[Unicode]

သီတင်းကျွတ်ရောက်တော့မှာဆိုတော့ ကလေးတွေကျောင်းပိတ်ရက်ရှည်လည်းလာတော့မယ်။  သီတင်းကျွတ်မတိုင်ခင်မှာဖြစ်ဖြစ် သီတင်းကျွတ် ကျောင်းပိတ်ရက်မှာဖြစ်ဖြစ် ကလေးတွေနဲ့ပြုလုပ်လို့ရမယ့် လုပ်ငန်းလေး (၇) ကို မျှဝေလိုပါတယ်။

၁) သီတင်းကျွတ်ကာလအကြောင်း လေ့လာ၊ ဆွေးနွေးပါ။

မိုးလေကင်းလွတ်သီတင်းကျွတ်ကာလ၊ ဝါကျွတ်တဲ့ သီတင်းကျွတ်၊ မီးပုံးတွေနဲ့ အလှဆင်ကြတဲ့ သီတင်းကျွတ်၊ လူကြီး မိဘတွေကို သွားပြီး အရိုသေပေး ကန်တော့ကြတဲ့ သီတင်းကျွတ်၊ မီးပုံပျံပွဲတွေ ကျင်းပတဲ့ သီတင်းကျွတ်၊ ဆင်ကပွဲတွေ ရှိတဲ့ သီတင်းကျွတ် စသည်ဖြင့် သီတင်းကျွတ်ကို ကလေးတွေက အမျိုးမျိုးမှတ်ထားပါတယ်။

 ဒါကြောင့် သီတင်းကျွတ်ကာလမှာ လုပ်လေ့ရှိတဲ့ ပွဲတော်တွေ၊ ရိုးရာ ဓလေ့တွေ အကြောင်း ဆွေးနွေးပြီး ဘာကြောင့် ကျင်းပကြသလဲဆိုတာလည်း ရှင်းပြဆွေးနွေးပါ။ တတ်နိုင်ရင် သီတင်းကျွတ်အကြောင်းပါတဲ့ စာအုပ်လေးတွေ အတူတူူ ဖတ်တာမျိုး လုပ်ပေးပါ။

၂) မီးပုံလေးတွေ ကိုယ်တိုင် လုပ်ခိုင်းပါ။

ကိုယ်တိုင် ပြုလုပ်ရတဲ့ ပစ္စည်းတွေကို ကလေးတွေက ပိုတန်ဖိုးထားတတ်ပါတယ်၊ ပြီးတော့ လက်တွေ့လုပ်ခိုင်းခြင်းအားဖြင့် အခြားအကြောင်းအရာတွေလည်း သင်ယူနိုင်ပါတယ်။ မီးပုံးလေးလုပ်ရင် လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ဝါးတို့၊ စက္ကူ စတဲ့ ပစ္စည်းတွေ အကြောင်း ဆွေးနွေးနိုင်ပါတယ်။ 

မီးထွန်းတဲ့ အခါရရှိမယ့် အပူချိန်နဲ့ အပူက မီးပုံးကို အလွယ်တစ်ကူ လောင်ကျွမ်းမသွ ားစေအောင် ဘယ်လို အချိုး မျှတအောင် လုပ်ရမယ်ဆိုတာတွေ သင်ပေးလို့ရပါတယ်။

 ပြီးရင် ကလေးတွေက လက်ချောင်းလေးတွေ အသုံးပြုပြီး ပြုလုပ်ရတာဖြစ်တဲ့အတွက် ကလေးတွေရဲ့ ဖွံ့ဖြိုးမှု ကိုလည်း အထောက်ကူပြုပါတယ်။

 ဒီဇိုင်းကို ကလေးစိတ်ကြိုက် ထွင်ပြီး လုပ်စေရင်လည်း ကလေးရဲ့ တီထွင်ဖန်တီးမှုတွေကို တိုးတက်စေပါတယ်။

လွယ်လွယ်ကူကူ လုပ်လို့ရမယ့် မီးပုံးလေးတွေကို ပေးထားတဲ့ ဗွီဒီယိုလေးတွေမှာ ကြည့်နိုင်ပါတယ်။  1) https://www.youtube.com/watch?v=CeZKYGmuZn0 2) https://www.youtube.com/watch?v=_cy3y7bBJF4 3) https://www.youtube.com/watch?v=2MIwbRpoyIg

၃) ပွဲစျေးလျှောက်ရင်း စာသင်ပါ။

ပွဲစျေးသွားတဲ့အခါ မုန့်လင်မယားတို့၊ ခဲတံချောင်းတို့ကို များသောအားဖြင့်တွေ့ရပါတယ်။ ကျွန်မတို့ မန်းလေးမှာဆိုရင် ကုသိုလ်တော် ဘုရားတစ်ဝိုက်မှာ ခဲတံချောင်းသည်တွေ အခြေချကြပါတယ်။ လမ်းတစ်လျှောက် ခဲတံချောင်း ပြုလုပ်ပုံအဆင့်ဆင့်ကို မြင်တွေ့နိုင်ပြီး ကလေးတွေလည်း သင်ယူနိုင်ပါတယ်။ ဒီလို မြင်တွေ့ပြီး ပြန်ဆွေးနွေးခြင်းဟာ ကလေးတွေရဲ့ လုပ်ငန်းတစ်ခုမှာ ဖြစ်စဉ်ရှိတယ်ဆိုတာကို ပိုသဘောပေါက်လာပါလိမ့်မယ်။

 ပွဲစျေးလျှောက်ရင် ပစ္စည်းတွေရဲ့ စျေးနှုန်းမေးမြန်းပြီး ကိုယ်အမြဲတမ်းစျေးမှာ ဝယ်တဲ့အခါ ကုန်ကျမယ့် စျေးနှုန်း နှိုင်းယှဉ်ခိုင်းပါ။   အခွန်အခ၊  စျေးကောက်၊ ဆိုင်ခန်းခ၊ ခရီးစရိတ်စတာ တွေအပေါ် မူတည်ပြီး ပစ္စည်းစျေးနှုန်းကွာသွားတာမျိုးတွေကို သင်ပေးလို့ရပါတယ်။ စျေးကွက်အကြောင်း၊ အခွန်အခတွေအကြောင်း ပစ္စည်းတန်ဖိုးသတ်မှတ်ပုံအကြောင်းတွေကို ဆက်စပ်သင်ယူနိုင်ပါလိမ့်မယ်။

ပွဲစျေးတွေသွားတဲ့အခါ လူကြပ်တဲ့နေရာ၊ လူချောင်တဲ့နေရာ အမျိုးမျိုးတွေ့ရပါလိမ့်မယ်။ ပွဲစျေးလာတဲ့ သူတွေရဲ့ စိတ်ဝင်စားမှု၊ ဆိုင်ရဲ့ ကောင်းမွန်မှု၊ ခေတ်စားနေတဲ့ ပစ္စည်းဆိုင်ဖြစ်နေမှု စတာတွေအပေါ်မှာ သုံးသပ်နိုင်ပါတယ်။ အဲဒီ့အတွက် ကလေးရဲ့ အချက်အလက်တွေ အပေါ် သုံးသပ်နိုင်စွမ်းကို တိုးတက်စေမှာပါ။

၄) လုံခြုံရေး၊ မိမိကိုယ်ကိုကာကွယ်ရေး အကြောင်းသင်ပေးပါ။

လူကြီးမိဘတွေက ကလေးတွေကို ပွဲစျေးတွေကို ခေါ်တဲ့အခါ ပျောက်သွားမှာတို့ တို့ဆေးနဲ့ ခေါ်သွားမှာတို့နဲ့ ကြောက်ကြပါတယ်။ ကြောက်နေရုံနဲ့ ဘာမှလုပ်နိုင်ပါဘူး။ ကလေးတွေကို ကိုယ့်ကိုကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာ သင်ပေးပါ။

တစ်ခုခုလုပ်ချင်ပြီဆိုရင် လူကြီးတွေကို အသိပေးဖို့၊ လူကြီးနဲ့ ပြောပြီး လူကြီးနဲ့အတူသွားဖို့ ကြိုတင်ဆွေးနွေး သဘောတူထားပါ။

