[ Unicode ]
ကျွန်မတို့ အခုလို နိုင်ငံရေး အခြေအနေမှာ အားလုံးမြင်နိုင်တာက အမိန့်တစ်ခုထဲကိုပဲ နာခံတတ်တဲ့သူတွေနဲ့ ကြောက်တတ်လွန်းသူတွေဟာ တိုးတက်မှု၊အောင်မြင်မှုကိုနှောင့်နှေးစေတာ အားလုံးမြင်တွေ့ကြားနေရမှာပါ။
ဒီလို အကြောက်တရားတွေနဲ့ အမိန့်ပဲ နာခံပြီး Brain wash လုပ်ဖို့ လွယ်ကူအောင် ဘယ်အပိုင်းကဏ္ဍတွေက ကူညီနေသလဲဆိုတာ စဉ်းစားကြည့်ရင် စနစ်အတွင်းကကေန ဖျက်စီးခြင်းခံခဲ့ရတဲ့ ပညာရေး စနစ်နဲ့ ကလေးပျိုးထောင်မှု စနစ်တွေက အဓိကပါ၀င်ပါတယ်။
၈၈ မတိုင်ခင် မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ ပညာရေးနဲ့ မျက်နှာပွင့်ပြီး တိုးတက်မှု လမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်ခဲ့တယ်။ နောက် စစ်တပ်က အာဏာသိမ်းပြီးတဲ့အခါ ပထမဆုံး လုပ်ခဲ့တဲ့ လုပ်ငန်းတွေထဲက တစ်ခုကဘာလဲ ဆိုရင် ပညာရေး ပြုပြင်ပြောင်းလဲရေးပါပဲ။ စဉ်းစားတွေးခေါ်တတ်ပြီး ဝေဖန်ပိုင်းခြားတတ်သူတွေ၊ ထောက်ပြပြောဆိုတတ်သူတွေ၊ အမြင်ကျယ်သူတွေ များလေလေ အမိန့်အာဏာ မတည်မြဲမှု၊ အာဏာဖီဆန်မှုတွေများမှာဆိုတော့ ပညာရေးစနစ်ကနေ အမိန့်ကို နာခံတတ်သူတွေဖြစ်အောင် လေ့ကျင့်ဖို့ စတင်ခဲ့တယ်လို့ ကျွန်မမြင်မိတယ်။
အမိန့်သာလျင် နာခံတတ်ပြီး မစဉ်းစားနိုင်သူတွေ၊ စကားလုံး ကြမ်းကြမ်း သုံးရရင် နလပိန်းတုံးတွေပေါ့ – သူတို့တွေ မစဉ်းစားမဆင်ခြင်နိုင်အောင်၊ စဉ်းစားရင်လည်း ဘောင်သေးသေးလေးထဲကနေပဲ စဉ်းစားနိုင်အောင်၊ ပြောသမျှ နာခံတတ်အောင် ကျွန်မတို့ရဲ့ စာသင်ကျောင်းတွေမှာ စာမေး၊ ဒါဖြေ စနစ်တွေ၊ နှုတ်တိုက်ကျက်တာတွေ ပိုပြီး တွင်တွင်ကျယ်ကျယ်သုံးလာကြတယ်။ ဆရာ၊မဆိုတာ တပည့်ထက် ပိုသိပိုတတ်တယ်၊ ဒါကြောင့် ဆရာပြောသမျှ အမှန်ပဲ။ ဆရာ့ကို မေးခွန်းထုတ်ခွင့်မရှိဘူး။ မေးခွန်းထုတ်ခဲ့ရင်၊ မှားတာ ထောက်ပြခဲ့ရင် နင်သိနေရင် နင်ထွက်သင်လိုက်ပါလားဆိုပြီး ပြောတတ်လာအောင် စနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။ ကြာလာတော့ ကလေးတွေက မေးခွန်းမေးရကောင်းမှန်းမသိဖြစ်လာတယ်။ ခေတ်စနစ် ပြောင်းလာတဲ့အခါ မေးခွန်းမေးကြလို့ အားပေးတဲ့အချိန်မှာ မေးချင်ပေမယ့် ဘာမေးရမှန်းကို မသိတဲ့အခြေအနေတွေဖြစ်လာတယ်။
