[ Unicode ]

လူမိုက် ဆိုတာဘာလဲ၊ လူမိုက်က ဘယ်လိုလူလဲဆိုတာ ပါချုပ်ဆရာတော်ကြီးရဲ့ တရားတော် (၂)ပုဒ်ထဲကနေ သင်ယူခဲ့ရတာလေး အနည်းငယ်မျှဝေပါ့မယ်။ ပြီးရင် လူမိုက်တွေ မဖြစ်အောင် ဆရာ၊မတို့ မေမေ ဖေဖေတို့က သင်ပြပေးကြပါ။

လူမိုက်ဆိုတာ ပါဠိလို ဗာလ ဆိုတဲ့ စကားလုံးက လာပါတယ်။ ဗာ ဆိုတာ အကျိုး (၂)မျိုး ဆိုတဲ့ အဓိပ္ပါယ်ရပြီး လ ဆိုတာ ပျက်စီးခြင်းလို့ ဆိုလိုပါတယ်။ ဆိုတော့ လူမိုက် – ဗာလ ဆိုတာ အကျိုး (၂) မျိုးကို ပျက်စီးစေသူတွေကို ခေါ်တာပါ။

ကိုယ့်ဘဝရဲ့ ယခုလက်ရှိ အကျိုးကို ပျက်စီးစေယုံတင်မကဘူး နောက်ဘဝရဲ့ အကျိုးကို ပျက်စီးစေသူ၊ ကိုယ့်အကျိုးတင်မကဘူး အများအကျိုးပါ ပျက်စီးစေသူတွေက ဗာလတွေပါ။ နောက်ထပ် အကျိုးမရှိ/အကျိုးမဲ့တာတွေကို ပိုင်ဆိုင်တဲ့သူ၊ အသိဉာဏ်ကင်းပြီး အသက်ရှူယုံ အသက်ရှင်သူ၊ စဉ်းစားဉာဏ်မဲ့သူ စတာတွေကိုလည်း ဗာလလို့ ခေါ်တွင်ကြပါတယ်။

ကမ္ဘာလောကမှာ ဘေးဆို၊ ရန်ဆိုးတွေ၊ မကောင်းတဲ့ ကပ်ဘေးတွေ ဘယ်လိုလူတွေကြောင့်ဖြစ်လဲဆိုရင် အသိဉာဏ်မဲ့ ဗာလ တွေကြောင့် ဖြစ်ကြပါတယ်တဲ့။ နီတိကျမ်းတွေမှာ လူမိုက် မိတ်ဆွေ ရှိခြင်းထက် ပညာရှိ ရန်သူ ရှိတာက ပိုကောင်းတယ်လို့ ဆိုကြပါတယ်။

အမှိုက်ကစ ပြဿာဒ်မီးလောင် ဆိုတဲ့ စကားအတိုင်း တန်ဖိုးမဲ့ လူမိုက်ကြောင့် တန်ဖိုးရှိသူတွေရဲ့ အကျိုးပါ ဆုံးရှုံးကြရတတ်တယ်။ ဒါကြောင့် ကျွန်မတို့ မိဘတွေ၊ ဆရာ၊မတွေက ကလေးတွေကို လူမိုက် လူကြီးတွေ ဖြစ်လာမယ့် ကလေးတွေအဖြစ် မပျိုးထောင်မိဖို့လိုပါတယ်။

ကလေးတွေကို စဉ်းစား ဆင်ခြင်နိုင်အောင် သင်ပေးပါ၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး ကိုယ့်အကျိုးရော အများအကျိုးပါ ကောင်းမွန်စေသူတွေဖြစ်အောင် သင်ပေးပါ။ ကလေးတွေ ပညာရှိ လူလိမ္မာတွေဖြစ်ဖို့ စာတွေဖတ်ကြဖို့၊ သင်ကြားတဲ့ ဘာသာရပ်တိုင်းမှာ စဉ်းစားဆင်ခြင်ဖို့၊ မေးခွန်းထုတ်ဖို့၊ ဘက်ပေါင်းစုံကနေ ကြည့်တတ်ဖို့၊ မတူညီတဲ့ အမြင်တွေဆီက သင်ယူဖို့၊ အမှန်တရားဖက်က ရပ်တည်ဖို့ စတဲ့ သင်ယူမှု အခွင့်အလမ်းတွေ ထည့်သွင်းအသုံးပြုဖို့လိုပါတယ်။ မဟုတ်ရင်တော့ ကျွန်မတို့တွေက လူမိုက်တွေဖြစ်အောင် တွန်းပို့နေသလို၊ သင်ပြနေသလို ဖြစ်နေကြတော့မှာ။

ကလေးတွေကို လူမိုက်တွေ အဖြစ် မကြီးပြင်းရအောင် သင်ပြ ပျိုးထောင်နိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo credit – https://www.pinterest.com.au/pin/444308319474321291/

[ Zawgyi ]

