[ Unicode ]
ကျွန်မတို့ ကလေးတွေကို ဘယ်ကလေးကတော့ စာလုပ်ကြတယ်၊ စာမလုပ်ကြဘူးဆိုပြီး ပြောကြတာ အမြဲကြားရတယ်။ ဒီနေ့တော့ စာလုပ်ခြင်း အကြောင်း အနည်းငယ်မျှဝေချင်ပါတယ်။
ကျွန်မကို လာမေးကြတယ် ကလေးတွေ စာလုပ်အောင် ဘယ်လိုလုပ်ရမလဲ။ ကျွန်မ ကလည်း အမြဲ ပြန်မေးတယ် – စာလုပ်တယ်ဆိုတာ ဘာလဲ။ ဘာဖြစ်လို့ အဲဒီ့မေးခွန်းကို မေးရတာလဲဆိုရင် စာလုပ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို သေချာ နားလည်မှ ဖြေလို့ရမှာပေါ့။
စာလုပ်ခြင်းဆိုတဲ့ စကားလုံးဟာ ကျွန်မတို့တစ်သက်လုံးလောက် သုံးလာကြတယ်၊ ကျွန်မတို့ ငယ်စဉ်က မိဘတွေ၊ ဆရာ၊မတွေ၊ လူကြီးတွေက အမြဲပြောကြတယ်။ ဆိုတော့ စာလုပ်ခြင်းဆိုတာဟာ ကျွန်မတို့အတွက် နားရည်ဝနေပြီးသားစကားလုံး။ ဒါပေမယ့် စာလုပ်ခြင်းဆိုတာ ဘာလဲလို့ မေးရင်း ဘာမှန်းသေချာ ရေရာစွာ မသိတဲ့သူတွေ အများကြီး ကြုံခဲ့ရတယ်။ အများစုက အိမ်စာလုပ်ခြင်း၊ စာကျက်ခြင်း လို့ဖြေကြတယ်။ အဲဒါဟာ ပြဿနာမဟုတ်ပါဘူး။ ကျွန်မတို့တွေကို ငယ်ငယ်က စာလုပ်ခြင်းဆိုတာဘာလဲဆိုတာ သေချာရှင်းပြခြင်းမခံခဲ့ရဘူး၊ ရှင်းပြတဲ့အခါ စာလုပ်ခြင်းဆိုတာ စာကျက်ခြင်း၊ အိမ်စာလုပ်ခြင်းအနေနဲ့ပဲ ရှင်းပြခံခဲ့ရတယ်။ ဒီနေ့တော့ ကျွန်မက စာလုပ်ခြင်းအကြောင်း ကျွန်မနားလည်သလို ရှင်းပြချင်တယ်။
ပထမဆုံး စာ ဆိုတာ ကို အရင်ရှင်းရအောင်။ စာ ဆိုတာဟာ ကျောင်းစာ ကိုပဲ စာလို့ ခေါ်နိုင်လား။ ကျွန်မအနေနဲ့ကတော့ စာဆိုတာ လူတစ်ယောက်၊ ကလေးတစ်ယောက် ရှေ့ကိုရောက်ဖို့၊ အမြင့်ကိုတက်ဖို့၊ အမြင်ကျယ်ဖို့ ၊ တိုးတက်ဖို့ – အတွက် လိုအပ်တဲ့ စွမ်းရည်တွေကို ဖြည့်စည်းရာမှာ အသုံးပြုတဲ့ သင်ယူမှု ထောက်ကူပြုပစ္စည်းတစ်ခုဖြစ်တယ်။ ငယ်စဉ်ကလေးဘဝ ကျောင်းသားဘဝမှာ သင်ရတဲ့ “စာ” တွေဟာ ကလေးတွေရဲ့ အနာဂါတ်အတွက် သိသင့်၊တတ်သင့်၊နားလည်သင့်တာတွေကို အဆင့်အလိုက် ပြုစု ထားတဲ့ သင်ထောက်ကူတွေဖြစ်တယ်။ အဲဒီ့တော့ ဒီသင်ယူမှုတွေကို အထောက်ကူပြုမယ့် “စာ”တွေဟာ ကျောင်းထဲကတင်ရနိုင်တာမဟုတ်ပါဘူး။ ကျောင်း က “စာ”ဆိုတာ အပြင်လောက ကို ကိုးကားပြီး လိုအပ်မှာကို သင်တာဖြစ်လို့ ကျောင်းမှာ မသင်ရတဲ့ “စာ”တွေကိုလည်း လေ့လာဖို့လိုအပ်ပါတယ်၊ ကျောင်းမှာ သင်ရတဲ့ “စာ”တွေနဲ့ ချိတ်ဆက်နိုင်မယ့် စာတွေကိုလည်း လေ့လာဖို့လိုအပ်ပါတယ်။
ကဲ … စာလုပ်ခြင်း ဆိုတာကို ပြန်သွားရအောင်။ စာ ဆိုတာ က နာမ်ဖြစ်တယ်။ လုပ် ဆိုတာက ကြိယာပုဒ်ဖြစ်တယ်။ စာကို တစ်ခုခုလုပ်တယ်၊ စာနဲ့တစ်ခုခုလုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ အဲဒီ့ ” လုပ်” ဆိုတဲ့ ကြိယာဟာ အများကြီးဖြစ်နိုင်တယ်။ စာ “ဖတ်” ခြင်း၊ စာ “ရေး”ခြင်း၊ စာ”ဆွေးနွေး”ခြင်း၊ စာ “ကျက်”ခြင်း၊ စာကို “လက်တွေ့အသုံးချ”ခြင်း စသည်ဖြင့်ပေါ့။ အဲဒီ့တော့ ကျွန်မတို့ဟာ ကလေးတွေကို အလွယ်တစ်ကူ စာသွားလုပ်ချေလို့ ပြောတာထက် ပိုပြီး ထိရောက်စေချင်ရင် ပိုပြီး တိကျတဲ့ ကြိယာကို သုံးပေးဖို့လိုတယ်။ စာနဲ့ပတ်သတ်ပြီး ဘာလုပ်ဖို့လိုနေလဲ၊ ဘာလုပ်လိုက်ရင် ပိုကောင်းသွားမလဲ၊ ဘာလုပ်လိုက်ရင် ပိုထိရောက်မလဲဆိုတာကို စဉ်းစားပြီးတော့ စာ နဲ့ပတ်သတ်တဲ့ လုပ်ငန်းဆိုတာကို ပေးသင့်ပါတယ်။
ဒါဆိုရင် စာ နဲ့ ပတ်သတ်ပြီး ထိရောက်အောင် ဘာတွေ လုပ်ခိုင်းမလဲ။ ကျွန်မတို့ တစ်တွေ အခုချိန်မှာ နားလည်သင့်တာက ကျွန်မတို့ သင်ခဲ့တဲ့စာတွေကို ကျက်ရုံနဲ့ လက်တွေ့ဘဝမှာ အပြောင်းအလဲကောင်းတွေ အများကြီး မဖြစ်နိုင်ဘူး။ စာဆိုတာ ကျက်နေရုံနဲ့မပြီးဘူး၊ စာကို နားလည်ဖို့လိုတယ်၊ စာရဲ့ ရည်ရွယ်ချက်ကို သိဖို့လိုတယ်၊ စာနဲ့ပတ်သတ်ပြီး ပြန်လည်အသုံးချနိုင်မယ့်အရာတွေကို သိရမယ်၊ စာကို ပြန်လည် အသုံးပြုနိုင်ရမယ်။ ဒါမှ စာ ကို တတ် မြောက်တဲ့ စာတတ်သူတွေလို့ ပြောလို့ရမယ်။ စာကို ကျက်ဖို့ပဲသိတဲ့သူတွေကို စာတတ်သူလို့ ခေါ်တာထက် စာကျက်သူလို့ ခေါ်မှ ပိုမှန်မယ်ထင်တယ်။ စာကို ကျက်ပြီး လက်တွေ့မှာ ဘာမှ ပြန်အသုံးချနိုင်ဖို့ ကျွန်မတို့ဟာ ကလေးတွေကို စာတွေများစွာ “ဖတ်”ခိုင်းရမယ်၊ “ဆွေးနွေး” ခိုင်းရမယ်၊ “လက်တွေ့အသုံးပြု”ခွင့်ပေးရမယ်၊ စာ ဟာ စိတ်ညစ်စရာမဟုတ်ဘူး၊ စိတ်လှုပ်ရှားစရာ၊ ပျော်စရာဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်အောင် လုပ်ပေးမှ ကလေးက ကိုယ်ဆိုလိုချင်တဲ့ စာလုပ်ခြင်း အမှုကို ထိရောက်စွာ ပြုလုပ်မှာမို့ ကလေးတွေကို “လုပ်”ခိုင်းတဲ့ ဟာစာ သူတို့အတွက် အပြုသဘောခံစားချက်မျိုးဖြစ်စေတာမျိုးဖြစ်ဖို့လည်း လိုပါသေးတယ်။
ဒါကြောင့် မိဘတွေ၊ ဆရာ၊မတွေကို မေးချင်တာက ကလေးတွေကို စာလုပ်ကြ လို့ ပြောမယ့်အခါ ကိုယ်တိုင်က ဘာကို ရည်ရွယ်သလဲ ရှင်းပါသလား။ ဘာကြောင့် ဘယ်လို စာ”လုပ်”ခြင်းကို လုပ်ခိုင်းသလဲဆိုတာကို ကိုယ်တိုင် ရှင်းပါသလား။ ကလေးတွေကရော သေချာ နားလည်သလား။ စတဲ့ မေးခွန်းတွေကို ကိုယ့်ကိုကိုယ်ပြန်မေးပါ။ ကလေးတွေကရော နားလည်သလားဆိုတာ သေချာ စောင့်ကြည့်လေ့လာပါ၊ ပံ့ပိုးပေးပါ။
ဒီစာကို ဖတ်ပြီးတဲ့အခါ စာသွားလုပ်ချေကြ၊ စာမလုပ်ဘူး၊ စာလုပ်တယ်ဆိုတဲ့ စကားလုံးတွေကို သုံးတဲ့အခါ လက်လွတ်စပယ် မသုံးကြဘူး၊ သေချာ စဉ်းစားပြီး မှ သုံးကြမယ်ဆိုရင် ကျွန်မလည်း မျှဝေရကျိုးနပ်မှာပါ။ ကျွန်မကတော့ ကလေးတွေအတွက် လိုအပ်တဲ့ အသိပညာ၊ ဗဟုသုတနဲ့ စိတ်နေသဘောထားတွေကို ရရှိပိုင်ဆိုင်လာအောင်၊ တိုးတက်လာအောင် အထောက်အပံ့ပေးမယ့် စာတွေပေတွေကို “လုပ်”နည်းမျိုးစုံနဲ့ သင်ယူခွင့်ရစေဖို့ ဆုမွန်ကောင်းတောင်းလျက်….
မေတ္တာဖြင့်……..
