[Unicode]

ကိုယ့်ဘဝမှာ အနည်းဆုံး ဆရာ၊မ တစ်ယောက်ကို သိခဲ့တယ်ဆိုရင်တောင် ဒီစာကို ဖတ်ပေးပါ။ ဆရာ၊မတွေနဲ့ ပတ်သတ်ရင် ပြောပြချင်တာ၊ မျှဝေချင်တာတွေက အများကြီးပါ။ ဒါပေမယ့် ဒီတစ်ပတ်အတွက် အချက် (၃)ချက် မျှဝေ ပါရစေ။ ကျွန်မ မျှဝေတဲ့ အချက် (၃) ချက်ကို ဖတ်ပြီးရင် ကွန်းမန့်မှာ ဆရာ၊မတွေရဲ့ တာဝန်ယူမှုနဲ့ ဆရာ၊မတွေအပေါ် အခြားသူတွေရဲ့ တန်ဖိုးထားမှု၊ အသိမှတ်ပြုမှု၊ထင်မြင်ယူဆမှုတွေကို မျှဝေပေးပါဦး။

၁) ဆရာ၊မတွေကို သင်ယူသူလူသားတွေအဖြစ် ဆက်ဆံပါ။

ဆရာ၊မဆိုတိုင်း အရာရာတိုင်းကို ၏သည်မရွေး သိနေတဲ့ လူသားတွေလို့ ယူဆလို့မရနိုင်ပါဘူး။ ကျွမ်းကျင်မှု အတိုင်းအတာ တစ်ခုအရ အခြားသူတစ်ယောက်ကို ပြန်လည် မျှဝေဖို့အတွက် တာဝန်ယူထားပေမယ့် ဆရာ၊မဆီကပဲ အလုံးစုံ မျှော်လင့်လို့မရပါဘူး။

 ကျွန်မတို့ လူ့အသိုင်းအဝိုင်းမှာ တော်တော်များများက  ဆရာဆို အလုံးစုံသိတယ်လို့ယူဆထားတယ်။ အဲဒီ့တော့ ဆရာ၊မတွေဟာ မသိရင်တောင် မသိဘူးလို့ ပြောခြင်းဟာ ဂုဏ်သိက္ခာရှိသော ဆရာ၊မတွေရဲ့လုပ်ရပ်ဆိုတာကို မျက်ကွယ်ပြုရတဲ့အထိပါပဲ။

ဆရာတွေဟာ မသိသေးတဲ့အချက်တွေအများကြီးရှိတယ် ဒါပေမယ့် သိချင်စိတ်၊လေ့လာလိုစိတ်တော့ရှိရတယ်။ အခုအချိန်မှာ မသိသေးပေမယ့် သိဖို့ ဘယ်လိုကြိုးစားနိုင်သလဲဆိုတာကို ကလေးတွေကို စံပြလုပ်ပေးဖို့လိုအပ်တယ်။

ဒီလို အမြဲ သင်ယူဖို့ကြိုးစားတာဟာ ဘဝတွက်တာ ကျွမ်းကျင်စရာတစ်ခုဖြစ်ပါတယ်။ ဒီလို ဆရာ၊မတွေ စံပြုနိုင်အောင် ကြိုးစားဖို့ မိဘတွေ၊ ဥပဒေပြဋ္ဌာန်းသူတွေ၊ ရပ်မိရပ်ဖတွေက ဆရာ၊မတွေကို သင်ယူခွင့်ပေးပါ၊ မသိတာကိုလေ့လာခွင့်ပေးပါ။  ဆရာ၊မတွေကို သူ့တို့ကိုယ်တိုင် သင်ယူနိုင်မယ့် စာညွှန်းတွေ၊ ဖတ်စရာတွေ၊ လေ့လာစရာတွေ ပံ့ပိုးပေးရမယ်၊ ဆရာ၊မတွေ လေ့လာဆည်းပူးနိုင်ဖို့ သင်တန်းတွေ အလုပ်ရုံ ဆွေးနွေးပွဲတွေကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးရမယ်၊ အမြဲမပြတ် ပညာရေး အတွက် သင်ယူစရာတွေကို သူ့အချိန်နဲ့သူ ထားပေးရမယ်။

