[Unicode]
ကျွန်မ အသက် ၁၀ နှစ်ကနေ ၁ဝတန်းအောင်တဲ့အထိ မြန်မာပြည်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ တက်ခဲ့ပါတယ်။ ၁၀ တန်း ဖြေပြီးတဲ့နောက်နေ့ကစပြီး ဘုန်းကြီးကျောင်းမှာ လုပ်အားပေးဆရာမလုပ်ခဲ့ပါတယ်။ နောက် မူလတန်းသင်ကြားရေး မဟာဘွဲ့အတွက် သြစတျေးလျမှာ ရှိတဲ့ ကတ်သလစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ပါတယ်။ ကတ်သလစ်မူလတန်းကျောင်းတွေမှာလည်း အလုပ်သင်အဖြစ် လက်တွေ့သင်ယူလေ့လာ လေ့ကျင့်ခဲ့ပါတယ်။ အခု မျှဝေမှာကတော့ သြစတျေးလျနိုင်ငံမှာရှိတဲ့ ကတ်သလစ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေရဲ့ အကြောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဘကကျောင်းတွေရော ကတ်သလစ်ဘုန်းတော်ကြီးသင်ပညာရေးကနေ ဘာတွေ သင်ယူနိုင်မလဲ၊ မြန်မာနိုင်ငံ ပညာရေးဌာနကရော သြစတျေးက ပညာရေးစနစ်ကနေ ဘာသင်ယူနိုင်မယ်ဆိုတာကို စာဖတ်ပြီး မေးခွန်းလေးတွေ ဖြေပေးခဲ့ပါ။
ဆရာ၊မ ဖြစ်လာပုံ
– ကျွန်မတို့ မူလတန်းသင်ကြားရေးအထူးပြု ကျောင်းသူကျောင်းသားတွေကို ကျောင်းအပ်ကတည်းက ကတ်သလစ်ဘာသာရေးဆိုင်ရာ အသိမှတ်ပြုလက်မှတ်လိုချင်ပါသလားမေးပါတယ်။ ကတ်သလစ်ကျောင်းတွေမှာ အလုပ်ရလိုတဲ့ဆရာ၊မတွေက သင်ကြားရေးဘွဲ့လက်မှတ်အပြင် ဘာသာရေးဆိုင်ရာအသိမှတ်ပြုလက်မှတ်လိုပါတယ်။ ကတ်သလစ်ကျောင်းမှာ မလုပ်လိုတဲ့ ဆရာ၊မတွေအနေနဲ့ တက်စရာမလိုပါဘူး။ အဲဒီ့အသိမှတ်ပြုလက်မှတ်ရဖို့ ဘာသာရေးဆိုင်ရာအကြောင်းအရာတွေ၊ ကလေးတွေကို သင်စေချင်တဲ့ခေါင်းစဉ်တွေရဲ့နောက်က အကြောင်းရင်းတွေ၊ ကလေးတွေကို ဘာသာရေးသင်ကြားပုံနည်းစနစ် စတာတွေကို သင်ယူရပါတယ်။ အဲ့လိုသင်ယူထားပြီး အသိမှတ်ပြုလက်မှရထားသူသာ ကတ်သလစ်ကျောင်းတွေမှာ တရားဝင်သင်ခွင့်ရှိပါတယ်။
– အသိမှတ်ပြုလက်မှတ်ရထားပေမယ့် သင်ကြားရေးဆိုင်ရာ အသိမှတ်ပြုလက်မှတ်မရထားရင်လည်း သင်ခွင့်မရှိပါဘူး။ ဘာလို့လဲဆိုရင် သင်ကြားရေးအသိမှတ်ပြုလက်မှတ်မရှိသူဟာ ဆရာဖြစ်လိုင်စင် မရှိလို့ပါ။ ဆရာဖြစ်လိုင်စင်လုပ်ဖို့အတွက် ကျွန်မတို့ ကျောင်းပြီးတဲ့အခါ ကျွန်မတို့ရဲ့ လေ့လာထားတဲ့၊ တတ်ကျွမ်းထားတဲ့ ပညာရပ်တွေကို သက်သေတွေကို ကိုယ်တက်ရောက်ခဲ့တဲ့ ကျောင်းရဲ့ ပညာရပ်ဆိုင်ရာ သက်သေ စာရွက်စာတမ်းတွေနဲ့အတူ ပူးတွဲတင်ရပါတယ်။ ဥပမာ ပြင်ဆင်ထားတဲ့ သင်ခန်းစာတွေ၊ ပြုလုပ်ခဲ့ဖူးတဲ့ သင်ခန်းစာသုံးသပ်ချက်တွေ ကိုကြည့်ပြီး ဆရာဖြစ်နိုင်မဖြစ်နိုင် (လိုင်စင်ရ၊မရ) ဆုံးဖြတ်ကြပါတယ်။ အဲဒီ့လို သက်သေတွေကို စုပြီး အစိုးရကို တင်ပြီး ပညာရေးဌာနက အသိမှတ်ပြုပြီဆိုမှ ဆရာဖြစ်လိုင်စင်ရပါတယ်
– လိုင်စင်အပြင် Working With Children Card (ကလေးများနဲ့အလုပ်လုပ်ခွင့်ကဒ်)လို့ခါ်တဲ့ ကလေးတွေကို အကြမ်းဖက်မှုမလုပ်ပါဘူး၊ အကြမ်းဖက်မှုတွေမလုပ်ဖူးပါဘူးလို့ အာမခံအနေနဲ့သုံးလို့ရတဲ့ သက်သေခံကဒ်ပြားကို လုပ်ငန်းသုံးအတွက် ပြုလုပ်ရပါတယ်။ အဲဒီ့ကဒ်လုပ်ဖို့အတွက် ပြစ်မှုကင်းရှင်းကြောင်း စတဲ့ စာရွက်စာတမ်းတွေကိုဆိုင်ရာဆိုင်ရာ တင်ရပါတယ်။
– နောက်ဆုံး ၁) ဆရာဖြစ်လိုင်စင်ရယ်၊ ၂) ဘာသာရေးဆိုင်ရာ အသိမှတ်ပြုလက်မှတ်ရယ်၊ ၃) ကလေးနှင့် အလုပ်လုပ်ခွင့်ကဒ်ရယ် ၊ ၄) ကိုယ့်ပညာတွေကျွမ်းကျင်မှုတွေကိုသက်သေပြမယ့် သက်သေလုပ်ငန်းစာရွက်တွေ ယူပြီး ကတ်သလစ်ကျောင်းမှာ အလုပ်လျှောက်လို့ ရပါပြီ။ အလုပ်လျှောက်ပြီးရင်် အလုပ်လျှောက်ထားတဲ့ ကတ်သလစ်ကျောင်းက ကျောင်းအုပ်နဲ့ ဝန်ထမ်းရွေးချယ်ရေး အဖွဲ့က သူတို့ကျောင်းရဲ့ တန်ဖိုးထားမှု၊ စံနှုန်း၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့သူမျိုးကိုပဲ ရွေးချယ်ခန့်အပ်ပါတယ်။
အစိုးရကျောင်းတို့၊ ပုဂ္ဂလိကကျောင်းတို့မှာတော့ လိုင်စင်ရယ်၊ ကလေးနှင့်အလုပ်လုပ်ခွင့်ကဒ်ရယ်၊ လိုအပ်တဲ့ အရည်ချင်းသက်သေ လုပ်ငန်းစာရွက်တွေပါရင် အလုပ်လျှောက်လို့ရပါတယ်၊ ဘာသာရေးဆိုင်ရာ အသိမှတ်ပြုလက်မှတ်မလိုအပ်ပါဘူး။
မေးခွန်း (၁) – ကတ်သလစ်ပညာရေး၊ သြစတျေးလျနိုင်ငံရဲ့ ဆရာ၊မ ခန့်ထားရေး ပုံစံကို ရေးရေးလေးမြင်လာတဲ့အခါ မြန်မာနိုင်ငံက ဘကကျောင်းတွေ၊ အစိုးရကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေမှာ ဆရာ၊မခန့်ထားရေးကို ဘယ်လိုတွေ လက်ရှိ ဆောင်ရွက်နေလဲ။ ဘယ်လိုတွေ ပြောင်းလဲလိုက်ရင် ကလေးတွေ ပညာရေးအတွက် ပိုထိရောက်မယ်ထင်လဲ။
