ်ရင် ကျွန်မ မျှဝေခဲ့တဲ့ အကျိုးကျေးဇူး (၃)ခုလည်း ရနိုင်ပါတယ်။
လေ့ကျင့်ခန်း၊ ကိုယ်လေ့ကျင့်ခနး်တွေလုပ်လို့ ပိုပြီး ပျော်ရွှင် ကျန်းမာ ဉာဏ်ရွှင်လာမယ့် လူကြီးတွေကို မြင်ရင်းကလေးတွေလည်း သင်ယူ နိုင်မှာပါ။ လူကြီးတွေနည်းတူ ကလေးတွေကိုလည်း စိတ်ရော ကိုယ်ပါ ကျန်းမာအောင် စိတ်လေ့ကျင့်ခန်း၊ ကိုယ်လေ့ကျင့်ခန်းတွေ လုပ်ခွင့်ပေးပါ။
ကိုယ်ရော စိတ်ပါ ကျန်းမာအောင် သင်ယူနိုင်ခွင့်ရကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
References
[Zawgyi]
က်န္းမာတဲ့ လူၾကီးေတြဆီကေန က်န္းမာေရးဆုိင္ရာ အသိပညာေတြ သိဖုိ႕ လိုအပ္သလို၊ က်န္းမာဖုိ႕ ပံုမွန္ၾကိဳးစားေနထုိင္ျပျခင္းဟာ ကေလးေတြအတြက္ အထိေရာက္ဆံုး သင္ျပေပးမွဳပါပဲ။
ကေလးရွိတဲ့ မိဘေတြ၊ စာသင္ေနတဲ့ ဆရာ၊မေတြ ကိုယ္တုိင္ ပံုမွန္ လုပ္ျဖစ္ပါသလား။ ဒီေမးခြန္းရဲ႕ အေျဖက လုပ္ျဖစ္ပါတယ္ဆိုရင္ဆက္လက္လုပ္ေဆာင္ဖုိ႕ တုိက္တြန္းလိုပါတယ္၊ မလုပ္ျဖစ္ဘူးဆိုရင္ေတာ့ ဘာေၾကာင့္ ေလ့က်င့္ခန္းေတြလုပ္သင့္လဲဆိုတာ မွ်ေဝေပးခ်င္သလို ကၽြန္မ ကိုယ္ေတြ႕ ေလးေတြလည္း မွ်ေဝေပးခ်င္ပါတယ္။
အခု ေလ့က်င့္ခန္း လုပ္ဖို႕ တိုက္တြန္းမယ့္ ကၽြန္မကိုယ္တုိင္လည္း က်န္းမာဖုိ႕ ေလ့က်င့္ခနး္ပံုမွန္လုပ္ပါတယ္။ ကၽြန္မ ပံုမွန္လုပ္ျဖစ္တဲ့ ကိုယ္ခႏၶာနဲ႕ စိတ္ ေလ့က်င့္ခန္းေတြကေတာ့ ေျပးျခင္း၊ ေရကူးျခင္း၊ တရားထုိင္ျခင္း၊ လမ္းေလွ်ာက္ျခင္း၊ အျပဳသေဘာေတြးေတာျခင္း စတာေတြျဖစ္ပါတယ္။ ကၽြန္မကိုယ္တုိင္ ၾကံဳေတြ႕ခဲ့ရတဲ့ အေတြ႕အၾကံဳေတြနဲ႕ ဖတ္ထားတဲ့ စာေတြကေနရတဲ့ ဗဟုသုတေတြကိုေပါင္းစပ္မွ်ေဝပါ့မယ္။
ေလ့က်င့္ခန္းလုပ္ျခင္းက ဘာအက်ိဳးေက်းဇူးေတြရနိုင္လဲ။
၁) ေလ့က်င့္ခန္းေတြက ဦးေႏွာက္ဖြံ႕ျဖိဳးမွဳကို အေထာက္အကူျဖစ္ေစတယ္။
