[Unicode]

ကျွန်မတို့နေ့စဉ် ရုန်းကန်နေရတဲ့ဘဝမှာ ဘာသာစကားဟာ မရှိမဖြစ်ပါ။ ကလေးတွေအတွက် ကျောင်းရွေးရင်တောင် အင်္ဂလိပ်စာ ကောင်းကောင်းသင်တဲ့ကျောင်းမျိုးကို ရွေးချယ်လာကြတယ်။   ဒီနေ့ ကျွန်မစဉ်းစားစေချင်တာက အင်္ဂလိပ်စာ တစ်ခုတည်းနဲ့ ကလေးတွေရဲ့ ဘဝ လုံလောက်သလားပေါ့။ အင်္ဂလိပ်စာအပြင် အခြား ဘယ်ကျွမ်းကျင်မှုတွေကိုရော ဆရာ၊မတွေက သင်ပေးသင့်သလဲ၊ မိဘတွေကရော ကျောင်းရှာတဲ့အခါ  ဘာတွေကို အလေးထား ကြည့်သင့်သလဲ။

ကျွန်မအနေနဲ့ ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် အင်္ဂလိပ်စာ တတ်ရုံနဲ့မလုံလောက်ပါဘူး။ အင်္ဂလိပ်စကားပြောနိုင်ခြင်း၊ရေးနိုင်၊ဖတ်နိုင်ခြင်းဟာ ကျွန်မတို့နေ့စဉ်ဘဝမှာ၊ လုပ်ငန်းခွင်မှာ၊ ပညာသင်ယူရာမှာ အရေးပါတဲ့ အရာတွေ အများကြီးထဲက တစ်ခုပါ။ ဘာလို့လဲဆိုရင် အင်္ဂလိပ်လိုရေးထားတဲ့ ကောင်းမွန်သော ပညာရပ်ဆိုင်ရာစာပေတွေ ဖတ်ရှုခွင့်ရမယ်၊ အင်္ဂလိပ်လိုပြောတဲ့ ပညာရှင်တွေနဲ့ စကားဆွေးနွေးနိုင်မယ်၊ အင်္ဂလိပ်လို ပြောဆိုညှိနိုှင်းပြီးလုပ်ငန်းလုပ်နိုင်မယ်၊ ဒါမှမဟုတ် အင်္ဂလိပ်ကားကောင်းကောင်းတွေကို မြန်မာစာတမ်းထိုးမပါရင်တောင် ကြည့်နိုင်မယ်ပေါ့။ အင်္ဂလိပ်စာ တတ်တဲ့အတွက် ကောင်းမွန်တဲ့ အရာတွေကို ရယူဖို့အခွင့်အလမ်းတွေ ပွင့်သွားပါတယ်၊ ဒါပေမယ့် မလုံလောက်ပါဘူး။ အင်္ဂလိပ်စာအပြင် အခြား ကျွမ်းကျင်မှု၊ စိတ်နေသဘောထား၊ အသိပညာဗဟုသုတနဲ့ ကိုယ်စိတ်လူမှုလုံခြုံမှုတွေဟာလည်း အရေးကြီးတဲ့အပိုင်းမှာ ပါတဲ့အတွက် သတိပြုသင့်ပါတယ်။ 

ကျွမ်းကျင်မှု – နှစ်ဆယ့်တစ်ရာစုမှာ လိုအပ်တဲ့ လူတစ်ယောက်အတွက် ကျွမ်းကျင်မှုတွေက အများကြီးပါ။ အဲဒီ့အထဲကမှ ကျွန်မ တစ်ဦးတည်းအမြင်နဲ့ အရေးကြီးဆုံး ကျွမ်းကျင်မှုတွေကတော့ ၁) ပြဿနာဖြေရှင်းနိုင်စွမ်း၊ ၂) ဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်း၊ ၃) တီထွင်ဖန်တီးနိုင်စွမ်း၊ ၄) နားလည် သုံးသပ်နိုင်စွမ်း၊ ၅) ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း  ၆) နားထောင်နိုင်စွမ်း နဲ့ ၇)  နည်းပညာအသုံးပြုနိုင်စွမ်း တွေလို့မြင်ပါတယ်။ 