ကိုယ့်ရဲ့ အိမ်နဲ့ ပွဲစျေး ရဲ့ အကွာအဝေး၊ အိမ်ကို ပြန်ဖို့ လိုအပ်တာတွေ၊ အုပ်ထိန်းသူကို ဘယ်လို ဆက်သွယ်ရမယ်ဆိုတာတွေကို သင်ပေးပါ။ မြေပုံရေးဆွဲနည်းတို့၊ အကွာအဝေးတွက်နည်းတို့ကိုပါ ချိတ်ဆက် သင်ကြားပေးနိုင်ပါတယ်။

၅) သီတင်းကျွတ်အကြောင်း အနုပညာသုံးဖေါ်ကျူးခိုင်းပါ။

သီတင်းကျွတ်ကာလအကြောင်း ဆွေးနွေးပြီးရင် ကိုယ်ဖေါ်ကျူးချင်တဲ့ သီတင်းကျွတ်ကာလအကြောင်းကို ပန်းချီဆွဲခိုင်းတာမျိုး၊ ကဗျာရေးခိုင်းတာမျိုး၊ ပြဇတ်အတိုလေးတွေ သရုပ်ပြခိုင်းတာမျိုး၊ စာစီကုံးခိုင်းတာမျိုးတွေ ပြုလုပ်စေနိုင်ပါတယ်။

သီတင်းကျွတ်ပွဲပြီးမှ လုပ်ချင်ရင်လည်း ကိုယ့်ရဲ့ သီတင်းကျွတ်အတွေ့အကြုံကို ပြန်လည် ပုံဖေါ်ခိုင်းနိုင်ပါတယ်။

သီတင်းကျွတ်ကာလနဲ့ ဆိုင်တဲ့ အနုပညာတွေကို ပြသထားပါ။ ကလေးတွေက သူတို့ရဲ့ လုပ်ငန်းတွေ အားစိုက်မှုတွေကို အသိမှတ်ပြုခံရတာ သဘောကျပါတယ်။

ကလေးတွေကို ဒီလို လုပ်စေခြင်းဖြင့် သူတို့ရဲ့ နားလည်မှုကို အနုပညာနဲ့ ဖေါ်ပြနိုင်တဲ့စွမ်းရည်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းတို့ တိုးတက်စေမှာပါ။

၆) မတူညီသော မီးထွန်းပွဲတော်များအကြောင်းလေ့လာပါ။ ဖြစ်နိုင်ရင် ပါဝင်ဆင်နွှဲပါ။

ထိုင်းမှာ Loi Krathong Festival၊ အန္ဒိယမှာ Diwali၊ ဆွီဒင်မှာ St. Lucia’s Day၊ ဂျူးလူမျိုးတွေမှာ Hanukkah Festival၊ ဟော်လန်မှာ St. Martin’s Day  ဆိုပြီး နိုင်ငံအမျိုးမျိုးမှာ မီးထွန်းပွဲကို ပုံစံအမျိုးမျိုး အယူအဆအမျိုးမျိုးနဲ့ ကျင်းပကြပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံထဲမှာကိုပဲ အချိန်ကာလအားဖြင့် တူနိုင်ပေမယ့် ပြုလုပ်ကြတဲ့ ပုံစံလေးတွေ ဒေသအလိုက် ကွဲပြားကြပါတယ်။

မတူညီတဲ့ အယူအဆတွေနောက်မှာ ချစ်စရာကောင်းတဲ့ အတွေးအခေါ်တွေ၊ ယုံကြည်မှုတွေရှိတတ်တာကို မီးမောင်းထိုးပြလို့ ကောင်းတဲ့ လုပ်ငန်းလေးပါ။ ကလေးတွေကို ပွဲတော်အမျိုးမျိုးအကြောင်း လေ့လာခိုင်းတာ၊ ဖတ်ခိုင်းတာ ဒါမှမဟုတ် ပြောပြတာမျိုးတွေလုပ်ပြီး ကိုယ့်ဒေသမှာ ကျင်းပတဲ့ ပုံစံတွေနဲ့ တူညီမှု၊ ကွဲပြားမှုတွေကို နှိုင်းယှဉ်လေ့လာခိုင်းပါ။