အမြဲမပြတ်လေ့လာနေဖို့က ဆရာ၊မတွေမှာလည်း တာဝန်ရှိပါတယ်။ ကိုယ်တိုင်က မလေ့လာဘဲ တစ်နှစ်လာလည်း ဒီစာ၊ နောက်နှစ်လည်း ဒီစာဆိုပြီး မလေ့လာရင် ခေတ်အလိုက် ကလေးတွေအတွက် လိုအပ်တဲ့ အသိသစ်တွေ၊ ကျွမ်းကျင်မှု အသစ်တွေ ပေးနိုင်မှာမဟုတ်ပါဘူး။ စာသင်ခန်းထဲမှာ အကြောင်းအရာတစ်ခု မေးလာခဲ့ရင် ဆရာ၊မတွေဘက်ကလည်း မသိရင် မသိကြောင်းပြောပါ၊ အဲဒီ့မှာတင်ရပ်မနေဘဲ ဘယ်လို သိအောင်လုပ်မယ်ဆိုတာမျိုး မျှဝေပေးပါ၊ မျှဝေရုံတင်မကဘူး တစ်ကယ်လေ့လာပြီး သိလာတာတွေလည်း ကလေးတွေနဲ့အတူ ဆွေးနွေးကြည့်ပါ။ ဒီလိုလုပ်ရင် တစ်သက်တာ သင်ယူနိုင်သူတွေဖြစ်ဖို့အတွက် လမ်းပြပေးနိုင်မှာပါ။

၂) ဆရာ၊မတွေရဲ့ ကိုယ်ပိုင်ဘဝ၊မိသားစုကို သတိတရ ရှိပေးပါ။

ကလေးတွေရဲ့ ပညာရေးကို တာဝန်ယူပေးထားရတဲ့ ဆရာ၊မတွေ ကိုယ်တိုင်မှာ မိသားစုတွေရှိကြတယ်။ တစ်နေ့တစ်နေ့ အဆင်မပြေတာတွေ၊ အဆင်ပြေတာတွေ အမျိုးမျိုး ကြုံရတယ်။

ဂုဏ်သိက္ခာရှိသော ဆရာ၊မတွေဟာ ကိုယ်ပိုင်အချိန်မှာဖြစ်ခဲ့တဲ့ လုပ်ငန်းပြင်ပက အရာတွေကို အလုပ်ခွင်ကို သယ်မလာကြပါဘူး။  ဒါပေမယ့် ဘယ်လိုပဲ အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ခွဲထား ခွဲထား၊ ဆရာ၊မတွေ အဆင်ပြေရဲ့လား ဆိုတာ ကျောင်းအုပ်ကအစ၊ ကျောင်းနဲ့ သက်ဆိုင်သူတွေအနေနဲ့ ကိုယ့်ကျောင်းက ဆရာ၊မတွေရဲ့ နေမှုထိုင်မှု အခြေအနေတွေကို လေ့လာနေဖို့လိုပါတယ်။

