[ Unicode ]

ကျွန်မကလေ ဖြစ်လာတဲ့အရာတွေ၊ ကြုံလာသမျှတွေ နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုတော့ ရှိတတ်တယ်ဆိုတာကို ယုံကြည်တယ်။ ကျွန်မတို့ ပုံပြောသူများ အဖွဲ့မှာ ပြောလေ့ ရှိတဲ့ ကောင်းဖို့ ဖြစ်လာတာပါ ဆိုတဲ့ ပုံပြင်လေးကို အတိုချုပ်လေး မျှဝေပေးချင်ပါတယ်။

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင် ကြီးတစ်ပါရယ်၊ သူ့သူငယ်ချင်း အမတ်ကြီးရယ်ရှိတယ်။ အမတ်ကြီးက ပညာရှိသလို၊ အကောင်းမြင်စိတ်လည်းရှိတယ်။ ဘာဖြစ်ဖြစ် ကောင်းဖို့ဖြစ်လာတာလု့ိ ပြောလေ့ရှိတယ်။

တစ်နေ့တော့ ဘုရင်ကြီးလက်မှာ အနာပေါက်တယ်။ မသက်သာတော့ အမတ်ကြီးကိုမေးတယ်။ အမတ်ကြီးကလည်း ခါတိုင်းလိုပဲ – ကောင်းဖို့ဖြစ်လာတဲ့အကြောင်းနဲ့ ဆေးလိမ်း၊ဆေးသောက်ရင် ပျောက်သွားမယ့်အကြောင်းပြောတယ်။ ဒါပေမယ့် အနာက မသက်သာဘဲ လက်ညှိုးဖြတ်ပလိုက်ရတဲ့အထိ ဖြစ်သွားတယ်။ ဘုရင်ကြီးကလည်း သူ့လက်ဖြတ်ရတဲ့အခြေအနေထိ ကောင်းဖို့ဖြစ်လာတယ်ပြောတဲ့ အမတ်ကြီးကို သူငယ်ချင်းမို့ မသတ်ရက်ပေမယ့် စိတ်ထဲမှာတော့ တေးမှတ်ထားလိုက်တယ်။ အလှည့်ကျ မနွဲ့စတမ်းပေါ့။

တစ်ရက်ကျတော့ ဘုရင်ကြီးရော၊ အမတ်ကြီးပါ တောလိုက်သွားကြတယ်။ ဖြစ်ချင်တော့ အမတ်ကြီးနဲ့ ဘုရင်ကြီးနဲ့က အခြား စစ်မတ်တွေနဲ့ လူကွဲသွားချိန်မှာ အမတ်ကြီးက တောတွင်းသားတွေ ထောင်ထားတဲ့ ထောင်ချောက်ထဲ ပြုတ်ကျပါလေရော။ အဲဒီ့အချိန် ဘုရင်ကြီးကို အကူညီတောင်းတာပေါ့။ ဘုရင်ကြီးက ဘာပြောတယ်မှတ်လဲ။ “ကောင်းဖို့ဖြစ်လာတာပဲကွာ။ နေခဲ့လိုက်တော့။” ဆိုပြီတစ်ပါးတည်း တောကစား ဆက်ထွက်ခဲ့တယ်။

တောကစား ဆက်ထွက်လာတဲ့ ဘုရင်ကြီးက ဖြစ်ချင်တော့ တောတွင်းသားတွေနဲ့ လမ်းမှာ တွေ့ပြီး အဖမ်းခံရတယ်။ သူတို့တွေရဲ့ နတ်ဘုရားအတွက် ယာဇ်ပူဇော်ဖို့ လူရှာနေရင်း ဘုရင်ကြီးကို တွေ့ပြီး သူတို့ ခေါင်းဆောင်ဆီ အခေါ်ခံရတယ်။ ခေါင်းဆောင်ကလည်း ယာဇ်ပူဇော်မယ့်သူက အင်္ဂါစုံမစုံ စစ်ဆေးခိုင်းတယ်။ မဟုတ်ရင် နတ်ဘုရား စိတ်ဆိုးမှာစိုးတယ်လေ။ အဲဒီ့အချိန်မှာ ဘုရင်ကြီးရဲ့ မရှိတဲ့ လက်ညှိုးကြီးကြောင့် ယာဇ်ပူဇော်လို့ မရတော့ဘဲ ပြန်လွှတ်ခံရတယ်။ လမ်းမှာ ဘုရင်ကြီးက စိတ်လည်း ချမ်းသာသလို၊ စိတ်လည်းမကောင်းဖြစ်ရတယ်။