ဒီလိုလုပ်ပေးရင် မတူညီတဲ့ ယဉ်ကျေးမှုတွေကိုလေးစားတတ်ပြီး ကွဲပြားခြင်းကို ကြောက်တတ်တဲ့ စိတ်တွေလည်း လျော့သွားနိုင်ပါတယ်။

၇) သီတင်းကျွတ်အကြောင်းပြုပြီး လေးစားရိုသေမှုကို ပြပါ။

သီတင်းကျွတ်မှာ လူကြီးမိဘတွေကို သွားပြီး အရိုအသေပေးကြတာ ရိုးရာတစ်ခုဖြစ်တာမို့ ကလေးတွေကို သူတို့ လေးစားချစ်ခင်တဲ့ လူကြီးမိဘတွေကို အရိုအသေပေးဖို့ စီစဉ်ပေးပါ။ လူကိုယ်တိုင်မသွားရရင်တောင် စာတိုလေးတွေ ရေးပို့တာမျိုး၊ ဖုန်းဆက်စေတာမျိုး ပြုလုပ်စေပါ။

လူကြီးတွေအတွက် ကျေးဇူးတင်ကြောင်း၊ လေးစားကြောင်း ရေးသားထားတဲ့ ကဒ်ကလေးတွေ အတူတူလုပ်ပါ။ ရေးသားဖို့ စာအရေးအသားတွေ သင်ပေးပါ။

လူကြီးတွေတင်မကဘူး အတန်းထဲက ကိုယ့်သူငယ်ချင်း အချင်းချင်းလည်း လေးစားချစ်ခင်မှုကို ပြတဲ့ ကဒ်ကလေးတွေပြုလုပ်စေတာမျိုး၊ အချင်းချင်း ကျေးဇူးတင်ကြောင်းပြောစေတဲ့ စကားဝိုင်းမျိုးလေးတွေ လုပ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။

ရိုသေလေးစားမှုနဲ့အတူ ကိုယ့်ရဲ့ ခံစားချက်တွေကို အကောင်းဘက်ကနေ ဖေါ်ထုတ်ရေးသား၊ပြောဆိုနိုင်တဲ့ စွမ်းရည်တွေတိုးတက်လာနိုင်ပါတယ်။ ကျေးဇူးတင်ဖို့အတွက် ဝန်လေးခြင်းမရှိဘဲ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်တတ်ဖို့လည်း သင်ယူနိုင်ပါလိမ့်မယ်။

ကျွန်မအခု မျှဝေထားတဲ့ သီတင်းကျွတ်ကာလနဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် သင်ယူမှုလုပ်ငန်းလေးတွေကို အသုံးပြုဖြစ်ခဲ့တယ်ဆိုရင် ပြန်လည်မျှဝေပေးပါဦး။ အခြား ပြုလုပ်နိုင်မယ့် လုပ်ငန်းလေးတွေလည်း အခြား စိတ်ဝင်စားမယ့် မိဘတွေ၊ ဆရာ၊မတွေ အတွက် မျှဝေပေးပါဦးနော်။

အဆုံးထိဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။

ပျော်ရွှင်စရာ သီတင်းကျွတ်ကာလဖြစ်ပါစေ။

မေတ္တာဖြင့်…

            Sayarma-ဆရာမ

[Zawgyi]

သီတင္းကၽြတ္ေရာက္ေတာ့မွာဆိုေတာ့ ကေလးေတြေက်ာင္းပိတ္ရက္ရွည္လည္းလာေတာ့မယ္။  သီတင္းကၽြတ္မတိုင္ခင္မွာျဖစ္ျဖစ္ သီတင္းကၽြတ္ ေက်ာင္းပိတ္ရက္မွာျဖစ္ျဖစ္ ကေလးေတြနဲ႕ျပဳလုပ္လို႕ရမယ့္ လုပ္ငန္းေလး (၇) ကို မွ်ေဝလိုပါတယ္။