စိတ်နေသဘောထား – ကျွမ်းကျင်မှုတွေ ပြည့်ဝနေပေမယ့် နှလုံးရည်ပြည့်ဝတဲ့ လူသားေတွေဖြစ်ဖို့လည်း သင်ယူဖို့လိုပါသေးတယ်။ ဒါကြောင့် ကလေးတွေကို ၁) တာဝန်ယူလိုစိတ်၊ ၂) ကူညီရိုင်းပင်းလိုစိတ်၊ ၃) ကြင်နာစိတ်၊ ၄) မေတ္တာစိတ်၊ ၅) စာနာ နားလည်စိတ်၊ ၆) အပြန်အလှန်လေးစားတဲ့စိတ်၊ ၇) ပရဟိတစိတ် စတဲ့ အရေးကြီးတဲ့ စိတ်နေသဘောထားတွေရှိဖို့ လေ့ကျင့်သင်ကြားပေးဖို့လိုပါတယ်။

အသိပညာဗဟုသုတ – မြန်မာ၊အင်္ဂလိပ်၊သချင်္ာ၊ပထဝီ၊သမိုင်း၊သိပ္ပံ စတဲ့ ကျောင်းသုံးစာအုပ်တွေထဲက သင်ခန်းစာတွေအပြင်၊ လက်တွေ့ဘဝထဲက အကြောင်းအရာတွေ၊ နောက်ဆုံးပေါ် နိုင်ငံရေး၊ လူမှုရေး အကြောင်းအရာတွေ၊ အသက်ရှင်နေထိုင်ဖို့လိုအပ်တဲ့ ကျမ်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ အာဟာရစတဲ့ အကြောင်းအရာတွေကိုပါ သင်ယူဖို့လိုအပ်ပါတယ်။

ကိုယ်စိတ်လူမှုလုံခြုံမှု – အပေါ်မှာပြောထားတဲ့ ကျွမ်းကျင်မှုတွေ၊ စိတ်နေသဘောထားတွေ ရရှိဖို့ဆိုရင် ကလေးတွေအနေနဲ့ ကိုယ်စိတ်လူမှုလုံခြုံဖို့လိုအပ်ပါတယ်။ ကိုယ်စိတ်လူမှု လုံခြုံမှုဆိုရင် ကိုယ်ခန္ဓာအတွက်လုံခြုံမှု၊ စိတ်နှလုံးလုံခြုံမှု နဲ့  လူမှုရေးဆိုင်ရာ လုံခြုံမှုဆိုပြီး သုံးပိုင်း ပါဝင်ပါတယ်။ ကိုယ်ခန္ဓာအတွက်လုံခြုံမှုဆိုတာ ကလေးတွေ မထိခိုက်အောင်၊ ကိုယ်ထိလက်ရောက်ကျူးလွန်မခံရအောင် လုံခြုံမှုပေးတာကို ဆိုလိုပါ။  စိတ်နှလုံးသားအတွက် လုံခြုံမှုဆိုတာ ကလေးတွေ စိတ်မချမ်းမြေ့အောင် နှိမ်တာ၊ ခွဲခြားဆက်ဆံတာ၊ ဆူငေါက်တာ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်ဆက်တာ စတာတွေပြုလုပ်ခြင်းမခံရအောင် လုံခြုံမှုပေးတာကို ဆိုလိုပါတယ်။   လူမှုရေးဆိုင်ရာ လုံခြုံမှုဆိုတာ ကလေးအချင်းချင်း နှိုင်းယှဉ်တာ၊ အသားရောင်၊ဆင်းရဲချမ်းသာ၊ မျိုးရိုးဘာသာစတာတွေနဲ့ခွဲခြားတာ စတဲ့ လူမှုရေးနဲ့သတ်ဆိုင်တဲ့ အကြောင်းအရာတွေအပေါ်မှာ ကလေးတွေ မထိခိုက်အောင် လုံခြုံမှုပေးတာပါ။ ကိုယ်၊ စိတ်၊ လူမှု သုံးပိုင်းလုံး လုံခြုံဖို့ ဆရာ၊မ၊ ကျောင်းတာဝန်ရှိသူတွေနဲ့ မိဘတွေကိုယ်တိုင် ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာ ဥပဒေသတွေ၊ စာတမ်းတွေ၊ သတင်းတွေကို ဖတ်ရှုလေ့လာ ကျင့်ကြံသင့်ပါတယ်။