စိတ်ချမ်းသာရတာက လက်ညိုးဖြတ်လိုက်ရခြင်းက သူ့အတွက် ကောင်းဖို့ ဖြစ်လာခဲ့လို့ပေါ့။ ဒါပေမယ့် သူ့အတွက် ကောင်းဖို့ ဖြစ်လာတဲ့အရာကို ပြောတဲ့ အမတ်ကြီး ထောင်ချောက်ထဲကျပေမယ့် သူက မကယ်ခဲ့တဲ့အတွက် စိတ်မကောင်းလည်း ဖြစ်ရတယ်။

ဒီလိုနဲ့ အပြန်လမ်းမှာ အမတ်ကြီးကိုရော၊ စစ်သည်တွေကိုရော ပြန်တွေ့တယ်။ အမတ်ကြီးကိုတွေ့တော့ ဖြစ်ကြောင်း ကုန်စင်ပြောပြပြီး သူပစ်ထားခဲ့တဲ့ အတွက် တောင်းပန်ရှာတယ်။ အမတ်ကြီးကလည်း…. ခါတိုင်းလိုပါပဲ…. “ကောင်းဖို့ ဖြစ်လာတာပါ” လို့ ပြောပြန်ရော။ ဘုရင်ကြီးက – ဘာလို့ ကောင်းဖို့ဖြစ်လာပြန်ရတာလဲ -လို့ မေးတော့ အမတ်ကြီးကဖြေတယ်။ မင်းကြီးက ကယ်လိုက်လို့ မင်းကြီးနဲ့အတူ လိုက်ခဲ့ရင်၊ တောတွင်းသားတွေနဲ့ တွေ့တဲ့အခါ၊ အင်္ဂါစုံတဲ့ အမတ်ကြီးက အသတ်ခံရမှာပေါ့ – လို့ ပြောလိုက်တော့မှ မင်းကြီးလည်း – ဟုတ်တာပဲ၊ ကောင်းဖို့ဖြစ်လာတာပဲ- လို့ ပြောတယ်တဲ့။

ဒီပုံပြင်လေးက ကျွန်မကို ခွန်အားတွေ ပေးလေ့ရှိတယ်။ အကောင်းဆုံးကြိုးစား၊ ဖြစ်သင့်တာကို လုပ်၊ မှန်ကန်တာကို ရွေးချယ်၊ ကောင်းမွန်တာကိုတွေး၊ ကျန်တာက ကောင်းဖို့ ဖြစ်လာတာဆိုတာ ကျွန်မရဲ့ ခံယူချက်ပေါ့။

ကျွန်မတို့ မိဘတွေ၊ ဆရာ၊မတွေ ကိုယ်တိုင် အဖြစ်အပျက်တွေကနေ သင်ယူစရာတွေထုတ်နှုတ်နိုင်ဖို့၊ အပြုသဘော အမြင်တွေရှိကြဖို့ လိုသလို ကျွန်မတို့ရဲ့ ကလေးတွေလည်း အပြုသဘောအမြင်တွေ ရှိကြဖို့ ကျွန်မတို့အနေနဲ့ သင်ပြပေးရမယ်ဆိုတာ ကျွန်မ ယုံကြည်တယ်။