လူမိုက္ ဆိုတာဘာလဲ၊ လူမိုက္က ဘယ္လိုလူလဲဆိုတာ ပါခ်ဳပ္ဆရာေတာ္ႀကီးရဲ့ တရားေတာ္ (၂)ပုဒ္ထဲကေန သင္ယူခဲ့ရတာေလး အနည္းငယ္မၽွေဝပါ့မယ္။ ၿပီးရင္ လူမိုက္ေတြ မျဖစ္ေအာင္ ဆရာ၊မတို႔ ေမေမ ေဖေဖတို႔က သင္ျပေပးၾကပါ။

လူမိုက္ဆိုတာ ပါဠိလို ဗာလ ဆိုတဲ့ စကားလုံးက လာပါတယ္။ ဗာ ဆိုတာ အက်ိဳး (၂)မ်ိဳး ဆိုတဲ့ အဓိပၸါယ္ရၿပီး လ ဆိုတာ ပ်က္စီးျခင္းလို႔ ဆိုလိုပါတယ္။ ဆိုေတာ့ လူမိုက္ – ဗာလ ဆိုတာ အက်ိဳး (၂) မ်ိဳးကို ပ်က္စီးေစသူေတြကို ေခၚတာပါ။

ကိုယ့္ဘဝရဲ့ ယခုလက္ရွိ အက်ိဳးကို ပ်က္စီးေစယုံတင္မကဘူး ေနာက္ဘဝရဲ့ အက်ိဳးကို ပ်က္စီးေစသူ၊ ကိုယ့္အက်ိဳးတင္မကဘူး အမ်ားအက်ိဳးပါ ပ်က္စီးေစသူေတြက ဗာလေတြပါ။ ေနာက္ထပ္ အက်ိဳးမရွိ/အက်ိဳးမဲ့တာေတြကို ပိုင္ဆိုင္တဲ့သူ၊ အသိဉာဏ္ကင္းၿပီး အသက္ရႉယုံ အသက္ရွင္သူ၊ စဥ္းစားဉာဏ္မဲ့သူ စတာေတြကိုလည္း ဗာလလို႔ ေခၚတြင္ၾကပါတယ္။

ကမၻာေလာကမွာ ေဘးဆို၊ ရန္ဆိုးေတြ၊ မေကာင္းတဲ့ ကပ္ေဘးေတြ ဘယ္လိုလူေတြေၾကာင့္ျဖစ္လဲဆိုရင္ အသိဉာဏ္မဲ့ ဗာလ ေတြေၾကာင့္ ျဖစ္ၾကပါတယ္တဲ့။ နီတိက်မ္းေတြမွာ လူမိုက္ မိတ္ေဆြ ရွိျခင္းထက္ ပညာရွိ ရန္သူ ရွိတာက ပိုေကာင္းတယ္လို႔ ဆိုၾကပါတယ္။

အမွိုက္ကစ ျပႆာဒ္မီးေလာင္ ဆိုတဲ့ စကားအတိုင္း တန္ဖိုးမဲ့ လူမိုက္ေၾကာင့္ တန္ဖိုးရွိသူေတြရဲ့ အက်ိဳးပါ ဆုံးရႈံးၾကရတတ္တယ္။ ဒါေၾကာင့္ ကၽြန္မတို႔ မိဘေတြ၊ ဆရာ၊မေတြက ကေလးေတြကို လူမိုက္ လူႀကီးေတြ ျဖစ္လာမယ့္ ကေလးေတြအျဖစ္ မပ်ိဳးေထာင္မိဖို႔လိုပါတယ္။

ကေလးေတြကို စဥ္းစား ဆင္ျခင္နိုင္ေအာင္ သင္ေပးပါ၊ အမွားအမွန္ ေဝဖန္ပိုင္းျခားနိုင္ၿပီး ကိုယ့္အက်ိဳးေရာ အမ်ားအက်ိဳးပါ ေကာင္းမြန္ေစသူေတြျဖစ္ေအာင္ သင္ေပးပါ။ ကေလးေတြ ပညာရွိ လူလိမၼာေတြျဖစ္ဖို႔ စာေတြဖတ္ၾကဖို႔၊ သင္ၾကားတဲ့ ဘာသာရပ္တိုင္းမွာ စဥ္းစားဆင္ျခင္ဖို႔၊ ေမးခြန္းထုတ္ဖို႔၊ ဘက္ေပါင္းစုံကေန ၾကည့္တတ္ဖို႔၊ မတူညီတဲ့ အျမင္ေတြဆီက သင္ယူဖို႔၊ အမွန္တရားဖက္က ရပ္တည္ဖို႔ စတဲ့ သင္ယူမႈ အခြင့္အလမ္းေတြ ထည့္သြင္းအသုံးျပဳဖို႔လိုပါတယ္။ မဟုတ္ရင္ေတာ့ ကၽြန္မတို႔ေတြက လူမိုက္ေတြျဖစ္ေအာင္ တြန္းပို႔ေနသလို၊ သင္ျပေနသလို ျဖစ္ေနၾကေတာ့မွာ။

ကေလးေတြကို လူမိုက္ေတြ အျဖစ္ မႀကီးျပင္းရေအာင္ သင္ၿပ ပ်ိဳးေထာင္နိုင္ၾကပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

Photo credit – https://www.pinterest.com.au/pin/444308319474321291/