နည်ပါးလွန်းတဲ့ ကျောင်းဆရာ၊မ လုပ်စာနဲ့ အိမ်အခြေအနေအဆင်မပြေတာမျိုးတွေ၊ အပြင်အပိုငွေလေးရအောင် အခြားအလုပ်တွေလုပ်ရင်း  နှစ်ဆ ပင်ပန်းလွန်းလို့ ကျောင်းမှာ စိတ်မနှစ်နိုင်တာမျိုးတွေရှိတတ်ပါတယ်။ ဆရာ၊မ အချင်းချင်း သော်လည်းကောင်း၊ ကျောင်းတာဝန်ရှိသူတွေကသော်လည်းကောင်း ဆရာ၊မတွေရဲ့ အခြေအနေကို အမြဲ နားစွင့်ပြီး ကျောင်းမှာ ပိုထိရောက်စွာ သင်နိုင်အောင် ဘာတွေ ကူညီနိုင်မလဲဆိုတာမျိုး ဆွေးနွေးသင့်ပါတယ်။ ငွေကြေးပိုင်း အထောက်ကူ မပြုနိုင်ရင်အောင် နားထောင်ပေးခြင်းအားဖြင့် ဆရာ၊မတွေကို အားပေးဖို့လိုပါတယ်။ ဆရာ၊မတွေဘက်ကလည်း ကိုယ့်တာဝန်ကို ကျေရုံတင်မဟုတ် အကောင်းဆုံး လုပ်ဆောင်ဖို့လည်း တာဝန်ရှိပါတယ်။

၃) ဆရာ၊မတွေကို အမှန်တစ်ကယ် တန်ဖိုးထားပေးပါ။

ရပ်ကွက် သာရေး၊နာရေး၊ နိုင်ငံတော်အတွက် မဲစာရင်း ကောက်ရေး၊ စတဲ့ လုပ်ငန်းတွေက အစ ဆရာ၊မတွေကို အားကိုးကြပါတယ်။ စာပိုတတ်ကြတယ်၊ ပိုသိကြတယ်ဆိုပြီး ယုံကြည်တဲ့အတွက် ပိုပြီး အကူညီဖြစ်အောင် အကူညီတောင်းကြပါတယ်။

ဒါပေမယ့် ဆရာ၊မတွေဟာ နားချိန်မှာ နားရမယ်၊ အလုပ်လုပ်ချိန်မှာ အလုပ်လုပ်ရမယ်ဆိုတဲ့ အချက်လေးကိုလည်း သိဖို့လိုအပ်ပါတယ်။ ကျောင်းပိတ်ရက်ကလေးတွေမှာ အခြား ကိုယ်ပိုင်လုပ်ချင်တာလေးတွေလုပ်ဖို့အချိန်ပေးဖို့လိုအပ်ပါတယ်။

နားချိန်နားပြီး အလုပ်လုပ်ချိန်မှာလည်း လေးလေးစားစား လုပ်တဲ့ဆရာ၊မတွေကိုလည်း အမှန်တစ်ကယ် လေးစား တန်ဖိုးထားဖို့လိုပါတယ်။ လေးစားတယ်ဆိုတာ ခါးကုန်း ခေါင်းငုံ့တာကိုမျိုးကိုတင်ပြောတာမဟုတ်ပါဘူး၊ ဆရာ၊မတွေရဲ့ လုပ်ရပ်ကို အသိမှတ်ပြုခြင်းဖြင့် လေးစားတာ၊ လုပ်ငန်းရဲ့ အရည်အသွေးပြည့်မှီဖို့ ပြင်ဆင်ချိန် သင်ကြားချိန် နားချိန် သေချာသတ်မှတ်ပေးခြင်းဖြင့် လေးစားတာ၊ အပြုသဘောအကြံပြုချက်တွေကို နားထောင်ပေးခြင်းဖြင့် လေးစားတာ တွေကို ပြောတာပါ။

ဆရာ၊မတွေကိုယ်တိုင်ကလည်း ကိုယ်သင်ကြားရမယ့် ဘာသာရပ်ကို သေချာလေ့လာ ပြင်ဆင်ထားတာ၊ အရည်သွေးကို အဓိကထားပြီး သေချာ သင်ပေးတာ၊ ကလေးတွေရဲ့ အခြေအနေအလိုက် ပြုလွယ်ပြောင်းလွယ်လုပ်တာ၊ ကလေးတွေကို အပြုသဘောဆောင်သော ဆုံးမခြင်းမျိုးကိုသာသုံးတာ စတာတွေကလည်း ကျောင်းဆရာ၊မ ဆိုတဲ့ ဂုဏ်ပုဒ်ကို လေးစားတန်ဖိုးထားောကာင်းပြတာပါ။ ကိုယ်တိုင်က မလေးစားရင် အပြင်လူက ဘယ်လေးစား တန်ဖိုးထားပါ့မလဲ။

