[ Unicode ]

ဘဝမှာ စေတနာနဲ့ဆိုပြီး အခြားသူတွေကို အကြံပေးတာတွေ၊ ကူညီပေးတာတွေရှိဖူးလား။

ကိုယ်တိုင်ရော သူများက စေတနာနဲ့ အကြံပေးတယ်ဆိုတာမျိုး၊ ကူညီပေးတယ်ဆိုတာမျိုး ကြုံဖူးလား။ ဒီနေ့တော့ ကျွန်မက ကျွန်မတို့ရဲ့ စေတနာတွေ၊ ဂရုစိုက်မှုတွေကို အပြုသဘောဆန်ဆန် ဘယ်လို ပြသရင်ကောင်းမလဲဆိုတာမျိုး ကျွန်မ အတွေ့အကြုံအရ မျှဝေချင်ပါတယ်။

တစ်ခါတစ်လေမှာ စေတနာနဲ့ဆိုပြီး အကြံပြုချက်တွေက လက်ခံရသူအတွက် စိတ်အနှောင့်အယှက်ဖြစ်တာမျိုးတွေ၊ ပိုပြီး ခက်ခဲစေတာမျိုးတွေ ကြုံရတတ်ပါတယ်။ တစ်ခါတစ်လေမှာ စေတနာနဲ့ဝင်ကူညီလိုက်မှ ပြဿနာတက်သွားတာမျိုးလည်း မြင်ဖူးကြမယ်ထင်တယ်။ ဒါပေမယ့် စေတနာနဲ့ ကူညီ အကြံပေးတာတွေကြောင့် ပိုကောင်း၊ ပိုအဆင်ပြေသွားတာလည်း ရှိတာပေါ့။

အထူးသဖြင့် မိခင်တွေမှာ များသောအားဖြင့် ကြုံတွေ့ရတတ်တယ်။ ဟိုလို မလုပ်နဲ့ ဒီလိုလုပ်ပါ၊ ဒီလိုလုပ်ပြန်ပြီဆိုတာမျိုးတွေ စတနာကို အရင်းခံပြီး ထင်မြင်ချက်တွေ ပေးခံရတတ်တယ်။ လူတစ်ယောက်ရဲ့ အကြံပြုချက်နဲ့ နောက်လူရဲ့ အကြံပေးချက်နဲ့ကလည်း ဆန့်ကျင်ဘက်တွေ ဖြစ်နေတာလည်း ရှိတယ်။ တစ်ခါတစ်လေ ဒီလိုဖြစ်တာ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုပြီး ပြောတာတွေက စေတနာတွေ၊ စိုးရိမ်စိတ်တွေကို မြစ်ဖျှားခံပေမယ့် အပြောခံရသူအတွက် စိတ်ဆင်းရဲစရာ၊ ဝမ်းနည်းစရာတွေဖြစ်သွားတတ်တယ်။ အဲဒီ့လို အပြုသဘောမဆောင်တဲ့ ခံစားချက်တွေ မဖြစ်စေဖို့ ကျွန်မတို့ စေတနာကို အပြုသဘောဆောင်တဲ့နည်းတွေနဲ့ ပြသဖို့လိုပါတယ်။

