[ Unicode ]
အခုကာလမှာ Homeschooling ကို တွင်တွင်ကျယ်ကျယ် ပြောလာကြပါတယ်။ ဒီတော့ သတ်မှတ်ထားတဲ့ ကျောင်းစနစ်တစ်ခုကို ဆက်လက်တက်ရောက်မှု မပြုတော့ဘဲ အိမ်မှာပဲ သင်ပေးကြတော့မယ်ဆိုရင် ဘယ်လို သင်ကြမလဲဆိုတာ စဉ်းစားရပါပြီ။ ဒီတော့ အိမ်မှာ ကလေးတွေကို ပညာသင်ပေးကြတဲ့ မတူညီတဲ့ Homeschoolingအမျိုးအစားလေးတွေ အနည်းငယ်မျှဝေလိုပါတယ်။
၁) ကျောင်းစာကို အိမ်မှာ သင်သော Homeschooling
ဒါကတော့ ရိုးရှင်းပါတယ်။ အစိုးရကျောင်းတွေမှာ သုံးတဲ့ ဖတ်စာ စာအုပ်တွေကို အသုံးပြုပြီး ကျောင်းကလို စာမေးပွဲတွေဖြေကြည့်ကြ၊ စာတွေကျက်ကြ၊ လေ့ကျင့်ခန်းတွေလုပ်ကြနဲ့ ကျောင်းမှာ သင်မယ့် အရာတွေကို ကျောင်းမှာ မသင်ဘဲ အိမ်မှာပဲ သင်ကြတဲ့ အမျိုးအစားပါ။ အချို့တွေက အစိုးရကျောင်းက မဟုတ်ပေမယ့် International schools တွေ အခြားနိုင်ငံတွေရဲ့ သင်ရိုးညွှန်းတမ်းတွေကို အသုံးပြုပြီးသင်ကြပါတယ်။ အခြားနိုင်ငံတွေမှာတော့ အချိန်ပြည့် အိမ်မှာ သင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ သင်ရိုး ညွှန်းတမ်းတွေလည်း ရှိကြတာမို့ အချို့တွေက အဲဒီ့ သင်ရိုးတွေကို ကိုးကားသင်တာတွေလည်း ရှိပါတယ်။ ဆိုတော့ ဒီနည်းမှာ သင်ရိုးတစ်ခုခုကို အသုံးပြုပြီး အိမ်မှာ စာသင်တာမျိုးဖြစ်ပါတယ်။
၂) ခေါင်းစဉ် (Theme) အခြေပြု သင်သော Homeschooling
ဒါကတော့ အိမ်မှာ သင်ယူမှု ပေးမယ့် ကာလအပိုင်းအခြားမှာ ကလေးတွေ စိတ်ဝင်စားတဲ့ ခေါင်းစဉ်တွေကို ရွေးချယ်ပြီး ခေါင်းစဉ်တွေနဲ့ ဘာသာရပ်အစုံကို ချိတ်ဆက်သင်ပေးတာပါ။ ဆိုလိုတာကတော့ ကလေးတွေက ကားကို အရမ်းစိတ်ဝင်စားတယ်ဆိုရင် – ကား နဲ့ ပတ်သက်တာတွေကို သင်ပါတယ်။ ကားရဲ့ အစိတ်အပိုင်းတွေကို အင်္ဂလိပ်လို၊ မြန်မာလို ပြောဆိုရေးဖတ်တာမျိုး၊ ကားအမျိုးအစားတွေကို လေ့လာတာမျိုး၊ ကားဈေးနှုန်းတွေ၊ ကားနဲ့ ဒေသတစ်ခုကနေ တစ်ခုကို သွားနိုင်တဲ့ မိုင်နှုန်းတွေ ဆွေးနွေးရင်းကနေ သင်္ချာကို သင်တာမျိုး၊ ကားတွေရဲ့ သမိုင်းကနေ သမိုင်းသဘောတရားကို ပြောတာမျိုး၊ ကားပုံကိုဆွဲတာ၊ ကားပုံသဏ္ဍာန်တစ်ခုခု