အခွင့်အလမ်း
– ကတ်သလစ်ကျောင်းတွေဟာ အစိုးရကျောင်းတွေ မဟုတ်ကြပါဘူး။ အဲဒီ့အတွက် “ကလေးတစ်ယောက်ချင်းစီ” အတွက် ကောင်းမွန်တဲ့ ပညာရေးတစ်ခု ပေးတဲ့နေရာမှာ ကုန်မယ့် ကုန်ကျစရိတ်ကို သြစတျေးလျ အစိုးရက ၁၀၀% ထောက်ပံ့မှု မပေးပါဘူး။ ဒါပေမယ့် ၈၀% ထောက်ပံ့ပါတယ်။ ဒေသခံ ဘာသာရေးယုံကြည်သူတွေရဲ့ အလှူထည့်ဝင်မှုနဲ့ ကျောင်းသားမိဘတွေရဲ့ ပံ့ပိုးမှုကြောင့် ရရှိလာတဲ့ ပညာရေးရန်ပုံငွေဟာ လိုနေတဲ့ ၂၀%ထက်ပိုမို ကျော်လွန်နေပါတယ်။ ဒါကြောင့် ကတ်သလစ်ကျောင်းတွေရဲ့ ပညာရေးဆိုင်ရာ ငွေကြေးသုံးစွဲနိုင်မှုဟာ အစိုးရကျောင်းတွေထက် သာလွန်ပါတယ်။ ရရှိထားတဲ့ ပညာရေးစရိတ်ဟာ အစိုးရကျောင်းတွေထက် သာလွန်နေတဲ့အတွက် အစိုးရကျောင်းကဆရာ၊မတွေ ဝန်ထမ်းတွေထက် လစာ ပိုရကြပြီး၊ ကလေးတွေရဲ့ ပညာရေး အရေအသွေး မြှင့်တင်ရေးအတွက် လိုအပ်မယ့် အရာတွေအတွက် ပိုပြီး အသုံးပြုနိုင်တာပေါ့။ သြစတျေးလျနိုင်ငံတစ်နိုင်ငံလုံးမှာ ကတ်သလစ် ကျောင်းပေါင်း ၁ရဝဝခန့်ရှိပြီး ဝန်ထမ်းပေါင်း ရသောင်းဝန်းကျင်မှာ ရှိပါတယ်။ ၂၀၁၄ လောက်မှာ ကျောင်းသားပေါင်း ရသိန်းကျော် တက်ရောက်ခဲ့ပါတယ်။
မေးခွန်း (၂) – မြန်မာနိုင်ငံက ဘကကျောင်းတွေကိုရော ဘယ်လောက် ပံ့ပိုးပေးမှုတွေရှိတယ်ဆိုတာ မျှဝေပါဦး။ အစိုးရဘက်က၊ ရပ်ရွာလူထုဖက်က၊ မိဘတွေဘက်က အခုလက်ရှိပံ့ပိုးနေတဲ့ပုံနဲ့ ပံ့ပိုးတဲ့ပမာဏအပေါ် ဘယ်လိုထင်ပါလဲ။ ပိုကောင်းသွားအောင် ဘယ်လို ပြုပြင်ဖို့လိုမယ်ထင်လဲ။
သင်ရိုးညွှန်းတမ်း
– ဘယ်ကျောင်းမှာမဆို ပြည်နယ် အစိုးရက အသိမှတ်ပြုထားတဲ့ သင်ရိုးညွှန်းတမ်းကို ရည်ညွှန်းသင်ကြားရပါတယ်။ ရည်ညွှန်းတယ်ဆိုတာ ကလေးတွေအတွက် ဘုံ သတ်မှတ်ထားတဲ့ အသိပညာ၊ ကျွမ်းကျင်မှု၊ စိတ်နေသဘောထားတွေကို “ကိုးကား”ပြီး ကိုယ့်စာသင်ခန်းထဲက ကလေးနဲ့ ကိုက်ညီတဲ့ ခေါင်းစဉ်၊ သင်ကြားနည်းစနစ်ကို ရွေးချယ်သင်ကြားတာကို ဆိုလိုပါတယ်။ ကျောင်းတိုင်းမှာတက်ရောက်တဲ့ ကလေးတွေက မတူညီကြတာကို အသိမှတ်ပြုတဲ့အတွက် ကိုယ့်အတန်း၊ ကိုယ့်ကျောင်းမှာ တက်နေတဲ့ကလေးနဲ့ ကိုက်ညီတဲ့ လုပ်ငန်း၊သင်ခန်းစာ၊ စစ်ဆေးမှုပုံစံကို ရွေးချယ်မှု ပြုရပါတယ်။ အစိုးရကျောင်းက၊ ပြည်နယ် ပညာရေးဌာန က ဝင်ရောက်စွက်ဖက်မှုကို မခံရပါဘူး။