မိဘတွေ ကလေးတွေကို ကျောင်းထားဖို့ လေ့လာတဲ့အခါ အင်္ဂလိပ်စာအပြင် ကျွန်မပြောထားတဲ့ အသိပညာဗဟုသုတ၊ ကျွမ်းကျင်မှုနဲ့ စိတ်နေသဘောထားတွေကို ကျောင်းက ဘယ်လို သင်ပေးမလဲ၊ ကျောင်းသင်ခန်းစာတွေထဲမှာ ဘယ်လို ချိတ်ဆက်ဖို့ ပြင်ဆင်ထားသလဲ ဆိုတဲ့ မေးခွန်းတွေမေးပါ။ ကိုယ်စိတ်လူမှု လုံခြုံဖို့ ကလေးတွေကို သင်မယ့် ဆရာ၊မတွေ၊ ကျောင်း တာဝန်ရှိသူတွေက ဘယ်လိုတွေပြင်ဆင်ထားတယ်၊ ကလေးတွေကို ဘယ်လို ကာကွယ်ဆောင်ရွက်သွားမလဲ စတာတွေလည်း မေးပါ။

ကလေးတစ်ယောက်ဟာ ကျောင်းမှာ အချိန်အများကြီးကုန်ဆုံးလို့ ဆရာ၊မတွေ ကျောင်းတွေက တာဝန်ရှိပေမယ့် မိဘဖြစ်တဲ့ ကိုယ်တွေကလည်း ကလေးတွေကို ပံ့ပိုးပေးဖို့လိုပါတယ်။ ကိုယ်တိုင်က ကိုယ်စိတ်နှလုံးလုံခြုံဖို့၊ ကလေးတွေလိုအပ်တဲ့ ကျွမ်းကျင်မှု၊ ဗဟုသုတနဲ့ စိတ်နေသဘောထားတွေရဖို့ ကိုယ်တိုင် ဦးဆောင် ပံ့ပိုးရမှာပါ။ ကိုယ့်သားသမီးမဟုတ်တဲ့ ကလေးတွေကို ထိန်းနေရတဲ့ ဆရာ၊မတွေကိုပဲ အားကိုးလို့မရပါဘူး။ အိမ်မှာလည််း ကလေးအတွက် သင်ယူမှု ဝန်းကျင်ကောင်း ဖန်တီးပေးပါ။

ကျောင်းဆရာ၊မတွေအနေနဲ့လည်း ကိုယ့်ဘက်က လိုအပ်မယ့် အသိပညာဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေနဲ့ မှန်ကန်တဲ့ စိတ်နေသဘောထားတွေရအောင် ကလေးတွေကို ဘယ်လို သင်ယူရမလဲဆိုတာ လေ့လာပြီး လက်တွေ့လုပ်ဆောင်ဖို့လိုပါတယ်။ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနဲ့ဆိုင်တာတွေ ကလေးတွေကို ကိုယ်စိတ်နှလုံး လုံခြုံမှု ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေလေ့လာသင်ယူ အသုံးပြုသင့်ပါတယ်။

ကျောင်းတွေအနေနဲ့ အထက်က အကြောင်းအရာတွေကို တစ်ကယ် လက်တွေ့လုပ်ဆောင်တဲ့ ဆရာ၊မတွေကို ချီးမြှောက်ဖို့၊ အားပေးဖို့လည်း မမေ့သင့်ပါဘူး။ မိဘတွေအနေနဲ့လည်း ကြိုးစားတဲ့ ဆရာ၊မတွေကို အပြုသဘောဆောင်တဲ့ အားပေးမှုတွေလုပ်သင့်ပါတယ်။ လာဘ်ထိုးတာမျိုး၊ လက်ဆောင်ပေးတာမျိုးထက် သာလွန်တဲ့ အခြား ကျေးဇူးတင်နည်းတွေနဲ့ ချီးမြှောက်ဖို့ စဉ်းစားသင့်ပါတယ်။