ဖန်တီးပြီး အနုပညာဘာသာရပ်ကို သင်တာမျိုးကို ဆိုလိုချင်တာပါ။ ဒီမှာ အရေးကြီးဆုံးက ကလေးရဲ့ စိတ်ဝင်စားတဲ့ ဧရိယာ၊ ခေါင်းစဉ်တွေကို အခြေပြု ပြီး သင်ဖို့ပါပဲ။ ကလေးတွေစိတ်ဝင်စားတဲ့ အရာတွေကနေ သူတို့ သိသင့်တဲ့ ဗဟုသုတတွေ၊ စွမ်းရည်တွေ ရအောင် ဖန်တီးပေးနိုင်ဖို့ လိုပါတယ်။
၃) သဘာတရားနှင့် အနီးဆုံးထား၍ သင်သော Homeschooling
ဒီအမျိုးအစားမှာတော့ ကလေးတွေ သင်ယူရတဲ့ ဘာသာရပ်တွေ၊ သင်ယူရပုံတွေက သဘာဝပတ်ဝန်းကျင်နဲ့ အနီးဆပ်ဆုံး ဖြစ်အောင် ဖန်တီးထားတာပါ။ ဥပမာ – ခြံထဲမှာ အပင်တွေ စိုက်ရင်း ဇီဝမျိုးစိတ်တွေအကြောင်း၊ မြေဆီလွှာတွေအကြောင်း၊ လေထု၊ရေထု ညစ်ညမ်းခြင်းအကြောင်း စတာတွေကို သင်ပေးပါတယ်။ အဲဒီ့သင်ယူတဲ့အချက်တွေကို မှတ်တမ်းတင်ခြင်း၊ ပြန်လည်တင်ပြစေခြင်းအားဖြင့် အရေး၊အဖတ်၊အပြောတွေကို ဖွံ့ဖြိုးအောင် သင်ကြပါတယ်။ သင်ယူတဲ့နေရာဟာလည်း သစ်ပင်တွေအနား၊ စမ်းချောင်းတွေအနားဖြစ်နိုင်သလို အခြား သဘာဝတရားနဲ့ နီးစပ်တဲ့ နေရာမျိုးတွေမှာ ဖြစ်နိုင်ပါတယ်။ ဒီနည်းကို မြန်မာပြည်က မိဘအချို့ အသုံးပြုတာမျိုး တွေ့ဖူးပါတယ်။ ကလေးတွေနဲ့အတူတူ ရွှံ့အိမ်တွေဆောက်ကြတယ်၊ ရွှံ့အိမ်တွေဆောက်ရင်း အတွက်အချက်၊ သဘာဝပတ်ဝန်းကျင်အကြောင်း၊ လက်မှု စတဲ့ အကြောင်းအရာများစွာကို ချိတ်ဆက် သင်ကြားပေးကြတာပါ။ အခြား ဘာသာရပ်တွေအတွက် ကလေးကို လွတ်လပ်စွာလေ့လာခွင့်လည်း ပေးထားပေးပါတယ်။ ဒီမှာ အရေးကြီးဆုံးက ကလေးကို သဘာဝတရားနဲ့ အနီးစပ်ဆုံးမှာ ထားပြီး သင်ယူမှု ပြုလုပ်စေခြင်းပါ။
၄) အေးဆေး သင်သော Homeschooling
ဒီနည်းနဲ့ အိမ်မှာသင်ဖို့ လုပ်ထားသူတွေကတော့ ဘယ်အရွယ်မှာ ဘာတွေတတ်နေရမယ်၊ ဘာတွေသိနေရမယ်ဆိုတဲ့အရာတွေအပေါ် စိတ်မပူကြသလို၊ တစ်ရက်မှာ အချိန်ဘယ်လောက် သင်ပေးမယ်၊ ဘယ်အချိန်မှာ ဘာတွေသင်မယ်ဆိုတာကို သိပ်ပြီး စိတ်မပူကြပါဘူး။ မိဘတွေနဲ့ ကလေးတွေ သဘောကျတဲ့ Ixl လို၊ Khan academy ကလို အွန်လိုင်းက သင်ရိုးတစ်ခုခု ကို အသုံးပြုပြီး သင်ယူမှု ရှိကောင်းရှိလိမ့်မယ် ဒါပေမယ့် ဘာသာစုံအတွက် လုပ်မထားပါဘူး။ သင်ယူဖို့အတွက် အချိန်တွေ၊ ဘာသာရပ်တွေအပေါ်မှာ စိတ်ပူမှုမရှိဘဲ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အတူတကွ လုပ်ကိုင်ရင်း အချိန်အတူတူ ဖြတ်သန်းကြပါတယ်။ လက်တွေ့ဘဝကနေလည်း သင်ယူမှုတွေရှိနေတာကို ယုံကြည်တာမို့ နေ့စဉ်လုပ်ငန်းတွေလုပ်ရင်း မေးခွန်းလေးတွေမေးကြ၊ ဆွေးနွေးကြ၊ အရမ်းသိချင်လာရင် သေချာ လေ့လာကြနဲ့ အချိန်တွေကို ကုန်ဆုံးစေကြပါတယ်။
အပေါ်မှာ မျှဝေခဲ့တဲ့ homeshooling နည်းလမ်း (၄)ခု အပြင် မွန်တက်ဆိုရီ နည်းအတိုင်း သင်သော Homeschooling ၊ Waldrof Steiner နည်းအတိုင်း သင်သော Homeschooling ဆိုတာမျိုးတွေလည်း ရှိပါသေးတယ်။
ကျွန်မအနေနဲ့ကတော့ ကျွန်မတို့ ကလေးတွေကို ကျောင်းပို့ခြင်းဟာ အသိပညာ ဗဟုသုတ ပိုကြွယ်ဝဖို့၊ ဘဝအတွက် လိုအပ်တဲ့ စွမ်းရည်တွေ ကျွမ်းကျင်မှုတွေရှိဖို့၊ ရိုးဖြောင့် မှန်ကန်တဲ့ စိတ်ထားနဲ့ ကောင်းမွန်တဲ့ စိတ်ထားတွေရှိဖို့ သင်ယူခွင့်ပေးချင်လို့ လို့ မြင်ပါတယ်။ အဲဒီ့တော့ ကိုယ့်ကလေးကို ကိုယ်ပေးချင်တဲ့ အသိပညာ၊ စွမ်းရည်နဲ့ စိတ်နေသဘောထားတွေ ကျောင်းကမပေးနိုင်ရင် အချိန်တွေကို ဖြုန်းနေသလိုပါပဲ။ ဒီကာလမှာ ကလေးတွေကို အိမ်မှာနေရင်း သင်မှ ရမှာမို့ သင်မယ်ဆိုလည်း လိုအပ်တဲ့ အသိ၊ စွမ်းရည်နဲ့ စိတ်ထားတွေရအောင် သင်ယူခွင့် ဖန်တီးပေးနိုင်ရင် အဆင်ပြေပြီလို့ ထင်ပါတယ်။ ဘယ်လိုမျိုး Homeschooling ပုံစံနဲ့ လုပ်မယ်ဆိုတာကတော့ မိဘတွေနဲ့ ကလေးတွေရဲ့ အဆင်ပြေဆုံးဖြစ်မယ့်ဟာကို တိုင်ပင်ပြီး ရွေးချယ်ရမှာပါ။
ကလေးတွေကို သင်ဖို့ ပြင်ဆင်မယ်ဆိုရင် ကလေးတွေကို အဓိကထားပြီး ကလေးတွေရဲ့ စိတ်ဝင်စားမှု၊ သင်ယူမှုပုံစံတွေနဲ့ ဘယ်လို လူကြီးအဖြစ် ကြီးပြင်းစေချင်လဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားစေချင်ပါတယ်။ အားလုံး အခုလို ခက်ခဲတဲ့ ကာလမှာ အန္တရာယ်ကင်းစွာနဲ့ ထိရောက်တဲ့ သင်ယူမှု အခွင့်အလမ်းတွေဖန်တီးပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်…
မေတ္တာဖြင့်…
Sayarma-ဆရာမ
Photo credit to – https://www.pinterest.com.au/pin/684054630884146164/