အခြား သာရေးနာရေးတင်သာမက အခြား ရပ်ရွာနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကိုတောင် လိုက်လုပ်ပေးနေတဲ့ ဆရာ၊မတွေအတွက် ကလေးတွေကို ကျောင်းမှန်မှန်တက်ဖို့ ရပ်ရွာက တိုက်တွန်းပေးတာ၊ လိုအပ်တဲ့ သင်ထောက်ကူတွေရအောင်  သက်ဆိုင်ရာတွေက ကူညီတာ၊ ကြုံလာတဲ့အခက်အခဲကို သူသူငါငါ လက်ညှိုးမထိုးဘဲ  အချင်းချင်း ဝိုင်းဝန်းကူညီတာတွေဟာ ဆရာ၊မတွေရဲ့ အခန်းကဏ္ဍကို စစ်မှန်စွာ တန်ဖိုးထားကြောင်း လုပ်ရပ်နဲ့ သက်သေပြသလိုပါပဲ။

ပြောပြဆွေးနွေးချင်တာတော့ အများကြီးပါပဲ။ ဒါပေမယ့် ဒီနေ့အတွက် အပေါ်က (၃) ချက်ပဲ မျှဝေပါရစေ။

အချုပ်မှာ ကျွန်မတိုက်တွန်းချင်တာတော့ ဆရာ၊မတွေဟာ ကျွန်မတို့ အနာဂါတ်မျိုးဆက်သစ်တွေရဲ့ ပညာရေး၊ ရှေ့ရေးအတွက် အလွန်အရေးကြီးပါတယ်။ ဆရာ၊မတွေကိုယ်တိုင်က ကိုယ်လုပ်တဲ့ လုပ်ငန်းကို တာဝန်ကျေပွန်ရုံတင်မဟုတ်ဘဲ၊ အကောင်းဆုံးလုပ်ကြဖို့ လိုအပ်သလို ပညာရေးမှာ ပါဝင်တဲ့ မိဘတွေ၊ ရပ်မိရပ်ဖတွေ၊ ဋ္ဌာနဆိုင်ရာက လူကြီးတွေ၊ စတဲ့သူတွေကလည်း ဆရာ၊မတွေရဲ့ အရေးကြီးတဲ့ အခန်း ကဏ္ဍကို အသိမှတ်ပြုပြီး လုပ်ရပ်နဲ့တန်ဖိုးထား လေးစားပြဖို့လိုပါတယ်၊ ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။ ဆရာ၊မတွေကလည်း ကိုယ့်ရဲ့ လုပ်ငန်းကို လုပ်ရပ်နဲ့ တန်ဖိုးထားပြသလို သက်ဆိုင်သူတွေကလည်း လုပ်ရပ်နဲ့ လေးစားကူညီဆောင်ရွက်ပါမှ ကျွန်မတို့ရဲ့ မျိုးဆက်သစ်ကလေးငယ်တွေရဲ့ ပညာရေး အတွက် စိတ်အေးရမှာပါ။

မေတ္တာဖြင့်…

            Sayarma-ဆရာမ

[Zawgyi]

ကိုယ့္ဘဝမွာ အနည္းဆံုး ဆရာ၊မ တစ္ေယာက္ကို သိခဲ့တယ္ဆိုရင္ေတာင္ ဒီစာကို ဖတ္ေပးပါ။ ဆရာ၊မေတြနဲ႕ ပတ္သတ္ရင္ ေျပာျပခ်င္တာ၊ မွ်ေဝခ်င္တာေတြက အမ်ားၾကီးပါ။ ဒါေပမယ့္ ဒီတစ္ပတ္အတြက္ အခ်က္ (၃)ခ်က္ မွ်ေဝ ပါရေစ။ ကၽြန္မ မွ်ေဝတဲ့ အခ်က္ (၃) ခ်က္ကို ဖတ္ျပီးရင္ ကြန္းမန္႕မွာ ဆရာ၊မေတြရဲ႕ တာဝန္ယူမွဳနဲ႕ ဆရာ၊မေတြအေပၚ အျခားသူေတြရဲ႕ တန္ဖိုးထားမွဳ၊ အသိမွတ္ျပဳမွဳ၊ထင္ျမင္ယူဆမွဳေတြကို မွ်ေဝေပးပါဦး။

