[Unicode]
တစ်ကမ္ဘာလုံးက ပညာရေး စနစ် တော်တော်များများမှာ ကလေးတွေကို လူတော် ဖြစ်ဖို့ စာတွေ အများကြီီး သင်ကြတယ်။ ဒါပေမယ့် လူကောင်းတွေဖြစ်ဖို့ သင်တဲ့အပိုင်းမှာ အားနည်းတယ်၊ နှလုံးသားကို ပညာသင်ဖို့ မေ့နေတယ်ဆိုတဲ့ အကြောင်း “A Force for Good”ဆိုတဲ့ Dalai Lamaဘုန်းတော်ကြီး အကြောင်း စာအုပ်မှာ ဖတ်ရတယ်။ ဒါကြောင့် တော်ပြီး ကောင်းတဲ့ လူသားလေးတွေအဖြစ် ပျိုးထောင်ရာမှာ စဉ်းစားဖို့ အချက် (၂) ချက်ကို မျှဝေချင်ပါတယ်။
၁) လူတော်ဖြစ်ဖို့ => လူတော်ဆိုတာ နယ်ပယ်တစ်ခုခုမှာ၊ ပညာရပ်တစ်ခုခုမှာ၊ အလုပ်တစ်ခုခုမှာ ကောင်းစွာ နားလည်ပြီး ထူးချွန်တဲ့သူကို ဆိုလိုတယ်လို့ ကျွန်မ မြင်တယ်။ တော်တဲ့ ကလေးတွေ အဖြစ် မြင်ဖို့ သက်ဆိုင်ရာ ဘာသာရပ်တွေနဲ့သက်ဆိုင်တဲ့ Knowledge (ဗဟုသုတ)Skill (ကျွမ်းကျင်မှု)တွေရှိဖို့လိုတယ်။ ကလေးတွေကို အချက်အလက်တွေကို ကျက်မှတ်ခိုင်းရုံနဲ့တော့ ဗဟုသုတ တွေ မှတ်သားနိုင်တဲ့ အဆင့်ကိုတောင် ကောင်းကောင်းမရောက်နိုင်ပါဘူး။ ဒါကြောင့် လူတော် ဖြစ်စေချင်ရင် – သတင်းအချက်အလက်တွေ၊ သိမှတ်စေချင်တဲ့အကြောင်းအရာတွေကို သေချာ ချိတ်ဆက် နားလည်အောင် ပံ့ပိုးပေးဖို့လိုပါတယ်။ သိနားလည်တဲ့ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေကို အသုံးပြုပြီး လက်တွေ့ဘဝမှာ လုပ်ဆောင်နိုင်ဖို့ စွမ်းရည်တွေနဲ့ အခြားဘဝမှာ လိုအပ်တဲ့ စွမ်းရည်တွေရအောင် ကူညီပံ့ပိုးပေးဖို့လိုပါတယ်။
၂) လူကောင်းဖြစ်ဖို့ => လူကောင်းဖြစ်ဖို့ Attitude ဆိုတဲ့ စိတ်နေသဘောထားက အရေးကြီးပါတယ်။ မှန်ကန်တဲ့ စိတ်နေသဘောထား ထားတတ်ဖို့ကလည်း မှန်ကန်တဲ့ အသိပညာ ဗဟုသုတတွေရှိပြီး၊ သင့်လျော်တဲ့ အလေ့အကျင့်တွေရှိမှ ဖြစ်မှာပါ။ ကလေးတွေကို စိတ်ထားကောင်းအောင် Dalai Lama မျှဝေထားတဲ့အချက်တွေ အများကြီးထဲက ၃ ချက်ကတော့ – ၁) ကိုယ့်ဘေးပတ်ဝန်းကျင်မှာ၊အတန်းထဲမှာရှိတဲ့ လူတွေ အရာဝတ္တုတွေ၊ သဘာဝတရားတွေရဲ့ တိုက်ရိုက် (သို့)သွယ်ဝိုက်ပြီး ကိုယ့်အပေါ်ကျေးဇူးပြုတာကို ပုံမှန် မျှဝေခိုင်းပါ၊ ၂) နှလုံးသားနဲ့၊ ဦးနှောက်ကို ဂရုဏာတရား၊ကိုယ်ချင်းစာတရား၊ မေတ္တာတရားရဲ့ ကြီးမားပုံကို သင်ပေးပါ၊ ၃) ကလေးတွေကို ဂရုဏာတရား၊ ကိုယ်ချင်းစာတရား၊ မေတ္တာတရားနဲ့ ဆက်ဆံပေးပါ – လို့ ဖတ်ခဲ့ရပါတယ်။ ပုံမှန် တရားထိုင်ခိုင်းခြင်း၊ သူ့နေရာမှာ ကိုယ်သာဆိုရင်….. စတဲ့ မေးခွန်းမျိုးတွေဆွေးနွေးခြင်း၊ ကလေးတွေကို နားထောင်ပေးခြင်း၊ ပြဿနာတစ်ခုခုကြုံလာရင် မျှတစွာ ငြိမ်းချမ်းစွာ ဖြေရှင်းပြခြင်း စတဲ့ လုပ်ငန်းတွေကလည်း ကလေးတွေကို လူကောင်းတွေ အဖြစ် ကြီးပြင်းကြဖို့ ပံ့ပိုးပေးမှာပါ။
လူတော်လူကောင်းဖြစ်ဖို့ ASK ကို မမေ့ပါနဲ့။ Attitude ဆိုတဲ့ စိတ်နေသဘောထားရယ်၊ Skillဆိုတဲ့ ကျွမ်းကျင်မှု/စွမ်းရည်ရယ်၊ Knowledgeဆိုတဲ့ အသိပညာ ဗဟုသုတတွေ၊ “စတူညီ” ပါဝင်နေတဲ့ ပညာရေးအခွင့်အလမ်းတွေနဲ့ ဘဝ အတွေ့အကြုံတွေကသာလျှင် ကလေးတွေကို တော်ရုံတင်မက ကောင်းသော လူကြီးတွေအဖြစ် ကြီးပြင်းစေမှာပါ။ တော်လွန်းတဲ့သူတွေ မကောင်းရင် ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ အားလုံး သိမှာပါ။ ကျွန်မကတော့ ကောင်းသောကလေးတွေကို တော်စေချင်သလို၊ တော်သောကလေးတွေကို ကောင်းစေချင်တယ်။ အုပ်ထိန်းသူ မိဘတွေနဲ့ ဆရာ၊မတွေကိုလည်း – ကိုယ်တိုင်က တော်သော ကောင်းသော သူများ ဖြစ်နေကြပြီလား ဆိုတဲ့ မေးခွန်းလေးမေးချင်ပါတယ်။ ကလေးတွေကို ဖြစ်စေချင်သလို ကိုယ်တိုင်လည်း ပို၍ ပို၍တော်သော ပို၍ ပို၍ ကောင်းသော လူကြီးတွေအဖြစ် ကလေးတွေမြင်အောင် ပြနိုင်ကြပါစေ။ ကလေးတိုင်း လူတော်လူကောင်းများ၏ သင်ကြားမှုကို ခံရပြီး လူတော်လူကောင်းများအဖြစ် ကြီးပြင်းခွင့်ရကြပါစေ။
မေတ္တာဖြင့်…….