ဆရာမ စာမျက်နှာမှာ စာဖတ်ကြသူတွေကို ကျွန်မ မေးခွန်းလေးတွေမေးချင်ပါတယ်။ ဒီပုံပြင်လေးကေနေ ဘာ သင်ယူလိုက်ရလဲ။ ဘဝမှာ ခွန်အားပေးတဲ့ ယုံကြည်မှုတွေရှိလား။ ကျွန်မတို့နဲ့ မျှဝေပေးပါလား။ ကလေးတွေကို မျှဝေဖြစ်တဲ့ ခွန်အားဖြစ်စေတဲ့ စကားတွေကိုလည်း မျှဝေပေးပါဦး။
ကျွန်မကတော့ အားလုံးကို ကောင်းဖို့ဖြစ်လာရတဲ့ အကြောင်းအရင်းလေးတွေ မြင်ရင်း ပျော်ရွှင်စေချင်ပါတယ်။

မေတ္တာဖြင့်…
Sayarma-ဆရာမ

မှတ်ချက် – ဒီပုံပြင်လေးကို သိခွင့်ရစေတဲ့ ကျွန်မရဲ့ချစ်ခင်ရတဲ့ မြန်မာပုံပြောသူများ အဖွဲ့ကို သတိရ အောင့်မေ့လျက်။ (ကျွန်မ ပုံပြင်လေး မပြောဖြစ်တာကြာတော့ လိုသွားတာရှိရင်လည်း ခွင့်လွှတ်ပါ။)

Photo Credit to – https://welldoing.org/article/importance-positive-mindset

[ Zawgyi ]

ကၽြန္မကေလ ျဖစ္လာတဲ့အရာေတြ၊ ၾကဳံလာသမၽွေတြ ေနာက္ကြယ္မွာ အေၾကာင္းအရင္းတစ္ခုေတာ့ ရွိတတ္တယ္ဆိုတာကို ယုံၾကည္တယ္။ ကၽြန္မတို႔ ပုံေျပာသူမ်ား အဖြဲ႕မွာ ေျပာေလ့ ရွိတဲ့ ေကာင္းဖို႔ ျဖစ္လာတာပါ ဆိုတဲ့ ပုံျပင္ေလးကို အတိုခ်ဳပ္ေလး မၽွေဝေပးခ်င္ပါတယ္။

ဟိုးေရွးေရွးတုန္းက တိုင္းျပည္တစ္ျပည္မွာ ဘုရင္ ႀကီးတစ္ပါရယ္၊ သူ႔သူငယ္ခ်င္း အမတ္ႀကီးရယ္ရွိတယ္။ အမတ္ႀကီးက ပညာရွိသလို၊ အေကာင္းျမင္စိတ္လည္းရွိတယ္။ ဘာျဖစ္ျဖစ္ ေကာင္းဖို႔ျဖစ္လာတာလု႔ိ ေျပာေလ့ရွိတယ္။

တစ္ေန႔ေတာ့ ဘုရင္ႀကီးလက္မွာ အနာေပါက္တယ္။ မသက္သာေတာ့ အမတ္ႀကီးကိုေမးတယ္။ အမတ္ႀကီးကလည္း ခါတိုင္းလိုပဲ – ေကာင္းဖို႔ျဖစ္လာတဲ့အေၾကာင္းနဲ႔ ေဆးလိမ္း၊ေဆးေသာက္ရင္ ေပ်ာက္သြားမယ့္အေၾကာင္းေျပာတယ္။ ဒါေပမယ့္ အနာက မသက္သာဘဲ လက္ညႇိုးျဖတ္ပလိုက္ရတဲ့အထိ ျဖစ္သြားတယ္။ ဘုရင္ႀကီးကလည္း သူ႔လက္ျဖတ္ရတဲ့အေျခအေနထိ ေကာင္းဖို႔ျဖစ္လာတယ္ေျပာတဲ့ အမတ္ႀကီးကို သူငယ္ခ်င္းမို႔ မသတ္ရက္ေပမယ့္ စိတ္ထဲမွာေတာ့ ေတးမွတ္ထားလိုက္တယ္။ အလွည့္က် မႏြဲ႕စတမ္းေပါ့။

