[ Unicode ]
စာသင်ခန်းတွေထဲမှာ ကလေးတွေကို စာသင်ကြတဲ့အခါ ဒါမှမဟုတ် အိမ်မှာကလေးတွေကို ဆုံးမကြတဲ့အခါ ကျွန်မတို့တွေက ကလေးတွေကို ဘယ်လို လုပ်သင့်တယ်၊ ဘယ်လိုနေတာ မကောင်းဘူးဆိုပြီး ဆုံးမကြတယ်မလား။ တစ်ခါတစ်လေ အမှားလုပ်မိကြတဲ့အခါ၊ ကိုယ်ပြောတိုင်းမဖြစ်ကြတဲ့ ကလေးဟာ ဘယ်လို ဆိုးကြောင်း၊ ပြောလို့ဆိုလို့မရကြောင်း စသည်ဖြင့် ပြောဖြစ်ကြလား။ ကျွန်မ ဒီနေ့ မျှဝေချင်တာက အဲဒီ့လို့ ဆုံးမရမယ့် အခြေအနေရောက်လာတဲ့အခါ၊ ကိုယ့်သဘောနဲ့မကိုက်ညီမှုတွေဖြစ်လာတဲ့အခါ လူနဲ့မူနဲ့ကို ခွဲခြားဖို့ပါ။
အမူအကျင့်တွေ၊ လုပ်ရပ်တွေနဲ့ လူနဲ့ကို ခွဲမြင်ဖို့ အရေးကြီးပါတယ်။ ကလေးတစ်ယောက်ဟာ ကိုယ်မှားတယ်လို့ ယူဆရတဲ့ လုပ်ရပ်ကို လုပ်တဲ့အခါ ကလေးအတွက်က မှန်တယ်လို့ယူဆပြီး လုပ်တာလည်းဖြစ်နိုင်သလို၊ မတော်တဆ လုပ်မိတာလည်းဖြစ်နိုင်တယ်၊ တစ်ခုတည်းသော နည်းလမ်းထင်လို့လုပ်တာလည်းဖြစ်နိုင်သလို၊ ဘာမှ မစဉ်းစားမိဘဲ လုပ်ချင်စိတ်တစ်ခုတည်းနဲ့ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို အကြောင်းကြောင့် လုပ်မိလဲဆိုတာကို နားလည်အောင် မလုပ်ဘဲ ကလေးကို နင်က ဆိုးတာ၊ နင်က ဘာဖြစ်တာ ညာဖြစ်တာနဲ့သွားပြောတဲ့အခါ ကလေးက သူဟာ မကောင်းသူကြီးတစ်ယောက်လိုခံစားသွားစေတယ်။ ကျွန်မတို့ မကြိုက်တာက လုပ်ရပ်ဆိုရင် လုပ်ရပ်နဲ့ပတ်သတ်ပြီး ပြောဖို့လိုတယ်။ ကလေးကို ချစ်တယ်၊ ဒါပေမယ့် ဒီလုပ်ရပ်ကတော့ အဆင်မပြေဘူး …… ဘာကြောင့် အဆင်မပြေဘူးလို့ ထင်တယ်ဆိုတာကို ကလေးနားလည်အောင် ပြောဖို့လိုပါတယ်။ အဲဒီ့မတိုင်ခင် ကလေးဟာ ဘာလို့ အဲဒီ့လို လုပ်ရပ်ကို လုပ်ဖြစ်သွားလဲဆိုတာကို မေးပါ။ နားလည်အောင်လုပ်ပါ။
အတွေးအခေါ်တွေ မှားတယ်လို့ ယူဆတဲ့အခါမှာလည်း ထို့နည်းအတူပါပဲ။ သူ့အတွေးကို လက်မခံနိုင်တာက ကလေးကို လက်မခံနိုင်တာမဟုတ်လို့… နင်က မဟုတ်တာတွေ တွေးနေတယ်လို့၊ နင်ကတော့ ဒီတိုင်းပဲတို့ စတဲ့ ကလေးက မကောင်းဘူးလို့ ခံစားစေတဲ့ မှတ်ချက်တွေ မပေးဖို့လိုပါတယ်။ အတွေးအခေါ်ကို မှားတယ်လို့ ယူဆတဲ့အခါမှာလည်း ဘာကြောင့် ဒီလို အတွေးမျိုး ရသလဲဆိုတာကို နားလည်အောင်လုပ်မှ သူ့အမြင်ကို ပြောင်းအောင် ဘယ်လိုကူညီပေးရမလဲဆိုတာ စဉ်းစားလို့ရမှာပါ။ ပြီးရင် သူ့အတွေးအခေါ်ကိုပဲ ကိုယ်လက်မခံနိုင်တာ၊ သူ့ကိုတော့ ချစ်မြဲချစ်ဆဲပဲဆိုတာကို သိအောင်လုပ်ပေးပါ။