– စာပေ၊အတွက်အချက်၊သိပ္ပံ၊သမိုင်းစတဲ့ ကျောင်းစာတွေတင်မကပါဘူး အခြားကျောင်းတွေလိုမျိုး အားကစား၊ ဂီတ၊ အနုပညာ၊ စိုက်ပျိုးရေး၊ ဘာသာစကား စတဲ့ အခြား ကလေးတွေရဲ့ စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ သင်ရိုးတွေကိုလည်း သင်ယူခွင့် ရှိကြပါတယ်။
မေးခွန်း (၃) – ဘကကျောင်း၊ အစိုးရကျောင်း၊ပုဂ္ဂလိကကျောင်းတွေမှာ သုံးနေတဲ့ သင်ရိုးညွှန်းတမ်းတွေအပေါ် ဘယ်လိုမြင်လဲ။ အစိုးရရဲ့ သင်ရိုးညွှန်းတမ်း၊ စစ်ဆေးအကဲဖြတ်မှုနဲ့ အခြားသော သင်ကြားရေးဆိုင်ရာ ကဏ္ဍတွေမှာ ပံ့ပိုးမှု၊ စီမံခန့်ခွဲမှုကို ဘယ်လို ထင်ပါသလဲ။ ဘာတွေ ပိုကောင်းအောင် လုပ်ရင်ကောင်းမလဲ။
အပေါ်ကအကြောင်းအရာတွေကြည့်ပြီး ကျွန်မတို့ မြန်မာပြည်က ဘကကျောင်းတွေ၊ အစိုးရကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေနဲ့ သြစတျေးလျနိုင်ငံက ကတ်သလစ်ကျောင်းတွေဟာ ကွာဟလွန်းတယ်လို့ခံစားနေမယ်ထင်တယ်။ ကလေးတွေ အပေါ်မှာ ထားတဲ့ မေတ္တာ၊ စေတနာတွေကတော့ တူပါတယ်။ ဘာသာရေးကျောင်းတွေဖြစ်တဲ့ မြန်မာနိုင်ငံက ဘကကျောင်းတွေနဲ့ သြစတျေးလျနိုင်ငံက ကတ်သလစ်ကျောင်းတွေဟာ ဘာသာမတူညီတဲ့ ကလေးတွေကို ခွဲခြားမှုမရှိ ကြိုးစားသင်ကြားပေးနေတာတွေလည်း တူညီကြပါတယ်။ ကောင်းမွန်တဲ့ ဘာသာဝင်တွေဖြစ်အောင် သွန်သင် ကူညီပံ့ပိုးလိုတဲ့ ရည်ရွယ်ချက်တွေလည်း တူညီကြပါတယ်။ ဘာသာရေးခေါင်းဆောင်တွေရဲ့ နိုင်ငံတွေအပေါ်မှာ ထားတဲ့ စေတနာတွေကလည်း တူညီကြပါတယ်။
ကျွန်မတို့ နိုင်ငံရဲ့ ပညာရေးလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းကနေ အတတ်နိုင်ဆုံး ဖြည့်စည်းပေးနိုင်ဖို့အတွက် ရှိတဲ့ဝန်ထမ်း၊ နိုင်တဲ့အားနဲ့ ပညာအခွင့်အလမ်း ဝေးနေတဲ့ ကလေးတွေကို ပညာပေးနေတဲ့ ဆရာ၊မတွေ ဆရာတော်ဘုရားတွေ၊ ဆရာလေးဘုရားတွေ အားလုံးကို လေးစား ကြည်ညိုမိပါတယ်။