တစ္ရက္က်ေတာ့ ဘုရင္ႀကီးေရာ၊ အမတ္ႀကီးပါ ေတာလိုက္သြားၾကတယ္။ ျဖစ္ခ်င္ေတာ့ အမတ္ႀကီးနဲ႔ ဘုရင္ႀကီးနဲ႔က အျခား စစ္မတ္ေတြနဲ႔ လူကြဲသြားခ်ိန္မွာ အမတ္ႀကီးက ေတာတြင္းသားေတြ ေထာင္ထားတဲ့ ေထာင္ေခ်ာက္ထဲ ျပဳတ္က်ပါေလေရာ။ အဲဒီ့အခ်ိန္ ဘုရင္ႀကီးကို အကူညီေတာင္းတာေပါ့။ ဘုရင္ႀကီးက ဘာေျပာတယ္မွတ္လဲ။ “ေကာင္းဖို႔ျဖစ္လာတာပဲကြာ။ ေနခဲ့လိုက္ေတာ့။” ဆိုၿပီတစ္ပါးတည္း ေတာကစား ဆက္ထြက္ခဲ့တယ္။

ေတာကစား ဆက္ထြက္လာတဲ့ ဘုရင္ႀကီးက ျဖစ္ခ်င္ေတာ့ ေတာတြင္းသားေတြနဲ႔ လမ္းမွာ ေတြ႕ၿပီး အဖမ္းခံရတယ္။ သူတို႔ေတြရဲ့ နတ္ဘုရားအတြက္ ယာဇ္ပူေဇာ္ဖို႔ လူရွာေနရင္း ဘုရင္ႀကီးကို ေတြ႕ၿပီး သူတို႔ ေခါင္းေဆာင္ဆီ အေခၚခံရတယ္။ ေခါင္းေဆာင္ကလည္း ယာဇ္ပူေဇာ္မယ့္သူက အဂၤါစုံမစုံ စစ္ေဆးခိုင္းတယ္။ မဟုတ္ရင္ နတ္ဘုရား စိတ္ဆိုးမွာစိုးတယ္ေလ။ အဲဒီ့အခ်ိန္မွာ ဘုရင္ႀကီးရဲ့ မရွိတဲ့ လက္ညႇိုးႀကီးေၾကာင့္ ယာဇ္ပူေဇာ္လို႔ မရေတာ့ဘဲ ျပန္လႊတ္ခံရတယ္။ လမ္းမွာ ဘုရင္ႀကီးက စိတ္လည္း ခ်မ္းသာသလို၊ စိတ္လည္းမေကာင္းျဖစ္ရတယ္။

စိတ္ခ်မ္းသာရတာက လက္ညိဳးျဖတ္လိုက္ရျခင္းက သူ႔အတြက္ ေကာင္းဖို႔ ျဖစ္လာခဲ့လို႔ေပါ့။ ဒါေပမယ့္ သူ႔အတြက္ ေကာင္းဖို႔ ျဖစ္လာတဲ့အရာကို ေျပာတဲ့ အမတ္ႀကီး ေထာင္ေခ်ာက္ထဲက်ေပမယ့္ သူက မကယ္ခဲ့တဲ့အတြက္ စိတ္မေကာင္းလည္း ျဖစ္ရတယ္။