အချုပ်မှာ ကျွန်မပြောချင်တာကတော့ အင်္ဂလိပ်စာကို သင်ခိုင်းပါ။ အင်္ဂလိပ်စာတတ်ပြီး ကိုယ်ချင်းစာနာတတ်တဲ့စိတ်မရှိတဲ့သူတွေ၊ ဝေဖန်ပိုင်းခြားမစဉ်းစားတတ်တဲ့သူတွေဟာ လူအညံ့စားတွေပါ။ အင်္ဂလိပ်စာသင်ပြီးရင်လည်း အင်္ဂလိပ်လိုသင်ရင်း လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊ ဗဟုသုတတွေ၊ စိတ်နေသဘောထားတွေ ရအောင် သင်ကြားပေးပါ။ သင်တဲ့အခါ မိဘရော၊ ဆရာရော၊ကျောင်းမှာပါ တာဝန်ရှိပါတယ်။ အားလုံးပူးပေါင်းပါမှ၊ အချင်းချင်းပံ့ပိုးကူညီပါမှ၊ ကလေးပညာကောင်းမှာပါ။

မေတ္တာဖြင့်…

Sayarma-ဆရာမ

[Zawgyi]

ကၽြန္မတို႕ေန႕စဥ္ ရုန္းကန္ေနရတဲ့ဘဝမွာ ဘာသာစကားဟာ မရွိမျဖစ္ပါ။ ကေလးေတြအတြက္ ေက်ာင္းေရြးရင္ေတာင္ အဂၤလိပ္စာ ေကာင္းေကာင္းသင္တဲ့ေက်ာင္းမ်ိဳးကို ေရြးခ်ယ္လာၾကတယ္။   ဒီေန႕ ကၽြန္မစဥ္းစားေစခ်င္တာက အဂၤလိပ္စာ တစ္ခုတည္းနဲ႕ ကေလးေတြရဲ့ ဘဝ လံုေလာက္သလားေပါ့။ အဂၤလိပ္စာအျပင္ အျခား ဘယ္ကၽြမ္းက်င္မွုေတြကိုေရာ ဆရာ၊မေတြက သင္ေပးသင့္သလဲ၊ မိဘေတြကေရာ ေက်ာင္းရွာတဲ့အခါ  ဘာေတြကို အေလးထား ၾကည့္သင့္သလဲ။

ကၽြန္မအေနနဲ႕ ကေလးျဖစ္ျဖစ္၊ လူၾကီးျဖစ္ျဖစ္ အဂၤလိပ္စာ တတ္ရံုနဲ႕မလံုေလာက္ပါဘူး။ အဂၤလိပ္စကားေျပာနုိင္ျခင္း၊ေရးနုိင္၊ဖတ္နုိင္ျခင္းဟာ ကၽြန္မတို႕ေန႕စဥ္ဘဝမွာ၊ လုပ္ငန္းခြင္မွာ၊ ပညာသင္ယူရာမွာ အေရးပါတဲ့ အရာေတြ အမ်ားၾကီးထဲက တစ္ခုပါ။ ဘာလို႕လဲဆိုရင္ အဂၤလိပ္လိုေရးထားတဲ့ ေကာင္းမြန္ေသာ ပညာရပ္ဆိုင္ရာစာေပေတြ ဖတ္ရွုခြင့္ရမယ္၊ အဂၤလိပ္လိုေျပာတဲ့ ပညာရွင္ေတြနဲ႕ စကားေဆြးေႏြးနိုင္မယ္၊ အဂၤလိပ္လို ေျပာဆိုညွိနုိွင္းျပီးလုပ္ငန္းလုပ္နုိင္မယ္၊ ဒါမွမဟုတ္ အဂၤလိပ္ကားေကာင္းေကာင္းေတြကို ျမန္မာစာတမ္းထုိးမပါရင္ေတာင္ ၾကည့္နုိင္မယ္ေပါ့။ အဂၤလိပ္စာ တတ္တဲ့အတြက္ ေကာင္းမြန္တဲ့ အရာေတြကို ရယူဖို႕အခြင့္အလမ္းေတြ ပြင့္သြားပါတယ္၊ ဒါေပမယ့္ မလံုေလာက္ပါဘူး။ အဂၤလိပ္စာအျပင္ အျခား ကၽြမ္းက်င္မွဳ၊ စိတ္ေနသေဘာထား၊ အသိပညာဗဟုသုတနဲ႕ ကိုယ္စိတ္လူမွဳလံုျခံဳမွုေတြဟာလည္း အေရးၾကီးတဲ့အပိုင္းမွာ ပါတဲ့အတြက္ သတိျပဳသင့္ပါတယ္။ 