၁) ဆရာ၊မေတြကို သင္ယူသူလူသားေတြအျဖစ္ ဆက္ဆံပါ။

ဆရာ၊မဆိုတိုင္း အရာရာတိုင္းကို ၏သည္မေရြး သိေနတဲ့ လူသားေတြလို႕ ယူဆလို႕မရနိုင္ပါဘူး။ ကၽြမ္းက်င္မွဳ အတိုင္းအတာ တစ္ခုအရ အျခားသူတစ္ေယာက္ကို ျပန္လည္ မွ်ေဝဖို႕အတြက္ တာဝန္ယူထားေပမယ့္ ဆရာ၊မဆီကပဲ အလံုးစံု ေမွ်ာ္လင့္လို႕မရပါဘူး။

 ကၽြန္မတို႕ လူ႕အသိုင္းအဝိုင္းမွာ ေတာ္ေတာ္မ်ားမ်ားက  ဆရာဆို အလံုးစံုသိတယ္လို႕ယူဆထားတယ္။ အဲဒီ့ေတာ့ ဆရာ၊မေတြဟာ မသိရင္ေတာင္ မသိဘူးလို႕ ေျပာျခင္းဟာ ဂုဏ္သိကၡာရွိေသာ ဆရာ၊မေတြရဲ႕လုပ္ရပ္ဆိုတာကို မ်က္ကြယ္ျပဳရတဲ့အထိပါပဲ။

ဆရာေတြဟာ မသိေသးတဲ့အခ်က္ေတြအမ်ားၾကီးရွိတယ္ ဒါေပမယ့္ သိခ်င္စိတ္၊ေလ့လာလုိစိတ္ေတာ့ရွိရတယ္။ အခုအခ်ိန္မွာ မသိေသးေပမယ့္ သိဖို႕ ဘယ္လိုၾကိဳးစားနိုင္သလဲဆိုတာကို ကေလးေတြကို စံျပလုပ္ေပးဖို႕လိုအပ္တယ္။

ဒီလို အျမဲ သင္ယူဖို႕ၾကိဳးစားတာဟာ ဘဝတြက္တာ ကၽြမ္းက်င္စရာတစ္ခုျဖစ္ပါတယ္။ ဒီလို ဆရာ၊မေတြ စံျပဳနုိင္ေအာင္ ၾကိဳးစားဖို႕ မိဘေတြ၊ ဥပေဒျပ႒ာန္းသူေတြ၊ ရပ္မိရပ္ဖေတြက ဆရာ၊မေတြကို သင္ယူခြင့္ေပးပါ၊ မသိတာကိုေလ့လာခြင့္ေပးပါ။  ဆရာ၊မေတြကို သူ႕တို႕ကိုယ္တုိင္ သင္ယူနုိင္မယ့္ စာညႊန္းေတြ၊ ဖတ္စရာေတြ၊ ေလ့လာစရာေတြ ပံ့ပိုးေပးရမယ္၊ ဆရာ၊မေတြ ေလ့လာဆည္းပူးနိုင္ဖို႕ သင္တန္းေတြ အလုပ္ရံဳ ေဆြးေႏြးပြဲေတြကို လြတ္လြတ္လပ္လပ္လုပ္ခြင့္ေပးရမယ္၊ အျမဲမျပတ္ ပညာေရး အတြက္ သင္ယူစရာေတြကို သူ့အခ်ိန္နဲ႕သူ ထားေပးရမယ္။