[ Zawgyi ]
အခုကာလမွာ Homeschooling ကို တြင္တြင္က်ယ္က်ယ္ ေျပာလာၾကပါတယ္။ ဒီေတာ့ သတ္မွတ္ထားတဲ့ ေက်ာင္းစနစ္တစ္ခုကို ဆက္လက္တက္ေရာက္မႈ မျပဳေတာ့ဘဲ အိမ္မွာပဲ သင္ေပးၾကေတာ့မယ္ဆိုရင္ ဘယ္လို သင္ၾကမလဲဆိုတာ စဥ္းစားရပါၿပီ။ ဒီေတာ့ အိမ္မွာ ကေလးေတြကို ပညာသင္ေပးၾကတဲ့ မတူညီတဲ့ Homeschoolingအမ်ိဳးအစားေလးေတြ အနည္းငယ္မၽွေဝလိုပါတယ္။
၁) ေက်ာင္းစာကို အိမ္မွာ သင္ေသာ Homeschooling
ဒါကေတာ့ ရိုးရွင္းပါတယ္။ အစိုးရေက်ာင္းေတြမွာ သုံးတဲ့ ဖတ္စာ စာအုပ္ေတြကို အသုံးျပဳၿပီး ေက်ာင္းကလို စာေမးပြဲေတြေျဖၾကည့္ၾက၊ စာေတြက်က္ၾက၊ ေလ့က်င့္ခန္းေတြလုပ္ၾကနဲ႔ ေက်ာင္းမွာ သင္မယ့္ အရာေတြကို ေက်ာင္းမွာ မသင္ဘဲ အိမ္မွာပဲ သင္ၾကတဲ့ အမ်ိဳးအစားပါ။ အခ်ိဳ႕ေတြက အစိုးရေက်ာင္းက မဟုတ္ေပမယ့္ International schools ေတြ အျခားနိုင္ငံေတြရဲ့ သင္ရိုးညႊန္းတမ္းေတြကို အသုံးျပဳၿပီးသင္ၾကပါတယ္။ အျခားနိုင္ငံေတြမွာေတာ့ အခ်ိန္ျပည့္ အိမ္မွာ သင္ဖို႔အတြက္ ရည္ရြယ္ၿပီး ထုတ္ထားတဲ့ သင္ရိုး ညႊန္းတမ္းေတြလည္း ရွိၾကတာမို႔ အခ်ိဳ႕ေတြက အဲဒီ့ သင္ရိုးေတြကို ကိုးကားသင္တာေတြလည္း ရွိပါတယ္။ ဆိုေတာ့ ဒီနည္းမွာ သင္ရိုးတစ္ခုခုကို အသုံးျပဳၿပီး အိမ္မွာ စာသင္တာမ်ိဳးျဖစ္ပါတယ္။
၂) ေခါင္းစဥ္ (Theme) အေျချပဳ သင္ေသာ Homeschooling
ဒါကေတာ့ အိမ္မွာ သင္ယူမႈ ေပးမယ့္ ကာလအပိုင္းအျခားမွာ ကေလးေတြ စိတ္ဝင္စားတဲ့ ေခါင္းစဥ္ေတြကို ေရြးခ်ယ္ၿပီး ေခါင္းစဥ္ေတြနဲ႔ ဘာသာရပ္အစုံကို ခ်ိတ္ဆက္သင္ေပးတာပါ။ ဆိုလိုတာကေတာ့ ကေလးေတြက ကားကို အရမ္းစိတ္ဝင္စားတယ္ဆိုရင္ – ကား နဲ႔ ပတ္သက္တာေတြကို သင္ပါတယ္။ ကားရဲ့ အစိတ္အပိုင္းေတြကို အဂၤလိပ္လို၊ ျမန္မာလို ေျပာဆိုေရးဖတ္တာမ်ိဳး၊ ကားအမ်ိဳးအစားေတြကို ေလ့လာတာမ်ိဳး၊ ကားေဈးႏႈန္းေတြ၊ ကားနဲ႔ ေဒသတစ္ခုကေန တစ္ခုကို သြားနိုင္တဲ့ မိုင္ႏႈန္းေတြ ေဆြးေႏြးရင္းကေန သခၤ်ာကို သင္တာမ်ိဳး၊ ကားေတြရဲ့ သမိုင္းကေန သမိုင္းသေဘာတရားကို ေျပာတာမ်ိဳး၊ ကားပုံကိုဆြဲတာ၊ ကားပုံသ႑ာန္တစ္ခုခု