[Unicode]
အခုဖတ်ရမယ့် ဖင်လန်နိုင်ငံ ပညာရေးအကြောင်းဟာ ကျွန်မကိုယ်တိုင် ဖင်လန်နိုင်ငံမှာ ၅ ရက်တာ သွားရောက် လေ့လာခဲ့တဲ့အပေါ်မှာ မူတည်ပါတယ်။ ကျွန်မ ကျောင်းတစ်ကျောင်းကို သွားလေ့လာခဲ့ပါတယ်။ လက်ရှိ အလုပ်ဝင်နေတဲ့ ဆရာ၊မတွေ ကျောင်းအုပ်တွေနဲ့ တွေ့ခဲ့သလို ကျွန်မမိတ်ဆွေ အငြိမ်းစား ကျောင်းဆရာမတွေ၊ ကျောင်းအုပ်တွေနဲ့ တွေ့ပြီး စကားပြောခဲ့တဲ့အပေါ်မှာ အခြေခံပြီး ကျွန်မ လေ့လာခဲ့ရတာတွေအများကြီးထဲက (၅)ချက်ကို ဝေမျှပါ့မယ်။ ဖတ်ပြီးတဲ့အခါ ဘယ်အချက်ကို သဘောအကျဆုံးလဲဆိုတာ မျှဝေပေးပါဦး။
၁) ကျောင်း = အိမ်
ကျွန်မကို ကျောင်းလိုက်ပို့တဲ့မိတ်ဆွေက ပြောတယ်၊ ဒီအိမ်မှာ သူဘယ်လို အလုပ်လုပ်ခဲ့တယ်၊ ဒီအိမ်က တော်တော်ကောင်းတယ် စသဖြင့်ပေါ့။ အဲဒါနဲ့ ကျွန်မကလည်း ဘာလို့ ဒီကျောင်းကို ဒီအိမ်လို့ သုံးတာလဲလို့ မေးလိုက်တယ်။ လူသားတစ်ယောက်ဖြစ်လာရင် အနွေးထွေးဆုံးဖြစ်နိုင်တာက အိမ်ပဲ။ အိမ်မှာ ကိုယ့်ကို ချစ်တဲ့သူတွေရှိပြီး ကိုယ့့်စိတ်ကြိုက်ပံ့ပိုးပေးမယ့်သူတွေ၊ နားလည်ပေးမယ့်သူတွေလည်းရှိတယ်။ ကလေးတွေဟာ ကျောင်းကိုလာတဲ့အခါ နွေးထွေးတဲ့ ပျော်စရာကောင်းတဲ့ သူတို့ကိုချစ်တဲ့ အိမ်ကို လာသလိုပဲ ဖြစ်ဖို့ အရေးကြီးတယ်။ အဲဒီလို ခံစားရရင် သူတို့ ထိရောက်စွာ သင်ယူနိုင်မယ်တဲ့။ အထူးသဖြင့် ၇ နှစ်အောက် အရွယ် အတန်းလေးတွေ (မူကြို) မှာဆိုရင် စာသင်ခန်းဆိုတာထက် အိမ်ခန်းလေးနဲ့တူတယ်။ အတန်းတိုင်းမှာ ဆိုဖာခုံလေးတွေရှိတယ်၊ စာဖတ်ရတဲ့ ထောင့်နေရာလေးတွေရှိတယ်၊ ကလေးတွေကလည်း မဆူမညံပဲ သူ့ဖာသာဆော့ကစားနေတာတွေ့ခဲ့ရတယ်။ ကျောင်းဝတ်ဆုံလည်း မရှိဘူး။ အားလုံးက သူတို့အတွက် သက်တောင့်သက်သာဖြစ်မယ့် ဝတ်စုံကို ဝတ်လာခွင့်ရှိတယ်။
၂) ကိုယ်ချင်းစာတရား = ဆူညံမှုမရှိ တက်ကြွစွာ သင်ယူခြင်း
ဖင်လန််နိုင်ငံ ရဲ့ ပညာရေးမှာ ဂုဏ်ယူကြတဲ့ အချက်က ကလေးတွေကို လွတ်လပ်ခွင့်ပေးခြင်းပါပဲ။ ကလေးတွေရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ စိတ်အခြေအနေ၊ ခံစားချက်၊ အတွေးအခေါ်တွေကို လွတ်လပ်စွာ ဖေါ်ထုတ်ခွင့်ပြုတယ်၊ အဲဒီ့အချက်တွေနဲ့ ကိုက်ညီတဲ့ သင်ယူမှုလုပ်ငန်းကို ပေးတယ်။ အဲဒီ့မှာ ကလေးတွေ လုပ်ချင်ရာလုပ်နေလို့ ဆူညံပွက်လောရိုက်နေတာမျိုးမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကလေးတွေကို ကိုယ်ပိုင်ခံစားချက်၊လုပ်ဆောင်ချင်စိတ်ဟာ အရေးပါသလို အခြားသူတွေရဲ့ သင်ယူမှုနဲ့ စိတ်ခံစားချက်ကလည်း အရေးပါတာမို့ ကိုယ့်ကြောင့် အခြားသူကို အနှောင့်ယှက်မဖြစ်ရအောင် နေရပါတယ်။ ကျွန်မ ဝင်သွားတဲ့ အတန်းတွေထဲမှာဆိုရင် ကလေးတွေက သူ့အဖွဲ့လေးတွေနဲ့သူ ကစားနေကြတာတွေလည်းရှိတယ်။ သူတို့ဖာသာ အသံကို ငြိမ်ငြိမ်လေးနဲ့ ကစားချင်တဲ့ ကစားနည်းကို ရွေးချယ်ပြီး ကစားကြတယ်။ ဆရာမက အတန်းတစ်နေရာကနေ အားလုံးကို ကြည့်နေတယ်။ လိုအပ်ရင် ကူညီပေးနိုင်ဖို့အတွက်လို့ပြောပါတယ်။
၃) ခေါင်းစဉ် အခြေပြုသင်ယူနည်း = သင်ယူစရာနေရာတိုင်းမှာ ရှာတွေ့နိုင်ခြင်း
Theme Based Learning / Project Based Learning ဆိုပြီး အမျိုးမျိုးခေါ်ကြတဲ့ ခေါင်းစဉ် အခြေပြု သင်ယူနည်းကို အသုံးပြုကြပါတယ်။ ဒီနည်းက ဘာလဲဆိုရင် – ခေါင်းစဉ်တစ်ခုအပေါ် အခြေခံပြီး ဆက်စပ်လို့ရတဲ့ ဘာသာရပ်တွေကို ပေါင်းစပ်သင်ကြားခြင်းပါ။ ဥပမာ – ရွေးချယ်တဲ့ ခေါင်းစဉ်က လက်ဖက်ရည် ဆိုပါစို့။ ဒါဆို လက်ဖက်ရည် ကို တိုင်းတာနိုင်မယ့် ml , l စတဲ့ တိုင်းတာခြင်းတွေသင်လို့ရသလို၊ လက်ဖက်ရည် တစ်ခွက် တန်ဖိုးအခြေပြုပြီး နောက်ကွယ်က ကုန်ကျတဲ့ လုပ်အားခ၊ ကုန်သွယ်စရိတ်စတဲ့ စီးပွါးရေးသမားတစ်ယောက်တွက်ချက်မယ့် အရာတွေကို တွက်ချက်ပုံတွေလေ့လာတယ်။ နောက် လက်ဖက်ရည်ရဲ့ အရင်းမြစ်ဖြစ်တဲ့ လက်ဖက်ပင်ရဲ့ သဘာဝတွေ၊ လိုအပ်တဲ့ ရာသီဥတုတွေ၊ စိုက်ပျိုးပုံတွေ စတာတွေကို သင်ကြားတယ်။ ဒါမှမဟုတ် တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီတဲ့ လက်ဖက်ရည် အကြောင်းတွေလေ့လာတာမျိုးပေါ့။ ခေါင်းစဉ်တစ်ခုကနေ ဘာသာမျိုးစုံကို ချိတ်ဆက်လေ့လာခြင်းဖြစ်တဲ့အတွက် ကလေးတွေ ကျောင်းပြီးသွားရင်တောင် အကြောင်းအရာအမျိုးမျိုးကို ချိတ်ဆက်စဉ်းစားတတ်လာတယ်။ သင်ယူစရာဟာ ကျောင်း သို့မဟုတ် သင်တန်းမှာတင်မဟုတ်ဘဲ နေ့စဉ်ဘဝထဲကလည်း ချိတ်ဆက်ရှာဖွေတတ်လာတယ်။
၄) မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်းလုပ်ဆောင်ခြင်း = ထိရောက်သော သင်ယူမှု ဖြစ်မြောက်စေခြင်း