ပြုပြင်ပေးဖို့၊ သင်ပြပေးဖို့ ကြိုးစားတဲ့အခါ ကလေးကို ကြည့်ပဲ မကြည့်ပါနဲ့၊ ဘေးက ဖြစ်ပျက်နေတာတွေ၊ လူတွေ၊ စနစ်တွေ၊ အားလုံးကို ကြည့်ပြီးမှ ဘယ်အရာကို ပြောင်းလဲဖို့လိုနေသလဲဆိုတာကို စဉ်းစားဖို့လိုတယ်လို့ မြင်ပါတယ်။ ဥပမာ – ကလေးက အမြဲတမ်း ကြမ်းတမ်းတဲ့ အပြုအမူတွေကိုပဲ လုပ်နေတယ်ဆိုရင် ကျွန်မတို့က ကလေးနဲ့ သူ့အပြုအမူကို အရင်ခွဲမြင်ရမယ်။ ပြီးရင် အဲဒီ့အပြုအမူက ဘယ်အရာက ဖြစ်စေလဲဆိုတာကို နားလည်အောင်လုပ်ရမယ်။ နားလည်အောင်လုပ်ကြည့်လို့ မိဘတွေက အိမ်မှာ အမြဲ အော်ဟစ် ရိုက်နှက်တာတွေလုပ်တာကို အမြဲ မြင်ကြားပြီး ကြုံတွေ့နေရတာကလည်း အကြောင်းအရင်းတစ်ခုဖြစ်နေတယ်ဆိုရင် မိဘတွေနဲ့ ပူးပေါင်းဖို့လိုမယ်။ ကျောင်းမှာ ဘယ်လောက်ဆုံးမ၊ ဆုံးမ အမြဲ စိတ်ဒဏ်ရာနဲ့ ဖြစ်နေစေရင် ပြုပြင်ဖို့ခက်ခဲပါတယ်။ ဒါကြောင့် လူကို မပြင်ခင် မူကို ကြည့်ဖို့လိုတယ်လို့ ဆိုချင်ပါတယ်။
လူနဲ့အမူအရာနဲ့ခွဲခြားဖို့ရယ် လူနဲ့မူနဲ့နှစ်ခုစလုံးကို နားလည်ဖို့ရယ်က ကလေးတွေနဲ့မှမဟုတ်ပါဘူး အလုပ်ခွင်မှာလည်း လိုတာပါပဲ။ အလုပ်ခွင်မှာ ကိုယ်မကြိုက်တဲ့အပြုအမူ ရှိတဲ့သူတွေနဲ့လုပ်ရတဲ့အခါ အပြုအမူနဲ့ လူကိုခွဲခြားဖို့လိုတာပါပဲ။ အဲဒီ့လူကပဲ ကောင်းတဲ့အပြုအမူတွေလည်း လုပ်နိုင်သေးတာမို့၊ မကောင်းတဲ့အပြုအမူနဲ့လူကို တွဲမြင်လိုက်ရင် ကောင်းတဲ့အပြုအမူတွေကို မြင်ဖို့ ခဲယဉ်းသွားတတ်တယ်။ အဲဒီ့အခါ အလုပ်ခွင်က အဲဒီ့လူကို အကောင်းမြင်ဖို့အခက်အခဲအများကြီးရှိနိုင်တယ်။ အလုပ်လုပ်တဲ့အခါ ပိုပြီး အဆင်မပြေဖြစ်လာနိုင်တယ်။ ငယ်စဉ်ကတည်းက ကလေးကို လူနဲ့ လုပ်ရပ်ကို ခွဲပြီး ဆုံးမတဲ့အခါ သူတို့ကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ်တန်ဖိုးထားပြီး ပြန်လည် လက်တွေ့အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။
လူနဲ့အမူအကျင့်ကို ခွဲခြားမြင်နိုင်ကြရင်၊ လူနဲ့မူကို နားလည်အောင်လုပ်နိုင်ကြရင် ကျွန်မတို့တွေအားလုံး ဘယ်သူနဲ့မဆို ပေါင်းသင်းလက်တွဲပြီး အောင်မြင်အောင် အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။
မေတ္တာဖြင့်……..