ကျွန်မအမြင်ကတော့ စေတနာကနေ ဝေဒနာ မဖြစ်အောင် ကိုယ်တစ်ကယ် စေတနာရှိတဲ့သူအကြောင်းကို သေချာသိသင့်တယ်။ သူက ဘယ်လိုမျိုးကို ကူညီတာ၊ အကြံပြုတာမျိုးကို ပိုလိုအပ်သလဲ၊ ဘယ်လို အခြေအနေဆိုရင် သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေလဲ စတာတွေကို သိဖို့လိုတယ်။ ကိုယ်က စေတနာနဲ့ စိုးရိမ်လို့ ပြောပေမယ့် သူက လက်ခံနိုင်ပြီလားဆိုတာ စဉ်းစားဖို့လိုတယ်။ လက်မခံနိုင်တဲ့သူကို စေတနာဆိုတဲ့ စကားလုံးတပ်ပြီး သွားပြောလည်း စိတ်မကောင်း၊ ဒေါသထွက်၊ စိတ်ညစ်ရုံကလွဲပြီး ဘာဖြစ်နိုင်မလဲ။ ဥပမာ – အိမ်ထောင်မပြုချင်လို့ (တစ်ယောက်တည်းနေရတာ ခုံမင်လို့) တစ်ယောက်တည်းနေတဲ့သူတွေကိုမှ စေတနာနဲ့ နောင်ရေးအတွက်စိတ်ချဖို့ အိမ်ထောင်ပြုဖို့ တိုက်တွန်းတာမျိုးဆိုတာ မသင့်တော်သလိုပေါ့။ စေတနာနဲ့ပါဆိုပြီး ဇွတ်တိုက်တွန်းတာမျိုးတွေဟာ ဆက်ဆံရေးပျက်ပြားဖို့ ဖြစ်လာနိုင်တယ်။

ပြီးရင် ကိုယ်စေတနာနဲ့ အကြံပြုမယ့် အကြောင်းအရာ၊ ကူညီပေးမယ့်လုပ်ရပ်ကို သေချာ သိသင့်တယ်။ ဥပမာ – တစ်ယောက်ယောက်က နေမကောင်းလို့ စေတနာနဲ့ ဆေးညွှန်းမယ်ဆိုရင် အဲဒီ့ဆေးက နေမကောင်းတာကို တစ်ကယ်ပျောက်ကင်းမယ်၊ တစ်ကယ်သင့်တော်မယ်ဆိုတာကို သေချာ သိမှ ညွှန်းသင်တာမျိုးပေါ့။ Facebookပေါ်မှာ တွေ့တာနဲ့ တစ်ကယ်လုပ်ကြည့်၊ တစ်ကယ်ပျောက်တယ်ဆိုတာမျိုး ပြောမိပြီး တစ်ကယ်ဟုတ်မနေရင် စေတနာအရင်းခံပေမယ့် အခြားသူကို ဒုက္ခရောက်စေမှာပေါ့။

ကျွန်မအနေနဲ့တော့ ကျွန်မကို စေတနာထားရင် ကျွန်မကို နားထောင်ပေးစေချင်တယ်၊ နားထောင်ပြီး ကျွန်မဘယ်လို ခံစားရတယ်၊ ဘာတွေလိုအပ်တယ်ဆိုတာသိမှ ကျွန်မကို အကြံပေးတာ၊ ကူညီပေးတာကို မျှော်လင့်မိတယ်။ အခု စာဖတ်နေသူတွေရော၊ ကိုယ့်ကို စေတနာနဲ့ ကူညီချင်သူတွေ၊ အကြံပေးချင်သူတွေကို ဘယ်လိုမျိုး အပြုသဘောဆန်ဆန်လုပ်စေချင်လဲ။ ကျွန်မကို မျှဝေပေးပါဦး။

စေတနာဆိုတဲ့ ခေါင်းစဉ်အောက်မှာ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေမဖြစ်စေကြဖို့ အားလုံးသတိထားနိုင်ကြပါစေ။ စေတနာကို အထိရောက်ဆုံး၊ အပြုသဘောအဆန်ဆုံးပြသနိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

[ Zawgyi ]