ကၽြမ္းက်င္မွဳ – ႏွစ္ဆယ့္တစ္ရာစုမွာ လိုအပ္တဲ့ လူတစ္ေယာက္အတြက္ ကၽြမ္းက်င္မွုေတြက အမ်ားၾကီးပါ။ အဲဒီ့အထဲကမွ ကၽြန္မ တစ္ဦးတည္းအျမင္နဲ႕ အေရးၾကီးဆံုး ကၽြမ္းက်င္မွဳေတြကေတာ့ ၁) ျပႆနာေျဖရွင္းနုိင္စြမ္း၊ ၂) ေဝဖန္ပုိင္းျခားစဥ္းစားနုိင္စြမ္း၊ ၃) တီထြင္ဖန္တီးနုိင္စြမ္း၊ ၄) နားလည္ သံုးသပ္နိုင္စြမ္း၊ ၅) ပူးေပါင္းလုပ္ေဆာင္နုိင္စြမ္း  ၆) နားေထာင္နုိင္စြမ္း နဲ႕ ၇)  နည္းပညာအသံုးျပဳနုိင္စြမ္း ေတြလို႕ျမင္ပါတယ္။ 

စိတ္ေနသေဘာထား – ကၽြမ္းက်င္မွဳေတြ ျပည့္ဝေနေပမယ့္ ႏွလံုးရည္ျပည့္ဝတဲ့ လူသားေေတြျဖစ္ဖို႕လည္း သင္ယူဖို႕လိုပါေသးတယ္။ ဒါေၾကာင့္ ကေလးေတြကို ၁) တာဝန္ယူလိုစိတ္၊ ၂) ကူညီရိုင္းပင္းလိုစိတ္၊ ၃) ၾကင္နာစိတ္၊ ၄) ေမတၱာစိတ္၊ ၅) စာနာ နားလည္စိတ္၊ ၆) အျပန္အလွန္ေလးစားတဲ့စိတ္၊ ၇) ပရဟိတစိတ္ စတဲ့ အေရးၾကီးတဲ့ စိတ္ေနသေဘာထားေတြရွိဖို႕ ေလ့က်င့္သင္ၾကားေပးဖို႕လိုပါတယ္။

အသိပညာဗဟုသုတ – ျမန္မာ၊အဂၤလိပ္၊သခ်ၤာ၊ပထဝီ၊သမိုင္း၊သိပၸံ စတဲ့ ေက်ာင္းသံုးစာအုပ္ေတြထဲက သင္ခန္းစာေတြအျပင္၊ လက္ေတြ႕ဘဝထဲက အေၾကာင္းအရာေတြ၊ ေနာက္ဆံုးေပၚ နုိင္ငံေရး၊ လူမွုေရး အေၾကာင္းအရာေတြ၊ အသက္ရွင္ေနထိုင္ဖို႕လိုအပ္တဲ့ က်မ္းမာေရး၊ သဘာဝပတ္ဝန္းက်င္၊ အာဟာရစတဲ့ အေၾကာင္းအရာေတြကိုပါ သင္ယူဖို႕လိုအပ္ပါတယ္။