Sayarma-ဆရာမ
[ Zawgyi ]
စာသင္ခန္းေတြထဲမွာ ကေလးေတြကို စာသင္ၾကတဲ့အခါ ဒါမွမဟုတ္ အိမ္မွာကေလးေတြကို ဆုံးမၾကတဲ့အခါ ကၽြန္မတို႔ေတြက ကေလးေတြကို ဘယ္လို လုပ္သင့္တယ္၊ ဘယ္လိုေနတာ မေကာင္းဘူးဆိုၿပီး ဆုံးမၾကတယ္မလား။ တစ္ခါတစ္ေလ အမွားလုပ္မိၾကတဲ့အခါ၊ ကိုယ္ေျပာတိုင္းမျဖစ္ၾကတဲ့ ကေလးဟာ ဘယ္လို ဆိုးေၾကာင္း၊ ေျပာလို႔ဆိုလို႔မရေၾကာင္း စသည္ျဖင့္ ေျပာျဖစ္ၾကလား။ ကၽြန္မ ဒီေန႔ မၽွေဝခ်င္တာက အဲဒီ့လို႔ ဆုံးမရမယ့္ အေျခအေနေရာက္လာတဲ့အခါ၊ ကိုယ့္သေဘာနဲ႔မကိုက္ညီမႈေတြျဖစ္လာတဲ့အခါ လူနဲ႔မူနဲ႔ကို ခြဲျခားဖို႔ပါ။
အမူအက်င့္ေတြ၊ လုပ္ရပ္ေတြနဲ႔ လူနဲ႔ကို ခြဲျမင္ဖို႔ အေရးႀကီးပါတယ္။ ကေလးတစ္ေယာက္ဟာ ကိုယ္မွားတယ္လို႔ ယူဆရတဲ့ လုပ္ရပ္ကို လုပ္တဲ့အခါ ကေလးအတြက္က မွန္တယ္လို႔ယူဆၿပီး လုပ္တာလည္းျဖစ္နိုင္သလို၊ မေတာ္တဆ လုပ္မိတာလည္းျဖစ္နိုင္တယ္၊ တစ္ခုတည္းေသာ နည္းလမ္းထင္လို႔လုပ္တာလည္းျဖစ္နိုင္သလို၊ ဘာမွ မစဥ္းစားမိဘဲ လုပ္ခ်င္စိတ္တစ္ခုတည္းနဲ႔ လုပ္တာလည္း ျဖစ္နိုင္ပါတယ္။ ဘယ္လို အေၾကာင္းေၾကာင့္ လုပ္မိလဲဆိုတာကို နားလည္ေအာင္ မလုပ္ဘဲ ကေလးကို နင္က ဆိုးတာ၊ နင္က ဘာျဖစ္တာ ညာျဖစ္တာနဲ႔သြားေျပာတဲ့အခါ ကေလးက သူဟာ မေကာင္းသူႀကီးတစ္ေယာက္လိုခံစားသြားေစတယ္။ ကၽြန္မတို႔ မႀကိဳက္တာက လုပ္ရပ္ဆိုရင္ လုပ္ရပ္နဲ႔ပတ္သတ္ၿပီး ေျပာဖို႔လိုတယ္။ ကေလးကို ခ်စ္တယ္၊ ဒါေပမယ့္ ဒီလုပ္ရပ္ကေတာ့ အဆင္မေျပဘူး …… ဘာေၾကာင့္ အဆင္မေျပဘူးလို႔ ထင္တယ္ဆိုတာကို ကေလးနားလည္ေအာင္ ေျပာဖို႔လိုပါတယ္။ အဲဒီ့မတိုင္ခင္ ကေလးဟာ ဘာလို႔ အဲဒီ့လို လုပ္ရပ္ကို လုပ္ျဖစ္သြားလဲဆိုတာကို ေမးပါ။ နားလည္ေအာင္လုပ္ပါ။
အေတြးအေခၚေတြ မွားတယ္လို႔ ယူဆတဲ့အခါမွာလည္း ထို႔နည္းအတူပါပဲ။ သူ႔အေတြးကို လက္မခံနိုင္တာက ကေလးကို လက္မခံနိုင္တာမဟုတ္လို႔… နင္က မဟုတ္တာေတြ ေတြးေနတယ္လို႔၊ နင္ကေတာ့ ဒီတိုင္းပဲတို႔ စတဲ့ ကေလးက မေကာင္းဘူးလို႔ ခံစားေစတဲ့ မွတ္ခ်က္ေတြ မေပးဖို႔လိုပါတယ္။ အေတြးအေခၚကို မွားတယ္လို႔ ယူဆတဲ့အခါမွာလည္း ဘာေၾကာင့္ ဒီလို အေတြးမ်ိဳး ရသလဲဆိုတာကို နားလည္ေအာင္လုပ္မွ သူ႔အျမင္ကို ေျပာင္းေအာင္ ဘယ္လိုကူညီေပးရမလဲဆိုတာ စဥ္းစားလို႔ရမွာပါ။ ၿပီးရင္ သူ႔အေတြးအေခၚကိုပဲ ကိုယ္လက္မခံနိုင္တာ၊ သူ႔ကိုေတာ့ ခ်စ္ျမဲခ်စ္ဆဲပဲဆိုတာကို သိေအာင္လုပ္ေပးပါ။