ဒီလိုနဲ႔ အျပန္လမ္းမွာ အမတ္ႀကီးကိုေရာ၊ စစ္သည္ေတြကိုေရာ ျပန္ေတြ႕တယ္။ အမတ္ႀကီးကိုေတြ႕ေတာ့ ျဖစ္ေၾကာင္း ကုန္စင္ေျပာျပၿပီး သူပစ္ထားခဲ့တဲ့ အတြက္ ေတာင္းပန္ရွာတယ္။ အမတ္ႀကီးကလည္း…. ခါတိုင္းလိုပါပဲ…. “ေကာင္းဖို႔ ျဖစ္လာတာပါ” လို႔ ေျပာျပန္ေရာ။ ဘုရင္ႀကီးက – ဘာလို႔ ေကာင္းဖို႔ျဖစ္လာျပန္ရတာလဲ -လို႔ ေမးေတာ့ အမတ္ႀကီးကေျဖတယ္။ မင္းႀကီးက ကယ္လိုက္လို႔ မင္းႀကီးနဲ႔အတူ လိုက္ခဲ့ရင္၊ ေတာတြင္းသားေတြနဲ႔ ေတြ႕တဲ့အခါ၊ အဂၤါစုံတဲ့ အမတ္ႀကီးက အသတ္ခံရမွာေပါ့ – လို႔ ေျပာလိုက္ေတာ့မွ မင္းႀကီးလည္း – ဟုတ္တာပဲ၊ ေကာင္းဖို႔ျဖစ္လာတာပဲ- လို႔ ေျပာတယ္တဲ့။

ဒီပုံျပင္ေလးက ကၽြန္မကို ခြန္အားေတြ ေပးေလ့ရွိတယ္။ အေကာင္းဆုံးႀကိဳးစား၊ ျဖစ္သင့္တာကို လုပ္၊ မွန္ကန္တာကို ေရြးခ်ယ္၊ ေကာင္းမြန္တာကိုေတြး၊ က်န္တာက ေကာင္းဖို႔ ျဖစ္လာတာဆိုတာ ကၽြန္မရဲ့ ခံယူခ်က္ေပါ့။

ကၽြန္မတို႔ မိဘေတြ၊ ဆရာ၊မေတြ ကိုယ္တိုင္ အျဖစ္အပ်က္ေတြကေန သင္ယူစရာေတြထုတ္ႏႈတ္နိုင္ဖို႔၊ အျပဳသေဘာ အျမင္ေတြရွိၾကဖို႔ လိုသလို ကၽြန္မတို႔ရဲ့ ကေလးေတြလည္း အျပဳသေဘာအျမင္ေတြ ရွိၾကဖို႔ ကၽြန္မတို႔အေနနဲ႔ သင္ျပေပးရမယ္ဆိုတာ ကၽြန္မ ယုံၾကည္တယ္။

ဆရာမ စာမ်က္ႏွာမွာ စာဖတ္ၾကသူေတြကို ကၽြန္မ ေမးခြန္းေလးေတြေမးခ်င္ပါတယ္။ ဒီပုံျပင္ေလးေကေန ဘာ သင္ယူလိုက္ရလဲ။ ဘဝမွာ ခြန္အားေပးတဲ့ ယုံၾကည္မႈေတြရွိလား။ ကၽြန္မတို႔နဲ႔ မၽွေဝေပးပါလား။ ကေလးေတြကို မၽွေဝျဖစ္တဲ့ ခြန္အားျဖစ္ေစတဲ့ စကားေတြကိုလည္း မၽွေဝေပးပါဦး။
ကၽြန္မကေတာ့ အားလုံးကို ေကာင္းဖို႔ျဖစ္လာရတဲ့ အေၾကာင္းအရင္းေလးေတြ ျမင္ရင္း ေပ်ာ္ရႊင္ေစခ်င္ပါတယ္။

ေမတၱာျဖင့္…
Sayarma-ဆရာမ

မွတ္ခ်က္ – ဒီပုံျပင္ေလးကို သိခြင့္ရေစတဲ့ ကၽြန္မရဲ့ခ်စ္ခင္ရတဲ့ ျမန္မာပုံေျပာသူမ်ား အဖြဲ႕ကို သတိရ ေအာင့္ေမ့လ်က္။ (ကၽြန္မ ပုံျပင္ေလး မေျပာျဖစ္တာၾကာေတာ့ လိုသြားတာရွိရင္လည္း ခြင့္လႊတ္ပါ။)

Photo Credit to – https://welldoing.org/article/importance-positive-mindset