ကျောင်းတစ်ကျောင်းမှာ ကလေးတစ်ယောက်ရဲ့ နှစ်စဉ် မှတ်တမ်းရှိပါတယ်။ ကလေးရဲ့ တစ်နှစ်တာ တိုးတက်မှု၊ လုပ်ဆောင်မှုတွေကို မှတ်တမ်းတင်ထားတဲ့ Portfolio ရှိတယ်။ တစ်နှစ်ပြီးလို့ နောက်တစ်နှစ်မှာ ဆရာမ ပြောင်းသွားရင် အသစ်ဝင်လာတဲ့ ဆရာမကို ကလေးရဲ့ Portfolioတွေ ပေးဖတ်တယ်၊ ဆရာမက ကလေးတွေရဲ့ နှစ်အလိုက် ပြောင်းလဲလာတဲ့ ပြောင်းလဲမှုတွေကို သိရှိနေရတယ်။ အဲဒီ့ မှတ်တမ်းတွေကိုလည်း မိဘတွေက သိခွင့်ရတယ်။ Portfolioထဲမှာ ကလေးတွေရဲ့ လုပ်ဆောင်ချက်တွေအပြင်၊ သူတို့ကိုယ်တိုင် သုံးသပ်ထားတဲ့ သူတို့ရဲ့ သင်ယူမှုတွေနဲ့ သူတို့ သူငယ်ချင်းတွေ အချင်းချင်း အပြန်အလှန် သုံးသပ်ထားတဲ့ အရာတွေလည်း ထည့်သွင်းပေးထားပါတယ်။ တစ်နှစ်ကို ၂ ခါ အနည်းဆုံး မိဘ၊ ဆရာ၊ ကျောင်းသား တွေ့ဆုံရတယ်။ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ မိဘတိုင်းနဲ့ ဆရာမက တွေ့ရတယ်။ တွေ့တဲ့အခါ ကလေးက သူအချိန်တိုင်းတာတစ်ခုအတွင်းမှာ သင်ယူတတ်မြောက်ပြီးခဲ့တာတွေကို သူကြိုက်တဲ့ပုံစံနဲ့ မိဘတွေကို ဆရာမရှေ့မှာ ရှင်းပြတယ်။ ကျွန်မလေ့လာခဲ့တဲ့ ကျောင်းကကလေးတွေဆိုရင် ပထမတန်းအရွယ်ကစပြီး Powerpointနဲ့ သူတို့ရဲ့ သင်ယူမှုတွေကို မိဘတွေကို ပြောပြကြသတဲ့။ ကလေးတွေရဲ့ လိုအပ်တာတွေကိုတော့ ဆရာမတွေက ကူညီပေးတယ်ပြောပါတယ်။ ကလေးတွေပြောပြီးယုံတင်မကဘူး၊ ဆရာမတွေကလည်း ကလေးတစ်ဦးချင်းစီအတွက် သုံးသပ်လွှာ မှတ်တမ်းကို အသေးစိတ်ရေးရပါသေးတယ်။ ကျွန်မ အမြင်မှာတော့ သင်ယူမှုဟာ ဆရာမရဲ့ တာဝန်တစ်ခုထဲမဟုတ်ဘဲ၊ ကျောင်းသား၊ မိဘ၊ သူငယ်ချင်းနဲ့ ဆရာမ အားလုံးမျှဝေယူကြတဲ့ တာဝန်ဖြစ်ကြတယ်။
၅) ပညာရေး တာဝန်ရှိသူများအကြား ဆက်သွယ်ပုံ = မျှတ ရိုးရှင်းသော ဆက်သွယ်မှုပုံစံ
ပညာရေးရုံးက ဝန်ထမ်းတွေနဲ့ လက်တွေ့သင်ကြားနေတဲ့ ဆရာ၊မတွေ၊ ကျောင်းအုပ်တွေ အကြားဆက်ဆံပုံလေးကတော့ အလွန်ရိုးရှင်းပါတယ်။ ကျွန်မတို့ နိုင်ငံလို စာရွက်စာတမ်းတွေ၊ လက်မှတ်တွေနဲ့ လုပ်နေတာထက် အီးမေးလ်ကိုပဲ အသုံးပြုပါတယ်။ ဖင်လန်နိုင်ငံမှာ ဖင်န်စကားပြောကျောင်းနဲ့ ဆွီဒင်စကားပြောကျောင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီ့တော့ ပညာရေးရုံးမှာ ဖင်န်စကားပြောကျောင်းတွေကိုအဓိကကြီးကြပ်သူနဲ့ ဆွီဒင်စကားပြောကျောင်းတွေကို အဓိကကြီးကြပ်သူနှစ်ယောက်ထားပါတယ်။ ကိုယ့်ပြည်နယ်မှာရှိတဲ့ ကျောင်းတွေအားလုံးရဲ့ ကျောင်းအုပ်တွေရဲ့ Email (အီးမေးလ်)တွေကို အဖွဲ့လိုက်မှတ်ထားပါတယ်။ ကြေငြာစရာတစ်ခုရှိရင် အီးမေးလ်ပို့ပါတယ်။ ဒါပါပဲ။ အခွင့်အရေးတွေလည်း တန်းတူရပါတယ်။ ဆိုလိုတာကတော့ Helsinkiမြို့မှာ ကျောင်းတွေအတွက် သုံးဖို့ ဘဏ္ဍာငွေ ယူရို တစ်သောင်းရှိတယ်ဆိုပါတော့။ အဲဒီ့ငွေကို ကျောင်းဥယျာဉ်အတွက် အသုံးချခွင့်ပေးမယ်ဆိုရင် ၁၀ ကျောင်းစာ ကာမိမယ်ပေါ့။ ဒါဆို သူတို့က အီးမေးလ်ထဲမှာ တစ်ခါတည်းရေးပါတယ် – ငွေကတော့ တစ်သောင်းရှိတယ်၊ ကျောင်းတစ်ကျောင်းကို တစ်ထောင်နှုန်းနဲ့ ဆယ်ကျောင်းစာရမယ်။ စိုက်ပျိုးရေးအတွက်သုံးရမယ်။ စိတ်ဝင်စားရင် လျှောက်ပါ။
သူတို့က လျှောက်လွှာတင်တဲ့ ကျောင်းတွေကိုပဲ ရွေးချယ်တယ်။ ကျောင်းဖွံ့ဖြိုးရေးအတွက် အခြားအဖွဲ့အစည်းတွေကိုလည်း အီးမေးလ်တွေပေးထားတယ်။ ဒါကြောင့် ကျောင်းတိုင်းက တန်းတူအခွင့်အရေးရပြီး အခွင့်အရေးကို အမိအရဖမ်းယူနိုင်တဲ့ ကျောင်းက ပိုသာသွားတာပေါ့။ ကျောင်းဖွံ့ဖြိုးရေးသည် ကျောင်းအုပ်တွေမှာလည်း တာဝန်ရှိတဲ့အပြင် အခြားပါဝင်နေသူတွေလည်း ရှိတဲ့အတွက် အားလုံးက ကိုယ့်ကျောင်းတိုးတက်ရေးအတွက် အမြဲ မျက်စိဖွင့် နားစွင့်နေရတယ်။ ကလေးတိုင်းပညာရည်ပြည့်ဝဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ခံယူကြတာကိုမြင်ခဲ့ရတယ်။
ကျွန်မရဲ့ လေ့လာခွင့်ရခဲ့တဲ့ခဏတာ အချိန်လေးမှာ ကျွန်မက တော့ ဖင်လန်နိုင်ငံရဲ့ ပညာရေးစနစ်က ကျွန်မတို့လိုချင်တဲ့ လူသားဆန်မှုရှိနေတယ်လို့မြင်တယ်။ လူသားတွေကို စက်ရုပ်တွေလို ကြက်တူရွေးတွေလို ဆက်ဆံတာထက် မတူညီတဲ့ လူသားတိုင်းရဲ့ အရေးပါမှုကို လက်ခံပြီး တန်ဖိုးထား အလေးထားတယ်။ သင်ယူမှုကို အဓိကထားပြီး ရိုးရှင်းစွာ လုပ်ဆောင်တယ်လို့ မြင်တယ်။ ကလေးအရွယ်မှာပဲ ရနိုင်တဲ့ လွတ်လပ်စွာ ပျော်ရွှင်မှု၊ လှုပ်ရှားဆော့ကစားလိုမှု၊ စူးစမ်းလေ့လာချင်စိတ်၊ သင်ယူမျှဝေနိုင်စွမ်းတွေကို အထိရောက်ဆုံး ခွင့်ပေးပြီး ပံ့ပိုးပေးထားတာကိုလည်း သဘောကျမိတယ်။ ကျွန်မရဲ့ ကလေးတွေကိုလည်း လူသားဆန်စွာ ဆက်ဆံပြီးကူညီပံ့ပိုးပေးမယ့် ပညာရေးစနစ်မှာ ကြီးပြင်းစေချင်မိတယ်။