ျပဳျပင္ေပးဖို႔၊ သင္ျပေပးဖို႔ ႀကိဳးစားတဲ့အခါ ကေလးကို ၾကည့္ပဲ မၾကည့္ပါနဲ႔၊ ေဘးက ျဖစ္ပ်က္ေနတာေတြ၊ လူေတြ၊ စနစ္ေတြ၊ အားလုံးကို ၾကည့္ၿပီးမွ ဘယ္အရာကို ေျပာင္းလဲဖို႔လိုေနသလဲဆိုတာကို စဥ္းစားဖို႔လိုတယ္လို႔ ျမင္ပါတယ္။ ဥပမာ – ကေလးက အျမဲတမ္း ၾကမ္းတမ္းတဲ့ အျပဳအမူေတြကိုပဲ လုပ္ေနတယ္ဆိုရင္ ကၽြန္မတို႔က ကေလးနဲ႔ သူ႔အျပဳအမူကို အရင္ခြဲျမင္ရမယ္။ ၿပီးရင္ အဲဒီ့အျပဳအမူက ဘယ္အရာက ျဖစ္ေစလဲဆိုတာကို နားလည္ေအာင္လုပ္ရမယ္။ နားလည္ေအာင္လုပ္ၾကည့္လို႔ မိဘေတြက အိမ္မွာ အျမဲ ေအာ္ဟစ္ ရိုက္ႏွက္တာေတြလုပ္တာကို အျမဲ ျမင္ၾကားၿပီး ၾကဳံေတြ႕ေနရတာကလည္း အေၾကာင္းအရင္းတစ္ခုျဖစ္ေနတယ္ဆိုရင္ မိဘေတြနဲ႔ ပူးေပါင္းဖို႔လိုမယ္။ ေက်ာင္းမွာ ဘယ္ေလာက္ဆုံးမ၊ ဆုံးမ အျမဲ စိတ္ဒဏ္ရာနဲ႔ ျဖစ္ေနေစရင္ ျပဳျပင္ဖို႔ခက္ခဲပါတယ္။ ဒါေၾကာင့္ လူကို မျပင္ခင္ မူကို ၾကည့္ဖို႔လိုတယ္လို႔ ဆိုခ်င္ပါတယ္။
လူနဲ႔အမူအရာနဲ႔ခြဲျခားဖို႔ရယ္ လူနဲ႔မူနဲ႔ႏွစ္ခုစလုံးကို နားလည္ဖို႔ရယ္က ကေလးေတြနဲ႔မွမဟုတ္ပါဘူး အလုပ္ခြင္မွာလည္း လိုတာပါပဲ။ အလုပ္ခြင္မွာ ကိုယ္မႀကိဳက္တဲ့အျပဳအမူ ရွိတဲ့သူေတြနဲ႔လုပ္ရတဲ့အခါ အျပဳအမူနဲ႔ လူကိုခြဲျခားဖို႔လိုတာပါပဲ။ အဲဒီ့လူကပဲ ေကာင္းတဲ့အျပဳအမူေတြလည္း လုပ္နိုင္ေသးတာမို႔၊ မေကာင္းတဲ့အျပဳအမူနဲ႔လူကို တြဲျမင္လိုက္ရင္ ေကာင္းတဲ့အျပဳအမူေတြကို ျမင္ဖို႔ ခဲယဥ္းသြားတတ္တယ္။ အဲဒီ့အခါ အလုပ္ခြင္က အဲဒီ့လူကို အေကာင္းျမင္ဖို႔အခက္အခဲအမ်ားႀကီးရွိနိုင္တယ္။ အလုပ္လုပ္တဲ့အခါ ပိုၿပီး အဆင္မေျပျဖစ္လာနိုင္တယ္။ ငယ္စဥ္ကတည္းက ကေလးကို လူနဲ႔ လုပ္ရပ္ကို ခြဲၿပီး ဆုံးမတဲ့အခါ သူတို႔ကိုယ္တိုင္လည္း ကိုယ့္ကိုကိုယ္တန္ဖိုးထားၿပီး ျပန္လည္ လက္ေတြ႕အသုံးခ်နိုင္မယ္လို႔ ယုံၾကည္ပါတယ္။
လူနဲ႔အမူအက်င့္ကို ခြဲျခားျမင္နိုင္ၾကရင္၊ လူနဲ႔မူကို နားလည္ေအာင္လုပ္နိုင္ၾကရင္ ကၽြန္မတို႔ေတြအားလုံး ဘယ္သူနဲ႔မဆို ေပါင္းသင္းလက္တြဲၿပီး ေအာင္ျမင္ေအာင္ အလုပ္လုပ္နိုင္မယ္လို႔ ေမၽွာ္လင့္မိပါတယ္။
ေမတၱာျဖင့္……..
Sayarma-ဆရာမ