ဘဝမွာ ေစတနာနဲ႔ဆိုၿပီး အျခားသူေတြကို အႀကံေပးတာေတြ၊ ကူညီေပးတာေတြရွိဖူးလား။

ကိုယ္တိုင္ေရာ သူမ်ားက ေစတနာနဲ႔ အႀကံေပးတယ္ဆိုတာမ်ိဳး၊ ကူညီေပးတယ္ဆိုတာမ်ိဳး ၾကဳံဖူးလား။ ဒီေန႔ေတာ့ ကၽြန္မက ကၽြန္မတို႔ရဲ့ ေစတနာေတြ၊ ဂ႐ုစိုက္မႈေတြကို အျပဳသေဘာဆန္ဆန္ ဘယ္လို ျပသရင္ေကာင္းမလဲဆိုတာမ်ိဳး ကၽြန္မ အေတြ႕အၾကဳံအရ မၽွေဝခ်င္ပါတယ္။

တစ္ခါတစ္ေလမွာ ေစတနာနဲ႔ဆိုၿပီး အႀကံျပဳခ်က္ေတြက လက္ခံရသူအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္တာမ်ိဳးေတြ၊ ပိုၿပီး ခက္ခဲေစတာမ်ိဳးေတြ ၾကဳံရတတ္ပါတယ္။ တစ္ခါတစ္ေလမွာ ေစတနာနဲ႔ဝင္ကူညီလိုက္မွ ျပႆနာတက္သြားတာမ်ိဳးလည္း ျမင္ဖူးၾကမယ္ထင္တယ္။ ဒါေပမယ့္ ေစတနာနဲ႔ ကူညီ အႀကံေပးတာေတြေၾကာင့္ ပိုေကာင္း၊ ပိုအဆင္ေျပသြားတာလည္း ရွိတာေပါ့။

အထူးသျဖင့္ မိခင္ေတြမွာ မ်ားေသာအားျဖင့္ ၾကဳံေတြ႕ရတတ္တယ္။ ဟိုလို မလုပ္နဲ႔ ဒီလိုလုပ္ပါ၊ ဒီလိုလုပ္ျပန္ၿပီဆိုတာမ်ိဳးေတြ စတနာကို အရင္းခံၿပီး ထင္ျမင္ခ်က္ေတြ ေပးခံရတတ္တယ္။ လူတစ္ေယာက္ရဲ့ အႀကံျပဳခ်က္နဲ႔ ေနာက္လူရဲ့ အႀကံေပးခ်က္နဲ႔ကလည္း ဆန႔္က်င္ဘက္ေတြ ျဖစ္ေနတာလည္း ရွိတယ္။ တစ္ခါတစ္ေလ ဒီလိုျဖစ္တာ ဘယ္သူ႔ေၾကာင့္ ဘယ္ဝါ့ေၾကာင့္ဆိုၿပီး ေျပာတာေတြက ေစတနာေတြ၊ စိုးရိမ္စိတ္ေတြကို ျမစ္ဖၽွားခံေပမယ့္ အေျပာခံရသူအတြက္ စိတ္ဆင္းရဲစရာ၊ ဝမ္းနည္းစရာေတြျဖစ္သြားတတ္တယ္။ အဲဒီ့လို အျပဳသေဘာမေဆာင္တဲ့ ခံစားခ်က္ေတြ မျဖစ္ေစဖို႔ ကၽြန္မတို႔ ေစတနာကို အျပဳသေဘာေဆာင္တဲ့နည္းေတြနဲ႔ ျပသဖို႔လိုပါတယ္။