မေတ္တာဖြင့်……
Sayarma-ဆရာမ
[Zawgyi]
အခုဖတ္ရမယ့္ ဖင္လန္နုိင္ငံ ပညာေရးအေၾကာင္းဟာ ကၽြန္မကိုယ္တိုင္ ဖင္လန္နုိင္ငံမွာ ၅ ရက္တာ သြားေရာက္ ေလ့လာခဲ့တဲ့အေပၚမွာ မူတည္ပါတယ္။ ကၽြန္မ ေက်ာင္းတစ္ေက်ာင္းကို သြားေလ့လာခဲ့ပါတယ္။ လက္ရွိ အလုပ္ဝင္ေနတဲ့ ဆရာ၊မေတြ ေက်ာင္းအုပ္ေတြနဲ႕ ေတြ႕ခဲ့သလို ကၽြန္မမိတ္ေဆြ အျငိမ္းစား ေက်ာင္းဆရာမေတြ၊ ေက်ာင္းအုပ္ေတြနဲ႕ ေတြ႕ျပီး စကားေျပာခဲ့တဲ့အေပၚမွာ အေျခခံျပီး ကၽြန္မ ေလ့လာခဲ့ရတာေတြအမ်ားၾကီးထဲက (၅)ခ်က္ကို ေဝမွ်ပါ့မယ္။ ဖတ္ျပီးတဲ့အခါ ဘယ္အခ်က္ကို သေဘာအက်ဆံုးလဲဆိုတာ မွ်ေဝေပးပါဦး။
၁) ေက်ာင္း = အိမ္
ကၽြန္မကို ေက်ာင္းလိုက္ပို႕တဲ့မိတ္ေဆြက ေျပာတယ္၊ ဒီအိမ္မွာ သူဘယ္လို အလုပ္လုပ္ခဲ့တယ္၊ ဒီအိမ္က ေတာ္ေတာ္ေကာင္းတယ္ စသျဖင့္ေပါ့။ အဲဒါနဲ႕ ကၽြန္မကလည္း ဘာလို႕ ဒီေက်ာင္းကို ဒီအိမ္လို႕ သံုးတာလဲလို႕ ေမးလုိက္တယ္။ လူသားတစ္ေယာက္ျဖစ္လာရင္ အေႏြးေထြးဆံုးျဖစ္နုိင္တာက အိမ္ပဲ။ အိမ္မွာ ကိုယ့္ကို ခ်စ္တဲ့သူေတြရွိျပီး ကိုယ့့္စိတ္ၾကိုက္ပံ့ပိုးေပးမယ့္သူေတြ၊ နားလည္ေပးမယ့္သူေတြလည္းရွိတယ္။ ကေလးေတြဟာ ေက်ာင္းကိုလာတဲ့အခါ ေႏြးေထြးတဲ့ ေပ်ာ္စရာေကာင္းတဲ့ သူတို႕ကိုခ်စ္တဲ့ အိမ္ကို လာသလိုပဲ ျဖစ္ဖုိ႕ အေရးၾကီးတယ္။ အဲဒီလို ခံစားရရင္ သူတို႕ ထိေရာက္စြာ သင္ယူနုိင္မယ္တဲ့။ အထူးသျဖင့္ ၇ ႏွစ္ေအာက္ အရြယ္ အတန္းေလးေတြ (မူၾကိဳ) မွာဆိုရင္ စာသင္ခန္းဆိုတာထက္ အိမ္ခန္းေလးနဲ႕တူတယ္။ အတန္းတုိင္းမွာ ဆိုဖာခံုေလးေတြရွိတယ္၊ စာဖတ္ရတဲ့ ေထာင့္ေနရာေလးေတြရွိတယ္၊ ကေလးေတြကလည္း မဆူမညံပဲ သူ႕ဖာသာေဆာ့ကစားေနတာေတြ႕ခဲ့ရတယ္။ ေက်ာင္းဝတ္ဆံုလည္း မရွိဘူး။ အားလံုးက သူတို႕အတြက္ သက္ေတာင့္သက္သာျဖစ္မယ့္ ဝတ္စံုကို ဝတ္လာခြင့္ရွိတယ္။
၂) ကိုယ္ခ်င္းစာတရား = ဆူညံမွဳမရွိ တက္ၾကြစြာ သင္ယူျခင္း