သုေတသနေတြ႕ရွိခ်က္ေတြမွာ ကိုယ္ခႏၶာကို လွဳပ္ရွားေလ့က်င့္ေပးျခင္းဟာ ေသြးလည္ပတ္မွုကိုေကာင္းေစတယ္၊ အက်ိဳးဆက္ကေတာ့ ဦးေႏွာက္ေသြးေၾကာ စီးဆင္းလည္ပတ္မွုကို အေထာက္ကူျပဳတဲ့အတြက္ အာရံုေၾကာေလးေတြ သန္မာဖြံ႕ျဖိဳးေစတယ္။ အာရံုေၾကာေလးေတြ သန္မာ က်န္းမာေတာ့ မွတ္ဥာဏ္တိုးတက္မွာေပါ့။ ေျပာင္းလဲေနတဲ့ ေခတ္ၾကီးမွာ အသစ္အသစ္ေတြ သင္ယူစရာေတြက တစ္ပံုၾကီးပါပဲ၊ အဲဒီ့အတြက္ သင္ယူနုိင္စြမ္း ျမွင့္ေနမွ ရမယ္။ အဲဒီ့အတြက္ အေထာက္အကူျပဳနုိင္တဲ့ ေလ့က်င့္ခန္းလုပ္သင့္တယ္။ ဒီအခ်က္ေၾကာင့္လဲ ကေလးေတြကို ေျပးလႊားေဆာ့ကစားျခင္းေတြ လုပ္ခုိင္းရတာပါ။ ကေလးေတြကို ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္ေတြ ထည့္ေပးျခင္းကလည္း ဒီအေၾကာင္းရင္းကို အဓိက ထည့္သြင္းစဥ္းစားလို႕ျဖစ္ပါတယ္။
၂) ေလ့က်င့္ခန္းေတြက စိတ္ဖိစီးမွဳေလွ်ာ့ခ်ရာမွာ အေထာက္အကူျပဳတယ္။
ေလ့က်င့္ခန္းေတြ၊ ကိုယ္လက္လွဳပ္ရွားမွဳ ျဖစ္ေစတဲ့ လုပ္ငန္းေတြဟာ ဦးေႏွာက္ထဲက Endorphins ဆိုတဲ့ ဓါတ္တစ္မ်ိဳးကို ထြက္ေစတယ္။ အဲဒီ့ဓါတ္က သဘာဝအေလ်ာက္ျဖစ္တဲ့ အကိုက္အခဲေပ်ာက္ေဆးပံုစံမ်ိဳးျဖစ္သလို အိပ္စက္ျခင္း၊ စိတ္ဖိစီးမွု ေလ်ာ့ခ်ျခင္းကိုလည္း ပံ့ပိုးေပးနုိင္စြမ္းရွိတယ္။ အဲဒီ့ Endorphinsဆိုတဲ့ဓါတ္ကို တရားထုိင္ျခင္း၊ အႏွိပ္ခံျခင္းနဲ႕ အသက္ရွဴေလ့က်င့္ခန္းေတြလုပ္ရင္လည္း ထြက္ပါတယ္။ ဒါေၾကာင့္ ျငိမ္ျငိမ္ေလး လုပ္ရတဲ့ Yogaလုိ ေလ့က်င့္ခန္းျဖစ္ျဖစ္၊ အသက္ရွဴေလ့က်င္ခန္းျဖစ္ျဖစ္၊ လွဳပ္လွဳပ္ရွားရွား အားကစားျဖစ္ျဖစ္ ကိုယ္အားသန္ရာကို ပံုမွန္လုပ္ေပးရင္ စိတ္ဖိစီးမွဳ ေလ်ာ့ခ်ဖုိ႕ အေထာက္အကူျဖစ္မွာပါ။ စိတ္ဖိစီးရင္း ဇာတ္ေၾကာေတြတင္းတာ၊ ေခါင္းေတြကိုက္တာ စတဲ့ ကိုယ္ခႏၶာမွာလည္း အခ်က္ျပတာေတြရွိပါတယ္။
၃) ေလ့က်င့္ခန္းလုပ္ျခင္းဟာ က်န္းမာေရးအတြက္ အေထာက္ကူျပဳတဲ့အျပင္ ယံုၾကည္မွဳရွိေစပါတယ္။
ေလ့က်င့္ခန္းေတြက က်န္းမာေရးအတြက္ ေကာင္းတာကေတာ့ လူတိုင္းသိျပီးသားပါ။ ထပ္ျပီး အနည္းငယ္မွ်ေဝရမယ္ဆိုရင္ အျမဲတမ္း ကိုယ္ခႏၶာဟာလွဳပ္ရွားေနျခင္းေၾကာင့္ ေသြးလည္ပတ္မွဳေကာင္းတယ္။ ေသြးထဲက Cholesterol (ကိုလက္စထေရာ)ကို ထိန္းခ်ဳပ္ေပးနုိင္တယ္၊ မလိုအပ္တဲ့ အဆီေတြကို ဖယ္ရွားနုိင္တယ္။ ႏွလံုးေရာဂါျဖစ္နုိင္ေျခေလ်ာ့ခ်နုိင္တယ္၊ အရိုး ၾကြက္သား စတဲ့ ခႏၶာကိုယ္အစိတ္အပုိင္းေတြ ပိုသန္မာေစတယ္။ ေလ့က်င့္ခန္း ပံုမွန္လုပ္တဲ့သူကေတာ့ ကိုယ့္ကိုကိုယ္ပိုယံုၾကည္မွု ရွိၾကတယ္။