ငယ်စဉ်ကတည်းက သင်ပေးခဲ့တဲ့ ဖောင်တော်ဦးဆရာတော်ဘုရားနဲ့အတူ ဆရာ၊မတွေကို လေးစားကြည်ညိုလျက်…
Sayarma-ဆရာမ
သြဂုတ်လ၊ ၁၅ရက်၊ ၂၀၁၈
[Zawgyi]
ကၽြန္မ အသက္ ၁၀ ႏွစ္ကေန ၁၀တန္းေအာင္တဲ့အထိ ျမန္မာျပည္က ဘုန္းေတာ္ၾကီးသင္ ပညာေရးေက်ာင္းမွာ တက္ခဲ့ပါတယ္။ ၁၀ တန္း ေျဖျပီးတဲ့ေနာက္ေန့ကစျပီး ဘုန္းၾကီးေက်ာင္းမွာ လုပ္အားေပးဆရာမလုပ္ခဲ့ပါတယ္။ ေနာက္ မူလတန္းသင္ၾကားေရး မဟာဘြဲ႕အတြက္ ျသစေတ်းလ်မွာ ရွိတဲ့ ကတ္သလစ္တကၠသိုလ္မွာ တက္ေရာက္ခဲ့ပါတယ္။ ကတ္သလစ္မူလတန္းေက်ာင္းေတြမွာလည္း အလုပ္သင္အျဖစ္ လက္ေတြ႕သင္ယူေလ့လာ ေလ့က်င့္ခဲ့ပါတယ္။ အခု မွ်ေဝမွာကေတာ့ ျသစေတ်းလ်နုိင္ငံမွာရွိတဲ့ ကတ္သလစ္ဘုန္းေတာ္ၾကီးသင္ပညာေရးေက်ာင္းေတြရဲ႕ အေၾကာင္း ျဖစ္ပါတယ္။ ျမန္မာနုိင္ငံမွာရွိတဲ့ ဘကေက်ာင္းေတြေရာ ကတ္သလစ္ဘုန္းေတာ္ၾကီးသင္ပညာေရးကေန ဘာေတြ သင္ယူနိုင္မလဲ၊ ျမန္မာနုိင္ငံ ပညာေရးဌာနကေရာ ျသစေတ်းက ပညာေရးစနစ္ကေန ဘာသင္ယူနိုင္မယ္ဆိုတာကို စာဖတ္ျပီး ေမးခြန္းေလးေတြ ေျဖေပးခဲ႕ပါ။
ဆရာ၊မ ျဖစ္လာပံု
– ကၽြန္မတို႕ မူလတန္းသင္ၾကားေရးအထူးျပဳ ေက်ာင္းသူေက်ာင္းသားေတြကို ေက်ာင္းအပ္ကတည္းက ကတ္သလစ္ဘာသာေရးဆုိင္ရာ အသိမွတ္ျပဳလက္မွတ္လိုခ်င္ပါသလားေမးပါတယ္။ ကတ္သလစ္ေက်ာင္းေတြမွာ အလုပ္ရလိုတဲ့ဆရာ၊မေတြက သင္ၾကားေရးဘြဲ႕လက္မွတ္အျပင္ ဘာသာေရးဆိုင္ရာအသိမွတ္ျပဳလက္မွတ္လိုပါတယ္။ ကတ္သလစ္ေက်ာင္းမွာ မလုပ္လိုတဲ့ ဆရာ၊မေတြအေနနဲ႕ တက္စရာမလိုပါဘူး။ အဲဒီ့အသိမွတ္ျပဳလက္မွတ္ရဖို႕ ဘာသာေရးဆိုင္ရာအေၾကာင္းအရာေတြ၊ ကေလးေတြကို သင္ေစခ်င္တဲ့ေခါင္းစဥ္ေတြရဲ႕ေနာက္က အေၾကာင္းရင္းေတြ၊ ကေလးေတြကို ဘာသာေရးသင္ၾကားပံုနည္းစနစ္ စတာေတြကို သင္ယူရပါတယ္။ အဲ့လိုသင္ယူထားျပီး အသိမွတ္ျပဳလက္မွရထားသူသာ ကတ္သလစ္ေက်ာင္းေတြမွာ တရားဝင္သင္ခြင့္ရွိပါတယ္။