Sayarma-ဆရာမ
Photo Credit to – https://www.pinterest.com.au/pin/581879214330965320/?lp=true
[ Zawgyi ]
ကၽြန္မတို႔ ကေလးေတြကို ဘယ္ကေလးကေတာ့ စာလုပ္ၾကတယ္၊ စာမလုပ္ၾကဘူးဆိုၿပီး ေျပာၾကတာ အျမဲၾကားရတယ္။ ဒီေန႔ေတာ့ စာလုပ္ျခင္း အေၾကာင္း အနည္းငယ္မၽွေဝခ်င္ပါတယ္။
ကၽြန္မကို လာေမးၾကတယ္ ကေလးေတြ စာလုပ္ေအာင္ ဘယ္လိုလုပ္ရမလဲ။ ကၽြန္မ ကလည္း အျမဲ ျပန္ေမးတယ္ – စာလုပ္တယ္ဆိုတာ ဘာလဲ။ ဘာျဖစ္လို႔ အဲဒီ့ေမးခြန္းကို ေမးရတာလဲဆိုရင္ စာလုပ္ျခင္းဆိုတဲ့ အဓိပၸါယ္ကို ေသခ်ာ နားလည္မွ ေျဖလို႔ရမွာေပါ့။
စာလုပ္ျခင္းဆိုတဲ့ စကားလုံးဟာ ကၽြန္မတို႔တစ္သက္လုံးေလာက္ သုံးလာၾကတယ္၊ ကၽြန္မတို႔ ငယ္စဥ္က မိဘေတြ၊ ဆရာ၊မေတြ၊ လူႀကီးေတြက အျမဲေျပာၾကတယ္။ ဆိုေတာ့ စာလုပ္ျခင္းဆိုတာဟာ ကၽြန္မတို႔အတြက္ နားရည္ဝေနၿပီးသားစကားလုံး။ ဒါေပမယ့္ စာလုပ္ျခင္းဆိုတာ ဘာလဲလို႔ ေမးရင္း ဘာမွန္းေသခ်ာ ေရရာစြာ မသိတဲ့သူေတြ အမ်ားႀကီး ၾကဳံခဲ့ရတယ္။ အမ်ားစုက အိမ္စာလုပ္ျခင္း၊ စာက်က္ျခင္း လို႔ေျဖၾကတယ္။ အဲဒါဟာ ျပႆနာမဟုတ္ပါဘူး။ ကၽြန္မတို႔ေတြကို ငယ္ငယ္က စာလုပ္ျခင္းဆိုတာဘာလဲဆိုတာ ေသခ်ာရွင္းျပျခင္းမခံခဲ့ရဘူး၊ ရွင္းျပတဲ့အခါ စာလုပ္ျခင္းဆိုတာ စာက်က္ျခင္း၊ အိမ္စာလုပ္ျခင္းအေနနဲ႔ပဲ ရွင္းျပခံခဲ့ရတယ္။ ဒီေန႔ေတာ့ ကၽြန္မက စာလုပ္ျခင္းအေၾကာင္း ကၽြန္မနားလည္သလို ရွင္းျပခ်င္တယ္။
ပထမဆုံး စာ ဆိုတာ ကို အရင္ရွင္းရေအာင္။ စာ ဆိုတာဟာ ေက်ာင္းစာ ကိုပဲ စာလို႔ ေခၚနိုင္လား။ ကၽြန္မအေနနဲ႔ကေတာ့ စာဆိုတာ လူတစ္ေယာက္၊ ကေလးတစ္ေယာက္ ေရွ႕ကိုေရာက္ဖို႔၊ အျမင့္ကိုတက္ဖို႔၊ အျမင္က်ယ္ဖို႔ ၊ တိုးတက္ဖို႔ – အတြက္ လိုအပ္တဲ့ စြမ္းရည္ေတြကို ျဖည့္စည္းရာမွာ အသုံးျပဳတဲ့ သင္ယူမႈ ေထာက္ကူျပဳပစၥည္းတစ္ခုျဖစ္တယ္။ ငယ္စဥ္ကေလးဘဝ ေက်ာင္းသားဘဝမွာ သင္ရတဲ့ “စာ” ေတြဟာ ကေလးေတြရဲ့ အနာဂါတ္အတြက္ သိသင့္၊တတ္သင့္၊နားလည္သင့္တာေတြကို အဆင့္အလိုက္ ျပဳစု ထားတဲ့ သင္ေထာက္ကူေတြျဖစ္တယ္။ အဲဒီ့ေတာ့ ဒီသင္ယူမႈေတြကို အေထာက္ကူျပဳမယ့္ “စာ”ေတြဟာ ေက်ာင္းထဲကတင္ရနိုင္တာမဟုတ္ပါဘူး။ ေက်ာင္း က “စာ”ဆိုတာ အျပင္ေလာက ကို ကိုးကားၿပီး လိုအပ္မွာကို သင္တာျဖစ္လို႔ ေက်ာင္းမွာ မသင္ရတဲ့ “စာ”ေတြကိုလည္း ေလ့လာဖို႔လိုအပ္ပါတယ္၊ ေက်ာင္းမွာ သင္ရတဲ့ “စာ”ေတြနဲ႔ ခ်ိတ္ဆက္နိုင္မယ့္ စာေတြကိုလည္း ေလ့လာဖို႔လိုအပ္ပါတယ္။
ကဲ … စာလုပ္ျခင္း ဆိုတာကို ျပန္သြားရေအာင္။ စာ ဆိုတာ က နာမ္ျဖစ္တယ္။ လုပ္ ဆိုတာက ႀကိယာပုဒ္ျဖစ္တယ္။ စာကို တစ္ခုခုလုပ္တယ္၊ စာနဲ႔တစ္ခုခုလုပ္တယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္တယ္။ အဲဒီ့ ” လုပ္” ဆိုတဲ့ ႀကိယာဟာ အမ်ားႀကီးျဖစ္နိုင္တယ္။ စာ “ဖတ္” ျခင္း၊ စာ “ေရး”ျခင္း၊ စာ”ေဆြးေႏြး”ျခင္း၊ စာ “က်က္”ျခင္း၊ စာကို “လက္ေတြ႕အသုံးခ်”ျခင္း စသည္ျဖင့္ေပါ့။ အဲဒီ့ေတာ့ ကၽြန္မတို႔ဟာ ကေလးေတြကို အလြယ္တစ္ကူ စာသြားလုပ္ေခ်လို႔ ေျပာတာထက္ ပိုၿပီး ထိေရာက္ေစခ်င္ရင္ ပိုၿပီး တိက်တဲ့ ႀကိယာကို သုံးေပးဖို႔လိုတယ္။ စာနဲ႔ပတ္သတ္ၿပီး ဘာလုပ္ဖို႔လိုေနလဲ၊ ဘာလုပ္လိုက္ရင္ ပိုေကာင္းသြားမလဲ၊ ဘာလုပ္လိုက္ရင္ ပိုထိေရာက္မလဲဆိုတာကို စဥ္းစားၿပီးေတာ့ စာ နဲ႔ပတ္သတ္တဲ့ လုပ္ငန္းဆိုတာကို ေပးသင့္ပါတယ္။
ဒါဆိုရင္ စာ နဲ႔ ပတ္သတ္ၿပီး ထိေရာက္ေအာင္ ဘာေတြ လုပ္ခိုင္းမလဲ။ ကၽြန္မတို႔ တစ္ေတြ အခုခ်ိန္မွာ နားလည္သင့္တာက ကၽြန္မတို႔ သင္ခဲ့တဲ့စာေတြကို က်က္႐ုံနဲ႔ လက္ေတြ႕ဘဝမွာ အေျပာင္းအလဲေကာင္းေတြ အမ်ားႀကီး မျဖစ္နိုင္ဘူး။ စာဆိုတာ က်က္ေန႐ုံနဲ႔မၿပီးဘူး၊ စာကို နားလည္ဖို႔လိုတယ္၊ စာရဲ့ ရည္ရြယ္ခ်က္ကို သိဖို႔လိုတယ္၊ စာနဲ႔ပတ္သတ္ၿပီး ျပန္လည္အသုံးခ်နိုင္မယ့္အရာေတြကို သိရမယ္၊ စာကို ျပန္လည္ အသုံးျပဳနိုင္ရမယ္။ ဒါမွ စာ ကို တတ္ ေျမာက္တဲ့ စာတတ္သူေတြလို႔ ေျပာလို႔ရမယ္။ စာကို က်က္ဖို႔ပဲသိတဲ့သူေတြကို စာတတ္သူလို႔ ေခၚတာထက္ စာက်က္သူလို႔ ေခၚမွ ပိုမွန္မယ္ထင္တယ္။ စာကို က်က္ၿပီး လက္ေတြ႕မွာ ဘာမွ ျပန္အသုံးခ်နိုင္ဖို႔ ကၽြန္မတို႔ဟာ ကေလးေတြကို စာေတြမ်ားစြာ “ဖတ္”ခိုင္းရမယ္၊ “ေဆြးေႏြး” ခိုင္းရမယ္၊ “လက္ေတြ႕အသုံးျပဳ”ခြင့္ေပးရမယ္၊ စာ ဟာ စိတ္ညစ္စရာမဟုတ္ဘူး၊ စိတ္လႈပ္ရွားစရာ၊ ေပ်ာ္စရာျဖစ္တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးျဖစ္ေအာင္ လုပ္ေပးမွ ကေလးက ကိုယ္ဆိုလိုခ်င္တဲ့ စာလုပ္ျခင္း အမႈကို ထိေရာက္စြာ ျပဳလုပ္မွာမို႔ ကေလးေတြကို “လုပ္”ခိုင္းတဲ့ ဟာစာ သူတို႔အတြက္ အျပဳသေဘာခံစားခ်က္မ်ိဳးျဖစ္ေစတာမ်ိဳးျဖစ္ဖို႔လည္း လိုပါေသးတယ္။
ဒါေၾကာင့္ မိဘေတြ၊ ဆရာ၊မေတြကို ေမးခ်င္တာက ကေလးေတြကို စာလုပ္ၾက လို႔ ေျပာမယ့္အခါ ကိုယ္တိုင္က ဘာကို ရည္ရြယ္သလဲ ရွင္းပါသလား။ ဘာေၾကာင့္ ဘယ္လို စာ”လုပ္”ျခင္းကို လုပ္ခိုင္းသလဲဆိုတာကို ကိုယ္တိုင္ ရွင္းပါသလား။ ကေလးေတြကေရာ ေသခ်ာ နားလည္သလား။ စတဲ့ ေမးခြန္းေတြကို ကိုယ့္ကိုကိုယ္ျပန္ေမးပါ။ ကေလးေတြကေရာ နားလည္သလားဆိုတာ ေသခ်ာ ေစာင့္ၾကည့္ေလ့လာပါ၊ ပံ့ပိုးေပးပါ။
ဒီစာကို ဖတ္ၿပီးတဲ့အခါ စာသြားလုပ္ေခ်ၾက၊ စာမလုပ္ဘူး၊ စာလုပ္တယ္ဆိုတဲ့ စကားလုံးေတြကို သုံးတဲ့အခါ လက္လြတ္စပယ္ မသုံးၾကဘူး၊ ေသခ်ာ စဥ္းစားၿပီး မွ သုံးၾကမယ္ဆိုရင္ ကၽြန္မလည္း မၽွေဝရက်ိဳးနပ္မွာပါ။ ကၽြန္မကေတာ့ ကေလးေတြအတြက္ လိုအပ္တဲ့ အသိပညာ၊ ဗဟုသုတနဲ႔ စိတ္ေနသေဘာထားေတြကို ရရွိပိုင္ဆိုင္လာေအာင္၊ တိုးတက္လာေအာင္ အေထာက္အပံ့ေပးမယ့္ စာေတြေပေတြကို “လုပ္”နည္းမ်ိဳးစုံနဲ႔ သင္ယူခြင့္ရေစဖို႔ ဆုမြန္ေကာင္းေတာင္းလ်က္….
ေမတၱာျဖင့္……..
Sayarma-ဆရာမ
Photo Credit to – https://www.pinterest.com.au/pin/581879214330965320/?lp=true