၁) သီတင္းကၽြတ္ကာလအေၾကာင္း ေလ့လာ၊ ေဆြးေႏြးပါ။

မိုးေလကင္းလြတ္သီတင္းကၽြတ္ကာလ၊ ဝါကၽြတ္တဲ့ သီတင္းကၽြတ္၊ မီးပံုးေတြနဲ႕ အလွဆင္ၾကတဲ့ သီတင္းကၽြတ္၊ လူၾကီး မိဘေတြကို သြားျပီး အရိုေသေပး ကန္ေတာ့ၾကတဲ့ သီတင္းကၽြတ္၊ မီးပံုပ်ံပြဲေတြ က်င္းပတဲ႕ သီတင္းကၽြတ္၊ ဆင္ကပြဲေတြ ရွိတဲ့ သီတင္းကၽြတ္ စသည္ျဖင့္ သီတင္းကၽြတ္ကို ကေလးေတြက အမ်ိဳးမ်ိဳးမွတ္ထားပါတယ္။

 ဒါေၾကာင့္ သီတင္းကၽြတ္ကာလမွာ လုပ္ေလ့ရွိတဲ့ ပြဲေတာ္ေတြ၊ ရိုးရာ ဓေလ့ေတြ အေၾကာင္း ေဆြးေႏြးျပီး ဘာေၾကာင့္ က်င္းပၾကသလဲဆိုတာလည္း ရွင္းျပေဆြးေႏြးပါ။ တတ္နိုင္ရင္ သီတင္းကၽြတ္အေၾကာင္းပါတဲ့ စာအုပ္ေလးေတြ အတူတူူ ဖတ္တာမ်ိဳး လုပ္ေပးပါ။

၂) မီးပံုေလးေတြ ကိုယ္တုိင္ လုပ္ခုိင္းပါ။

ကိုယ္တိုင္ ျပဳလုပ္ရတဲ့ ပစၥည္းေတြကို ကေလးေတြက ပိုတန္ဖိုးထားတတ္ပါတယ္၊ ျပီးေတာ့ လက္ေတြ႕လုပ္ခုိင္းျခင္းအားျဖင့္ အျခားအေၾကာင္းအရာေတြလည္း သင္ယူနုိင္ပါတယ္။ မီးပံုးေလးလုပ္ရင္ လိုအပ္တဲ့ ပစၥည္းေတြျဖစ္တဲ့ ဝါးတို႕၊ စကၠဴ စတဲ့ ပစၥည္းေတြ အေၾကာင္း ေဆြးေႏြးနုိင္ပါတယ္။ 

မီးထြန္းတဲ့ အခါရရွိမယ့္ အပူခ်ိန္နဲ႕ အပူက မီးပံုးကို အလြယ္တစ္ကူ ေလာင္ကၽြမ္းမသြ ားေစေအာင္ ဘယ္လို အခ်ိဳး မွ်တေအာင္ လုပ္ရမယ္ဆိုတာေတြ သင္ေပးလို့ရပါတယ္။

 ျပီးရင္ ကေလးေတြက လက္ေခ်ာင္းေလးေတြ အသံုးျပဳျပီး ျပဳလုပ္ရတာျဖစ္တဲ့အတြက္ ကေလးေတြရဲ႕ ဖြံ႕ျဖိဳးမွဳ ကိုလည္း အေထာက္ကူျပဳပါတယ္။

 ဒီဇိုင္းကို ကေလးစိတ္ၾကိုက္ ထြင္ျပီး လုပ္ေစရင္လည္း ကေလးရဲ႕ တီထြင္ဖန္တီးမွဳေတြကို တိုးတက္ေစပါတယ္။

လြယ္လြယ္ကူကူ လုပ္လို့ရမယ့္ မီးပံုးေလးေတြကို ေပးထားတဲ့ ဗြီဒီယိုေလးေတြမွာ ၾကည့္နုိင္ပါတယ္။  1) https://www.youtube.com/watch?v=CeZKYGmuZn0 2) https://www.youtube.com/watch?v=_cy3y7bBJF4 3) https://www.youtube.com/watch?v=2MIwbRpoyIg