ကၽြန္မကေတာ့ ေလ့က်င့္ခန္းလုပ္တဲ့အခါ စိတ္ေရာ ကိုယ္ေရာ ႏွစ္ခုလံုးကို ထည့္သြင္းစဥ္းစားပါတယ္။ ကၽြန္မ ပံုမွန္ မႏၱေလး က်ံဳးတစ္ပတ္စာေလာက္ ေျပးပါတယ္။ ေျပးတဲ့အခါ မရပ္မနား ေျပးေလ့ရွိပါတယ္။ေျပးေနတဲ့ တစ္ေလွ်ာက္လံုး ခႏၶာကိုယ္တစ္ခုလံုးကို အာရံုစိုက္ျပီး ပံုမွန္ေျပးတဲ့အတြက္ စိတ္က အျမဲတည္ျငိမ္ေနေလ့ရွိပါတယ္။ အဲဒီ့အတြက္ စိတ္က ေအးခ်မ္းသလို၊ ေျပးေနစဥ္မွာ ေျပးနည္းမွန္ေအာင္ ေျပးျပီး – ျပီးသြားတဲ့အခါ ေသခ်ာ အေၾကာေတြဘာေတြ ေလွ်ာ့ေတာ့ ခႏၶာကိုယ္လည္း သက္ေတာင့္သက္သာ ျဖစ္တယ္။ ကၽြန္မ ေရကူးတဲ့အခါလည္း အဲ့လိုပါပဲ။ သူမ်ားေတြလို ေရကို အျမန္ကူးေလ့မရွိပါဘူး။ ကၽြန္မလက္နဲ႕ ေရနဲ႕ ထိျပီး ထြက္လာတဲ့ ေရသံကို ကၽြန္မ အရမ္းသေဘာက်လို႕ ေျဖးေျဖးသက္သာ ေရကူးျဖစ္ပါတယ္။ ဒီေတာ့ ေလ့က်င့္ခန္းလုပ္ျခင္းဟာ ကၽြန္မအတြက္ က်န္းမာေရးအတြက္လည္း ေကာင္းသလို စိတ္ပင္ပန္းမွဳေတြလည္း သက္သာေစပါတယ္။
အခ်ဳပ္မွာ ကၽြန္မ မွ်ေဝခ်င္တာကေတာ့ စိတ္ကို က်န္းမာေစတဲ့ အျပဳသေဘာေတြးျခင္း၊ တရားထုိင္ျခင္း၊ ပူပန္ေသာက နည္းေအာင္ ၾကိဳးပမ္းျခင္း၊ အသက္ရွဴေလ့က်င့္ခန္းလုပ္ျခင္း စတာေတြဟာ အေရးပါသလို ကိုယ္ခႏၶာက အစိတ္အပုိင္းေတြကို က်န္းမာေစမယ့္ လွဳပ္လွဳပ္ရွားရွားေလ့က်င့္ခန္းေတြ၊ အားကစားေတြလည္း ျပဳလုပ္ေပးဖုိ႕လိုပါတယ္။ နည္းမွန္ လမ္းမွန္နဲ႕ ေလ့က်င့္ခန္းလုပ္ဖုိ႕ကလည္း အေရးၾကီးပါတယ္။ နည္းမွန္ လမ္းမွန္နဲ႕ ပံုမွန္ေလ့က်င့္ခန္း လုပ္ျဖစ္ရင္ ကၽြန္မ မွ်ေဝခဲ့တဲ့ အက်ိဳးေက်းဇူး (၃)ခုလည္း ရနုိင္ပါတယ္။
ေလ့က်င့္ခန္း၊ ကိုယ္ေလ့က်င့္ခနး္ေတြလုပ္လို႕ ပိုျပီး ေပ်ာ္ရႊင္ က်န္းမာ ဥာဏ္ရႊင္လာမယ့္ လူၾကီးေတြကို ျမင္ရင္းကေလးေတြလည္း သင္ယူ နုိင္မွာပါ။ လူၾကီးေတြနည္းတူ ကေလးေတြကိုလည္း စိတ္ေရာ ကိုယ္ပါ က်န္းမာေအာင္ စိတ္ေလ့က်င့္ခန္း၊ ကိုယ္ေလ့က်င့္ခန္းေတြ လုပ္ခြင့္ေပးပါ။
ကိုယ္ေရာ စိတ္ပါ က်န္းမာေအာင္ သင္ယူနုိင္ခြင့္ရၾကပါေစ။
ေမတၱာျဖင့္…
Sayarma-ဆရာမ
References