အျမဲမျပတ္ေလ့လာေနဖို႕က ဆရာ၊မေတြမွာလည္း တာဝန္ရွိပါတယ္။ ကိုယ္တုိင္က မေလ့လာဘဲ တစ္ႏွစ္လာလည္း ဒီစာ၊ ေနာက္ႏွစ္လည္း ဒီစာဆိုျပီး မေလ့လာရင္ ေခတ္အလုိက္ ကေလးေတြအတြက္ လိုအပ္တဲ့ အသိသစ္ေတြ၊ ကၽြမ္းက်င္မွဳ အသစ္ေတြ ေပးနုိင္မွာမဟုတ္ပါဘူး။ စာသင္ခန္းထဲမွာ အေၾကာင္းအရာတစ္ခု ေမးလာခဲ့ရင္ ဆရာ၊မေတြဘက္ကလည္း မသိရင္ မသိေၾကာင္းေျပာပါ၊ အဲဒီ့မွာတင္ရပ္မေနဘဲ ဘယ္လို သိေအာင္လုပ္မယ္ဆိုတာမ်ိဳး မွ်ေဝေပးပါ၊ မွ်ေဝရံုတင္မကဘူး တစ္ကယ္ေလ့လာျပီး သိလာတာေတြလည္း ကေလးေတြနဲ႕အတူ ေဆြးေႏြးၾကည့္ပါ။ ဒီလိုလုပ္ရင္ တစ္သက္တာ သင္ယူနုိင္သူေတြျဖစ္ဖုိ႕အတြက္ လမ္းျပေပးနုိင္မွာပါ။

၂) ဆရာ၊မေတြရဲ႕ ကိုယ္ပိုင္ဘဝ၊မိသားစုကို သတိတရ ရွိေပးပါ။

ကေလးေတြရဲ႕ ပညာေရးကို တာဝန္ယူေပးထားရတဲ့ ဆရာ၊မေတြ ကိုယ္တိုင္မွာ မိသားစုေတြရွိၾကတယ္။ တစ္ေန႕တစ္ေန႕ အဆင္မေျပတာေတြ၊ အဆင္ေျပတာေတြ အမ်ိဳးမ်ိဳး ၾကံဳရတယ္။

ဂုဏ္သိကၡာရွိေသာ ဆရာ၊မေတြဟာ ကိုယ္ပိုင္အခ်ိန္မွာျဖစ္ခဲ့တဲ့ လုပ္ငန္းျပင္ပက အရာေတြကို အလုပ္ခြင္ကို သယ္မလာၾကပါဘူး။  ဒါေပမယ့္ ဘယ္လိုပဲ အလုပ္နဲ႕ ကိုယ္ပိုင္ဘဝ ခြဲထား ခြဲထား၊ ဆရာ၊မေတြ အဆင္ေျပရဲ႕လား ဆိုတာ ေက်ာင္းအုပ္ကအစ၊ ေက်ာင္းနဲ႕ သက္ဆိုင္သူေတြအေနနဲ႕ ကိုယ့္ေက်ာင္းက ဆရာ၊မေတြရဲ႕ ေနမွဳထုိင္မွဳ အေျခအေနေတြကို ေလ့လာေနဖို႕လိုပါတယ္။