၃) ပြဲေစ်းေလွ်ာက္ရင္း စာသင္ပါ။

ပြဲေစ်းသြားတဲ့အခါ မုန္႕လင္မယားတို႕၊ ခဲတံေခ်ာင္းတို႕ကို မ်ားေသာအားျဖင့္ေတြ႕ရပါတယ္။ ကၽြန္မတို႕ မန္းေလးမွာဆိုရင္ ကုသိုလ္ေတာ္ ဘုရားတစ္ဝိုက္မွာ ခဲတံေခ်ာင္းသည္ေတြ အေျခခ်ၾကပါတယ္။ လမ္းတစ္ေလွ်ာက္ ခဲတံေခ်ာင္း ျပဳလုပ္ပံုအဆင့္ဆင့္ကို ျမင္ေတြ႕နုိင္ျပီး ကေလးေတြလည္း သင္ယူနုိင္ပါတယ္။ ဒီလို ျမင္ေတြ႕ျပီး ျပန္ေဆြးေႏြးျခင္းဟာ ကေလးေတြရဲ႕ လုပ္ငန္းတစ္ခုမွာ ျဖစ္စဥ္ရွိတယ္ဆိုတာကို ပိုသေဘာေပါက္လာပါလိမ့္မယ္။

 ပြဲေစ်းေလွ်ာက္ရင္ ပစၥည္းေတြရဲ႕ ေစ်းႏွဳန္းေမးျမန္းျပီး ကိုယ္အျမဲတမ္းေစ်းမွာ ဝယ္တဲ့အခါ ကုန္က်မယ့္ ေစ်းႏွုန္း ႏွိုင္းယွဥ္ခိုင္းပါ။   အခြန္အခ၊  ေစ်းေကာက္၊ ဆိုင္ခန္းခ၊ ခရီးစရိတ္စတာ ေတြအေပၚ မူတည္ျပီး ပစၥည္းေစ်းႏွုန္းကြာသြားတာမ်ိဳးေတြကို သင္ေပးလို႕ရပါတယ္။ ေစ်းကြက္အေၾကာင္း၊ အခြန္အခေတြအေၾကာင္း ပစၥည္းတန္ဖိုးသတ္မွတ္ပံုအေၾကာင္းေတြကို ဆက္စပ္သင္ယူနိုင္ပါလိမ့္မယ္။

ပြဲေစ်းေတြသြားတဲ့အခါ လူၾကပ္တဲ့ေနရာ၊ လူေခ်ာင္တဲ့ေနရာ အမ်ိဳးမ်ိဳးေတြ႕ရပါလိမ့္မယ္။ ပြဲေစ်းလာတဲ့ သူေတြရဲ႕ စိတ္ဝင္စားမွဳ၊ ဆိုင္ရဲ႕ ေကာင္းမြန္မွဳ၊ ေခတ္စားေနတဲ့ ပစၥည္းဆုိင္ျဖစ္ေနမွဳ စတာေတြအေပၚမွာ သံုးသပ္နုိင္ပါတယ္။ အဲဒီ့အတြက္ ကေလးရဲ႕ အခ်က္အလက္ေတြ အေပၚ သံုးသပ္နုိင္စြမ္းကို တိုးတက္ေစမွာပါ။

၄) လံုျခံဳေရး၊ မိမိကိုယ္ကိုကာကြယ္ေရး အေၾကာင္းသင္ေပးပါ။

လူၾကီးမိဘေတြက ကေလးေတြကို ပြဲေစ်းေတြကို ေခၚတဲ့အခါ ေပ်ာက္သြားမွာတို႕ တို႕ေဆးနဲ႕ ေခၚသြားမွာတို႕နဲ႕ ေၾကာက္ၾကပါတယ္။ ေၾကာက္ေနရုံနဲ႕ ဘာမွလုပ္နုိင္ပါဘူး။ ကေလးေတြကို ကိုယ့္ကိုကိုယ္ ဘယ္လိုကာကြယ္ရမလဲဆိုတာ သင္ေပးပါ။

တစ္ခုခုလုပ္ခ်င္ျပီဆိုရင္ လူၾကီးေတြကို အသိေပးဖို႕၊ လူၾကီးနဲ႕ ေျပာျပီး လူၾကီးနဲ႕အတူသြားဖို႕ ၾကိဳတင္ေဆြးေႏြး သေဘာတူထားပါ။