ကိုယ္စိတ္လူမွဳလံုျခံဳမွဳ – အေပၚမွာေျပာထားတဲ့ ကၽြမ္းက်င္မွဳေတြ၊ စိတ္ေနသေဘာထားေတြ ရရိွဖုိ႕ဆိုရင္ ကေလးေတြအေနနဲ႕ ကိုယ္စိတ္လူမွုလံုျခံဳဖို႕လိုအပ္ပါတယ္။ ကိုယ္စိတ္လူမွဳ လံုျခံုမွဳဆိုရင္ ကိုယ္ခႏၶာအတြက္လံုျခံဳမွဳ၊ စိတ္ႏွလံုးလံုျခံဳမွဳ နဲ႕  လူမွဳေရးဆိုင္ရာ လံုျခံဳမွုဆိုျပီး သံုးပိုင္း ပါဝင္ပါတယ္။ ကိုယ္ခႏၶာအတြက္လံုျခံဳမွဳဆိုတာ ကေလးေတြ မထိခိုက္ေအာင္၊ ကိုယ္ထိလက္ေရာက္က်ဴးလြန္မခံရေအာင္ လံုျခံဳမွုေပးတာကို ဆိုလိုပါ။  စိတ္ႏွလံုးသားအတြက္ လံုျခံဳမွဳဆိုတာ ကေလးေတြ စိတ္မခ်မ္းေျမ့ေအာင္ ႏွိမ္တာ၊ ခြဲျခားဆက္ဆံတာ၊ ဆူေငါက္တာ၊ စိတ္ပိုင္းဆိုင္ရာ ညွင္းပမ္းႏွိပ္ဆက္တာ စတာေတြျပဳလုပ္ျခင္းမခံရေအာင္ လံုျခံဳမွဳေပးတာကို ဆိုလိုပါတယ္။   လူမွဳေရးဆိုင္ရာ လံုျခံဳမွဳဆိုတာ ကေလးအခ်င္းခ်င္း ႏွိဳင္းယွဥ္တာ၊ အသားေရာင္၊ဆင္းရဲခ်မ္းသာ၊ မ်ိဳးရိုးဘာသာစတာေတြနဲ႕ခြဲျခားတာ စတဲ့ လူမွဳေရးနဲ႕သတ္ဆုိင္တဲ့ အေၾကာင္းအရာေတြအေပၚမွာ ကေလးေတြ မထိခိုက္ေအာင္ လံုျခံုမွုေပးတာပါ။ ကိုယ္၊ စိတ္၊ လူမွဳ သံုးပိုင္းလံုး လံုျခံဳဖို႕ ဆရာ၊မ၊ ေက်ာင္းတာဝန္ရွိသူေတြနဲ႕ မိဘေတြကိုယ္တိုင္ ကေလးသူငယ္ကာကြယ္ေရးဆိုင္ရာ ဥပေဒသေတြ၊ စာတမ္းေတြ၊ သတင္းေတြကို ဖတ္ရွဳေလ့လာ က်င့္ၾကံသင့္ပါတယ္။

မိဘေတြ ကေလးေတြကို ေက်ာင္းထားဖို႕ ေလ့လာတဲ့အခါ အဂၤလိပ္စာအျပင္ ကၽြန္မေျပာထားတဲ့ အသိပညာဗဟုသုတ၊ ကၽြမ္းက်င္မွုနဲ႕ စိတ္ေနသေဘာထားေတြကို ေက်ာင္းက ဘယ္လို သင္ေပးမလဲ၊ ေက်ာင္းသင္ခန္းစာေတြထဲမွာ ဘယ္လို ခ်ိတ္ဆက္ဖို႕ ျပင္ဆင္ထားသလဲ ဆိုတဲ့ ေမးခြန္းေတြေမးပါ။ ကိုယ္စိတ္လူမွု လံုျခံဳဖို႕ ကေလးေတြကို သင္မယ့္ ဆရာ၊မေတြ၊ ေက်ာင္း တာဝန္ရွိသူေတြက ဘယ္လိုေတြျပင္ဆင္ထားတယ္၊ ကေလးေတြကို ဘယ္လို ကာကြယ္ေဆာင္ရြက္သြားမလဲ စတာေတြလည္း ေမးပါ။