ဖင္လန္္နုိင္ငံ ရဲ႕ ပညာေရးမွာ ဂုဏ္ယူၾကတဲ့ အခ်က္က ကေလးေတြကို လြတ္လပ္ခြင့္ေပးျခင္းပါပဲ။ ကေလးေတြရဲ႕ လက္ရွိျဖစ္ပ်က္ေနတဲ့ စိတ္အေျခအေန၊ ခံစားခ်က္၊ အေတြးအေခၚေတြကို လြတ္လပ္စြာ ေဖၚထုတ္ခြင့္ျပဳတယ္၊ အဲဒီ့အခ်က္ေတြနဲ႕ ကိုက္ညီတဲ့ သင္ယူမွဳလုပ္ငန္းကို ေပးတယ္။ အဲဒီ့မွာ ကေလးေတြ လုပ္ခ်င္ရာလုပ္ေနလို႕ ဆူညံပြက္ေလာရိုက္ေနတာမ်ိဳးမရွိပါဘူး။ ဘာလို႕လဲဆိုေတာ့ ကေလးေတြကို ကိုယ္ပုိင္ခံစားခ်က္၊လုပ္ေဆာင္ခ်င္စိတ္ဟာ အေရးပါသလို အျခားသူေတြရဲ႕ သင္ယူမွဳနဲ႕ စိတ္ခံစားခ်က္ကလည္း အေရးပါတာမို႕ ကိုယ့္ေၾကာင့္ အျခားသူကို အေႏွာင့္ယွက္မျဖစ္ရေအာင္ ေနရပါတယ္။ ကၽြန္မ ဝင္သြားတဲ့ အတန္းေတြထဲမွာဆိုရင္ ကေလးေတြက သူ႕အဖြဲ႕ေလးေတြနဲ႕သူ ကစားေနၾကတာေတြလည္းရွိတယ္။ သူတို႕ဖာသာ အသံကို ျငိမ္ျငိမ္ေလးနဲ႕ ကစားခ်င္တဲ့ ကစားနည္းကို ေရြးခ်ယ္ျပီး ကစားၾကတယ္။ ဆရာမက အတန္းတစ္ေနရာကေန အားလံုးကို ၾကည့္ေနတယ္။ လိုအပ္ရင္ ကူညီေပးနုိင္ဖုိ႕အတြက္လို႕ေျပာပါတယ္။
၃) ေခါင္းစဥ္ အေျချပဳသင္ယူနည္း = သင္ယူစရာေနရာတိုင္းမွာ ရွာေတြ႕နုိင္ျခင္း
Theme Based Learning / Project Based Learning ဆိုျပီး အမ်ိဳးမ်ိဳးေခၚၾကတဲ့ ေခါင္းစဥ္ အေျချပဳ သင္ယူနည္းကို အသံုးျပဳၾကပါတယ္။ ဒီနည္းက ဘာလဲဆိုရင္ – ေခါင္းစဥ္တစ္ခုအေပၚ အေျခခံျပီး ဆက္စပ္လို႕ရတဲ့ ဘာသာရပ္ေတြကို ေပါင္းစပ္သင္ၾကားျခင္းပါ။ ဥပမာ – ေရြးခ်ယ္တဲ့ ေခါင္းစဥ္က လက္ဖက္ရည္ ဆိုပါစို႕။ ဒါဆို လက္ဖက္ရည္ ကို တုိင္းတာနုိင္မယ့္ ml , l စတဲ့ တုိင္းတာျခင္းေတြသင္လို႕ရသလို၊ လက္ဖက္ရည္ တစ္ခြက္ တန္ဖိုးအေျချပဳျပီး ေနာက္ကြယ္က ကုန္က်တဲ့ လုပ္အားခ၊ ကုန္သြယ္စရိတ္စတဲ့ စီးပြါးေရးသမားတစ္ေယာက္တြက္ခ်က္မယ့္ အရာေတြကို တြက္ခ်က္ပံုေတြေလ့လာတယ္။ ေနာက္ လက္ဖက္ရည္ရဲ႕ အရင္းျမစ္ျဖစ္တဲ့ လက္ဖက္ပင္ရဲ႕ သဘာဝေတြ၊ လိုအပ္တဲ့ ရာသီဥတုေတြ၊ စိုက္ပ်ိဳးပံုေတြ စတာေတြကို သင္ၾကားတယ္။ ဒါမွမဟုတ္ တစ္နုိင္ငံနဲ႕တစ္နုိင္ငံ မတူညီတဲ့ လက္ဖက္ရည္ အေၾကာင္းေတြေလ့လာတာမ်ိဳးေပါ့။ ေခါင္းစဥ္တစ္ခုကေန ဘာသာမ်ိဳးစံုကို ခ်ိတ္ဆက္ေလ့လာျခင္းျဖစ္တဲ့အတြက္ ကေလးေတြ ေက်ာင္းျပီးသြားရင္ေတာင္ အေၾကာင္းအရာအမ်ိဳးမ်ိဳးကို ခ်ိတ္ဆက္စဥ္းစားတတ္လာတယ္။ သင္ယူစရာဟာ ေက်ာင္း သို႕မဟုတ္ သင္တန္းမွာတင္မဟုတ္ဘဲ ေန႕စဥ္ဘဝထဲကလည္း ခ်ိတ္ဆက္ရွာေဖြတတ္လာတယ္။
၄) မိဘ၊ ဆရာ၊ ေက်ာင္းသား ပူးေပါင္းလုပ္ေဆာင္ျခင္း = ထိေရာက္ေသာ သင္ယူမွဳ ျဖစ္ေျမာက္ေစျခင္း