နည္ပါးလြန္းတဲ့ ေက်ာင္းဆရာ၊မ လုပ္စာနဲ႕ အိမ္အေျခအေနအဆင္မေျပတာမ်ိဳးေတြ၊ အျပင္အပိုေငြေလးရေအာင္ အျခားအလုပ္ေတြလုပ္ရင္း  ႏွစ္ဆ ပင္ပန္းလြန္းလို႕ ေက်ာင္းမွာ စိတ္မႏွစ္နုိင္တာမ်ိဳးေတြရွိတတ္ပါတယ္။ ဆရာ၊မ အခ်င္းခ်င္း ေသာ္လည္းေကာင္း၊ ေက်ာင္းတာဝန္ရွိသူေတြကေသာ္လည္းေကာင္း ဆရာ၊မေတြရဲ႕ အေျခအေနကို အျမဲ နားစြင့္ျပီး ေက်ာင္းမွာ ပိုထိေရာက္စြာ သင္နုိင္ေအာင္ ဘာေတြ ကူညီနုိင္မလဲဆိုတာမ်ိဳး ေဆြးေႏြးသင့္ပါတယ္။ ေငြေၾကးပိုင္း အေထာက္ကူ မျပဳနုိင္ရင္ေအာင္ နားေထာင္ေပးျခင္းအားျဖင့္ ဆရာ၊မေတြကို အားေပးဖို႕လိုပါတယ္။ ဆရာ၊မေတြဘက္ကလည္း ကိုယ့္တာဝန္ကို ေက်ရံုတင္မဟုတ္ အေကာင္းဆံုး လုပ္ေဆာင္ဖို႕လည္း တာဝန္ရွိပါတယ္။

၃) ဆရာ၊မေတြကို အမွန္တစ္ကယ္ တန္ဖိုးထားေပးပါ။

ရပ္ကြက္ သာေရး၊နာေရး၊ နုိင္ငံေတာ္အတြက္ မဲစာရင္း ေကာက္ေရး၊ စတဲ့ လုပ္ငန္းေတြက အစ ဆရာ၊မေတြကို အားကိုးၾကပါတယ္။ စာပိုတတ္ၾကတယ္၊ ပိုသိၾကတယ္ဆိုျပီး ယံုၾကည္တဲ့အတြက္ ပိုျပီး အကူညီျဖစ္ေအာင္ အကူညီေတာင္းၾကပါတယ္။

ဒါေပမယ့္ ဆရာ၊မေတြဟာ နားခ်ိန္မွာ နားရမယ္၊ အလုပ္လုပ္ခ်ိန္မွာ အလုပ္လုပ္ရမယ္ဆိုတဲ့ အခ်က္ေလးကိုလည္း သိဖို႕လိုအပ္ပါတယ္။ ေက်ာင္းပိတ္ရက္ကေလးေတြမွာ အျခား ကိုယ္ပိုင္လုပ္ခ်င္တာေလးေတြလုပ္ဖို႕အခ်ိန္ေပးဖို႕လိုအပ္ပါတယ္။

နားခ်ိန္နားျပီး အလုပ္လုပ္ခ်ိန္မွာလည္း ေလးေလးစားစား လုပ္တဲ့ဆရာ၊မေတြကိုလည္း အမွန္တစ္ကယ္ ေလးစား တန္ဖိုးထားဖို႕လိုပါတယ္။ ေလးစားတယ္ဆိုတာ ခါးကုန္း ေခါင္းငံု႕တာကိုမ်ိဳးကိုတင္ေျပာတာမဟုတ္ပါဘူး၊ ဆရာ၊မေတြရဲ႕ လုပ္ရပ္ကို အသိမွတ္ျပဳျခင္းျဖင့္ ေလးစားတာ၊ လုပ္ငန္းရဲ႕ အရည္အေသြးျပည့္မွီဖို႕ ျပင္ဆင္ခ်ိန္ သင္ၾကားခ်ိန္ နားခ်ိန္ ေသခ်ာသတ္မွတ္ေပးျခင္းျဖင့္ ေလးစားတာ၊ အျပဳသေဘာအၾကံျပဳခ်က္ေတြကို နားေထာင္ေပးျခင္းျဖင့္ ေလးစားတာ ေတြကို ေျပာတာပါ။