ဖန္တီးၿပီး အႏုပညာဘာသာရပ္ကို သင္တာမ်ိဳးကို ဆိုလိုခ်င္တာပါ။ ဒီမွာ အေရးႀကီးဆုံးက ကေလးရဲ့ စိတ္ဝင္စားတဲ့ ဧရိယာ၊ ေခါင္းစဥ္ေတြကို အေျချပဳ ၿပီး သင္ဖို႔ပါပဲ။ ကေလးေတြစိတ္ဝင္စားတဲ့ အရာေတြကေန သူတို႔ သိသင့္တဲ့ ဗဟုသုတေတြ၊ စြမ္းရည္ေတြ ရေအာင္ ဖန္တီးေပးနိုင္ဖို႔ လိုပါတယ္။
၃) သဘာတရားႏွင့္ အနီးဆုံးထား၍ သင္ေသာ Homeschooling
ဒီအမ်ိဳးအစားမွာေတာ့ ကေလးေတြ သင္ယူရတဲ့ ဘာသာရပ္ေတြ၊ သင္ယူရပုံေတြက သဘာဝပတ္ဝန္းက်င္နဲ႔ အနီးဆပ္ဆုံး ျဖစ္ေအာင္ ဖန္တီးထားတာပါ။ ဥပမာ – ၿခံထဲမွာ အပင္ေတြ စိုက္ရင္း ဇီဝမ်ိဳးစိတ္ေတြအေၾကာင္း၊ ေျမဆီလႊာေတြအေၾကာင္း၊ ေလထု၊ေရထု ညစ္ညမ္းျခင္းအေၾကာင္း စတာေတြကို သင္ေပးပါတယ္။ အဲဒီ့သင္ယူတဲ့အခ်က္ေတြကို မွတ္တမ္းတင္ျခင္း၊ ျပန္လည္တင္ျပေစျခင္းအားျဖင့္ အေရး၊အဖတ္၊အေျပာေတြကို ဖြံ့ၿဖိဳးေအာင္ သင္ၾကပါတယ္။ သင္ယူတဲ့ေနရာဟာလည္း သစ္ပင္ေတြအနား၊ စမ္းေခ်ာင္းေတြအနားျဖစ္နိုင္သလို အျခား သဘာဝတရားနဲ႔ နီးစပ္တဲ့ ေနရာမ်ိဳးေတြမွာ ျဖစ္နိုင္ပါတယ္။ ဒီနည္းကို ျမန္မာျပည္က မိဘအခ်ိဳ႕ အသုံးျပဳတာမ်ိဳး ေတြ႕ဖူးပါတယ္။ ကေလးေတြနဲ႔အတူတူ ရႊံ့အိမ္ေတြေဆာက္ၾကတယ္၊ ရႊံ့အိမ္ေတြေဆာက္ရင္း အတြက္အခ်က္၊ သဘာဝပတ္ဝန္းက်င္အေၾကာင္း၊ လက္မႈ စတဲ့ အေၾကာင္းအရာမ်ားစြာကို ခ်ိတ္ဆက္ သင္ၾကားေပးၾကတာပါ။ အျခား ဘာသာရပ္ေတြအတြက္ ကေလးကို လြတ္လပ္စြာေလ့လာခြင့္လည္း ေပးထားေပးပါတယ္။ ဒီမွာ အေရးႀကီးဆုံးက ကေလးကို သဘာဝတရားနဲ႔ အနီးစပ္ဆုံးမွာ ထားၿပီး သင္ယူမႈ ျပဳလုပ္ေစျခင္းပါ။
၄) ေအးေဆး သင္ေသာ Homeschooling
ဒီနည္းနဲ႔ အိမ္မွာသင္ဖို႔ လုပ္ထားသူေတြကေတာ့ ဘယ္အရြယ္မွာ ဘာေတြတတ္ေနရမယ္၊ ဘာေတြသိေနရမယ္ဆိုတဲ့အရာေတြအေပၚ စိတ္မပူၾကသလို၊ တစ္ရက္မွာ အခ်ိန္ဘယ္ေလာက္ သင္ေပးမယ္၊ ဘယ္အခ်ိန္မွာ ဘာေတြသင္မယ္ဆိုတာကို သိပ္ၿပီး စိတ္မပူၾကပါဘူး။ မိဘေတြနဲ႔ ကေလးေတြ သေဘာက်တဲ့ Ixl လို၊ Khan academy ကလို အြန္လိုင္းက သင္ရိုးတစ္ခုခု ကို အသုံးျပဳၿပီး သင္ယူမႈ ရွိေကာင္းရွိလိမ့္မယ္ ဒါေပမယ့္ ဘာသာစုံအတြက္ လုပ္မထားပါဘူး။ သင္ယူဖို႔အတြက္ အခ်ိန္ေတြ၊ ဘာသာရပ္ေတြအေပၚမွာ စိတ္ပူမႈမရွိဘဲ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကို အတူတကြ လုပ္ကိုင္ရင္း အခ်ိန္အတူတူ ျဖတ္သန္းၾကပါတယ္။ လက္ေတြ႕ဘဝကေနလည္း သင္ယူမႈေတြရွိေနတာကို ယုံၾကည္တာမို႔ ေန႔စဥ္လုပ္ငန္းေတြလုပ္ရင္း ေမးခြန္းေလးေတြေမးၾက၊ ေဆြးေႏြးၾက၊ အရမ္းသိခ်င္လာရင္ ေသခ်ာ ေလ့လာၾကနဲ႔ အခ်ိန္ေတြကို ကုန္ဆုံးေစၾကပါတယ္။
အေပၚမွာ မၽွေဝခဲ့တဲ့ homeshooling နည္းလမ္း (၄)ခု အျပင္ မြန္တက္ဆိုရီ နည္းအတိုင္း သင္ေသာ Homeschooling ၊ Waldrof Steiner နည္းအတိုင္း သင္ေသာ Homeschooling ဆိုတာမ်ိဳးေတြလည္း ရွိပါေသးတယ္။
ကၽြန္မအေနနဲ႔ကေတာ့ ကၽြန္မတို႔ ကေလးေတြကို ေက်ာင္းပို႔ျခင္းဟာ အသိပညာ ဗဟုသုတ ပိုႂကြယ္ဝဖို႔၊ ဘဝအတြက္ လိုအပ္တဲ့ စြမ္းရည္ေတြ ကၽြမ္းက်င္မႈေတြရွိဖို႔၊ ရိုးေျဖာင့္ မွန္ကန္တဲ့ စိတ္ထားနဲ႔ ေကာင္းမြန္တဲ့ စိတ္ထားေတြရွိဖို႔ သင္ယူခြင့္ေပးခ်င္လို႔ လို႔ ျမင္ပါတယ္။ အဲဒီ့ေတာ့ ကိုယ့္ကေလးကို ကိုယ္ေပးခ်င္တဲ့ အသိပညာ၊ စြမ္းရည္နဲ႔ စိတ္ေနသေဘာထားေတြ ေက်ာင္းကမေပးနိုင္ရင္ အခ်ိန္ေတြကို ျဖဳန္းေနသလိုပါပဲ။ ဒီကာလမွာ ကေလးေတြကို အိမ္မွာေနရင္း သင္မွ ရမွာမို႔ သင္မယ္ဆိုလည္း လိုအပ္တဲ့ အသိ၊ စြမ္းရည္နဲ႔ စိတ္ထားေတြရေအာင္ သင္ယူခြင့္ ဖန္တီးေပးနိုင္ရင္ အဆင္ေျပၿပီလို႔ ထင္ပါတယ္။ ဘယ္လိုမ်ိဳး Homeschooling ပုံစံနဲ႔ လုပ္မယ္ဆိုတာကေတာ့ မိဘေတြနဲ႔ ကေလးေတြရဲ့ အဆင္ေျပဆုံးျဖစ္မယ့္ဟာကို တိုင္ပင္ၿပီး ေရြးခ်ယ္ရမွာပါ။
ကေလးေတြကို သင္ဖို႔ ျပင္ဆင္မယ္ဆိုရင္ ကေလးေတြကို အဓိကထားၿပီး ကေလးေတြရဲ့ စိတ္ဝင္စားမႈ၊ သင္ယူမႈပုံစံေတြနဲ႔ ဘယ္လို လူႀကီးအျဖစ္ ႀကီးျပင္းေစခ်င္လဲဆိုတာကိုပါ ထည့္သြင္းစဥ္းစားေစခ်င္ပါတယ္။ အားလုံး အခုလို ခက္ခဲတဲ့ ကာလမွာ အႏၲရာယ္ကင္းစြာနဲ႔ ထိေရာက္တဲ့ သင္ယူမႈ အခြင့္အလမ္းေတြဖန္တီးေပးနိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းလ်က္…
ေမတၱာျဖင့္…
Sayarma-ဆရာမ
Photo credit to – https://www.pinterest.com.au/pin/684054630884146164/