ေက်ာင္းတစ္ေက်ာင္းမွာ ကေလးတစ္ေယာက္ရဲ႕ ႏွစ္စဥ္ မွတ္တမ္းရွိပါတယ္။ ကေလးရဲ႕ တစ္ႏွစ္တာ တိုးတက္မွဳ၊ လုပ္ေဆာင္မွဳေတြကို မွတ္တမ္းတင္ထားတဲ့ Portfolio ရွိတယ္။ တစ္ႏွစ္ျပီးလို႕ ေနာက္တစ္ႏွစ္မွာ ဆရာမ ေျပာင္းသြားရင္ အသစ္ဝင္လာတဲ့ ဆရာမကို ကေလးရဲ႕ Portfolioေတြ ေပးဖတ္တယ္၊ ဆရာမက ကေလးေတြရဲ႕ ႏွစ္အလုိက္ ေျပာင္းလဲလာတဲ့ ေျပာင္းလဲမွဳေတြကို သိရွိေနရတယ္။ အဲဒီ့ မွတ္တမ္းေတြကိုလည္း မိဘေတြက သိခြင့္ရတယ္။ Portfolioထဲမွာ ကေလးေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြအျပင္၊ သူတို႕ကိုယ္တုိင္ သံုးသပ္ထားတဲ့ သူတုိ႕ရဲ႕ သင္ယူမွဳေတြနဲ႕ သူတို႕ သူငယ္ခ်င္းေတြ အခ်င္းခ်င္း အျပန္အလွန္ သံုးသပ္ထားတဲ့ အရာေတြလည္း ထည့္သြင္းေပးထားပါတယ္။ တစ္ႏွစ္ကို ၂ ခါ အနည္းဆံုး မိဘ၊ ဆရာ၊ ေက်ာင္းသား ေတြ႕ဆံုရတယ္။ ေက်ာင္းသားတစ္ေယာက္ခ်င္းစီရဲ႕ မိဘတုိင္းနဲ႕ ဆရာမက ေတြ႕ရတယ္။ ေတြ႕တဲ့အခါ ကေလးက သူအခ်ိန္တိုင္းတာတစ္ခုအတြင္းမွာ သင္ယူတတ္ေျမာက္ျပီးခဲ့တာေတြကို သူၾကိဳက္တဲ့ပံုစံနဲ႕ မိဘေတြကို ဆရာမေရွ႕မွာ ရွင္းျပတယ္။ ကၽြန္မေလ့လာခဲ့တဲ့ ေက်ာင္းကကေလးေတြဆိုရင္ ပထမတန္းအရြယ္ကစျပီး Powerpointနဲ႕ သူတို႕ရဲ႕ သင္ယူမွဳေတြကို မိဘေတြကို ေျပာျပၾကသတဲ့။ ကေလးေတြရဲ႕ လိုအပ္တာေတြကိုေတာ့ ဆရာမေတြက ကူညီေပးတယ္ေျပာပါတယ္။ ကေလးေတြေျပာျပီးယံုတင္မကဘူး၊ ဆရာမေတြကလည္း ကေလးတစ္ဦးခ်င္းစီအတြက္ သံုးသပ္လႊာ မွတ္တမ္းကို အေသးစိတ္ေရးရပါေသးတယ္။ ကၽြန္မ အျမင္မွာေတာ့ သင္ယူမွဳဟာ ဆရာမရဲ႕ တာဝန္တစ္ခုထဲမဟုတ္ဘဲ၊ ေက်ာင္းသား၊ မိဘ၊ သူငယ္ခ်င္းနဲ႕ ဆရာမ အားလံုးမွ်ေဝယူၾကတဲ့ တာဝန္ျဖစ္ၾကတယ္။
၅) ပညာေရး တာဝန္ရွိသူမ်ားအၾကား ဆက္သြယ္ပံု = မွ်တ ရိုးရွင္းေသာ ဆက္သြယ္မွဳပံုစံ
ပညာေရးရံုးက ဝန္ထမ္းေတြနဲ႕ လက္ေတြ႕သင္ၾကားေနတဲ့ ဆရာ၊မေတြ၊ ေက်ာင္းအုပ္ေတြ အၾကားဆက္ဆံပံုေလးကေတာ့ အလြန္ရိုးရွင္းပါတယ္။ ကၽြန္မတုိ႕ နုိင္ငံလို စာရြက္စာတမ္းေတြ၊ လက္မွတ္ေတြနဲ႕ လုပ္ေနတာထက္ အီးေမးလ္ကိုပဲ အသံုးျပဳပါတယ္။ ဖင္လန္နုိင္ငံမွာ ဖင္န္စကားေျပာေက်ာင္းနဲ႕ ဆြီဒင္စကားေျပာေက်ာင္းဆိုျပီး ႏွစ္မ်ိဳးရွိပါတယ္။ အဲဒီ့ေတာ့ ပညာေရးရံုးမွာ ဖင္န္စကားေျပာေက်ာင္းေတြကိုအဓိကၾကီးၾကပ္သူနဲ႕ ဆြီဒင္စကားေျပာေက်ာင္းေတြကို