ကျောင်းပညာရေးတင်မကဘူးနော်၊ လူ့အသိုင်းအဝိုင်းထဲမှာပါ ဒီလိုပါပဲ။ ကျောင်းထိုင်ဘုန်းကြီးက ကိုရင်စကားနားထောင်စရာမလိုသလို မိဘတွေက ကလေးတွေ စကားနားထောင်ဖို့ မလိုဘူး ဆိုတာမျိုးတွေ ကျင့်သုံးကြတာ။ ငါ နင်တို့ထက် ထမင်း အနှစ် နှစ်ဆယ်လောက် အရင်စားလာတာ၊ ငါပိုသိတယ် ဆိုတာမျိုးတွေနဲ့ ကလေးတွေရဲ့ သိလိုစိတ်တွေ၊ စူးစမ်းချင်စိတ်တွေ၊ သင်ယူခွင့်တွေ၊ ပြောဆိုခွင့်တွေကို ပိတ်ပစ်ခံရတယ်။ ကြာလာတော့ အိမ်မှာ၊ ပတ်ဝန်းကျင်မှာ ကလေးတွေဟာ၊ လူတွေဟာ နာခံဖို့သာ သင်ယူကြရတယ်။
ငယ်ငယ်က အမှားတစ်ခုခုလုပ်တဲ့အခါ ကြောက်ပြီး ဟိုလိမ် ဒီညာလုပ်တာတို့၊ ဟိုဖွက်ဒီဖွက်တို့ လုပ်တာတို့ ကြုံဖူးလား။ သိသွားရင် အရိုက်ခံ၊ အဆူခံ၊ အဆဲခံရတာတွေရော သိတယ်မလား။ ဒါတွေဟာ ကြောက်စိတ်ကို ထည့်ပေးတာ။ ကိုယ့်ကြောင့် ပန်းကန်ကွဲရင် အရိုက်ခံရပြီး မိဘကြောင့် ဖြစ်ရင် ဘာမှ မဖြစ်တာတွေက မတရားမှုဆိုတာ လုပ်လို့ရတယ်၊ ကြီးနိုင်ငယ်ညှင်းလုပ်လို့ရတယ်ဆိုတာ သင်ပေးနေတာ။ အမှားတစ်ခုခု လုပ်တဲ့အခါ ကျွန်မတို့တွေက ဘာကြောင့်မှားတယ်ဆိုတာ သိဖို့ မကြိုးစားဘဲ လက်ညှိုးထိုး အပြစ်တင် ကြတာ။ ဒါတွေလည်း ပြောင်းရမှာ။
အခုဖြစ်နေတဲ့ ပြဿနာတွေကို လတ်တလော ရှင်းပြီးတဲ့အခါ ကျွန်မတို့ ပညာရေးစနစ်ကို၊ ကျွန်မတို့ မိသားစုကို၊ ကျွန်မတို့ အသိုင်းအဝန်းကို အမိန့်နာခံတတ်ဖို့ သင်မယ့်အစား၊ စဉ်းစား ဆင်ခြင်နိုင်အောင် သင်ပေးပါ။ စကား နားထောင်ရင် လိမ်မာတယ်လို့ ပြောမယ့်အစား မှန်ကန်တဲ့ လုပ်ရပ်တွေကို ရွေးချယ်နိုင်အောင် ကူညီပေးပါ။ မှားကြတဲ့အခါ ဘာကြောင့်မှားလဲ သိအောင်လုပ်ပြီး မှန်အောင် တည့်မတ်ပေးပါ။ လူကြီးတွေ စကားပြောနေရင် ဝင်မရှုပ်နဲ့လို့ ငေါက်လွှတ်မယ့်အစား လိုတဲ့ ဗဟုသုတတွေကို သိအောင် ကူညီပြီး တတ်နိုင်သလောက် ပါဝင်ဆွေးနွေးခိုင်းပါ။ ငါပြောတာ အမှန် ဆိုတဲ့ တထစ်ချ ပြောဆိုမှုအစား ကလေးတွေရဲ့ အမြင်ကို ပြောဆိုခိုင်းပြီး ဘာကြောင့် အဲ့လို ထင်မြင်သလဲဆိုတာကို မေးခွန်းထုတ်ပါ။
အခု ကျွန်မတို့ နိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ ရေခဲပြင်ထိပ်က အဖူးအငုံလေးပဲ ရှိပါသေးတယ်။ လူ့အသိုင်းအဝန်းထဲမှာ၊ စနစ်တွေထဲမှာ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေထဲမှာ ကိန်းအောင်းနေတဲ့ အခြား အကြောင်းအရင်းတွေ၊ ပြဿနာတွေ အများကြီး ကျွန်မတို့ ရင်ဆိုင်ရဦးမှာ။ အဲဒီ့အတွက် ကျွန်မတို့ နေအိမ်တွေကနေ၊ စာသင်ခန်းတွေကနေ၊ ရပ်ကွက်တွေကနေ စတင်ပြီး ပြောင်းလဲဖို့ ကြိုးစားကြရအောင်။ ကလေးတွေကို တွေးတတ်အောင် သင်ပေးရင်း ကိုယ်တိုင်လည်း ကလေးတွေနဲ့အတူ လိုက်တွေးကြည့်ရအောင်။ ကျွန်မတို့တွေ စဉ်းစားဉာဏ်မဲ့ နာခံတတ်သူတွေ မဖြစ်အောင် ကြိုးစားကြမယ်။
မေတ္တာဖြင့်…
Sayarma-ဆရာမ
[ Zawgyi ]
ကၽြန္မတို႔ အခုလို နိုင္ငံေရး အေျခအေနမွာ အားလုံးျမင္နိုင္တာက အမိန႔္တစ္ခုထဲကိုပဲ နာခံတတ္တဲ့သူေတြနဲ႔ ေၾကာက္တတ္လြန္းသူေတြဟာ တိုးတက္မႈ၊ေအာင္ျမင္မႈကိုေႏွာင့္ေႏွးေစတာ အားလုံးျမင္ေတြ႕ၾကားေနရမွာပါ။
ဒီလို အေၾကာက္တရားေတြနဲ႔ အမိန႔္ပဲ နာခံၿပီး Brain wash လုပ္ဖို႔ လြယ္ကူေအာင္ ဘယ္အပိုင္းက႑ေတြက ကူညီေနသလဲဆိုတာ စဥ္းစားၾကည့္ရင္ စနစ္အတြင္းကကေန ဖ်က္စီးျခင္းခံခဲ့ရတဲ့ ပညာေရး စနစ္နဲ႔ ကေလးပ်ိဳးေထာင္မႈ စနစ္ေတြက အဓိကပါ၀င္ပါတယ္။
၈၈ မတိုင္ခင္ ျမန္မာနိုင္ငံဟာ အေရွ႕ေတာင္ အာရွမွာ ပညာေရးနဲ႔ မ်က္ႏွာပြင့္ၿပီး တိုးတက္မႈ လမ္းေၾကာင္းေပၚမွာ ရပ္တည္နိုင္ခဲ့တယ္။ ေနာက္ စစ္တပ္က အာဏာသိမ္းၿပီးတဲ့အခါ ပထမဆုံး လုပ္ခဲ့တဲ့ လုပ္ငန္းေတြထဲက တစ္ခုကဘာလဲ ဆိုရင္ ပညာေရး ျပဳျပင္ေျပာင္းလဲေရးပါပဲ။ စဥ္းစားေတြးေခၚတတ္ၿပီး ေဝဖန္ပိုင္းျခားတတ္သူေတြ၊ ေထာက္ျပေျပာဆိုတတ္သူေတြ၊ အျမင္က်ယ္သူေတြ မ်ားေလေလ အမိန႔္အာဏာ မတည္ျမဲမႈ၊ အာဏာဖီဆန္မႈေတြမ်ားမွာဆိုေတာ့ ပညာေရးစနစ္ကေန အမိန႔္ကို နာခံတတ္သူေတြျဖစ္ေအာင္ ေလ့က်င့္ဖို႔ စတင္ခဲ့တယ္လို႔ ကၽြန္မျမင္မိတယ္။
အမိန႔္သာလ်င္ နာခံတတ္ၿပီး မစဥ္းစားနိုင္သူေတြ၊ စကားလုံး ၾကမ္းၾကမ္း သုံးရရင္ နလပိန္းတုံးေတြေပါ့ – သူတို႔ေတြ မစဥ္းစားမဆင္ျခင္နိုင္ေအာင္၊ စဥ္းစားရင္လည္း ေဘာင္ေသးေသးေလးထဲကေနပဲ စဥ္းစားနိုင္ေအာင္၊ ေျပာသမၽွ နာခံတတ္ေအာင္ ကၽြန္မတို႔ရဲ့ စာသင္ေက်ာင္းေတြမွာ စာေမး၊ ဒါေၿဖ စနစ္ေတြ၊ ႏႈတ္တိုက္က်က္တာေတြ ပိုၿပီး တြင္တြင္က်ယ္က်ယ္သုံးလာၾကတယ္။ ဆရာ၊မဆိုတာ တပည့္ထက္ ပိုသိပိုတတ္တယ္၊ ဒါေၾကာင့္ ဆရာေျပာသမၽွ အမွန္ပဲ။ ဆရာ့ကို ေမးခြန္းထုတ္ခြင့္မရွိဘူး။ ေမးခြန္းထုတ္ခဲ့ရင္၊ မွားတာ ေထာက္ျပခဲ့ရင္ နင္သိေနရင္ နင္ထြက္သင္လိုက္ပါလားဆိုၿပီး ေျပာတတ္လာေအာင္ စနစ္တစ္ခုကို ဖန္တီးနိုင္ခဲ့တယ္။ ၾကာလာေတာ့ ကေလးေတြက ေမးခြန္းေမးရေကာင္းမွန္းမသိျဖစ္လာတယ္။ ေခတ္စနစ္ ေျပာင္းလာတဲ့အခါ ေမးခြန္းေမးၾကလို႔ အားေပးတဲ့အခ်ိန္မွာ ေမးခ်င္ေပမယ့္ ဘာေမးရမွန္းကို မသိတဲ့အေျခအေနေတြျဖစ္လာတယ္။
ေက်ာင္းပညာေရးတင္မကဘူးေနာ္၊ လူ႔အသိုင္းအဝိုင္းထဲမွာပါ ဒီလိုပါပဲ။ ေက်ာင္းထိုင္ဘုန္းႀကီးက ကိုရင္စကားနားေထာင္စရာမလိုသလို မိဘေတြက ကေလးေတြ စကားနားေထာင္ဖို႔ မလိုဘူး ဆိုတာမ်ိဳးေတြ က်င့္သုံးၾကတာ။ ငါ နင္တို႔ထက္ ထမင္း အႏွစ္ ႏွစ္ဆယ္ေလာက္ အရင္စားလာတာ၊ ငါပိုသိတယ္ ဆိုတာမ်ိဳးေတြနဲ႔ ကေလးေတြရဲ့ သိလိုစိတ္ေတြ၊ စူးစမ္းခ်င္စိတ္ေတြ၊ သင္ယူခြင့္ေတြ၊ ေျပာဆိုခြင့္ေတြကို ပိတ္ပစ္ခံရတယ္။ ၾကာလာေတာ့ အိမ္မွာ၊ ပတ္ဝန္းက်င္မွာ ကေလးေတြဟာ၊ လူေတြဟာ နာခံဖို႔သာ သင္ယူၾကရတယ္။