Sayarma-ဆရာမ
Photo Credit to – https://smilepotential.com/head-heart-hands/
[Zawgyi]
တစ္ကမာၻလံုးက ပညာေရး စနစ္ ေတာ္ေတာ္မ်ားမ်ားမွာ ကေလးေတြကို လူေတာ္ ျဖစ္ဖုိ႕ စာေတြ အမ်ားၾကီီး သင္ၾကတယ္။ ဒါေပမယ့္ လူေကာင္းေတြျဖစ္ဖုိ႕ သင္တဲ့အပိုင္းမွာ အားနည္းတယ္၊ ႏွလံုးသားကို ပညာသင္ဖုိ႕ ေမ႕ေနတယ္ဆိုတဲ့ အေၾကာင္း “A Force for Good”ဆိုတဲ့ Dalai Lamaဘုန္းေတာ္ၾကီး အေၾကာင္း စာအုပ္မွာ ဖတ္ရတယ္။ ဒါေၾကာင့္ ေတာ္ျပီး ေကာင္းတဲ့ လူသားေလးေတြအျဖစ္ ပ်ိဳးေထာင္ရာမွာ စဥ္းစားဖုိ႕ အခ်က္ (၂) ခ်က္ကို မွ်ေဝခ်င္ပါတယ္။
၁) လူေတာ္ျဖစ္ဖုိ႕ => လူေတာ္ဆိုတာ နယ္ပယ္တစ္ခုခုမွာ၊ ပညာရပ္တစ္ခုခုမွာ၊ အလုပ္တစ္ခုခုမွာ ေကာင္းစြာ နားလည္ျပီး ထူးခၽြန္တဲ့သူကို ဆိုလုိတယ္လို႕ ကၽြန္မ ျမင္တယ္။ ေတာ္တဲ့ ကေလးေတြ အျဖစ္ ျမင္ဖုိ႕ သက္ဆုိင္ရာ ဘာသာရပ္ေတြနဲ႕သက္ဆုိင္တဲ့ Knowledge (ဗဟုသုတ)Skill (ကၽြမ္းက်င္မွဳ)ေတြရွိဖုိ႕လိုတယ္။ ကေလးေတြကို အခ်က္အလက္ေတြကို က်က္မွတ္ခုိင္းရံုနဲ႕ေတာ့ ဗဟုသုတ ေတြ မွတ္သားနုိင္တဲ့ အဆင့္ကုိေတာင္ ေကာင္းေကာင္းမေရာက္နုိင္ပါဘူး။ ဒါေၾကာင့္ လူေတာ္ ျဖစ္ေစခ်င္ရင္ – သတင္းအခ်က္အလက္ေတြ၊ သိမွတ္ေစခ်င္တဲ့အေၾကာင္းအရာေတြကို ေသခ်ာ ခ်ိတ္ဆက္ နားလည္ေအာင္ ပံ့ပိုးေပးဖုိ႕လိုပါတယ္။ သိနားလည္တဲ့ သတင္းအခ်က္အလက္ေတြ၊ ဗဟုသုတေတြကို အသံုးျပဳျပီး လက္ေတြ႕ဘဝမွာ လုပ္ေဆာင္နုိင္ဖုိ႕ စြမ္းရည္ေတြနဲ႕ အျခားဘဝမွာ လိုအပ္တဲ့ စြမ္းရည္ေတြရေအာင္ ကူညီပံ့ပိုးေပးဖုိ႕လုိပါတယ္။
၂) လူေကာင္းျဖစ္ဖုိ႕ => လူေကာင္းျဖစ္ဖုိ႕ Attitude ဆိုတဲ့ စိတ္ေနသေဘာထားက အေရးၾကီးပါတယ္။ မွန္ကန္တဲ့ စိတ္ေနသေဘာထား ထားတတ္ဖုိ႕ကလည္း မွန္ကန္တဲ့ အသိပညာ ဗဟုသုတေတြရွိျပီး၊ သင့္ေလ်ာ္တဲ့ အေလ့အက်င့္ေတြရွိမွ ျဖစ္မွာပါ။ ကေလးေတြကို စိတ္ထားေကာင္းေအာင္ Dalai Lama မွ်ေဝထားတဲ့အခ်က္ေတြ အမ်ားၾကီးထဲက ၃ ခ်က္ကေတာ့ – ၁) ကိုယ့္ေဘးပတ္ဝန္းက်င္မွာ၊အတန္းထဲမွာရွိတဲ့ လူေတြ အရာဝတၱဳေတြ၊ သဘာဝတရားေတြရဲ႕ တုိက္ရိုက္ (သို႕)သြယ္ဝုိက္ျပီး ကိုယ့္အေပၚေက်းဇူးျပဳတာကို ပံုမွန္ မွ်ေဝခုိင္းပါ၊ ၂) ႏွလံုးသားနဲ႕၊ ဦးေႏွာက္ကို ဂရုဏာတရား၊ကိုယ္ခ်င္းစာတရား၊ ေမတၱာတရားရဲ႕ ၾကီးမားပံုကို သင္ေပးပါ၊ ၃) ကေလးေတြကို ဂရုဏာတရား၊ ကိုယ္ခ်င္းစာတရား၊ ေမတၱာတရားနဲ႕ ဆက္ဆံေပးပါ – လို႕ ဖတ္ခဲ့ရပါတယ္။ ပံုမွန္ တရားထုိင္ခုိင္းျခင္း၊ သူ႕ေနရာမွာ ကိုယ္သာဆိုရင္….. စတဲ့ ေမးခြန္းမ်ိဳးေတြေဆြးေႏြးျခင္း၊ ကေလးေတြကို နားေထာင္ေပးျခင္း၊ ျပႆနာတစ္ခုခုၾကံဳလာရင္ မွ်တစြာ ျငိမ္းခ်မ္းစြာ ေျဖရွင္းျပျခင္း စတဲ့ လုပ္ငန္းေတြကလည္း ကေလးေတြကို လူေကာင္းေတြ အျဖစ္ ၾကီးျပင္းၾကဖို႕ ပံ့ပိုးေပးမွာပါ။
လူေတာ္လူေကာင္းျဖစ္ဖုိ႕ ASK ကို မေမ႕ပါနဲ႕။ Attitude ဆိုတဲ့ စိတ္ေနသေဘာထားရယ္၊ Skillဆိုတဲ့ ကၽြမ္းက်င္မွု/စြမ္းရည္ရယ္၊ Knowledgeဆိုတဲ့ အသိပညာ ဗဟုသုတေတြ၊ “စတူညီ” ပါဝင္ေနတဲ့ ပညာေရးအခြင့္အလမ္းေတြနဲ႕ ဘဝ အေတြ႕အၾကံဳေတြကသာလွ်င္ ကေလးေတြကို ေတာ္ရံုတင္မက ေကာင္းေသာ လူၾကီးေတြအျဖစ္ ၾကီးျပင္းေစမွာပါ။ ေတာ္လြန္းတဲ့သူေတြ မေကာင္းရင္ ဘယ္ေလာက္ ေၾကာက္စရာေကာင္းလဲဆိုတာ အားလံုး သိမွာပါ။ ကၽြန္မကေတာ့ ေကာင္းေသာကေလးေတြကို ေတာ္ေစခ်င္သလို၊ ေတာ္ေသာကေလးေတြကို ေကာင္းေစခ်င္တယ္။ အုပ္ထိန္းသူ မိဘေတြနဲ႕ ဆရာ၊မေတြကိုလည္း – ကိုယ္တုိင္က ေတာ္ေသာ ေကာင္းေသာ သူမ်ား ျဖစ္ေနၾကျပီလား ဆိုတဲ့ ေမးခြန္းေလးေမးခ်င္ပါတယ္။ ကေလးေတြကို ျဖစ္ေစခ်င္သလို ကိုယ္တုိင္လည္း ပို၍ ပုိ၍ေတာ္ေသာ ပို၍ ပို၍ ေကာင္းေသာ လူၾကီးေတြအျဖစ္ ကေလးေတြျမင္ေအာင္ ျပနုိင္ၾကပါေစ။ ကေလးတုိင္း လူေတာ္လူေကာင္းမ်ား၏ သင္ၾကားမွဳကို ခံရျပီး လူေတာ္လူေကာင္းမ်ားအျဖစ္ ၾကီးျပင္းခြင့္ရၾကပါေစ။
ေမတၱာျဖင့္…….
Sayarma-ဆရာမ Photo Credit to – https://smilepotential.com/head-heart-hands/