ကေလးတစ္ေယာက္ဟာ ေက်ာင္းမွာ အခ်ိန္အမ်ားၾကီးကုန္ဆံုးလို႕ ဆရာ၊မေတြ ေက်ာင္းေတြက တာဝန္ရွိေပမယ့္ မိဘျဖစ္တဲ့ ကိုယ္ေတြကလည္း ကေလးေတြကို ပံ့ပိုးေပးဖို႕လိုပါတယ္။ ကိုယ္တုိင္က ကိုယ္စိတ္ႏွလံုးလံုျခံုဖို႕၊ ကေလးေတြလိုအပ္တဲ့ ကၽြမ္းက်င္မွဳ၊ ဗဟုသုတနဲ႕ စိတ္ေနသေဘာထားေတြရဖို႕ ကိုယ္တုိင္ ဦးေဆာင္ ပံ့ပိုးရမွာပါ။ ကိုယ့္သားသမီးမဟုတ္တဲ့ ကေလးေတြကို ထိန္းေနရတဲ့ ဆရာ၊မေတြကိုပဲ အားကိုးလို႕မရပါဘူး။ အိမ္မွာလည္္း ကေလးအတြက္ သင္ယူမွု ဝန္းက်င္ေကာင္း ဖန္တီးေပးပါ။

ေက်ာင္းဆရာ၊မေတြအေနနဲ႕လည္း ကိုယ့္ဘက္က လိုအပ္မယ့္ အသိပညာဗဟုသုတေတြ၊ ကၽြမ္းက်င္မွုေတြနဲ႕ မွန္ကန္တဲ့ စိတ္ေနသေဘာထားေတြရေအာင္ ကေလးေတြကို ဘယ္လို သင္ယူရမလဲဆိုတာ ေလ့လာျပီး လက္ေတြ႕လုပ္ေဆာင္ဖို႕လိုပါတယ္။ ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရးနဲ႕ဆိုင္တာေတြ ကေလးေတြကို ကိုယ္စိတ္ႏွလံုး လံုျခံဳမွု ေပးနုိင္မယ့္ နည္းလမ္းေတြကို ရွာေဖြေလ့လာသင္ယူ အသံုးျပဳသင့္ပါတယ္။

ေက်ာင္းေတြအေနနဲ႕ အထက္က အေၾကာင္းအရာေတြကို တစ္ကယ္ လက္ေတြ႕လုပ္ေဆာင္တဲ့ ဆရာ၊မေတြကို ခ်ီးေျမွာက္ဖို႕၊ အားေပးဖို႕လည္း မေမ့သင့္ပါဘူး။ မိဘေတြအေနနဲ႕လည္း ၾကိဳးစားတဲ့ ဆရာ၊မေတြကို အျပဳသေဘာေဆာင္တဲ့ အားေပးမွဳေတြလုပ္သင့္ပါတယ္။ လာဘ္ထိုးတာမ်ိဳး၊ လက္ေဆာင္ေပးတာမ်ိဳးထက္ သာလြန္တဲ့ အျခား ေက်းဇူးတင္နည္းေတြနဲ႕ ခ်ီးေျမွာက္ဖို႕ စဥ္းစားသင့္ပါတယ္။

အခ်ဳပ္မွာ ကၽြန္မေျပာခ်င္တာကေတာ့ အဂၤလိပ္စာကို သင္ခိုင္းပါ။ အဂၤလိပ္စာတတ္ျပီး ကိုယ္ခ်င္းစာနာတတ္တဲ့စိတ္မရွိတဲ့သူေတြ၊ ေဝဖန္ပိုင္းျခားမစဥ္းစားတတ္တဲ့သူေတြဟာ လူအညံ့စားေတြပါ။ အဂၤလိပ္စာသင္ျပီးရင္လည္း အဂၤလိပ္လိုသင္ရင္း လိုအပ္တဲ့ ကၽြမ္းက်င္မွုေတြ၊ ဗဟုသုတေတြ၊ စိတ္ေနသေဘာထားေတြ ရေအာင္ သင္ၾကားေပးပါ။ သင္တဲ့အခါ မိဘေရာ၊ ဆရာေရာ၊ေက်ာင္းမွာပါ တာဝန္ရွိပါတယ္။ အားလံုးပူးေပါင္းပါမွ၊ အခ်င္းခ်င္းပံ့ပိုးကူညီပါမွ၊ ကေလးပညာေကာင္းမွာပါ။

ေမတၱာျဖင့္…     Sayarma-ဆရာမ