ငယ္ငယ္က အမွားတစ္ခုခုလုပ္တဲ့အခါ ေၾကာက္ၿပီး ဟိုလိမ္ ဒီညာလုပ္တာတို႔၊ ဟိုဖြက္ဒီဖြက္တို႔ လုပ္တာတို႔ ၾကဳံဖူးလား။ သိသြားရင္ အရိုက္ခံ၊ အဆူခံ၊ အဆဲခံရတာေတြေရာ သိတယ္မလား။ ဒါေတြဟာ ေၾကာက္စိတ္ကို ထည့္ေပးတာ။ ကိုယ့္ေၾကာင့္ ပန္းကန္ကြဲရင္ အရိုက္ခံရၿပီး မိဘေၾကာင့္ ျဖစ္ရင္ ဘာမွ မျဖစ္တာေတြက မတရားမႈဆိုတာ လုပ္လို႔ရတယ္၊ ႀကီးနိုင္ငယ္ညႇင္းလုပ္လို႔ရတယ္ဆိုတာ သင္ေပးေနတာ။ အမွားတစ္ခုခု လုပ္တဲ့အခါ ကၽြန္မတို႔ေတြက ဘာေၾကာင့္မွားတယ္ဆိုတာ သိဖို႔ မႀကိဳးစားဘဲ လက္ညႇိုးထိုး အျပစ္တင္ ၾကတာ။ ဒါေတြလည္း ေျပာင္းရမွာ။
အခုျဖစ္ေနတဲ့ ျပႆနာေတြကို လတ္တေလာ ရွင္းၿပီးတဲ့အခါ ကၽြန္မတို႔ ပညာေရးစနစ္ကို၊ ကၽြန္မတို႔ မိသားစုကို၊ ကၽြန္မတို႔ အသိုင္းအဝန္းကို အမိန႔္နာခံတတ္ဖို႔ သင္မယ့္အစား၊ စဥ္းစား ဆင္ျခင္နိုင္ေအာင္ သင္ေပးပါ။ စကား နားေထာင္ရင္ လိမ္မာတယ္လို႔ ေျပာမယ့္အစား မွန္ကန္တဲ့ လုပ္ရပ္ေတြကို ေရြးခ်ယ္နိုင္ေအာင္ ကူညီေပးပါ။ မွားၾကတဲ့အခါ ဘာေၾကာင့္မွားလဲ သိေအာင္လုပ္ၿပီး မွန္ေအာင္ တည့္မတ္ေပးပါ။ လူႀကီးေတြ စကားေျပာေနရင္ ဝင္မရႈပ္နဲ႔လို႔ ေငါက္လႊတ္မယ့္အစား လိုတဲ့ ဗဟုသုတေတြကို သိေအာင္ ကူညီၿပီး တတ္နိုင္သေလာက္ ပါဝင္ေဆြးေႏြးခိုင္းပါ။ ငါေျပာတာ အမွန္ ဆိုတဲ့ တထစ္ခ် ေျပာဆိုမႈအစား ကေလးေတြရဲ့ အျမင္ကို ေျပာဆိုခိုင္းၿပီး ဘာေၾကာင့္ အဲ့လို ထင္ျမင္သလဲဆိုတာကို ေမးခြန္းထုတ္ပါ။
အခု ကၽြန္မတို႔ နိုင္ငံမွာ ျဖစ္ပ်က္ေနတာေတြဟာ ေရခဲျပင္ထိပ္က အဖူးအငုံေလးပဲ ရွိပါေသးတယ္။ လူ႔အသိုင္းအဝန္းထဲမွာ၊ စနစ္ေတြထဲမွာ၊ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းေတြထဲမွာ ကိန္းေအာင္းေနတဲ့ အျခား အေၾကာင္းအရင္းေတြ၊ ျပႆနာေတြ အမ်ားႀကီး ကၽြန္မတို႔ ရင္ဆိုင္ရဦးမွာ။ အဲဒီ့အတြက္ ကၽြန္မတို႔ ေနအိမ္ေတြကေန၊ စာသင္ခန္းေတြကေန၊ ရပ္ကြက္ေတြကေန စတင္ၿပီး ေျပာင္းလဲဖို႔ ႀကိဳးစားၾကရေအာင္။ ကေလးေတြကို ေတြးတတ္ေအာင္ သင္ေပးရင္း ကိုယ္တိုင္လည္း ကေလးေတြနဲ႔အတူ လိုက္ေတြးၾကည့္ရေအာင္။ ကၽြန္မတို႔ေတြ စဥ္းစားဉာဏ္မဲ့ နာခံတတ္သူေတြ မျဖစ္ေအာင္ ႀကိဳးစားၾကမယ္။
ေမတၱာျဖင့္…
Sayarma-ဆရာမ