– အသိမွတ္ျပဳလက္မွတ္ရထားေပမယ့္ သင္ၾကားေရးဆိုင္ရာ အသိမွတ္ျပဳလက္မွတ္မရထားရင္လည္း သင္ခြင့္မရွိပါဘူး။ ဘာလို႕လဲဆိုရင္ သင္ၾကားေရးအသိမွတ္ျပဳလက္မွတ္မရွိသူဟာ ဆရာျဖစ္လုိင္စင္ မရွိလို႕ပါ။ ဆရာျဖစ္လိုင္စင္လုပ္ဖုိ႕အတြက္ ကၽြန္မတို႕ ေက်ာင္းျပီးတဲ့အခါ ကၽြန္မတို႕ရဲ့ ေလ့လာထားတဲ့၊ တတ္ကၽြမ္းထားတဲ့ ပညာရပ္ေတြကို သက္ေသေတြကို ကိုယ္တက္ေရာက္ခဲ႕တဲ့ ေက်ာင္းရဲ့ ပညာရပ္ဆိုင္ရာ သက္ေသ စာရြက္စာတမ္းေတြနဲ႕အတူ ပူးတြဲတင္ရပါတယ္။ ဥပမာ ျပင္ဆင္ထားတဲ့ သင္ခန္းစာေတြ၊ ျပုလုပ္ခဲ့ဖူးတဲ့ သင္ခန္းစာသံုးသပ္ခ်က္ေတြ ကိုၾကည့္ျပီး ဆရာျဖစ္နုိင္မျဖစ္နုိင္ (လိုင္စင္ရ၊မရ) ဆံုးျဖတ္ၾကပါတယ္။ အဲဒီ့လို သက္ေသေတြကို စုျပီး အစိုးရကို တင္ျပီး ပညာေရးဌာနက အသိမွတ္ျပဳျပီဆိုမွ ဆရာျဖစ္လိုင္စင္ရပါတယ္
– လိုင္စင္အျပင္ Working With Children Card (ကေလးမ်ားနဲ႕အလုပ္လုပ္ခြင့္ကဒ္)လို႕ခၚတဲ့ ကေလးေတြကို အၾကမ္းဖက္မွဳမလုပ္ပါဘူး၊ အၾကမ္းဖက္မွဳေတြမလုပ္ဖူးပါဘူးလို႕ အာမခံအေနနဲ႕သံုးလို႕ရတဲ့ သက္ေသခံကဒ္ျပားကို လုပ္ငန္းသံုးအတြက္ ျပဳလုပ္ရပါတယ္။ အဲဒီ့ကဒ္လုပ္ဖို႕အတြက္ ျပစ္မွုကင္းရွင္းေၾကာင္း စတဲ့ စာရြက္စာတမ္းေတြကိုဆိုင္ရာဆိုင္ရာ တင္ရပါတယ္။
– ေနာက္ဆံုး ၁) ဆရာျဖစ္လိုင္စင္ရယ္၊ ၂) ဘာသာေရးဆိုင္ရာ အသိမွတ္ျပဳလက္မွတ္ရယ္၊ ၃) ကေလးႏွင့္ အလုပ္လုပ္ခြင့္ကဒ္ရယ္ ၊ ၄) ကိုယ့္ပညာေတြကၽြမ္းက်င္မွုေတြကိုသက္ေသျပမယ့္ သက္ေသလုပ္ငန္းစာရြက္ေတြ ယူျပီး ကတ္သလစ္ေက်ာင္းမွာ အလုပ္ေလွ်ာက္လို႔ ရပါျပီ။ အလုပ္ေလွ်ာက္ျပီးရင္္ အလုပ္ေလွ်ာက္ထားတဲ့ ကတ္သလစ္ေက်ာင္းက ေက်ာင္းအုပ္နဲ႕ ဝန္ထမ္းေရြးခ်ယ္ေရး အဖြဲ႕က သူတို႕ေက်ာင္းရဲ့ တန္ဖိုးထားမွဳ၊ စံႏွုန္း၊ လိုအပ္ခ်က္ေတြနဲ႕ ကိုက္ညီတဲ့သူမ်ိဳးကိုပဲ ေရြးခ်ယ္ခန္႕အပ္ပါတယ္။
အစိုးရေက်ာင္းတို႕၊ ပုဂၢလိကေက်ာင္းတို႕မွာေတာ့ လုိင္စင္ရယ္၊ ကေလးႏွင့္အလုပ္လုပ္ခြင့္ကဒ္ရယ္၊ လိုအပ္တဲ့ အရည္ခ်င္းသက္ေသ လုပ္ငန္းစာရြက္ေတြပါရင္ အလုပ္ေလွ်ာက္လို႕ရပါတယ္၊ ဘာသာေရးဆိုင္ရာ အသိမွတ္ျပဳလက္မွတ္မလိုအပ္ပါဘူး။
ေမးခြန္း (၁) – ကတ္သလစ္ပညာေရး၊ ျသစေတ်းလ်နုိင္ငံရဲ႕ ဆရာ၊မ ခန္႕ထားေရး ပံုစံကို ေရးေရးေလးျမင္လာတဲ့အခါ ျမန္မာနုိင္ငံက ဘကေက်ာင္းေတြ၊ အစိုးရေက်ာင္းေတြ၊ ပုဂၢလိကေက်ာင္းေတြမွာ ဆရာ၊မခန္႕ထားေရးကို ဘယ္လိုေတြ လက္ရွိ ေဆာင္ရြက္ေနလဲ။ ဘယ္လိုေတြ ေျပာင္းလဲလုိက္ရင္ ကေလးေတြ ပညာေရးအတြက္ ပိုထိေရာက္မယ္ထင္လဲ။