ကိုယ့္ရဲ႕ အိမ္နဲ႕ ပြဲေစ်း ရဲ႕ အကြာအေဝး၊ အိမ္ကို ျပန္ဖို႕ လိုအပ္တာေတြ၊ အုပ္ထိန္းသူကို ဘယ္လို ဆက္သြယ္ရမယ္ဆိုတာေတြကို သင္ေပးပါ။ ေျမပံုေရးဆြဲနည္းတို႕၊ အကြာအေဝးတြက္နည္းတို႕ကိုပါ ခ်ိတ္ဆက္ သင္ၾကားေပးနုိင္ပါတယ္။

၅) သီတင္းကၽြတ္အေၾကာင္း အနုပညာသံုးေဖၚက်ဴးခုိင္းပါ။

သီတင္းကၽြတ္ကာလအေၾကာင္း ေဆြးေႏြးျပီးရင္ ကိုယ္ေဖၚက်ဴးခ်င္တဲ့ သီတင္းကၽြတ္ကာလအေၾကာင္းကို ပန္းခ်ီဆြဲခုိင္းတာမ်ိဳး၊ ကဗ်ာေရးခိုင္းတာမ်ိဳး၊ ျပဇတ္အတိုေလးေတြ သရုပ္ျပခုိင္းတာမ်ိဳး၊ စာစီကုံးခုိင္းတာမ်ိဳးေတြ ျပဳလုပ္ေစနိုင္ပါတယ္။

သီတင္းကၽြတ္ပြဲျပီးမွ လုပ္ခ်င္ရင္လည္း ကိုယ့္ရဲ႕ သီတင္းကၽြတ္အေတြ႕အၾကံဳကို ျပန္လည္ ပံုေဖၚခုိင္းနုိင္ပါတယ္။

သီတင္းကၽြတ္ကာလနဲ႕ ဆိုင္တဲ့ အနုပညာေတြကို ျပသထားပါ။ ကေလးေတြက သူတို႕ရဲ႕ လုပ္ငန္းေတြ အားစိုက္မွဳေတြကို အသိမွတ္ျပဳခံရတာ သေဘာက်ပါတယ္။

ကေလးေတြကို ဒီလို လုပ္ေစျခင္းျဖင့္ သူတို႕ရဲ႕ နားလည္မွဳကို အနုပညာနဲ႕ ေဖၚျပနုိင္တဲ့စြမ္းရည္နဲ႕ တီထြင္ဖန္တီးနုိင္စြမ္းတို႕ တိုးတက္ေစမွာပါ။

၆) မတူညီေသာ မီးထြန္းပြဲေတာ္မ်ားအေၾကာင္းေလ့လာပါ။ ျဖစ္နုိင္ရင္ ပါဝင္ဆင္ႏႊဲပါ။

ထိုင္းမွာ Loi Krathong Festival၊ အႏၵိယမွာ Diwali၊ ဆြီဒင္မွာ St. Lucia’s Day၊ ဂ်ဴးလူမ်ိဳးေတြမွာ Hanukkah Festival၊ ေဟာ္လန္မွာ St. Martin’s Day  ဆိုျပီး နုိင္ငံအမ်ိဳးမ်ိဳးမွာ မီးထြန္းပြဲကို ပံုစံအမ်ိဳးမ်ိဳး အယူအဆအမ်ိဳးမ်ိဳးနဲ႕ က်င္းပၾကပါတယ္။ ကၽြန္မတို႕ ျမန္မာနုိင္ငံထဲမွာကိုပဲ အခ်ိန္ကာလအားျဖင့္ တူနုိင္ေပမယ့္ ျပဳလုပ္ၾကတဲ့ ပံုစံေလးေတြ ေဒသအလုိက္ ကြဲျပားၾကပါတယ္။

မတူညီတဲ့ အယူအဆေတြေနာက္မွာ ခ်စ္စရာေကာင္းတဲ့ အေတြးအေခၚေတြ၊ ယံုၾကည္မွဳေတြရွိတတ္တာကို မီးေမာင္းထုိးျပလို႕ ေကာင္းတဲ့ လုပ္ငန္းေလးပါ။ ကေလးေတြကို ပြဲေတာ္အမ်ိဳးမ်ိဳးအေၾကာင္း ေလ့လာခုိင္းတာ၊ ဖတ္ခိုင္းတာ ဒါမွမဟုတ္ ေျပာျပတာမ်ိဳးေတြလုပ္ျပီး ကိုယ့္ေဒသမွာ က်င္းပတဲ့ ပံုစံေတြနဲ႕ တူညီမွဳ၊ ကြဲျပားမွုေတြကို နွိုင္းယွဥ္ေလ့လာခိုင္းပါ။