ဆရာ၊မေတြကိုယ္တိုင္ကလည္း ကိုယ္သင္ၾကားရမယ့္ ဘာသာရပ္ကို ေသခ်ာေလ့လာ ျပင္ဆင္ထားတာ၊ အရည္ေသြးကို အဓိကထားျပီး ေသခ်ာ သင္ေပးတာ၊ ကေလးေတြရဲ႕ အေျခအေနအလိုက္ ျပဳလြယ္ေျပာင္းလြယ္လုပ္တာ၊ ကေလးေတြကို အျပဳသေဘာေဆာင္ေသာ ဆံုးမျခင္းမ်ိဳးကိုသာသံုးတာ စတာေတြကလည္း ေက်ာင္းဆရာ၊မ ဆိုတဲ့ ဂုဏ္ပုဒ္ကို ေလးစားတန္ဖိုးထားောကာင္းျပတာပါ။ ကိုယ္တုိင္က မေလးစားရင္ အျပင္လူက ဘယ္ေလးစား တန္ဖိုးထားပါ့မလဲ။

အျခား သာေရးနာေရးတင္သာမက အျခား ရပ္ရြာနဲ႕ဆိုင္တဲ့ လုပ္ငန္းေတြကိုေတာင္ လုိက္လုပ္ေပးေနတဲ့ ဆရာ၊မေတြအတြက္ ကေလးေတြကို ေက်ာင္းမွန္မွန္တက္ဖို႕ ရပ္ရြာက တုိက္တြန္းေပးတာ၊ လိုအပ္တဲ့ သင္ေထာက္ကူေတြရေအာင္  သက္ဆုိင္ရာေတြက ကူညီတာ၊ ၾကံဳလာတဲ့အခက္အခဲကို သူသူငါငါ လက္ညွိဳးမထုိးဘဲ  အခ်င္းခ်င္း ဝိုင္းဝန္းကူညီတာေတြဟာ ဆရာ၊မေတြရဲ႕ အခန္းက႑ကို စစ္မွန္စြာ တန္ဖိုးထားေၾကာင္း လုပ္ရပ္နဲ႕ သက္ေသျပသလိုပါပဲ။

ေျပာျပေဆြးေႏြးခ်င္တာေတာ့ အမ်ားၾကီးပါပဲ။ ဒါေပမယ့္ ဒီေန႕အတြက္ အေပၚက (၃) ခ်က္ပဲ မွ်ေဝပါရေစ။

အခ်ဳပ္မွာ ကၽြန္မတုိက္တြန္းခ်င္တာေတာ့ ဆရာ၊မေတြဟာ ကၽြန္မတို႕ အနာဂါတ္မ်ိဳးဆက္သစ္ေတြရဲ႕ ပညာေရး၊ ေရွ႕ေရးအတြက္ အလြန္အေရးၾကီးပါတယ္။ ဆရာ၊မေတြကိုယ္တုိင္က ကိုယ္လုပ္တဲ့ လုပ္ငန္းကို တာဝန္ေက်ပြန္ရံုတင္မဟုတ္ဘဲ၊ အေကာင္းဆံုးလုပ္ၾကဖို႕ လုိအပ္သလို ပညာေရးမွာ ပါဝင္တဲ့ မိဘေတြ၊ ရပ္မိရပ္ဖေတြ၊ ႒ာနဆိုင္ရာက လူၾကီးေတြ၊ စတဲ့သူေတြကလည္း ဆရာ၊မေတြရဲ႕ အေရးၾကီးတဲ့ အခန္း က႑ကို အသိမွတ္ျပဳျပီး လုပ္ရပ္နဲ႕တန္ဖိုးထား ေလးစားျပဖို႕လိုပါတယ္၊ ပူးေပါင္းေဆာင္ရြက္ၾကဖို႕လိုပါတယ္။ ဆရာ၊မေတြကလည္း ကိုယ့္ရဲ႕ လုပ္ငန္းကို လုပ္ရပ္နဲ႕ တန္ဖိုးထားျပသလို သက္ဆုိင္သူေတြကလည္း လုပ္ရပ္နဲ႕ ေလးစားကူညီေဆာင္ရြက္ပါမွ ကၽြန္မတို႕ရဲ႕ မ်ိဳးဆက္သစ္ကေလးငယ္ေတြရဲ႕ ပညာေရး အတြက္ စိတ္ေအးရမွာပါ။

ေမတၱာျဖင့္…             Sayarma-ဆရာမ