အခြင့္အလမ္း
– ကတ္သလစ္ေက်ာင္းေတြဟာ အစိုးရေက်ာင္းေတြ မဟုတ္ၾကပါဘူး။ အဲဒီ့အတြက္ “ကေလးတစ္ေယာက္ခ်င္းစီ” အတြက္ ေကာင္းမြန္တဲ႕ ပညာေရးတစ္ခု ေပးတဲ့ေနရာမွာ ကုန္မယ့္ ကုန္က်စရိတ္ကို ျသစေတ်းလ် အစိုးရက ၁၀၀% ေထာက္ပံ့မွဳ မေပးပါဘူး။ ဒါေပမယ့္ ၈၀% ေထာက္ပံ့ပါတယ္။ ေဒသခံ ဘာသာေရးယံုၾကည္သူေတြရဲ့ အလွဴထည့္ဝင္မွုနဲ႕ ေက်ာင္းသားမိဘေတြရဲ႕ ပံ့ပိုးမွဳေၾကာင့္ ရရွိလာတဲ့ ပညာေရးရန္ပံုေငြဟာ လိုေနတဲ့ ၂၀%ထက္ပိုမို ေက်ာ္လြန္ေနပါတယ္။ ဒါေၾကာင့္ ကတ္သလစ္ေက်ာင္းေတြရဲ့ ပညာေရးဆိုင္ရာ ေငြေၾကးသံုးစြဲနုိင္မွုဟာ အစိုးရေက်ာင္းေတြထက္ သာလြန္ပါတယ္။ ရရွိထားတဲ့ ပညာေရးစရိတ္ဟာ အစိုးရေက်ာင္းေတြထက္ သာလြန္ေနတဲ့အတြက္ အစိုးရေက်ာင္းကဆရာ၊မေတြ ဝန္ထမ္းေတြထက္ လစာ ပိုရၾကျပီး၊ ကေလးေတြရဲ႕ ပညာေရး အေရအေသြး ျမွင့္တင္ေရးအတြက္ လိုအပ္မယ့္ အရာေတြအတြက္ ပိုျပီး အသံုးျပဳနုိင္တာေပါ့။ ျသစေတ်းလ်နုိင္ငံတစ္နုိင္ငံလံုးမွာ ကတ္သလစ္ ေက်ာင္းေပါင္း ၁၇၀၀ခန္႕ရွိျပီး ဝန္ထမ္းေပါင္း ၇ေသာင္းဝန္းက်င္မွာ ရွိပါတယ္။ ၂၀၁၄ ေလာက္မွာ ေက်ာင္းသားေပါင္း ၇သိန္းေက်ာ္ တက္ေရာက္ခဲ႕ပါတယ္။
ေမးခြန္း (၂) – ျမန္မာနုိင္ငံက ဘကေက်ာင္းေတြကိုေရာ ဘယ္ေလာက္ ပံ့ပိုးေပးမွုေတြရွိတယ္ဆိုတာ မွ်ေဝပါဦး။ အစိုးရဘက္က၊ ရပ္ရြာလူထုဖက္က၊ မိဘေတြဘက္က အခုလက္ရွိပံ့ပိုးေနတဲ႕ပံုနဲ႕ ပံ့ပိုးတဲ့ပမာဏအေပၚ ဘယ္လိုထင္ပါလဲ။ ပိုေကာင္းသြားေအာင္ ဘယ္လို ျပဳျပင္ဖို႕လိုမယ္ထင္လဲ။
သင္ရိုးညႊန္းတမ္း
– ဘယ္ေက်ာင္းမွာမဆို ျပည္နယ္ အစိုးရက အသိမွတ္ျပဳထားတဲ့ သင္ရိုးညႊန္းတမ္းကို ရည္ညႊန္းသင္ၾကားရပါတယ္။ ရည္ညႊန္းတယ္ဆိုတာ ကေလးေတြအတြက္ ဘံု သတ္မွတ္ထားတဲ့ အသိပညာ၊ ကၽြမ္းက်င္မွု၊ စိတ္ေနသေဘာထားေတြကို “ကိုးကား”ျပီး ကိုယ့္စာသင္ခန္းထဲက ကေလးနဲ႕ ကိုက္ညီတဲ့ ေခါင္းစဥ္၊ သင္ၾကားနည္းစနစ္ကို ေရြးခ်ယ္သင္ၾကားတာကို ဆိုလိုပါတယ္။ ေက်ာင္းတုိင္းမွာတက္ေရာက္တဲ့ ကေလးေတြက မတူညီၾကတာကို အသိမွတ္ျပဳတဲ့အတြက္ ကိုယ့္အတန္း၊ ကိုယ့္ေက်ာင္းမွာ တက္ေနတဲ့ကေလးနဲ႔ ကိုက္ညီတဲ့ လုပ္ငန္း၊သင္ခန္းစာ၊ စစ္ေဆးမွုပံုစံကို ေရြးခ်ယ္မွု ျပဳရပါတယ္။ အစိုးရေက်ာင္းက၊ ျပည္နယ္ ပညာေရးဌာန က ဝင္ေရာက္စြက္ဖက္မွုကို မခံရပါဘူး။