ဒီလိုလုပ္ေပးရင္ မတူညီတဲ့ ယဥ္ေက်းမွဳေတြကိုေလးစားတတ္ျပီး ကြဲျပားျခင္းကို ေၾကာက္တတ္တဲ့ စိတ္ေတြလည္း ေလ်ာ့သြားနုိင္ပါတယ္။

၇) သီတင္းကၽြတ္အေၾကာင္းျပဳျပီး ေလးစားရိုေသမွဳကို ျပပါ။

သီတင္းကၽြတ္မွာ လူၾကီးမိဘေတြကို သြားျပီး အရိုအေသေပးၾကတာ ရိုးရာတစ္ခုျဖစ္တာမို႕ ကေလးေတြကို သူတို႕ ေလးစားခ်စ္ခင္တဲ့ လူၾကီးမိဘေတြကို အရိုအေသေပးဖို႕ စီစဥ္ေပးပါ။ လူကိုယ္တိုင္မသြားရရင္ေတာင္ စာတုိေလးေတြ ေရးပို႕တာမ်ိဳး၊ ဖုန္းဆက္ေစတာမ်ိဳး ျပဳလုပ္ေစပါ။

လူၾကီးေတြအတြက္ ေက်းဇူးတင္ေၾကာင္း၊ ေလးစားေၾကာင္း ေရးသားထားတဲ့ ကဒ္ကေလးေတြ အတူတူလုပ္ပါ။ ေရးသားဖို႕ စာအေရးအသားေတြ သင္ေပးပါ။

လူၾကီးေတြတင္မကဘူး အတန္းထဲက ကိုယ့္သူငယ္ခ်င္း အခ်င္းခ်င္းလည္း ေလးစားခ်စ္ခင္မွဳကို ျပတဲ့ ကဒ္ကေလးေတြျပဳလုပ္ေစတာမ်ိဳး၊ အခ်င္းခ်င္း ေက်းဇူးတင္ေၾကာင္းေျပာေစတဲ့ စကားဝိုင္းမ်ိဳးေလးေတြ လုပ္ေပးတာမ်ိဳး လုပ္ေပးနုိင္ပါတယ္။

ရိုေသေလးစားမွဳနဲ႕အတူ ကိုယ့္ရဲ႕ ခံစားခ်က္ေတြကို အေကာင္းဘက္ကေန ေဖၚထုတ္ေရးသား၊ေျပာဆိုနုိင္တဲ့ စြမ္းရည္ေတြတုိးတက္လာနုိင္ပါတယ္။ ေက်းဇူးတင္ဖို႕အတြက္ ဝန္ေလးျခင္းမရွိဘဲ ေက်းဇူးတင္ထုိက္သူကို ေက်းဇူးတင္တတ္ဖို႕လည္း သင္ယူနုိင္ပါလိမ့္မယ္။

ကၽြန္မအခု မွ်ေဝထားတဲ့ သီတင္းကၽြတ္ကာလနဲ႕ ခ်ိတ္ဆက္အသံုးျပဳနုိင္မယ့္ သင္ယူမွဳလုပ္ငန္းေလးေတြကို အသံုးျပဳျဖစ္ခဲ့တယ္ဆိုရင္ ျပန္လည္မွ်ေဝေပးပါဦး။ အျခား ျပဳလုပ္နုိင္မယ့္ လုပ္ငန္းေလးေတြလည္း အျခား စိတ္ဝင္စားမယ့္ မိဘေတြ၊ ဆရာ၊မေတြ အတြက္ မွ်ေဝေပးပါဦးေနာ္။

အဆံုးထိဖတ္ေပးတာ ေက်းဇူးတင္ပါတယ္။

ေပ်ာ္ရႊင္စရာ သီတင္းကၽြတ္ကာလျဖစ္ပါေစ။

ေမတၱာျဖင့္…             Sayarma-ဆရာမ