အဓိကၾကီးၾကပ္သူႏွစ္ေယာက္ထားပါတယ္။ ကိုယ့္ျပည္နယ္မွာရွိတဲ့ ေက်ာင္းေတြအားလံုးရဲ႕ ေက်ာင္းအုပ္ေတြရဲ႕ Email (အီးေမးလ္)ေတြကို အဖြဲ႕လုိက္မွတ္ထားပါတယ္။ ေၾကျငာစရာတစ္ခုရွိရင္ အီးေမးလ္ပို႕ပါတယ္။ ဒါပါပဲ။ အခြင့္အေရးေတြလည္း တန္းတူရပါတယ္။ ဆိုလုိတာကေတာ့ Helsinkiျမိဳ႕မွာ ေက်ာင္းေတြအတြက္ သံုးဖုိ႕ ဘ႑ာေငြ ယူရို တစ္ေသာင္းရွိတယ္ဆိုပါေတာ့။ အဲဒီ့ေငြကို ေက်ာင္းဥယ်ာဥ္အတြက္ အသံုးခ်ခြင့္ေပးမယ္ဆိုရင္ ၁၀ ေက်ာင္းစာ ကာမိမယ္ေပါ့။ ဒါဆို သူတို႕က အီးေမးလ္ထဲမွာ တစ္ခါတည္းေရးပါတယ္ – ေငြကေတာ့ တစ္ေသာင္းရွိတယ္၊ ေက်ာင္းတစ္ေက်ာင္းကို တစ္ေထာင္ႏွုန္းနဲ႕ ဆယ္ေက်ာင္းစာရမယ္။ စိုက္ပ်ိဳးေရးအတြက္သံုးရမယ္။ စိတ္ဝင္စားရင္ ေလွ်ာက္ပါ။
သူတို႕က ေလွ်ာက္လႊာတင္တဲ့ ေက်ာင္းေတြကိုပဲ ေရြးခ်ယ္တယ္။ ေက်ာင္းဖြံ႕ျဖိဳးေရးအတြက္ အျခားအဖြဲ႕အစည္းေတြကိုလည္း အီးေမးလ္ေတြေပးထားတယ္။ ဒါေၾကာင့္ ေက်ာင္းတုိင္းက တန္းတူအခြင့္အေရးရျပီး အခြင့္အေရးကို အမိအရဖမ္းယူနုိင္တဲ့ ေက်ာင္းက ပိုသာသြားတာေပါ့။ ေက်ာင္းဖြံ႕ျဖိဳးေရးသည္ ေက်ာင္းအုပ္ေတြမွာလည္း တာဝန္ရွိတဲ့အျပင္ အျခားပါဝင္ေနသူေတြလည္း ရွိတဲ့အတြက္ အားလံုးက ကိုယ့္ေက်ာင္းတိုးတက္ေရးအတြက္ အျမဲ မ်က္စိဖြင့္ နားစြင့္ေနရတယ္။ ကေလးတုိင္းပညာရည္ျပည့္ဝဖို႕ လူတိုင္းမွာ တာဝန္ရွိတယ္လို႕ ခံယူၾကတာကိုျမင္ခဲ့ရတယ္။
ကၽြန္မရဲ႕ ေလ့လာခြင့္ရခဲ့တဲ့ခဏတာ အခ်ိန္ေလးမွာ ကၽြန္မက ေတာ့ ဖင္လန္နုိင္ငံရဲ႕ ပညာေရးစနစ္က ကၽြန္မတို႕လိုခ်င္တဲ့ လူသားဆန္မွဳရွိေနတယ္လို႕ျမင္တယ္။ လူသားေတြကို စက္ရုပ္ေတြလို ၾကက္တူေရြးေတြလို ဆက္ဆံတာထက္ မတူညီတဲ့ လူသားတုိင္းရဲ႕ အေရးပါမွဳကို လက္ခံျပီး တန္ဖိုးထား အေလးထားတယ္။ သင္ယူမွဳကို အဓိကထားျပီး ရိုးရွင္းစြာ လုပ္ေဆာင္တယ္လို႕ ျမင္တယ္။ ကေလးအရြယ္မွာပဲ ရနုိင္တဲ့ လြတ္လပ္စြာ ေပ်ာ္ရႊင္မွဳ၊ လွဳပ္ရွားေဆာ့ကစားလိုမွဳ၊ စူးစမ္းေလ့လာခ်င္စိတ္၊ သင္ယူမွ်ေဝနုိင္စြမ္းေတြကို အထိေရာက္ဆံုး ခြင့္ေပးျပီး ပံ့ပိုးေပးထားတာကိုလည္း သေဘာက်မိတယ္။ ကၽြန္မရဲ႕ ကေလးေတြကိုလည္း လူသားဆန္စြာ ဆက္ဆံျပီးကူညီပံ့ပိုးေပးမယ့္ ပညာေရးစနစ္မွာ ၾကီးျပင္းေစခ်င္မိတယ္။
ေမတၱာျဖင့္…… Sayarma-ဆရာမ