– စာေပ၊အတြက္အခ်က္၊သိပၸံ၊သမိုင္းစတဲ့ ေက်ာင္းစာေတြတင္မကပါဘူး အျခားေက်ာင္းေတြလိုမ်ိဳး အားကစား၊ ဂီတ၊ အနုပညာ၊ စိုက္ပ်ိဳးေရး၊ ဘာသာစကား စတဲ့ အျခား ကေလးေတြရဲ႕ စိတ္ဝင္စားမွဳနဲ႕ ကိုက္ညီတဲ့ သင္ရိုးေတြကိုလည္း သင္ယူခြင့္ ရွိၾကပါတယ္။
ေမးခြန္း (၃) – ဘကေက်ာင္း၊ အစိုးရေက်ာင္း၊ပုဂၢလိကေက်ာင္းေတြမွာ သံုးေနတဲ႕ သင္ရိုးညႊန္းတမ္းေတြအေပၚ ဘယ္လိုျမင္လဲ။ အစိုးရရဲ႕ သင္ရိုးညႊန္းတမ္း၊ စစ္ေဆးအကဲျဖတ္မွဳနဲ႕ အျခားေသာ သင္ၾကားေရးဆိုင္ရာ က႑ေတြမွာ ပံ့ပိုးမွဳ၊ စီမံခန္႕ခြဲမွုကို ဘယ္လို ထင္ပါသလဲ။ ဘာေတြ ပိုေကာင္းေအာင္ လုပ္ရင္ေကာင္းမလဲ။
အေပၚကအေၾကာင္းအရာေတြၾကည့္ျပီး ကၽြန္မတို႕ ျမန္မာျပည္က ဘကေက်ာင္းေတြ၊ အစိုးရေက်ာင္းေတြ၊ ပုဂၢလိကေက်ာင္းေတြနဲ႕ ျသစေတ်းလ်နုိင္ငံက ကတ္သလစ္ေက်ာင္းေတြဟာ ကြာဟလြန္းတယ္လို႕ခံစားေနမယ္ထင္တယ္။ ကေလးေတြ အေပၚမွာ ထားတဲ့ ေမတၱာ၊ ေစတနာေတြကေတာ့ တူပါတယ္။ ဘာသာေရးေက်ာင္းေတြျဖစ္တဲ႕ ျမန္မာနုိင္ငံက ဘကေက်ာင္းေတြနဲ႕ ျသစေတ်းလ်နုိင္ငံက ကတ္သလစ္ေက်ာင္းေတြဟာ ဘာသာမတူညီတဲ႕ ကေလးေတြကို ခြဲျခားမွဳမရွိ ၾကိဳးစားသင္ၾကားေပးေနတာေတြလည္း တူညီၾကပါတယ္။ ေကာင္းမြန္တဲ႕ ဘာသာဝင္ေတြျဖစ္ေအာင္ သြန္သင္ ကူညီပံ့ပိုးလိုတဲ႕ ရည္ရြယ္ခ်က္ေတြလည္း တူညီၾကပါတယ္။ ဘာသာေရးေခါင္းေဆာင္ေတြရဲ႕ နုိင္ငံေတြအေပၚမွာ ထားတဲ့ ေစတနာေတြကလည္း တူညီၾကပါတယ္။
ကၽြန္မတို႕ နုိင္ငံရဲ႕ ပညာေရးလိုအပ္ခ်က္ကို တစ္ဖက္တစ္လမ္းကေန အတတ္နိုင္ဆံုး ျဖည့္စည္းေပးနုိင္ဖို႕အတြက္ ရွိတဲ႕ဝန္ထမ္း၊ နုိင္တဲ့အားနဲ႕ ပညာအခြင့္အလမ္း ေဝးေနတဲ႕ ကေလးေတြကို ပညာေပးေနတဲ႕ ဆရာ၊မေတြ ဆရာေတာ္ဘုရားေတြ၊ ဆရာေလးဘုရားေတြ အားလံုးကို ေလးစား ၾကည္ညိဳမိပါတယ္။
ငယ္စဥ္ကတည္းက သင္ေပးခဲ႕တဲ့ ေဖာင္ေတာ္ဦးဆရာေတာ္ဘုရားနဲ႕အတူ ဆရာ၊မေတြကို ေလးစားၾကည္ညိဳလ်က္…
Sayarma-ဆရာမ ျသဂုတ္လ၊ ၁၅ရက္၊ ၂၀၁၈