ကၽြန္မအျမင္ကေတာ့ ေစတနာကေန ေဝဒနာ မျဖစ္ေအာင္ ကိုယ္တစ္ကယ္ ေစတနာရွိတဲ့သူအေၾကာင္းကို ေသခ်ာသိသင့္တယ္။ သူက ဘယ္လိုမ်ိဳးကို ကူညီတာ၊ အႀကံျပဳတာမ်ိဳးကို ပိုလိုအပ္သလဲ၊ ဘယ္လို အေျခအေနဆိုရင္ သူ႔အတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ေစလဲ စတာေတြကို သိဖို႔လိုတယ္။ ကိုယ္က ေစတနာနဲ႔ စိုးရိမ္လို႔ ေျပာေပမယ့္ သူက လက္ခံနိုင္ၿပီလားဆိုတာ စဥ္းစားဖို႔လိုတယ္။ လက္မခံနိုင္တဲ့သူကို ေစတနာဆိုတဲ့ စကားလုံးတပ္ၿပီး သြားေျပာလည္း စိတ္မေကာင္း၊ ေဒါသထြက္၊ စိတ္ညစ္႐ုံကလြဲၿပီး ဘာျဖစ္နိုင္မလဲ။ ဥပမာ – အိမ္ေထာင္မျပဳခ်င္လို႔ (တစ္ေယာက္တည္းေနရတာ ခုံမင္လို႔) တစ္ေယာက္တည္းေနတဲ့သူေတြကိုမွ ေစတနာနဲ႔ ေနာင္ေရးအတြက္စိတ္ခ်ဖို႔ အိမ္ေထာင္ျပဳဖို႔ တိုက္တြန္းတာမ်ိဳးဆိုတာ မသင့္ေတာ္သလိုေပါ့။ ေစတနာနဲ႔ပါဆိုၿပီး ဇြတ္တိုက္တြန္းတာမ်ိဳးေတြဟာ ဆက္ဆံေရးပ်က္ျပားဖို႔ ျဖစ္လာနိုင္တယ္။

ၿပီးရင္ ကိုယ္ေစတနာနဲ႔ အႀကံျပဳမယ့္ အေၾကာင္းအရာ၊ ကူညီေပးမယ့္လုပ္ရပ္ကို ေသခ်ာ သိသင့္တယ္။ ဥပမာ – တစ္ေယာက္ေယာက္က ေနမေကာင္းလို႔ ေစတနာနဲ႔ ေဆးညႊန္းမယ္ဆိုရင္ အဲဒီ့ေဆးက ေနမေကာင္းတာကို တစ္ကယ္ေပ်ာက္ကင္းမယ္၊ တစ္ကယ္သင့္ေတာ္မယ္ဆိုတာကို ေသခ်ာ သိမွ ညႊန္းသင္တာမ်ိဳးေပါ့။ Facebookေပၚမွာ ေတြ႕တာနဲ႔ တစ္ကယ္လုပ္ၾကည့္၊ တစ္ကယ္ေပ်ာက္တယ္ဆိုတာမ်ိဳး ေျပာမိၿပီး တစ္ကယ္ဟုတ္မေနရင္ ေစတနာအရင္းခံေပမယ့္ အျခားသူကို ဒုကၡေရာက္ေစမွာေပါ့။

ကၽြန္မအေနနဲ႔ေတာ့ ကၽြန္မကို ေစတနာထားရင္ ကၽြန္မကို နားေထာင္ေပးေစခ်င္တယ္၊ နားေထာင္ၿပီး ကၽြန္မဘယ္လို ခံစားရတယ္၊ ဘာေတြလိုအပ္တယ္ဆိုတာသိမွ ကၽြန္မကို အႀကံေပးတာ၊ ကူညီေပးတာကို ေမၽွာ္လင့္မိတယ္။ အခု စာဖတ္ေနသူေတြေရာ၊ ကိုယ့္ကို ေစတနာနဲ႔ ကူညီခ်င္သူေတြ၊ အႀကံေပးခ်င္သူေတြကို ဘယ္လိုမ်ိဳး အျပဳသေဘာဆန္ဆန္လုပ္ေစခ်င္လဲ။ ကၽြန္မကို မၽွေဝေပးပါဦး။

ေစတနာဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ အျပဳသေဘာမေဆာင္တဲ့ ခံစားခ်က္ေတြမျဖစ္ေစၾကဖို႔ အားလုံးသတိထားနိုင္ၾကပါေစ။ ေစတနာကို အထိေရာက္ဆုံး၊ အျပဳသေဘာအဆန္ဆုံးျပသနိုင္ၾကပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